ru
Feedback
Spring University Myanmar

Spring University Myanmar

Открыть в Telegram
8 490
Подписчики
Нет данных24 часа
+57 дней
+230 дней
Архив постов
မေ ၁ တွင် ကျရောက်သော အလုပ်သမားနေ့ကို ကျွန်တော်တို့ နွေဦးတက္ကသိုလ်အဖွဲ့သားများမှ လေးစားဂုဏ်ယူစွာ ကြိုဆိုပါတယ်ခင်ဗျာ။ နွေဦးမှစတ
မေ ၁ တွင် ကျရောက်သော အလုပ်သမားနေ့ကို ကျွန်တော်တို့ နွေဦးတက္ကသိုလ်အဖွဲ့သားများမှ လေးစားဂုဏ်ယူစွာ ကြိုဆိုပါတယ်ခင်ဗျာ။ နွေဦးမှစတင်ပြီး အမှန်တရားဘက်မှ ရပ်တည်ပေးခဲ့ကြသော အလုပ်သမားပြည်သူများ၏ ဝိုင်းဝန်းဖေးမမှုနှင့် အားထုတ်မှုများကိုလည်း ကျွန်တော်တို့ နွေဦးတက္ကသိုလ်မှ လေးစားဂုဏ်ယူလျက်ပါခင်ဗျာ။ #SpringUniversityMyanmar #SUM

ကျောင်းသား၊ကျောင်းသူများအားလုံး မင်္ဂလာပါခင်ဗျာ။ နွေဦးတက္ကသိုလ်ရဲ့ ဒီပလိုမာပေးအပ်မည့် Diploma in Federalism and Peace Studies
+3
ကျောင်းသား၊ကျောင်းသူများအားလုံး မင်္ဂလာပါခင်ဗျာ။ နွေဦးတက္ကသိုလ်ရဲ့ ဒီပလိုမာပေးအပ်မည့် Diploma in Federalism and Peace Studies သင်တန်းမှ ကြိုဆိုလိုက်ပါတယ်။ Diploma in Federalism and Peace Studies သင်တန်းဟာ (၇)လ ကြာမြင့်မှာဖြစ်ပြီး ဇွန်လ(၃)ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။ အပ်နှံသူကျောင်းသား၊ကျောင်းသူများထဲမှ အယောက် (၂၀) ကိုလဲ နွေဦးတက္ကသိုလ်မှ 100% full scholarship ပြန်လည်ပေးအပ်သွားမှာ ဖြစ်လို့ အချိန်မီလျှောက်ထားကြဖို့ တိုက်တွန်းလိုပါတယ်။ သင်တန်းအချိန်ကာလအတွင်းမှာ Semester နှစ်ခုခွဲထားပြီး သက်ဆိုင်ရာ သင်ရိုးညွှန်းတန်းအရ ပညာရပ်ဆိုင်ရာ အကြောင်းအရာများစွာကို ပြည်တွင်းနှင့် နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်များထံမှ စာတွေ့သင်ကြားမှုများအပြင် သုတေသနဆိုင်ရာ ပညာရပ်များကို သင်ကြားရင်း လက်တွေ့လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ Diploma in Federalism and Peace Studies ဒီပလိုမာသင်တန်းလေးရဲ့ အကြောင်းအရာအသေးစိတ်ကို အောက်ပါပုံများတွင် လေ့လာနိုင်ပြီး တတ်ရောက်လိုပါက အောက်ဖော်ပြပါ Link မှ တဆင့် ဝင်ရောက်လျှောက်ထားနိုင်ပါတယ် ခင်ဗျ။ Registration link - https://ee-eu.kobotoolbox.org/single/WoxGIpXv?returnUrl=https://t.me/+WRSiyG36nPhkYmI1

ကွန်ပြူတာသိပ္ပံပညာရပ်ရဲ့ အခြေခံသဘောတရားများကို လေ့လာထားဖူးတဲ့သူတွေအနေနဲ့ ပိုပြီးအဆင့်မြင့်တဲ့ ကွန်ပျူတာသိပ္ပံပညာရပ်တွေကို လက်
+3
ကွန်ပြူတာသိပ္ပံပညာရပ်ရဲ့ အခြေခံသဘောတရားများကို လေ့လာထားဖူးတဲ့သူတွေအနေနဲ့ ပိုပြီးအဆင့်မြင့်တဲ့ ကွန်ပျူတာသိပ္ပံပညာရပ်တွေကို လက်တွေ့လုပ်ငန်းခွင်များမှာပါ အသုံးပြုနိုင်တဲ့အထိ သင်ယူချင်ပါသလား။ ဒါဆိုရင်တော့ နွေဦးတက္ကသိုလ်ရဲ့ STEM School မှ ကွန်ပြူတာသိပ္ပံ အခြေခံသဘောတရားများမှ စတင်ပြီး လက်တွေ့ဘဝ လုပ်ငန်းခွင်များမှာပါ အသုံးပြုလျက်ရှိသော ပညာရပ်ခွဲများနှင့် သက်ဆိုင်သော အကြောင်းအရာများကို သင်ကြားပေးမည့် “Higher Diploma in Computer Science” သင်တန်း Intake အသစ်ကို ကျောင်းသား၊လူငယ်များထံ နွေဦးတက္ကသိုလ်မှ ယူဆောင်လာပါပြီ။ လျှောက်ထားရန် လင့်ခ့် - https://ee-eu.kobotoolbox.org/single/wUYQVUaD?returnUrl=https://t.me/+eqB1gS7G1qcyOTM1

Diploma program များပါဝင်တဲ့ နွေဦးတက္ကသိုလ်ရဲ့ မေလ Intake အားလုံးပဲ မင်္ဂလာပါ။ နွေဦးတက္ကသိုလ်ရဲ့ မေလ Intake မှာတော့ ✅ ကွန်ပြူ
Diploma program များပါဝင်တဲ့ နွေဦးတက္ကသိုလ်ရဲ့ မေလ Intake အားလုံးပဲ မင်္ဂလာပါ။  နွေဦးတက္ကသိုလ်ရဲ့ မေလ Intake မှာတော့ ✅ ကွန်ပြူတာသိပ္ပံပညာရပ်ရဲ့ သဘောတရားများကို အခြေခံမှစပြီး လုပ်ငန်းခွင်အထိ အကျိုးရှိစွာ အသုံးချနိုင်ဖို့ ရည်ရွယ်ထားသည့်အပြင် တခြား ပညာရပ်ခွဲများကိုလည်း နားလည်သဘောပေါက်စေရန် သင်ကြားပေးမယ့် Higher Diploma in Computer Science ✅ ပဋိပက္ခဖြေရှင်းခြင်း နှင့် စီမံအုပ်ချုပ်ခြင်းဆိုင်ရာ သဘောတရားများကို နည်းလမ်းတကျ လေ့လာတတ်မြောက်နိုင်မယ့် Diploma in Federalism and Peace Studies  တို့ကို ဖွင့်လှစ်အပ်နှံနိုင်မှာဖြစ်ပြီး အတန်းများရဲ့ အသေးစိတ်အချက်အလက်များကို မကြာခင် နွေဦးတက္ကသိုလ်မှ ဖော်ပြသွားမှာဖြစ်လို့ ကြိုတင်ဝေမျှပေးလိုက်ပါတယ် ခင်ဗျာ။  #SpringUniversityMyanmar #နွေဦးတက္ကသိုလ် #SUM

photo content
+1

ကျောင်းသားလူငယ်များ ခင်ဗျာ မတ်လ ၂၈၊ ၂၀၂၅ ရက်နေ့က မြန်မာနိုင်ငံ စစ်ကိုင်းမြို့၏ အနောက်မြောက်ဖက်တွင် အင်အား ၇.၇ ပမာဏရှိ မြေငလျင
ကျောင်းသားလူငယ်များ ခင်ဗျာ မတ်လ ၂၈၊ ၂၀၂၅ ရက်နေ့က မြန်မာနိုင်ငံ စစ်ကိုင်းမြို့၏ အနောက်မြောက်ဖက်တွင် အင်အား ၇.၇ ပမာဏရှိ မြေငလျင်ကြီးလှုပ်ခပ်ခဲ့ပါတယ်။ ဖြစ်ပေါ်ခဲ့တဲ့ မြေငလျင်ကြောင့် မြန်မာနိုင်ငံတစ်ဝန်းမှာ အသက်သေဆုံးခြင်း၊ ပျက်စီးဆုံးရှုံးခြင်းများ များစွာဖြစ်ပေါ်လာတာကို မြင်ရပြီး ကျွန်ုပ်တို့ Spring University Myanmar (SUM) မှ ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ ငလျင်ဘေးသင့်ပြည်သူလူထုအတွက် SUM ဝိုင်းတော်သားတွေ အနေနဲ့ ကျောင်းသား၊ လူငယ်တွေနဲ့အတူ အတူတကွရှိနေပါတယ်။ နွေဦးတက္ကသိုလ်မှ အားလုံးဘေးရန်ကင်းကြပါစေလို့ ဆုတောင်းပေးရင်း မိမိတို့တက်နိုင်သည့်ဖက်မှ ပြန်လည်ထူထောင်ရေးအတွက် အစွမ်းကုန်ပါဝင်ဆောင်ရွက်သွားပါ့မယ်ခင်ဗျာ။ ပြည်သူအချင်းအချင်း ဝိုင်းဝန်းစောင့်ရှောက်ပေးရင်း ဒီကပ်ဘေးကို အတူတူကျော်လွှားကြရအောင်ပါခင်ဗျာ။

ကျောင်းသူကျောင်းသားများ မင်္ဂလာပါခင်ဗျာ။ တော်လှန်ရေးကာလမှာ စဉ်ဆက်မပြတ်ပညာသင်ကြားဖို့ ခက်ခဲမှုတွေဟာ ကျောင်းသားအများစုကြား ရှိနေပါတယ်။ ဆေးပညာနယ်ပယ်မှာ အထူးသဖြင့် လက်တွေ့ မြေပြင်မှာ ဘယ်လို training တွေလိုအပ်နေလဲဆိုတာ သိရှိဖို့ Training needs assessment survey တစ်ခုကို School of Health, Spring University Myanmar ကနေ ဆောင်ရွက်လိုပါတယ်။ ဒါမှသာ မြေပြင်မှာ ဘယ်လို training တွေလိုအပ်သလဲသိရှိပြီး လိုအပ်ချက်နဲ့အညီ courses တွေ hands on training တွေ ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ သင်ဟာ ဆေးပညာနယ်ပယ်မှာ အလုပ်လုပ်ကိုင်နေသူ၊ ဆေးပညာနဲ့ နှီးနွယ်ပတ်သက်သူဆိုရင် ဒီဆာဗေးကို ဖြေဆိုလို့ရပါတယ်။ လင့်ခ် https://lnkd.in/gQXH3ic6 English: The School of Health at Spring University Myanmar is conducting a survey with no funding to understand the clinical and public health training needs of Myanmar's health workforce on the ground. Your expertise and inputs are crucial in helping us develop tailored courses for our healthcare workforce. Your participation is greatly appreciated. Eligibility Criteria: Anyone working in the medical, public health, nursing, pharmacy, or other related healthcare fields is eligible to participate in this survey. It will only take 15 minutes of your time. By agreeing to participate, you are consenting to this survey, and rest assured that your personal details will be kept confidential. You may choose to skip providing your personal details. If you have insights on the public health and clinical training needs of the medical and health workforce, we encourage you to answer this survey.

နွေဦးတက္ကသိုလ်ရဲ့ Law School မှ March လ Intake အတွက် သင်တန်း(၂) ခု (၁) Freedom of Expression: International Law and the Pract
+1
နွေဦးတက္ကသိုလ်ရဲ့ Law School မှ March လ Intake အတွက် သင်တန်း(၂) ခု (၁) Freedom of Expression: International Law and the Practice in Myanmar နဲ့ (၂) Transitional Justice တန်းခွဲများ ဖွင့်လှစ်ပြီး registration လက်ခံနေဆဲ ဖြစ်တာမို့ စိတ်ဝင်စားလို့ တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ပါ facebook link မှ တစ်ဆင့် ဝင်ရောက်ဖတ်ရှုလျှောက်ထားနိုင်ပါတယ် ခင်ဗျာ။ https://www.facebook.com/share/p/18WBUr1Ppv/?mibextid=wwXIfr

Spring University STEM school ကျောင်းခွဲ မှ နည်းပညာဆိုင်ရာ Data ဆိုင်ရာများကို လေ့လာလိုသူများအတွက် စိတ်ဝင်စားမှုအများဆုံး အတန
Spring University STEM school ကျောင်းခွဲ မှ နည်းပညာဆိုင်ရာ Data ဆိုင်ရာများကို လေ့လာလိုသူများအတွက် စိတ်ဝင်စားမှုအများဆုံး အတန်းများ ဖြစ်တဲ့ ✅ DBMS ✅ Mobile App Development ✅ Data Analysis တန်းခွဲတိုကို စာရင်းပေးသွင်းအပ်နှံနိုင်ဖို ရာအတွက် Registration Deadline ကို နောက်ဆုတ်ပြီး မတ် ၂၃ ထိ လက်ခံနေတာမို စိတ်ပါဝင်စားသူများသိရှိအောင် မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ။ တန်းခွဲတွေရဲ့အသေးစိတ်အချက်အလက်တွေကို အောက်ပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ကြည့်ရှုလို့ရပါတယ်ခင်ဗျာ။ https://www.facebook.com/share/p/1A9kn2yc55/?mibextid=oFDknk

Spring University ရဲ့ STEM school ကျောင်းခွဲ မှာ နည်းပညာအသစ်များကို လေ့လာလိုသူများအတွက် စိတ်ဝင်စားမှုအများဆုံး အတန်းများ ဖြစ်တဲ့ ✅ Python Programming Essentials ✅ Database Management Systems (DBMS) Essentials ✅ Mobile Application Development တန်းခွဲတို့ကို လက်တွေ့သင်ခန်းစာတွေဖြင့် အနာဂတ်အလုပ်အကိုင်အတွက် အသင့်ဖြစ်စေမယ့် သင်တန်းတွေကို စာရင်းပေးသွင်းအပ်နှံနိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ ။ https://www.facebook.com/share/p/1C3QYXrBaS/?mibextid=wwXIfr

ကိုးရီးယား ဘာသာစကားကို အခြေခံမှ စတင်လေ့လာလိုသူတွေ အတွက် ရည်ရွယ်ကာ ဖွင့်လှစ်သွားမယ့် တန်းခွဲလေးမှာ Korean Language ရဲ့ အခြေခံအကျဆုံး Hangul ကိုးရီးယားအက္ခရာများမှ စတင်ကာ နေ့စဥ်ပြောဆိုဆက်သွယ်ရမယ့် အကြောင်းအရာတွေဖြစ်တဲ့ မိမိကိုယ်ကိုယ် မိတ်ဆက်ခြင်း၊ နူတ်ဆက်ခြင်း၊ မိသားစု၊ နေ့ရက်၊ အချိန် နှင့်ဆိုင်တဲ့ စကားလုံးတွေကို လေ့လာသွားရမှာဖြစ်ပြီး တက်ရောက် အပ်နှံနိုင်ဖို့ Registration Deadline ကို နောက်ဆုတ်ပေးထားတာမို့ အချိန်စာရင်းသွင်းနိုင်အောင် မျှဝေပေးလိုက်ရပါတယ် ခင်ဗျာ ။ Spring University STEM school ကျောင်းခွဲ မှာ နည်းပညာအသစ်များကို လေ့လာလိုသူများအတွက် စိတ်ဝင်စားမှုအများဆုံး အတန်းများ ဖြစ်တဲ့ ✅ Python Programming Essentials ✅ Database Management Systems (DBMS) Essentials ✅ Mobile Application Development တန်းခွဲတို့ကို လက်တွေ့သင်ခန်းစာတွေဖြင့် အနာဂတ်အလုပ်အကိုင်အတွက် အသင့်ဖြစ်စေမယ့် သင်တန်းတွေကို စာရင်းပေးသွင်းအပ်နှံနိုင်ဖို့ မျှဝေပေးလိုက်ရပါတယ်ခင်ဗျာ ။ https://www.facebook.com/share/p/1C3QYXrBaS/?mibextid=wwXIfr

photo content
+1

မြန်မာဘာသာစကားနဲ့ ဆွေးနွေးနိုင်မယ့် British Parliamentary Debate Club ဒီဘိတ်ပညာကို စိတ်အားထက်သန်စွာ လေ့လာသင်ယူလိုပြီး အငြင်းပွားဖွယ် ရှုပ်ထွေးတဲ့ အကြောင်းအရာတွေကို ပညာရပ်ဆိုင်ရာ ရှုထောင့်မျိုးစုံကနေ အပြန်အလှန် ငြင်းခုံဖလှယ်လိုတဲ့ သူတွေအတွက် အသင့်တော်ဆုံး “Debate ပညာသင်ယူရာ ရပ်ဝန်း”တစ်ခုကို ဖန်တီးပေးသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောင်းသားလူငယ်ထုအနေနဲ့ ဒီဘိတ်ပညာရပ်ကို အသုံးချရင်း မိမိတို့ရဲ့တွေးဆမျှော်မှန်းနိုင်မှုစွမ်းရည် နဲ့ ရှုထောင့်မျိုးစုံမှ ပညာရပ်ဆိုင်ရာ ဆန်းစစ်အဖြေရှာခြင်းစွမ်းရည်တွေကို မြှင့်တင်လိုတယ်ဆိုရင်တော့ မကြာခင်ဖွင့်လှစ်တော့မယ့် “ British Parliamentary Debate Club” မှာ ပါဝင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ British Parliamentary Debate Club အစီအစဉ်လေးဟာဆိုရင် March 27 ရက်နေ့မှ စတင်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ ရက်များမှာ ညစဉ် မြန်မာစံတော်ချိန် (၆:၃၀) နာရီမှ (၉:၀၀) နာရီအထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ စိတ်ဝင်စားလို့ ပါဝင်လျှောက်ထားလိုတယ်ဆိုရင်တော့ အောက်ဖော်ပြပါလင့်ခ်လေးမှ တစ်ဆင့်လျှောက်ထားနိုင်ပါတယ်။ Registration Link - https://ee-eu.kobotoolbox.org/single/AU5UK93K?returnUrl=https://t.me/+WRSiyG36nPhkYmI1 Registration deadline မှာ March လ 22 ရက်နေ့ဖြစ်တာမို့ အမြန်ဆုံးလျှောက်ထားကြဖို့လည်း အကြံပြုလိုပါတယ်။ #SpringUniversityMM #SUM

အဆင့်မြင့်ပညာရေးအတွက် ပြင်ဆင်နေပြီး ပညာသင်ဆုများကို လက်လှမ်းမီဖို့ ကြိုးစားနေသော လူငယ်များအတွက် နွေဦးတက္ကသိုလ်ရဲ့ “Unlocking Your Academic Future” Webinar အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ နွေဦးတက္ကသိုလ်မှ အဆင့်မြင့်ပညာရေး လေ့လာဖို့ ကြိုးစားပြင်နေတဲ့ လူငယ်များအတွက် သတင်းကောင်းလေးတစ်ခုကို ယူဆောင်လာပါတယ်။ လူငယ်အများစု ကောလိပ်နှင့် ဘွဲ့လွန်ပညာရေးကို ဆက်လက်တက်ရောက်နိုင်ဖို့ လူအား၊ ငွေအားနှင့်ရင်းပြီး အချိန်များစွာ ပြင်ဆင်မှုများစွာ ပြုလုပ်ရလျက်ရှိပါတယ်။ ထိုသို့ အင်အားစိုက်ထုတ်ရတာနှင့် ထိုက်တန်တဲ့ ပညာရေးပြန်လည်ရရှိဖို့ မှန်ကန်တဲ့ ကောလိပ်နှင့် ဘွဲ့လွန်ပညာရပ်တွေကို ရွေးချယ်ဖို့ လိုအပ်သလို တစ်ဖက်တစ်လှမ်းမှ အထောက်အကူ ဖြစ်စေမည့် ပညာသင်ဆုများ ရရှိစေဖို့ မှန်ကန်တဲ့ လမ်းညွှန််မှုများ လိုအပ်ပါတယ်။ နွေဦးတက္ကသိုလ် အနေဖြင့် ထိုကဲ့သို့ ကြိုးစားနေသည့် ကျောင်းသားလူငယ်များအတွက် “Unlocking Your Academic Future: College & Graduate School Readiness” အမည်ရတဲ့ Webinar လေးကို စီစဥ်လိုက်ပါတယ် ခင်ဗျာ။ ကျင်းပပြုလုပ်မည့်နေ့ရက်- မတ်လ (၂) ရက်နေ့ အချိန်- ညနေ ၇-၉ နာရီ (မြန်မာစံတော်ချိန်) အသုံးပြုမည့်ပလက်ဖောင်း - Zoom Register Here - https://zoom.us/meeting/register/uXjge0tIRDOHQFQUQMjpAw နွေဦးတက္ကသိုလ်ရဲ့ ကျောင်းခွဲများထဲမှ တစ်ခုဖြစ်တဲ့ “School of Foreign Language and Culture” မှ ဦးဆောင်ပြုလုပ်သွားမှာ ဖြစ်ပြီး -မှန်ကန်တဲ့ ပညာရေးလမ်းကြောင်းကို ကျောင်းသားတွေ လျှောက်လမ်းနိုင်ဖို့၊ -ဘွဲ့ကြိုနှင့် ဘွဲ့လွန် ပညာသင်ဆုများကို စနစ်တကျ ပြင်ဆင်နိုင်ဖို့၊ -ကျောင်းလျှောက်ပုံ အဆင့်ဆင့်ကို လူငယ်တွေ သိရှိနိုင်ဖို့ ရည်ရွယ်ပါတယ် ခင်ဗျာ။ ဒါ့ကြောင့် သင်က ယခုအချိန်မှာ အဆင့်မြင့်ပညာရေးအတွက် ပြင်ဆင်နေပြီး ပညာသင်ဆုများကို လက်လှမ်းမီဖို့ ကြိုးစားနေတယ်ဆိုရင်တော့ လက်မလွတ်တမ်း လာရောက် နားဆင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အင်္ဂလိပ်၊ ကိုးရီးယားနှင့် ဂျာမန် ဘာသာစကားတို့ကို နွေဦးတက္ကသိုလ်မှာ လေ့လာကြမယ်။ ဘာသာစကားတစ်ခုကို လေ့လာတဲ့နေရာမှ ဖြေးဖြေးမှန်မှန်ဖြင့် အစဥ်မပြတ် လေ့လာသွားဖို့ပဲ အရေးအကြီးဆုံးဖြစ်ပါတယ်။ ထိုကဲ့သို့ နိုင်ငံခြားဘာသာစကားသစ်များကို ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများသာမက ဝါသနာ အစရှိသဖြင့် အကြောင်းအမျိုးမျိုးကြောင့် လေ့လာလိုသူများအတွက် နွေဦးတက္ကသိုလ်မှ မတ်လအတွင်း တန်းခွဲ (၄) ခု German A 1.1 Emphasize Speaking and Listening English Class General English Intermediate Basic Korean 4 skills Korean Level-1 English Reading Skills (Batch-1) ကို ဖွင့်လှစ်ထားတာမို့ ကျောင်းသားများအနေဖြင့် စိတ်ဝင်စားတဲ့ နိုင်ငံခြား ဘာသာစကားအပြင် မိမိလက်ရှိ အရည်အချင်းနှင့် ကိုက်ညီသည့် တန်းခွဲများကို ရွေးချယ်အပ်နှံရအောင် ဝေမျှပေးချင်ပါတယ် ခင်ဗျာ။ https://www.facebook.com/share/p/161fqUBfsy/?mibextid=wwXIfr #SUM

ဉာဏ အသိပညာနဲ့ ပြုလုပ်ထားတဲ့ တီထွင်ဖန်တီးမှုတွေကို အကာအကွယ်ပေးနိုင်ဖို့ Intellectual Property Law သင်တန်း ကျောင်းသား၊ကျောင်းသူများအနေနဲ့ ဒီသင်တန်းလေးကို အချိန်ပေးပြီးတက်ရောက်လိုက်တာနဲ့ 📍 ဉာဏပစ္စည်း မူပိုင်ခွင့်အကြောင်း အခြေခံသဘောတရားတွေကိုလေ့လာသွားနိုင်မယ် 📍 ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ မှတ်သားဖွယ်ဖြစ်ရပ်တွေကို ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ ကျင့်သုံးနေကြတဲ့ ရှုထောင့်လုပ်ငန်းစဉ်တွေနဲ့ ချိန်ထိုးလေ့လာသွားနိုင်မယ်။ 📍 ဒါ့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးက Cases studies များ ၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများ နဲ့ အတူ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ထံမှ အနီးကပ်လေ့လာသင်ကြားသွားနိုင်မယ့်အပြင် သင်တန်းအဆုံးမှာလည်း သင်တန်းတလျှောက် ဘာသာရပ်ဆိုင်ရာ နားလည်မှုအကဲဖြတ်ခြင်းများ ပြုလုပ်သွားဦးမှာဖြစ်ပါတယ်။ သင်တန်းလေးကိုဆိုရင်တော့ မတ်လ (၂၉) ရက်နေ့မှ မေလ (၄) ရက်နေ့အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းချိန်လေးတွေကတော့ အပတ်စဉ် စနေနေ့ နဲ့ တနင်္ဂနွေနေ့တွေမှာ မြန်မာစံတော်ချိန် မနက် (၁၁:၀၀) နာရီ မှ နေ့လယ် (၁:၀၀) နာရီ အထိ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ကျောင်းသား၊ကျောင်းသူများအနေနဲ့ သင်တန်း လေးကို စိတ်ဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ပါလင်ခ့်မှတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။ Link - https://ee-eu.kobotoolbox.org/single/Gtxu9JvZ?returnUrl=https://t.me/+ikO3gYb9Q05mNDJl

ဉာဏ အသိပညာနဲ့ ပြုလုပ်ထားတဲ့ တီထွင်ဖန်တီးမှုတွေကို အကာအကွယ်ပေးနိုင်ဖို့ Intellectual Property Law သင်တန်း ကျောင်းသား၊ကျောင်းသူများအနေနဲ့ ဒီသင်တန်းလေးကို အချိန်ပေးပြီးတက်ရောက်လိုက်တာနဲ့ 📍 ဉာဏပစ္စည်း မူပိုင်ခွင့်အကြောင်း အခြေခံသဘောတရားတွေကိုလေ့လာသွားနိုင်မယ် 📍 ဉာဏပစ္စည်း မူပိုင်ခွင့်ဆိုင်ရာ မှတ်သားဖွယ်ဖြစ်ရပ်တွေကို ပြည်တွင်းမှာသာမက နိုင်ငံတကာမှာပါ ကျင့်သုံးနေကြတဲ့ ရှုထောင့်လုပ်ငန်းစဉ်တွေနဲ့ ချိန်ထိုးလေ့လာသွားနိုင်မယ်။ 📍 ဒါ့အပြင် ကမ္ဘာ့နိုင်ငံအသီးသီးက Cases studies များ ၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများ နဲ့ အတူ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ထံမှ အနီးကပ်လေ့လာသင်ကြားသွားနိုင်မယ့်အပြင် သင်တန်းအဆုံးမှာလည်း သင်တန်းတလျှောက် ဘာသာရပ်ဆိုင်ရာ နားလည်မှုအကဲဖြတ်ခြင်းများ ပြုလုပ်သွားဦးမှာဖြစ်ပါတယ်။ သင်တန်းလေးကိုဆိုရင်တော့ မတ်လ (၂၉) ရက်နေ့မှ မေလ (၄) ရက်နေ့အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး သင်တန်းချိန်လေးတွေကတော့ အပတ်စဉ် စနေနေ့ နဲ့ တနင်္ဂနွေနေ့တွေမှာ မြန်မာစံတော်ချိန် မနက် (၁၁:၀၀) နာရီ မှ နေ့လယ် (၁:၀၀) နာရီ အထိ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ ကျောင်းသား၊ကျောင်းသူများအနေနဲ့ သင်တန်း လေးကို စိတ်ဝင်စားလို့တက်ရောက်ချင်တယ်ဆိုရင်တော့ အောက်ပါလင်ခ့်မှတဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။ Link - https://ee-eu.kobotoolbox.org/single/Gtxu9JvZ?returnUrl=https://t.me/+ikO3gYb9Q05mNDJl