ru
Feedback
Nurhad ( မုဆိုး )

Nurhad ( မုဆိုး )

Открыть в Telegram

Nurhad ( မုဆိုး )Public Channel for News Update. It's verifed Channel. Please be aware of fake ones.

Больше
8 438
Подписчики
+1524 часа
+1007 дней
-8430 дней

Загрузка данных...

Облако тегов
Нет данных
Возникли проблемы? Пожалуйста, обновите страницу или обратитесь к нашему support-менеджеру .
Входящие и исходящие упоминания
---
---
---
---
---
---
Привлечение подписчиков
сентябрь '26
сентябрь '26
+144
в 0 каналах
август '26
+30
в 0 каналах
Get PRO
июль '26
+16
в 0 каналах
Get PRO
июнь '26
+19
в 0 каналах
Get PRO
май '26
+14
в 0 каналах
Get PRO
апрель '26
+6
в 1 каналах
Get PRO
март '26
+4
в 0 каналах
Get PRO
февраль '26
+1
в 0 каналах
Get PRO
январь '26
+4
в 0 каналах
Get PRO
декабрь '25
+2
в 0 каналах
Get PRO
ноябрь '25
+5
в 0 каналах
Get PRO
октябрь '25
+5
в 7 каналах
Get PRO
сентябрь '25
+8
в 1 каналах
Get PRO
август '25
+1
в 1 каналах
Get PRO
июль '25
+13
в 1 каналах
Get PRO
июнь '25
+5
в 0 каналах
Get PRO
май '25
+14
в 1 каналах
Get PRO
апрель '25
+17
в 1 каналах
Get PRO
март '25
+7
в 0 каналах
Get PRO
февраль '25
+3
в 0 каналах
Get PRO
январь '25
+25
в 0 каналах
Get PRO
декабрь '24
+37
в 1 каналах
Get PRO
ноябрь '24
+5
в 1 каналах
Get PRO
октябрь '24
+43
в 2 каналах
Get PRO
сентябрь '24
+36
в 2 каналах
Get PRO
август '24
+367
в 3 каналах
Get PRO
июль '24
+1 062
в 5 каналах
Get PRO
июнь '24
+1 120
в 2 каналах
Get PRO
май '24
+1 211
в 3 каналах
Get PRO
апрель '24
+1 279
в 0 каналах
Get PRO
март '24
+969
в 1 каналах
Get PRO
февраль '24
+1 282
в 0 каналах
Get PRO
январь '24
+518
в 1 каналах
Get PRO
декабрь '23
+1 545
в 4 каналах
Get PRO
ноябрь '23
+1 359
в 5 каналах
Get PRO
октябрь '23
+275
в 2 каналах
Get PRO
сентябрь '23
+282
в 0 каналах
Get PRO
август '23
+110
в 0 каналах
Get PRO
июль '23
+44
в 0 каналах
Get PRO
июнь '23
+44
в 0 каналах
Get PRO
май '23
+375
в 0 каналах
Get PRO
апрель '23
+641
в 0 каналах
Get PRO
март '23
+697
в 0 каналах
Get PRO
февраль '23
+309
в 0 каналах
Get PRO
январь '23
+854
в 0 каналах
Get PRO
декабрь '22
+80
в 0 каналах
Get PRO
ноябрь '22
+16
в 0 каналах
Get PRO
октябрь '22
+20
в 0 каналах
Get PRO
сентябрь '22
+4 844
в 0 каналах
Дата
Привлечение подписчиков
Упоминания
Каналы
07 сентября+2
06 сентября+17
05 сентября+123
04 сентября0
03 сентября0
02 сентября+2
01 сентября0
Посты канала
မလေးရှားမှာ စာအုပ်ရှိ ပါမစ် မရှိတဲ့လူတွေ၊ ဘာအထောက်အထားမှ မရှိတဲ့ လူတွေအတွက် ရောဘာခြံ ဧက ၅၀၀၀ ၊အဆီးထွက်ပြီးသား အဆီးကို ၁ကီလို ၁.၃၀rm ၊လူ ၁၀၀ နဲ့ ၂၀၀ ကြားလိုတယ်။ ပါစ်ပို့ရှိသူ ကုမ္မဏီက ပါမစ်လုပ်ပေးမယ်။ နေစရာ ပေးမယ်။ အလုပ်က Kedah မှာ ဖြစ်တယ်။ အိမ်ထောင်သည်တွေလည်းရတယ်။ ဒီအလုပ်က မွန်နဲ့ ကရင်တွေ ပိုကျွမ်းကျင်တယ်။ စိတ်ဝင်စားရင် ကျနော့ WhatsApp ဖုန်း 013 2622516 ဆက်သွယ်လို့ရတယ်။ အလုပ် ဝန်ဆောင်ခ RM 200 ယူမယ်။ ထောက်ပို့ ငွေထဲ ထည့်မယ်။ ဝန်ဆောင်ခ မပေးနိုင်တဲ့လူ အလုပ် လုပ်ရင်းနဲ့ တလ RM 30 တော်လှန်ထောက်ပို့ထဲ ထည့်ပေးရမယ်။ ငွေကြေး ဘယ်ပွဲစားမှ မလို။ သူဌေး တိုက်ရိုက် ရှင်းပေးမယ်။ ကြိုးစားရင် ကြိုးစားသလောက် ရမယ်။ လက်ရှိ မလေးရှား အဖမ်းအစီးကာလမှာ အလုံခြုံဆုံးနဲ့ ပိုက်ဆံအရဆုံးအလုပ်ပါပဲ။ အဖမ်းအစီး ကုမ္မဏီက တာဝန်ယူတယ်။ မရှိခဏ မုဆိုး

2
သဘာဝဘေးကျရောက်ချင်းအတူတူ မျက်နှာလိုက်တယ်။ စစ်ကိုင်း မကွေး တော်လှန်ရေး စိုးမိုးနယ်မြေတွေ ရေကြီးတာ အပြင်လူ ကူမယ့်သူ မရှိဘူး။ ခင်ဗျားတို့ အပြစ်တင် မကောင်းဘူး အားမရဘူးပြောတဲ့ PDFနဲ့ ပကဖတွေပဲ ပြည်သူကို ကူကြ ကယ်ကြ ရှိတာလေးတွေ ကျွေးကြ။ အလှူခံရင် အထင်သေးကြ ဆဲကြ ဝေဖန်ကြ နဲ့... ဧရာဝတီကိုကြ ဆယ်လီတွေ သရုပ်ဆောင်တွေ သူဌေး သူကြွယ်တွေ ကူကြ လှူကြ ချီးမွန်းကြနဲ့ ။ တော်လှန်ရေးသမားတွေ တော်လှန်ရေး နယ်မြေတွေ မျက်နှာငယ်ရပါတယ်။ မရှိခဏ မုဆိုး
2 067
3
၈၈၈၈ စစ်အာဏာရှင် လူထုကို မတရား ဥပဒေမဲ့ ဖမ်းစီးခြင်း၊ သ - တ်-ဖြတ်ခြင်း၊ မတရားထောင်ချခြင်း ကျူးလွန်မှု့များကို ပြညိသူလူထုက အမြဲ သတိတရ ရှိနေတယ်ဆိုတာ သိဖို့အတွက် ... ယနေ့ ၈.၈.၂၀၂၆ .. ၈၈၈၈ အထိန်းအမှတ် ကန်ပိန်း ဆန္ဒထုတ်ဖော်မှု့ကို မလေးရှားနိုင်ငံ ကွာလာလန်ပူ မြန်မာသံရုံးရှေ့မှာ ကျနော်တို့ မလေးရှားရောက် ညီအကိုယ်တွေ မြန်မာတနိုင်ငံလုံးကိုယ်စား ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ မတရားမှု့တွေ ချက်ခြင်းရပ်ပါ မတရားဖမ်းစီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတရားဖမ်းထားတဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အားလုံးကို ချက်ခြင်းလွှတ်ပေးပါ။ ကျနော်နဲ့ အတူ ဆန္ဒထုတ်ဖော်တဲ့ ပါတင်သူ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတံ့ လူထု အားလုံး ၊ ပြည်ပမှာ ရှိတဲ့ ကျနော်တို့ နိုင်ငံသူ နိူင်ငံသာူအားလုံး ၊ ပြည်တွင်း ပြည်ပ သပိတ်စစ်ကြောင်းအားလုံး တောထဲမှာ တိုက်ပွဲဝင်နေကြသော တော်လှန်ရေး ညီအကိုယ်တွေ အားလုံးကို ကိုယ်စားပြုသော ဆန္ဒထုတ်ဖော်ခြင်းပါ။ မရှိခဏ မုဆိုး
1 972
4
+8
Нет текста...
1 717
5
ထိုင်းကျောင်းသားလေး ဘာပြောသွားလည်း နားထောင်ကြည့် မရှိခဏ မုဆိုး
ထိုင်းကျောင်းသားလေး ဘာပြောသွားလည်း နားထောင်ကြည့် မရှိခဏ မုဆိုး
1 512
6
🎵 တည်ငြိမ်တဲ့ သူ့မရဲ့အသွင် ရင့်ကျက်တဲ့ ရေပြင် 🎵 🌹🌹🌹 မရှိခဏ မုဆိုး
🎵 တည်ငြိမ်တဲ့ သူ့မရဲ့အသွင် ရင့်ကျက်တဲ့ ရေပြင် 🎵 🌹🌹🌹 မရှိခဏ မုဆိုး
1 548
7
မီးစက်တော့ ရပြီ။ မိုးတွင်းရိက္ခာနဲ့ စစ်ဘေးရှောင်တွေအတွက် ဆက်လက်ကူညီပေးကြပါလို့ .... 🙏🙏🙏 မရှိခဏ မုဆိုး
မီးစက်တော့ ရပြီ။ မိုးတွင်းရိက္ခာနဲ့ စစ်ဘေးရှောင်တွေအတွက် ဆက်လက်ကူညီပေးကြပါလို့ .... 🙏🙏🙏 မရှိခဏ မုဆိုး
1 567
8
မလေးမရှားအစိုးရက တရားဝင်ကြေငြာလိုက်တယ်။ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတဲ့ ရိုဟင်ဂျာ ၃သိန်းကို မင်းအောင်လှိုင်က လက်ခံ သဘောတူကြောင်းနဲ့ လက်ရှိ မလေးရှားမှာ ထိန်းသိမ်းခံထားရတဲ့ ရိုဟင်ဂျာ ၅ထောင်ကို ပထမအနေနဲ့ လက်ခံသဘောတူကြောင်း သတင်းထုတ်ပြန်လာတယ်။ လိုင်းပေါ်မှာ ဘာပဲပြောပြော ဘယ်လိုပဲ ကန့်ကွက် ကန့်ကွက် မအလ သူ့နိုင်ငံရေးထွက်ပေါက်တွက် သူ အသုံးချမှာပဲ။ ကျနော်တို့ ဘာအစွဲမှ မထားပဲ ရိုးရိုးသားသား နိူင်ငံရေး ကစားကွက်ကို မြင်အောင်ကြည့်ဖို့တော့ လိုတယ်။ ခေတ်အဆက်ဆက် ရိုဟင်ဂျာဆိုတာ စစ်အာဏာရှင်တွေရဲ့ နိုင်ငံရေး ကစားပွဲထဲက ပွန်းရုပ်တွေပဲဆိုတာ... အမျိုးသားရေး သမားတွေ ကန့်ကွက်လည်း ဘောင်မဝင်ဘူး။ လူမျိုးရေး အမုန်းတရား ပြောဆိုလညိး ဘောင်မဝင်ဘူး။ အဲဒါတော့ သိဖို့လိုတယ်။ အာဏာရှင်တွေ လက်ခံရင် သကြားမင်းဆင်းပြီး လာတားလို့လည်းမရသလို ခင်ဗျားတို့ ဖင်ပူးထောင်ပြီး ကန့်ကွက်နေလည်း အမုန်းတရားပဲ ရမယ်။ ဒီလိုပါပဲ .. ခင်ဗျားတို့ အမျိုးသားရေး ဝါဒ အမျိုးသားရေး သမားတွေလည်း နိုင်ငံရေး ကစားကွက်ထဲက ပွန်းရုပ်တွေပါပဲ။ ယခုအချိန်မှာ AAအတွက် သိပ်ကြောက်စရာကောင်းတာ တခုရှိတယိ။ မအလ လျော့တွက်လို့ မရဘူး။ NLD အစိုးရ လက်ထက်က NLD အစိုးရနဲ့ ရိုဟင်ဂျာတွေကို ကမ္ဘာ့သံတမန်ရေးနံ့ နိုင်ငံရေးမှာ ရန်တိုက်ပြီး အစိုးရ ပုံရိပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံရိပ်ကို ထိုးချသလို .. ယခု ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ရခိုင်တိုင်းရင်းသားအပါအဝင် AA ရခိုင်ပြည်နယ်အစိုးရကို ရိုဟင်ဂျာ ပြဿနာနဲ့ မအလ အကွက်ဆင်ပြီး ကမ္ဘာနဲ့ အာဆီယံအပါအဝင် အိမ်နီးချင်းနိုင်ငံတွေက လက်မခံ မထောက်ခံလောက်တဲ့ထိ ထိုးချလိမ့်မယ်။ ရိုးရိုးတွေးရင်တော့ စောက်ပေါလို့ မြင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရကိုပဲ ကြည့်။ ယနေ့ထိ နလန်မထူနိုင်ဘူး။ AAအစိုးရအနေနဲ့ သူ့မှာ နည်းဗျူဟာ ရှိကောင်းရှိပေမယ့် ရခိုင်တိုင်းရင်းသားတွေ ပါးနပ်ဖို့လိုတယ်။ ကိုယ့်ခေါင်းဆောင်ရဲ့ လမ်းညွှန်မှု့အောက်မှာ တည်တည်ငြိမ်ငြိမ်လေး သွားကြပါ။ ခင်ဗျားတို့ စိတ်ခံစားချက်ကို ဦးစားပေးရင်တော့ ဒုက္ခဖြစ်မယ်။ မြန်မာစစ်တပ်က ကလိန်ကကျစ်ကျတဲ့နေရာမှာ နှစ်၇၀ အတွေ့အကြုံရှိသလို သူ့မှာ အားကိုးရတဲ့ အင်အားကြီး သံတမန် အိမ်နီးချင်းနိုင်ငံတွေ ရှိတယ်။ ခေါင်း ၁လုံးထဲ မဟုတ်ဘူးဆိုတာတော့ သိဖို့လိုတယ်။ နိုင်ငံရေး ကလိန်ကကျစ်ကြရင် အချင်းချင်းတောင် သံသယနဲ့ ရန်သူဖြစ်ကုန်တယ်။ မြင်အောင်ကြည့်ပါလို့ ... မရှိခဏ မုဆိုး
2 155
9
Нет текста...
1 390
10
ေ-ခွးးး က ဇိမ်ကျကျ ခုံမှာထိုင်ပြီး ဆရာ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေပါ ထိုင်ကန်‌တော့နေရတယ်။ အဲဒါ ယနေ့ မအလ ခေတ်ပဲ.. နာရကေ
ေ-ခွးးး က ဇိမ်ကျကျ ခုံမှာထိုင်ပြီး ဆရာ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေပါ ထိုင်ကန်‌တော့နေရတယ်။ အဲဒါ ယနေ့ မအလ ခေတ်ပဲ.. နာရကောင်းမှန်းလည်း သိကြမယ့်ပုံ မပေါ်ပါဘူး နောက်နေ့ တခုခု မျက်နှာချိုတွေး မက်လုံးလေး ပေးလိုက်ရင် ‌ေ-ခွးဖျင်က်ု ဝိုင်းလျက်ကြတော့တာပဲ။ မရှိခဏ မုဆိုး
1 538
11
လောလောဆယ် အဖွဲ့က ၇ ဖွဲ့လောက် ဆက်တိုက် အကူအညီတောင်းထားတယ်။ ကျနော်ကလညိး မြေပြင်ကပြန်လာတာ မကြာသေးတော့ မစွမ်းနိူင်သေးဘူး။ ပဲခူး ရေတာရှည်က မီးစက်တလုံး၊ မိုးတွင်းဆိုတော့ အရမ်းခက်ခဲတာရယ် အားသွငိးဖို့လည်း အဆင်မပြေတာရယ်... ရန်ကုန်တိုင်း တပ်ရင်းက ကိုမဟာချိုကနေ ဆေးဝါးနဲ့ ရိက္ခာ အကူအညီတောင်းတာရယ် ကျားသစ်နက်က ကျနော် မြေပြင်မှာ ရှိတည်းက ဆန် မိုးတွင်းရိက္ခာ အကူအညီတောင်းတာရယ် ကရင့်ပြည်နယ် စစ်ဘေးရှောင်တွေအတွက် အစားအသောက်နဲ့ အဝတ်အထည်. ( အဝတ်အထည်က‌တော့ ထိုင်းမှာ စုဆောင်းနေတယ် ၊ ကား၂စီးစာ မပြည့်သေး ) ပို့ဆောင်ဖို့ ကားခ ဆီခ တွေရယ်။ ၊ပို့ရင် ဘတ်၈၀၀၀နဲ့ ၁၂၀၀၀ ကြား၊ မလေးငွေနဲ့ဆို RM 1200 ဝန်းကျင် ကုန်မှာရယ် ၂စီးဆို RM 2400 ဝန်းကျင်ပေါ့။ အညာဒေသ ရဲဘော်တွေနဲ့ စစ်ဘေးရှောင်ရယ်၊ ရုန်ကုန်တိုင်း UG ရယ်... နောက်ထပ်တွေလည်း ရှိပါသေးတယ်။ ကျနော်လည်း မိတ်ဆွေတို့ကို မတင်ပြ အကူအညီမတောင်းတာ တော်တော့ကို ကြာသွားပြီ။ အခု ပါဝင်ပေးန်ုရင် တဦးကို RM 1ကျပ်နိုင်နိုင် 10 နိုင် နိုင် နိုင်သလောက်ပေါ့။ ထိုင်းကကူချင်ရင်လည်း ဘတ် ၁၀နိုင်နိုင် ၁၀၀ နိူင်နိုင်ပေါ့။ အကောင့်တွေ အကုန်ချထားပေးတယ်။ NUG pay, SDB payလည်းရတယ်။ စလုဲးက ကူချင်ရင် စလုံးဘဏ်အကောင့် ပေးဆိုလညိး ပေးပါ့မယ်။ ကျနော့ဖုန်းကိုလည်း ဆက်သွယ်လို့ရတယ်။ WhatsApp နံပါတ် +60132622516,+60122555835 ဆက်သွယ်လို့ရတယ်။ လူချင်းတွေ့ပြီး ပေးချင်တယ်ဆိုလည်း ခေါ်ပါ။ လာတွေ့ပေးပါ့မယ်။ ကူညီပါ.. ဝန်းရံပါ။ လေးစားစွာဖြင့်.. ပိုစ်ကိုလည်း ရှယ်ပေးခြင်းဖြစ် ကူညီပါဝင်လို့ရပါတယ်။ မြန်မာပြည်ကနေ ကူချင်တယ်ဆိုလည်း မက်ဆငိဂျာ viber Telegram ကနေ ယခုပေးထားတဲ့ ဖုန်းနံပတ်ထဲက 013 နံပတ်နဲ့ ဆက်သွယ်လို့ရပါတယ်။ မရှိခဏ မုဆိုး
1 771
12
+5
Нет текста...
2 194
13
+4
Нет текста...
2 206
14
+9
Нет текста...
1 610
15
+9
Нет текста...
1 114
16
မင်းရဲ့ ရှင်းပြချက်တွေကို ငါနားလည်တယ်။ ဒါတွေကို ငါ report လုပ်မှာပါ။ လက်ရှိအာဆီယံကတော့ AAကို အသိအမှတ်မပြုသေးတော့ ကြိုးစားရမှာပေ့ါ့။ အဲလိုပြောသွားတယ်။ ကျနော်လည်းပြန်ပြောလိုက်တယ်။ အာဆီယံအသိအမှတ် ပြုခြင်း မပြုခြင်းထက် သူတို့ဒေသမှာ အတူယှဉ်တွဲ နေနိူင်အောင် သူတို့ပါသာ တည်ဆောက်ယူနေတာပါ။ အကူအညီတော့ ပေးသင့်ပါတယ်။ ဘယ်န်ုင်ငံမှ ယနေ့ထိ မလုပ်ပေးနိုင်သေးပါဘူး ဒီအခြေအနေထိ ရောက်အောင် ..... ဓာတ်ပုံမူရင်းကို credit ပေးပါတယ်။ မရှိခဏ မုဆိုး
745
17
ငါမပြောပြခင် ငါ့ခံယူချက်ကို ငါပြောပြမယ်။ ၂၀၁၂ ရခိုင်မှာ ပြဿနာဖြစ်တော့ ရိုဟင်ဂျာ လူမျိုး ရှိတယ် မရှိဘူး ပြဿနာမှာ အဲဒီချိန်ကနေ ယနေ့ထိ ရခိုင်ပြည်နယ်က မွတ်စလင်လို့ပဲ ငါပြောတယ်။ ငါ့တိုင်းပြည် တည်ငြိမ်ပြီး တိုးတက်စေချင်တယ်။ ဒီမိုကရေစီစနစ် ရှင်သန်ချင်တယ်။ လူမျိုးတွေ ဘာတွေ ငါ့မှာ မရှိဘူး။ ဒါ ငါ တဦးတည်း လွတ်လပ်စွာ ရွေးချယ်မှု့။ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်မှာ ရှိတဲ့ ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့က ဓားသွားပေါ်မှာ လမ်းလျှောက်နေရသလိုပါပဲ။ သူမက လက်ရှိအစိုးရ ပူပူနွေးနွေး။ တိုငိးပြည်စီးပွားရေး ဖွံ့ဖြိုးရေးကိုသာ လုပ်ခွင့်ပေးပြီး တရားရေး ၊ စစ်ရေး ၊ အုပ်ချုပ်ရေးအကုန် စစ်တပ်က သူ့လူနဲ့ သူ နေရာယူထားပြီးသား။ ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး။ ဒီကြားထဲ ပြညိတွင်းမှာက အမျိုးသားရေး အစွန်းရောက်တွေက လူမျိုးရေး ဘာသာရေးနဲ့ ဒေါ်အောင်တန်းစုကြည်ကို အကြီးအကျယ် တ်ုက်ခိုက် ဖိအားတွေပေး ပုဂ္ဂိုလ်ရေးအရ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေချိန် ၊ နယ်စပ် ရခိုင်ပြည်နယ်မှာက ရခိုင်ဗုဒ္ဓနဲ့ ရိုဟင်ဂျာမွတ်စလင် လူမျိုးရေး ပြဿနာ အကြီးအကျယ်ဖြစ်နေချိန်။ တအားကြပ်တည်းတယ်ဗျာ။လူတွေကလည်း ပညာမတတ်တာများတယ်။ ဗဟုသုတနည်းကြတယ် အလုပ်အကိုင်ရှားပါးကြတယ်။ဝင်ငွေ မရှိကြဘူး။ ဘာသာရေး ဘုန်းကြီး ဗလီဆရာ ဒါတွေရဲ့ စကားတွေပဲ အယုံလွယ်ကြတယ်။ တိုးမပေါက်ဘူး။ အဲလိုပြဿနာဖြစ်ချိန် ဘယ်လိုဖြေရှင်းမလည်း? ဒေါ်အောင်ဆန်းစုကြည် ပါးစပ်ကနေ ရိုဟင်ဂျာဆိုတဲ့ နာမည် ယောင်လို့ ထွက်သွားရင်တောင် ပြဿနာ အကြီးကြီး။ အဲဒီချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်က မွတ်စလင်လို့ သုံးနှုန်းတာတောင် ပြည်ပမှာရှိတဲ့ NGO ရိုဟင်ဂျာတွေက ပြဿနာရှာ အမျိုးမျိုး ပုဂ္ဂိူလ်ရေးတိုက်ခိုက်ကြတယ်။ ပြစ်ပြစ်ခါခါ ဝေဖန်ကြတယ်။ သူတိုက NGOတွေလေဗျာ။ သူတို့နောက်မှာ NGOတွေလည်း အများကြီး... အဲလိုအဖက်ဖက်က ခက်ခဲနေချိန် ၊ ဓားသွားပေါ်က‌နေ လမ်းလျှောက်နေချိန် တိုင်းပြည်ဖွံ့ဖြိူးမှု့ကို ဘာမှ မလုပ်ရသေးတဲ့အချိန် ဦးစားပေးအနေနဲ့ ကုလသမဂ္ဂဟောင်း ကိုဖီအာနန်ကို ဖိတ်ခေါ်ပြီး ရခိုင် လူမျိုးရေး ပြဿနာဖြေရှင်းဖို့ ကိုဖီအာနန်ကော်မရှင်ကို ဖွဲ့စည်းပေးလိုက်တယ်။ အဓိက လူမျိုးရေးထက် နိုင်ငံသားဖြစ်ထိုက်သူ နိုင်ငဲသား ဖြစ်ပြီးသားသူ ဧည့်နိုင်ငံသား ဖြစ်ထိုက်သူအားလုဲးကို ဥပဒေဘောင်အတွင်းကနေ စီစစ်ဖြေရှင်းဖို့ အဓိကကြသော အရာက်ု ဦးစားပေးအနေနဲ့ ဖွဲ့စည်းလိုက်တယ်။ စီစစ်နေတဲ့အချိန်မှာ ယာယီမှတ်ပုံတင်ကဒ်ပြား ထုတ်ပေးသေးတယ်။ ထုတ်ပေးရတဲ့ ရည်ရွယ်ချက်ကလည်း နိုင်ငံအရေးအရ ထိုးနက်နေတဲ့ အမျိုးသားရေးသမားတွေရဲ့ ဖိအားတွေ လူမျိုးရေးပြဿနာတွေ ရခိုင်မှာ ရှိတဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေ စစ်တပ်ရဲ့ လှည့်ကွက်တွေ ဖိအားတွေ နိုင်ငံရေး ခြေထိုးမှု့တွေကို အကာအကွယ်ဖြစ်ဖို့ရယ် ဘာမသိ ညာမသိ သွေးဆူနေကြတဲ့ လူတွေရဲ့ စိတ်ကို ဖြောင်းဖြတာရယ်ကြောင့် ဥပဒေဘောင်အတွင်းကနေ‌ အချိန်ယူပြီး ဖြေးဖြေးချင်း သဟဇတဖြစ်အောင် သွေးအေးကုန်အောင် အစီအစဉ်တကျ ဖြေရှင်းကူညီပေးတယ်။ သေချာတာက .. နိုင်ငံသားဖြစ်ပြီးသားလူက နိူင်ငံသား ဖြစ်ကို ဖြစ်မှာပဲ။ ဧည့်နိုင်ငံသားဖြစ်ထိုက်သူ ဧည့်န်ုင်ငံသားဖြစ်ကို ဖြစ်မှာပဲ။ ရခိုင်ပြည်တွင်းမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာအများစုက လက်ခံကြတယ်။ အဓိက ပြဿနာမဖြစ်ရင်ပြီးရော။ အေးဆေး ပညာသင်နိုင်ဖို့ လွတ်လပ်စွာနေရဖို့ တန်းတူညီတူဖြစ်ဖို့ ဒါပဲ။ လက်မခံတာ ပြည်ပမှာ ရှိတဲ့ ရိုဟင်ဂျာလှုပ်ရှားသူတွေ လက်မခံကြဘူး။ ရိုဟင်ဂျာဆိုတာ တိုင်းရင်းသားဖြစ်ရမယ်။ တိုင်းရင်းသား မဟုတ်ရင် လက်မခံဘူး။ ဘာညာပေါ့ဗျာ....။သူတို့က န်ုင်ငံတကာမှာ NGOတွေနံ့ ချိတ်ဆက်ထားတော့ အင်အားကောင်းတယ်လေ။။ ငါမေးမယ်ဗျာ... အကိုတို့က မလေးရှားန်ုင်ငံသားဟုတ်။ ( ဟုတ်ပါတယ်) အာစလီလူမျိုးတွေနဲ့ မတူဘူးဟုတ်၊ ( ဟုတ်တယ်လေ ) အကိုတို့ အာစလီလူမျိုးဖြစ်လို့ရလား? ( မရပါဘူး ) အကိုတို့ကိုယ်တ်ုင်က ဘိုးဘင်ဘောင် အဆက်ဆက် ဒီမလေးရှားမှာနေကြတာ ( ဘူမိပူတရာ) ဖြစ်ခွင့်မရဘူးဆိုရင် အဲဒါပဲကြည့်လေ။ ဒါပေမယ့် အကိုတို့ ဒီနိုင်ငံမှာ ဥပဒေစိုးမိုးတော့ တရုတ်၊ မလေး၊ အိန္နိယ အကုန်တန်းတူ ခံစားခွင့် နေထိုင်ခွင့် ရကြတာပဲ မဟုတ်လား? Ya ya ya..betul betul. အဲလိုပြောနေရင်း နားထောင်ရင်း ... အိုကေ အိုကေ နောက်တခေါက်မှ ဆက်ပြောကြမယ်။ ကျနော်က ပါးစပ်ဟပြီး ခဏခဏ တမ်းနေတော့ အိပ်ငိုက်‌နေပြီဆိုပြီး အခြားစကားတွေပြောရင်း အဆုံးသတ်ကြတယ် ။ အဆုံးမသတ်ခင် သရဲအကြောင်း ပြောသေးတယ်။ သူတို့အုပ်စုထဲက တယောက် သရဲခြောက်ခံရတာ ပြောပြရင်း ကျနော်လည်း သရဲ မြင်ဖူးတယ်လို့ ပြောလိုက်တယ်။ ဘယ်လိုမြင်ဖူးလည်း ပြောပြလိုက်မယ်။ အဲဒါ နောက်ပိုစ်မှာ သရဲအကြောင်းပြောပြမယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ သဘာဝဘေးကြုံနေချိန် ရခိုင်လူထုနဲ့ ရိုဟင်ဂျာတွေ AA တပ်သားတွေ အတူတကွ ကယ်ဆယ်ရေးလုပ်နေကြ ကူနေကြ လှူနေကြ ထောက်ပံ့‌နေကြ ပုံတွေ ကျနော် ပြလိုက်တယ်။ ဒီနေ့လည်း Update ပုဲတွေ WhatsApp ကနေ ပို့ပေးလိုက်တယ်။
686
18
( ပြန်ဆက်မယ် ) မေး... ဒေါ်အောငိဆန်းစုကြည်အစိုးရဖြစ်တုန်းက မဖြေရှင်းပေးဘူးလား? သူကို ရခိုင်တွေရော လက်မခံဘူးလား? ရိုဟင်ဂျာတွေကရော မြန်မာနိင်ငံသား မဟုတ်ဘူးလား? ဖြေ.. အမှန်တိုင်းပြောရရင် ရခိုင်ပြည်နယ် ပြဿနာက ၂၀၁၀ မှာ ဒေါ်အောင်ဆန်းကြည်ကို အကျယ်ချုပ်ကနေ လွတ်ငြိမ်းချမ်းသာခွင့် မပေးခင်တည်းက စစ်တပ်အာဏာရှိနဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တွေက နိုင်ငံရေး ခြေထိုးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိူင်ငံတကာနဲ့ ပြည်တွင်း ပြည်သူလုထု ယုံကြည်မှု့ကို ထိုးချဖို့ အကွက်ဆင်ပြီးသား။ ဒါကြောင့်လည်း ၂၀၁၂ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါတီ အနိုင်ရလာတော့ ချက်ခြင်းဆိုသလို ရခိုင်ပြည်နယ် လူမျိုးရေးပြဿနာကိုဖန်တီးလိုက်တယ်။ အရင့်အရင်မှာလည်း ဒီဒေသတွေမှာ ပြဿနာ နည်းနည်းရှိတယ်။ နှစ်ပေါင်းကြာပါပြီ။ အဓိက နိုင်ငံသားဖြစ်ခွင့်ရပြီးသားလူတွေကို အာဏာပိုင်တွေက နိုင်ငံသား မပေးပဲ ကဒ်အဖြုတွေ ထုတ်ပြီး ( ယခု စစ်တပ်ဖွဲ့ထားတဲ့ ပါလီမန်မှာအကြီးဆုံးနေရာယူထားတဲ့ ခင်ရီ ပေါ့ ) သူပေါ့ ။ သူက ပြည်ခိုင်ဖြိုးက ။ စစ်တပ်ထဲမှာလည်း အရာရှိ။ ရဲချုပ်ဖြစ်ပြီး ပြီးမှ လဝက ‌ရာထူးကြီးကို ယူထားပြီး အကုန် ဥပဒေမဲ့ အကုန်ဖန်တီးထားတာ။ ငါ နင့်ကို ( ငါကလည်း မလေးလို အများကြီး မရှင်းပြတတ်ဘူး ၊ မလေးလို နားလည်သလို ငါပြောမယ်၊ မင်းလည်း နားလည်မှာပါ ) မလေးရှားမှာလည်း နယ်စပ်ပြဿနာရှိတယ် ။ ဒါက နိုင်ငံတိုင်းမှာပါ။ ထိုင်းမှာကြည့်မလား အမေရိကန်မှာ ကြည့်မလား၊ အံမှာက လူမျိူတူတွေများတယ်။။နှစ်ဖက် နယ်စပ် ဆွေမျိုးတွေလည်း ရှိမယ်။ ၂နိုင်ငံ ကဒ်ပြားကိုင်ထားတဲ့ လူတွေလညိး ရှိမယ်။ နိူင်ငံသားတွေလည်း ရှိပါတယ်။ ပြဿနာက ဥပဒေတိုငိး အာဏာပိုင်တွေက မဆောင်ရွက်ဘူး။ လဒ်စားတယ်။ နိုငိငံသားဖြစ်ပြီးသား နိူင်ငံသားဖြစ်ခွင့်ရသူတွေ နိူင်ငံသားမပေးဘူး။ တချို့ကြ အကြောင်းအမျိုးမျိုးပြပြီး နိူင်ငံသားကနေ ကဒ်အဖြုတွေထုတ်ပေးလိုက်တယ်။ ဘင်္ဂလားဒေရှ်နိုင်ငံသားတွေကိုလည်း လဒ်စားပြီး ကဒိအဖြူတွေထုတ်ပေးတယ်။ လူတွေက ရခိုင်ကိုပဲ အာရုံစိုက်နေကြတာပါ။ ပြဿနာက အသိပညာနည်းကြတယ်။ ဗဟုသုတနည်းတယ်။ ဆင်းရဲမွဲတေပြဿနာဖြစ်တယ်။ အလုပ်ရှားပါးပြီး ဝင်ငွေနည်းလာတော့ တဖက်က မက်လုံးတွေပေးပြီး စည်းရုံးထားတာတွေ ရှိတယ်။ ဒါတွေက တချိန်မှာ ကြီးကြီးမားမားဖြစ်လာမယ့် ပြဿနာတွေ။ ( ဒီထက်အက ငါပြောချင်ပေမယ့် ဒီလောက်ဆို သဘောပေါက်မယ်ထင်တယ် ) မြန်မာပြည်တွင်းထဲမှာ ပေါက်စီတွေကို ငွေကြေးတွေအများကြီးယူပြီး နိူင်ငံသားကဒ်ထုတ်ပေးတာတွေ မွေးစာရင်းထုတ်ပေးတာတွေ အများကြီးမှ အများကြီး။ ဒါကို လူတွေ စိတ်မဝင်စားဘူး။ ယခင်က မင်းတို့နိုင်ငံသတင်းမှာ ခဏခဏ ငါကြားရတယ်။ မြန်မာပါစ်ပို့ကိုင်ထားပြီး ဩစီတို့ နော်ဝေ၊ ဂျာမနီ၊ အမေရိကန် ထွက်ဖို့ ကြိုးစားကြတဲ့ တရုတ်နိုင်ငံသားတွေ လေယာဉ်ကွင်းမှာ မိလို့ သတင်းထုတ်ပြန်တာ။ အဲဒီပြဿနာ ထိုင်းမှာ ပိုများတယ်။ ဟုတ်တယ် ဟုတ်လား? ငါက သတင်းဖတ်တဲ့ လူဆိုတော့ ဒီဟာတွေ မမေ့ဘူး ဒါတွေဟာ ဒိလူတွေပဲ ငွေကြေးတွေယူပြီး လုပ်ပေးထားတာပါ။။ ထားပါ.... ၂၀၁၂မှာ ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရတော့ ရခိုင်မှာလည်း ပြဿနာအကြီးကြီးထဖြစ်တယ်။ ရခိုင်နဲ့ ပြည်တွင်းထဲမှာရော မြန်မာစစ်တပ်က အမျိုးသားရေး အဖွဲ့ကို ကြိုတင်ဖွဲ့ပြီးသား။ လူကြီးမင်းတို့လည်းသိမှာပါ။ အမျိုးသားရေးဘုန်းကြီး ဝီရသူ။ ( အာဏာပိုင်က yg Sami tu, bota bota. sy tahu, sy tahu ) သူတို့သိတယ် ပြောတယ်။ အေးး.. သူတို့တွေနဲ့ အသုံးချပြီး ပြဿနာအကြီးကြီးလုပ် ဒေါ်အောင်ဆန်းစုကြည်ကို ဆွဲထုတ်ပြီး သွင်သွင်ကျယ်ကျယ် အော်တော့တာပဲ။ နိုဘယ်ဆုရှင် ဘာဖစ်ညာဖစ်။ လူထုထဲက တချို့တွေလည်း အထောက်အပံ့ရ အလုပ်အကိုင်မရှိတဲ့ သူတွေဆိုတော့ အဲမှာ သံယောင်လိုက်ပြီး ရိုဟင်ဂျာအရေး ဗုံးတလုံးလို ပေါက်ကွဲတော့တာပဲ။ ဒီပြဿနာကို လာမယ့် ၂၀၁၅ တနိူင်ငံလုံးအတိုင်းအတာနဲ့ ကျင်းပမယ့် ရွေးကောက်ပွဲထိ မီးမွှေးထားတယ်။ ထားပါ ....၂၀၁၅ ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရတယ် ဆိုပါတော့။ အစိုးရဖွဲ့တယ်။ အစိုးရဖြစ်တယ်။ အစိုးရဖြစ်တာနဲ့ ချက်ခြင်းပဲ လူမျိုးရေး ဘာသာရေး ပြဿနာကိုဖန်တီးလိုက်တယ်။ ကံဆိုးတဲ့အထဲ ‌ကံကောင်းသွားတာက ပြည်မမှာရှိတဲ့ ဗုဒ္ဓဘာသာအများစုက သဘောပေါက်တော့ သူတို့တွေ အများကြီး အကာအကွယ်ပြုထားတယ်။ ပြဿနာက အာဏာပြန်သ်မ်းမလိုလို အစိုးရကိုပဲ ပြန်ဖြုတ်ချမလိုလို စိုးရိမ်စိတ်တွေနဲ့ ပြည်သူက ဝင်မပါဘူး။ ဖြစ်နေတဲ့ ပြဿနာကို အစိုးရနဲ့အတူတူ ဝိုင်းဝန်းထိန်းသိမ်းပေးကြတယ်။ မွတ်စလင်နဲ့ ဗုဒ္ဓ အတူယှဉ်မှု့ အကူအညီပေးမှု့ အကာအကွယ်ပေးမှု့တွေ ရှိလာသလို ဗုဒ္ဓဘာသာဘုန်းကြီး အများစုကလည်း အကာအကွယ်ပေးကြ မေတ္တာရပ်ခံကြ ထိန်းသိမ်းကြပေါ့ဗျာ။ ပြည်တွင်းမှာ အရှိန်က လျော့လာပြီး နောက်ဆုံး ဒီပြဿနာက ရခိုင်ဘက်ကို ပြန်လှည့်သွားတာပဲ။ ဒေါ်အောင်ဆန်းစုကြညိ မကူညီဘူးလားဆိုတဲ့ မေးခွန်း ကျနော်ပြောပြမယ်။ ငါ့ အ‌ဖြေကို ငါအာမခံတယ်။
721
19
ငွေရှိတယ်။၊ လုပ်ပိုင်ခွင့်ရှိတယ်။ လက်နက်ရှိတယိ။ ပြည်သူတချို့ကို လုပ်ပိုင်ခွင့်နဲ့ မက်လုံးတွေပေးပြီး စည်းရုံးထားတယ်။ ဒီလူတွေကို ထောက်ပံ့ပြီး ပြဿနာကို ဖန်တီးနေတာပါ။ မေး... ဒေါ်အောငိဆန်းစုကြည်အစိုးရဖြစ်တုန်းက မဖြေရှင်းပေးဘူးလား? သူကို ရခိုင်တွေရော လက်မခံဘူးလား? ရိုဟင်ဂျာတွေကရော မြန်မာနိင်ငံသား မဟုတ်ဘူးလား? ခဏနားပြီးမှ ဆက်ရေးမယ်။ ၁၇.၇.၂၀၂၆ မရှိခဏ မုဆိုး
777
20
ညက ကျနော့အိမ်ကို မလေးရှား အာ‌ဏာပိုင်တွေလာတယ်။ ည ၁၂ခွဲလောက်မှ ပြန်သွားတယ်။ လာတွေ့ရတဲ့ အဓိက အကြောင်းအရင်းက ကျားဖျန့်ကိစ္စရယ် ၊ Tiktok နဲ့ FB page တွေမှာ မလေးရှား ငွေအတု ရောင်းနေကြတဲ့ ကိစ္စရယ် ၊ ကျားဖျန့်မှာ မလေးလူမျိုးတချို့ ရောင်းစားခံရတဲ့ ကိစ္စ၊ ကျားဖျန့်ကို အဓိက ဘယ်သူတွေ ပါဝင်ပတ်သက်နေကြလည်းဆိုတာကအစ လာမေးတယ်။ ကျနော့စီလာဖို့လည်း အရင်ဆုံး ဖုန်းဆက် ဆက်သွယ်တာပါ။ ကျနော်ပဲ လက်ခံတွေ့လိုက်တယ်။ တွေ့ဖို့က အိမ်အောက်မှာ ထိုင်နေကြရင်း ကျနော်ပဲ အိမ်ခေ‌ါ်တင်လိုက်တယ်။။ဘာမှတော့ မဧည့်ခံလိုက်ရပါဘူး။ ဂျိုဟိုးကနေ ကိုမင်းထက်အာဏာ လက်ဆောင်ပေးထားတဲ့ သီဟိုစေ့ဖူးလေး ချပေးလိုက်တယ်။ ခုံပေါ်မှာ တယောက်မှ မထိုင်ဘူး။ အောက်မှာပဲ ထိုင်နေကြတယ်။ သူတို့အုပ်စုထဲမှာ အိန္နိယ အရာရှိတယောက်ပါတယ်။ အိမ်မှာ ချိတ်ထားတဲ့ အမေစု ပန်းချီကားတွေ တွေ့တော့ အမေ့ပုံကို လက်အုပ်ချီတယ်။ ( ငါ့မိန်းမ သူမကို အမေလို ချစ်တာတဲ့၊ သူမ မျက်ဝန်းက မိခင်တယောက်လို မျက်ဝန်း၊ အသက်က ၈၁နှစ်တောင် ရှိသွားပြီ၊ အရွယ်အားဖြစ် အိုနေပြီ၊ မြန်မာစစ်တပ်က ရက်စက်တယ်) ဆိုပြီး ပြောပြတယ်။ အဲဒီကနေ စကားဆက်တော့ ... အမေစု အကြောင်း အစချီလိုက်တယ်။ ( အောင်ဆန်းစုကြည် ) သူတို့ အခခေါ်ပေါ့ဗျာ.. ဘာအမှု့နဲ့ ဖမ်းလိုက်တာလည်း မေးတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ဒေ့ါ်အောင်ဆန်းစုကြည် ပါတီက မဲ အပြတ်အသတ်နိုင်တယ်။ ၉၂% လောက်န်ုင်တယ်။ စစ်တပ်က အတိအမှတ်မပြုပဲ အာဏာကို လုလိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်က်ုယ်စားလှယ်အများကြီးကို ဖမ်းလိုက်တယ်။။ မင်းအောငါလှိုင်က သမ္မတဖြစ်ချင်နေတာ။ ဖြစ်ခွင့်မရလို့ လူမိုက်ဆန်ဆန် ဖမ်းပြီး ထောင်ချတာပဲ။ ၁၉၉၂ တုန်းကလည်း ရွေးကောက်ပွဲပြိုင်တာ အနိုင်ရသေးတယ်။ အဲတုန်းကလည်း သူမ အနိုင်ရတာ အာဏာမလွှဲပေးပဲ ယခုလိုပဲ ဖမ်းပြီး ထောင်ချလိုက်တာ ၂၈နှစ်ကြာသွားတယ်။ ပြီးတော့ ၂၀၁၀မှာ လွှတ်ပေးတယ်။၂၀၁၂မှာ ကြားဖြတ် ရွေးကောက်ပွဲကျင်းပတော့ သူမနိုင်တယ်။လွှတ်တော်မှာ နေရာရလာတယ်။။၂၀၁၅တခါပြိုင်တယ်။ ၈၅% လောက်န်ုင်တယ်။ အစ်ုးရဖြစ်တယ်။ သူမ လက်ထက်မှာ ၅နှစ်ဆိုတဲ့ အချိန်တိုတွင်း မြန်မာပြည် အများကြီးတိုးတတ်သွားတယ်။ အခုလည်း ဒီတိုင်းပါပဲ။ အာဏာလုတယ်။ သူမကို ထောင်ချလိုက်တယ်။ ဒီကောင်တွေ လူလိမ် လူယုတ်မာတွေပါ။ ငွေတု ကိစ္စမေးတယ်.. အွန်လိုင်းမှာ မြန်မာတချို့က မလေးရှားငွေတုတွေ ရောင်းနေတယ်။ အဲဒီငွေတုတွေ ဘယ်မှာထုတ်လည်း သိန်ုင်လား ဘယ်သူတွေ ထုတ်တာလည်း အစရှိသဖြင့် မေးတယ်။ ကျနော်လည်း သိသလောက်ပြောလိုက်တယ်။ မလေးရှားငွေတုတွေကို ကျနော်တို့ မြန်မာပြည်ကနေလည်း ထုတ်တယ်။ အဓိက ကရင်ပြည်နယ် ............။ ကျားဖြန့်ရှိတဲ့နေရာ၊ ပေါက်စီ လုပ်ငန်းရှင်တွေ မင်းအောင်လှိုင်စစ်တပ် ၊ BGF ခေါင်းဆောင် ဗိုလ်ချစ်သူ၊ နယ်ခြားစောင့်တပ် PC သူတို‌့တွေပဲ ထုတ်တာ။ သတင်းမီဒီယာတွေမှာ အများကြီးဖတ်ရှု့လေ့လာလို့ရတယ်။ မင်း နိုင်ငဲသားတွေလည်း ရောင်းစားခံရတာရှိတယ်။ သူတို့က ဘယ်လ်ုခိုင်းတာလည်း မေးတော့ .. သူတို့စီရောက်သွားရင် ရိုက်တယ်။ နှိပ်စက်တယ်။ ခြိန်းခြောက်တယ်။ ပြီးရင် အွန်လိုင်းကနေ မင်းတို့နိုင်ငံသားတွေကို ပြစ်မှတ်ထားပြီး ငွေလိမ်ခိုင်းတယ်။ အဓိက တရုတ်နဲ့ မြန်မာ့မြေပေါ်မှာ လုပ်ခွင့် ခြေချခွင့်ပေးထားတဲ့ မြ့န်မာစစ်တပ်တွေက အဓိကပါလို့ .... စကားတွေတော့ အရှည်ကြီးပေါ့ဗျာ.. ဟိုမေး ဒီမေး ဟိုဖြေ ဒီဖြေနဲ့ ရခိုင်အကြောင်း ရောက်သွားတယ်။ ရခိုင်လူမျိုးတွေရဲ့ အကြောင်း၊ ရိုဟင်ဂျာ အကြောင်း.... ရခိုင်တွေက ဘယ်ဘာသာကို ကိုးကွယ်ကြလည်း မေးတယ်။ ရိုဟင်ဂျာနဲ့က ဘယ်လ်ုပတ်သက်လည်းပေါ့။ ‌ဖြေ.. ရခိုင်တိုင်းရင်သားတွေက ဗုဒ္ဓဘာသာကိုးကွယိကြတယ်။ ရခိုင်ပြည်နယ်မှာ ရခိုင်ဗုဒ္ဓလည်းရှိတယ် ၊ ရိုဟင်ဂျာလည်းရှိတယ် ၊ ရိုဟင်ဂျာတွေအများစုက ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာ နေတာ များတယ်။ နတ်ကိုးကွယ်သူတွေလည်းရှိတယ် ၊ ဟိန္နိုဘာသာဝင်တွေလည်းရှိတယ်။ ချင်းလူမျိုးတွေလည်း ရှိတယ်။ မေး.. ရခိုင်နဲ့ ရိုဟင်ဂျာ ဘာလို့မတည့်တာလည်း? ဘာဖြစ်တာလည်း? ဖြေ.. ဘာမဖြစ်ပါဘူး။ ရခိုင်နဲ့ ရိုဟင်ဂျာ တည့်ပါတယ်။ သူတို့တွေ မတုညီတာရော တူညီ‌တာရော ယဉ်ကျေးမှု့နှစ်ခုကြား ကွဲပြားတဲ့ လူမျိုးစုတွေကြားမှာ အတူတူနေထိုင်နေကြတာ ကြာပြီ။ ပြဿနာကတော့ ဘယ်နိုင်ငံ ဘယ်လူမျိုးမှာဖြစ်ဖြစ် လူမှု့ရေးပြဿနာတော့ ရှိကြပါတယ်။ မင်းတို့န်ုင်ငံမှာလည်း ရှိတာပဲလေ.....။ အဲဒါတွေက အသေးအဖွဲတွေ။ ဥပဒေစိုးမိုးမှု့ရှိရင် ‌ဖြေရှင်းလို့ရတဲ့ ကိစ္စ။ အဓိက ပြဿနာကို ဖန်တီးတာက ခေတ်အဆက်ဆက် မြန်မာစစ်တပ်တွေပါ။ နိုင်ငံရေးအရ ဖန်တီးထားတဲ့ ရခိုင်နဲ့ ရိုဟင်ဂျာ လူမျိုးရေးပြဿနာပါ။ ဒါတွေက နိင်ငံရေးမှာ အာဏာနဲ့ ဩဇာတည်ဆောက်ဖို့ ဖန်တီးထားတာတွေပါ။ အားနည်းချက်က အဲဒီဒေသတွေမှာ ပညာရေး မဖွံ့ဖြိုးတော့ မှိုင်းမိကြတာပေါ့။ သူတို့အချင်းချင်းမှာ ပြဿနာ ဘာမရှိဘူး။ ပြဿနာရှိအောင် လုပ်ထားတာက မြန်မာအာဏာပိုင်တွေနဲ့ ပြညိခိုင်ဖြိုးပါတီ၊ ပြည်ခိုင်ဖြိုးပါတီဆိုတာက နိုင်ငံရေးမှာ အာဏာရဖို့ ဝင်ပြိုင်နေတဲ့ စစ်တပ်ရဲ့ ကြောထောက်နောက်ခံ ပါတီ၊ အကုန်နီးပါး စစ်တပ်က ကောင်တွေ။ တဦးချင်းမျက်နှာကိုကြည့်လိုက်ရင် ကျက်သရေကို မရှိဘူး။ ဒီအဖွဲ့အစည်းတွေက ပြဿနာကို ဖန်တီးတာပါ။ သူတို့မှာက
858