4 835
Подписчики
+424 часа
+37 дней
-3530 дней
Архив постов
Repost from Thai Series Fan
ဇာတ်လမ်းအကျဉ်း
အဖိုးတန် အမွေအနှစ်တွေကို
မက်မောပြီး ဝေးလံခေါင်ဖျားတဲ့
စံအိမ်ကြီးတစ်ခုဆီ စုရုံးရောက်ရှိ
လာကြတဲ့ မိသားစုဝင်တွေ...
အားလုံးက တစ်ယောက်ကို
တစ်ယောက် အပေါ်ယံ ဟန်ဆောင်
ပြုံးပြနေကြပေမယ့် ရင်ဘတ်ထဲမှာတော့
အမွေတွေကို တစ်ဦးတည်း
လက်ဝါးကြီးအုပ် သိမ်းပိုက်ချင်တဲ့
လောဘတွေနဲ့ ပြည့်နှက်နေကြပါတယ်။
ဒါပေမယ့်... သူတို့ မသိခဲ့တာက
ဒီအမွေလုပွဲဟာ သွေးချောင်းစီးမယ့်
ကစားပွဲကြီးတစ်ခုရဲ့ အစပျိုးမှုဆိုတာပါပဲ
မိသားစုတွင်း မနာလိုမှုတွေ
အားပြိုင်မှုတွေ မြင့်တက်နေချိန်မှာပဲ
သူတို့ကြားထဲမှာ ဘယ်သူဘယ်ဝါမှန်း
မသိရတဲ့ လူသတ်သမား ရောက်ရှိနေပြီး
တစ်ယောက်ပြီးတစ်ယောက်
ရက်ရက်စက်စက် အသတ်ခံ
လာရချိန်မှာတော့...
ဒီအမွေသိုက်နောက်ကွယ်က
လျှို့ဝှက်ချက်တွေက ဘာတွေလဲ?
လူသတ်သမားကရော ဘယ်သူ
ဖြစ်မလဲ? အသက်ရှင်ကျန်ရစ်ပြီး
အမွေတွေကို ရယူသွားမယ့်သူကရော
ဘယ်သူဖြစ်လာမလဲ?
အပိုင်းတိုင်းမှာ မထင်မှတ်ထားတဲ့
Plot Twist တွေနဲ့ ရင်တမမ ကြည့်ရှု
ရမယ့်အပြင် အမိုက်စား thriller
series ပဲဖြစ်ပါတယ်
Thai Series Fan (TSF) မှ
ဘာသာပြန်တင်ဆက်သည်။
Repost from Thai Series Fan
ဇာတ်လမ်းအကျဉ်း
ရာဝီနဲ့ ဖာကွန်တို့ဟာ သွေးသား
အရင်းအချာတွေလို ချစ်ခင်စွာ
ကြီးပြင်းလာခဲ့ကြတဲ့ ညီအစ်ကိုတွေပါ။
ဒါပေမယ့် သူတို့နှစ်ဦးစလုံး
တပြိုင်နက်တည်း ချစ်မိသွားမယ့်
ဆွဲဆောင်မှုအပြည့်နဲ့ မိန်းကလေး
အာလိဆာ သူတို့ဘဝထဲ
ဝင်ရောက်လာတဲ့အခါမှာတော့
ခိုင်မာလှတဲ့ သံယောဇဉ်ကြိုးတွေ
စတင် ယိုင်နဲ့လာပါတော့တယ်။
ရှုပ်ထွေးလှတဲ့ အချစ်တြိဂံ
ဇာတ်လမ်းကြားမှာ အားပြိုင်နေရင်း
ဖာကွန်ဟာ ရုတ်တရက် အပြင်းအထန်
နာမကျန်း ဖြစ်သွားခဲ့ပါတယ်။
ဒီအချိန်မှာပဲ ရာဝီက သူဟာ
ကြီးမားလှတဲ့ စည်းစိမ်ဥစ္စာတွေရဲ့
တရားဝင် အမွေဆက်ခံသူဖြစ်ကြောင်း
သိလိုက်ရပါတယ်။
ချစ်ရတဲ့ ညီဖြစ်သူရဲ့အသက်ကို
ကယ်တင်ဖို့အတွက် ရာဝီက သူ့ရဲ့
အရာအားလုံးကို စွန့်လွှတ်ဖို့
ဆုံးဖြတ်လိုက်ပါတယ်။
ရာဝီကတော့ ဒီစွန့်လွှတ်မှုဟာ
ပြဿနာအားလုံးရဲ့ ပျော်ရွှင်ဖွယ်
အဆုံးသတ်လို့ ထင်မှတ်ခဲ့တာပါ။
တကယ်တမ်းမှာတော့ ဒါဟာ
သူတို့သုံးယောက်လုံးရဲ့ ဘဝကို
ထာဝရပြောင်းလဲသွားစေမယ့်
အစသာဖြစ်နေတဲ့အခါ...
Thai Series Fan (TSF) မှ
ဘာသာပြန်တင်ဆက်သည်။
