cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

PVTV Myanmar

Public Voice is Public Power.

Больше
Рекламные посты
15 808
Подписчики
+1724 часа
+187 дней
-4530 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

မိုးကုတ်အနောက်ပိုင်းတိုက်ပွဲကာလအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က ဘဏ်တွေကို ဖောက်ထွင်းပြီး ငွေသားတွေနဲ့ ကျောက်မြတ်ရတနာတွေယူဆောင်သွား ဇူလိုင် ၅ ၊ ၂၀၂၄ မိုးကုတ်မြို့အနောက်ပိုင်း တိုက်ပွဲကာအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်က KBZ Bank နဲ့CB Bank တွေကို ဖောက်ထွင်းပြီး ငွေသားနဲ့ကျောက်မြတ်ရတနာတွေ စုစုပေါင်း တန်ဖိုးကျပ်သိန်းပေါင်း နှစ်သောင်းဝန်းကျင် ယူဆောင်သွားခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်မှာ တအာင်းတပ်မတော် TNLA၊ မိုးကုတ်ဗျုဟာ၊ PDF (513)နဲ့ ပကဖ (မိုးကုတ်)တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်စွဲထားတဲ့ ဒေါ်နန်းကြည်တောင်စခန်း၊ ရွှေလိပ်ပြာစခန်း၊ ရွှေမျက်ဝန်းစခန်းကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့အတွင်း ကျပ်ပြင်ရဲစခန်းနဲ့ ဘဏ်တွေမှာ ထွက်ပြေးခိုအောင်းနေခဲ့တာလို့ ဆိုပါတယ်။ တအာင်းတပ်မတော် TNLAနဲ့ ပူးပေါင်းတပ်က အကြမ်းဖက် စစ်ကောင်စီတပ်ကို လိုက်လံရှင်းလင်း ရာ အကြမ်းဖက်စစ်ကောင်စီတပ်က KBZ Bank နဲ့ CB Bank ရှိ ငွေသားနဲ့ကျောက်မြတ်ရတနာတွေ ဖောက်ထွင်းယူဆောင်သွားတာကို အထောက်အထားတွေ တွေ့ရတယ်ဆိုတာနဲ့ သေဆုံးနေတဲ့ အကြမ်းဖက်စစ်သား အလောင်းတွေရဲ့ ကျောပိုးအိတ်တွေထဲမှာလည်း ငွေသားတွေနဲ့ ကျောက်မြတ် ရတနာတွေကို တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။ မိုးကုတ်မြို့က အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က တပ်မ (၉၉)၊ လပခ လက်အောက်ခံ ခလရ (၈၈)၊ ခလရ (၇၈)၊ ခလရ (၁၄၈)နဲ့ မိုးကုတ်ဗျုဟာတို့ အခြေချတဲ့ တပ်တွေဖြစ်ပြီးတိုက်ပွဲကာလအတွင်း အဲ့ဒီတပ်ရင်း၊ တပ်ဖွဲ့တွေက KBZ Bank နဲ့ CB Bank ရှိ ငွေသားနဲ့ ကျောက်မြတ်ရတနာတွေ တန်ဖိုးငွေကျပ်သိန်းပေါင်း နှစ်သောင်းဝန်းကျင် ဖောက်ထွင်းယူဆောင်သွားခဲ့တယ်လို့ PSLF/TNLAသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။ #SpringRevolution #PVTV #PVTVNews #PVTV Telegram Channel -https://t.me/pvtvmyanmar #PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
Показать все...
PVTV Myanmar

Public Voice is Public Power.

👍 40
👍 11
အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ကျားဖြူစစ်ကြောင်းက ဒရုန်းနဲ့တိုက်ခိုက် ‌ဇူလိုင် ၅၊၂၀၂၄ အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကိုကျားဖြူစစ်ကြောင်းက ဒရုန်းနဲ့တိုက် ခိုက်ပြီး မကြာခင်မှာ အကြမ်းဖက် အောင်ဇေယျစစ်ကြောင်းရဲ့ ကျဆုံးခန်းကို မြင်တွေ့ရတော့ မယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းကို ဒရုန်းနဲ့ လေကြောင်းကနေဇူလိုင် ၃ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ အကြမ်းဖက် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းအနေနဲ့ စစ်ဆင်ရေးကာလ ကြာမြင့်လာတာနဲ့ အတူ လူအင်အားလျော့နည်းလာပြီး နိုင်ငံအနှံ့ တိုက်ပွဲတွေဖြစ်ပွားလာတာကြောင့် အင်အားချိနဲ့ နေတယ်ဆိုတာနဲ့ မကြာခင်မှာ အောင်ဇေယျစစ်ကြောင်းဟာ ကျဆုံးတဲ့အချိန်ကို ရောက်ရှိမြင်ရ တော့မယ်လို့ ကျားဖြူစစ်ကြောင်းက ပြည်သူတွေကို အသိပေးထုတ်ပြန်လိုက်တာပါ။ ကျားဖြူစစ်ကြောင်းရဲ့ Fixed Wings Drone တပ်ဖွဲ့ဟာ အောင်ဇေယျစစ်ကြောင်းကို ကော့ကရိတ်မြို့အနီးက ရွာသစ်ကုန်းလမ်းဆုံမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် အောင်ဇေယျစစ်ကြောင်းက အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြား ထိခိုက်ဒဏ်ရာရတာ တွေရှိခဲ့ရတယ်ဆိုတာနဲ့ ကျဆုံးအရေအတွက်ကို စုံစမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ #SpringRevolution #PVTV #PVTVNews #PVTV Telegram Channel -https://t.me/pvtvmyanmar #PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
Показать все...
PVTV Myanmar

Public Voice is Public Power.

👍 23🥰 2
00:45
Видео недоступноПоказать в Telegram
An9m8MnnYPfLA2Es_ED21Sen7RZzWuDhFRSTVlg80IikrArYoaZ6JDDHi6Bu_WxdjhwOpL.mp43.82 MB
👍 18
Фото недоступноПоказать в Telegram
အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးကို အစွမ်းကုန်ရိုက်ချိုးသွားမယ်လို့ KNLA ဗဟိုဌာနချုပ်ထုတ်ပြန် ဇူလိုင် ၅ ၊ ၂၀၂၄ အကြမ်းဖက်စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေးကို အစွမ်းကုန်ရိုက်ချိုးသွားမယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုဌာနချုပ် က ဒီနေ့မှာ ထုတ်ပြန်လိုက် ပါတယ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အနေနဲ့ ဒီနေ့မနက်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ဆင်ရေး နောက်တန်းနေရာကို ဝင်ရောက်ပစ်ခတ် နှောက်ယှက် ခဲ့ပြီး အောင်ဇေယျစစ်ဆင်ရေးကို ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ အစွမ်းကုန်ရိုက်ချိုးသွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အဆင့် စစ်ဆင်ရေးအမည်တပ်ပြီးတော့ အောင်ဇေယျာ စစ်ကြောင်းနဲ့ မြဝတီကို စစ်ကြောင်းထိုးလာခဲ့ပေမယ့်လည်း KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် ဒေါနတောင်ကိုတောင် မကျော်နိုင်ဘဲ ရှိနေတာ လည်းဖြစ်ပါတယ်။ #SpringRevolution #PVTV #PVTVNews #PVTV Telegram Channel -https://t.me/pvtvmyanmar #PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးနိုင်ပါပြီ။
Показать все...
23
တော်လှန်ရေးကိုစော်ကားလိုက်တဲ့ လေးဖြူ ကို လွမ်းလောက်စရာ မရှိတဲ့သူလို့ TNLA ဗိုလ်ချုပ် တာဘုန်းကျော် မှတ်ချက်ပြု ◼️ လေးဖြူကို Boy Cott လုပ်ကြဖို့ ပြည်သူတွေ မှတ်ချက်ပြု တိုက်တွန်းနေ ဇူလိုင် ၅ ၊ ၂၀၂၅ အကြမ်းဖက်စစ်ကောင်စီ နဲ့ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံအားပေးနေသူတွေကို Boy Cott (သပိတ်မှောက်ဆန့်ကျင်ရေး) လုပ်ဆောင်နေတဲ့ တော်လှန်သူတွေကို စော်ကားလိုက်တဲ့ လေးဖြူ ကို လွမ်းလောက်စရာ မရှိတဲ့သူလို့ TNLA ဗိုလ်ချုပ် တာဘုန်းကျော် မှတ်ချက်ပြု လိုက်ပါတယ်။ "တကယ်မလွမ်းလောက်တော့ပါ… ငယ်ငယ်ကတည်းက လည်ချောင်းကွဲမတတ်အော်ခဲ့တာကို နှမျော…." လို့ TNLA ဗိုလ်ချုပ် တာဘုန်းကျော် က ကဗျာ ဖေ့စ်ဘွတ်ခ်မှာ ရေးသားလိုက်တာပါ။ နာမည်ကျော် ကဗျာဆရာတစ်ဦးဖြစ်သူ မောင်စိန်ဝင်း (ပုတီးကုန်) ရဲ့ ကဗျာကို TNLA ဗိုလ်ချုပ် တာဘုန်းကျော် က ပြန်လည်မျှဝေပြီးတော့ အခုလိုရေးသားခဲ့တာပါ။ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်) က "လွမ်းလောက်လို့လား" အမည်ပေးထားတဲ့ ကဗျာကို မနေ့က ညမှာ ရေးတင်ခဲ့တာပါ။ "လွမ်းလောက်လို့လား" ......... ပြည်သူအတွက်အသက်ပေးသွားတဲ့သူ တယောက်ထက်... ပြည်သူကိုကျောခိုင်းသွားတဲ့ အနုပညာရှင်တယောက်က ပိုပြီးလွမ်းလောက်တယ်လို့ ထင်နေလို့လား.... အားလုံးကသမိုင်းကိုယ်စီနဲ့ပဲလေ... လွမ်းနေရရုံမက ကြေကွဲတသနေစရာတွေ.... နာကျည်းဖောက်ထုတ်ပစ် ရန်သူစစ်စစ်လို့စည်းခြားရမည့်အရာတွေ... ခေတ်ရဲ့သယံဇာတတွေပဲပေါ့။ မောင်စိန်ဝင်း(ပုတီးကုန်း) အဆိုတော် လေးဖြူက နေပြည်တော်မှာ ဖွင့်ထားတဲ့ အရက်ဆိုင်မှာ အခကြေးငွေယူ သီချင်းဆိုခဲ့ တာဖြစ်ပြီး အဲဒီလို သီဆိုစဉ်မှာ သူ့က Boy Cott ပြုလုပ်တယ်ဆိုတာ မသိဘူးလို့ ခပ်လှောင်လှောင် ပြောကြားလိုက်တာပါ။ "သူငယ်ချင်းက ကျွန်တော့်ကို Screenshot ရိုက်ပြီးပို့တယ်။ မင်းကို BC လုပ်မယ်တဲ့။ ကျွန်တော်မိန်းမကို လှည့်မေးတယ်။ ဟေ့ကောင် BC ဆိုတာဘာလဲ။ ကျွန်တော် A to Z လည်းနားမလည်ဘူး။ BC မှမဟုတ်ဘူး A to Z နားမလည်ဘူး" လို့ လေးဖြူက သီချင်ဆိုရင်း ပြောကြားလိုက်တာပါ။ လေးဖြူရဲ့ ဒိုင်ယာရီ သီချင်းခွေထဲက "ရေမျောကမ်းတင်" သီချင်းကို ရေးသားပေးခဲ့သူ ကိုမိုဃ်းသွေးကလည်း လေးဖြူကို BC ဆိုတဲ့ အဓိပ္ပါယ် သိရှိစေဖို့အတွက် သူ့ရေသားတဲ့ သီချင်းကို သီဆိုခွင့် မပေးတော့ဘူးလို့ တရားဝင်ကြေညာခဲ့ပါတယ်။ အဲဒီလိုပဲ တော်လှန်ရေးကို စော်ကားလိုက်တဲ့ လေးဖြူကို Boy Cott လုပ်ကြဖို့ ပြည်သူတွေက လူမူကွန်ရက်တွေပေါ်မှာ ရေးသားပြီးတော့ တိုက်တွန်းနေကြပါတယ်။ #SpringRevolution #PVTV #PVTVNews #PVTV Telegram Channel -https://t.me/pvtvmyanmar #PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
Показать все...
PVTV Myanmar

Public Voice is Public Power.

👍 28👏 5👌 1
Фото недоступноПоказать в Telegram
အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် တော်လှန်ရေးအင်အားစုတွေ ထိတွေ့ဆက်ဆံဖို့ SAC-M တိုက်တွန်း ဇူလိုင် ၅၊ ၂၀၂၄ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဟာ သူတို့ရဲ့ ဘုံသဘောတူညီချက်ငါးရပ် (5PC) ကို ဆန်းသစ်တဲ့နည်းလမ်းတွေနဲ့ အကောင်အထည်ဖော်ဖို့လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ SAC-M က ဇူလိုင် ၄ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ် ကို အကြမ်းဖက်စစ်ခေါင်းဆောင် နဲ့ သဘောတူခဲ့ပြီးနောက် သုံးနှစ်အကြာမှာ အကြမ်းဖက် စစ်အုပ်စုက အကောင်အထည်ဖော်လို့မရတော့ဘူး လို့ ဆိုပါတယ်။ ဒါကြောင့် အာဆီယံအနေနဲ့ 5PC ကို ဆက်လက်ဆီလျှော်စေလိုရင် မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်ဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းများနဲ့ ထိတွေ့ဆက်ဆံဖို့လိုအပ်တယ် လို့ SAC - M က တိုက်တွန်းလိုက်တာပါ။ မြန်မာအကြမ်းဖက်စစ်အုပ်စုဟာ တနိုင်ငံလုံးအတိုင်းအတာ ခုခံတော်လှန်မှုတွေကြောင့် နိုင်ငံအတွင်း အာဏာကို ထိန်းချုပ်နိုင်မှု မရှိတော့ဘူး လို့ SAC - M က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံက ဖြစ်ရပ်တွေကို တဖက်သတ်ဆုံးဖြတ်ဖို့ မဖြစ်နိုင်တဲ့အပြင် လူ့အခွင့်အရေးနဲ့ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြီးမားပြင်းထန်တဲ့ ဥပဒေချိုးဖောက်မှုတွေဟာ နေ့စဉ်သတင်းတွေမှာပါလာနေတယ် လို့လည်း ဆိုပါတယ်။ VPN တွေကို ပိတ်ပင်ဖို့ စစ်အုပ်စုက ကြိုးပမ်းမှုတွေဟာ သတင်းအစီရင်ခံသူတွေအပေါ် အန္တရာယ်များစေတယ် လို့လည်း ဆိုပါတယ်။ မကြာသေးမီ ရက်သတ္တပတ်အတွင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေနဲ့ ချိုးဖောက်မှုတွေကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေဟာ အထူးစိုးရိမ်စရာကောင်းတယ်လို့ထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေအရ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြုထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ မူဝါဒရပ်တည်ချက်နဲ့ ရောမပြဋ္ဌာန်းဥပဒေစာချုပ် ၁၂ (၃) အရ ၂၀၀၂ ခုနှစ်က စပြီး မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂ နိုင်ငံတကာ ရာဇဝတ်ခုံရုံး၏ တရားစီရင်ပိုင်ခွင့်အား လက်ခံထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကြေညာချက် တင်သွင်းမှုကို ကြိုဆိုသင့်တယ် လို့လည်း ဆိုပါတယ်။ အာဆီယံနဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတို့ဟာ မြန်မာနိုင်ငံအတွင်း ကြီးလေးတဲ့အရေးပေါ်အခြေအနေတွေကို အာရုံစိုက်ပြီး ထိရောက်တဲ့အကျိုးသက်ရောက်မှုတွေ ဖော်ထုတ်နိုင်ဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ #SpringRevolution #PVTV PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန် ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
Показать все...
👍 18
👍 6
Фото недоступноПоказать в Telegram
ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး ဇူလိုင် ၅ ၊ ၂၀၂၄ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၄ရက်က ညနေ ၃နာရီမှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးကို ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အမြဲ တမ်းအတွင်းဝန်က အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများ‌ကို အပြန်အလှန် ဆွေးနွေး‌ဖြေကြား‌ခဲ့ပါတယ်။ အစည်းအဝေးသို့ တွဲဖက်အမြဲတမ်းအတွင်းဝန်မှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီး ဌာန တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။ #SpringRevolution #PVTV #PVTVNews #PVTV Telegram Channel -https://t.me/pvtvmyanmar #PVTV ၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့်တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူညီနိုင်ပြီဖြစ်ပါတယ်။
Показать все...
👍 14 3
Выберите другой тариф

Ваш текущий тарифный план позволяет посмотреть аналитику только 5 каналов. Чтобы получить больше, выберите другой план.