Myanmar National Post
သတင်း၊ ဆောင်းပါးများ ဆက်သွယ်ပေးပို့လိုပါက Viber Ph : 09692366274 Email : mmnationalpost@gmail.com
Больше📈 Аналитический обзор Telegram-канала Myanmar National Post
Канал Myanmar National Post (@myanmarnationalpost) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 24 207 подписчиков, занимая 9 861 место в категории Новости и СМИ и 5 916 место в регионе Мьянма.
📊 Показатели аудитории и динамика
С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 24 207 подписчиков.
Согласно последним данным от 09 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -457, а за последние 24 часа — -9, при этом общий охват остаётся высоким.
- Статус верификации: Не верифицирован
- Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 4.08%. В первые 24 часа после публикации контент обычно набирает 3.50% реакций от общего числа подписчиков.
- Охват публикаций: В среднем каждый пост получает 989 просмотров. В течение первых суток публикация набирает 847 просмотров.
- Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 29.
📝 Описание и контентная политика
Автор описывает ресурс как площадку для выражения субъективного мнения:
“သတင်း၊ ဆောင်းပါးများ
ဆက်သွယ်ပေးပို့လိုပါက
Viber Ph : 09692366274
Email : mmnationalpost@gmail.com”
Благодаря высокой частоте обновлений (последние данные получены 10 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Новости и СМИ.
Загрузка данных...
| Дата | Привлечение подписчиков | Упоминания | Каналы | |
| 10 сентября | 0 | |||
| 09 сентября | +2 | |||
| 08 сентября | 0 | |||
| 07 сентября | 0 | |||
| 06 сентября | 0 | |||
| 05 сентября | 0 | |||
| 04 сентября | +1 | |||
| 03 сентября | +2 | |||
| 02 сентября | 0 | |||
| 01 сентября | +1 |
| 2 | အမေရိကန်က အီရန်ရေနံတင်သင်္ဘောတွေကို တစ်စီးပြီး တစ်စီး ဖျက်ဆီးပစ်နေ
စက်တင်ဘာ - ၁၀ ( ကြာသပတေးနေ့ )
ဝါရှင်တန်နဲ့ တီဟီရန်တို့က ဟော်မုဇ် ရေလက်ကြား တဝိုက်မှာ ကုန်တင်သင်္ဘောတွေနဲ့ စစ်သင်္ဘောတွေကို အပြန်အလှန် တိုက်ခိုက်နေကြစဉ်အတွင်း အမေရိကန်အနေနဲ့ အီရန် ရေနံတင်သင်္ဘော "၉ စီးနီးပါး" ကို ဖျက်ဆီးခဲ့ပြီးပြီဖြစ်သလို "နောက်ထပ် အများကြီး" ကိုလည်း ဆက်လက်တိုက်ခိုက်သွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။
အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ဘက်က အမေရိကန် စစ်သင်္ဘောတွေကို ဘာလစ်စတစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲပြီးတဲ့နောက်၊ အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) ကလည်း မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးနှစ်ခုမှာ အီရန်ရဲ့ ရေနံစိမ်းတင် သင်္ဘော ၈ စီး (စက်တင်ဘာ ၅ ရက်နေ့မှာ ၃ စီးနဲ့ အင်္ဂါနေ့မှာ ၅ စီး) ကို ဖျက်ဆီးခဲ့တယ်လို့ လူသိရှင်ကြား အတည်ပြုခဲ့ပါတယ်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2026/09/blog-post_785.html | 126 |
| 3 | သူပြောတာ ပြည့်စုံပါတယ်
ရခိုင်ပြည် ငြိမ်းချမ်းရေး AA အကြမ်းဖက် နှိမ်နင်းပေး
#News #Myanmar | 697 |
| 4 | မိုးကောင်းမြို့နှင့် ဟိုပင်မြို့ရှိ ဒေသခံပြည်သူများအား ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး
မိုးညှင်း၊ စက်တင်ဘာ ၁၀
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသတွင်းရှိပြည်သူများ နည်ပညာဆိုင်ရာသိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတပိုမိုသိရှိနားလည်စေရေး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီတို့က ရပ်ကွက်/ကျေးရွာအဆင့်အထိ ပြည်သူလူထုနှင့်တွေ့ဆုံဆွေးနွေးပွဲများကို အဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ (၇)ရက်က မိုးညှင်းခရိုင် မိုးကောင်းမြို့နှင့် ဟိုပင်မြို့တို့တွင် ဆောင်ရွက်သည်။
မွန်းလွဲ(၁)နာရီတွင် ဟိုပင်မြို့ မြို့တော်ခန်းမ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်အောင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံကော်မတီအဖွဲ့ဝင် ပညာရှင်များက ဒေသခံပြည်သူများ၏ မေးမြန်းဆွေးနွေးတင်ပြမှုများအပေါ် သိသင့်သိထိုက်သည့်နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင် တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ်မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကွာခြားသည့် နှိုင်းယှဉ်ဖော်ပြချက်များ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးသည်။
နံနက်ပိုင်းကလည်း မိုးကောင်းမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး မြစ်ဆုံစီမံကိန်းအပေါ် သဘာဝဘေးအန္တရာယ်ကျရောက်ပါက မည်သို့စီမံထားသည်နှင့် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဧရာဝတီမြစ်တစ်လျှောက် နေထိုင်သူများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စီမံကိန်းတည်ဆောက်စဉ်ကာလအတွင်း မည်ကဲ့သို့ ကြီးကြပ်ဆောင်ရွက်သွားမည့်အခြေအနေနှင့် ဒေသခံများ၏အလုပ်အကိုင်အခွင့်အလမ်း၊ ခံစားခွင့်၊ အကျိုးအမြတ်၊ စိုးရိမ်ပူပန်မှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
#News #Myanmar | 665 |
| 5 | မြန်မာ-ထိုင်းညီအစ်မမြို့တော် မြိတ်ခရိုင်နှင့် ပရာကျွပ်ခီရီခန်ခရိုင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ချစ်ကြည်မှုတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးညှိနှိုင်းဆွေးနွေး
မြိတ်၊ စက်တင်ဘာ ၁၀
မြန်မာ-ထိုင်းညီအစ်မမြို့တော် မြိတ်ခရိုင်နှင့်ပရာကျွပ်ခီရီခန်ခရိုင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ချစ်ကြည်မှုတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ(၉)ရက် နံနက်ပိုင်းက မြိတ်မြို့ Grand Jade Hotel ခန်းမတွင် ကျင်းပရာ မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့နှင့် ပရာကျွပ်ခီရီခန်ခရိုင် ခရိုင်ဝန် ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးရာတွင် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးဦးက နှုတ်ခွန်းဆက်အမှာစကား ပြောကြားပြီး ပရကျွပ်ခီရီခန်ခရိုင် ခရိုင်ဝန် Mr.Sitthichai Swadsaen က နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။ ထို့နောက်တက်ရောက်လာကြသည့် မြိတ်ခရိုင်နှင့် ပရာကျွပ်ခီရီခန်ခရိုင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး ညီအစ်မမြို့တော် မြိတ်ခရိုင်နှင့် ပရာကျွပ်ခီရီခန်ခရိုင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာများကို ချစ်ကြည်ရင်းနှီးစွာဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးရာတွင် မြိတ်ခရိုင်နှင့် ပရာကျွပ်ခီရီခန်ခရိုင် ကုန်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ရေလုပ်ငန်းကဏ္ဍ တန်ဖိုးမြှင့်ထုတ်ကုန်များ ကုန်စည်ကူးသန်းရောင်းဝယ်ရေးကိစ္စရပ်များ၊ ထိုင်း-မြန်မာနယ်စပ် ပရာကျွပ်ခီရီခန်မြို့ရှိ စင်ခွန်းနယ်စပ်ဂိတ်အား အမြဲတမ်းဂိတ်အဖြစ်ဖွင့်လှစ်ရေး၊ အခြေခံအဆောက်အဦနှင့် ပို့ဆောင်ဆက်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ဆိပ်ကမ်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများနှင့် ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရေးကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှုမြှင့်တင်ရေးကိစ္စရပ်များ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ပရာကျွပ်ခီရီခန်ခရိုင် ခရိုင်ဝန်တို့က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်သည်။ မြိတ်ခရိုင်သည် ထိုင်းနိုင်ငံနှင့် ပထဝီအနေအထားအရနီးကပ်ရုံသာမက ကုန်သွယ်ရေး၊ ရေထွက်ကုန်လုပ်ငန်း၊ ငါးလုပ်ငန်းနှင့် လူမှုစီးပွားရေးကဏ္ဍများတွင်လည်း အပြန်အလှန်ဆက်စပ်မှုများစွာရှိပြီး ညီအစ်မမြို့တော်များချစ်ကြည်ရင်းနှီးမှုဖြင့် အထူးသဖြင့် ရေထွက်ကုန်နှင့် ငါးလုပ်ငန်းကဏ္ဍတွင် မြန်မာ-ထိုင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး
#News #Myanmar | 534 |
| 6 | ILO ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင်(CoI) တိုက်တွန်းချက်များအပေါ် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီအစည်းအဝေး ကျင်းပ
နေပြည်တော်၊ စက်တင်ဘာ ၁၀
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင် (Commission of Inquiry- CoI) တိုက်တွန်းချက်များအပေါ် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီ အစည်းအဝေးကို ယမန်နေ့က အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ CoI ကော်မရှင်၏ တိုက်တွန်းချက်များအပေါ် အလုပ်သမားရေးရာ ဥပဒေများပါရပိုင်ခွင့်နှင့် အကျိုးခံစား ခွင့်များရရှိစေရေး ဆောင်ရွက်ပေးနေမှုများ၊ အလုပ်သမားအဖွဲ့အစည်းများ၏ လွတ်လပ်စွာဖွဲ့စည်းဆောင် ရွက်ခွင့်ပြုမှုများ၊ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား(National Complaint Mechanism-NCM)ဖြင့် ဖြေရှင်းဆောင်ရွက်ပေးနေမှုများနှင့် အဖွဲ့ဝင်နိုင်ငံအနေဖြင့် ILO နှင့် အုပ်ချုပ်မှု ဆိုင်ရာကိစ္စရပ်များ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ပေးမှုများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ILO ၏ (၃၅၈)ကြိမ်မြောက် အုပ်ချုပ်မှုအဖွဲ့(Governing Body) အစည်းအဝေးသို့ တင်သွင်းမည့် မြန်မာနိုင်ငံဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အစီရင်ခံစာတွင် ထည့်သွင်းပြုစုနိုင်ရေး ဦးဆောင်ကော်မတီ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ILO ၏ စုံစမ်း စစ်ဆေးရေးကော်မရှင် (CoI) အစီရင်ခံစာပါ အကြံပြုတိုက်တွန်းချက်များကို စဉ်ဆက်မပြတ် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ILO အဖွဲ့ဝင်နိုင်ငံအနေဖြင့် အပြုသဘော ဆောင်သည့် ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် လျစ်လျူရှု၍ မမှန်သတင်းများဖြင့် တစ်ဖက်သတ်စွပ်စွဲကာ မြန်မာနိုင်ငံအပေါ် လျှို့ဝှက်စောင့်ကြည့်ရေး ယန္တရားတည်ထောင်ခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အထူး အစည်းအဝေးများကျင်းပကာ ဖိအားပေးသည့်ဆုံးဖြတ်ချက်များ ချမှတ်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း။
၂၀၂၆ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၂၉)ကြိမ်မြောက် အာဆီယံအလုပ် သမားဝန်ကြီးများအစည်းအဝေးတွင် ILO ညွှန်ကြားရေးမှူးချုပ်နှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံအပေါ် အာတီကယ် (33) အရဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ILO နှင့် အာဆီယံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြန်မာ နိုင်ငံအတွက် အပြုသဘောဆောင် ဖြစ်ပေါ်လာမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် ILO အဖွဲ့ဝင်နိုင်ငံအဖြစ် အစည်းအဝေးများ ပြန်လည်တက်ရောက်ခွင့်ရရှိစေရေးအတွက် အာဆီယံနိုင်ငံများမှ အပြည့်အဝပံ့ပိုးပေးရန် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဦးဆောင်ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားသည်။
အစည်းအဝေးသို့ ဦးဆောင်ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ ဂျီနီဗာမြို့မှ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး အမြဲတမ်းကိုယ်စားလှယ်၊ ဘရပ်ဆဲလ်မြို့မှ မြန်မာသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
#Myanmar #News | 574 |
| 7 | (၂၃)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (23rd AACC) အား Video Teleconference (VTC) ဖြင့်ကျင်းပ
နေပြည်တော်၊ စက်တင်ဘာ ၁၀
ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂၃)ကြိမ်မြောက်အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး(23rd AACC)ကို Video Telecon-ference (VTC) ဖြင့် ယမန်နေ့က ကျင်းပ ပြုလုပ်သည်။
အဆိုပါအစည်းအဝေးတွင် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းဝင်း၊ ဘရူနိုင်းနိုင်ငံလေတပ် ဦးစီးချုပ် Brigadier General Haji Haszahaidi Bin Haji Ahmad Daud ၊ ကမ္ဘောဒီးယားနိုင်ငံလေတပ် စစ်ဦးစီးအရာရှိချုပ် Lieutenant General Kong Mony ၊ အင်ဒိုနီးရှားနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Mohamad Tonny Harjono ၊ လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brigadier General Khamleu-angthep ၊ မလေးရှားနိုင်ငံလေတပ်ဦးစီးချုပ် General Dato Sri Haji Muhamad Norazlan Bin Aris ၊ ဖိလစ်ပိုင်နိုင်ငံ လေတပ်ဦးစီးချုပ် Lieutenant General Arthur M Cordura ၊ စင်ကာပူနိုင်ငံလေတပ်ဦးစီးချုပ် Major General Kelvin Fan Sui Siong ၊ ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha ၊ တီမောလက်စ်တေနိုင်ငံ လေတပ်ဦးစီးချုပ် Colonel Helder Da Costa ၊ ဗီယက်နမ်နိုင်ငံလေတပ်ဦးစီးချုပ် Lieutenant General Vu Hong Son နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ ဖိလစ်ပိုင်နိုင်ငံလေတပ်မှ Vice Commander ဖြစ်သူ Major General PABLO RUSTRIA JR က (၂၃) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးအဖွင့်နှုတ်ခွန်းဆက်စကားပြောကြား၍ အစည်းအဝေးကိုဖွင့်လှစ်ပေးခဲ့ပြီး အာဆီယံလေတပ်များ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် အာဆီယံနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုအထိမ်းအမှတ်ဆိုင်ရာ video clip ကို ပြသသည်။
ထို့နောက် ဖိလစ်ပိုင်နိုင်ငံလေတပ်မှ Chief of Staff ဖြစ်သူ Major General Alvin M Hate က (၁၃) ကြိမ်မြောက် အာဆီယံလေတပ်များ၏ ပညာရေးနှင့်လေ့ကျင့်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်း အဝေးရလဒ်များကို အစီရင်ခံတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသော အာဆီယံလေတပ်ဦးစီးချုပ်များက (၂၃)ကြိမ်မြောက် AACC ၏ ဦးတည်ချက်ဖြစ်သော “ဘက်ပေါင်းစုံ အပြန်အလှန်ပူးပေါင်းချိတ်ဆက်မှုရှိသော အာဆီယံလေတပ်များဖြစ်ပေါ်လာစေရေး ဒေသတွင်းတည်ငြိမ်ရေးအတွက် တစ်စုတစ်စည်းတည်းဆောင်ရွက်စို့” ခေါင်းစဉ်အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ သဘာပတိက (၂၃)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး၏ အစည်းအဝေးဆုံးဖြတ်ချက်များကို ဖတ်ကြားရှင်းလင်း ပြီး AACC အစည်းအဝေးဆုံးဖြတ်ချက်များနှင့် AACC Joint Statement အား အာဆီယံလေတပ်ဦးစီးချုပ်များက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့နောက် သဘာပတိကနိဂုံးချုပ်အမှာစကားပြောကြားပြီး (၂၄)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို သဘာပတိအဖြစ် တာဝန်ထမ်းဆောင်မည့် မလေးရှားနိုင်ငံ လေတပ်ဦးစီးချုပ် General Dato Sri Haji Muhamad Norazlan Bin Aris ကိုယ်စား ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မလေးရှားစစ်သံမှူးထံသို့ AACC အထိမ်းအမှတ်ပစ္စည်းအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် မလေးရှား နိုင်ငံလေတပ်ဦးစီးချုပ်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ အာဆီယံလေတပ်ဦးစီးချုပ်များ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပြီးအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
#Myanmar #News | 575 |
| 8 | ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ မြို့မအခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ထုတ်ပေးမှု သွားရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ စက်တင်ဘာ ၁၀
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏လူမှုဘဝ ဆောင်ရွက်မှုတိုင်း၌ မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် e-ID စနစ်အတွက် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားကတ်ပြား မရရှိသေးသူများအတွက် သက်ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးများ၌ လည်းကောင်း၊ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားကတ်ပြားမရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍လည်းကောင်း လမင်းစီမံချက်ဖြင့် စိစစ်ဆောင်ရွက် ထုတ်ပေးလျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၉ ရက်၊ နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် သည် တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မြို့နယ်၊ ကျုံမငေးမြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ မိဘဆရာ အသင်းဝင်များနှင့်အတူ အဆိုပါ ကျောင်းခန်းမအတွင်း၌ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် ကျောင်းသား/ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် ကွင်းဆင်း ဆောင်ရွက်ပေးနေသည့် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၏ သွေးအမျိုးအစား စစ်ဆေးဆောင်ရွက်နေမှုနှင့် မြို့နယ်အဆင့်(၅)ဦး ကော်မတီ အဖွဲ့ဝင်များ၏ လုပ်ငန်းဆိုင်ရာ စိစစ်ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ဝါးခယ်မ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများအား လုပ်ထုံး လုပ် နည်းနှင့်အညီ စိစစ်၍ နိုင်ငံသားကတ်ပြား ထုတ်ပေးရေး လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ UID နံပါတ် ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးကာ လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လမင်းစီမံချက်ဖြင့်နေ့ချင်းပြီး ဆောင်ရွက်ပြီး ဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID တို့ကို ကာယကံရှင် ကျောင်းသား/ ကျောင်းသူတစ်ဦးချင်းထံ အသီးသီးပေးအပ်ကြပြီးနောက် ကျောင်းသား/ ကျောင်းသူ ကလေးငယ်များအား အာဟာရမုန့်များ ဝေငှပေး၍ ဆရာ/ ဆရာမများအား ရင်းရင်း နှီးနှီးနှုတ်ဆက်ခဲ့သည်။
#Myanmar #News | 534 |
| 9 | +3 10_Sept_26_gnlm .pdf | 613 |
| 10 | AA အကြမ်းဖက်အဖွဲ့ဝင်များ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈ သိန်းကျော် ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၉
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ပျော်ဘွယ်မြို့နယ်၊ ဆိတ်ချိုကျေးရွာအုပ်စု၊ ကံစွယ်ကျေးရွာအနီး ပျော်ဘွယ် - နတ်မောက်သွားကားလမ်းတွင် နီဝင်း မောင်းနှင်ပြီး သိန်းထွန်း လိုက်ပါလာသည့် MINIBUS ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၈ ဒသမ ၆၉ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၃၀၃၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ပါသည်။
ကွင်းဆက်စစ်ဆေးချက်အရ စက်တင်ဘာလ ၄ ရက်နေ့တွင် ဖမ်းဆီးရမိ စိတ်ကြွဆေးပြားများအား ရမည်းသင်းမြို့နယ်၊ ပျဉ်ပြားရွာမှ အောင်လံမြို့နယ်၊ ကွမ်းလောင်းကျေးရွာသို့ သယ်ဆောင်ခိုင်းသူများဖြစ်ကြသည့် နေပိုင်စိုး(ခ)ဂျာကြီး(ခ)အောင်ကျော်မြင့် အား မိတ္ထီလာမြို့၊ ပြည်သာယာ(တောင်)ရပ်ကွက်ရှိဟိုတယ်၌ HONDA INSIGHT ယာဉ် ၁ စီးနှင့်လည်းကောင်း၊ ရန်ကုန် - မန္တလေးအမြန်လမ်း ၁၁၅ မိုင်တွင် စိတ်ကြွဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင်စီမံခန့်ခွဲသူ ကျော်သာ(ခ)အောင်ကျော် နှင့်အတူ ကိုစိုး၊ ယုယုမော် တို့ ၃ ဦးအား စိတ်ကြွဆေးပြား ၁၉၄ ပြား(၎င်းဒေသတန်ဖိုးငွေကျပ် ၃ ဒသမ ၈၈ သိန်း)၊ မြန်မာငွေ ၉,၁၇၁,၅၀၀ ကျပ်၊ GRAND TIGER ယာဉ် ၁ စီးတို့နှင့် လည်းကောင်း ဖမ်းဆီးရမိခဲ့ပါသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2026/09/aa.html | 1 082 |
| 11 | ၉-၉-၂၀၂၆
ဧရာဝတီတိုင်းဒသေကြီးအတွင်း လမ်းများ အမြန်တိုးတက်ကောင်းမွန်ရေး၊
အကြမ်းဖက်နှိမ်နင်းရေးမှာ စစ်မြေပြင် ရာထူးတိုးရခဲ့တဲ့ ပြည်သူ့စစ်မှုထမ်း ၂ဦး၊
နီပိန်းများကို သေကြောင်းကြံနေတဲ့ မန်းဝင်းခိုင်သန်း၊
#Myanmar #News | 1 078 |
| 12 | တာချီလိတ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
နေပြည်တော်၊ စက်တင်ဘာ ၉
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာပြီး ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွား ဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့်အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှု ကျူးလွန်သူများအား ရှာဖွေဖော်ထုတ် တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူ ခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့အတွင်း၌ အွန်လိုင်း လိမ်လည်လောင်းကစားမှု ကျူးလွန်သူများ ရောက်ရှိနေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက အဆိုပါမြို့အတွင်း ရပ်ကွက်များရှိ နေအိမ်များအား စုံစမ်းရှာဖွေ ဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ ယနေ့ညနေ ၄ နာရီခန့်တွင် ဝမ်ကောင်းရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည် လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦးနှင့် မြန်မာနိုင်ငံသား အမျိုးသမီး ၂၆ ဦး၊ စုစုပေါင်း ၅၆ ဦးတို့အား ကွန်ပျူတာမျိုးစုံ ၆၀ လုံး၊ Wifi စက် ၅ လုံး၊ စားပွဲ ၁၄ လုံး၊ ထိုင်ခုံ ၅၁ လုံး၊ လိုင်စင်မဲ့ မော်တော်ယာဉ် ၂ စီး၊ ဆက်စပ်ပစ္စည်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများ နှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံး လုပ်နည်းများနှင့် အညီ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံတော်အနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ခြင်းများ ပပျောက်စေရေးနှင့် မြန်မာနိုင်ငံအတွင်း အခြေချလုပ်ကိုင်နိုင်မှု မရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း နိုင်ငံများ၊ နိုင်ငံတာကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက် ဖျက်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
#News #Myanmar | 866 |
| 13 | ၂၀ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲဝင် မြန်မာအမျိုးသမီးအသင်း အပြီးသတ် ၂၃ ဦးစာရင်း ထုတ်ပြန်
ရန်ကုန်၊ စက်တင်ဘာ ၉
ဂျပန်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games 2026) အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အပြီးသတ်ကစားသမား ၂၃ ဦးစာရင်းကို နည်းပြချုပ် ကောလင်းဘဲလ်က ထုတ်ပြန်လိုက်ပြီဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု (B) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ် တို့နှင့်အတူ ကျရောက်နေပြီး အုပ်စုပွဲစဉ်အားလုံးကို ဂျပန်နိုင်ငံ Osaka မြို့ရှိ Nagai Stadium ၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် စက်တင်ဘာလ (၁၄) ရက် (တနင်္လာနေ့)၊ မြန်မာစံတော်ချိန် ညနေ (၅:၀၀) နာရီ တွင် တောင်ကိုရီးယားအသင်း၊ စက်တင်ဘာလ (၁၇) ရက် (ကြာသပတေးနေ့)၊ မြန်မာစံတော်ချိန် ညနေ (၅:၀၀) နာရီ တွင် မြောက်ကိုရီးယားအသင်း၊ စက်တင်ဘာလ (၂၁) ရက် (တနင်္လာနေ့)၊ မြန်မာစံတော်ချိန် မွန်းလွဲ (၁:၃၀) နာရီ တွင် ဘင်္ဂလားဒေ့ရှ်အသင်း တို့နှင့် ယှဉ်ပြိုင် ကစားသွားမည် ဖြစ်သည်။
ယခုနှစ် အာရှအားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် အသင်း ၁၂ သင်းကို အုပ်စု ၃ စုခွဲ၍ ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုတစ်စုစီမှ အဆင့် (၁) နှင့် (၂) ရရှိသည့် အသင်းများအပြင် တတိယနေရာရ အသင်းများအနက် အကောင်းဆုံး ၂ သင်း၊ စုစုပေါင်း ၈ သင်းသည် ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းသည် စက်တင်ဘာလ (၁၀) ရက်တွင် ပြိုင်ပွဲကျင်းပရာ ဂျပန်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
#Myanmar #News | 910 |
| 14 | လှိုင်သာယာအနောက်ပိုင်းမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ (၃၈)ဖြာမင်္ဂလာနှင့်ယဉ်ကျေးလိမ္မာသင်ကြားနိုင်ရေးအတွက် သင်ထောက်ကူပစ္စည်းများနှင့် (၃၈)ဖြာမင်္ဂလာတရားတော်စာအုပ်များပေးအပ်လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ ကြီးမှူး၍ (၃၈)ဖြာမင်္ဂလာ၊ ဗုဒ္ဓဝင်၊ ပြည်သူ့နီတိနှင့် ယဉ်ကျေးလိမ္မာ သင်ကြားနိုင်ရေးအတွက် သင်ထောက်ကူပစ္စည်းများ၊ (၃၈)ဖြာမင်္ဂလာတရားတော်စာအုပ်များနှင့် ပြည်သူ့နီတိစာအုပ်များအား စက်တင်ဘာလ (၉)ရက် ဗုဒ္ဓဟူးနေ့၊ နေ့လည်(၁၂:၃၀)နာရီအချိန်တွင်အမှတ် (၁၈)ရပ်ကွက်၊ အ.ထ.က (၁၆) နှင့် (၁:၃၀) နာရီအချိန်တွင် အ.ထ.က (၁၃) ကျောင်းများသို့ သွားရောက်လှူဒါန်း ပေးအပ်ခဲ့သည်။
ထိုသို့ ပေးအပ်လှူဒါန်းရာတွင် YMBA မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ချစ်ကိုကိုနှင့် အလုပ်အမှုဆောင်များ၊ EC အဖွဲ့ဝင်များ၊ ထန်းတပင်မြို့နယ် အတွင်းရေးမှူး ဦးရန်လင်းအောင်နှင့် အမှတ် (၁၈) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်တို့ မှ သွားရောက်၍ လှူဒါန်းခဲ့သည်။
ဆက်လက်၍ ကျောင်းအုပ် ဆရာ/မကြီးများနှင့် တွေ့ဆုံကာ ကျောင်းသား/သူများအား အကျင့်စာရိတ္တကောင်းမွန်ပြီး ယဉ်ကျေးလိမ္မာသော သားကောင်းရတနာများဖြစ်လာစေရန် ရည်ရွယ်၍ (၃၈) မင်္ဂလာတရားတော်များသင်ကြားမည့် အစီစဉ်များကို ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့သည်။
#News #Myanmar | 836 |
| 15 | ပဲခူးတိုင်းဒေသကြီးအဆင့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
ပဲခူး၊ စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ဖွင့်လှစ်ပေးသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်တို့က (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (တိုင်းဒေသကြီးအဆင့်) အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2026/09/blog-post_89.html | 1 049 |
| 16 | ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် သန့်ရှင်းရေး၊ ယာဉ်နောက်လိုက်လုပ်သားဝန်ထမ်းအိမ်ရာများ ပြုပြင်ထိန်းသိမ်းပေးရေးနှင့် ဆန်နှင့်ဆီများ ထောက်ပံ့
မြစ်ကြီးနား၊ စက်တင်ဘာ ၉
မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၊ သန့်ရှင်းရေးလုပ်သားများနှင့် ယာဉ်နောက်လိုက် လုပ်သားများ၏ ဝန်ထမ်းအိမ်ရာများ ပြုပြင်ထိန်းသိမ်းပေးနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး၍ လုပ်သားများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2026/09/blog-post_748.html | 789 |
| 17 | (၈၇) ကြိမ်မြောက် ဆရာတော်အသျှင်ဦးဥတ္တမနေ့ အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ
ရန်ကုန်၊ စက်တင်ဘာ ၉
(၈၇) ကြိမ်မြောက် ဆရာတော်အသျှင်ဦးဥတ္တမနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်အနီးရှိ ရခိုင်ပြည်နယ်ဓမ္မာရုံတွင် ကျင်းပသည်။
အခမ်းအနားသို့ ဆရာတော်သံဃာတော်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဒေါ်နုမြဇံ၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားကို ရခိုင်စည်တော်မင်္ဂလာတီးခတ်၍ ဆရာတော်အသျှင်ဦးဥတ္တမ ထေရုပ္ပတ္တိ ရတုဖတ်ကြားခြင်းဖြင့် စတင်ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း က အမှာစကား ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများက "နမောတဿ" သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဆရာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ဆက်လက်၍ တက်ရောက်လာသော ဧည့်သည်တော်များမှ ဆရာတော်သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ယင်းနောက် ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဒေါ်နုမြဇံ တို့က ဝါဆိုသင်္ကန်းနှင့် နဝက္ကမဝတ္တုငွေများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်များထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှဝေကြသည်။
ထို့နောက် လှူဒါန်းမှုပြုကြသော အလှူရှင်များအား ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း မှ ဂုဏ်ပြုလွှာများ ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု" သုံးကြိမ် ရွတ်ဆိုဆုတောင်းကာ အောင်မြင်စွာ ရုပ်သိမ်းသည်။
ဆက်လက်ပြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း နှင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး(ငြိမ်း) ဒေါ်နုမြဇံ တို့က ဆရာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး တက်ရောက်လာသည့် ဧည့်သည်တော်များအား ရခိုင်ရိုးရာအစားအစာများဖြင့် နေ့လယ်စာ တည်ခင်းဧည့်ခံကြသည်။
https://www.mmnationalpost.com/2026/09/blog-post_380.html | 1 134 |
| 18 | ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများ၊ ကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်
ရန်ကုန်၊ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား/သူများ၊ ကျောင်းများနှင့် မြို့နယ်များအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ မင်္ဂလာခန်းမ၌ (၉.၉.၂၀၂၆) ရက်နေ့ ၊ မွန်းလွဲ (၁၃း၀၀)နာရီ အချိန်တွင် ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့်ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၄င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်မာချို ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆုရကျောင်းသား/သူ များ၊ တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ပါသည်။
#Myanmar #News | 872 |
| 19 | မြန်မာ - အိန္ဒိယ ပူးပေါင်း၍ ကပ္ပလီပင်လယ်ပြင် (Andaman Sea) အတွင်း ရေကြောင်းလုံခြုံရေး မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံး၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံနှင့်အတူ ကပ္ပလီပင်လယ်ပြင် (Andaman Sea) အတွင်း ရေကြောင်းလုံခြုံရေး မြှင့်တင်ရန်၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် တရားမဝင် ဆောင်ရွက်မှုများကို နှိမ်နင်းရေးတို့တွင် အမြင်နှင့် အတွေ့အကြုံများ မျှဝေရန်အတွက် အိန္ဒိယရေတပ်သင်္ဘော Karmuk နှင့် LCU 51 တို့သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှ ၉ ရက်အထိ ရန်ကုန်မြို့သို့ ရောက်ရှိနေကြောင်း သိရသည်။
#News #Myanmar | 880 |
| 20 | ပခုက္ကူမြို့နယ်၌ ဝါစိုက်တောင်သူများအား သွင်းအားစုမြေသြဇာထောက်ပံ့ပေးအပ်
ပခုက္ကူ၊ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၆-၂၀၂၇ခုဘဏ္ဍာရေးနှစ် ချည်မျှင်ရှည်ဝါသီးနှံဖွံ့ဖြိုး တိုးတက်ရေးရန်ပုံငွေဖြင့် ပခုက္ကူမြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများအား သွင်းအားစုမြေသြဇာထောက်ပံ့ ပေးအပ်ပွဲကို စက်တင်ဘာလ၉ရက် နံနက်၈နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။
ဖတ်ရှုရန် >>>
https://www.mmnationalpost.com/2026/09/blog-post_3658.html | 772 |
