cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

MeKong News - မဲခေါင်သတင်း

ရှမ်းအရှေ့ အခြေစိုက် မဲခေါင်သတင်းဌာန၏ Telegram Channel

Больше
Рекламные посты
15 717
Подписчики
+3524 часа
+2157 дней
+92330 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

ဧရာဝတီမြစ်ဖျားပိုင်း မိုးအဆက်မပြတ်ရွာတာကြောင့် မြစ်ကြီးနားမြို့ ရေကြီးပြီး စိုးရိမ်ရေမှတ် ဖြစ်နေ မဲခေါင်၊ ဇူလိုင် ၁ ကချင်ပြည်၊ မြစ်ကြီးနားမြို့မှာ မနေ့ ည ၁၂ နာရီဝန်းကျင်လောက်ကစပြီး ရေအဆမတန် မြင့်တက်လာတာကြောင့် လက်ရှိမှာ စိုးရိမ်ရေမှတ် ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
Показать все...
😢 5👍 3
Фото недоступноПоказать в Telegram
ကျောက်မဲမှာတိုက်ပွဲကြောင့် ကားလက်မှတ်တွေ ၃ သိန်းခွဲထိ မြင့်တက် မဲခေါင်၊ ဇူလိုင် ၁ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ တိုက်ပွဲဖြစ်လို့ ဒေသခံတွေဟာ တစ်ခြားမြို့နယ်တွေမှာ ထွက်ပြေးတိမ်းရှောင်တာ‌ကြောင့် ကားလက်မှတ်တွေလည်း ၃ သိန်းခွဲထိ မြင့်တက်သွားခဲ့ပါတယ်။
Показать все...
😢 5👍 2
Фото недоступноПоказать в Telegram
ကျောက်မဲကို ညလုံးပေါက် လေယာဉ်ဗုံးကြဲနေလို့ နေအိမ် ၁၅ လုံးအထက် မီးလောင်ပျက်စီး မဲခေါင်၊ ဇူလိုင် ၁ ရှမ်းမြောက်၊ ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီက ညလုံးပေါက်နီးပါး လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးကြဲလို့ ဟိုတယ် ၁ လုံးအပါ နေအိမ် ၁၅ လုံးမက မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Показать все...
🤬 22 3👍 1👎 1
Фото недоступноПоказать в Telegram
ပင်လောင်းနယ် ဆောင်းပြောင်းမှာ ဘုန်းကြီးကျောင်းထဲ ဒရုန်းဗုံးကျလို့ ဒေသခံ ၃ ဦး ဒဏ်ရာရ မဲခေါင်၊ ဇူလိုင် ၁ စစ်ကောင်စီ၊ PNO နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ဇွန်လ ၃၀ ရက်နေ့ မနက် ၇ နာရီခန့်မှာ ပြန်လည်ဖြစ်ပွားလာတဲ့ တိုက်ပွဲအတွင်း ဆောင်းပြောင်းဘုန်းကြီးကျောင်းအတွင်း ကလေးငယ်များအပါအဝင် ဒေသခံ ၃၀၀ ခန့် ခိုလှုံနေရာမှာ ဒရုန်းဗုံးကျလို့ ဒေသခံ ၃ ဦး ပြင်းထန်ဒဏ်ရာတွေ ရရှိနေတယ်လို့ သိရပါတယ်။
Показать все...
👍 8😢 2
Фото недоступноПоказать в Telegram
MEKONG NEWS : CARTOON
Показать все...
👍 23😁 12
ဆိတ်သားရေနဲ့ဖုံးတဲ့ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး (ဘာသာပြန်ဆောင်းပါး) ဇွန် ၂၆ ရက်နေ့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ရာပြည့်ရဲ့ ထုတ်ပြန်ချက်ကို မြန်မာ့အလင်း သတင်း စာကနေ ထုတ်ပြန်သွားတယ်။ ဒီထုတ်ပြန်ချက်မှာ ဘိန်းထုတ်လုပ်မှုနဲ့ ဓာတုမူးယစ်ဆေးဝါးထုတ်လုပ်မှု နှစ်မျိုးကို တိုက်ဖျက်နိုင်ဖို့ စိန်ခေါ်မှုတွေ ရှိနေတဲ့အကြောင်း၊ ဒါပေမဲ့ ဒီမူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ရောင်းဝယ်ဖြန့်ဖြူးမှုတွေ ကို ဘယ်လိုတိုက်ဖျက်ဖို့လုပ်ဆောင်နေကြောင်း၊ နည်းလမ်းအမျိုးမျိုးနဲ့တိုက်ဖျက်နေကြောင်း အသေးစိတ်ကိုပါ သတင်းစာမှာ ဖော်ပြသွားခဲ့တယ်။ https://mekongnewsmm.com/%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%ab%e1%80%b8/%e1%80%86%e1%80%ad%e1%80%90%e1%80%ba%e1%80%9e%e1%80%ac%e1%80%b8%e1%80%9b%e1%80%b1%e1%80%94%e1%80%b2%e1%80%b7%e1%80%96%e1%80%af%e1%80%b6%e1%80%b8%e1%80%90%e1%80%b2%e1%80%b7-%e1%80%85%e1%80%85%e1%80%ba/
Показать все...
ဆိတ်သားရေနဲ့ဖုံးတဲ့ စစ်ကောင်စီရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး — Mekong News Myanmar

ဇွန် ၂၆ ရက်နေ့က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်တာကြောင့် စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ရာပြည့်ရဲ့ ထုတ်ပြန်ချက်ကို မြန်မာ့အလင်း သတင်း စာကနေ ထုတ်ပြန်သွားတယ်။

👍 26😁 6
ဖယ်ခုံ ၁၀၀၆ တပ်ရင်း စစ်ကောင်စီဒရုန်း ၁ စင်းကို ပစ်ချနိုင် မဲခေါင်၊ ဇွန် ၃၀ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ၊ မိုးဗြဲဘက်မှာ တော်လှန်ရေးတိုက်ပွဲဝင်နေတဲ့ ဖယ်ခုံမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်၊ ၁၀၀၆ တပ်ရင်း Battlion 1006 Pekhon-PDF က စစ်ကောင်စီရဲ့ ဒရုန်း ၁စင်းကို အောင်မြင်စွာ ပစ်ချလိုက်တယ်လို့ ဒီနေ့ ဇွန် ၃၀ရက်မှာ ကြေညာပါတယ်။
Показать все...
👍 42👏 20 1
Фото недоступноПоказать в Telegram
အောင်ပန်းမှာ လူသတ်လုယက်မှု ဖြစ်ပွား မဲခေါင်၊ ဇွန် ၃၀ ရှမ်းတောင်၊ အောင်ပန်း-ပင်းတယ သွားလမ်းဘက်က ခြံတခြံမှာ ခြံစောင့်ကိုသတ်ပြီး အိမ်တွင်းလုယက်မှု ၁ ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Показать все...
🤬 29👍 2😢 1
တာချီလိတ်က တရုတ်ငွေလိမ်ဂိုဏ်းဖမ်းမိတဲ့ ချဲထီဒိုင်ချုပ်အိမ်ကို စစ်ကောင်စီ ဖြိုချ မဲခေါင်၊ ဇွန် ၃၀ တာချီလိတ်မြို့နယ်၊ မဲခေါင်ရပ်ကွက် ခရိုင်ရဲတပ်ဖွဲ့ရုံးအနီးက တရုတ်ငွေလိမ်ဂိုဏ်းသား ၈၀ ကျော်ဖမ်းဆီးမိတဲ့ နေအိမ်ကို စစ်ကောင်စီဘက်က ဖြိုချဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Показать все...
👍 30😁 5
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၅ ရက်အတွင်း လက်နက်ချ ၅၃ ဦးနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသလို ပြည်သူ ၂၀ ကျော်သေဆုံး မဲခေါင်၊ ဇွန် ၃၀ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ကာလ ၅ ရက်အတွင်း စစ်ကောင်စီဘက်မှ လက်နက်ချသူ ၅၃ ဦးနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသလို ပြည်သူ ၂၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
Показать все...
👍 42
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.