ru
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Закрытый канал

🚩 Channel was restricted by Telegram

Больше
Нет данных
Подписчики
-524 часа
-47 дней
+730 дней
Архив постов
Kung Fu Games (2024) ⭐IMDB: 3.1/10 (155 Votes) 🎬 #Action 🗓 2024 🎞 movie 🌎 #UnitedStates ⏰ 1 နာရီ 38 မိနစ် 54 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Squid Game လိုပုံစံမျိုးကိုပြန်ရိုက်ထားတဲ့ခံစားချက်မျိုးနဲ့ Kung Fu Games ဆိုတဲ့အက်ရှင်ကားတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ်။ပြောရရင်တော့ Squid Game နဲ့တော်တော်ကြီးကို ဆင်တူနေပြီး ကွာခြားသွားတာဆိုလို့ ဒီမှာကကွန်ဖူးဆိုတဲ့အတိုင်း တိုက်ခိုက်ရတာပဲဖြစ်ပါတယ်။ ဒါပေမယ့်အပျင်းပြေအက်ရှင်အလန်းစားတွေကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကကြည့်ရှုလို့သင့်တော်မှာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ လူ ၆ ယောက် ကွန်ဖူးဝတ်စုံတွေဝတ်ထားပြီး ဘယ်နေရာမှန်းမသိတဲ့အခန်းတစ်ခုထဲမှာနိုးထလာတာကိုတွေ့ရမှာ ဖြစ်ပါတယ်။အခန်းတံခါးပေါ်မှာလဲ အချိန်နောက်ပြန်ရေတွက်နေတဲ့ နာရီကြီးရှိနေပြီး ဘာအတွက်ရေတွက်နေမှန်းလည်းမသိရပါဘူး။ ဒါပေမယ့်သိပ်မကြာခင်မှာပဲ အချိန်ပြည့်သွားပြီး ဝါးတောကြီးတစ်ခုထဲ သွားတဲ့တံခါးကို ဖွင့်ပေးလိုက်ပါတော့တယ်။ စစချင်းတုန်းကတော့ အရမ်းကြီးလေးလေးနက်နက်မရှိကြပေမဲ့ အဲ့ဒီပထမအဆင့်မှာတင် လူတစ်ယောက်သေသွားတဲ့အခါမှာတော့ အကုန်လုံးကစိုးရိမ်ပူပန်လာကြပြီး ကစားပွဲတွေကလည်းပိုပိုပြင်းထန် လာပါတော့တယ်။ အဲ့ဒီလိုကစားပွဲရဲ့နောက်ကွယ်မှာဘယ်သူရှိနေမလဲ သူတို့ကရောဘာလို့ ဒီကိုရောက်လာခဲ့ကြရတာလဲဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားဖို့ တင်ဆက်ပေးလိုက်ပါတယ်။
...

Full Moon (2017) ⭐IMDB: 7.0/10 (6 k Votes) 🎬 #Comedy #Drama #Romance 🗓 2017 🎞 Series 🌎 #Turkey ⏰ 59 မိနစ် 10 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Full moon (2017)**************** အပိုင်းသစ် ၁ မှ ၈ အထိ CM ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာတော့ 2017 ကထွက်ရှိခဲ့တဲ့.. တူရကီ ဇာတ်လမ်းတွဲလေး တစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ် ….. အချစ်ဇာတ်လမ်းတွေ ကြိုက်တတ်တဲ့သူတွေအတွက် ကွက်တိဖြစ်မဲ့… romantic series ဖြစ်တဲ့အပြင် ဟာသလေးတွေနဲ့ပါရောထားလို့ … စိတ်ပြေလက်ပျောက် ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် Comedy Romance အမျိုးအစားလေးပါ။ ဇာတ်လမ်းအကျဉ်း————– ငယ်ရွယ်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်တဲ့ ဖယ်ရစ် အာစလန်က…. အလုပ်လုပ်တဲ့နေရာမှာ တိကျပြတ်သားပြီး စည်းကမ်းအလွန် တင်းကျပ်တဲ့သူတစ်ယောက် ဖြစ်တာကြောင့် အိမ်ကထမင်းချက်တွေ သန့်ရှင်းရေးသမားတွေ ခန့်တဲ့အခါမှာ…. ခဏခဏအဆင်မပြေဖြစ်ပြီး ဝန်ထမ်းရှာဖွေဖို့ရာ အခက်တွေ့နေတယ်။ နက်ဇလီကတော့ ဟင်းချက်ရတာကို ဝါသနာအလွန်ပါလို့ စားဖိုမှူးသင်တန်းတက်ပြီး စားသောက်ဆိုင်ဖွင့်ဖို့ရာ ကြိုးစားနေတဲ့ သာမန်မိန်းမငယ်လေးတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့သူ့ရဲ့ညီမဖြစ်သူ အာဆူမန်ကိုလည်း တာဝန်ယူနေရပြီး ကျောင်းလခနဲ့ အိမ်ငှားခပေးဖို့ရာအတွက် အချိန်ပိုင်းအလုပ်တွေလုပ်ရင်း ရုန်းကန်နေရရှာတယ်…. အချိန်ပိုင်းအလုပ်တွေ မျိုးစုံလိုက်လုပ်နေတဲ့ နက်ဇလီဟာ တစ်ရက်မှာတော့ ဖယ်ရစ် အာစလန်ရဲ့အိမ်မှာ ထမင်းချက်အနေနဲ့ အလုပ်လုပ်ဖြစ်သွားခဲ့တယ်။ ချေးအရမ်းများတဲ့ ဖယ်ရစ်ကလည်း နက်ဇလီရဲ့ ဟင်းချက်လက်ရာတွေကို သဘောကျသွားခဲ့တယ်… ဒါပေမဲ့ အကျင့်စရိုက်လုံးဝမတူတဲ့ သူတို့နှစ်ယောက်က အလုပ်မှာတော့ ခဏခဏစကားများနေကြရတယ်.. အဲဒီလိုဆန့်ကျင်ဘက်လူနှစ်ယောက်က ရန်ဖြစ်စကားများရာကနေ ဘယ်လိုချစ်ကြိုက်သွားကြမလဲ ဘယ်လိုတွေပြောင်းလဲသွားကြမလဲဆိုတာကို Full Moon series လေးမှာစိတ်ဝင်တစားကြည့်လိုက်ပါဦးနော် ဇာတ်လမ်းအကျဉ်းကို Vanessa မှရေးသားထားပါတယ်
...

Ri¢hie Ri¢h (1994) ⭐TMDB: 59% User Score 🎬 #Comedy #Family 🗓 1994 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 34 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Richie Rich (1994) ဒီ Richie Rich က ကျွန်တော်တို့ ငယ်ဘဝရဲ့ အမှတ်တရဖြစ်တဲ့ Home Alone ထဲက မင်းသား Macaulay Culkin ရဲ့ နောက်ထပ် ကလေးကားတစ်ကားပါပဲ။ ပျော်စရာကောင်းပြီး ရယ်ရတဲ့ ဇာတ်ကားလေးပါ။ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဦးချမ်းသာနဲ့ ဒေါ်ချမ်းသာတို့က မွေးလာတဲ့ မောင်ချမ်းသာလေးအကြောင်းပေါ့။ သူက ကမ္ဘာပေါ်က စျေးအကြီးဆုံး ဇိမ်ခံပစ္စည်းတွေ ကစားစရာတွေ ရှိထားပေမဲ့ သူငယ်ချင်းဆိုလို့ သူ့ရဲ့ အိမ်တော်ထိန်းတစ်ယောက်ပဲရှိပါတယ်။ ဆင်းရဲသားကလေးတွေ လမ်ဘေးမှာ ပျော်ပါးကစားနေတာကိုတွေ့ပြီး သူငယ်ချင်းဖြစ်ဖို့ ကြိုးစားတယ်။ အဲဒီအချိန်မှာ သူ့အမေနဲ့ အဖေတို့ လေယာဉ်ပျက်ကျပြီး ပျောက်ဆုံးသွားတဲ့အချိန် လူဆိုးဝင်လာပြီး သူ့ပိုင်ဆိုင်မှုတွေကို အပိုင်စီးဖို့ကြိုးစားပါတော့တယ်။ အဲဒီပြဿနာကို သူ့ရဲ့သူငယ်ချင်းအသစ်တွေနဲ့ အတူဖြေရှင်းကြတာကို ကြည့်ရမှာပါ။ ထပ်ပြီး ပြောရရင် ကစ်ဇုန်တို့ ပုတက်တို့ စွယ်စုံတို့က ကျွန်တော်တို့ ငယ်ဘဝကို တော်တော်လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ရွှေသွေး၊ တတိုင်းမွှေး၊ မိုးသောက်ပန်းတို့လိုကာတွန်းတွေကတော့ ငယ်ဘဝရဲ့တစ်စိတ်တစ်ပိုင်းကို နေရာယူထားပေမဲ့လည်း သူတို့ကတော့ ဗမာကာတွန်းတွေများခဲ့တယ်။ ဇာတ်လမ်းတွေလည်းပိုကြမ်းသလို ကွာလတီလည်းပိုကောင်းတဲ့ ကစ်ဇုန်တို့ပုတက်တို့ကိုတော့ ပိုသဘောကျခဲ့ကြတာပေါ့။ ဘဲကပ်စေး၊ အချိန်ခရီးသွားစွန့်စားခန်းထွက်တဲ့ကြွက်၊ ဂျက်ဟတ်၊ ရစ်ချီရစ်၊ ငှက်ပျောသီးလူသား၊ စကူဘီဒူး၊ နောက်ဆုံး စပိုက်ဒါမန်းတို့ တင်းတိုက်တန်တို့လို စူပါဟီးရိုးဇာတ်လမ်းတွေအထိ ဒီဂျာနယ်တွေမှာ ကျွန်တော်တို့ အရင်ရင်းနှီးခဲ့တယ်လို့ ပြောရမယ်။ ကွာလတီကောင်းကောင်းနဲ့ နောက်မှထွက်တဲ့ အိန်ဂျယ်ဂျာနယ်တို့ ဘာတို့မှာလည်း ဒီလိုရင်းနှီးရတာတွေ ရှိသေးတယ်။ စွယ်စုံကတော့ ဇာတ်လမ်းအကောင်းဆုံး။ ကစ်ဇုန်နဲ့ပုတက်ကတော့ ကဏ္ဍအစုံဆုံးနဲ့ Panel တွေအလှဆုံး။ အဲဒီ့နောက် ပုတက်က လစဉ်ပြောင်းသွားတော့ တတိုင်းမွှေးဆန်ဆန် တွက်ပီတို့ မောင်မောင်ဇာတို့နဲ့ ပြောင်းထုတ်တဲ့အထိတော့ ကောမစ်ဂျာနယ်ခေတ်က ကောင်းခဲ့ပါသေးတယ်။ အခုတော့ ဘာမှမရှိကြတော့ဘူး။ ဒီ ရစ်ချီရစ် တဖြစ်လဲ မောင်ချမ်းသာ ဇာတ်လမ်းကတော့ ကျွန်တော်တို့ ငယ်ဘဝတွေရဲ့ အမှတ်တရလို့ပဲ ပြောရမှာပါပဲ။ ဒီလိုခေတ်မှာ ဒါတွေပြန်ကြည့်ရတာကလည်း လွမ်းစရာကောင်းနေပြန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)
...

The Little Comedian (2010) ⭐TMDB: 65% User Score 🎬 #Comedy #Drama 🗓 2010 🎞 Series 🌎 #Thailand ⏰ 2 နာရီ 7 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Little Comedian (2010) IMDb Rating (6.8) 2010 တုန်းက ထုတ်လွှင့်ခဲ့တဲ့ GDH Production ရဲ့ ဒီရုပ်ရှင်က Rating မြင့် Quality Product ရုပ်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းအစမှာ *တော့*က သူတို့မျိုးရိုးစဉ်ဆက် လူရွှင်တော်လုပ်ကိုင်ခဲ့တဲ့ကြောင်းနဲ့ သူ့ဘဝဇာတ်ကြောင်းကို ပြောပြထားပါတယ်။ အသက် ၁၂နှစ်အရွယ် *တော့*ဟာ လူရွှင်တော်မျိုးရိုးကဖြစ်ပေမယ့် မည်သူ့ကိုမှ ရယ်အောင်မလုပ်နိုင်သူဖြစ်တဲ့အတွက်လည်း အားငယ်နေသူလည်းဖြစ်ပါတယ်။ ဖခင်ဖြစ်သူကဲ့သို့ လူရွှင်တော်ဖြစ်ချင်ရှာသူ *တော့* တစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ ဝက်ခြံပေါက်လာမှုအကြောင်းပြုပြီး အရေပြားအထူးကုဆရာဝန်လေးမချောချောလေးနဲ့ ဆုံတွေ့ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ ဆရာမချောချောလေးက သူပြောတဲ့ ဟာသအပေါ်မှာ သဘောကျပြီး ပြုံးရယ်ခဲ့တဲ့အတွက် ဟာသတွေ လုပ်နိုင်ဖို့ ပိုကြိုးစားပါတော့တယ်။ သူ့အပေါ် စာနာနားလည်ပေးတဲ့ အသက်အရွယ်ကွာခြားလွန်းတဲ့ ဆရာဝန်မလေးအပေါ် *တော့*တစ်ယောက် တွယ်တာမိသွားပါတယ်။ ဒီလိုနဲ့ ဆရာဝန်မလေးရဲ့စိတ်ဝင်စားမှုရအောင် သူ မတတ်စွမ်းတဲ့ ဟာသတွေနဲ့ကြိုးစားလုပ်ရင်း ချဉ်းကပ်ခဲ့ပါတယ်။ မနူးမနပ်အရွယ် အချစ်ကို မြည်းစမ်းချင်မိတဲ့သူ *တော့* ဖခင်ရဲ့ချစ်ခင်ဦးစားပေးမှုကို လိုချင်နေရှာတဲ့ *တော့* ချစ်ရသူတွေအတွက် မဆုတ်မနစ်ကြိုးစားတတ်တဲ့ *တော့* မိသားစု၊ သံယောဇဉ်၊ တွယ်တာမှုနဲ့ ဟာသသရုပ်ဖော်တင်ဆက်မှုတွေပါ ပေါင်းစုံပါဝင်နေပြီး ထိုင်းနိုင်ငံရဲ့ နာမည်ကြီးလူကြိုက်များတဲ့သရုပ်ဆောင်များအပြင် တက်သစ်စ ကလေးငယ်လေးများရဲ့ အံ့မခန်းသရုပ်ဆောင်နိုင်မှုတွေပါ ကြည့်ရှုခံစားနိုင်မှာဖြစ်မှာတယ်.. (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Dao Phyo မှ တင်ဆက်ထားပါတယ်)
...

Me (2024) ⭐IMDB: 5.7/10 (491 Votes) 🎬 #Family #SciFi #Fantasy #Adventure 🗓 2024 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 22 မိနစ် 53 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Me ( 2024 ) ဒီဇာတ်လမ်းက စူပါဟီးရိုးကားလိုလိုနဲ့ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းပါပဲ။ အဓိကဇာတ်ကောင်က ဘန်ဆိုတဲ့ ၁၂နှစ်သားကောင်လေး။ သူ့စွမ်းအားလိုဖြစ်နေတဲ့အရာက တခြားလူအဖြစ်ပုံစံပြောင်းပစ်နိုင်တာပေါ့။ ဒီအစွမ်းကို သူဘယ်မှာစသိလဲဆိုတော့ သူ့အမေ နောက်အိမ်ထောင်ပြုတဲ့ဆီ သူသွားနေတဲ့အချိန်မှာစတယ်။ သူတို့မိသားစုမှာ ပထွေး သူ့အမေ သူ သူ့ပထွေးရဲ့သမီး ။ ၄ယောက်ရှိတယ်။ သူ့ပထွေးရဲ့သမီးကတော့ သူ့အခင်ဆုံး သူငယ်ချင်းလိုနေပေးပေမဲ့ ကျောင်းအသစ် အိမ်အသစ် မိသားစုအသစ်နဲ့ဆိုတော့ သူ့အတွက် ဖိအားတွေများနေခဲ့တယ်။ ဒီလိုနဲ့ နောက်နေ့မနက်သူနိုးလာတော့ သူက သူမဟုတ်တော့ဘူး။ တခြားလူတစ်ယောက်အဖြစ်ပြောင်းသွားတယ်။ သူ့စွမ်းအားကို သူမထိန်းချုပ်နိုင်သေးတော့ သူ့စွမ်းအားအကြောင်း ဘာလို့ ဒီလိုဖြစ်ရတဲ့အကြောင်း သူ့ပထွေးရဲ့သမီး သူ့အစ်မနဲ့အတူတူ အဖြေရှာဖို့လုပ်ကြတယ်။ စူပါဟီးရိုးကားလိုလိုလို့ပြောခဲ့တာက ဒီကားက စူပါပါဝါလိုအရာတွေ ပြထားပေမဲ့ တကယ်တမ်း meဆိုတဲ့ ကိုယ့်ဖြစ်တည်မှုကို ကိုယ်ရှာတာကို ပိုအသားပေးထားလို့ပါပဲ။ ကိုယ်ဘယ်လိုလူမျိုးဖြစ်ချင်လဲ ကိုယ်ဘာဖြစ်ချင်လဲ သိအောင်လုပ်တဲ့ ကလေးလေးတစ်ယောက်အကြောင်းပေါ့။ စူပါပါဝါတစ်ခုရဖို့ထက် ကိုယ်ဘယ်လိုလူဖြစ်ချင်လဲ ကိုယ်သိအောင်လုပ်ဖို့က ပိုအရေးပါတယ်ဆိုတော့ meဆိုတဲ့အရာကိုရှာတဲ့အကြောင်း  ဒီလိုပုံစံနဲ့ရိုက်ပြထားတဲ့  ဒီကားက တော်တော်လေးထူးခြားတဲ့ကားလို့ပြောရမယ်။ ဒီလို သိပ်လေးနက်တဲ့အကြောင်းအရာကို ပေါ့ပေါ့ပါးပါး ကြည့်ရဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းနဲ့ တင်ပြထားတာမို့ ကြည့်ကိုကြည့်သင့်တဲ့ စီးရီးပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့
...

Triangle (2009) ⭐TMDB: 69% User Score 🎬 #Fantasy #Mystery #Thriller #Horror 🗓 2009 🎞 Series 🌎 #Australia #UnitedKingdom ⏰ 1 နာရီ 39 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Triangle (2009) IMDb  Rating (6.9) /Rotten Tomatoes (80%) Triangle (2009) ဇာတ်ကားမှာ horror film queen ကြီးဖြစ်တဲ့ Melissa Suzanne George ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဗြိတိန်ထုတ်လုပ်ရေးက ထွက်ရှိလာတဲ့ကားဆိုပေမဲ့ အဘော့အဲအော့ဝါးအား နဲ့ အဂိန်း ဆိုတဲ့ ဗြိတိသျှ အသံထွက်တွေတော့ ကြားရဖို့မရှိပါဘူး။ ဒါပေမဲ့ Australian မင်းသားလေး Liam Hemsworth ရဲ့ နုပျိုတဲ့ ရုပ်သွင်ကိုတော့ မြင်ရဖို့ရှိတယ်ဗျ။ စိတ္တဇအသားပေး လူသတ်နဲ့လျှို့ဝှက်ဆန်းကြယ်ဇာတ်ကားဖြစ်တာနဲ့အညီ ဟိုရောက်ဒီရောက်ဇာတ်ကွက်တွေကို တကွဲတပြား ပြသနေပြီးမှ ဟိုတစ်စ ဒီတစ်စ ဆက်စပ်ယူရတဲ့ ဇာတ်လမ်းမျိုးပါ။ ကြည့်နေဆဲနဲ့ ကြည့်ပြီးအသွားမှာ လူကြီးမင်းတို့ကို တွေးစရာတွေ တပုံတပင် ပေးသွားဖို့လည်းရှိပါတယ်။ ဇာတ်လမ်းရဲ့ကျောရိုးက အပျော်စီးရွက်လှေတစ်စင်းပေါ် လိုက်ပါလာတဲ့လူတစ်စု ပင်လယ်ပြင်မှာ မိုးကြိုးမုန်တိုင်းတစ်ခုနဲ့ ပက်ပင်းတိုးကြပါလေရော။ လုံးဝ မှောက်ခုံကြီးဖြစ်နေတဲ့ ရွက်လှေဗိုက်ပေါ်က လူတစ်စုဟာ အနားမှာ ဘွားခနဲပေါ်လာတဲ့ သင်္ဘောကြီးပေါ်ကို တက်လိုက်ကြတယ်ဆိုပါစို့။ သင်္ဘောပေါ်မှာ လူတစ်ယောက်မှ မပါလာပါဘူး။ ဒါပေမဲ့ စားစရာတွေ သစ်သီးတွေ လျှပ်စစ်တွေ လည်ပတ်နေတဲ့ အင်ဂျင်တွေနဲ့ လူမပါဘဲရွေ့နေတဲ့ သင်္ဘောကြီးပါပဲ။ သင်္ဘောနာမည်က လူတစ်ဦးရဲ့အမည်။ သူက နတ်ဘုရားတွေထဲကမှ သေမင်းကို မတည်နိုင်တဲ့ကတိကိုပေးပြီး လိမ်လည်လှည့်ဖျားခဲ့လို့ တောင်ပေါ်ကို ကျောက်တုံးကြီးတွန်းတင်၊ ထိပ်ပေါ်ရောက်တော့ ကျောက်တုံးကြီးက ပြန်လိမ့်ကျသွား၊ နောက်တစ်နေ့မှာ အစကနေ ပြန်တွန်းတင်ရမယ့် အပြစ်ဒဏ်ကို ခံစားနေရသူ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ သင်္ဘောပေါ်တက်သွားတယ်။ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရလို့ သေကုန်တယ်။ သေမင်းဆီကနေ လွတ်အောင်ပြေးကြရင်း သေမင်းဆီမှာပဲ ပြန်လည်ဝပ်တွားခယရတဲ့ သူတို့တွေရဲ့ကံကြမ္မာဟာ ဘယ်လိုအဆုံးသတ်မလဲ။ သူတို့ကြုံနေရတဲ့ ကျိန်စာကို ဘယ်လိုဖြေမလဲဆိုတာ ကြည့်လိုက်ကြပါဦးစို့။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)
...

Hellraiser: Hellworld (2005) ⭐TMDB: 48% User Score 🎬 #HellraiserFranchise #Horror #Fantasy #ScienceFiction 🗓 2005 🎞 movie 🌎 #Romania #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 33 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Hellraiser: Hellworld (2005) ဒီဇာတ်ကားမှာတော့ Hellraiser တွေ နာမည်ကြီးကုန်ကြပါပြီ။ ဆီနိုဘိုက်တွေအကြောင်း ကြားဖူးထားတဲ့ လူတစ်ယောက်က လက်ကမြင်းပြီး Hellworld ဆိုတဲ့ ဂိမ်းကိုထွင်လိုက်ပါတယ်။ သေတ္တာကိုဖွင့်တယ် ဆီနိုဘိုက်တွေ ရောက်လာတယ် အဲဒါတွေပါတဲ့ဂိမ်းပေါ့။ အဲဒီတော့ Hellworld ကို ကစားတဲ့ Hardcore Gamer တွေရှိလာရော။ အဲဒီထဲက အဒမ်ဆိုတဲ့တစ်ယောက်ကတော့ ဂိမ်းကို အရူးအမူးဖြစ်ပြီး ကိုယ့်ဘာသာသတ်သေတဲ့ထိဖြစ်လာပါတော့တယ်။ သူနဲ့အတူတွဲနေတဲ့ သူငယ်ချင်းအုပ်စုကလည်း Hellworld ကစားတာကြိုက်တဲ့သူတွေ၊ Hellworld Geek တွေပါ ပါပါတယ်။ သူသေသွားပြီး နောက်နှစ်နှစ်ကြာတော့ သူ့သူငယ်ချင်းအုပ်စုကို Hellworld ဂိမ်းကစားသူတွေ စုကြတဲ့ ပါတီကို ဖိတ်ခံရတယ်။ သူတို့အုပ်စု ပါတီကျင်းပတဲ့ လဗိုင်ယာသန်အိမ်တော်ကို ရောက်တဲ့အချိန်မှာ ဇာတ်လမ်းက စတော့တာပါပဲ။ မင်းသမီးကတော့ Vikings Series ထဲက မင်းသမီးချော Katheryn Winnick ဖြစ်ပြီးတော့ စူပါမန်းကြီး Henry Cavill လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)
...

Escape from the 21st Century (2024) ⭐TMDB: 66% User Score 🎬 #Comedy #ScienceFiction 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 38 မိနစ် 3 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM ရဲ့ တရုတ်ကားချစ် ပရိသတ်တို့ကို Escape from 21 st Century ဆိုတဲ့အချိန်ခရီးသွား သဘာဝလွန်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီဇာတ်လမ်းထဲမှာ ဝမ်ချန်ယုံ၊ ဖောင်ဖောင် နဲ့ ဝမ်ကျာ့ တို့သူငယ်ချင်း ညီအစ်ကို ၃ ယောက်ဟာ လူငယ်တို့သဘာဝအတိုင်း ရန်ဖြစ်လိုက် ကစားလိုက်အချိန်ဖြုန်းနေခဲ့တာ…သူတို့အတန်းဖော်နဲ့ ရန်ဖြစ်တာ အောင်နိုင်ပြီးသူ့အတန်းဖော်ဦးလေးကြီးတွေရဲ့ လက်စားချေမှုကြောင့် သူတို့ ဓာတုဆေးတွေသောက်မိပြီး… ၁၉၉၉ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်ကို နှာချေလိုက်တိုင်း ခရီးသွားနိုင်ခဲ့တယ်..ရုတ်တရက်ကြီး အနှစ် ၂၀ ခရီးသွားမိတိုင်း…သူတို့အနာဂတ်ကို ပြန်ပြင်နိုင်ဖို့ ကြိုးစားခဲ့တယ်…တစ်ချိန်တည်းမှာ သူတို့ရဲ့ အနှစ် ၂၀ ကြာပြီးနောက်ပြောင်းလဲသွားတဲ့ လူကြီးဘဝရဲ့ အခြေအနေတွေကိုလက်ခံနိုင်အောင် ကြိုးစားရင်း ကြိုးစားရင်း… သူတို့ ဒီလို ခရီးသွားနိုင်တဲ့ လျို့ဝှက်ချက်တွေကို ရှာတွေ့ခဲ့တယ်…တကယ်ပဲ သာမန်ခရီးသွားနိုင်တာလား…ဘာလျို့ဝှက်ချက်ရှိနေဦးမှာလဲ…ဘာလို့ သူတို့ ၃ ယောက်ပဲ ခရီးသွားနိုင်သွားတာလဲ…၁၉၉၉ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်ကြားမှာ ဘာပတ်သက်မှုရှိနေမှာလဲ…ထူးခြားဆန်းပြားမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်တို့ ကြည့်လိုက်ကြရအောင်နော်
...

Give Me A Ride (2024) ⭐TMDB: 60% User Score 🎬 #Comedy #Crime 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 43 မိနစ် 2 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက်ဟာသအမောပြေဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ရွာမှာကလေးတွေစာဖတ်တတ်ဖို့အတွက် လုပ်အားပေးဆရာမအနေနဲ့ အမေကိုအတိုက်အခံလုပ်ပြီးဆင်းသွားတဲ့ ယွီရှောင်း၊အခွေဆိုင်လေးဖွင့်ထားပြီး အသက် (၃၂)ထိမိဘလုပ်စာထိုင်စားနေတဲ့အစ်ကိုဖြစ်သူ ယွီလျန်ရှန်း။အမေဖြစ်သူက သမီးကိုပြန်ခေါ်လာဖို့အတွက်သားကိုမျိုးစုံခြိမ်းခြောက်တဲ့အခါ သားဖြစ်သူကယွီရှောင်းကိုရှာဖို့ခရီးစထွက်ပါတော့တယ်။ အဲ့အချိန်မှာပဲရှေးဟောင်းပစ္စည်းတွေကိုမှောင်ခိုသွင်းရောင်းချနေတဲ့ယုခါမိန်းကလေး၊တရုတ်ပြည်မိန်းကလေးတွေကိုM နိုင်ငံအထိလူကုန်ကူးရောင်းချနေရာကနေ မှောင်ခိုဂိုဏ်းကိုအပြစ်လုပ်မိလို့ တရုတ်ပြည်ဘက်ထွက်ပြေးလာပြီးတရုတ်ပြည်မှာလည်း ဆက်လက်လူကုန်ကူးနေတဲ့ အစ်ကိုဟေး။ ဒီအမှုနှစ်ခုကို ရဲစခန်းမှဖြေရှင်းနေတဲ့အချိန်ယွီလျန်ရှန်းကလည်းညီမဖြစ်သူကိုရှာဖို့ ထွက်လာတဲ့အချိန်လမ်းမှာဓါးပြအဖွဲ့ ကုရှောင်မန့်ကောင်မလေးနဲ့တွေ့ဆုံခဲ့တာပေါ့။ကုရှောင်မန့်က ယွီလျန်ရှန်းကိုသိမ်းသွင်းပြီးလုယက်ဖို့ပြင်ဆင်ခဲ့ပေမဲ့ သူရဲ့ကြင်နာမှုကြောင့်မလုယက်နိုင်ခဲ့ဘူးဖြစ်နေခဲ့တယ်။ ဒီအချိန်မှာပဲ ထန်ခေတ်မှာတိဘက်ဘုန်းကြီးကိုင်ဆောင်ရာ ပုတီးကိုမှောင်ခိုတင်သွင်းနေတဲ့ ယုခါမိန်းကလေးတို့အဖွဲ့နဲ့တွေ့နေတဲ့အချိန်မှာယွီရှောင်းကအစ်ကိုဟေးနဲ့တွေ့ပြီး တျောက်မျိုးနွယ်ညီအစ်ကိုနှစ်ယောက်ကထောင်ထဲကထွက်လာလို့ မိန်းမ မယူနိုင်ဖြစ်နေတာကြောင့်ယွီရှောင်းကိုအတင်းအဓမ္မလက်ထပ်ဝယ်ယူဖို့အစ်ကိုဟေးနဲ့တွေ့ဆုံရန်ထွက်လာချိန်၊ ယွီလျန်ရှန်းကလည်းညီမဖြစ်သူရှာဖို့ထွက်လာတဲ့အချိန်၊ကုရှောင်မန့်တို့ကလည်းလုယက်ဖို့ဂွင်ဖမ်းနေတဲ့အချိန် ဒီလိုတွေတိုက်ဆိုင်သွားတဲ့အချိန်မှာတော့ အလွဲလွဲ အချော်ချော်များနှင့်ဟာသလေးတွေရောနှောပြီးတင်ဆက်ပြသထားတာကြောင့် ဒီဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင်
...

Once Upon a Time (2008) ⭐TMDB: 61% User Score 🎬 #Action #Adventure #Comedy #Historical 🗓 2008 🎞 movie 🌎 #SouthKorea ⏰ 1 နာရီ 50 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Once Upon a Time (2008) ************************* ကိုရီးယားက ဂျပန်လက်အောက်ကို ကျရောက်နေတဲ့အချိန်ဖြစ်တဲ့ 1940 ခုနှစ်ကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး စိန်ခိုးကြမယ့် ဒီရုပ်ရှင်ကားမှာတော့ “Hide, Agency”စတဲ့ ဇာတ်လမ်းတွဲတွေထဲက မင်းသမီး Lee Bo Young, “Priest, Tracer” ဇာတ်ကားထဲက မင်းသား Park Yong Woo, “Reply 1988, Hospital Playlist”တို့လို နာမည်ကြီးဇာတ်ကားအများစုမှာ ပါဝင်ခဲ့တဲ့ ဇာတ်ပို့မင်းသားကြီး Sung Dong-il တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြားနာမည်ကြီး ဇာတ်ပို့ဇာတ်ရန်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း- ကာနယ်မူရာ (Park Yong Woo) ဆိုတဲ့ ကိုရီးယားသူခိုးဟာ ဆိုးလ်မြို့တစ်ခွင်လျှောက်သွားပြီး ဂျပန်အာဏာပိုင်တွေဆီက တန်ဖိုးကြီးရတနာပစ္စည်းတွေကို ခိုးယူနေတဲ့သူပါ။ ဟာရူကို (Lee Bo Young) ကတော့ ကာနယ်မူရာ ပုံမှန်သွားနေကျ ဘားတစ်ခုရဲ့ ဂျက်ဇ်အဆိုတော်မ‌လေးပေါ့။ ဒါပေမဲ့ သူမကလည်း သာမန်အဆိုတော်မလေး မဟုတ်ဘဲ နာမည်တုနဲ့လှုပ်ရှားနေတဲ့ အကျော်ဇေယျ သူခိုးတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ ဂျပန်အာဏာပိုင်တွေက ပွဲအခမ်းအနားကျင်းပပြီး အလွန်ရှားပါးတဲ့ “အရှေ့ဘက်ရဲ့ အလင်းရောင်”လို့ခေါ်တဲ့ ၃၀၀၀ ကာရက်တန် စိန်တုံးတစ်တုံးကို ကိုရီးယားကနေ ဂျပန်ကို တင်ပို့သွားမဲ့ သတင်းကို ရသွားတဲ့အချိန်မှာတော့.. ငတက်ပြားတွေ အဲဒီစိန်တုံးကိုရဖို့ ဘယ်လိုကြိုးစားကြမလဲဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမယ့် action, comedy ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Toe Toe Aung မှ ရေးသားပေးထားပါတယ်။)
...

Dog Soldiers (2002) ⭐TMDB: 67% User Score 🎬 #Action #Horror #Thriller 🗓 2002 🎞 movie 🌎 #Luxembourg #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 46 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb Rating – 6.8/10 ၂၀၀၂ ခုနှစ်ထွက် Horror/ Action ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး စကော့တလန်ရဲ့ တောင်တန်းဒေသတစ်ခုမှာ ဗြိတိသျှစစ်သားတွေက လေ့ကျင့်ရေးလာဆင်းတဲ့ အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် လပြည့်နေ့ကလည်း နီးကပ်လာပြီး သမန်းဝံပုလွေတွေ တိုက်ခိုက်တာကို သူတို့တပ်ဖွဲ့ ပြန်လည်ခုခံရတာကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ ဘယ်သူတွေက လွတ်ပြီး ဘယ်လိုလှည့်ကွက်တွေ ရှိနေလဲဆိုတာကို ကြည့်ကြည့်ကြပါဦး။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။
...

Showtime (2002) ⭐TMDB: 55% User Score 🎬 #Action #Comedy 🗓 2002 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 50 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Robert De Niro နဲ့ Eddie Murphy တို့ တွဲဘက်ညီညီသရုပ်ဆောင်ထားတဲ့ Comedy/ Action ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာ မင်းသမီးချော Rene Russo အပြင် မင်းသားကြီး Robert De Niro ရဲ့ သမီး Drena De Niro ကလည်း ဇာတ်ရံအဖြစ် ပါဝင်အားဖြည့်ထားပါသေးတယ်။ ‘မစ်ချ်ပရက်စ်တန်’က စုံထောက်တစ်ယောက်ဖြစ်ပြီး လက်နက်မှောင်ခိုရောင်းဝယ်ရေးနဲ့ ပတ်သက်လို့ နောက်ကွယ်က ကြိုးကိုင်နေသူကို လိုက်လံစုံစမ်းဖို့အတွက် သူ့လူကိုယ့်ဘက်သား ပုံစံမျိုးနဲ့ စုံစမ်းနေတဲ့အချိန်… ကင်းလှည့်ရဲ ‘ထရေးဆယ်လ်လာစ်’က အထင်လွဲကာ မစ်ချ်ကို ဖမ်းဆီးဖို့ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ မစ်ချ်အယောင်ဆောင်ထားတာကလည်း သတင်းတွေမှာပါ,ပါတဲ့အထိ လူသိရှင်ကြားဖြစ်သွားပြီး သတင်းဌာနကြီးတစ်ခုက သူတို့နှစ်ဦးကိုသတိထားမိကာ Reality show တစ်ခုအတူတွဲရိုက်ဖို့အတွက် ကမ်းလှမ်းလာပါတော့တယ်။ ထရေးက နဂိုကတည်းက သရုပ်ဆောင်ရူးရူးနေတဲ့သူတစ်ယောက် ဖြစ်ပြီး မစ်ချ်ကကျ အလုပ်ကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်ချင်သူပါ။ စရိုက်မတူတဲ့ သူတို့နှစ်ယောက်ကို ရှိုးတစ်ခုတည်းမှာ သရုပ်ဆောင်ခိုင်းတဲ့အခါ ဘယ်လိုတွေတလွဲဖြစ်ကြမလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။
...

That They May Face the Rising Sun (2023) ⭐IMDB: 7.3/10 (314 Votes) 🎬 #Drama 🗓 2023 🎞 movie 🌎 #Ireland #UnitedKingdom ⏰ 1 နာရီ 51 မိနစ် 45 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb – 7.3/10 အိုင်ယာလန်အမျိုးသားစာ​ပေဆုရခဲ့တဲ့ စာရေးဆရာကြီး John McGahernရဲ့ ခြောက်အုပ်မြောက်လည်းဖြစ် နောက်ဆုံးလည်းဖြစ်တဲ့ ၀တ္ထုရှည်ကြီးကို ပုံဖော်တင်ဆက်ရိုက်ကူးထားခဲ့တဲ့ဇာတ်လမ်း။ အို၊ နာ၊ သေဆိုတဲ့အတိုင်းပါပဲ အိုကြနာကြသေကြရတဲ့ ဖြစ်စဉ်မှာ အိုမင်းချိန်ရောက်လို့ နာမကျန်းဖြစ်နေကြတဲ့ လူအိုမောင်နှမတွေကြားကချစ်ခြင်းမေတ္တာသံယောဇဉ်နဲ့ ပဋိပက္ခတွေအကြောင်းတင်ပြထားတဲ့ဇာတ်လမ်း။ လန်ဒန်မြို့ကြီးကနေထွက်ခွာလာပြီး ဘ၀ကို တစ်နေ့တာချင်းဆီ ရှင်သန်ဖြတ်သန်းရင်း ဘ၀ကိုရိုးရှင်းစွာနေကြတဲ့ ဂျိုးနဲ့ ကိတ်တို့ အနုပညာရှင်ဇနီးမောင်နှံနှစ်ဦးနဲ့ လူအိုကြီးတွေပတ်သက်ကြပုံ။ ကျေးလက်ဒေသက ရေကန်ကြီးဘေးမှာ ဖြစ်ပျက်သဘောတရားတွေကိုရှုမြင်ရင်း စာရေးဖို့ကြိုးစားနေတဲ့ ဂျိုးတစ်ယောက် လူအိုကြီးတွေနဲ့အတွေးအခေါ်၊ အပြုအမူ၊ အနေအထိုင်အပြောအဆိုတွေကိုသင်ယူမှတ်သားရင်း သူ့ရဲ့၀တ္ထုရှည်ကို အဆုံးသတ်ဖို့ ကြိုးစားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်)
...

Trader (2022) ⭐IMDB: 5.4/10 (199 Votes) 🎬 #Thriller 🗓 2022 🎞 movie 🌎 #Canada ⏰ 1 နာရီ 21 မိနစ် 41 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 IMDb 5.7/10 Rotten Tomatoes 80%*************************************************♦ ဒီဇာတ်ကားကတော့ Low budget ကား​ဖြစ်ပြီး အချစ်အလွမ်းဟာသ ဒရာမာတွေဘာတစ်ခုမှမပါပါဘူး တကယ့်ကမ္ဘာ့စတော့ရှယ်ယာစျေးကွက်မှာ Trading လုပ်ကြတဲ့ စျေးကွက်ကိုကြိုးကိုင်ခြယ်လှယ်ကစားကြ အပြိုင်ကြဲကြတဲ့ Trader ​ခေါ် Stock Market Player တွေအကြောင်း တစေ့တစောင်းရိုက်ပြထားတဲ့ကားကောင်းတစ်ကားပါ နည်းပညာသမားတွေ ရင်းနှီးမြှုပ်နှံသူတွေအတွက်တော့အနည်းနဲ့အများပညာရမဲ့ဇာတ်ကားမျိုးပါ Tradingအကြောင်းဘာမှမသိတဲ့လူတောင်မှ ဒီကားကြည့်ပြီးရင် စတော့စျေးကွက်အရောင်းအဝယ်အကြောင်း ရင်းနှီးသွားလိမ့်မယ်လို့ထင်ပါတယ် ♦ဒီဇာတ်ကားမှာထူးခြားချက်က ကာရိုက်တာတစ်ခုထဲ Locationတစ်ခုထဲမှာပဲ လှည့်ရိုက်ထားတာဖြစ်ပါတယ် မင်းသမီး Kimberly Sue Murrayရဲ့ Actingကလဲ တစ်ကားလုံးရှယ်ပဲ ဆိုက်ကိုပါ့သ်ဆေးစွဲနေတဲ့ Trader အသစ်စက်စက်အဖြစ်သရုပ်ဆောင်ထားပြီး တစ်ကားလုံးကိုသူ့ Actingနဲ့ထိန်းချသွားတာလန်းတယ် နောက်ဆုံးအထိ အရှ်ိန်ကျမသွားဘူး Low-budgetပေမဲ့ကြည့်ရတာတန်တယ် ♦အများကြီးမညွန်းတော့ပါဘူး Trader lifeကိုစိတ်ဝင်စားတဲ့လူတွေအတွက်တော့ ဒီဇာတ်ကားဟာ ကြည့်ရမဲ့ Listထဲပါပါတယ် ​ကြည့်ရှုခံစားကြည့်ကြပါအုံး
...

Seoulmeyt (2024) ⭐IMDB: 1.5/10 (8 Votes) 🎬 #Comedy #Romance 🗓 2024 🎞 movie 🌎 #SouthKorea #Philippines ⏰ 1 နာရီ 59 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Seoulmeyt (2024) ******************* ကေဒရာမာတွေ ကေပေါ့တွေကို အားပေးကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေရဲ့အချစ်ကို အခြေခံထားပြီး ရိုက်ကူးထားတဲ့ ချိုချိုမြိန်မြိန် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို Channel Myanmar မှ တင်ဆက်ပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းအညွှန်း- အရာအားလုံးဟာ Lunie လိုခေါ်တဲ့ ကောင်မလေး နေထိုင်တဲ့ ပင်လယ်ကမ်းရိုးတန်း ဒေသလေးကို မုန်တိုင်းတိုက်ခတ်ရာကနေ စတင်ပါတယ်။ မုန်တိုင်းကြောင့် လူတွေရော အိုးအိမ်တွေရော အရာအားလုံးပျက်ဆီးသွားတဲ့ ပင်လယ်ကမ်းရိုးတန်းဒေသလေးကို ကိုရီးယားအပါအဝင် အခြားနိုင်ငံခြားကုမ္ပဏီတွေက ဝင်ရောက်ပြီး လုပ်ငန်းအသစ်တွေ ထူထောင်ဖို့ ငြင်းမရလောက်အောင် ကောင်းမွန်တဲ့ ကမ်းလှမ်းချက်တွေပေးလာတဲ့အခါမှာ မြို့နေထိုင်သူတွေရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ Lunie နဲ့ ကိုရီးယားကုမ္ပဏီရဲ့ ကိုယ်စားပြုအဖြစ်ရောက်လာမဲ့ ကိုရီးယားကုမ္ပဏီရဲ့ ဆက်ခံသူတို့ရဲ့ ဇာတ်လမ်းလေးနဲ့ အရာအားလုံးကိုဆုံးရှုံးလိုက်ရတဲ့အခြေအနေမှာ ကေပေါ့တွေ ကေဒရာမာတွေအပေါ် စိတ်ရင်းနဲ့ ချစ်ကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေအတွက် မျှော်လင့်ထားစရာကြီးဖြစ်နေတဲ့ ကိုရီးယားလူမျိုးတစ်ယောက် သူတို့ဆီကို ရောက်လာမယ်ဆိုတဲ့သတင်း…။ ဒါပေမဲ့ တကယ်တမ်း ရောက်လာတဲ့သူက ကိုရီးယားလူမျိုးအစစ်တစ်ယောက် မဟုတ်တဲ့အခါမှာတော့ သူ့ရဲ့ သရုပ်မှန်ကဘာလဲ…။ သူနဲ့ Lunie နဲ့ရော ဘယ်လိုဆက်ဖြစ်သွားကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေပါရောနှောပြီး ကြည့်ရှုရမဲ့ ဖိလစ်ပိုင် အချစ်ကားချိုချိုလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Yati Naing မှ ရေးသားပေးထားပါတယ်။)
...

How to Make Millions Before Grandma Dies (2024) ⭐IMDB: 8.4/10 (3 k Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Thailand ⏰ 2 နာရီ 7 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 How to Make Millions Before Grandma Dies (2024) Lahn Mah IMDb Rating (8.4) ဒီရုပ်ရှင်ကတော့ ရုံတင်ကတည်းက ငိုရတယ်ဆိုပြီး လူပြောများကြသလို ရုံတင်ဝင်ငွေတွေလဲ သောက်သောက်လဲရရှိခဲ့တဲ့ ထိုင်းရုပ်ရှင်ကားလေးဖြစ်ပါတယ်။ GDH Production က ထုတ်တဲ့ ထိုင်းရုပ်ရှင်ကားတိုင်း Rating မြင့်တဲ့ Quality Product တွေဖြစ်ပြီးတစ်နှစ်မှ ၁ ကား ၂ ကားသာ ထုတ်တတ်လို့  ပရိတ်သတ်တွေအနေနဲ့ နှစ်ပေါက်အောင်စောင့်ရတာလဲ အစဉ်အလာဖြစ်နေပါပြီ။ How to Make Millions Before Grandma Dies (2024) ရုပ်ရှင်ကားဟာ အရှေ့တောင်အာရှနိုင်ငံများရဲ့ ရုံတင်ဝင်ငွေစံချိန်ချိုးခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပြီးBox Office စုစုပေါင်း $27 million ထိ ရရှိခဲ့တာကြောင့် အားလုံးရဲ့အံ့ဩခြင်းကိုပါ ရယူနိုင်ခဲ့ပါတယ်။ အနုပညာအရလဲ အောင်မြင်မှုကြီးမားခဲ့ပြီး ကြည့်ဖူးတဲ့လူတိုင်းနီးပါးက နှလုံးသားချင်းနီးစပ်တဲ့ရုပ်ရှင်လို့သတ်မှတ်ကြသလိုIMDb Rating မှာလဲ လူပေါင်း ၃ထောင်ကျော်မှ Rating (8.4/10) ထိ ပေးထားကြပါတယ်။ ဇာတ်လမ်းကတော့…. M ဆိုတဲ့ ကောင်လေးဟာ ဂိမ်းပဲစိတ်ဝင်တစားဆော့နေတတ်တဲ့ ခေတ်လူငယ်တစ်ယောက်ဖြစ်ပြီး လူငယ်ပီပီ ဘာကိုမှအလေးအနက်သိပ်မထားတတ်ဘဲ ပေါ့ပေါ့နေပေါ့ပေါ့စားဘဝကိုဖြတ်သန်းနေသူပါ။တစ်နေ့တော့ သူ့သူငယ်ချင်းတယောက် အမွေရတာကိုအားကျပြီး ကင်ဆာနောက်ဆုံးအဆင့်ရောက်နေပြီဖြစ်တဲ့ သူ့အဘွားရဲ့နောက်ဆုံးအချိန်တွေကို သွားပြုစုဖို့ကြံစည်ပါတော့တယ်။ဒါမှ အဘွားဖြစ်သူရဲ့အမွေတွေကို သူရရှိနိုင်မယ်လို့ယူဆခဲ့လို့ပါပဲ။ ဘဝရဲ့နောက်ဆုံးအချိန်တွေကို သိသိကြီးနဲ့ဖြတ်သန်းတော့မယ် အဘွားဖြစ်သူရဲ့ ဆန္ဒတွေကရော ဘာတွေဖြစ်မလဲ….လူ့လောကကြီးထဲကို ရောက်လာပြီး မိသားစုတစ်ခု အိမ်တစ်အိမ်ကိုတည်ထောင်ခဲ့ပြီးအိုမင်းလာချိန်မှာ လူ့လောကထဲကနေထွက်ခွာရတော့မယ့် လူတစ်ယောက်အတွေးမှာ ဘယ်လိုအရာတွေရှိနေမလဲ…. လူ့လောကထဲကိုခုမှကျင်လည်မယ့် မြေးနဲ့ လူ့လောကကိုနှုတ်ဆက်တော့မယ့် အဘွားတို့ရဲ့ကြားက မေတ္တာတရားတွေမေ့လျော့နေကြတဲ့ မိသားစုအကြောင်းတွေ …ရင်နာနာနဲ့ရယ်ရမယ့် လူ့လောကအကြောင်းတွေ ဒါတွေဒါတွေနဲ့ဒီရုပ်ရှင်ကားက ရုပ်ရှင်ဆိုတာထက် မိမိတို့ရဲ့ဘဝကိုပါ ထင်ဟပ်သလိုဖြစ်လာခဲ့တဲ့အခါမှာတော့….။အားလုံးတစ်ရှူးလေးတွေသုတ်ပြီး ငိုကြရတဲ့ မေတ္တာဖွဲ့ဘဝဇာတ်လမ်းဖြစ်လာပါတော့တယ်။ M အဖြစ် မင်းသားချော Billkin က သရုပ်ဆောင်ထားပြီး သဘာဝကျလွန်းတာကြောင့် အားလုံးရဲ့ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ရုံတင်တုန်းက မကြည့်လိုက်ရတဲ့ CM ပရိတ်သတ်တွေအတွက် Netflix က ထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်လိုက်ပါတယ်။Engsub ကနေကြည့်ပြီး ဘာသာပြန်ထားရလို့ ထိုင်းဘာသာစကားအရလိုအပ်ချက်ရှိခဲ့ရင် နားလည်ကြည့်ရှုခံစားပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်။
...

Under the Sand (2000) ⭐TMDB: 67% User Score 🎬 #Drama #Mystery 🗓 2000 🎞 movie 🌎 #France #Japan ⏰ 1 နာရီ 36 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Under the Sand (2000) ~ IMDb – 7/10, Rotten Tomatoes – 93% ~ “ကျွန်မထပ်ပြီး ရူးသွားတော့မယ်ထင်တယ်။ ကျွန်မခေါင်းထဲမှာ အသံတွေကြားနေရတယ်။ အလုပ်ကို အာရုံစိုက်လို့မရတော့ဘူး။ ကျွန်မ တိုက်ခိုက်ဖို့ ကြိုးစားချင်ပေမဲ့ ကျွန်မဆက်ပြီး အားတင်းမထားနိုင်တော့ဘူး။ ကျွန်မဘဝရဲ့ ပျော်ရွှင်မှုတွေ အားလုံးက ရှင့်ကျေးဇူးကြောင့်ပါပဲ။ ရှင်က ကျွန်မအတွက်တော့ အပြည့်အဝကောင်းတဲ့သူပါ။ ကျွန်မရှင့်ဘဝကို မဖျက်စီးချင်တော့ဘူး…” စိတ်အတက်အကျ ပြင်းထန်တဲ့ရောဂါဖြစ်နေတဲ့ နာမည်ကျော်စာရေးဆရာမကြီးဗာဂျီးနီးယားဝုဖ်ကိုယ့်ကိုယ်ကိုယ်သတ်မသေခင် သူ့အမျိုးသားအတွက်ရေးထားခဲ့တဲ့စာကို ဇာတ်ကားထဲမှာ ကိုးကားထားတဲ့အတိုင်း ရေးထားတာပါ။ မူရင်းကပိုပြီး ခြောက်ခြားဖွယ်လှပနေတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားကလည်း ဗာဂျီးနီးယားဝုဖ်ရဲ့ သေတမ်းစာလိုပဲ စိတ်ကို ညစ်ညူးစေပေမဲ့ လှပနေတဲ့ ဇာတ်ကားမျိုးပါ။ မူရင်းခေါင်းစဉ်က Sous le sable ဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ ၂၇ ကြိမ်မြောက် César Awards ရုပ်ရှင်ဆုချီးမြှင့်ပွဲမှာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ဆောင်အမျိုးသမီးဆု ဆန်ခါတင်စာရင်းအများကြီးဝင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ ဆုမရခဲ့ပါဘူး။ ဒါပေမဲ့လည်း ရုပ်ရှင်ဇာတ်ကားတစ်ကားကောင်းမကောင်းဆိုတာ ကြည့်တဲ့သူရဲ့ နှလုံးသားပေါ်ပဲ မူတည်တာမဟုတ်လား။ ဒီဇာတ်ကားက ဆုမရပေမဲ့ နှလုံးသားတွေကိုတော့ ထိခတ်အောင်လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အိမ်ထောင်သက် ၂၅ နှစ်ကျော်ပေါင်းသင်းလာတဲ့ အချစ်ရဆုံးသူ ခင်ပွန်းသည် ပျောက်သွားတဲ့ ဇနီးသည်တစ်ယောက်ရဲ့ ခံစားချက်နဲ့ အတွေးတွေကို ထင်ထင်ရှားရှားနဲ့ မြင်သာလာအောင် ပြပေးထားပါတယ်။ ကိုယ်ချစ်ရတဲ့သူတစ်ယောက် သေသွားတာနဲ့ ပျောက်သွားတာ ဘယ်ဟာကပိုပြီး ခံရခက်ပါသလဲ။ ကျွန်တော့်အမြင်ကတော့ သေသွားပြီဆိုရင် တစ်ခါတည်း အပြီးပိုင်လက်လွှတ်ရပေမဲ့ ပျောက်သွားတာဆိုရင် ပြန်တွေ့လေမလားမျှော်နေရင်း ပြန်မတွေ့ရလို့ ဝမ်းနည်းနေရသလို တစ်နေရာရာမှာ ဒုက္ခရောက်နေမှာကို တွေးရင်း စိတ်ပူရင်းဝမ်းနည်းရပြန်လို့ ပျောက်တာက သေတာထက် ပိုဆိုးတယ်ထင်ပါတယ်။ အဲဒါကြောင့် ဒီဇာတ်ကားကိုကြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် ချစ်ရခင်ရတဲ့သူတွေနဲ့ ဝေးကွာနေရတဲ့သူတွေရှိရင် စိတ်ပူပင်နေတာတွေ ပျောက်သွားအောင် ဖုန်းတစ်ချက်ဆက်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို666မှ ပြန်ဆို ရေးသားထားပါတယ်)
...

Taynoe vlechenie (2023) ⭐IMDB: 5.2/10 (31 Votes) 🎬 #Drama #Romance #Comedy 🗓 2023 🎞 movie 🌎 #Russia ⏰ 1 နာရီ 36 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Taynoe Vlechenie (2023) CM ပရိသတ်ကြီးအတွက် ရုရှားစကားပြောဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် Veta ဆိုတဲ့ ကောင်မလေးက တစ်ခုခုအသိအမှတ်ပြုခံရဖို့ ကြိုးစားနေသူလေးပဲ ဖြစ်ပါတယ် သရုပ်ဆောင်သင်တန်းမှာ ဆရာသဘောကျတဲ့လူ မဟုတ်ပေမယ့်လည်းဇွဲတော့မလျှော့ပါဘူး ဘာကိုမှ အလေးအနက်မထားတဲ့လူတွေကြားမှာအိပ်မက်တစ်ခုကို ယုံယုံကြည်ကြည်ဆက်မက်နေတဲ့သူ သူ့ဘဝအတွက် ပြဇာတ်ရုံက အိပ်မက်ပါပဲ တစ်နေ့မှာ ပိုလန်ကလာတဲ့ဒါရိုက်တာတစ်ယောက်နဲ့ အမှတ်မထင် ခင်မင်ခဲ့ပြီး သူလိုချင်တာကို ပြောပြတဲ့အခါမှာတော့ … ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦးအဖော်အချွတ်အနည်းငယ် ပါတဲ့အကြောင်းတော့ ကြိုတင်သတိပေးပါရစေ အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ကပါ
...

The Champion (2024) ⭐IMDB: 5.4/10 (666 Votes) 🎬 #Drama #Sport #Family #Comedy 🗓 2024 🎞 movie 🌎 #Spain ⏰ 1 နာရီ 47 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးကတော့ အခုနှစ်ပိုင်းမှ ထွက်ရှိထားတဲ့ sport/comedyကားလေးဖြစ်ပါတယ်။ ဒီကားလေးကတော့ တခြားအားကစားကားတွေနဲ့မတူဘဲ ‌အားကစားသမားရဲ့ ဇာတ်ကောင်စရိုက်ကို‌ရိုက်ပြထားတဲ့ကားဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်လာပြီး ဇာတ်ကောင်ရဲ့စိတ်အခြေအနေ မိသားစု၀င်အချင်းချင်းတောင် ကိုယ့်အပေါ်အမြတ်ထုတ်တာတွေ ခံစားချက်ကိုမထိန်းချုပ်နိုင်တာတွေ အစရှိတဲ့အကြောင်းကိစ္စတွေကို ရိုက်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ – ‌ဒီရေဂိုကအသက်ငယ်ငယ်နဲ့ ထူးချွန်တဲ့ဘောလုံးကစားသမားဖြစ်ပြီး အသင်းနဲ့စာချုပ်ချုပ်စ ပထမဆုံးရာသီမှာတင် (၁၁)ဂိုးသွင်းထားသူပါ။ ဒါပေမဲ့ ကမူးရှူးထိုးသမားဖြစ်သူမလို့ လာလီဂါချန်ပီယံရှစ်အဆုံးအဖြတ်အတွက် သုံးပွဲအလိုမှာတင် အသင်းခေါင်းဆောင်နဲ့ရန်ဖြစ်ပြီး နှစ်ပွဲနားလိုက်ရပါတယ်။ တတိယမြောက်ပွဲပါ နားခံထိမှာစိုးရိမ်တဲ့အတွက် သူ့အဖေ အေးဂျင့်နဲ့အသင်းတို့က လက်ဝါးချင်းရိုက်ပြီး သတင်းစာတောင်းပန်ပွဲလုပ်ပြီး စာဖတ်တဲ့နေရာမှာအခက်အခဲဖြစ်နေတဲ့သူ့ကိုတက္ကသိုလ်က စိတ်ရောဂါကျွမ်းကျင်သူနဲ့စာသင်ပေးမယ်လို့ ပရိသတ်ကိုပြောလိုက်ပါတယ်။ မရင့်ကျက်တဲ့ဒီရေဂိုတစ်ယောက် သူ့ဆရာအကူအညီနဲ့ ကိုယ်ကိုယ်ကိုယ်ဘယ်လိုပြောင်းလဲသွားမလဲ ဖခင်ရဲ့အရိပ်အောက်ကနေရော ရုန်းထွက်နိုင်ပါ့မလားဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။
...

Vishesham (2024) ⭐IMDB: 8.2/10 (943 Votes) 🎬 #Bollywood #Comedy #Drama #Family 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 15 မိနစ် 8 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Vishesham 2024 ကိုလူပျိုရဲ့အချစ်ခရီး IMDb – 8.6/10 လူတစ်ယောက်အတွက် ပထမဆုံးအကြိမ်ဆိုတာ အတော်လေးအရေးကြီးပါတယ်။ဒီပထမဆုံးအကြိမ်ကနေရလိုက်တာက သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ယုံကြည်မှုဆိုတဲ့အရာပါပဲ။ ဒါပေမဲ့ ရှီဂျူကတော့ ဒီယုံကြည်မှုဆိုတဲ့အညွန့်လေး ရိုက်ချိုးခံလိုက်ရတဲ့သူပေါ့။ လူရိုးကြီးရှီဂျူက သိပ်ချစ်တတ်တဲ့သူတစ်ယောက်ဆိုပေမဲ့သူ့ကိုမင်္ဂလာဆောင်ပေးမယ့်အချိန်မှာ သတို့သမီးလေးကကိုထိပ်ပြောင်ကြီးမြင်ပြီး ထွက်ပြေးသွားတာမလို့အသည်းလည်းကွဲ အရှက်လည်းကွဲပြီး လယ်စိုက်ပြီးတစ်ကိုယ်တည်းပဲနေတော့တာပေါ့။ ဒါကို မကြည့်ရက်လေတော့ အမေနဲ့ အစ်ကိုဖြစ်သူအပါအဝင်တစ်ဆွေတစ်မျိုးလုံးက ရှီဂျူကို အိမ်ထောင်ထပ်ပြုဖို့ဇွတ်တိုက်တွန်းတာမလို့ ရှီဂျူလည်း မရေမရာနဲ့ပဲ ထပ်ပြီးစမ်းကြည့်ဖို့လက်ခံလိုက်ပါတော့တယ်။ နှလုံးလှတဲ့ ကိုလူရိုးဆို‌ပေမဲ့ အသက်ကကြီး ထိပ်ကပြောင် ဗိုက်ကပူနေတဲ့အဘိုးအိုပေါက်စရုပ်နဲ့ရှီဂျူကို မိန်းကလေးတိုင်းက ငြင်းနေတော့ အိမ်ထောင်ပြုဖို့လက်လျှော့မယ့်ဆဲဆဲ ကျားမလေးလို ရဲရဲတောက် ရဲမေမလေးနဲ့ဆုံဖို့ ဖြစ်လာချိန်မှာတော့…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်)
...