cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Z Fighter News [⌨︎]

[✪]ပြည်သူ့ဘက်တော်သား တော်လှန်ရေးအကျိုးပြုအဖွဲ့အစည်း⛑ → 𝗖𝗹𝗶𝗰𝗸 𝗖𝗵𝗮𝗻𝗻𝗲𝗹 - @zwarriormm → 𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 - https://www.facebook.com/zfighternewz → 𝗬𝗼𝘂𝘁𝘂𝗯𝗲 - https://youtube.com/@ZWarriorsMM Buy ads: https://telega.io/c/zfighternews

Больше
Рекламные посты
21 527
Подписчики
-2224 часа
-327 дней
-31030 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Фото недоступноПоказать в Telegram
ထားဝယ်တွင် သံဃာတော်များ ကံဆောင်သပိတ်မှောက် ▪️ဆန္ဒပြမှု တိုင်းသုံးတိုင်းမှ မြို့နယ် ၁၃မြို့နယ် အထိရှိလာ 🔰 Z Fighter July 01 🔰 ဇွန်လ ၃၀ ရက်က ထားဝယ်မြို့နယ်တနေရာတွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ပြီးနောက် လမ်းပေါ်ထွက်၍ ချီတက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ဆရာတော်သံဃာတော်များက သာသနာ့အလံအားလွှင့်ထူပြီး "တိုင်းပြည်နှင့်သာသနာကို ဖျက်ဆီးနေသာ အကြမ်းဖက်စစ်တပ်အလိုမရှိ"စာတန်းအား ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြသည်။[People's Spring][Z-F] (ထားဝယ်မြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီးနောက် ချီတက်ဆန္ဒပြနေစဥ်။ဓာတ်ပုံ - CJ) ဆက်လက်ဖတ်ရှုရန်>>>>>>>https://telegra.ph/Z-Fighter-07-01-67 #Adm_5 #People'sSpring #z_fighter
Показать все...
Фото недоступноПоказать в Telegram
မုံရွာရှိ စ-စ်တပ်အထိုင်စခန်းများနှင့် ကင်းပုန်းများကို ဒရုန်းဖြင့် ဗုံးကျဲမှု စ-စ်တပ်ဘက်မှ ထိခိုက်thayဆုံးမှုများပြား 🔰 Z Fighter July 01 🔰 ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်း - မြင်းမူ - မုံရွာ ကားလမ်းဘေးတွင် ကြေးနီများ သယ်ဆောင်ရန် လုံခြုံရေး အတွက် မြင်းမူ မြို့နှင့် အလ္လကပ္ပကျေးရွာကြား ဒို့မြန်မာကျော်ဆီဆိုင်တွင် အထိုင်ချနေထိုင်နေသော စစ်တပ်ကို Fixed Wing Drone ၂ စီး ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုကို People's Knight Defense Force Myinmu (PKDF-MMU) ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။[Khit Thit Media][Z-F] ဆက်လက်ဖတ်ရှုရန်>>>>>>>https://telegra.ph/Z-Fighter-07-01-66 #Adm_5 #KhitThitMedia #z_fighter
Показать все...
👍 9🥰 1👏 1
အသက် ၁၃ နှစ်အရွယ်မြန်မာ​ရွေ့​ပြောင်းလူငယ်တစ်ဦး အ​မေရိကန် ရဲတပ်ဖွဲ့ ပစ်ခတ်မှုကြောင့် သေဆုံး 🛑Z Fighter July 01🛑 ကစားစရာ ကော်စေ့သေနတ် ကိုင်ဆောင်ထားတဲ့ ဆယ်ကျော်သက် မြန်မာ ရွှေ့ပြောင်းအခြေချသူ လူငယ်တစ်ဦးကို အမေရိကန်နိုင်ငံ၊ နယူးယောက် ပြည်နယ်၊ ယူတီကာမြို့ ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်အပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဇွန်လ ၂၈ ရက်နေ့တုန်းက အသက် ၁၃ နှစ်အရွယ် ကရင်လူငယ်လေး ညာမွေဟာ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ကွယ်လွန်ခဲ့ရပါတယ်။ အဲဒီမတိုင်ခင် နှစ်ရက်ကမှ သူဟာ ယူတီကာမှာ အလယ်တန်း ပညာသင်ယူမှု အောင်မြင် ပြီးမြောက်ထားခဲ့ပါတယ်။[People's Spring][Z_F] ကိုးကား: AFP Read more>> https://telegra.ph/Z-Fighter-07-01-65 #Adm_1 #PS #z_fighter
Показать все...
😢 10👍 5
00:34
Видео недоступноПоказать в Telegram
အကြမ်းဖက်စစ်ကောင်စီရဲ့ အင်ဂျင်နီယာတပ်ရင်းမှ တပ်ကြပ်တစ်ဦး ယင်းမာပင် PDF ထံ လက်နက်နဲ့ခိုလှုံ 🛑Z Fighter July 01🛑 မန္တလေးတိုင်း၊ အောင်မြေသာဇံမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အင်ဂျင်နီယာ တပ်ရင်းမှ တပ်သား တဦး ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ ထံ လက်နက်ယူလာကာ ခိုလှုံ ဝင်ရောက်လာတယ်လို့ သိရပါတယ်။ အဆိုပါ ကူးပြောင်းခိုလှုံသူဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်မြေပြင် အင်ဂျင်နီယာတပ်မှာ တာဝန်ထမ်းနေတာဖြစ်ပြီး၊ MA သေနတ် တလက်၊ ကျည်ဘောက်အပို ၃ ခု၊ ကျည်ဆံ ၂၃၉ တောင့်တို့ကို အပါ ယူလာကာ မနေ့က ဝင်ရောက်ခိုလှုံခဲ့တာပါ။ ရန်သူရဲ့ အင်ဂျင်နီယာတပ်ရင်း ၉၁၀ မှ တပ်ကြပ်ဟာ ယင်းမာပင် ခရိုင် တပ်ရင်း အမှတ် (၂၀) ထံသို့ မေ ၁၅ ရက်မှာ ချိတ်ဆက်ကာ ခိုလှုံခွင့် တောင်းခံခဲ့တာဖြစ်ပြီး၊ ယင်းမာပင် ခရိုင် ရိုးမရာဇာ တပ်ဖွဲ့မှ ဇွန် ၃၀ မနေ့ကမှ စီစစ်လက်ခံ ပေးခဲ့တာဖြစ်တယ်လို့ သတင်းထုတ် ပြန်ပါတယ်။[PVTV][Z_F] #Adm_1 #PVTV #z_fighter
Показать все...
8.61 KB
👍 8
​​မြစ်ကြီးနားရေဘေးသင့်ပြည်သူများ အရေးပေါ်ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်များ 📌Z Fighter July 01📌 မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့မှာ ဧရာဝတီမြစ်ရေဆက်မြင့်တက်နေပြီး စိုးရိမ်ရေအမှတ်ထက် ၄ ပေကျော်နေပြီဖြစ်ပြီး ပိတ်မိနေတဲ့ပြည်သူတွေထောင်ချီရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် ရေဘေးသင့်ပြည်သူ‌တွေအနေနဲ့အောက်မှာဖော်ပြထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်လို့ရပါတယ်။ ရေဘေးသင့်သူများအတွက် သောက်ရေသန့် လိုအပ်ပါက ဖုန်း 09256444034 09400039195 09773339800 ဆက်သွယ် အခမဲ့ ရယူနိုင်ပါသည် Healthy Plus သောက်ရေသန့် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးမှုကြောင့် ရေကြီးရေလျှံဖြစ်နေ၍ နေရာပြောင်းရွှေ့ရန် အကူအညီလိုအပ်နေသူများအတွက် မြစ်ကြီးနားမြို့လူမှုကူညီရေးဖုန်းနံပါတ်များ ဧရာဝတီကရုဏာလူမှုကူညီရေးအသင်း 09259043644 09440002161 09788051052 09790620778 လူမှုကယ်ဆယ်ရေးအဖွဲ့ (ကချင်) 09424724477 09881433881 09400050420 မီးသတ်တပ်ဖွဲ့(ကယ်ဆယ်ရေး) 074 2520167 074 2522467 09266386192 ချီဆောင်ခြင်းလူမှုကူညီရေးအသင်း 09450125256 09444657566 မျိုးဆက်သစ်လူမှုကူညီရေးအသင်း 09777705099 09400038358 ပေးဆပ်သူလူမှုကူညီရေးအသင်း 09777472525 09677289818 09266902282 မာမကလူမှုကူညီရေးအသင်း 09400020600 09793409219 ရွှေပန်းမြိုင်လူမှုကူညီရေးအသင်း 09400003725 09440002264 09453896252 #credit_to_owner #KNG #z_fighter
Показать все...

👍 5
ကျောက်မဲတွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု One Love ဟိုတယ်နှင့် လူနေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများရှိ 🛑Z Fighter July 01🛑 ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် စစ်တပ်က တိုက်လေယာဉ်ဖြင့် ယမန်နေ့ ညပိုင်း ဗုံးကျဲမှုကြောင့် One Love ဟိုတယ်နှင့် လူနေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးပြီး ပြည်သူများ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၃၀ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန် စစ်ကောင်စီတပ်က ကျောက်မဲမြို့ပေါ်ကို ဗုံးကျဲချသဖြင့် ပင်လုံလမ်း‌ One luck Hotel ပျက်စီးသွားပြီး လူနေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးသွားကြောင်း၊ စစ်ကောင်စီက ကျောက်မဲမြို့ထဲသို့ လေယာဉ်များဖြင့် ဗုံးများ ဆက်တိုက် ကျဲချခဲ့ကြောင်း သိရှိရသည်။ [Khit Thit Media][Z_F] Read more>> https://telegra.ph/Z-Fighter-07-01-63 #Adm_1 #KTM #z_fighter
Показать все...
Фото недоступноПоказать в Telegram
Breaking News- မြစ်ကြီးနားမြို့နယ်တွင် မြစ်ရေများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ပြည်သူထောင်ချီ ပိတ်မိနေပြီး ကူညီကယ်ဆယ်ရေးများ မလုံမလောက်ဖြစ်နေ 🛑Z Fighter July 01🛑 ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားတွင် ဧရာ၀တီမြစ်ရေများ မြင့်တက်လာပြီး ရပ်ကွက်အများစု ရေမြုပ်နေကာ ကူညီကယ်ဆယ်ရေးများ မလုံလောက်သဖြင့် ပြည်သူထောင်ချီ ပိတ်မိနေကြောင်း ဒေသ ပရဟိတသမားတချို့ထံမှ သိရှိရသည်။ မြစ်ကြီးနားမြို့နယ်၊ ရမ်ပူ၊ လယ်ကုန်း၊ ကြက်ပေါင်ခြံ၊ မြို့သစ်ကြီး၊ ကျွန်းပင်သာ၊ ကချင်စု၊ ရွှေညောင်ပင်၊ မန်ခိန်၊ စီတာပူ၊ အေးစေတီ၊ ခေမာသီရိ၊ ဒူကထောင်၊ ရန်ကြီးအောင်၊ ပမ္မတီး၊ သီတာ၊ ယုဇန၊ မြေမြင့်၊ အောင်နန်း ၊ ပေါ်ဦး အပါအဝင် ရပ်ကွက်အများစုတွင် ရေများ အလုံးအရင်းဖြင့် ဝင်ရောက်လာနေပြီး ပြည်သူထောင်ချီ ပိတ်မိနေကြောင်း သိရှိရသည်။ [Khit Thit Media][Z_F] Read more>> https://telegra.ph/Z-Fighter-07-01-64 #Adm_1 #KTM #z_fighter
Показать все...
Repost from Z Warriors
Z Click 🕰 Date : Monday, Jul 1st, 2024, 07 a.m. 📶 VPN : Australia, UK, US, Canada, Germany, France Day 810 Part 1 မကလစ်ခင် whatismyipaddress.com (or) ip8.com မှာ အရင်စစ်ပေးပါ။ စခရင်ရှော့တွေ ထပ်မယ်ဆိုရင် Z Warrior channel ရဲ့ ကောမန့် (သို့) Z Warrior Group မှာ ထပ်လို့ ရပါတယ်။ ⛈ ကလစ်နည်းကိုလည်း ဒီ @zwarriormm part 1, 2 အောက်မှာ ကြည့်လို့ ရတယ်‌နော်ဗျ။ 🍪 (1).   https://ouo.io/LtMSRs (2).   https://ouo.io/bHjFMf (3).   https://ouo.io/Ya99d7 (4).   https://ouo.io/Z8aV8l (5).   https://ouo.io/ZB312u (6).   https://ouo.io/bMuLP7 ................................................ Part 1 ဝုန်းကြရအောင် ကာကာတို့ရေ 💪 #zclick #z_fighter t.me/zwarriormm
Показать все...
6
ဆန်စျေးနှုန်း ကြီးမြင့်အောင် ရောင်းချသည်ဟုဆိုကာ စီးတီးမတ်ကုမ္ပဏီဒါရိုက်တာ၊ စိန်ဂေဟာ၊ Orange ၊ One Stop Mart မှ တာဝန်ရှိသူများ အပါအဝင် ဆန်ကုန်သည်၊ ဆန်စက်ပိုင်ရှင် ၁၁ ဦးကို စစ်ကောင်စီက ဖမ်းဆီး အမှုဖွင့် ■ အရေးကြီးကုန်စည်ဥပဒေ ပုဒ်မ ၅ ဖြင့် အရေးယူထားပြီး ထောင်ဒဏ် ၆ လမှ ၃ နှစ်အထိ ချမှတ်ရမည့်အပြင် ဒဏ်ငွေ ၅ သိန်းချမှတ်မည် 🛑Z Fighter July 01🛑 အကြမ်းဖက် စစ်ကောင်စီက ဆန်စျေးနှုန်း ကြီးမြင့်အောင် ရောင်းချသည်ဟုဆိုကာ စီးတီးမတ်ကုမ္ပဏီဒါရိုက်တာ၊ စိန်ဂေဟာ၊ Orange ၊ One Stop Mart မှ တာဝန်ရှိသူများ အပါအဝင် ဆန်ကုန်သည်၊ ဆန်စက်ပိုင်ရှင် ၁၁ ဦးကို စစ်ကောင်စီက ဖမ်းဆီး အမှုဖွင့်ထားကြောင်း ဇွန်လ ၃၀ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန် ကြေညာသည်။ [Khit Thit Media][Z_F] Read more>> https://telegra.ph/Z-Fighter-07-01-61 #Adm_1 #KTM #z_fighter
Показать все...
🤬 10😢 3
မြစ်ကြီးနားတွင် စိုးရိမ်ရေမှတ်အထက် ၄ ပေ နီးပါး ရေတက်နေပြီး ၀ိုင်းမော်တွင်လည်း ရေကြီးနေ၊ ပြည်သူများစွာ ပိတ်မိနေပြီး ကူညီကယ်ဆယ်ရေးလိုအပ်နေ 🛑Z Fighter July 01🛑 ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့တွင် ဧရာ၀တီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၄ ပေနီးပါး မြင့်တက်ရေကြီးနေပြီး ပြည်သူများစွာ ပိတ်မိနေကာ ကူညီကယ်ဆယ်ရေး လိုအပ်နေကြောင်း သိရှိရသည်။ လက်ရှိတွင် မြစ်ကြီးနားမြို့၏ အခြေအနေမှာ စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအထက် ၁၁၇ စင်တီမီတာ၊ ၄ ပေနီးပါး မြင့်တက်နေကြောင်း ၊ မြစ်ကြီးနားမြို့နယ်၊ မြင့်ငြိမ်းအေးဓမ္မရိပ်သာကျောင်း၊ နယ်မြေ ၁၄ ၊ အနောက်လယ်ကုန်း အပါအဝင် မြစ်ကြီးနားမြို့ပေါ် နေရာအများအပြားတွင် ပြည်သူများ ပိတ်မိနေကြောင်း၊ ကူညီကယ်ဆယ်ရေးများ လိုအပ်နေကြောင်း သိရှိရသည်။[Khit Thit Media][Z_F] ဓာတ်ပုံ- ၀ိုင်းမော်တွင် ယနေ့နံနက်ပိုင်း ရေကြီးနေစဉ်။ Read more>> https://telegra.ph/Z-Fighter-07-01-62 #Adm_1 #KTM #z_fighter
Показать все...
😢 16👍 6
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.