cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Tech World MM

Tech သတင်းတွေ Up to Date သိနိုင်ဖို့

Больше
Рекламные посты
2 252
Подписчики
+624 часа
+397 дней
+30530 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Фото недоступноПоказать в Telegram
ကင်မရာဆို အဝိုင်း Design မှလို့ ဘယ်သူမှ မသတ်မှတ်ထားတာကို Redmi က ကောင်းကောင်းနားလည်ပုံပဲ စမတ်ဖုန်းတွေရဲ့ Camera Bump ကသာ ပုံစံ အမျိုးမျိူးဖြစ်ကြပေမဲ့ Camera Sensor အပြင်ဘက် Housing ကိုတော့ အဝိုင်းတွေပဲ များတာကိုသတိထားမိမှာပါ Redmi K70 Ultra ကတော့ ကင်မရာ လေးထောင့်ပုံစံနဲ့ ထွက်လာတာပါ သဘောကျဖို့တော့ကောင်းသားဗျ Power ခလုတ်ကိုလဲ Texture ထည့်ထားထားတာကိုတွေ့ရတယ် Spec အနေနဲ့ Dimensity 9300+ ကိုသုံးထားမယ်လို့ သိထားရပြီးတော့ Display ကတော့ Flat Display ကိုသုံးပေးထားမယ် ၊ PWM Dimming ကို 3840Hz အထိ ပါလာမယ်လို့သိရပါတယ် တယ်လီဂရမ်မှာလဲ Tech World ရှိနေပါပြီ > https://t.me/techworldmm
Показать все...
👍 4
Фото недоступноПоказать в Telegram
ထွင်းဖောက်မြင်တဲ့ Transparent Design ဆို ပထမဆုံး ပြေးမြင်တာ Nothing ပဲ ဆက်ရရင် ဒုတိယ ပြေးမြင်သင့်တဲ့ Brand လဲရှိလာပြီ သူကတော့ Beats ပါ Beats ဆိုတာ သိတဲ့ အတိုင်းပဲ Apple က 2014 မှာ $3 Billion နဲ့ ဝယ်ထားတဲ့ Company ပါ လက်ရှိလဲ Audio ပစ္စည်းတွေဆက်ထုတ်နေတုန်းပဲ ထူးဆန်းတာကတော့ Transparent Design တွေကို အခုနောက်ပိုင်း ပိုထုတ်လာတာပဲ Beats Studio Buds + မှာ ပထမဆုံး Transparent Design ကို စမြင်ခဲ့ရတယ် (ကျနော် အမှတ်မမှားရင်ပေါ့) အခုထပ်ထွက်လာတာက Beats Solo Buds ပါ သူ့မှာလဲ အနီရောင် Version အတွက်ကို Transparent Design နဲ့လုပ်ပေးထားတာပါ ထူးထူးခြားခြား Solo Buds က Case Battery မပါတဲ့ EarBuds ဗျ သူက Case မှာ Battery မပါတော့ အတော်ကို Size သေးပြီး EarBuds တွေရဲ့ Battery ကိုလဲ အားကို 18 နာရီ ခံအောင်လုပ်ပေးထားတယ် iOS နဲ့ Android နှစ်ခုလုံးချိတ်လို့ရမယ် နောက်ပြီး Case ကို အားသွင်းဖို့ကလဲ Type C Port နဲ့ဆိုတော့ အဆင်ပြေတာပေါ့ Beats Solo Buds အတွက်က Red Color တစ်ခုပဲ Transparent Design ရမှာပါ #techworldmm
Показать все...
👍 2 2
2
AI ကို စိတ်ဝင်စားတဲ့ မြန်မာလူငယ်တိုင်းအတွက် အခွင့်အလမ်းအသစ်တွေယူဆောင်လာတဲ့ Samsung Innovation Campus 2024 – AI Hackathon   စာသင်ချိန် နာရီ ၄၀ ကြာ AI Comprehensive Training ကို အခမဲ့ တက်ရောက်ခွင့်ရမယ့်အပြင် AI Hackathon ပြိုင်ပွဲမှာပါဝင်ရင်း Prize Pool ကျပ်သိန်း (၆၀) အထိ ပိုင်ဆိုင်နိုင်ခွင့်ရနိုင်မယ့် လူငယ်တိုင်း လက်မလွှတ်သင့်တဲ့အစီအစဉ်   ဇူလိုင်လ (၂) ရက်၊ ၂၀၂၄ ခုနှစ်၊ ရန်ကုန်၊ မြန်မာ - လူငယ်တွေအတွက် အခွင့်အလမ်း အသစ်တွေကို အမြဲယူဆောင်လာပေးနေတဲ့ Samsung Myanmar ကနေ AI ကို စိတ်ဝင်စားပြီး ကိုယ့်ရဲ့ စိတ်ကူးအိပ်မက် နဲ့ Idea တွေကို လက်တွေ့အကောင်အထည်ဖော်ချင်တဲ့ မြန်မာလူငယ်တွေအတွက် Samsung Innovation Campus 2024 – AI Hackathon အစီအစဉ်အသစ်ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။   တီထွင်ဆန်းသစ်မှုတွေကို အမြဲဖန်တီးပြုလုပ်နေသလို AI နည်းပညာမှာလည်း ကမ္ဘာ့ထိပ်တန်းကနေ ဦးဆောင်နေတဲ့ နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Samsung ဟာ စမတ်ဖုန်းတွင်သာမက တခြား အိမ်သုံးလျှပ်စစ်ပစ္စည်းများဖြစ်သော တီဗီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်များမှာပါ AI နည်းပညာများထည့်သွင်းခဲ့ပြီး စျေးကွက်တွင်လည်း ဦးဆောင်သူအဖြစ် ရပ်တည်လျက်ရှိပါတယ်။ ယခု အစီအစဉ်ကနေ အရည်အချင်းရှိ AI နည်းပညာရှင်တွေ ထပ်မံပေါ်ပေါက်လာအောင် ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။   ဇွန်လ (၂၇) ရက် ကနေ ဇူလိုင်လ (၁၀) ရက် အတွင်း စာရင်းသွင်းလျှောက်ထားနိုင်မယ့် အဆိုပါအစီအစဉ်ကို Samsung Myanmar နဲ့အတူ Myanmar Cyber Youths နဲ့ Tee Htwin - CSR တို့ က Lead Organization and Partner အဖြစ် ပါဝင်အားဖြည့်ပေးထားတာဖြစ်ပြီး ပါဝင်ဖို့ အရွေးချယ်ခံရသူများအနေနဲ့   • IT & Programming ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် သင်ကြားပေးပြီး၊ Coding အတွေ့အကြုံပြင် ကိုယ်တိုင် Intelligence App များကို ဖန်တီးနိုင်မယ့်အတွေ့အကြုံတွေကိုရရှိနိုင်စေမယ့် စာသင်ချိန် နာရီ ၄၀ ကြာ AI Comprehensive Training ကို အခမဲ့တက်ရောက်ခွင့် • သင်တန်းကာလပြီးဆုံးပါက မိမိ Ideas များကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် AI Hackathon ပြိုင်ပွဲမှာ ပထမဆု ကျပ်သိန်း (၃၀) ၊ ဒုတိယဆု ကျပ်သိန်း (၂၀) နဲ့ တတိယဆု ကျပ်သိန်း (၁၀) စသဖြင့် စုစုပေါင်း Prize Pool ကျပ်သိန်း (၆၀) ကို ပိုင်ဆိုင်နိုင်ခွင့် • Coding အတွေ့အကြုံအပြင် ကိုယ်တိုင် Intelligence Apps တွေကို Online, Offline သင်တန်းများမှတဆင့် Hands-on Experience ရယူနိုင်ခွင့် • အတွေ့အကြုံရှိ Mentor များ၊ Judges များရဲ့ အနီးကပ် Mentorship ကို ရရှိနိုင်ခွင့် • မိမိစွမ်းဆောင်ရည်တွေကို ပြသပြီး Career Opportunities များကို ဖန်တီးနိုင်ခွင့် • သင်တန်းပြီးဆုံးကြောင်း Certificate နဲ့ ဆုများ ပိုင်ဆိုင်နိုင်ခွင့် စတဲ့ အခွင့်အရေးကောင်းများစွာကို ရရှိနိုင်မှာဖြစ်ပါတယ်။   အစီအစဉ်မှာ ပါဝင်ဖို့ ရွေးချယ်ခံရသူများ အနေနဲ့ Samsung Innovation Campus ကို တစ်လ (နာရီ ၄၀) ကြာ တစ်ဦးချင်းစီ တက်ရောက်ရမှာဖြစ်ပြီးး ပရိုဂရမ်ရေးသားခြင်းနဲ့ AI နဲ့သက်ဆိုင်တဲ့သင်ခန်းစာတွေကို Online/ Offline သင်ကြားရမှာဖြစ်ကာ AI Hackathon ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့နဲ့ သင်တန်းပြီးဆုံးကြောင်း လက်မှတ်ရရှိဖို့အတွက် သင်တန်းတက်ရောက်ချိန် ၇၅% ပြည့်မီဖို့လိုအပ်ပါတယ်။   Samsung Innovation Campus 2024 – AI Hackathon အစီအစဉ်ကို အသက် ၁၆ နှစ်မှ ၂၅ နှစ်ကြား မြန်မာနိုင်ငံမှာ လက်ရှိနေထိုင်နေသူ လူငယ်တွေ ပါဝင်နိုင်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင်လ (၁၀) ရက်နေ့ အတွင်း အောက်ပါအချက်အလက်တွေအတိုင်း စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်။   • Samsung Myanmar ကနေ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းသွင်းရန် Link (http://smsng.co/AIhackathon-registration) မှာ အချက်အလက်တွေ မှန်ကန်ပြည့်စုံအောင် ဖြည့်ပြီးစာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ • ပါဝင်သူများအနေနဲ့ Python သို့မဟုတ် အခြားသော Programming ဘာသာရပ်များကို အခြေခံသိထားရန် လိုအပ်ပြီး Artificial Intelligence (AI) နှင့် Machine Learning တို့ကို သင်ယူလိုစိတ်ရှိရန် လိုအပ်ပါတယ်။ • AI Hackathon ပြိုင်ပွဲမှာ လူကိုယ်တိုင် ယှဉ်ပြိုင်ရန် လိုအပ်တာကြောင့် လျှောက်ထားသူဟာ လက်ရှိမြန်မာနိုင်ငံမှာ နေထိုင်နေသူ ဖြစ်ရပါမယ်။ • အသေးစိတ် စည်းကမ်းသတ်မှတ်ချက်တွေကိုတော့ ဒီ Link (http://smsng.co/AIhackathon-termsco) ကနေ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။
Показать все...
SIC online Registration

Turn data collection into an experience with Typeform. Create beautiful online forms, surveys, quizzes, and so much more. Try it for FREE.

3
Фото недоступноПоказать в Telegram
အခုနောက်ပိုင်း Brand အစုံက ဖုန်းအသစ်တွေ မျိုးစုံထွက်လာကြတော့ ဘယ်လို Feature တွေ ဘယ်အချက်တွေ ပါလာတာက ကိုယ့်ကိုရင်ခုန်စေလဲ။ ခုနောက်ပိုင်း အခြေအနေအရ AI များဖြစ်မလား။ Galaxy AI စထွက်တုန်းက လူတွေ တော်တော်လေး စိတ်ဝင်စားခဲ့ကြတယ်။ ဆိုတော့ အဲလို AI Experience ရှိပြီးသားကိုမှ ပိုအဆင့်မြင့်တာတွေ ထပ်ပေါင်းထည့်ပေးထားတဲ့ ဖုန်းမျိုး ထွက်လာမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ ဒါမှမဟုတ် Form-Factor အသစ်များလား။ Bar Phone ဆိုတဲ့အတိုင်းလေးထောင့်ပုံစံ ခပ်ပြားပြားဖုန်းတွေသုံးရတာ ရိုးလာပြီဆိုရင်တော့ Foldable ဖုန်းတွေလိုမျိုး ပုံစံကွဲထွက်တဲ့ဖုန်းမျိုးဆိုရင်တော့စိတ်ဝင်စားစရာ ပိုကောင်းတယ်လို့ ခံစားရတယ်။ အခုဆိုရင် မကြာခင်မှာ Samsung က သူ့ရဲ့ ဖုန်းအသစ်တွေ မိတ်ဆက်တော့မယ်။ ဆိုတော့ ကျွန်တော်တို့ စိတ်ဝင်စားနေကြတဲ့အချက်တွေထဲက ဘာတွေဘယ်လိုပုံစံတွေနဲ့ ထပ်မိတ်ဆက်လာမလဲဆိုတာကို Galaxy Unpacked ပွဲမှာ စောင့်ကြည့်ရမှာပါ။ စာဖတ်သူတို့ရော ဒီပွဲကနေ ဘာတွေမျှော်လင့်ထားကြလဲ။ ဘယ်လိုအချက်တွေထပ်ပါလာပြီး စမတ် ပိုဖြစ်လာမလဲဆိုတာ ဝင်ဆွေးနွေးသွားပေးပါဦး။ Galaxy Unpacked ပွဲကို စောင့်ကြည့်လိုသူတွေအတွက်ကတော့ ကျွန်တော် ‌အောက်မှာ ချပေးထားတဲ့ link မှာ Register ပြုလုပ်လိုက်ရုံနဲ့ Galaxy Fit3၊ ငွေကျပ် ၁ သိန်းတန် e-voucher နဲ့ ငွေကျပ် ၅ သောင်းတန် ဖုန်းငွေဖြည့်ကတ် စတဲ့ ဆုလက်ဆောင်ပေါင်းများစွာကို ကံစမ်းရယူခွင့် ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ပွဲချိန်ကတော့ ဇူလိုင်လ ၁၀ရက် ညနေ ၇း၃၀ပါ။ ပွဲပြီးမှ ကိုယ်မှန်းထားသလိုဖြစ်လား ပြန်ဆွေးနွေးကြတာပေါ့။ Register Link > http://smsng.co/samsungunpacked-tech
Показать все...
Galaxy Unpacked 2024 Launch Hand-raisers Form (Social)

Register Now & Win Prizes

Фото недоступноПоказать в Telegram
👎 1
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.