1 024
Подписчики
Нет данных24 часа
+57 дней
+530 дней
Архив постов
1 024
Low Season (2022)
========================
ဇာတ်ကားနာမည် “ခရီးသွားပါးချိန်” ဆိုတဲ့အတိုင်းပါပဲခရီးသွားရာသီမဟုတ်တဲ့ မိုးရာသီတစ်နေ့မှာတောင်ပေါ်တည်းခိုစခန်းလေးတစ်ခုကိုဧည့်သည်ကောင်မလေးတစ်ယောက်ရောက်လာပါတော့တယ် ကောင်မလေးဟာ
မွေးကတည်းကသရဲတွေကိုမြင်ရပြီးသူ့ရဲ့အဲ့အချက်ကြောင့် ကောင်လေးတွေထားခဲ့တာကိုခဏခဏခံရသူလည်းဖြစ်ပါတယ်။နောက်ဆုံးတွဲခဲ့တဲ့ စီနီယာအစ်ကိုကြီးချောချောလေးဟာလည်းနာမည်ကြီးပြီးနောက်ပိုင်း ရုပ်ရှင်မင်းသမီးတစ်ယောက်နဲ့ဖောက်ပြန်လို့အသည်းကွဲပြီး ဒီတောင်ပေါ်စခန်းလေးကို ရောက်လာပါတော့တယ်။ထူးခြားတာက အဲ့ဒီတောင်ပေါ်စခန်းလေးကအသည်းကွဲသမားတွေပဲစုနေတဲ့နေရာ…အဲ့ဒီတော့ အသည်းကွဲသမားအချင်းချင်းတစ်ယောက်ဒဏ်ရာတစ်ယောက် ဘယ်လိုကုစားကြမလဲ။ဘယ်လိုအမှတ်တရတွေကိုဖန်တီးကြမလဲ။သရဲနဲ့ပတ်သက်ပြီးရော ဘယ်လိုစွန့်စားခန်းတွေဖွင့်ကြမလဲဆိုတာကိုချင်းမိုင်ရဲ့သဘာဝတောတောင်ရေမြေအလှအပလေးတွေနဲ့ချစ်စရာရိုးရာဓလေ့လေးတွေကိုခံစားရင်းစိတ်လှုပ်ရှားဖွယ်ကြည့်ရှုကြရမှာဖြစ်ပါတယ်
1 024
Handsome Guys (2024)
****
ဒီဇာတ်ကားလေးက black comedy horror film ဖြစ်ပြီးတော့
ဒါရိုက်တာ Nam Dong-hyeop က ရိုက်ကူးထားတာဖြစ်သလို
Canadian comedy horror film ဖြစ်တဲ့ Tucker and Dale vs Evil ကို
remake ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ကတော့ Lee Sung-min, Lee Hee-joon,
Gong Seung-yeon, Park Ji-hwan, Lee Kyu-hyung စတဲ့
ဒိတ်ဒိတ်ကြဲတွေက ပါဝင်အားဖြည့်ပေးထားကြပါတယ်။
ဇာတ်လမ်းအညွှန်း-
ဂျယ်ဖီးနဲ့ ဆန်းဂူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်း
လူမိုက်တွေလို့ အထင်မှားခံနေရသူတွေဖြစ်ပေမဲ့လည်း သူတို့ ညီအစ်ကိုနှစ်ယောက်ဟာ
ဥရောပစတိုင်အိမ်လေးမှာ နေဖို့ စိတ်ကူးအိပ်မက်ရှိကြသူတွေပါ။
တစ်နေ့မှာ သူတို့ စိတ်ကူးထဲက အိမ်လေးဆီ ပြောင်းရွှေ့နေနိုင်ခဲ့ပါတော့တယ်။
ဒါပေမဲ့ အိမ်အောက်မှာ သူတို့ မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီး
မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ အဲဒီအရာကြီးကို
အမှတ်မထင် နှိုးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့...
ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာကိုတော့ ရယ်လည်းရယ်ရသလို
ကြောက်စရာလည်းကောင်းလို့ဆိုပြီး ကြည့်ရှုသူတွေကြားမှာ ပေါက်နေတဲ့
ဒီဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။
1 024
+1
First Kill (2017)
IMDb: 5.0/10
Genre: Action/Thriller
Wall Street Broker တစ်ယောက်ဖြစ်တဲ့ ဝီလ်ဘီးမန်းရဲ့ဘဝဟာ ဇနီးနဲ့သားဖြစ်သူအတွက်
အချိန်ပေးဖို့ကြိုးစားနေတဲ့ သာမန်စီးပွားရေးသမားအပြင် မပိုခဲ့ပါဘူး။
တစ်ရက်မှာတော့ သားဖြစ်သူ ဒန်နီရဲ့ ကျောင်းမှာအနိုင်ကျင့်ခံရမှုကို ကြားခဲ့ရပြီးနောက်မှာတော့
မိသားစုနဲ့ ပြန်လည်ပေါင်းစည်းချိတ်ဆက်ဖို့ သူ့မွေးရပ်မြေကို အလည်အပတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဆယ်စုနှစ်များစွာ အေးဆေးငြိမ်သက်နေတဲ့ ဂရန်းဗီးလ်မြို့လေးမှာ လတ်တလော ဘဏ်ဓားပြမှုခင်း
တစ်ခုကြောင့်ကျီးလန့်စာစားဖြစ်နေခဲ့ပါတယ်.။ ထိုအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ပြန်လည်ရောက်ရှိလာတဲ့
ဝီလ်ဘီးမန်းတို့မိသားစုကတော့ သူတို့ကို ဘယ်လိုအန္တရာယ်တွေ စောင့်ကြိုနေမှန်း ကြိုမသိနိုင်ခဲ့ပါဘူး။သူကြီးပြင်းခဲ့တဲ့အရပ်ကို ပြသချင်တာကြောင့်ရော၊ ကြမ်းတမ်းတဲ့လောကကို ရင်ဆိုင်နိုင်ဖို့ သင်ခန်းစာပေးဖို့
ရည်ရွယ်ရင်းနဲ့ ဝီလ်ဟာ ဒန်နီကို အမဲလိုက်ခရီး ခေါ်သွားခဲ့ပါတယ်။ တောတွင်းတစ်နေရာအရောက်မှာ
မမျှော်လင့်ဘဲ လူ ၂ ယောက် အချင်းများရန်ဖြစ်နေတာကို ချောင်းကြည့်ရင်း သေနတ်နဲ့ချိန်ထားသူက
ကျန်တဲ့သူကို ပစ်လိုက်တာကို တွေ့လိုက်ရပါတယ်။
1 024
+3
Danshari Paradise (2024)
ဒီရုပ်ရှင်ကတော့ ဂျပန်သွားတာ တော်တော်ခေတ်စားလာတဲ့ ဒီနေ့ခေတ်မှာ အဲဒီလောကနဲ့ မကင်းတဲ့လူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်လို့ထင်တာပါပဲ
သူတို့ယဉ်ကျေးမှုမသိဘဲ ဆာကူရာကိုင်းသွားချိုးမိနေမှာ စိုးရပါတယ်
ဒါပေမဲ့လည်း ယဉ်ကျေးမှုကို သိအောင်လုပ်ပေးတာနဲ့ ပလိန်းကြီး မလိုအပ်တာတွေပါ စည်းကမ်းတင်းကြပ်တာတွေ မလိုအပ်တာတွေ လုပ်ခိုင်းတာတွေနဲ့တော့ မတူလှဘူးပေါ့
ဒီနှစ်ခုကြားက စည်းက တော်တော်တော့ ပါးတယ် ဒါပေမဲ့လည်း ယဉ်ကျေးမှုတစ်ခုကို ချစ်တတ်အောင် သင်ပေးလိုက်ရင်တော့ သူ့နှလုံးသားနဲ့သူ ခွဲခြားကြပါလိမ့်မယ် ...
#crd
1 024
ကိုးရီးယား ရဲ့ နာမည်ကြီးမင်းသားေတွပါတင်ထားတဲ့ကား
Kundo: Age of the Rampant(2014)
(၂၀၁၄)ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီကားကို လုပ်ဖြစ်ရတဲ့အကြောင်းအရင်းက Dong-seok Ma ကြောင့်ဆိုရင်လည်းမမှားပါဘူး….ဗလခပ်တောင့်တောင့်ဒီမင်းသားဟာ Along with the Gods, Unstoppable ,The Outlaws တို့မှာ ပါဝင်ခဲ့ပြီးတော့ သရုပ်ဆောင်စဉ်မှာလည်း ရိုးသားဟန်တွေပေါ်နေတဲ့ သူ့အမူအရာကြောင့် မြန်မာပရိတ်သတ်တွေအကြိုက်ဖြစ်ခဲ့သလို တစ်ချက်တစ်ချက် ထိုးလိုက်ရင်
အုန်းသီးခပ်ကြီးတစ်လုံးလောက်ရှိတဲ့ သူ့လက်သီးကြောင့် ခုနှစ် ခုနှစ်လီ ၄၉ပေလောက်လွင့်သွားတာလည်း အားရစရာကြီးပါပဲ…ဒီကားထဲမှာလည်းသံလုံးကြီးတွေကိုလက်နက်အဖြစ်အသုံးပြုတဲ့သိုင်းသမားအဖြစ်ပါဝင်ထားပါတယ်…နောက်ပြီးတော့ ခေါင်းဆောင်မင်းသားဖြစ်တဲ့ Jung-woo Ha ကိုတော့ အထွေအထူးမိတ်ဆက်စရာမလိုပါဘူး..သူရိုက်သမျှကားတိုင်းဟာကောင်းမွန်တယ်လို့တောင်မှတ်ကောျက်တင်ခံရတဲ့သူပါ….ဒီကားက ဂျိုဆွန်းခေတ်က အရင်းရှင်တွေ မင်းမှုထမ်းတွေက တောင်သူလယ်သမားတွေအပေါ်နဲ့ချို့တဲ့သူတွေကိုအနိုင်ကျင့်တဲ့အတွက်ကြောင့် သိုင်းပညာတော်တဲ့သူတွေစုပြီး တွန်းလှန်တဲ့အကြောင်းကိုရိုက်ပြထားတာပါ
1 024
+3
A Bag Of Marbles (2017)
IMDb 7.3/10
လူသားတိုင်း အသက်ရှင်ခွင့်ရဖို့ ထိုက်တန်ပါတယ်အဖေကျွန်တော့်ကို မေးတယ်
ဂျိုး..
မင်း ဂျူးလား…ကျွန်တော်က ခပ်ပြုံးပြုံးလေးပြန်ဖြေလိုက်တယ်
မဟုတ်ပါဘူး
ဖြောင်း……..အနားမှာရပ်နေတဲ့ ကျွန်တော့်အမေ၊
ဘေးနားမှာထိုင်နေတဲ့ အစ်ကိုအားလုံး ကြောင်သွားပြီး
အခြေနေကို နားမလည်နိုင်တဲ့အမှုရာတွေနဲ့။ကျွန်တော်လည်း ပါးကိုလက်နဲ့အုပ်ပြီး
အံသြသွားတာရော ရုတ်ရက်ကြီးဆိုတော့ မှင်သက်သွားတယ်။
ဘာလို့လဲ..ဘာလို့..အဖေကဒီတစ်ခေါက် ဂျူးလိုထပ်မေးတယ်
မင်းဂျူးလား
ကျွန်တော် ကြောင်တောင်တောင်နဲ့ပဲ
မဟုတ်ဘူးလို့ ထပ်ဖြေလိုက်တယ်ဖြောင်းးးရုတ်တရတ် အားနဲ့လွဲပြီး ကျွန်တော့်ပါးကို ရိုက်ချပလိုက်တယ်ဂျူးလိုမေးရင် ပြန်မဖြေနဲ့ကွလို့ အဖေ ပြောနေတယ်အဖေ ထပ်ပြီး မေးတယ်မင်းဂျူးမှန်းငါသိတယ်
မှန်မှန်ဖြေစမ်းမဟုတ်ဘူး…..
စကားတောင်မဆုံးသေးဘူးဖြောင်း …ခပ်မြန်မြန် ကျွန်တော့်ပါးကို ရိုက်ပလိုက်တယ်အမေလည်း အံ့သြပြီး မျက်ရည်တွေလည်းကျနေတယ်အစ်ကိုကလည်း ဘာတွေဖြစ်ကုန်တာလဲဆိုတဲ့မျက်နှာနဲ့ ကြည့်နေတယ်အဖေ ထပ်မေးတယ်
မင်းဂျူးလားကျွန်တော်မျက်ရည်တွေကျလာပြီး
မဟုတ်ဘူး မဟုတ်ဘူး ….
1 024
The Roundup : Punishment (2024)
မာဒုံဆော့ရဲ့ကားအသစ်လာပါပြီ
စုံထောက်အက်ရှင်ဇာတ်လမ်းကောင်းလေးဖြစ်ပြီးတော့ အားလုံးရဲ့အချစ်တော် စုံထောက် မာဒုံဆော့ရဲ့ အမှုလိုက်ပုံတွေနဲ့အက်ရှင်တွေကိုကြည့်ရှုရမယ့်ဇာတ်ကားလေးပါ
The Roundup ကရှေ့ကဇာတ်ကားတွေမှာလဲအောင်မြင်မှုတွေများစွာရရှိထားပြီး ပရိသတ်တွေအမျှော်လင့်နေဆုံးဇာတ်ကားကောင်းတစ်ကားပါ
မှုခင်းဇာတ်လမ်းကိုမှ အမှုလိုက်ပုံမျိုးစုံနဲ့ မာဒုံဆော့ရဲ့ ဟာသလေးတွေပါထည့်ပေါင်းပြီး အက်ရှင်ခန်းကောင်းကောင်းတွေများစွာကြည့်ရှုရဦးမှာပဲဖြစ်လို့ အကုန်လုံးစောင့်မျှော်နေကြမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်မယ်လို့ယုံကြည်ပါတယ်
1 024
The Outlaws 3/ The Roundup : No Way Out (2023)
ရုံတင်တိုင်း ဝက်ဝက်ကွဲ အောင်မြင်တဲ့ အက်ရှင် ဇာတ်ကားကောင်း Round Up 3 ထွက်ရှိလို့လာပါပြီ။
ရှေ့နှစ်ပိုင်းမှာလည်း စံချိန်တွေ ချိုးခဲ့သလို အခုတစ်ပိုင်းမှာလည်း စံချိန်သစ်တွေ ယူလျက်ရှိပါတယ်။
Ma Dong Seokဆိုတာနဲ့ K Movie ဖန်တွေ ကြိုက်ကြတဲ့ သဘာဝ မင်းသားကြီးပါပဲ။ အခု ဇာတ်ကားမှာလည်း စုံထောက်Ma Dong Seokက ဂျပန်ယာကူဇာတွေနဲ့ ပတ်သတ်ဆက်စပ်နေတဲ့ လူသတ်မှု မူးယစ်မှုတွေကို လိုက်လံ စုံစမ်းဖော်ထုတ်မယ့် အက်ရှင် ဇာတ်ကြမ်းတွေကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်ကားကြာချိန်က နှစ်နာရီနီးပါး ကြာမြင့်ပေမယ့် အကြမ်းအရမ်းတွေအပြင် တစ်ချက်တစ်ချက် ရုပ်တည်ကြီးနဲ့ ဟာသလုပ်တာတွေက ဇာတ်လမ်းတစ်ခုလုံးကို မပျင်းရစေအောင် ဆွဲခေါ်သွားတာပါပဲ။
1 024
The Roundup – The Outlaws 2 (2022)
အထွေအထူး မိတ်ဆက်နေစရာမလိုတော့တဲ့ သရုပ်ဆောင် Ma Dong-Seok နဲ့
My Libration Note ထဲက မင်းသား Son Seok-Koo တို့ရဲ့ The Roundup: The Outlaws 2
လွန်ခဲ့တဲ့ 4 နှစ်…Garibong က အမှုကို စုံထောက်မာဆော့ဒိုတို့အဖွဲ့ ဖြေရှင်းနိုင်ခဲ့ပြီးတဲ့နောက်
သူတို့အဖွဲ့အတွက် နောက်ထပ်ဖြေရှင်းစရာတွေပေါ်ပေါက်လာခဲ့တဲ့ The Roundup!
