ru
Feedback
ဗဟုသုတ ဒိုင်ယာရီ 📓📓

ဗဟုသုတ ဒိုင်ယာရီ 📓📓

Открыть в Telegram

သိမှတ် ဖွယ်ရာ သုတအဖြာဖြာ

Больше
1 729
Подписчики
Нет данных24 часа
-77 дней
-5130 дней
Архив постов
သီတင်းကျွတ်လပြည့်နေ့ မှာ စီးပွားလာဘ်လာဘ အဆင်ပြေစေရန် အိမ်ဘုရားမှာ ပဲထမင်း၊ပဲပြုတ်၊ပဲကြော် မိမိအဆင်ပြေရာ ကပ်လှုပေးပါ . ကပ်လှုတဲ့ အခါမှာ ရေနွေးကြမ်း တစ်ခွက် ပါ ကပ်လှု​ပေးပါ၊ အချိန်မလိုပါ ၊ ညနေပိုင်း အိမ်ဘုရားမှာ မှောင်ရီပျိူးစ အချိန်မှာ ဆီမီးထွန်းပေးပါ ၊ ဆီမီးထွန်းသည့်အခါ ဆီမီး အလင်းရောင်သာ ရှိပါစေ ၊ တခြားသော မီးများ မထွန်းပါနဲ့ ၊ ဆီမီးထွန်းပြီးသည့်နှင့် ( သောဘဂဝါ ဣတိပိ အရဟံ ) ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရံဏံ ဂစ္ဆာမိ ဟူ၍ ၃၇ ခေါက်ရွတ်ပေးပါ ၊ #အဆင်ပြေကြပါစေ 🙏🏼🙏🏼🙏🏼🙏🏼

စနေသားသမီးများ ၁၀ လပိုင်းအတွင်း/ ထွက်ပေါက် ပိတ်နေသော ကာလ ဖြစ်မည်၊ ရည်ရွယ်ချက်များ ပျောက်ဆုံးနေတက်သောလ ဖြစ်သည်၊ စကားပြောဆိုဆင်ခြင်ပါ၊ ဒေါသ ကြောင့် စကားမှားများ ထွက်တက်သည်၊ ချုပ်ချယ် ခံရသည်ဟု ထင်မြင်သော ကာလ ဖြစ်သည်၊ တင်္နဂနွေ၊ တင်္နလာ သားသမီးတို့ကြောင့် စိတ်သောက ရောက်ရတက်သည်၊ သတိပြုပေါင်းပါ၊ ငွေကြေးကိစ္စ ရှုပ်တက်သည်၊ ကြားဝင်၊ အာမခံခြင်းများ မလုပ်ပါနဲ့ ၊ ဂတိ ကိစ္စများ ပျက်တက်သည်၊ ငွေဝင်ရပ်တန့် သွားသောလ ဖြစ်မည်၊ အထွက်လဲများမည်၊ စက်ပစ္စည်းများ ကြောင့် ထွက်ရတက်သည်၊ အချစ်ရေး အဆင်ပြေသည် နားလည်မှုပေးခံရသော ကာလ ဖြစ်သည်၊ ကျန်းမာရေး ဦးခေါင်းပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ များ ဖြစ်တက်သည်၊ ခေါင်းကိုက်၊ စိတ်ဓာတ်ကျ၊ ယတြာပြုရန်/ ရပ်ကွက် ထဲရှိ ကြာသပတေး အမည်ရှိ ကလေးငယ် တစ်ဦးအား မုန့် ဝယ်ကျွေးပေးပါ၊ သတိပြုရန် ၁၀ လပိုင်းအတွင်း / စိတ်ဝမ်းကွဲမှု ၊ ဘေးစကား၊ သတင်း အမှား ကိစ္စများ၊ အဖွဲအစည်းကြား ပြိုကွဲမှုများ ဖြစ်ပေါ်တက်သည်၊ ဆွေမျိူးသားချင်း၊ အောက်လမ်းငယ်သားများ နှင့် အတိုက်အခံ ဖြစ်ရသော ကာလ ဖြစ်မည်၊ လူယုံ/မထားသင့်ပါ၊ အမြင်/ လွဲ အထင်လွဲမှူ များသောလ လဲ ဖြစ်သည် ၊ အများစု အနေနဲ့ ♾️ #AMN #အဆင်ပြေကြပါစေ မိမိမွေးနာမ် ⬇️⬇️⬇️⬇️

10 လပိုင်း / တစ်လစာ ဟောစတမ်း 10 လပိုင်း အတွင်း/ ၁ နွေ သားသမီးများ အနေနဲ့ ညဏ်စွမ်းရှိသလောက် ဖြစ်ထွန်းနိုင်မည့် ကာလ ဖြစ်သည်၊ ဆုံးဖြတ်ချက် ချရခက်သော ကိစ္စများ ပေါ်ပေါက် လာတက်သည် ၊ အခွင့်လမ်း နှစ်မျိူးပေါ်တက်သည်၊ အခက်ခဲများ အောင်မြင်သောကာလ ဖြစ်မည်၊ ငွေဝင်ကောင်းသော အချိန်ကာလ ဖြစ်သည်၊ ကိုယ်တိုင် ကြိုးစားသလောက် အရာထင်မည့်နှစ် ဖြစ်မည်၊ အချစ်ရေး မှာ ဗျာများရသော လ ဖြစ်မည်၊ ချစ်သူနှစ်ဦးကြား အဆင်မ​ပြေမှု များတက်သည်၊ ကွဲကွာကိန်းတော့ မရှိပါ၊ ကျန်းမာရေး အစားသောက်မှားတက်သည်၊ ဆေးစားမှားတက် ၊ ယတြာပြုရန် - အိမ်ဘုရားမှာ လက်ဖက်ထမင်း ကပ်လှူပေးပါ တင်္နလာ သားသမီးများ အနေနဲ့ ၁၀ လပိုင်းအတွင်း အရာရာ အဆင်ပြေ နေရာမှ အခက်ခဲ ပေါ်တက်သည်၊ တစ်ဇွတ်ထိုးလုပ်မှုကြောင့်် ဖြစ်မည်၊ ငွေဝင်ကိန်း ကောင်းသောလဲ လောင်းကစား ၊ အပျေော်အပါး တို့ လုပ်ပါ က အခွင့်ရေး ဆုံးရှုံးမှု များမည်၊ စပ်တူလုုပ်ငန်းများ လုပ်မရပါ ၊ ၁၀ လပိုင်း အတွင်း ကြာသပတေး၊ သောကြာ ၊အင်္ဂါ သားသမီးများ သတိပြုပေါင်းသင်းပါ ၊ သူတို့ကြောင့် စိတ်အနှောက်ယှက် အလုပ်အကိုင် ထိခိုက်မှူ ဖြစ်စေတက်သည် ၊ အကြွေး၊အငှားရမ်း ကိစ္စများ စာချုပ်စာတမ်း ကိစ္စများ သတိပြုလုပ်ကိုင်ပါ၊ အချစ်ရေးမှာ နှလုံးသားထက် ဦးနှောက်ကို ပိုဦးစားပေးသင့်သော ကာလ ဖြစ်သည်၊ ချစ်သူ​၏ အမြင်စောင်းခြင်း၊ အထင်လွဲခြင်း ခံရတက်သည်၊ အရာရာ သတိပြုလုပ်ကိုင်ပါ၊ ကျန်းမာရေး အနေနဲ့ သွေးတိုးခြင်း၊ သွေးအားနည်းခြင်းများ ဖြစ်တက်သည်၊ ယတြာပြုရန် / နှင်းဆီ အနီ တစ်ပွင့်ကို ဧည့်ခန်း ထဲမှာ ပုလင်း တစ်လုံးဖြင့် ထိုးထားပေးပါ အင်္ဂါ သားသမီးများ အနေနဲ့ ၁၀ လပိုင်းအတွင်း / အတိုက်အခိုက် များသော လ ဖြစ် မည်၊ အလုပ် ၊အိမ်တွင်းရေး မှာလဲ အတိုက်အခိုက် ပေါ်မည် ၊ မလုပ်ချင်သော ကိစ္စ၊ မသွားချင်သော ခရီး များ မိမိစိတ်မပါဘဲ ပြုလုပ်ရသော ကာလ ဖြစ်သည်- ဤ လ တွင် ဝင်ငွေ ထက် ထွက်ငွေများမည်၊ ဝင်ငွေနည်းသော ကာလ ဖြစ်သည်၊ အတူနေသူများ နဲ့ ကတောက်ကဆ ဖြစ်တက်သည်၊ မိိမိ စိတ်ကို ရှေ့တန်း မတင်ပါနဲ့ အမှားများမည်၊ တင်္နဂနွေ သားသမီးများ နဲ့ တိုင်ပင်လုပ်ကိုင်ပါ၊အလုပ်သစ် ပြောင်း၍ မရသေးပါ ၊ အချစ်ရေးတွင် ဘေးစကားတို့ကြောင့် အဆင်မပြေဖြစ်တက်သည်၊ ချစ်သူ​၏ လျစ်လျူ ရှုခံရမည်၊ ကျန်းမာရေး ညံံ့သည်၊ ရေချိူး ၊ ဆင်ခြင်ပါ၊ နှလုံးအောင့်တာ ၊ ရင့်ဘတ်အောင့် ဖြစ်ပေါတက်သည်၊ ယ​တြာပြုရန် / ဘုရားဆွမ်းကပ်ရာတွင် ပုဝါ အဖြူတစ်ထည် ခင်း၍ ကပ်လှူပေးပါ ဗုဒ္ဓဟူး သားသမီးများ အနေနဲ့ ၁၀ လပိုင်းအတွင်း ကြုံတွေနေရသော ပြသနာများ အောင်မြင်ထိန်းချုပ် နိုင်သော ကာလ ဖြစ်မည်၊ အမိ ၊ အမျိူးသမီး ကြီး အကူညီရတက်သည်၊ ထိုသူဆီမှာ အကြံညဏ် ယူ လုပ်ကိုင်ပါ ၊ စကားပြောဆင်ခြင်ပါ၊ နှုတ်မထိန်းပါက ပြသနာ တက်ရတက်သည်၊ ငွေဝင်ကောင်းသောလဲ ထွက်စရာ များနေမည့်လ ဖြစ်သည်၊ ငွေစုလို့မရပါ ၊ အလုပ်ကို သေချာစီစဉ် လုပ်လေ အောင်မြင်လေ ဖြစ်မည်၊ နှုတ်ဂတိ လွယ် လွယ်မပေးပါနဲ့ ၊ဤကာလအတွင်း အလိုလိုနေရင်း စိတ် အားငယ်တက် သည်၊ စနေ ၊ ဗုဒ္ဓဟူး၊ သားသမီးများက စိတ်အနှောက်ယှက်ပေးတက်သည်၊ သတိ​ပြုပေါင်းပါ၊ အချစ်ရေးတွင်၊ ကြားလူပေါ်တက်သည်၊ ကျန်းမာရေး အသက်ရှူကျပ်တာ အသက်ရှုလမ်းကြောင်းပိုင်းဆိုင်ရာ ဖြစ်တက်သည်၊ ယတြာပြုရန်/ ကံကော်ညွန့် ၇ ညွှန့်ကို ဘုရားမှာ လှူပေးပါ ကြာသပတေး သားသမီးများ ၁၀ လပိုင်းအတွင်း/ အထီးကျန်ဆန် နေသော ကာလ ဖြစ်မည်၊ ဦးတည်လိုက်တိုင်း ရည်ရွယ်လိုက်တိုင်း အနှောက်ယှက်ပေါ်တက်သည်၊ လ အစ ပိုင်းတွင် အခက်ခဲ ပိုများမည်၊ ဇွဲ၊ဝီရိယ တို့ဖြစ် လုပ်ကိုင်ပါ၊ ငွေနောက်လိုက်ပါက ဆုံးရှုံးမှုများမည်၊ ဥပမာ လောင်းကစား ၊ မကောင်းတာ ဖြတ်လမ်းနည်းများ၊ ဘာဘဲလုပ်လုပ် တစ်ယောက်တည်းဆုံးဖြတ်ချက် မချပါနဲ့၊ ကြာသပတေး၊ သောကြာ သားသမီးများနဲ့ တိုင်ပင်လုပ်ကိုင်ပါ၊ ငွေကြေး ရင်းနှီးမြုပ်နှံမှူများ မလုပ်ပါနဲ့ ဆုံးရှုံးမှုများသောလ ဖြစ်သည်၊ အချစ်​ရေးမှာ သီးသန့်ဆန်နေလို့စိတ်ဖြစ်မည်၊ တစ်ယောက်တည်း နေချင်သည့် ကာလဖြစ်သည် ကိုယ်လက်တွဲဖော်ကိုရင်ဖွင့်ပေးပါ၊ ကျန်းမာရေး အညံမရှိပါ ယတြာပြုရန် အင်္ဂါနေ့တွင် ဘုရားအား နို့ဆွမ်းကပ်လှုပေးပါ သောကြာသားသမီးများ ၁၀ လပိုင်းအတွင်း/ အဆိုး အကောင်း အားပြိုင်နေသော ကာလ ဖြစ်သည်၊ ငွေဝင်ကောင်းသည်၊ သို့သော် တစ်ပါးသူကို ငွေမချေးပါနဲ့ ၊ အရင်လက ချေးငှားထားသော ငွေကြေးများ ပြန်လည်ရရှိနိုင်သည်၊ လ အစတွင် စိတ်ညစ်စရာ အနည်း ငယ်ရှိသောလဲ အခိုက်အတန့် တစ်ခု သာ ဖြစ်မည် ၊ အလုပ်ကိစ္စ ကြားဝင်လူများ ပေါလာတက်သည်၊ စနေ ၊ ဗုဒ္ဓဟူး၊ အမည်ရှင်များ သတိပြုပေါင်းသင်းပါ ၊ စာချုပ်စာတမ်းကိစ္စ များ သတိပြုလုပ်ကိုင်ပါ၊ ဘာဘဲလုပ်လုပ် ဆုံးဖြတ်ချက် ကို ပိုင်နိုငိစွာ ချ ပါ ၊ မိမိလုပ်မည့်အရာများကို ကိုယ့်စိတ်ထဲမှာသာ ထားပါ ၊ ချမပြပါနဲ့ ၊ အချစ်ရေး ချစ်သူ​၏ အထင်လွဲမှူခံရတက်သည်၊ ဖြေရှင်းလေ ရှုပ်လေ ဖြစ်မည်၊ ကျန်းမာရေး သွေးလေ ခြောက်ခြားတက်သည်၊ သွားကိုက်၊ ခြေထောက်နာ ဖြစ်တက်သည် ယတြာပြုရန် / အရပ်၈ မျက်နှာ ဘုရားတွင် ပန်းများ လဲလှယ်ပေးပါ ၊

ဧည့်ခန်းမှာ မထားသင့်သည့် ပစ္စည်းများ အိမ်တစ်အိမ် ဧည့်လာရင် ဧည့်ခန်း နဲ့ခြောက်ဆိုသလို၊ အိမ်တစ်အိမ်ရဲ့ ဧည့်ခန်းကလဲ အဓိက ကျပါတယ် ၊ လာဘ်ခေါ်တဲ့ နေရာ အထိ ဧည့်ခန်း ဟာ အရေးပါ ပါတယ် တစ်ချို့လာဘ်ပိတ်တယ် ၊ ဝင်တဲ့ ငွေ မမြဲဘူး၊ ကျန်းမာရေးညံ့ကျတယ်၊ အိမ်က အမြဲ ဆူနေပူနေကျတယ် ၊ ထို့သို့ကိစ္စများ ဖြစ်ဖူးကျပါတယ် ၊ ဧည့်ခန်းမှာ အဝတ်အစား၊ မျက်နှာသုပ်ပဝါ၊ မီးဖိုးချောင်ဓါး၊ တစ်ချို့ဧည့်ခုံမှာ ဟင်းချက်စရာ တွေတင်ပြီး ကြက်သွန်လှီး၊အခွံနွာ လုပ်တက်ကျတယ်၊ ထိုအချက်မှာ မကောင်းပါ ၊ နောက်တစ်ခုက ဧည့်ခန်းမှာ ပန်းအိုးထားတာ ကောင်းပေ့မယ် ၊ ထိုးတဲ့ ပန်းက ကိုယ့်နဲ့ ဓာတ်နာမ်မသင့်ရင် မကောင်းပါ၊ ဥပမာ ၊ 6ကြွင်းတင်္နလာ က နှင်းဆီပန်း ကို ဧည့်ခန်းမှာ မထားသင့်ပါဘူး ၊ ဒီအချက် ကို​နောက် တင်ပေးပါမယ်၊ နောက်တစ်ခုက ဇီးကွက်ရုပ်ကို မထားသင့်ပါဘူး ၊ ဈေးဆိုင်တွေက လွဲရင် မထားသင့်ပါ ၊ နောက်တစ်ခုက ဓာတ်ပုံ ၊ ဓာတ်ပန်းချီဆိုတာ ရှိပါတယ် တစ်ချို့ ပုံတွေက အိမ်ကို ခိုက်စေပါတယ်၊ ဥပမာ လက်နက် ပါသော ပုံတွေ၊ အနက်ရောင်ပါသော တိရစ္ဆာန် ပါသောပုံများ၊ရေတံခွန်၊ ဓါတ်ပုံ၊ နေဝင်ချိန် ဓာတ်ပုံများ မထားသင့်ပါ၊ နောက်တစ်ခုက အိမ်ထောင်ဦးစီး အဝတ်အစားများ ဧည့်ခန်းမှာ မထားသင့်ပါ၊ ဧည့်ခန်းမှာ မှန် များ ချိတ်မထားသင့်ပါ၊ ♾️♾️ ဆက်ရန် ✍🏼

အိမ်ထောင်ရေး ဗေဒင် ၆ ၂ ကြွင်း ဖွား များ​၏ အိမ်ထောင်ဘက်အနေနဲ့ အမျိူးသမီးများ​၏ အိမ်ထောင်ဖက်သည် သိုသိုသိပ်သိပ် နေတက်သည့် အိမ်ထောင်ဖက်မျိူး၊ ဖြစ်သည်၊ ကိုယ်ဖြစ်လိုသည်ကို အ​လေးမထားသော ယောကျ်ားမျိူးရတက်သည်၊ ကိုယ်စကား အလေးမထားသောသူဖြစ်သည်၊ စီးပွားရေးတွင်လဲ တကျတ်ကျတ် စကားများတိုင်ပင်ရတက်သည်၊ ကိုယ်ဖြစ်စေချင်သည့် က တစ်ခု၊ ဖြစ်လိုသည်က တစ်ခု ဖြစ်တက်သည်၊ ၂ ကြွင်းဖွား များ​၏ အိမ်ထောက်ဖက်သည် တင်္နဂနွေသားသမီး ဖြစ်ပါက မိမိထက် စီးပွားရေး ၊ပညာရေး၊ရုပ်ရည် သာလွန်သောသူ ဖြစ်၍ မိမိအား ထိုအချက်များဖြင့် စိုးမိုးတက်သူလဲ ဖြစ်သည် ၊ တင်္နလာသားသမီး ဆိုပါက မိမိ စကားနားမထောင် အလေးမထားဘဲ ထင်ရာဇွတ် လုပ်တက်သူဖြစ်၍ အိမ်ထောင်ရေး ရှုပ်ထွေးသူ ဖြစ်တက်သည်၊ အင်္ဂါ သားသမီးဆိုပါက ရှေ့က လဲ ထားမရ နောက်ကလဲ ထားမရ ၊ အမြဲ ကန့်လန်တိုက်သူ ဖြစ်၍ အိမ်ထောင်ရေးဖောက်ပြန်တက်သူလဲ ဖြစ်သည်၊ ဗုဒ္ဓဟူးသားသမီးဆိုပါက စီးပွားရေး ၊ အိမ်ထောင်ရေး ဦးဆောင်နိုင်သောသူ ဖြစ်သည်၊ သို့သော်လဲ စည်းစနစ် အလွန်ကြီးသူ ဖြစ်တက်၍ တစ်ကျပ်နှစ်ကျပ်က စ မြင်တက်သူ ဖြစ်သည်၊ အလှူအတန်း မိဘ ပေးကမ်းတာ မသိအောင် ပေးရတက်သည်၊ ကြာသပတေးသားသမီးဖြစ်ပါက ဝေလေလေ သမားဖြစ်၍ အပေါင်းအသင်း၊အပျော်အပါးများဖြင့်သာ အချိန်ကုန်နေ၍ အားကိုးအားထား ပြုမရသော သူဖြစ်တက်သည် သောကြာသားသမီး ဆိုပါက ကိုယ့်ထက် အသက်ကြီးသူ နဲ့လက်ထပ်ပါက အမြဲလိုလို့ လိုက်ဆုံးမတက်သည်၊ နေရာတကာ ဝင်ပါတက်သည်၊ကိစ္စမှန်သမျှ အကုန်ပြောမှ ကြိုက်သည် အသက်ငယ်သူဖြစ်ပါက ထိန်းသိမ်းရခက်ပြီး သူစကား နားထောင်နေရပြီး ထားရာနေ စေရာသွား ပုံစံဖြစ် တက်သည် အသက်ငယ်သူဖြစ်ပါက စီးပွားရေးတွင်လဲ အားကိုးမရသော သူဖြစ်တက်သည်၊ စနေသားသမီး ဖြစ်ပါက အပြောသောတာပန် ၊ အလုပ်ချာတူးလန် ဆိုသလို အပြောက များနေတက်သည်၊စီးပွားရေးမှာ အားကိုးအားထား ပြု၍ ရသော်လည်း နောက်ကနေ တတွတ်တွတ်​ပြော မှသာ လုပ်ကိုင်တက်ကြသည်၊😁 ဆက်ရန်၊ ♾️♾️♾️♾️ #AMN မှတ်ချက် အိမ်ထောင်​ရေးဇာတာတွင် ⬆️အချက်များ နဲ့လဲ မပြည့်စုံသေးပါ

အိမ်ထောင်​ရေး ဗေဒင် ၅ မိမိ မွေးသဣရာဇ် ကို ၇ နဲ့စား ယောကျာ်းနာမ် အင်္ဂါ /မိန်းမနာမ်သောကြာ တို့သည် ဘင်္ဂအိမ်မှာ ရပ်တည်ပါက ၃ ကြွင်း၊၆ကြွင်းဖွားများ အိမ်ထောင်ဖက်မှာ အမျိူးသမီးဆိုပါက အိမ်ထောင်ဖက်အမျိူးသားအနေနဲ့ အရည်အချင်းမပြည့်ဝခြင်း၊ထိန်းသိမ်းရခက်ခြင်း၊ အားကိုးအားထားပြု၍ မရခြင်း၊ အလုပ်အတည်တကျ မရှိခြင်း၊ အစစအရာရာ ကိုယ်က ဦးဆောင်ရခြင်း၊အမျိုးသမီးအနေနဲ့ အိမ်ထောင်ဦးစီး ကဲ့သို့ တာဝန်ထမ်းရတက်သည်၊ စီးပွားရေး၊လူမှုရေး၊သားရေးသမီးရေးထိ အမျိူးသမီး ဦးဆောင်ရသော အိမ်ထောင်ရေးမျိူးဖြစ်သည်၊ အိမ်ထောင်ရေးကြားမှာလဲ ဆွေမျိူးသားချင်း ဝင်ရောက်နှောက်ယှက်တာ ခံရပြီး၊ ကွဲစေပြတ်စေ လွယ်သော အိမ်ထောင်ရေးမျိူးဖြစ်သည်၊ ထပ်ဖြည့်ရရင် ကိုယ်မွေးခုနစ်က ၃ ကြွင်းဇာတာ တင်္နလာဖွားဖြစ်ပြီး အိမ်ထောင်ဘက်နေ့နာမ်က သောကြာဖြစ်ပါက အိမ်ထောင်ဘယ်လိုမှ မမြဲနိုင်ပါ ၊ ဖောက်ပြန်ခြင်း၊လောင်းကစား၊အရက်သေစာ တို့ ကြောင့် အပျက်ဘက်များသော အိမ်ထောင်ဖက်မျိူးဖြစ်သည်၊ ၃ ကြွင်းဖွား အမျိူးသမီးများအနေနဲ့ အိမ်ထောင်ပြုသည့်အခါ များစွာ ရွေးချယ်ရန်လိုအပ်ပါသည် ၊ အမျိူးသားများ ၆ ကြွင်းဖွားများအနေနဲ့လဲ မိိမိ နဲ့ သဘောထားမတိုက်သည့် အိမ်ထောင်ဖက်မျိုးဖြစ်တက် သည်၊ ချစ်လို့ အလိုလိုက်ရကနေ ထိန်းသိမ်းရခက်လာသည့် အိမ်ထောင်ရေးမျိူးဖြစ်တက်သည်၊ကိုယ်ရှာသမျှ ထိုင်ဖြုန်းနေသော သူလဲဖြစ်တက်သည်၊ အိမ်ရှင်မ တာဝန် မထမ်းဆောင်နိုင်သူလဲဖြစ်သည်၊ ကိုယ်က အနေအေးပေ့မယ့်ဇနီးသည်က အနေမအေးသောသူလဲဖြစ်သည်၊ ချစ်သူဘဝ မှာ အဆင်ပြေပြီး အိမ်ထောင်ရေးမှ ညံ့တက်သည်၊ ဒီနေရာမှာ ၃ ကြွင်း /၆ ကြွင်းဖွားများအနေနဲ့ အောက်တန်းဖွား လဲ ဖြစ်မည်၊ ကိုယ်အိမ်ထောင်ဖက်ကလဲ ရန်ဘက်ကျတဲ့ အိမ်ထောင်ရေးမျိုး ဖြစ်ပါက အဆိူးသဘော များသောသူများဖြစ်ပြီး အိမ်ထောင် တစ်ဆက်တည်းနဲ့ မ​မြဲကျပါ ကျန်သေးပါသည်၊ ဆက်ရန်

တစ်ချို့နာမည်ထဲမှာ မိဘ နာမည် ထည့် ပြီး မှည့်ထားတာတွေရှိတယ်၊ တစ်လုံးစ က ပြသနာ မရှိပေ့မယ်လဲ မေးသူထဲမှ အဖ ဦးကျော်စွာမြင့်+အမိ ဒေါ်မိုးဇာခြည် သားကို > မောင်ကျော်စွာမိုး အမိ+အဖ ထိုနာမ်တူ ပေးထားသော နာမည်ရှင်သည် အမိ အဖ ပေါ်မှာ အနိုင်ယူခြင်း၊ထိန်းသိမ်းရခက်ခြင်း၊ ထိမိခိုက်မိ ခနခနဖြစ်ခြင်း၊ ထင်ရာ တစ်ဇွတ်ထိိုး လုပ်တက်ခြင်း၊ ပညာရေး တစ်ပိုင်းတစ ဖြစ်ခြင်း၊ မိဘ လုပ်စာ ဖြင့်သာ ယောင်လည်လည် ဖြစ်နေတက်ပါသည်၊ တစ်ချို့ မိဘ တွေ သားသမီးကို အချစ်လွန်တာ နှစ်သလို့ဖြစ်တက်ပါတယ် / လာမေးသူ ဒေါ်မိုးဇာခြည် ကလေး မလိမ္မာလို့ လာမေးရာကနေ နာမည် စစ်ပေးခြင်းဖြစ်ပါသည်။ #ကာယကံရှင် ခွင့်ပြုချက်ယူပြီးမှ နာမည်ယူသုံးပါသည် ထို့ကြောင့် အမိအဖ နာမည်ပါတိုင်းလဲ မကောင်းပါ ၊ တစ်လုံးစ လောက်က ပါတာ ဘာမှ မဖြစ်ပါ ♾️♾️

အိမ် တစ်အိမ်ရဲ့ မီးဖိုဆောင် အိမ်တစ်အိမ်ရဲ့ မီးဖိုဆောင် က အိမ်ရှေ့ မှာရှိခြင်း၊ အိမ်ရဲ့ ခေါင်းရင်း မှာရှိခြင်း၊ အိပ်ခန်း / အခန်းပေါက်ဝ တည့်တည့်မှာရှိခြင်း၊ မီးဖိုးချောင် တံခါးနဲ့ ခြံဝင်တံခါးနဲ့ တည့်တည့်ကျခြင်း၊ မီးဖိုဆောင်ရဲ့ တံခါးရှေ့မှာ ရေတွင်းရှိခြင်းမီးဖိုဆောင်ထဲမှာ အလှပုံ၊များ ချိတ်ဆွဲထားခြင်း၊ အိမ်ထောင်ဦးစီး အနေနဲ့ မီးဖိုဆောင် ထားတာ ထောင့် မသင့်တဲ့ အခါ — အိမ်တွင်းဆူပူမှု ခနခန ဖြစ်ခြင်း၊ အိမ်သားတွေ ကျန်းမာရေးညံ့ခြင်း၊ လင်မယားစကားခနခန များရခြင်း၊ ထွက်ငွေများခြင်း၊ စီးပွားရေး အဆင်ပြေလိုက် ၊မပြေလိုက် ဖြစ်ခြင်း၊ပုံမှန်လည်ပတ်မှုမရှိသော စီးပွားရေး လုပ်ကိုင်ရခြင်း၊ အိမ်မှာ မပျော်ပိုက်ဘဲ အပြင် အပျော်အပါးများဖြင့်သာ ကုန်ဆုံးစေခြင်း များဖြစ်စေနိုင်ပါသည်။ #ဆန်းကျမ်း အရ မကောင်းသော လက္ခဏာ များသာဖြစ်သည် ♾️♾️ ဆက်ရန်

မနေနိုင်လို့ အမုန်းခံ ပြောလိုက်ပါ့အုံးမယ် လာလာပြောနေတဲ့သူတွေလဲ ခနခန မလို့ပါ ညဏ်ပူဇော်ခ 3000 /5000/ ဖုန်းဘေ 3000 အဲလိုတောင်းတဲ့သူတွေ တစ်ချို့ မှန်ကန်သလို့ အေး ညဏ်ပူဇော်ခ လေးနည်းလို့ သွားမေးတဲ့အခါ အောက်လမ်း ပြုစား ထားတယ်၊ အညံ့ရှိတယ်ဆိုပြီး ယတြာကြေး သိန်းချီတောင်းတော့တာဘဲ စစ်မှန်တဲ့ ဗေဒင်ဆရာ တိုင်း သည် ညဏ်ပူဇော်ခ သာ ယူပါသည် ယတြာကြေး၊ဘာညာ တွေ ပေးစရာမလို့ပါ အစီရင် အောင်မြင်လို့ ကန်တော့ရင်တော့ လက်ခံသည် မဟုတ်ပါက မအောင်မြင်သေးခင်မှာ ကန်တော့စရာလဲ မလိုပါ ၊ သိန်းချီလဲပေးစရာမလိုပ့ါ၊ လိမ်ခံရတဲ့သူများ Public နဲ့ တင်ကြပါ နောက် လူတွေ အလိမ်မခံရအောင် ၊ လိမ်ခံရမှ လာပြောတော့ ဘာလုပ်ပေးရမှာလဲ 😐

လပြည့်နေ့ ပြုလုပ်ရန် အစီရင် ♾️♾️ နံနက် 7:30 မှ 9:45 အတွင်း ပြုလုပ်ပါ ငွေကြေးခက်ခဲနေသူများ အနေနဲ့ မနက်မိုးလင်းတာ နဲ့ မိမိ အိမ်မှာရှိတဲ့ တံခါးမှန် သမျှ အကုန်ဖွင့်ပါ ၊ ဖွင့်ပြီးပါက တံခါးကြား၊ပတ်တာကြားလေးတွေမှာ အုန်းဆီ သို့မဟုတ်၊စားသုံးဆီ ကို တံခါးကြားလေးတွေထဲမှာ အနည်းငယ် ဆီ သုတ်လိမ်းပေးပါ၊ အိမ်တံခါးမကြီးပါမကျန် ပြုလုပ်ပေးပါ ပြီးရင် မနက် ဆန်ဆေးသော ရေကို ဖန်ခွက် တစ်ခွက်ထဲမှာ ခံထား၍ 9:00မှာ အိမ်ရှေ့သို့ ပတ်ဖြန်းပေးပါ ၊ ပြုလုပ်ပြီးပါက စိတ်ထဲကနေ အာရုံပြုဆုတောင်းပေးပါ ငွေကြေး ကိစ္စ အဆင်ပြေစေရန် တစ်ခုသာ 🙏🏼 ထိုအစီရင်ကို ငွေကြေးကိစ္စ ခက်ခဲနေသူများသာပြုလုပ်ပါ __________________________________________ အိမ်တွင်း အပူရှိသူများ၊ ကျန်းမာရေး ညံ့နေသူများ အနေနဲ့ ပိတ်စ အနီရောင် ပေါ် မှာ (န ) ဟု ရေးပါ ပိတ်စထဲသို့ မန်းကျည်းသီး အမှည့် အနည်းငယ် ထည့်ပါ ၊ ထည့်ပြီးပါက စုစည်း ပုံစံ လေး ထုံးပေးပါ၊ ထုံးပြီးပါက - ဆနွင်းမှုန့်ဖြစ် လူးပေးပြီး အိမ်တွင်း အဝင် တံခါးမကြီးရဲ့ အမြင့်တစ်နေရာမှာ ချိတ်ဆွဲထားပေးပါ ၊ ၁၅ ရက်တိတိ ချိတ်ဆွဲပေးပါ ၊ ၁၅ ရက်ပြည့်သော နေ့တွင် ရေအရှင်မှာ သွားမျောပေးပါ ထိုအစီရင်ကို အိမ်တွင်းအပူရှိသူ၊ ကျန်းမာရေးညံ့သူများသာ ပြုလုပ်ပါ 🙏 __________________________________________ အရောင်းအဝယ် ပါးနေသူများ ၊ကုန်ပစ္စည်းအောင်းနေသူများ၊ အနေနဲ့ ရေနွေးဓာတ်ဘူး ထဲ သို့ ဆားအနည်းငယ် ထည့်ပါ ပြီးရင်၊ ဆူပွက်နေသော ​ရေနွေးထည့်ပါ ၊ မိီမိ ရောင်းချင်သည့် ပစ္စည်း အနားမှာ /အောက် ကနေထား၍ ရေနွေးဓာတ်ဘူး ကို အဖုံးဖွင့်ပြီး ​ရေနွေး အေးသည့်အထိ ထားပေးပါ ၊ ရေနွေးအေးသွားပါက ၊ မိမိ ကုန်ပစ္စည်းများပေါ်သို့ အမြန်ရောင်းထွက်ပါစေဟုပြော၍ ပတ်ဖြန်းပေးပါ ၊ __________________________________________ စိတ်ထဲမှာ ထွက်ပေါက်ပိတ်နေသူများ ၊ အသဲကွဲလို့ လောင်နေသူများ၊ လမ်းပျောက်နေသူများ အနေနဲ့ စာရွက် အဖြူ အလွတ်ပေါမှာ ကိုယ့်နာမည်ရေးပါ ၊ တစ်နေကုန်ကပ်ထားပေးပါ၊ည လ ထွက် လာမှ ပြန်ခွာပေးပါ၊ ခွာပြီး စာရွက်ကို ကိုယ့်အိပ်တဲ့ ခေါင်းအုံးအောက်မှာ ထား၍ မှန်ကို လရောင်အောက်မှ တစ်ညလုံးထားပေးပါ၊ မိုးလင်းမှ သိမ်း၍ စာရွက်ကို ရေစိမ်ပြီး အိမ် ရဲ့ အနောက်မြောက် အရပ်ကို စွန့်ပစ်ပါ ၊ သိသာစွာ ထူးခြားလာပါ့လိမ့်မယ်၊ ♾️♾️♾️ __________________________________________ ဘာလုပ်လုပ် အဆင်ပြေချင်သူများအနေနဲ့ ငှက်ပျော အူ ကို 9 လက်မ လောက်ဖြတ် ပျားရည်း အနည်းငယ် ဆမ်းပြီး အိမ်ရဲ့ အ​ရှေ့ မှာ ပန်းအိုး ရှိပါက ပန်းအိုးထဲ ထည့်စိုက်ပါ ၊ မရှိသူက မြေကြီးပေါ်မှာဘဲ စိုက်ပါ၊ ပျားရည် ဆမ်းထားတာကို အပေါ်မှာထားပြီး စိုက်ပါ၊ ပြသနာ ရှုပ်ထွေးနေသူတွေ ၊ အချေအတင် ကိစ္စတွေမှာ အသုံးပြုနိုင်သည်၊ #ဒါတွေအကုန်လုံးလပြည့်နေမှာဘဲပြုလုပ်ရမှာပါ #ကူးယူခွင့်မပြုပါ ကျန်တဲ့ အခက်ခဲလေးတွေရှိရင်လဲ ထပ်မန့်ပေးပါ ၊ #အစီရင်ပြုလုပ်သူများ နားမလည်ပါက မေးပါ ၊ပြုလုပ်ထားပြီးပ့ါကလာပြပေးပါ🙏🙏🙏🙏🙏 #အဆင်ပြေကြပါစေ_AMN♾️

မနက်ဖြန် တော်သလင်း လပြည့်နေ့ အတွက် အစီရင် ပြုလုပ်ရန် မိတ်ဆွေတို့ ရဲ့ အခက်ခဲ ကို ပြောပြပေးပါ ♾️♾️⬇️⬇️ အခက်ခဲ အလိုက် အစီရင် ပေးပါ့မည်

၁ ကြွင်းဖွား ဘင်္ဂ ဖွား ပြီးရင် မရဏ ဖွားတွေကြောင်း ဆက်ရေးပါ့မယ် - အခုမဟုတ်သေးပါဘူး 😁 အားတဲ့ချိန် ရေးတင်ပေးပါ့မယ် ၊ သိပ်ပြီးတော့လဲ စိတ်မဝင်စားကြလို့ပါ ၊ တစ်ချို့ကလဲ ငွေဝင်စေ၊ လာဘ်ပွင့်စေ တို့လောက်ဘဲ စိတ်ဝင်စားကြတာ ၊ အမှန်က လောက ရဲ့ နေနည်း ထိုင်နည်းကိုသိမှသာလျှင် ဘယ်အရာကို လုပ်ရင် လာဘ်ပွင့်မယ် ၊ ဘယ်အချက်ကတော့ ကိုယ်နဲ့ အောင်မြင်စေမယ်ဆိုတာကို သိမှာပေါ့၊ ဥပမာ - ၆ ကြွင်း အင်္ဂါသားသမီး အပျေော်အပါး ခုံမင်ပါက ဘယ်တော့မှ မကြီးပွားသလို၊ ဘဝ နောက်ဆုံးမှာလဲ ဆင်းရဲစွာ နေထိုင်သွားရတက်သည်၊ #ဒီလောက်ပါဘဲ ဆက်ရန် ♾️♾️

လူ တစ်ယောက်မှာ ပထမ အရွယ်၊ဒုတိယ အရွယ်၊တတိယ အရွယ် ဟူ၍ အရွယ်သုံးပါးရှိပါတယ် ထိုအရွယ်သုံးပါးထဲမှာ - ချမ်းသာ၊ဆင်းရဲ၊ လောဂဓံ ရဲ့ အရွယ် လိုက် ရိုက်ခတ်မှုတွေက တစ်ဦးနဲ့ တစ်ဦး မတူညီကြပါဘူး၊ ပထမ အရွယ်မှာ ပြည့်ပြည်စုံစုံနဲ့ ကြီးပြီးလာရတယ်၊ တစ်ချို့က ငယ်စဉ်အခါ က မပြည့်မစုံနဲ့ ကြီးပြင်းလာရကြတယ်၊ ပထမ အရွယ် မှာ ပညာရှာ၊ဒုတိယ အရွယ်မှာ ကြင်ယာရှာ၊ တတိယ အရွယ်မှာ တရားရှာ တဲ့ စကားဆို အရတော့ လွယ်ပေ့မယ် လူတစ်ထောင်မှာ တစ်ယောက်တောင် ထိုစကားဆိုအတိုင်း ဖြစ်ဖို့ မလွယ်လှပါ၊ ဘာကြောင့်ပါလဲ??? ဗေဒင်ပညာရပ် မဟာဘုတ်ဂြိုလ်စားအရ --- ၁၃၃၈÷၇= ၁.ကြွင်း တင်္နဂနွေသမီး -ဘင်္ဂဖွား ၁ နွေ ဂြိုလ်စား ၆ နှစ် +တင်္နလာဂြိုလ်စား ၁၅ နှစ် -၂၁ - တင်္နဂနွေသားသမီး အနေနဲ့ ငယ်ရွယ်စဉ်အခါက အဖ နဲ့ဝေးကွာ၍ မွေးဖွားလာရခြင်း၊ အမိအဖ မပြေလည်တဲ့အချိန်မှာ မွေးဖွားလာရခြင်း၊ အမိအဖနဲ့ တူတူ မနေရခြင်း၊ကျန်းမာရေး ချူခြာခြင်း၊ မပြည့်စုံမှုနဲ့ အတူ ကြီးပြင်းလာရခြင်း ပညာရေးတွင်လဲ မိဘ အထောက်အပံ့ ပြည်စုံစွာ မရ၍ အောင်မြင်မှုနည်းသော အရွယ်ဖြစ်သည် ၊အသက် ၁ နှစ်မှ ၂၁ အတွင်း ခက်ခက်ခဲခဲ ဖြတ်သန်းရပြီး ပထမ အရွယ် ညံ့သော သူဖြစ်သည်။ ဒုတိယ အရွယ် 21 နှစ် + အင်္ဂါ ဂြိုလ်စား ၈နှစ် 29+ ဗုဒ္ဓဟူးဂြိုလ်စား ၁၇ နှစ် / ၄၆ နှစ် မှာ စီးပွားရေး ပညာရေး ကောင်းသော အရွယ်ဖြစ်သည် ၊ သို့သော် အတိုက်အခံ များဖြင့်သာ အောင်မြင်မည်၊ ဝန်ထမ်းဆိုပါက အလုပ်မှာ ခနခန ရန်ပေါ်တက်၊ ကိုယ်ပိုင် လုပ်ငန်းဆိုပါ အပြိုင်အဆိုင်များဖြစ်သာ အောင်မြင်မည် ၊ ဝင်ငွေကောင်းသောလဲ စုဆောင်း၍ မရသောကာလဖြစ်သည်၊ စီးပွားရေး အဆင်ပြေပေ့မယ့် အိမ်တွင်းရေး၊ အိမ်ထောင်ရန်၊ အိမ်တွင်းပြသနာများသော အရွယ် ဖြစ်သည်၊ အိမ်ထောင်ရေးမှာလဲ ကွဲလိုက်ပေါင်းလိုက် ဖြစ်နေတက်သည်၊ ဒုတိယ အရွယ်မှာလဲ ဤ ဇာတာရှင်ညံ့သေးသည်။ ကျန်းမာရေးလဲညံ့သော အရွယ်ဖြစ်သည်၊ ခွဲစိတ် ရခြင်း၊ ဖျားနာကြီးခြင်းဖြစ်တက်သည်။ တတိယအရွယ် - ၄၆ နှစ် စနေ ဂြိုလ်စား ၁၀နှစ်- ၅၆+ ကြာသပတေး ဂြိုလ်စား - ၁၉နှစ် + ၇၅ နှစ်အတွင်းမှာ စီးပွားရေး၊ကျန်းမာရေး၊လူမှုရေး၊ အိမ်ထောင်ရေး အဆင်ပြေပြီး အလုပ်အကိုင် အတည်တကျ ဖြင့် အောင်မြင်ခြင်း၊ အိမ်၊ခြံ၊မြေ များ ပိုင်ဆိုင်ခြင်း၊ အိုးသစ်အိမ်သစ် ဖြင့်နေရခြင်း၊ကား၊တိုက်တာ အဆောက်အဦးများ ပိုင်ဆိုင်ခြင်း ၊ အမွေရခြင်း၊ ထီပေါက်ခြင်း၊ ၄၆ မှ စ၍ ၅၆ နှစ်အတွင်း နာမည်ဂုဏ်သတင်း ကျော်ဇော်ခြင်း၊ကံဇာတာ ကောင်းပြီး ပြီးပြည့်စုံသော အရွယ် ဖြစ်သည် ။ တတိယအရွယ်ကောင်းသော ဇာတာရှင် ဖြစ်သည် ။ သို့သော် ဤ ဇာတာရှင်သည် အဖွားဇာတာ ညံ့သောသူ ဖြစ်သည့် အတွက် / အပျော်အပါးလိုက်ခြင်း၊ လောင်းကစားလုပ်ခြင်း၊ ဘဝင်ကြီးခြင်း၊ အောက်ခြေလွတ်ပြီး အသုံးစွဲမတက်ပါက ၊ ဒေါသ ထွက်လွယ် ဘာသာရေးအားနည်းပါက အိုဇာတာ ကံ အပြည့်အဝ မကောင်းနိုင်ပါ ။ ဒီ နေရာ မှာ အရွယ်သုံးပါးမှာ - ပထမ အရွယ်နဲ့ ဒုတိယ အရွယ် ညံ့ပါတယ် ၊ ထို အညံ့ ကို ကောင်းခြင်းရင် နာမည်​ ၊ မှည့်တဲ့ နေရာဟာ အဓိက ပါဝင်ပါတယ် ၁၃၃၈ ÷ ၁ ကြွင်း တင်္နဂနွေ ကို ဗုဒ္ဓဟူးအစ ကြာသပတေးအဆုံး၊ တင်္နလာအစ စနေ အဆုံး၊ တင်္နဂနွေ အစ ဗုဒ္ဓဟူး အဆုံးပေးမိပါက ထိန်းရသိမ်းရခက်ခဲပြီး ဘဝ မှာ ရန်လိုမှု၊ရန်ခနခန ဖြစ်ရတာတွေ၊ အများနဲ့ တစ်ယောက် ၊ ဖြစ်ရခြင်း၊ သူတစ်ပါး​၏ ပယောဂ ကြောင့် အသက် ဆုံးပါးရခြင်း၊ မဟုတ်ပါက ကျန်းမာရေး နာတာရှည် ဖြစ်ခြင်း၊ တစ်ယောက်ထဲ အထီးကျန်စွာ ဖြတ်သန်းရခြင်း၊ မိဘ များအနေနဲ့လဲ ဆိုဆုံးမ မှု မရဘဲ မိုက်ရိုင်းသော ကလေး သာ ဖြစ်တက်ပါသည်။ ထို့ကြောင့် ဥ ၊သံ၊နာ၊မူ ဒီလေးချက်မှာ နာမည်က တတိယ နေရာမှာ အဓိက ပါဝင်နေပါတယ် ။ #ဆက်ရန် #ကျန်းမာချမ်းသာကြပါစေ__AMN ♾️♾️♾️

ဒီလိုရက်တွေမှာ ငွေကြေး လာဘ်ပိတ်နေပါက ပိုက်ဆံ အိတ် ကို အုန်းဆီ အနည်းငယ်လူးပြီး - ဧဟိ့ မိထ္တိ ဓန လာဘံ ဟူ၍ ၁၀၈ ခေါက်ရွတ်ပါ - ပြီးရင် နေရောင် ခန ပြပေးပါ -အုန်းဆီလူးထားသောပိုက်ဆံအိတ်ကို ​သိသာစွာအကျိူးထူးပါလိမ့်မည်။ #အဆင်ပြေကြပါစေ 🙏🏼

9 လပိုင်း အတွင်း သတိထားရမယ့် နေ့နာမ် များ စနေ၊ အင်္ဂါ၊ တင်္နဂနွေ စနေသားသမီးများ အနေနဲ့ ကျန်းမာရေး ညံ့သော လ ဖြစ်ပြီး အိမ်တွင်း အပူများသော ကာလာဖြစ်သည် ၊ အိမ်ထောင်ရေး /အချစ်​ရေးမှာလဲ ခွဲခွာရသောလ ဖြစ်သည် စီးပွားရေး လက်ရှိငွေများ အလုပ်တွင် မြုပ်နေတက်သည်၊ အဖြစ်ထက် အပျက်ဘက်များသောကာလ ဖြစ်သည် ၊ 7 ရက်ကနေ 21 ရက်အထိ ခရီးသွားစရာများ ရှောင်ပါ အင်္ဂါသားသမီးများ အနေနဲ့ အိမ်တွင်းရေးသာယာမှုနည်းခြင်း၊ ဆွေမျိုးသားချင်းများနဲ့ စကားများရသော ကာလ အစားမှား ၊ရေချိူးမှားတက်သော ကာလဖြစ်သည်၊ သတိပြုဆင်ခြင်ပါ၊ စီးပွားရေး အနေနဲ့ ဝင်ငွေ ထွက်ငွေ မမျှတသော ကာလ ဖြစ်သည် ၊ ထွက်ငွေ များသောကာလဖြစ်သည် -ကျန်းမာရေး၊ စက်ပစ္စည်းတို့ကြောင့် ငွေပိုထွက်သော ကာလ ဖြစ်မ​ည်၊ အလိုလိုနေရင် စိတ်အားငယ်နေတက်သည်။ ဘာသာရေးပိုလုပ်ပေးပါ တင်္နဂနွေ သားသမီးများ အနေနဲ့ စိတ်နှစ်ခွ ဖြစ်စရာများသော လ ဖြစ်သည်၊ ဝန်ထမ်းဆိုလဲအလုပ်ထဲမှာ ဗျာများရသောလ /ကိုယ်ပိုင်စီးပွားရေး လုပ်သူများလဲ ဝေခွဲမရ ဖြစ်သော ကာလ ၊ ရင်းနှီးမြုပ်နှံ သောလုပ်ငန်းများ ​ရှောင်ပါ ဦးတည်လိုက်တိုင်း အနှောက်ယှက်ပေါ်သောကာလ ဖြစ်သည်၊ကျန်းမာရေး အညံ့မရှိပါ၊ အိမ်တွင်းရေး ကတောက်ကဆတ် ခနခန ဖြစ်တက်သည် ၊ 9 လပိုင်းအတွင်း ခရီးသွားတာ ရှောင်ပါ ®️ #9လပိုင်း ®️ #AMN

အမည် ဟော ဗေဒင်မေးတဲ့ အခါမှာ မူလ နာမည်အရင်းရယ်၊ ပတ်ဝန်းကျင်က ခေါ်တဲ့ နာမည် ရှိရင် အဲနာမည် ပါ ထည့်ပြော ပေးရပါတယ် ၊ လူတစ်ယောက်မှာ ဥ -သံ-နာ-မူ ဆိုပြီးလေးချက် ရှိပါတယ် လူတစ်ယောက်မှာ ဒုတိယ အသက် က နာမည်ပါ လူတစ်ယောက်ရဲ့ အောင်မြင်မှူကလဲ ဒုတိယ အသက် နာမည်ပါဘဲ နာမည် နဲ့ အောင်မြင်တဲ့ အခါမှာ အမျိူးမျိူးရှိပါတယ် တစ်ချို့ကျ မိမိ နာမည် အရင်းနဲ့ ဘဲ အောင်မြင်တယ် တစ်ချို့ကျ ပတ်ဝန်ကျင်က ခေါ်တဲ့ နာမည်နဲ့ အောင်မြင်တယ် - ဥပမာ - လူတစ်ယောက် ဝ တဲ့သူဆိုရင် ကိုဖက်တီးလို့ခေါ်ကြတယ် တစ်ချို့ကျ အလုပ်နာမည် နဲ့ အောင်မြင်ကြတယ် ဥပမာ- လက်ဖက်ရည်ဆိုင် နာမည်က - ခိုင်ထူးသာ ဆိုရင် အဲဆိုင်ပိုင်ရှင်ကို ကိုခိုင်ထူး လိုခေါ်ကြတယ် - အဲလိုဘဲ နာမည် ဟာ လူတစ်ယောက်ရဲ့ ဘဝ ကို အောင်မြင်အောင်လဲ လုပ်ပေးနိုင်သလို့၊ ကျရှုံးအောင်လဲ လုပ်ပေးနိုင်ပါတယ် #ဆက်ရန်

သမီးရည်စားများ တွင်လက်ဆောင်မပေးသင့်သော ပန်း နီနီ မပေးရ /အနက် ရေမွှေး မပေးရ လက်ကိုင်ပဝါ ၊မျက်နှာသုပ်ပဝါ မပေးကောင်း ဖိနပ် လက်ဆောင် မပေးရ မိဘ ပိုင် ပစ္စည်း လက်ဆောင်မပေးရ ​ပြသနာများစွာ ခနခန တက်ရတက်သည်၊ ➰

စီးပွားရေးနဲ့ ဗေဒင်ပညာ စီးပွားရေး လုပ်တဲ့ အခါ မှာ ငွေများများရချင်တယ် အမြတ်များများရချင်တယ် အောင်မြင်ချင်ကြတယ် သို့သော် လူတိုင်းလုပ်တိုင်းမအောင်မြင် ကြပါ ... တစ်ချို့ကြတော့ စလုပ်လုပ်ခြင်းမှာ အောင်မြင်တယ် သက်တောင့်သက်သာ နဲ့ ငွေရကြတယ် တစ်ချို့ကြတော့လဲ အလုပ်ကြတော့ တစ်နေ့ကုန် မနားတမ်းလုပ်ရတယ် ရတော့ နည်းတယ် ....အလုပ်တူကြတယ် ဝင်ငွေ မတူကြဘူး လက်ဖက်ရ​ည်ဆိုင် ဖွင့်တာချင်းအတူတူ သူကျတော့ ဘာလို့အောင်မြင်ရတာလဲ ကိုယ့်ကျတော့ ဘာလို့ မအောင်မြင်ရတာလဲ ❓❓ တစ်ချို့ကြတော့လဲ စလုပ်တဲ့ နှစ်မှာဘဲ အရှုံးပေါ်တယ် ရှုံးတော့ ဆက်မလုပ်ဖြစ် နောက်နှစ်အနည်းငယ်မှာ ပြန်လုပ်တယ် ဝက်ဝက်ကွဲ အောင်မြင်တယ် ဆိုင်ကယ်ပြင်တယ် မအောင်မြင်ဘူး ဆိုင်ကယ်အပိုပစ္စည်းထရောင်းကြည့်တယ် အောင်မြင်တယ် ဒါတွေက ဘာကြောင့်လဲ ❓❓❓ စီးပွားရေးအရဆိုရင် — လုပ်သက် ၊ အချိန်၊ ငွေကြေး ၊ အခွငိ့ရေးကို အသုံးချအားနည်းမှု၊ ဇွဲ ၊ဝိီရိယ အားနည်းမှုတို့ကြောင့်လဲ ဖြစ်သည် ဗေဒင် အရဆိုရင် >> လုပ်တဲ့ လုပ်ငန်းက ကိုယ့်နဲ့ အကျိုးပေးမပေး ၊ ဘယ်လိုနေ့နံ ပါတာတွေက ကိုယ့်အတွက် အောင့် မြင်မလဲ ၊ ဘယ်အချိန်မှာ အလုပ် လုပ်သင့်သလဲ ဘယ်လိုလူတွေ နေ့နံတွေ နဲ့ ပေါင်းသင်းလုပ်ကိုင်သင့်သလဲ ဘယ်တော့ အကျိူးပေးနိုင်မလဲ အလုပ်ရဲ့ ဆိုင်နာမည် ၊ နေရာ၊ဆိုင်ရဲ့ မျက်နှာလှည့် အရပ်၊မြို့နယ် တို့လိုအပ်ခြင်း ကံကပေးတဲ့ အချိန်ကို လုပ်ကိုင်ခြင်း ၊ကံ၊ညဏ်၊ဝီရိယ၊ သုံးချက်ဆုံတော့ ခန နဲ့ အောင်မြင်တာပေါ့ ဒါတွေကတော့ ဗေဒင်အရပေါ့ လုပ်တိုင်းလဲ မ​ဖြစ် ဖြစ်တိုင်းလဲ မလုပ်ဆိုတဲ့သူတွေရှိကြပါတယ် ၊ ကံကပေးတော့လဲ မယူတက် ၊ ကံမပေးတဲ့ချိန်မှ ထလုပ်တာမျိူးတွေပေါ့ ကံတရားဟာ အရေးပါပေ့မယ့် လူရဲ့ အလုပ်နဲ့လဲ ပိုသက်ဆိုင်ပါတယ် ၊ အလုပ်လုပ်ခြင်းသည် ဘုန်းတန်ခိုုး လို့ လဲ စကားရှိပေ့သည် ၊ ကံကောင်းတဲ့ အချိန်မှာ အခွင့်ရေးနည်းလမ်းပေါင်းစုံ အပျော်များစွာဝင်လာတက်သည် ၊ ဒါကို တစ်ဘဝစာလို့ထင်ပြီး လုပ်ရင်လဲ ကံဆိုးရောက်လာတဲ့အခါ လက်မှိုင်ချ ဘဝ ရောက်ရတက်သည် ကံဆိုးနေတဲ့ အချိန်အခါမှာ လုပ်ရင်လဲ အခက်ခဲမျိူးစုံ အနှောက်အယှက် မျိုးစုံဝင်လာတက်သည် ၊ အလုပ်ကြိုးစားသော်လဲ ပင်ပန်းပြီး အကျိူးမရှိသောအရာများဖြစ်တက်သည် ၊ ကံကောင်းကောင်း ၊ ကံဆိုးဆိုး အလုပ်ကတော့ လုပ်နေရစမြဲ ပေသည်၊ ကံကောင်းလို့လဲ ထိုင်နေ၍ မရ ကံဆိုးလို့လဲ ဖြစ်ချင်ရာဖြစ် တွန်းလုပ်ရင် ရုန်းလေ နစ်လေ ဖြစ်မည် ၊ ဒီတော့ စီးပွားရေး တစ်ခု လုပ်တော့မည့်ဆိုရင် - ဘယ်နှစ်မှာ ဘာတွေလုပ်သင့်သလဲ ၊ ဘယ်လို အလုပ်မျိူးက ကိုယ့်အတွက် အကျိူးပေးမလဲ ၊ ငွေကြေး အခက်ခဲပိုင်းက ဘယ်အချက်ဖြစ်မလဲ ကိုယ်ရွေးချယ်တဲ့ အလုပ် အောင်မြင်မှုရရှိအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ___ မိမိ မွေးခုနစ် ၊မွေးလ ၊မွေးရက် ၊ နာမည် ၊ နေထိုင်သည့်မြို့၊ မိမိ အလုပ် ၊ အောင်မြင်ကြီးပွားဖို့ ကံဇာတာစစ်ဆေး ပြီးလုပ်သင့် မလုပ်သင့် ကို နားလည်သည့် ဗေဒင် ဆရာများနဲ့ မေးမြန်းလုပ်ကိုင်ရန်လိုအပ်ပါသည်၊၊

8. လပိုင်းထဲမှာ အရောင်းဝယ်သမားများ အရောင်းကောင်းနေပေ့မယ် အကြွေးများနေသော ကာလ ဖြစ်သည် ဈေးမကစားသင့်သောကာလတစ်ခု ဖြစ်သည် ၊ တင်္နလာနံ နဲ​့ ပက်သတ်သောကုန်ပစ္စည်းများ ထိန်းရောင်းပါ ၊ တင်္နဂနွေ သောကြာ ကြာသပတေး နာမ်ပစ္စည်းများ မြန်မြန်ရောင်းရမည့် ကာလဖြစ်သည်၊ကုန်လှောင်မိပါက ထိုနေ့နာမ်ပစ္စည်းများ အရှုံးများမည် စနေနာမ် အင်္ဂါနာမ် ဗုဒ္ဓဟူးနာမ်ပစ္စည်းများ အရောင်း အဝယ် နည်းပါသေးသောကာလ ဖြစ်သည် ​စနေ အင်္ဂါ ဗုဒ္ဓဟူး နာမ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံထားပါက အရှုံးများသော လ ဖြစ်သည် #သတိပြုနိုင်ကြပါစေ #နားမလည်ပါကမန့်မှာမေးပါ

ဒီလိုနေ့ရက်တွေမှာ စိတ်မကြည်တာမျိူး လေးလံထိုင်းမှိုင်းတာမျိူး စိတ်ကို ညိုးငယ်စေတာမျိုး အဖြစ်များကြလား ဘာဘဲလုပ်လုပ် မိမိ မှန်းထားသည့်နဲ့ မကိုက်ညီတာမျိူး အချိန်ထိ ပြောင်းပြန်ဖြစ်နေတာမျိူးပေါ့ ⬇️ ရှိရင် ⬇️⬇️⬇️ #မန့်မှာယတြာတင်ပေးပါ့မယ်