cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

New Movies Channel

🚩 Channel was restricted by Telegram

Больше
Мьянма2 358Бирманский2 210Фильмы8 351
Рекламные посты
34 367
Подписчики
-6924 часа
-3757 дней
-2 04730 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Запрещенный контент
Trinil (2024) #ကြောက်တတ်သူများမကြည့်ရ အင်ဒိုနီးရှားနိုင်ငံ Central Java မှာ လက်ဖက်ခြံပိုင်ရှင် သူဌေးကြီးဝမ်လမ်ဆောင်ဒါဆိုပြီးရှိပါတယ်။ သူ့မှာ သူချစ်စနိုးနဲ့ ထရီနီလိုခေါ်တဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့သူဌေးကြီးဆုံးပါးသွားပြီး သူ့မိန်းမဟာလည်းရုတ်ချည်းဆိုသလိုပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့သမီးကတော့ သူဌေးကြီးမဆုံးခင်အိမ်မှာ သူနာပြုလာလုပ်ပေးတဲ့ သူနာပြုဆရာလေးနဲ့လက်ထပ်ပြီးHoney moon ခရီး သုံးလကြာထွက်သွားခဲ့ပါတယ်။ အဲကာလမှာ လက်ဖက်ခြံထဲရာသီဥတုမကောင်းတာတွေ၊ ဝန်ထမ်းတွေ သေဆုံးတာတွေ ၊သတ်သေတာတွေဆက်တိုက်ဖြစ်လာပါတော့တယ်။ သူတိုနှစ်ယောက်ဟန်းနီးမွန်းကပြန်လာတဲ့အခါမှာလည်း အိပ်နေရင်းဘီလူးစီးခံရတာတွေခြောက်လှန့်ခံရတာတွေဖြစ်လာတာမို ခင်ပွန်းဖြစ်သူကသူ့သူငယ်ချင်းအပနှင်ဆရာကို အပနှင်ပေးဖိုအကူအညီတောင်းရာကနေစံအိမ်ကြီးရဲ့လျှိဝှက်ချက်တွေတစ်ခုပြီးတစ်ခု ပေါ်လာပါတော့တယ်။
Показать все...
👍 2
Запрещенный контент
စစ်ဆေးရေးအရာရှိရှဲ့ယောင်ဟွမ် (谢瑶环传奇之西天胜境)The Legend of Xie Yao Huan : Western Paradise 2024 ရုပ်ရှင် ဇာတ်လမ်းအကျဉ်း 🎐တိုင်းရေးပြည်ရေးကောင်းမွန်လှတဲ့အချိန်ခါမှာ မယ်တော်ကြီးရဲ့မွေးနေ့အတွက် သက်ရှည်ဆုတောင်းအဆောင်တော်ကြီး ဆောက်လုပ်ခဲ့ပါတယ် 🎐နှစ်နှစ်ကြာဆောက်လုပ်ပြီး ပြီးခါနီးမှာတော့ ဆုတောင်းအဆောင်တော်ကြီး ဆောက်လုပ်သောအလုပ်သမား၁၀၈ ယောက်လုံး ချက်ချင်းဆိုသလို မျက်စိတစ်မှိတ်အတွင်းပျောက်ဆုံးသွားခဲ့ပါတယ် 🎐မယ်တော်ကြီးလည်း ဒီဖြစ်ရပ်ကို သိသိချင်း စစ်ဆေးရေးအရာရှိရှဲ့ယောင်ဟွမ်ကို မရရအောင်အမှုဖော်ထုတ်ဖို့တာ၀န်ပေးလိုက်တဲ့အခါ...... 🎐ပျောက်ချင်းမလှပျောက်သွားတဲ့ ဆောက်လုပ်ရေးအလုပ်သမား ၁၀၈ယောက်လုံးကို ပြန်ရှာတွေ့နိုင်ပါ့မလား ဘာကြောင့်ပျောက်ဆုံးသွားရတာလဲ နောက်ကွယ်မှာ ဘယ်လိုဖြစ်ရပ်တွေရှိနေမလဲ #ReviewByYourDimple #谢瑶环传奇之西天胜境 #SoulKingdomMovie #Movie
Показать все...
Запрещенный контент
New Life (2024) ============== သည်းထိပ်ရင်ဖိုဇာတ်လမ်းတစ်ပုဒ်ကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် အမေရိကန် နယ်စပ်ကို ထွက်ပြေးဖို့ ကြိုးစားနေတဲ့ မိန်းမငယ်လေး Jessica -- သူ့ဘဝတစ်လျှောက်လုံး လယ်ယာလုပ်ရင်း မြို့သေးသေးလေးမှာ နေခဲ့ရပြီး ချစ်သူနဲ့အတူ လောကကြီးကို မြင်တွေ့ခွင့်ရဖို့ ပျံသန်းတော့မယ့် အချိန် ကံကြမ္မာဆိုးတစ်ခုက ပြေးလွှားရဖို့ ဖြစ်လာတယ် သက်လတ်ပိုင်း အမျိုးသမီး Elsa ကတော့ အော်ပရေးရှင်း fixer တစ်ယောက် - တစ်ကိုယ်တည်းသမားဖြစ်ပြီး အလုပ်ပြီးရင်းအလုပ်လုပ်ရင်း ငြီးငွေ့စရာဘဝကို ပိုင်ဆိုင်ထားသူ ဆေးစစ်ချက်အရ ASL ခေါ် ကြွက်သားအားနည်းတဲ့ ရောဂါတစ်မျိုးကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေတဖြည်းဖြည်းချင်း ချိနဲ့လာသူက Jessica ကို လိုက်ဖမ်းရတယ်... ဒါတွေနောက်ကွယ်က အကြောင်းရင်းလျှို့ဝှက်ချက်တစ်ခုက ဘာများဖြစ်မလဲ စိတ်ဝင်တစား ကြည့်ရမယ့် ဇာတ်လမ်းလေးပါ #ChannelMyanmar
Показать все...
Запрещенный контент
Darkness of Man (2024) ================ ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Action,Thriller ဇတ်ကားလေးတစ်ခုဖြစ်တဲ့ Darkness Of Man ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားထဲမှာ မင်းသားကြီးJean-Claude Van Damme က အဓိကအနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးကတော့ ရက်ဆဲလ်ဟတ်ချ်ဟာစုံထောက်တစ်ယောက်ဖြစ်ပါတယ် အက်စတာဆိုတဲ့ကိုရီးယားလူမျိုးအမျိုးသမီးကတော့ ရက်ဆဲလ်ရဲ သတင်းပေးသူပါ သူမက ကိုရီးယားဒုစရိုက်လုပ်ငန်းအကြောင်းတွေကိုစုံစမ်းပြီးရက်ဆဲလ်ဆီကိုသတင်းပေးပါတယ် တစ်နေ့မှာတော့ သတို့ရဲ့စစ်ဆင်ရေးအမှားအယွင်းဖြစ်သွားပြီး အက်စတာတစ်ယောက်အသတ်ခံလိုက်ရပါတယ် အက်စတာက သူမ,မသေခင်မှာ ရက်ဆဲလ်ဆီကကတိတစ်ခုတောင်းခဲ့ပါတယ် အဲ့ကတိကတော့ သူမရဲ့ကျန်ခဲ့တဲ့သားလေးကိုအန္တရာယ်ကင်းအောင်စောင့်ရှောက်ပေးဖို့ပါ ရက်ဆဲလ်ကလည်း သူပေးခဲ့တဲ့ကတိကိုတည်နိုင်ဖို့အတွက် အက်စတာရဲ့သားဖြစ်သူဂျေဒန်ကိုကာကွယ်ပေးဖို့အလုပ်ကနေပါထွက်လိုက်ပြီး L.Aမြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် ရက်ဆဲလ်တစ်ယောက်ဂျေဒန်ကို ဂိုဏ်းစတားတွေလက်ထဲကနေကယ်တင်ပြီး အက်စတာကိုပေးခဲ့တဲ့ကတိကိုတည်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာပါ
Показать все...
👍 1
Запрещенный контент
Bhimaa (2024) ဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် တီလဂူလ်အက်ရှင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ် တောင်ပိုင်းကားတွေထုံးစံ အိုဗာလေးတော့ပါပေမယ့် အက်ရှင်ခန်းတွေကတော့ အားရစရာတွေမို့ ပရိသတ်ကြီးတို့ အကြိုက်တွေ့ကြမှာပါပဲ မဟာသျှီဝကိုးကွယ်တဲ့သူတွေမှာ ယုံကြည်ချက်တစ်ခုရှိပါတယ်တဲ့ သူ့ကျောင်းတော်မှာ သေဆုံးသူတစ်ယောက်အတွက် လာဆုတောင်းတဲ့အခါ အဲ့လူရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့အတွက် သူ့ဆွေမျိုးထဲက လူတစ်ယောက်ကို ဝင်ပူးခွင့်ပေးပါတယ်တဲ့ ဒီဇာတ်ကားထဲမှာလည်း နယ်မြို့မှာ ရာဇဝတ်မှုတွေကြီးစိုးနေတဲ့ ဂိုဏ်းကြီးတစ်ခုလုံးကို ရဲအရာရှိလေးတစ်ယောက်က သွားပြီး လူကုန်ကူးမှုကို တားဆီးတဲ့အခါမှာ ဂိုဏ်းခေါင်းဆောင်က အဲ့ရဲအရာရှိကို သတ်ပြီးတော့ လက်စဖျောက်လိုက်ရာကစပါတယ် သူ့ရဲ့မပြီးပြတ်သေးတဲ့တာဝန်တွေကို လူဝင်စားပူးကပ်သလို သူ့ညီက ဆက်လက်ဆောင်ရွက်ပြီး ဂိုဏ်းခေါင်းဆောင်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်လာတဲ့အခါမှာတော့..... အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲဖြစ်ပါတယ် #Credit/1150
Показать все...
Запрещенный контент
DeAr (2024) ========== ရည်မှန်းချက်ကြီးပြီး အလုပ်ကြိုးစားတဲ့အာဂျွန်နဲ့ ဟောက်တတ်တဲ့ပြဿနာကြောင့် ဘယ်သူနဲ့မှအဆင်မပြေတဲ့ဒီပီကာတို့ မိဘချင်းပေးစားလို့ယူလိုက်ရာကနေ အသေးအဖွဲပြဿနာလေးက ခေါင်းခဲစရာတွေဖြစ်လာပါတော့တယ်။ အာဂျွန်ကလည်း အိပ်ရေးဆတ်တဲ့အပြင် သတင်းကြေညာသူအလုပ်လုပ်နေတာကြောင့် တစ်နေ့ကိုအိပ်ချိန်ရှစ်နာရီပေးကိုပေးရမယ်လို့သတ်မှတ်ထားသူပါ။ ဒီပီကာကလည်း အိပ်ပြီဆိုရင် ဘေးလူအိပ်မရအောင်ဟောက်တတ်တဲ့ရောဂါရှိနေတာပါ။ ဒီပီကာ့ရဲ့ရောဂါက ကုမရတဲ့အတွက် သူတို့ ဒီပြဿနာကိုဖြေရှင်းဖို့ ခေါင်းချင်းဆိုင်ပြီးတိုင်ပင်ကြတဲ့အခါ တစ်ယောက်တစ်ညစီအလှည့်ပြောင်းအိပ်ဖို့ အကြံရလိုက်ကြတယ်။ ဒီဖြေရှင်းနည်းက ရေရှည်ခံပါ့မလား။ ဒါမှမဟုတ် သူတို့ ဘယ်လိုဖြေရှင်းနည်းတွေရကြဦးမလဲ။ ပြဿနာသေးသေးလေးလို့ထင်ရတဲ့ ဒီကိစ္စက သူတို့ကို ဘယ်လိုဂြိုဟ်မွှေဦးမလဲ။ အာဂျွန်နဲ့ဒီပီကာကရော တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုညှိယူနေထိုင်ကြမလဲဆိုတာကို သဘာဝကျကျကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ပုဒ်ဖြစ်တဲ့အတွက် B-Town ချယ်နယ်မှ တင်ဆက်ပေးလိုက်ရပါတယ်။
Показать все...
Запрещенный контент
7:11 PM [2023] ဇာတ်ကားသစ် IMDb- 7.1/10 ယခုတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အိန္ဒိယဇာတ်ကားထဲမှာ ရှားရှားပါးပါး Genere Sci-Fi အမျိုးအစားပဲဖြစ်ပါတယ် ဒီ‌တီလဂူးရုပ်ရှင်က ပုံမှန်ရိုက်နေကျပုံစံမဟုတ်ပဲ သိပ္ပံရုပ်ရှင်ဆိုပေမဲ့ ချာတူးမလန်သွားတဲ့အပြင် rating 7.1/10 ထိရရှိထားပါတယ် သိပ္ပံရုပ်ရှင်ဆိုပေမဲ့ space shipတွေ တဝီဝီနဲ့ light saber တွေထုတ်ပြီး ခုတ်ကြမဲ့ Sci-Fi အမျိုးအစားတော့မဟုတ်ပါဘူး အနာဂတ် 2400ခုနှစ်မှာ အခက်အခဲကြုံနေရတဲ့ လူသားမျိုးနွယ်ဟာ အတိတ်ကို အချိန်ခရီးသွားပြီး အဖြေရှာတော့ သူတို့ပြသနာကို ဖြေရှင်းပေးနိုင်တဲ့ တီထွင်မှုတစ်ခုရှိနေတာကို သိလိုက်ရပါတယ် မျက်မှောက်ခေတ် 1999 ခုနှစ်မှာလည်း အဲဒီမြို့လေးမှာ အိန္ဒိယထုံးစံအတိုင်း နိုင်ငံရေးတွေ အာဏာတွေပါဝါတွေနဲ့ တိုင်ပတ်နေတဲ့အခါမှာတော့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်ရှုစားကြရမှာပါ Sci-Fi ကားဆိုပေမဲ့ အိုဗာတွေတလွဲတွေ သိပ်မပါပဲ ခိုင်မာတဲ့ ဇာတ်အိမ်နဲ့ အကွက်ကျကျရိုက်ကူးပြထားတာမို့ ပရိသတ်များခံစားဖို့ တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ပေးထားတာကတော့ BpL~ Saii ~ Zwe V ~YH တို့ပဲဖြစ်ပါတယ်) #Credit
Показать все...
  • Фото недоступно
  • Фото недоступно
တောင်ပေါ်သားရှမ်းကိုးမီး 🔻အပျင်းပြေလာ? စီးပွါးဖြစ်လာ? ဝါသနာအရလာ? 🔺အနိုင်များပြီး အပြင်မှာကစားသလို ကစားသမားအချင်းချင်းသာ ကစားရတဲ့ဂိမ်းမို တစ်ကြိမ်လောက်ဆော့ဖူးရုံနဲ့ လုံးဝကြိုက်သွားစေရမယ်နော် ✅ 🔺ဆော့ကစားရတာအဆင်ပြေသောကြောင့် နေ့စဉ် လက်ကြီး၊လက်သေး ကစားသူပေါင်း သောင်းကျော် ကစားနေကြပါပြီရှင့်…✅ ✅မန်ဘာသစ် 100% ✅နေ့စဉ် 30% ဘောနပ် ✅ နေ့စဉ်ရှုးကြေး 5% 📲📲 ဘောနပ်လန်းလန်းလေးတွေနဲ့အတူ ဂိမ်းအကောင့်လေးဖွင့်ဖို အတွက်အောက်ပါလင့်လေးကနေ ဆက်သွယ်လိုက်ပါ 👇👇👇 Viber-09892411117 Viber link --- https://cutt.ly/KwtEnulS
Показать все...
Запрещенный контент
Takkar (2023) IMDb-8.3/10 တက်သစ်စမင်းသမီးချောလေး ဒေ့ဗ်ယန်ကာ၊နှုတ်ခမ်းမွှေးပဲထားထား မုတ်ဆိတ်ပဲထားထားလန်းလွန်းတဲ့ မင်းသားချောဆစ်ဒါးသ်၊ ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ပါဝင်ထားတဲ့ တမီးလ်စကားပြော ရိုမန့်စ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ လူနေခြုံကြား စိတ်နေဘုံဖျားဆိုသလို စားစရာတောင်အနိုင်နိုင်ဘဝကနေ မီလျံနာသူဌေးကြီးဖြစ်ချင်တဲ့ ဂွန်ဇ်တစ်ယောက် ဆင်းဆင်းရဲရဲမွေးလာတာအပြစ်မဟုတ်ဘူး ဆင်းဆင်းရဲရဲတော့မသေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ မြို့တက်အလုပ်လုပ်ပါတော့တယ်။ လူကဆတ်ဆတ်ထိမခံဆိုတော့ ဝင်လုပ်သမျှအလုပ်အကုန် ပြုတ်လို့ပြုတ် ထွက်လို့ထွက်နဲ့ တက္ကစီဒရိုင်ဘာကျမှပဲ ခြေငြိမ်သွားတယ်။ တက္ကစီမောင်းရင်း သူသွားငြိမိတဲ့ ဂိုဏ်းတစ်ခုရှိတယ်။အဲဒီဂိုဏ်းလုပ်ပုံက အဆန်း။ မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး လေလံတင်တာ။ပြန်ပေးဆွဲခံရတဲ့မိန်းကလေး မိဘတွေနဲ့ တစ်ဖက်ကလူကုန်ကူးတဲ့လူနဲ့ကိုစျေးအပြိုင်ပေးခိုင်းတာ။ ဂွန်ဇ်မောင်းလာတဲ့ ကားနောက်ဖုံးထဲမှာ မိန်းကလေးတစ်ယောက်ပါလာတာစ ဂွန်ဇ်တစ်ယောက်ဘယ်လိုတွေ ရှေ့ဆက်မလဲ။ သူ့ရဲ့သန်းကြွယ်သူဌေးအိပ်မက်ကရော ဖြစ်လာပါမလားဆိုတာ ကြည့်ရှုရမှာပါ။
Показать все...
Запрещенный контент
Let’s get married (2023) ဇာတ်ကားသစ် IMDb rating 6.3 ရရှိထားပြီး တမိလ်မင်းသားHarish Kalyanနဲ့ မင်းသမီး Ivana ပါဝင် သရုပ်ဆောင်ထားတဲ့ အချစ်ဟာသဇာတ်ကားလေးကို B-Town ပရိသတ်တွေအတွက် တင်ဆက်လိုက်ပါတယ်။ ဂိုသမ်ဟာ မီရာကို ရည်းစားစကားဖွင့်ပြောချိန် မီရာက ၂နှစ်လောက် တစ်ယောက်ကိုတစ်ယောက် လေ့လာပြီးမှ လက်ထပ်မယ်လို့ ပြောခဲ့ပြီး ၂နှစ်ပြည့်တဲ့အချိန် ဂိုသမ်ကို လက်ထပ်ဖို့ ရွေးချယ်လိုက်ပါတယ်။ ဒါပေမဲ့ ဂိုသမ်အမေက သဘောမတူလို့ အမေနဲ့ မီရာကြား ဂိုသမ် ဗျာတွေများပြီး တိုင်ပတ်နေတော့ မီရာက သူကိုယ်တိုင် ယောက္ခမကြီးကို ကိုင်တွယ်မှရမယ်ဆိုပြီး ယောက္ခမနဲ့အတူတူ ခရီးထွက်ရင်း လမ်းခရီးမှာ ဘယ်လိုအကွက်တွေသုံးပြီး ယောက္ခမကို ကိုယ့်လူဖြစ်အောင်လုပ်မလဲဆိုတာ ဟာသတွေနှောပြီး တင်ဆက်ထားလို့ ယောက္ခမလောင်း အချစ်ခံချင်သူတွေ ဆက်ဆက်ကြည့်သင့်တဲ့ ရုပ်ရှင်ပါနော်။ Credit: B-Town
Показать все...
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.