လောကီ အစီအရင်ပညာ
Открыть в Telegram
943
Подписчики
+524 часа
+327 дней
+12630 дней
Архив постов
#စနိုက်ကျော်ခံရလို့_စိတ်ညစ်နေလား
ဘာလုပ်မှန်းမသိ စိတ်ညစ်ပြီး ယတြာလာမေးကြတဲ့
သူတွေရှိလို့ ယတြာကို သေချာလေးရှင်းပြပေးမယ် ။
စာရွက်ဖြူတစ်ရွက်ပေါ်မှာ ကိုယ့်ရည်းစားရဲ့
နာမည်နဲ့ စနိုက်ကျော်နေတဲ့သူရဲ့ နာမည်ကို
ကျောချင်းကပ် ( ဆန့်ကျင်ဘက်ပုံစံ ) ရေးပါ ။
စာရွက်ကို ဖယောင်းတိုင်မှာ သေချာပတ် ။
ပြီးရင် နံ့သာဖြူ ၊ နံ့သာနီကို စျေးမဆစ်ဘဲ
ဝယ်လာတဲ့ဆီ ( မဆစ်ဆီ )နဲ့ သွေးပြီး
ဖယောင်းတိုင် တစ်ခုလုံးကို သုတ်လိမ်းရမယ် ။ နောက်ဆုံးအဆင့်ကတော့
အိုးခြမ်းပဲ့ပေါ်မှာ မီးတင်ထွန်းလိုက်ရုံပဲ ။
ဘာစွမ်းသလဲမမေးနဲ့ ။ ကိုယ့်ရည်းစားကို
စနိုက်နေတာတွေ့ရင် ချက်ချင်းသာ ထလုပ်ကြည့်ပါ ။
လင်းမြတ်
ပုသိမ်
09 978 261 361 ( Telegram)
82. အိမ်မှထွက်သွားသူပြန်လာစေရန်အတွက်
အကြီငျ်+လုံချည်ကိုရေစွတ်ပြီးရေမညှစ်ဘဲ အိမ်ရှေ့တွင်လှမ်းထားပါ။(အမျိုးသမီးဆိုအင်္ကျီဘဲ)
83. အိမ်ဌားကိစ္စအတွက်အဆင်မပြေလျှင်
အိုးထဲရွက်လှထည့်၊ ယပ်တောင်နဲ့ (၁၇) ချက်လက်ပြန်ခပ်ပေးပါ။
84. မိမိကိုအနိုင်ကျင့်လျှင်
ကတ္ထူကတ်ပြားပေါ်မှာနာမည်ရေး၊ နာမည်ပေါ် (၉) ရေး၊ (၉) ပေါ်အပ်တင်၊ အပ်ပေါ်မတ်စေ့တင်ပြီးမီးထွန်းဆုတောင်းပါ။
85. ကြွေးရှင်နေရန်
ဒန်အိုးဖင်ကိုကံကော်ပန်းနဲ့ခေါက်ပေးရင်း ဆုတောင်းပါ။
86. အရာရာတည်မြဲစေလိုရန်အတွက်
ဖယောင်းတိုင်တစ်တိုင်ပေါ်မှာစတုရန်းပုံလေးဆွဲပြီးအလည်မှာတုတ်ချောင်းပုံလေးဆွဲ၍ဘုရားမီးပူဇော်ဆုတောင်းပါ။
87.အပျိုကြီး၊လူပျိုကြီးစွံ့စေရန်လက်ဆောင်
စာရွက်တစ်ရွက်ပေါ်မှာမ ကိုဆွဲပြီးအောက်ကနေန ကိုပြောင်ပြန်ဆွဲပြီးမနှင့်ဆက်ပါ။
88.အလုပ်တွင် စိတ်မပါ၊ ညီးငွေ့၊ ပျင်း၊ လမှိုင်းမကပ်လျှင်လုပ်နိုင်ရန်အတွက်
ပိုးကြိုးကိုယူပြီး တောင်ကုန်းပေါ်သွားပါ၊ လေတိုက်တဲ့ဘက်ကိုမျက်နှာမူပြီး ငါရဲ့စိတ်တွေဒီထဲမှာပျော်ဆိုပြီး တစ်ထုံးထုံး၊ ငါရဲ့ကြိုးစားအားထုတ်မှုတွေ ဒီအထဲမှာပျော်ဆိုပြီးတစ်ထုံးထုံး၊ ငါရဲ့ကြိုးစားအားထုတ်မှုတွေ ဒီအခန်းထဲမှာနေဆိုပြီးတစ်ထုံးထုံး၊ နောက်ဆုံးသုံးထုံးထုံးပြီးဆုတောင်းပါ ပြီးလျှင်အိမ်ကိုယူလာပါ အိမ်ရောက်ရင်ဖြည်လိုက်ပါ။
89. အိမ်ထောင်ရေးအဆင်မပြေလျှင်
အနှိပ်သည်ဘုရဲ့အောက်မှာ လင်မယားနှစ်ယောက်ရဲ့ဓာတ်ပုံတစ်ပုံစီကပ်ပါ၊ နောက်ဘုပေါ်မှာမီးထွန်းပြီး လင်မယားနှစ်ယောက်အိပ်ယာရဲ့အလည်တည့်တည့်မှာထားပြီးဆုတောင်းပါ။
90. အနှောင့်အယှက်များဝင်နေလျှင်
ဆေးတံပေါ်မှာ ဖယောင်းတိုင်ထွန်းဆုတောင်းပါ။
91.အချစ်ရေးအဆင်ပြေစေရန်အတွက်
ကိုယ်နဲ့ကိုယ့်ချစ်သူနေ့နံသားနှစ်ခုကိုရင်ချင်းကပ်ပြီးနှီးနဲ့သုံးချက်ချည်ပါပြီးလျှင်ရေသန့်သန့်မှာမျှောပါ။
92. စျေးရောင်းကောင်းစေရန်အတွက်
အရက်ပုလင်းထဲရေထည့်ပါ၊ နောက်ကျောက်စရစ်ခဲ (၉) ခဲထည့်ပါ၊ နောက်နှင်းဆီအနီတစ်ပွင့်စိုက်ပါ။
93. မသေချာမရေရာတဲ့ကိစ္စများအတွက်
ကြွေပန်းကန်ပြားထဲမှာ အပ်တစ်ချောင်းစိုက်ပြီး အပေါ်မှာ မက်စေတင်၍ ဖယောင်းတိုင်ထွန်းဘုရားမီးပူဇော်ပါ။
94. အလုပ်သမားမြဲစေရန်အတွက်
ကြွေပန်းကန်ပြားတစ်ချပ်ပေါ်တွင် Marker Pan ဖြင့် လိုအပ်သောအလုပ်သမားနာမည်ကိုရေးပါ။
ပြီးလျှင်ထိုပန်းကန်ပေါ်မှာ နေကြာစေ့အပြည့်နာမည်အုပ်အောင်ဖြူးပြီး ဘုရားကပ်လှူပေးပါမကြာခနလုပ်ပေးပါ။
95.ငွေကြေးကိစ္စများအဆင်မပြေခဲ့သော်
ဘုရားတစ်ဆူဆူသို့သွားပြီး ဘုရားရင်ပြင်မှ ကျောက်ပြားများ သန့်ရှင်းရေးလုပ်ပေးပါ။ ဘုရားမှ အဆင်းတွင် ကျီးစာ/ခိုစာ ကျွေးပါ။
96.မျက်နှာချင်းဆိုင်မရအောင်ဖြစ်နေသော လင်မယားများအတွက်
ကွမ်းရွက်(၂)ရွက်ကိုယူကာ တစ်ရွက်၏ အချောဖက်တွင် ထုံးကိုကွမ်းရိုးဖြင့် ယောက်ျားနာမည်ရေး၊ နောက်တစ်ရွက်၏ အချောဖက်တွင် မိန်းမနာမည်ရေး ပြီးလျှင် မျက်နှာချင်းဆိုင်အပ်ကာ ပန်းကန်ပြားတွင်ထည့်ပြီး ကွမ်းရွက်ပေါ်မီးထွန်းပေးပါ။ (၉)ရက်ဆက်တိုက်လုပ်ပေးပါ။ ကွမ်းရွက်နွမ်းသွားလျှင် အသစ်လဲလှယ်ပေးပါ။
97. အရောင်းအဝယ်ကောင်းစေရန်အတွက်ယတြာ
မိမိတို့၏ လုပ်ငန်းများ/စျေးဆိုင်းများ ရောင်းပန်းဝယ်ပန်းပွင့်လန်းစေဖို့ လုပ်ငန်း၏ မျက်နှာစာတွင် အသီးအနှံပုံများ ကပ်ပေးထားပါ။
98.သားသမီးရတနာထွန်းကားစေရန်အတွက်ယတြာ
ရွှေတိဂုံစေတီတော်၏ တောင်ဘက်မုခ်တွင် ဘုရားဝတ်ပြုပြီး ထိုတန်ဆောင်းနှင့် ကပ်လျက် ဗြဟ္မာသားပိုက်ရှေ့တွင် ဖယောင်းတိုင်(၁၇)တိုင်၊ အမွှေးတိုင်(၁၇)တိုင်၊ ဝါးညွှန့်(၁၇)ညွှန့်၊ သစ်သီး(၈)မျိုး(ခွဲစိပ်ပြီး တစ်မျိုးစီပါလျှင်ရသည်) ကပ်လှူပြီး မိမိအလိုရှိသော သားဆုကို ဆုပန်နိုင်ပါသည်။
99.ဝင်လာမစဲတသဲသဲဖြစ်စေရန်အတွက်ယတြာ
မည်သည့်လုပ်ငန်းမဆို မိမိတို့၏ ဆိုင်သို့ လူများစွာ ဝင်လာမစဲဖြစ်စေဖို့ ဆိုင်၏ ကောင်တာစားပွဲတစ်နေရာတွင် ဖိုးဝရုပ်ကို ထိပ်ဝဖောက်ပြီး ငွေ(၉၀၀)ကျပ်/ငွေ(၉၀၀၀)ကျပ် ကို ကန်တော့ပုံပြုလုပ်ပြီး ထိုးထားပေးပါ။
100. အပြောင်းအရွေ့အဆင်ပြေရေးအတွက်
ညောင်ရွက်(၃)ရွက်ပေါ်တွင်၊နေ၊ရာ၊ပြောင်းဟူ၍ ရေးသားပြီးဘုရားတွင်ပူဇော်ဆုတောင်းပါ။
ဆရာလင်းမြတ်
09 978 261 361
Telegram
60.လာဘ်မပိတ်စေဖို့လုပ်ရမည့်အချက်များ
မနက်မိုးလင်းဘုရားဝေယျာဝစ္စတွေလုပ်ပြီးတံမြက်စည်းကိုအိမ်ရှေ့မှအိမ်အထဲသို့လည်းသွင်းပါ။
ထို့နောက်မနက်စောစောတွင်ခါးအောက်ပိုင်း အဝတ်တွေကိုအိမ်ရှေ့မှာမလှန်းပါနှင့်။ အလုပ်ခုံနှင့်စျေးရောင်းခုံများပေါ်တွင်မထိုင်ပါနှင့်။
61. နမောလေးချက်စီးပွားတက် အဓိဠာန်ပုတီးစိပ်နည်း
နမောသတဘဂဝတောကို (၁၀၈) လုံးပုတီးနှင့် (၃) ပတ်စိပ်၊ နမောသတအရဟတောကို (၁၀၈) လုံးပုတီးနှင့်(၃)ပတ်စိပ်၊နမောသတသမ္ဘာသမ္ဘုဒသကို (၁၀၈) လုးပုတီးနှင့် (၃) ပတ်စိပ်၊ နောက်ဆုံး/ နမောသတဘဂဝတော၊ အရဟတော၊ သမ္ဘာသမ္ဘုဒသကို (၁၀၈) လုံးပုတီးနှင့် (၃) ပတ်စိတ်ပါ။ စုစုပေါင်း (၁၂) ပတ် အဓိဠာန်ဝင်ပါ။
62. သောကကင်းဝေးနိုင်စေရန်အတွက်
ဘုရားသွား၍ လက်ယာရစ်အတိုင်းမွေးနေ့နံမှစပြီးရေတွက်ပါ (၄) ခုမြောက်ထောင့်မှာဖယောင်းတိုင် (၁) တိုင်ထွန်းပြီ
ရတနတ္တယံနိစ္စိဟံရက္ခတု ကိုသက်စေ့ ထက်မနည်းရေရွတ်ပါ။
63. အဓိဠာန်ပြီးစေရန်ပုတီးစိပ်နည်း
တနင်္ဂနွေနေ့မှာအရဟံ (၆) ပါတ်
တနင်္လာနေ့မှာသမ္မာသမ္ဗုဒ္ဓေါ (၁၅) ပါတ်
အင်္ဂါနေ့မှာဝိဇ္ဇာစရဏသမ္ပန္နော (၈) ပါတ်
ဗုဒ္ဓဟူးနေ့နံနက်မှာသုဂတော (၁၇) ပါတ်
ဗုဒ္ဓဟူးနေ့ညနေမှာလောကဝိဒူ (၁၂) ပါတ်
ကြာသပတေးနေ့မှာအနုတ္တရောပုရိသဒမ္မသာရထိ (၁၉) ပါတ်
သောကြာနေ့မှာသတ္တာဒေဝမနုဿနံ (၂၁) ပါတ်
စနေနေ့ နံနက်မှာဗုဒ္ဓေါ (၁၀) ပါတ်
စနေနေ့ ညနေမှာဘဂဝါ (၁၀) ပါတ်
64. တနင်္ဂနွေသားသမီးကျန်းမာရေးကောင်းစေရန်အတွက်
ကြာသပတေးနေ့မှာမေမြို့ပန်း(၅)ပွင့် ပေါက်ပေါက် ဆွမ်းဘုရားလှူ နောက်တနင်္လာနေ့မှာ
ကံကော်ပန်း (သို့) ကုက္ကားလှူပါ နောက်ဆုံး သောကြာနေ့မှာသစ်သီးတစ်မျိုးလှူပြီးဆုတောင်းပါ။
65. တနင်္လာသားသမီးကျန်းမာရေးကောင်းစေရန်အတွက်
သောကြာနေ့မှာသစ်သီးတစ်မျိုးလှူ၊ အင်္ဂါနေ့မှာတော့ ဆီမီး (၁၀) တိုင်ပူဇော်ပါ၊ နောက်ဆုံးစနေနေ့မှာတော့ ဒါန်းပန်းနဲ့ထီးနီ (၇) လက်လှူဒါန်းပါ။
66. အင်္ဂါသားသမီးကျန်းမာရေးကောင်းစေရန်အတွက်
စနေနေ့မှာဒါန်းညွန့် (၇) ညွန့်နှင့်ထီးဖြူ (၁) လက်လှူပါ၊ ဗုဒ္ဓဟူးနေ့မှာရွက်လှလှူရင်း ရသေပ်ပါယျပါ။ တနင်္ဂနွေနေ့မှာအုန်းယို (သို့) အိုးတစ်လုံးလှူပါ။
67. ဗုဒ္ဓဟူးသားသမီးကျန်းမာရေးကောင်းစေရန်အတွက်
တနင်္ဂနွေနေ့မှာအုန်းညွန့် (၁၀) ညွန့်လှူ၊ ကြာသပတေးနေ့မှာပေါက်ပေါက်နဲ့မုန့်မျိုးစုံလှူ၊ တနင်္လာနေ့မှာကံကော်ပန်းနှင့်ကုက္ကား(၂)လက်လှူ
68. သောကြာသားသမီးကျန်းမာရေးကောင်းစေရန်အတွက်
အင်္ဂါနေ့မှာဆီမီး (၈) တိုင်နှင့်ဆည်းလည်းလှူပါ၊ ဗုဒ္ဓဟူးနေ့မှာရွက်လှ (၈) ညှနျ့လှူပွီးရသေပ်ပါယျပါ၊ စနေနေ့မှာဒါန်း (၁၀) ညွန့်နှင့်ထီးနီ (၇) လက်လှူ။
67. လပြည့်နေ့မှသာလုပ်နိုင်သောယတြာ
လင်ဗန်းထဲမှာလက်ဖက် (၉) ပုံအလယ်မှာလစ်ပိုပုလင်းထောင်ပြီးအပေါ်တွင် ဖယောင်းတိုင်ထွန်းပြီးဘုရားတွင်ပူဇော်ပါ။
68. (1,10,19,28) ရက်မွေးသူများ (၁) ဂဏန်းဖွား တွေအတွက် အကျိုးပေးအရောင်-ရွှေရောင်၊ အဝါရောင် ။ အကျိုးပေးကျောက်မျက်ရတနာ- စိန်၊ ပတ္တမြား၊ ပယင်း
69. (2,11,20,29) ရက်မွေးသူများ (၂) ဂဏန်းဖွားများအတွက်။ အကျိုးပေးအရောင်-အစိမ်းရောင်
အကျိုးပေးကျောက်မြတ်ရတနာ-ကျောက်စိမ်း၊ ပုလဲ။
70. (3,12,21,30) ရက်မွေးသူများ (၃) ဂဏန်းဖွားများအတွက်။ အကျိုးပေးအရောင်- အပြာရောင်၊ ခရမ်းရောင်
အကျိုးပေးကျောက်မြတ်ရတနာ- ကျောက်နီ၊ ဂေါ်မုတ်
71. (4,13,22,31) ရက်မွေးသူများ (၄) ဂဏန်းဖွားများအတွက်။ အကျိုးပေးအရောင်- အညိုရောင်
အကျိုးပေးကျောက်မြတ်ရတနာ- နီလာ
72. (5,14,23) ရက်မွေးသူများ (၅) ဂဏန်းဖွားများအတွက် အကျိုးပေးအရောင်- ရောယှက်ရောင်စုံ
အကျိုးပေးကျောက်မြတ်ရတနာ- စိန်၊ ငွေ
73. (6,15,24) ရက်မွေးသူများ (၆) ဂဏန်းဖွားများအတွက် ။ အကျိုးပေးအရောင်- အပြာရောင်
အကျိုးပေးကျောက်မြတ်ရတနာ- ပုလဲ၊ မြ
74. (7,16,25) ရက်မွေးသူများ (၇) ဂဏန်းဖွားများအတွက်။ အကျိုးပေးအရောင်- အစိမ်း၊ အဖြူ၊ အဝါ၊ အရောင်မှိုင်း
အကျိုးပေးကျောက်မြတ်ရတနာ- ကြောင်ကျောက်၊ ပုလဲ။
75. (8,17,26) ရက်မွေးသူများ (၈) ဂဏန်းသမားများအတွက်။ အကျိုးပေးအရောင်- အနက်၊ အပြာရောင်၊ ခရမ်းရောင်။
အကျိုးပေးကျောက်မြတ်ရတနာ- ပုလဲနက်၊ စိန်နက်၊ ကျောက်နက်။
76. (9,18,27) ရက်မွေးသူများ (၉) ဂဏန်းသမားများအတွက်။ အကျိုးပေးအရောင်- အနီ၊ ကြက်သွေးရောင်။
အကျိုးပေးကျောက်မြတ်ရတနာ- ပတ္တမြား၊ သံ။
77. လက္ခဏာမှာ မကောင်းတဲ့ အမှတ်အသားတွေဖျက်ချင်လျှင် ဖုဠဿလောကဓမ္မေဟိ၊ စိတ္တံဿနဘမ္ပတိ၊ အသောကံဝိရဇံခေမံ
78. အမှန်တစ်ကယ်အရေးကြီးလျှင်လုပ်နိုင်သောယတြာ။ မိုးပျံဗူပေါင်းတွင် ဆုတောင်းစာချိတ်ဆွဲ၍ အပေါ်သို့ လွတ်တင်ပါ၊ ည (၁၂) နာရီတိတိမှာလုပ်ပါ။
79. ငွေကြေးကိစ္စအရေးကြီးလျှင်လုပ်နိုင် သောယတြာ
လင်ဗန်းတစ်ချပ်ထဲတွင် သင်္ဘောသီး (သို့) သပြေ (၁၁) ညွန့်ကိုထည့်ပါ။ ထန်းလျက် (၁၁) ခဲဝိုင်းပြီးဘုရားလှူပါ။
80. အမှုဖြစ်နေသူများအတွက် လှေကားလက်ရမ်းတွင်နေဝင်ချိန်မှာမီးထွန်းပါ (သို့)သစ်သားအပ်ချည်ဘီးလုံးပေါ်မီးထွန်း
ဆုတောင်းပါ။
81. လုပ်သမျှလွဲချော်နေလျှင်
အဘဘိုးမင်းခေါင်ကိုမုန့်ဟင်းခါးနဲ့ဘူးသီးကြော်လှူပြီးမိမိလိုရာကိုဆုတောင်းပါ။
44.တနင်္ဂနွေသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
စနေနေ့ နံနက် (၇) နာရီတွင် မြတ်စွာဘုရားအား ဆွမ်း (၃) ပွဲကပ်လှူပါ။ တနင်္ဂနွေနေ့ နံနက် (၇) နာရီ (၁၃) တွင် ရွက်လှ (၁၇) ညွှန့်ဖြင့် (၁၇) ချက်မြောက်ဘက်အရပ်မှနေ၍ရိုက်ပါ။ ယမန်နေ့မှ အလှူဒါနကိုသစ္စာပြုပါ။
45.တနင်္လာသားသမီးများ(ကားအမြန်ရောင်းထွက်လိုသော်)
တနင်္ဂနွေနေ့ညနေ(၅) နာရီတွင် ရေတွင်ကျက်စားသောသတ္တဝါများအား သစ်သီးသစ်ရွက်များကျွေးပါ။ တနင်္လာနေ့ ညနေ (၅) နာရီ (၁၅) မိနစ်တွင်သပြေ(၂၁) ညွှန့်ဖြင့်(၂၁) ချက်တောင်ဘက်အရပ်မှရိုက်ပါ။
46.အင်္ဂါသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
တနင်္လာနေ့ညနေ(၃) နာရီတွင် လမ်းဘေး တောင်းရမ်းသူအား ကိတ်မုန့် (၂) ချပ်ကျွေးပါ။ နောက်တစ်နေ့ အင်္ဂါနေ့ ညနေ (၃) နာရီ (၁၀) မိနစ်တွင် အုန်း (၆) ညွှန့်ဖြင့် (၆) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှ အလှူဒါနကို သစ္စာပြုပါ။
47.ဗုဒ္ဓဟူးသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
အင်္ဂါနေ့ နေ့လည် (၁) နာရီတွင် အဘဘိုးမင်းခေါင်အား ပေါင်မုန့် (၅) ချပ်လှူပါ။ နောက်တစ်နေ့ ဗုဒ္ဓဟူးနေ့ နေ့လည် (၁) နာရီ (၁၂) မိနစ်တွင် ဇော်စိမ်း (၈) ညွှန့်ဖြင့် (၈) ချက် အနောက်မြောက်ထောင့်မှနေ၍ ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှအလှူကိုသစ္စာပြုဆုတောင်းပါ။
48.ကြာသပတေးသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
ဗုဒ္ဓဟူးနေ့ နေ့လည် (၁၂) နာရီတွင် ကြာသပတေးသားသမီးတစ်ဦးအား အုန်းသီးပါသောမုန့်လှူပါ။ နောက်တစ်နေ့ ကြာသပတေးနေ့ နေ့လည် (၁၂) နာရီ (၁၄) မိနစ်တွင် မေမြို့ (၁၉) ပွင့်ဖြင့် (၁၉) ချက် အရှေ့ထောင့်မှရိုက်ပါ။ ယမန်နေ့မှအလှူကို သစ္စာပြုပါ။
49.သောကြာသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
ကြာသပတေးနေ့ နံနက် (၁၁) နာရီတွင် ဘိုးတော်သကြားမင်းအား ရေ (၄) ခွက်ကပ်ပါ။
နောက်တစ်နေ့ သောကြာနေ့ နံနက် (၁၁) နာရီ (၁၆) မိနစ်တွင် နှင်းဆီ (၁၀) ပွင့်ဖြင့် (၁၀) ချက် အရှေ့မြောက်ထောင့်မှနေ၍ရိုက်ပါ။ပြီးလျှင် ယမန်နေ့မှ အလှူဒါနကိုသစ္စာပြုပါ။
49.စနေသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)
သောကြာနေ့ နံနက် (၉) နာရီတွင် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား နွားနို့ (၂) ခွက်လှူပါ။ နောက်တစ်နေ့ စနေနေ့ နံနက် (၉) နာရီ (၁၁) မိနစ်တွင် ကံကော် (၁၅) ညွှန့်ဖြင့် (၁၅) ချက် အနောက်ထောင့်မှရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှ အလှူကိုသစ္စာပြုပါ။
50.တနင်္ဂနွေသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်
မိမိသည်မြောက်ဘက်အရပ်ကိုဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် သီဟိုဠ်သား (သို့) အရွက်ကိုနင်းပြီးမှသွားပါ။
51.တနင်္လာသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်
မိမိသည်အနောက်တောင်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်အထွက်တွင်
ဒါန်းသား (သို့) ဒါန်းညွန့်ကိုနင်းပြီးမှထွက်ပါ။
52,အင်္ဂါသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်
မိမိသည်ရှေ့မြောက်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်အထွက်မှာအုန်းသား(သို့) အုန်းညွန့်ကိုနင်းပြီးမှထွက်ပါ။
53.ဗုဒ္ဓဟူးသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်
မိမိသည်အရှေ့အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် ခရေသား (သို့) ခရေရွက်ကိုနင်းပြီးမှထွက်ပါ။
55.ကြာသပတေးသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်
မိမိသည် ရှေ့တောင်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကိစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် ဇော်စိမ်းညွန့်ကိုနင်းပြီးမှထွက်ပါ။
56.သောကြာသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော် မိမိသည် တောင်ဘက်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် ရွက်လှညွန့်ကိုနင်း ပြီးမှထွက်ပါ။
57.စနေသားသမီးများနှင့်အပြိုင်အဆိုင်ကြုံခဲ့သော်
မိမိသည်အနောက်အရပ်သို့ ဦးခေါင်းထားမအိပ်ဖို့ဆင်ခြင်ပါ။ ကစ္စကြီးငယ်ပြောစရာရှိခဲ့သော် အိမ်မှအထွက်တွင် ဗန်ဒါရွက်ကိုနင်းပြီးမှသွားပါ။
58. စာမေးပွဲဖြေဆိုင်နိုင်စေရန်အတွက် အိမ်ဘုရားမှာ-
တနင်္ဂနွေသားသမီးဆိုရင်သစ္စာပန်း(၃) ခက်လှူပါ။
တနင်္လာသားသမီးဆိုရင်နှင်းဆီပန်း(၁၀)ပွင့်လှူပါ။
အင်္ဂါသားသမီးဆိုရင်အုန်းညွန့်(၆)ညွန့်လှူပါ။
ဗုဒ္ဓဟူးသားသမီးဆိုရင်ကံကော်(၆)ညွန့်လှူပါ။
ကြာသပတေးသားသမီးဆိုရင်ဇော်စိမ်း(၈)ညွန့်လှူ
သောကြာသားသမီးဆိုရင်ရွက်လှ(၄) ညွန့်လှူပါ။
စနေသားသမီးဆိုရင်မေမြို့(၁၀)ညွန့်လှူပါ။
59. ပုတီးလုပ်ရမည့်နည်း တနင်္ဂနွေသားသမီးအတွက်ပိတောက်သားနဲ့လုပ်ပါ
တနင်္လာသားသမီးအတွက်လက်ပံသားနဲ့လုပ်ပါ။
အင်္ဂါသားသမီးအတွက်သရက်သားနဲ့လုပ်ပါ။
ဗုဒ္ဓဟူးသားသမီးအတွက်ကသစ်သားနဲ့လုပ်ပါ။
ကြာသပတေးသားသမီးအတွက်အင်ကြင်းသားနဲ့
သောကြာသားသမီးအတွက်ဇီးသားနှင့်လင်းလွန်းတင်သားနဲ့ပေါင်းလုပ်ပါ။
စနေသားသမီးအတွက်ဝံအူသားနှင့်ရင်အောင်းသားပေါင်းလုပ်ပါ။
26. အင်္ဂါနံပစ္စည်းများရောင်းထွက်စေရန်အတွက်
နံနက် (၈) နာရီအချိန်အတွင် စျေးကောင်းကောင်းနှင့်အမြန်ရောင်းထွက်ဟုဆိုပြီးထအောင်းနှင့် (၈)ချက်ရိုက်ပါ။ထအောင်းမရှိလျှင် ဒန်အိုးနှင့်ရိုက်ပါ။
27. ဗုဒ္ဓဟူးနံပစ္စည်းများရောင်းထွက်စေရန်အတွက်
နေ့လည် (၃) နာရီအချိန်တွင် စျေးကောင်းကောင်းနှင့်အမြန်ရောင်းထွက်ဟုဆိုပြီးအင်းကြင်းနှင့်(၁၂)ချက်ရိုက်ပါ။အင်ကြင်းမရှိလျှင် အင်္ကျီနှင့်ရိုက်ပါ။
28.ကြာသပတေးနံပစ္စည်းများရောင်းထွက်စေရန်အတွက်
နံနက် (၅) နာရီိအခြိနျတှငျ စျေးကောင်းကောင်းနှင့်အမြန်ရောင်းထွက်ဟုဆိုပြီးကန်စွန်းညွှန့် (၅)ညွှန့်နှင့် (၅) ချက်ရိုက်ပေးပါ။
29.သောကြာနံပစ္စည်းများရောင်းထွက်စေရန်အတွက်
နံနက် (၇) နာရီအချိန်တွင် စျေးကောင်းကောင်းနှင့်အမြန်ရောင်းထွက်ဟုဆိုပြီးဆလပ်နှင့် (၇) ချက်ရိုက်ပါ။
30.အသက်ကယ်ယတြာ
သင်္ဘောသီးအစိမ်းတစ်လုံးပေါ်တွင် ကြက်လျှာရောင်စုံ (၉) လက်စိုက်ပြီး၊ထိုကြက်လျှာပေါ်တွင်ဆုတောင်းစာရေးပြီးအလယ်တွင်ဖယောင်းတိုင်ထွန်းဆုတောင်းပါ။
31.အလုပ်ကောင်းစေရန်နှင့်စျေးရောင်းကောင်းစေရန်
တန်ခိုးကြီးဘုရားတစ်ဆူမှာသန့်ရှင်းရေးကုသိုလ်ပြုလုပ်ပါ။
အောက်ပါနည်းအတိုင်း-
တနင်္ဂနွေ-ကြာသတေးထောင့်
တင်္နလာ-ဗုဒ္ဓဟူးထောင့်
အင်္ဂါ-သောကြာထောင့်
ဗုဒ္ဓဟူး-တင်္နလာထောင့်
ကြာသပတေး-တနင်္ဂနွေထောင့်
သောကြာ-အင်္ဂါထောင့်
စနေ-ဗုဒ္ဓဟူးထောင့်
32.အလုပ်မပြောင်းမရွေ့ရစေရေးအတွက်
တန်ခိုးကြီးဘုရားတစ်ဆူမှာပန်းခြောက်စွန့်၊တံမြက်လှဲ၊သန့်ရှင်းရေးလုပ်ပါ။
အောက်ပါနည်းအတိုင်း-
တနင်္ဂနွေ-ရာဟုထောင့်
တင်္နလာ-သောကြာထောင့်
အင်္ဂါ-တနင်္ဂနွေထောင့်
ဗုဒ္ဓဟူး-တင်္နလာထောင့်
ကြာသပတေး-ဗုဒ္ဓဟူးထောင့်
သောကြာ-ကြာသပတေးထောင့်
စနေ-အင်္ဂါထောင်
33.အလုပ်ရရှိစေရေးအတွက်
ကြွေပန်းကန်များတစ်ချပ်ပေါ်တွင် အာလူးတစ်လုံးတင်ပါ ပြီးလျှင်အပေါ်ကနေသာသနအလံ(၃)ချောင်းစိုက်ပါ။ထို့နောက် ဖယောင်းတိုင်တစ်နေ့တစ်တိုင် (၉)ရက်တိတိထွန်းပါ။
34.အလုပ်တွင်မြဲစေရန်အတွက်
တနင်္ဂနွေနေ့ နံနက် (၉) နာရီမှနံနက် (၁၀) အတွင်းမှာမေမြို့ပန်း (၁၅) ပွင့်ကိုအိမ်ဘုရားတွင်ကပ်လှူပူဇော်ပေးပါ။
35.အလုပ်တွင်းအဆင်ပြေစေရန်အတွက်
အိမ်ဘုရားမှာမြေပဲကြော် ဆွမ်းတော်တင်ပေးပါ။
36.အလုပ်ရရှိဖို့နှင့်ထစ်ငေါ့နေမှုများအဆင်ပြေစေရန်အတွက်
အသက်ကြီးသူလူကြီးတစ်ဦးအားလွယ်အိတ်ကန်တော့ပြီးအဆင်ပြေစေဖို့ဆုတောင်းပါ။
37.တနင်္ဂနွေသားသမီးများ (အိမ်အမြန်ရောင်းထွက်စေရန်အတွက်)
စနေနေ့ ညနေ (၅) နာရီတွင်ကုန်းသတ္တဝါ တစ်ကောင်ကိုပေါင်မုန့်(၅) ချပ်ကျွေးပါ၊ နောက်နေ့ ညနေ (၅) နာရီ (၄) မိနစ်တွင် အိမ်အရှေ့ရပ်မှနေ၍ မေမြို့ပန်း (၁၉) ပွင့်ဖြင့် (၁၉) ချက်ရိုက်ပါ၊ ပြီးလျှင် ယမန်နေ့မှ အလှူကိုသစ္စာတိုင်တည်ပြီးဆုတောင်းပါ။
38.တင်္နလာသားသမီးများ(အိမ်အမြန်ရောင်းထွက်လိုသော်)
တနင်္ဂနွေနေ့ ညနေ (၃) နာရီတွင် လမ်းပေါ်တောင်းရမ်းသူအားငွေ (၁၀၀/၁၀၀၀)ကျပ်လှူပါ။
နောက်နေ့တင်္နလာနေ့ ညနေ (၃) နာရီ (၆) မိနစ်တွင် အိမ့်အရှေ့မြောက်ထောင့်မှနေ၍ နှင်းဆီ (၁၀) ပွင့်ဖြင့် (၁၀) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့ကအလှူဒါနကိုသစ္စာဆိုဆုတောင်းပါ။
39.အင်္ဂါသားသမီးများ(အိမ်အမြန်ရောင်းထွက်စေလိုသော်)
တင်္နလာနေ့နေလည် (၁) နာရီတွင် အဘဘိုးမင်းခေါင်အားရေနွေးကြမ်း (၄) ပန်ကန်လှူပါ။ အင်္ဂါနေ့နေ့လည် (၁) နာရီ (၁) မိနစ်အိမ်အနောက်ထောင့်မှနေ၍ ကံကော် (၁၅) ညွန့်ဖြင့် (၁၅) ချက်ရိုက်ပါ။ ယမန်နေ့ကအလှူကိုသစ္စာဆိုဆုတောင်းပါ။
40.ဗုဒ္ဓဟူးသားသမီးများ(အိမ်အမြန်ရောင်းထွက်စေရန်အတွက်)
အငျ်ဂငျ်ါနေ့တှငျ ဗုဒ္ဓဟူးသားသမီးတစ်ဦးအားနွားနို့လှူပေးပါ။ နောက်တစ်နေ့ ဗုဒ္ဓဟူးနေ့နေ့လည် (၁၂) နာရီ (၃) မိနစ်တွင် အိမ်ဧ။်မြောက်ဘက်မှနေ၍ ရွက်လှ (၁၇) ညွန့်ဖြင့် (၁၇) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှအလှူကိုသစ္စာဆိုဆုတောင်းပါ။
ဗုဒ္ဓဟူးနေ့ နံနက် (၁၁) နာရီတွင် ဘိုးတော်သကြားမင်းကိုရည်စူး၍ ဆန်ပြုတ် (၃) ပန်းကန်လှူပါ။ နောက်တစ်နေ့ ကြာသပတေးနေ့
နံနက် (၁) နာရီ (၅) မိနစ်တွင် အိမ်တောင်ဘက်မှနေ၍ သပြေ (၂) ညွန့်ဖြင့် (၂) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှအလှူကိုသစ္စာပြုပါ။
42.သောကြာသားသမီးများ(အိမ်အမြန်ရောင်းထွက်စေရန်အတွက်)
ကြာသပတေးနေ့ နံနက် (၉) နာရီတွင် ရှင်သီဝလိရဟန္တာမြတ်ကြီးအား သစ်သီး (၆) လုံးလှူဒါန်းပေးပါ။ နောက်တစ်နေ့ သောကြာနေ့ နံနက် (၉) နာရီတွင် အိမ်ဧ။်အနောက်ထောင့်မှ နေ၍ အုန်းညွှန့် (၆) ညွှန့်ဖြင့် (၆) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှအလှူဒါနကို သစ္စာပြုပါ။
43.စနေသားသမီးများ(အိမ်အမြန်ရောင်းထွက်စေရန်အတွက်)
သောကြာနေ့နံနက် (၇) နာရီတွင် မြတ်စွာဘုရား အား ကိတ်မုန့် (၂) ချပ်လှူဒါန်းပေးပါ။ နောက်တစ်နေ့ စနေနေ့ နံနက် (၇) နာရီတွင် အိမ်၏အနောက်မြောက်ထောင့်မှနေ၍ ဇီးညွှန့် (၈) ညွှန့်ဖြင့် (၈) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှ အလှူဒါနကိုသစ္စာပြု ဆုတောင်းပါ။
"လိုအပ်တဲ့အခါ အသုံးပြုရန် #ယတြာ ပေါင်း #တစ်ရာတိတိ''
1.ကုန်စုံဆိုင်၊ကုန်ခြောက်ဆိုင်များရောင်းကောင်းစေသောယတြာ
မနက်တိုင်းပျဉ်းတော်သိမ်(၁၁)ညွှန့်ဖြင့်ဆိုင်မှာရှိတဲ့ပစ္စည်းတွေကိုအမြန်ရောင်းထွက်ဟုပြောပြီး
(၁၀)ချက်ရိုက်ပါ။
2.ကျန်းမာရေးကောင်းစေရန်ဆောင်ရမည့်ယတြာ
ရတနာတွေမှာဆိုလျှင်ကျောက်စိမ်းဟာအသားနှင့်ထိနေရင်ကျန်းမာရေးကောင်းပါတယ်ဒါ့ကြောင့် ကျောက်စိမ်းဆောင်ပါ။
3.သင်္ဘောသားများသင်္ဘောအမြန်တက်နိုင်စေရန်အတွက်
သင်္ဘောသီးအမှည့်တစ်လုံးကိုအလျားလိုက် (၆)စိတ်စိပ်ပြီး၊ထိုအစိတ်များကိုလင်ဗန်းထဲထည့်ပါ၊ထိုအစိတ်များပေါ်တွင်တံခွန်တစ်လက်စီစိုက်ပြီး ဘုရားမှာကပ်လှူပါ။
4.(သွပ်၊သံ၊သစ်)ဆိုင်များအရောင်းအဝယ်ကောင်းစေရန်အတွက်
ဆလပ်ရွက်နဲ့(၇)ချက်တိတိရိုက်ပြီးရောင်းထွက်ပါစေလို့ဆုတောင်းပါ။
5.တစ်ခြားလူတစ်ယောက်ကိုလာဘ်ရွှ့င် စေရန်ပေးရမည့်လက်ဆောင်
တလည်းသီး၊လိမ္မော်သီး၊လိုင်ချီးသီး၊သစ်တော်သီးအဲ့အသီးလေးမျိုးကိုလက်ဆောင်ပေးပါ။
6. အကြွေးပြန်ရစေရေးအတွက်
အိမ်ဘုရားမှာမုန့်လုံးရေပေါ် (၁၀)လုံးကိုမနက် (၁၀)နာရီမှာအိမ်ဘုရားမှာကပ်လှူဆုတောင်းပါ။
7.လုပ်ငန်းပိုင်ရှင်များလာဘ်ရွှင်စေရန်အတွက်
မိမိရုံးကိုခရမ်းရောင်သုတ်(သို့)ခရမ်းရောင်နဲ့ချုပ်ထားသောခေါင်းအုံးသေးသေးလေး(၃)လုံးချုပ်ပြီးဧည့်ခန်းမှာထားပါ။
ခြေမငြိမ်သူရဲ့ခြေစာမှုန့်ကိုယူ၍ မြေကြီးနဲ့ရောပြီးနေကြာပန်းပင်စိုက်ပါ။
9.ဝန်ထမ်းများလစာတိုး၊ရာထူးတိုးစေရန်
သတင်းစာစက္ကူကိုကတော့ပုံလုပ်ပြီးထန်းလျက် (၁၁)ခဲထည့်ကာနဂါးရုံဘုရားမှာလှူဒါန်းပေးပါ။
10. ထမင်းဆိုင်များရောင်းကောင်းစေရန်အတွက်
ထမင်းစားပွဲဝိုင်းတိုင်းတွင် ထန်းလျက်(၁)ဘူးစီ ထားပါ၊ ဘုရားစင်တွင်လည်းထန်းလျက်ခဲ
ဆွမ်းတော်ကပ်၊သံဃာတော်များလည်းထန်းလျက်ကပ်လှူပါ။
11. နှစ်ရှည်လများတွဲလာသောကိုယ့်ချစ်သူကိုယ့်ကိုပစ်သွားခဲ့ရင်ရိုးအီသွားခဲ့ရင်
ကိုယ့်ရှိပြန်လာစေရန်အတွက်
နှင်းဆီပန်းအနီတစ်ပွင့်မှာကိုယ့်ချစ်သူရဲ့ အဝတ်(သို့)ဓာတ်ပုံကိုညာဘက်လက်နဲ့ကိုင်ပြီးဘယ်ဘက်လက်ဖြင့်အမြန်ဆက်သွယ်ဟု (၉)ချက်ရိုက်ပါ။
12. ဘိုးဘွားပိုင်အိမ်၊မြေရောင်းချလျှင်
အဆင်ပြေချောမွေ့စေရန်အတွက် ညနေ (၆) နာရီမိမိခြံ၏မြေကြီးပေါ်တွင် ဖယောင်းတိုင်(၃)တိုင်၊အမွှေးတိုင်(၃)တိုင်ထွန်း၍
ပရလောကသားများအားအမျှပေးဝေ၊မေတ္တာပို့ပြီး မှအိမ်၊ခြံရောင်းဖို့ခွင့်တောင်းပါ။
13.နိုင်ငံခြားမှငွေပို့အဆက်အသွယ်ရစေရန်အတွက်
ရွှေဖရုံသီးတစ်လုံးကိုဝယ်ပြီးတစ်ခြမ်းကိုချက်စားပြီးနောက်တစ်ခြမ်းမှာထုံးနဲ့နိုင်ငံခြား
ရောက်သူရဲ့အမည်ရေးပြီးအင်္ဂါနေ့ နံနက်စောစောမှာဘုရားတစ်ဆူရဲ့အင်္ဂါထောင့်မှာ
ထိုသူရဲ့အသကျစေ့ရသေပ်ပါယျပွီးရှှဖေရုံသီးကိုဘုရားမှာလှူပွီးဆုတောငျးပါ။
14.မလာစေချင်သောဧည့်သည်မလာစေ ရန်အတွက်
အိမ်ရှေ့တံခါးမကြီးရဲ့ဘေးမှာတံမြက်စည်းကိုပြောင်းပြန်လှန်ထောင်ထားပါ၊ ညနေပိုင်းမှသာလုပ်ပါ။
15.အိမ်အေးချမ်းစေရန်အတွက် မွတျစှာဘုရားကိုရသေပ်ပါယျပေးပါ၊ သောက်တော်ရေလဲပေးပါ၊ ခနခနလုပ်နိုင်သလောက်လုပ်ပါ။
16. မိမိအိမ်၊ရုံး၊ဆိုင်ခန်းလာဘ်ရွှင်စေရန်အတွက်
ကျပ်စေ့တစ်စေ့ရှာပြီး ခြင်္သေ့ဘက်ခြမ်းကိုသံချွန်နဲ့က လို့ရေးပြီးကြေးပလားတစ်လုံးတည်းထည့်၊
ရေနည်းနည်းထည့်ပြီး ဒိဝါတပတိဂါထာကို (၉)ခေါက်ရွတ်ဆိုပေးပါ။
17.အင်တာဗျူးဖြေဆိုမည့်သူများအတွက်
မိမိရဲ့ညာဘက်လက်နဲ့ကျောက်စလစ်ခဲ့တစ်ခဲကိုကိုင်ပြီး လောကဝိဒူ ဂုဏ်တော်ကို (၁၀၈) ခေါက်ရွတ်ဆိုပြီးအင်တာဗျူးဖြေတဲ့အခါအဆောင်အဖြစ်ယူသွားပါ။
18.ယောက်ျားအနားကပ်စေရေးအတွက် နားကပ်ရေစိမ်တိုက်ပါ။လင်ဗန်းထဲနားကပ်ထည့်၊
သနားထည့်ရေစိမ်။
19.အိမ်ပူ၊အလုပ်ပူလျှင်လုပ်နိုင်ရန်အတွက် အစိမ်းရောင်ဖရောင်းတိုင် (၅) တိုင်ကိုဆက်တိုက် ဧည့်ခန်းမှာထွန်းပါ။
20.နှစ်ရှည်လများအိပ်ယာထဲလဲနေသောလူအမြန်ပြန်
ကောင်းစေရန်အတွက် ကြက်ဥ (၁၀) လုံးနှင့်ကြာဇံ (၁) စည်းကိုလူနာ၏အိပ်ယာဘေးမှာခုံလေးနဲ့ထားပေးပါ။
21.အငယ်နှောင်းထားကွဲကြစေသား ခင်ပွန်းနှင့်အငယ်နှောင်း၏အမည်ကိုစာရွက်တွင်ရေးချပြီးဖယောင်းတိုင်မှာပတ်ပါ၊ နံသာဖြူ၊နံသာနီကိုအဆစ်ဆီဖြင့်ရောသွေးပြီးစာရွက်ပတ်ထားသောဖယောင်းတိုင်တွင် သုတ်လိမ်းပေးပါပြီးလျှင်အိုးခြမ်းပဲ့ပေါ်တင်၍
မီးထွန်းပါ။
22.မိမိရွေးထားသောအိမ်ထောင်ဖက်အားမိသားစုမှသဘောတူစေရန် ဌက်ပျောသီးအစိမ်းတစ်လုံးပေါ်တွင် သံချွန်ဖြင့်အဖျားမှအရင်းတိုင်အောင် သဘောတူစေရန်ဆုတောင်းစာရေးပြီးဌက်ပျောသီးကိုလမ်းမှာစွန့်ပစ်ပေးပါ။
23.အရောင်းအဝယ်ကောင်း(ဖောက်သည်တိုးစေရန်) ဆင်ရုပ်တစ်ရုပ်ကိုချိတ်ဆွဲထားခြင်း၊မိမိအလုပ် စားပွဲပေါ်တွင်တင်ထားခြင်းတို့ပြုလုပ်ပေးရင် ဖောက်သည်ပေါ၊ရောင်းကောင်းစေပါတယ်။
24.ဝင်ငွေများအဖတ်တင်စေရန်အတွက်
ငါးသေတ္တာတစ်ဗူးဝယ်ပြီးအဲ့ဒီဗူးပေါ်မှာဖယောင်းတိုင်ထွန်းပြီးဝင်ငွေမြဲစေဖို့ဆုတောင်းပေးပါ။
25.တင်္နလာနံပစ္စည်းများရောင်းထွက်စေရန်အတွက်
နံနက် (၁၀) နာရီအချိန်တွင် စျေးကောင်းကောင်းနှင့်အမြန်ရောင်းထွက်ဟုဆိုပြီးသံတုတ်နှင့် (၁၃)
ချက်ရိုက်ပါ။သံတုတ်မရှိလျှင်သနပ်ရွက်နှင့်ရိုက်ပါ။
စွဲလမ်းတပ်မက်စိတ်က
နှစ်ဘက်ရှုံး ရှုံးစေတယ်။
-----------------------------------
ဘဝတစ်ခုမှာ တွေ့ဆုံကြုံကြိုက်ရတဲ့
သားသမီး ဇနီး ခင်ပွန်းတွေကို လူတွေက
ကိုယ့်အပိုင်လို့ ထင်နေကြတယ်။
တစ်ကယ်က ဘယ်သူကမှ ဘယ်သူ့ကိုမှ မပိုင်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်
မပိုင်ပါဘူးနော်။
#အကြောင်းသင့်တုန်းလေးမို့
ပေါင်းဆုံနေကြရတာ ဖြစ်တယ်။
အကြောင်းမသင့်တဲ့ တစ်နေ့ ခွဲကြရမှာပဲ။
ဒါက ကိုယ့်တစ်ယောက်တည်းပဲ ဖြစ်နေတာလားဆိုတော့ မဟုတ်ဘူး။
၃၁–ဘုံလုံးဖြစ်နေကြတာ။
ကိုယ့်တစ်ယောက်တည်း
ဖြစ်တာမဟုတ်ပါဘူး။
ဒါက သတ္တဝါတွေအတွက်
ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာ ဖြစ်တယ်။
သူများနာရေးသတင်းကို သတင်းစာ
နောက်ကျောဘက်ကို ဖတ်မိတဲ့အခါ
ဘာခံစားရလဲ။ ဘာမှမခံစားရဘူး။
ကိုယ်ဆိုင်တယ် ကိုယ်ပိုင်တယ်လို့
သတ်မှတ်မထားလို့နော်။
ကိုယ်ပိုင်တယ် ကိုယ်ဆိုင်တယ်လို့
သတ်မှတ်ထားရင် ခံစားကြရတယ်။
ဒီတော့ သားသမီး ဇနီးခင်ပွန်းတွေကို
ကိုယ်ပိုင်တယ် ကိုယ်ဆိုင်တယ် ဆိုတဲ့ အထင်အမြင်မှားမှုကို သတိလေးနဲ့ လျှော့ချရမယ်။
ကိုယ်မထားခဲ့လည်း သူတို့က ကိုယ့်ကို
ထားခဲ့မှာပဲ။ ဒီသဘာဝကို နားလည်
လက်ခံနိုင်ရမယ်။
ကိုယ်တစ်ကယ်ပိုင်တာ
ကိုယ်တစ်ကယ် ဆိုင်တာက
ကိုယ်ပြုထားတဲ့ ကုသိုလ်
အကုသိုလ်ကံတွေပဲဖြစ်တယ်။
ကိုယ့်ဘဝရဲ့အဖော်မွန်အစစ်
ဆိုတာ ကိုယ်ပြုထားတဲ့ ကုသိုလ် အကုသိုလ်ကံတွေသာ ဖြစ်တယ်။
သားသမီး ဇနီး ခင်ပွန်း ဆိုတာက
သုဿန် ဟိုဘက်ထိ လိုက်လို့မရဘူး။
ကိုယ်ပြုထားတဲ့ ကံတွေကတော့
ကိုယ်သွားရာကို နိဗ္ဗာန်မရမချင်း
အရိပ်လို လိုက်ပါနေကြမှာဖြစ်တယ်။
လူဆိုတာ အကြောင်းဆုံလို့ ပေါင်းဆုံရတဲ့
အခါမှာ အကောင်းဆုံး ပေါင်းဆုံခဲ့ကြသလို
အကြောင်းမဆုံတော့လို့ ခွဲကြရတော့မယ်
ဆိုရင်လည်း အကောင်းဆုံးခွဲနိုင်ဖို့ လိုတယ်။
ကိုယ်က သားသမီး ဇနီးခင်ပွန်းကို
စွဲလမ်းတပ်မက်စိတ်နဲ့ သေတယ်ဆိုရင်
မကောင်းတဲ့ဘုံဘဝကို လားရောက်ရမယ်။
ကိုယ့်ရဲ့ စွဲလမ်းတပ်မက်စိတ်က သူတို့ကို
ကောင်းကျိုး တစ်စုံတစ်ရာပြုနိုင်သလား
ဆိုတော့ မပြုနိုင်ဘူး။
ကိုယ့်အတွက် ကောင်းကျိုးပြုသလား
ဆိုတော့လည်း မပြုပါဘူး။ နှစ်ဘက်ရှုံး
ရှုံးစေတယ်နော်။
ဒါကြောင့် နှစ်ဘက်ရှုံး မရှုံးရအောင် ဒီအချိန်ကစလို့ မိသားစုကို ငါတစ်ကယ်မပိုင်
ငါတစ်ကယ်မဆိုင်ဘူးလို့ နားလည်လက်ခံပါ။
မိသားစုကိုချစ်သလို ငါ့ကို ငါလည်း
ချစ်မှတော်မယ်လို့ တွေးပြီး …
ဒါန သီလ ဘာဝနာအမှုတို့ကို စွမ်းအား
ရှိသလောက် ပြုလုပ်အားထုတ်ကြပါ။
ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
#Credit
#ပြန်လည်မျှဝေဓမ္မဒါနပြုပါသည်။
အပြင်းဆုံးအတိုက်ပညာ
=================
လောကီပညာရပ်များတွင်
လူတွေကိုကောင်းကျိုးပြုသောပညာတွေရှိသလို
လူတွေကို ထီခိုက်နာကျင်ပျက်စီးစေသောပညာ
လူတွေအသက်ဆုံးစေတတ်သောပညာလည်း
ရှိနေပါသည်။
ဒီထဲမှာမှ အပြင်းဆုံးအတိုက်ပညာတခုကို
ဗဟုသုတအနေနဲ့ တင်ပြပေးချင်ပါသည်။
(လက်တည့်စမ်းရန်မဟုတ် ဗဟုသုတအလို့ငှာဖြစ်၏)
လူတယောက်ကို နာကျည်းမုန်းတီးလို့ဖြစ်စေ
လက်တုန်ပြန်လက်စားချေချင်လို့ဖြစ်စေ
အပြစ်တခုအတွက် တန်ပြန်ခံစားစေချင်လို့ဖြစ်စေ
ခြေလက်အဂ်ါ/မျက်စိ/နား စသည့်
တခုခုကိုထိခိုက်စေအောင်လုပ်ဖို့ရန်အတွက်
ဒါမှမဟုတ် အသက်ကိုအဆုံးစီရင်ရန်အတွက်
စီရင်ပြုလုပ်သော အပြင်းစားနည်းဖြစ်ပါသည်။
သုဿန်မြေ
သိမ်မြေ
လမ်းလေးခွမြေ
ဒီသုံးမျိုး ဆတူပြီး ရွံ့ရုပ်တခုလုပ်ရသည်။
(ယောက်ျားလေးကို တိုက်ခိုက်ဖို့ဆိုလျှင်
ယောက်ျားလေးအရုပ်ပုံစံလုပ်ရမည်။
မိန်းခလေးကိုတိုက်ခိုက်ဖို့ဆိုလျှင်
မိန်းခလေးအရုပ်ပုံစံ လုပ်ရပါမည်)
ရွံ့ရုပ်ရဲ့ အတွင်းမှာ
ထိုသူရဲ့ဓာတ်ပုံကို လိပ်ပြီးတော့ ထာပနာပြုရ၏
အဒီဓာတ်ပုံပေါ်မှာလည်း ထိုသူရဲ့နေ့နံနှင့်အမည်ကို
ခဲတံနှင့် ရေးထိုးပေးထားရပါမည်။
ထို့အရုပ်ကို "နံသွင်းအရုပ်"ဟုခေါ်ပါသည်။
ပြီလျှင် ထိုအရုပ်အား နံသွင်းရန်လိုအပ်သည်။
ဒီအတွက် အရုပ်ရဲ့ဝမ်းဗိုက်နေရာမှာ
အင်းရေးရသည်။ ပြီးလျှင် ဂါထာစုတ်ရသည်။
(အင်း နှင့် ဂါထာက တင်ပြပေးရန်မသင့်သည်မို့
ချန်လှစ်ထားထားပါသည်)
အားလုံးပြီးဆုံးပြီဆိုလျှင်
ည သန်းခေါင်ယံ ၁၂ နာရီအချိန်မှာ
လမိုင်းများအား နံ့သာတိုင်အလင်းတိုင်တို့
ထွန်းညှိကာ အသားစိမ်း၅၀ကျပ်သားေကျွး၍
နံသွင်းအရုပ်အား လိုအပ်သလိုလုပ်နိုင်ပါပြီ။
ဥပမာ နားကိုထိခိုက်စေချင်ရင်
ဆေးအပ်ဖြင့် နားကိုထိုးခြင်း
မျက်စိကိုထိခိုက်စေချင်ရင်
ဆေးအပ်ဖြင့် မျက်စိကိုထိုးခြင်း
ပူလောင်နေစေချင်ရင်
မီးမြိုက်ခြင်းများ ပြုလုပ်လို့ရပါသည်။
ထိုအရုပ်ကို မြေစလောင်းဖုံးအပေါ်တင်ကာ
မီးချို့ပစ်ကာ ထိုမြေစလောင်းဖုံးအားခွဲပစ်ပါက
ထိုသူ ဖြေဆေးမရှိ အသက်သေစေသည်။
ဒါက ဗဟုသုတအနေဖြင့်
တင်ပြမျှဝေပေးလိုက်တာဖြစ်ပါသည်။
တချို့သောအတတ်ပညာများသည်
အပယ်သို့လားရတတ်သဖြင့် မသုံးသင့်ပါ။
အလွယ်ကူဆုံး လာဘ်ဖွင့်နည်း
✴✴✴✴✴✴✴✴✴✴✴✴✴✴✴✴
တနင်္ဂနွေ သားသမီးများ ကံပွင့် ကံမြင့်၍ စီးပွားလာဘ်လာဘ တိုးတက်စေရန် " မေမြို့ ၅ပွင့် နှင့် သပြေ ၆ညွန့် " အိမ်ရှိဘုရားတွင် ကပ်လှုပူဇော်ပေးပါ။
တနင်္လာ သားသမီးများ ကံပွင့် ကံမြင့်၍ စီးပွားလာဘ်လာဘ တိုးတက်စေရန် " ဒေါနပန်း / နှင်းပန်း သို့မဟုတ် ပိတောက် ၇ညွန့် + သပြေ /သီဟိုဠ် သို့မဟုတ် သီးညွန့် ၆ညွန့်) အိမ်ရှိဘုရားတွင် ကပ်လှုပူဇော်ပေးပါ။
အင်္ဂါ သားသမီးများ ကံပွင့် ကံမြင့်၍ စီးပွားလာဘ်လာဘ တိုးတက်စေရန် ( အုန်းညွန့် ၁ညွန့်နှင့် ဒေါနပန်း / နှင်းပန်း သို့မဟုတ် ပိတောက် ၇ညွန့် အိမ်ရှိဘုရားတွင် ကပ်လှုပူဇော်ပေးပါ။
ဗုဒ္ဓဟူး သားသမီးများ ကံပွင့် ကံမြင့်၍ စီးပွားလာဘ်လာဘ တိုးတက်စေရန် ( အုန်း ၁ညွန့် ကံ့ကော် ၂ညွန့် ) အိမ်ရှိဘုရားတွင် ကပ်လှုပူဇော်ပေးပါ။
ကြာသာပတေး သားသမီးများ ကံပွင့် ကံမြင့်၍ စီးပွားလာဘ်လာဘ တိုးတက်စေရန် ( ကံ့ကော် ၂ညွန့် နှင့် ဇီးညွန့် / စိန်ပန်း သို့မဟုတ် ဇွန်ပန်း ၃ပွင့် အိမ်ရှိဘုရားတွင် ကပ်လှုပူဇော်ပေးပါ။
သောကြာ သားသမီးများ ကံပွင့် ကံမြင့်၍ စီးပွားလာဘ်လာဘ တိုးတက်စေရန် ( ဇီးညွန့် / စိန်ပန်း သို့မဟုတ် ဇွန်ပန်း ၃ပွင့် နှင့် ရွက်လှ ၄ညွန့် )အိမ်ရှိဘုရားတွင် ကပ်လှုပူဇော်ပေးပါ။
စနေ သားသမီးများ ကံပွင့် ကံမြင့်၍ စီးပွားလာဘ်လာဘ တိုးတက်စေရန် ( ရွက်လှ ၄ညွန့် + သပြေ ၅ညွန့် ) အိမ်ရှိဘုရားတွင် ကပ်လှုပူဇော်ပေးပါ။
ယတြာ မည်သည့်အတွက် မဆို တောင်းယူနိုင်ပါတယ်။
09 978 261 361
ပညာေကြး- ၁၀၀၀ ပါ။
ဖုန်းဘေကဒ်လဲ ရပါတယ်။
#သင်္ကြန်မြန်မာနှစ်သစ်ကူးတနှစ်လုံးကံကောင်းစေရန်
ကံကောင်းအောင်ဘယ်လို လုပ်ရမလဲဆိုရင် သင်္ကြန် ၄ရက်လုံးကို ငါးပါးသီလ လုံအောင်နေ။ တရော်ကင်ပွန်းနဲ့ခေါင်းလျော်။ ဒါလေးပဲ။ မနေနိုင်ကျဘူးလား။
တနလင်္ာ
ကြာသာပတေး
သောကြာ
ဒီနေ့နံတွေကတော့ ငွေကံ ကောင်းမယ်။
တနလင်္ာ
စနေ
အချစ်ရေးကံ ညံ့မယ်။
အမျိုးသမီးတွေရဲ့အဓိက မှဲ့ ( ၇)မျိုး
&&&&&&&&&&&&&&&&&&&&&&
တစ်ချို့မိန်းကလေးတွေမှာ မျက်နှာ ၊ လည်ပင်းစတဲ့နေရာတွေမှာ ထင်ရှားတဲ့ မှဲ့တွေ ရှိနေတက်ကြပါတယ်။
ကျမ်းစာအုပ်တွေထဲမှာတော့ အဓိက မှဲ့တွေလို့ခေါ်ပါတယ်။ ဒီလို အဓိက မှဲ့က (၇) မျိုး ရှိပြီးတော့ အဲဒီ
မှဲ့ (၇) မျိုးက ဘာတွေလည်းဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
ရတနာဆီမီးထွန်း
သင့်နဖူးရဲ့ ဘယ်ဘက်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်းရှိနေမယ်ဆိုရင် သင်ဟာအလွန်ကံကောင်းတဲ့ အမျိုးသမီး ဖြစ်တယ်။ ဒီမှဲ့ ကို ရတနာ
ဆီမီးထွန်းလို့ခေါ်တယ်။ ဒီမှဲ့ရှိတဲ့ အမျိုးသမီး တွေကအိမ်ထောင်ရေးကံ အလွန်ကောင်းတဲ့ အပြင်
သားလိမ္မာ ၊ သမီးလိမ္မာတွေ ထွန်းကားကြတယ်။
ဘာသာရေးလိုက်စားပြီး ဘုရားတရားလုပ်တယ်။
တရားထူး တရားမြတ်ရတက်ပါတယ်။
ရတနာရွှေအိုး
သင့်ရင်ဘတ်အလယ်တည့်တည့်မှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်းရှိနေမယ်ဆိုရင် တော့ သင်ဟာ
ချမ်းသာကြွယ်ဝသူ တစ်ဦးဖြစ်လာပါလိမ့်မယ်။
ဒီမှဲ့ ကိုရတနာ ရွှေအိုးမှဲ့ လို့ခေါ်ပြီး ဒီမှဲ့တစ်လုံးတည်းရှိတဲ့သူတွေဟာ အရမ်းကိုချမ်းသာကြွယ်ဝကြတယ်။သင်ဟာ နာမည်ကြီးပြီးထင်ပေါ်ကျော်ကြားတဲ့အမျိုးသမီး တစ်ဦးဖြစ်တယ်။
ဆင်းရဲတဲ့ဒဏ်ကို ခံရလညျူတဈခဏပဲ။ပွနျပွီး
ချမ်းသာကြွယ်ဝ တဲ့ကံရှိပါတယ်။
နှုတ်တဆိတ်
ဒီမှဲ့ပိုင်ရှင်တွေဟာ မူယာမာယာများတယ်။စကားအရမ်းတက်တယ်။စကားပြော ပရိယာယ် ကြွယ်ဝ
သူမျာူဖြစ်ကြတယ်။ ယောကျာ်းများကို လှည့်ဖြားတက်တဲ့သူတွေ ဖြစ်တယ်။ ဘယ်ဘက်ပါးပြင်
ပါးစပ်နားမှာ ထင်ထင်ရှားရှား ရှိနေမယ့်တစ်လုံး
တည်းသောမှဲ့ ဖြစ်ပါတယ်။
ရွှေပိတုန်းစုပ်
ညာဘက်ပါးပြင် ပါးစပ်နားတွင် ထင်ထင်ရှားရှား
မှဲ့ တစ်လုံးတည်း ထင်းထင်းကြီးရှိနေမယ့် ရွှေပိတုန်း
စုပ်မှဲ့ ပိုင်ရှင်တွေကအလွန် စန်းပွင့်ပြီးချစ်သူများတယ်။ မာယာပရိယာယ် ကြွယ်ဝ ပြီးတော့လူချစ်
လူခင်အလွန် ပေါများတယ်။အိမ်ထောင်ရေး အလွန်
ကောင်းပြီး ယောကျ်ား ချစ်တာခံရတယ်။
စံပယ်တင်မှဲ့
အချစ်ရေးတွေမှာတော့ အမြဲတမ်း ဆိုသလို နှစ်မျိုး၊
နှစ်ခွ ၊ နှစ်ယောက် ကြုံရတက်တဲ့သူတွေမှာ ရှိတက်တယ်။ ဘယ်ဘက်ပါးပြင်မို့မို့မှာ ထင်ထင်ရှားရှား
မှဲ့ တစ်လုံးတည်း ထင်းထင်းကြီးရှိနေတဲ့ မှဲ့ကို
စံပယ်တင်မှဲ့ လို့ခေါ်တယ်။ ထင်ရှားကျော်ကြားမှုရှိပြီးအလွယ်တကူ ချစ်ကြိုက်လွယ်တယ်။ အိမ်ထောင်ဘက်က ချစ်ခင်အောင်၊ စွဲလန်းအောင်
အမျိုးမျိုး ဆောင်ရွက် လေ့ရှိတက်ကြတယ်။
မျက်ရည် ခံမှဲ့
မျက်ရည်ခံမှဲ့ဆိုတာ ကတော့ ဘယ်ဘက်မျက်ခမ်းနဲ့
အပေါ် နှုတ်ခမ်းကြားမှာရှိနေတဲ့ မှဲ့ ထင်းထင်းကြီးကိုခေါ်တာပါ။ ဒီမှဲ့ ရှိနေတယ်ဆိုရင် တော့အိမ်ထောင်ဆက်လဲ များတက်တယ်။ ကလေးဘဝမှာပင်ပန်းဆင်းရဲတဲ့ဒဏ်ကို အလွန်ခံလို့ စိတ်ဆင်းရဲရတက်တယ်။ သောကများမယ်။ အနက်ရောင် နဲ့
ကျောက်စိမ်း ကိုလုံးဝမဝတ်သင့်ဘူးလို့ဆိုပါတယ်။
စိန် ၊ ဥဿဖယား ၊ ပုလဲ စတဲ့ ရတနာ တစ်ခုခုကို
ကိုယ်နဲ့ မကွာဝတ်ထားသင့်တယ်။
မျက်ရည်ခံမှဲ့ကြီး
ဒီမှဲ့ ကိုကျတော့ ညာဘက်အောက်မျက်ခမ်းနဲ့အပေါ်
နှုတ်ခမ်းကြားမှာ ထင်ထင်ရှားရှား မှဲ့တစ်လုံးတည်း
ထင်းထင်းကြီးရှိနေတယ်ဆိုရင် မျက်ရည်ခံမှဲ့ကြီး
လို့ခေါ်တယ်။ သူတို့ရဲ့ ဘဝတစ်လျှောက် ဆုံးရှုံးမှုကြီးများစွာနဲ့ကြုံတွေ့ရတတ်ပြီး အသကျကွီးတ့ဲအခြိနျမှာ ဆင်းရဲဒုက္ခ ရောက်ရတတ်တယ်။မမျှော်လင့်ပဲ ခင်ပွန်းသည် သေဆုံးတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်တတ်တယ်။အဲ့ဒီမျက်ရည်ခံမှဲ့ကြီးရှိတဲ့အမျိုးသမီးတွေဟာ ဘာသာတရားကို အထူးလိုက်စားပြီးကိုယ်ကျင့်တရားကို အထူးလိုက်စားပြီး
ကိုယ်ကျင့်တရားကို အထူးကောင်းမွန်အောင်နေထိုင်မယ်။ကုသိုလ်ကောင်းမှု တရစပ်ပြုလုပ်ဆောက်ရွက်ရမယ်။မွေးနေ့တိုင်း ပန်း ဆီမီး ရေချမ်း ကပ်လှူပူဇော်သင့်တယ်။
♥♥♥♥♥♥♥♥♥♥♥♥♥
ကျွန်တော်တင်ပေးသော ပိုစ့်လေးက
သင့်အတွက် အကျိုးရှိခဲ့ရင် သဘောကျခဲ့ရင်
မန့်လေးရေးပြီး ပြန် Share ပေးသွားပါ။
♥♥♥♥♥♥♥♥♥♥♥♥♥
#ဆရာလင်းမြတ်
#ဗေဒင်လက္ခဏာယတြာအစီမံ
ဗေဒင်လက္ခဏာမေးမြန်းလိုလျှင်
ယတြာအစီမံများအပ်နှံပြုလုပ်လိုလျှင်
မက်စင်ဂျာမှနေ ဆက္သြယ္စုံစမ်းနိူင်ပါသည်။
09 978 261 361
အန်ကယ်ကြီးက ဖိတ်ခေါ်ခဲ့ပေမဲ့
အဲဒီညနေတုန်းက
ဆရာမင်းသိင်္ခတစ်ယောက်
ဝင်မထိုင်ဖြစ်တော့ပါဘူး။
အန်ကယ်ကြီးရှေ့ စားပွဲပေါ်မှာက
ဖောက်ထားတဲ့ အရက်ပုလင်းရယ်၊ ဖန်ခွက်ရယ်၊
အံမယ် ... ရေခဲတုံးတွေဘာတွေ၊
မြည်းစရာ ဘဲကင်တွေ ဘာတွေနဲ့ ...။
တကယ့်ကို အကျအနပြင်ဆင်ထားတာ ...။
အန်ကယ်ကြီးက အရက်ဖန်ခွက်ကို ကောက်ယူပြီး
အေးအေးလူလူပဲ တစ်ကျိုက်ကလေး
ကျိုက်လိုက်ပါတယ်။
ပြီးတော့ ဘဲကင်တစ်တုံးကို ယူပြီး မြုံ့နေလေရဲ့ ...။
''လာလေဗျာ .... လုပ်တတ်ရင် လုပ်လေ ...''
အန်ကယ်ကြီးက ဘာမှ မဖြစ်တဲ့ပုံစံနဲ့
ထပ်ပြီး ဖိတ်ခေါ်နေပေမဲ့
ကြက်သေသေနေတဲ့ ဆရာမင်းသိင်္ခ
ထိုင်တောင် မထိုင်ဖြစ်တော့ပါဘူး။
''မ ... မထိုင်တော့ပါဘူး အန်ကယ်ကြီး၊
ဒီညနေ ကျွန်တော်ကိစ္စကလေး ရှိနေလို့
ခွင့်လာတိုင်တာပါ ...။ သွားလိုက်ဦးမယ်နော် ...''
ဆရာမင်းသိင်္ခ ချာခနဲ လှည့်ထွက်လိုက်ပါတယ်။
အဲဒီညနေကလည်း သူ ကန်တော်ကြီးစောင်းတစ်လျှောက်
ဆိုက်ကားတွေ အကြိမိကြိမ် ပတ်စီးနေခဲ့မိတယ်။
ဒါပေမဲ့ အရင်ညနေတွေလို ပီတိစိတ် ကြည်နူးစိတ်နဲ့ စီးခဲ့တာမျိုးတော့ မဟုတ်ပါဘူး။
ဝမ်းနည်းစိတ်၊ ဒေါသစိတ်တွေနဲ့
စီးကရက်တွေကို တစ်လိပ်ပြီးတစ်လိပ်
မနားတမ်းရှိုက်ဖွာရင်း စီးနေခဲ့တာ ...။
မျက်လုံးက မျက်ရည် မကျပေမဲ့
သူ့ရင်ထဲမှာကတော့ အသည်းအထန်
ငိုကြွေးနေခဲ့ပြီလေ ...။
အင်မတန်ချစ်မြတ်နိုးရတဲ့ ချစ်သူက
သစ်စိမ်းချိုးချိုးသွားတာထက် အဆပေါင်း
အသိန်းအသန်း အကုဋေ သူတနုံ့နုံ့
ခံစားသွားခဲ့ရတာ ...။
သူ့နှလုံးအိမ်လေးကို
အထပ်ထပ်အဖန်ဖန် ဆေးကြောပေးခဲ့တဲ့၊
သူအင်မတန် လေးစားနေတဲ့
ဓမ္မသမားကြီး ဦးမောင်မောင်ဆိုတာက
အခုတော့ ယစ်ထုပ်ကြီးလား၊
အသောက်သမားကြီးလား၊
ကြောင်သူတော်ကြီးလား ...။
ပါးစပ်က ဘုရားရား ...
လက်က ကားယားကားယားကြီးလေလား ...။
အဲဒီညဦးယံက
ကန်တော်ကြီးကို ဖြတ်တိုက်လာတဲ့ လေညင်းဟာ
ဆရာမင်းသိင်္ခအတွက်တော့
ငရဲမီးအဟပျနရေသလိုပါ ...။
(ကဲ ... ကြုံလာမယ့် အလှည့်အပြောင်းတွေကို
နောက်တစ်ခန်းမှာ ဖတ်ကြပါဦးစို့ရဲ့ ...။
အဘမင်းသိင်္ခအလွမ်းပြေနှင့်
အဘကို မမှီလိုက်သော လူငယ်များအတွက် ကြိုးစားပြီး ရေးသားတင်ဆက်နေပါတယ်။
နောက်တစ်ခန်းမှာ ဆုံကြပါဦးစို့ ...)
ဇင်ယော်နီ
၂၀၂၃ ခု မတ်လ ၂၁ ရက်
မှတ်ချက်။ ။ပြောရင်ယုံမလားမသိဘူး။ကျနုပ်တို့ဗေဒင်ဆရာသူငယ်ချင်းတွေလည်း ညနေတိုင်းဆုံကြတာနက် ဦးမောင်မောင်နှင့်အဘမင်းသိင်္ခတို့လို ဖလော်တွေ ၊ဒဿနတွေငြင်းခုန်ဆွေးနွေးကြတော့တာပါပဲ။ကျနုပ်အမြဲတမ်းလိုင်းပေါ်မှာတင်တဲ့ဖလော်တွေဟာ အဲ့သလိုငြင်းခုန်ဆွေးနွေးရင်း ဗလာဟင်းလင်းထဲကရခဲ့တဲ့ဒဿနတွေပေါ့ဗျာ😎
မိတ်ဆွေတို့တန်ဖိုးထားနိုင်အောင်ပါဗျာ😁😁
လင်းမြတ်
09 978 261 361
''အေးဗျာ အတော်ပဲ ...၊ ဒါပေမဲ့
ခင်ဗျားရဲ့လက်ဖက်ရည်နဲ့ ကိတ်မုန့်လေးနဲ့
တွဲလိုက်မှ
ပိုပြီး ပြည့်စုံသွားမှာဗျ ...။ ကိတ်မုန့်ကတော့
သွားဝယ်ရမှာ ...'' လို့ ပြန်ပြောတယ်။ အဲဒီတော့ ဆရာမင်းသိင်္ခက -
''ဒါဆိုလည်း ခဏစောင့် ...၊
ကျွန်တော် ကိတ်မုန့်သွားဝယ်လိုက်ဦးမယ် ...''ဆိုပြီး
ခေါ်လာတဲ့ ဆိုက်ကားနဲ့ ကိတ်မုန့် အဝယ်ထွက်ပါတယ်။
တော်တော်နဲ့ ပြန်ရောက်မလာဘူး။
ခဏဆိုပြီး သွားလိုက်တာ နာရီဝက်ကျော်ကျော်
တစ်နာရီနီးပါးရှိမှ အမောတကောနဲ့ ပြန်ရောက်လာတယ်။
ပါလာတဲ့ ကိတ်မုန့်ကလည်း
တော်တော့်ကို အခြေအနေ ဆိုးပါတယ်။
ခြောက်ကပ်ကပ်ကလေး ဖြစ်နေပြီ။
ဆီချေးစော်တွေကလည်း နံ့လို့ ...။
ရောင်းမကုန်တဲ့ ရောင်းကျန်ကိတ်မုန့် ...။
အန်ကယ်ကြီးဦးမောင်မောင်က ကိတ်မုန့်ကို
ဓားနဲ့လှီးရင်း -
''ညံ့လိုက်တဲ့ကိတ်မုန့်ဗျာ ...၊
ဒုတိယကမ္ဘာစစ်လက်ကျန် ကိတ်မုန့်လားလို့ အောက်မေ့ရတယ်။
သွားဝယ်တာကလည်း ကြာလိုက်တာ။
ဒီလောက်ကြာတယ်ဆိုတော့
တော်တော့်ကို ကောင်းတဲ့ကိတ်မုန့် သွားဝယ်တာလို့ အောက်မေ့နေတာ။
ဟောဟိုမှာတင် ကိတ်မုန့်အကောင်းစားတွေများ
အများကြီးပါဗျာ ...''လို့ ပြောရင်း
ခြံချင်းကပ်လျက်က
အောင်ကြီးကိတ်မုန့်ခြံဘက်ကို မေးငေါ့ပြလိုက်ပါတယ်။
သီတင်းကျွတ်အခါသမယဆိုလေတော့
အောင်ကြီးကိတ်မုန့်တိုက်ကလည်း
မီးတွေ လင်းလင်းထိန်နေအောင် ထွန်းပြီး
အကျအန ခင်းကျင်းပြီးတော့
ကိတ်မုန့်တွေကို အကြီးအကျယ် ရောင်းပေးနေတာ။
ဆရာမင်းသိင်္ခက -
''တွေ့ပါတယ် အန်ကယ်ကြီးရယ်၊
ဒါပေမဲ့ ကျွန်တော် တမင်သွားမဝယ်တာ။
သူ့ကိတ်မုန့် ဘယ်လောက်ပဲကောင်းကောင်း၊
တခြားမှာပဲ သွားဝယ်လိုက်တာ ...၊
ကိတ်မုန့်ဆိုင် ရှာရင်းရှာရင်းနဲ့
ဟိုး ... ဗားကရာဘက်တွေအထိ
ရောက်သွားတာ ...''လို့ ပြန်ပြောတော့
အန်ကယ်ကြီး ဦးမောင်မောင်က
နားမလည်နိုင်ဟန်နဲ့ -
''ဗျာ ...၊ ဘာလို့လဲဗျ၊
အဲဒီမှာက ပစ္စည်းလည်းကောင်းတယ်၊
ပင်ရင်းဆိုတော့ ဈေးလည်း
သက်သာမယ်လေဗျာ ...'' လို့ ပြန်မေးပါတယ်။ ဆရာမင်းသိင်္ခက -
''ဟာ ... အန်ကယ်ကလည်း
သူ့ဟာသူ မိုးပျံအောင်ပဲကောင်းကောင်း၊
အဝီစိရောက်အောင်ပဲ ဈေးချိုချို ...
ကျွန်တော် ကတော့ အားမပေးနိုင်ပါဘူး။
အောင်ကြီးကိတ်နဲ့ အန်ကယ်ကြီးနဲ့က
ရန်ဖြစ်ထားကြတာမဟုတ်လား ...'' လို့
ပြန်ပြောလိုက်တော့ အန်ကယ်ကြီး
ဦးမောင်မောင်ဟာ ပြုံးသလိုလို မဲ့သလိုလို အမူအရာတွေ မျက်လုံးမျိုးတွေနဲ့၊
ပါးစပ်အဟောင်းသားကလေးနဲ့
ဆရာမင်းသိင်္ခကို
အတန်ကြာမျှ စိုက်ကြည့်နေခဲ့ပါတယ်။
အထူးအဆန်းသတ္တဝါနှယ်ပေါ့ ...။
ပြီးတော့မှ တစ်လုံးချင်း ပြောချလိုက်ပါတယ်။
အံ့ပါရဲ့ ဆရာမင်းသိင်္ခရယ် ...၊
ခင်ဗျားကို ကျွန်တော်က တော်တော်ကို
အထင်ကြီးထားတာ၊ အမှတ်တွေ ပေးထားတာ ...။
ဓမ္မတွေလည်း ရင်ထဲမှာ အတော်ကြီး
ကိန်းနေလောက်ပြီလို့ ယုံမှတ်ထားတာ ...။
ခင်ဗျား အတော် ညံ့တဲ့လူပဲ။
ဒီမှာ ... မျက်နှာကိုလည်း ကြည့်လိုက်ဦး၊
မောင်မောင်ဟာ အဲဒီလောက်တော့ မညံ့ဘူးဗျ၊
အောင်ကြီးနဲ့က လူချင်း ရန်ဖြစ်ထားပေမဲ့
သူ့ကိတ်မုန့်နဲ့က ဘာမှ ဖြစ်မထားဘူးလေဗျာ ...။
ကိတ်မုန့်နဲ့ ပြိုင်ပြီး ရန်ဖြစ်ရလောက်အောင်
ညံ့တဲ့အထဲမှာ မောင်မောင်မပါဘူးဆိုတာ
မှတ်ထားလိုက်ပါ ...''
''ဗျာ ...''
အဲဒီစကားလုံးတွေက ဆရာမင်းသိင်္ခရဲ့
ဦးခေါင်းကို
၁၀ ပေါင်တူကြီးနဲ့့ ထုချလိုက်သလိုပါပဲ။
မုန့်တိုက်ပိုင်ရှင်နဲ့ သတ်မတတ် ဖျတ်မတတ်
ရန်တွေဖြစ်ထားကြပေမဲ့ သူ့ကိတ်မုန့်နဲ့တော့
ပြိုင်ပြီး ရန်ဖြစ်ရလောက်အောင်
မညံ့ဘူးဆိုပါလား ...။
သီတင်းကျွတ် အမှတ်တရ ဆရာမင်းသိင်္ခက
အန်ကယ်ကြီးဦးမောင်မောင်ကို ရိုကျိုးစွာ
ကန်တော့ပါတယ်။
ပြီးတော့ လက်ဖက်ရည်နဲ့
ခြောက်တီးခြောက်တောက် ကိတ်မုန့်ကလေးကို ကပျာကယာစားပြီး
ဇွတ်အတင်းနှုတ်ဆက်ကာ ဆိုက်ကားပေါ်ကို အပြေးတက်ပါတော့တယ်။
''နေဦးလေ ဆရာမင်းသိင်္ခရဲ့ ...''
''မ ... မနေတော့ဘူး အန်ကယ်ကြီးရေ၊
ဒီနေ့အဖို့ လုံလောက်သွားပြန်ပါပြီ။
ကိတ်မုန့်နဲ့ဖက်ပြီး ရန်မဖြစ်တဲ့အကြောင်း
ကျွန်တော် အရသာခံလိုက်ပါဦးမယ် ...''ဆိုပြီး
ထုံးစံအတိုင်း ဆိုက်ကားတစ်စီးနဲ့ ကန်တော်ကြီးကို အကြိမ်ကြိမ်ပတ်ပြီး စီးပြန်ပါတော့တယ်။
အဲသလိုနဲ့
ညင်းလေမြူးသော ညနေပေါင်း ညနေပေါင်း
များစွာမှာ အန်ကယ်ကြီးဦးမောင်မောင်ဟာ
ဆရာမင်းသိင်္ခဆိုတဲ့ ကြာဖြူပန်းကလေးမှာ
ညစ်စွန်းနေတဲ့
ဒိုက်သရိုက်တွေကို တစိမ့်စိမ့်ဆေးကြော
သန့်စင်လာခဲ့ပါတယ်။
တစ်ညနေမှာတော့ ထုံးစံအတိုင်း
ဆရာမင်းသိင်္ခတစ်ယောက် အန်ကယ်ကြီးဆီကို ရောက်သွားပြန်ပါတယ်။
လူရင်းတွေ ဖြစ်နေကြပြီမို့ အသံတွေ ဘာတွေတောင် မပေးတော့ဘဲ တံခါးလေးကို အသာတွန်းပြီး အထဲကို ဝင်သွားလိုက်ပါတယ်။
''ဟာ ...''
သုံးနှစ်တာလောက် ကာလအတွင်းမှာ
တစ်ခါမှ မမြင်ဖူးခဲ့တဲ့၊ လုံးဝ ထင်မှတ်မထားတဲ့
မြင်ကွင်းကြီးကြောင့် ဆရာမင်းသိင်္ခ
ခြေလှမ်းတွေတောင်
တုံ့ခနဲ ရပ်သွားခဲ့ပါတယ်။
ပါးစပ်ကလည်း အဟောင်းသား ...။
မျက်လုံးကြီးတွေကလည်း ပြူးလို့ ...။
ရင်ထဲမှာလည်း ယူကြုံးမရ
စိတ်မကောင်းခြင်းကြီးစွာ ဝမ်းနည်းတဲ့စိတ် ...၊ ဒေါသစိတ်၊
အံ့သြစိတ်၊ မယုံချင်စိတ်တွေက
ယောက်ယက်ခတ် ဗလောင်ဆူလို့ ...။
''လာဗျာ ...၊ ထိုင်ဗျာ ...၊ အတော်ပဲ ...''
အန်ကယ်ကြီး ဦးမောင်မောင်ကလည်း
ဆရာမင်းသိင်္ခလို ပြောလို့နားပေါက်မယ့်လူ
ရှိတုန်းမှာ
ဇွတ်အတင်းကို ဖိပြော တော့တာ ...။
ဦးမောင်မောင်တို့ အသိုင်းအဝိုင်းမှာ
ရွှေငါးဖမ်းတာလို့ သုံးနှုန်းကြတယ်။
မြစ်ထဲကန်ထဲမှာ ငါးတွေကတော့ အမျိုးမျိုးအစုံစုံ တန်ဖိုးအသီးသီးပေါ့ ...၊
အဲဒီထဲကမှ တန်ဖိုးကြီးတဲ့ ရွှေငါးဆိုရင်
ပိုပြီး ဂရုတစိုက် ဖမ်းရတာပေါ့လေ ...။
ပင်ကိုယ်ဓာတ်ခံမရှိနေရင်လည်း
အဲသလို စကားမျိုးတွေက
ဘယ်လောက်ပဲ အပြောအဟောကောင်းကောင်း
နားပေါက်ဖို့၊ ရင်ထဲရောက်ဖို့၊ နှလုံးအိမ်မှာကိန်းဖို့က
မလွယ်ဘူး မဟုတ်ပါလား ...။
ဆရာမင်းသိင်္ခကတော့ ရှေ့မှာပြောခဲ့သလိုပဲ
သူအင်မတန် သဘောကျတဲ့ အတွေးတစ်ခုခု
နားကတစ်ဆင့် ရင်ထဲကို ကိန်းသွားပြီဆိုတာနဲ့
'ဟိုးထား အန်ကယ်ကြီး ...၊ ဟိုးထား ...။
ဒီနေ့အဖို့ ဒီလောက်ဆို ကျေနပ်လှပါပြီ။
မနက်ဖြန်ညနေ တစ်ခေါက်ပြန် လာခဲ့မယ်နော် ...'
ဆိုပြီး
ဇွတ်အတင်း ထ ပြန်တော့တာပါပဲ ...။
အဲဒီညနေ သူ့ရင်ထဲကို ဝင်ရောက်လာတဲ့
အတွေးစကို ကန်တော်ကြီးနှစ်ပတ်သုံးပတ်
လရောင်အောက်မှာ ဆိုက်ကားပတ်စီးရင်း
ကျကျနန အရသာခံ ပီတိပွားတော့တာပါပဲ ...။
အဲဒီလိုနဲ့ပဲ အန်ကယ်ကြီး ဦးမောင်မောင်နဲ့
ဆရာမင်းသိင်္ခတို့ရဲ့ သံယောဇဉ်ကလည်း
ပိုပြီး ခိုင်မြဲသထက် ခိုင်မြဲလာခဲ့ကြပါတယ်။
အန်ကယ်ကြီး ဦးမောင်မောင်တို့ရဲ့
အိမ်နောက်ခြံချင်းကပ်လျက်မှာက
နာမည်ကျော် အောင်ကြီးကိတ်မုန့်တိုက် ရှိပါတယ်။
တစ်ခါမှာတော့ အောင်ကြီးကိတ်က
အလုပ်သမားကလေးတွေနဲ့ ဦးမောင်မောင်တို့
ကတောက်ကဆတွေ ဖြစ်ကြတယ်။
ခွန်းကြီးခွန်းငယ် ပြောကြရာကနေ
ကောင်လေးတွေက လက်ပါလာတော့
အန်ကယ်ကြီး ဦးမောင်မောင်ကလည်း
သူ့ကိုယ်သူ
ကာကွယ်တဲ့အနေနဲ့ အိမ်ထဲကို ပြေးဝင်၊
လိုင်စင်နဲ့ကိုင်ထားတဲ့ ခြောက်လုံးပြူးသေနတ်ကို ဆွဲယူပြီး ခြောက်လှန့်တဲ့အနေနဲ့
ပစ်ချလိုက်ပါလေရော ...။
အလုပ်သမားလေးတစ်ယောက်ရဲ့ ခြေထောက်ကို ထိသွားတယ်။
အဲဒီမှာ ရဲစခန်းတွေ ဘာတွေ ရောက်ကုန်ပါလေရော ...။
အန်ကယ်ကြီးရဲ့ သေနတ်ကိုလည်း စခန်းက
သိမ်းလိုက်တယ်။
အဲဒီသတင်းကိုကြားတဲ့ ဆရာမင်းသိင်္ခက
ချက်ချင်းဆိုသလိုပဲ ရဲစခန်းကို ဆိုက်ကားနဲ့
လိုက်သွားတယ်။
ရိုးရိုးလိုက်သွားတာ မဟုတ်ဘူး။
ဆရာမင်းသိင်္ခမှာကလည်း လိုင်စင်နဲ့
တရားဝင်ကိုင်ထားတဲ့
ခြောက်လုံးပြူး သေနတ်တစ်လက် ရှိနေတယ်။
အဲဒီ သေနတ်ကို လွယ်အိတ်ထဲကိုထည့်ပြီး
လိုက်သွားတာ။
စခန်းမှူးကလည်း ဆရာမင်းသိင်္ခဆိုတာ သိရတော့
ထိုင်ပါခင်ဗျာ ...၊ ဘာကိစ္စပါလဲခင်ဗျာ ...၊
ဘာကူညီရပါမလဲ ခင်ဗျပေါ့လေ ...။
ဆရာမင်းသိင်္ခက -
''ဟောဒီ အန်ကယ်ကြီးဦးမောင်မောင်ဆိုတာက
ကျွန်တော်နဲ့ မိသားစုလို ရင်းနှီးကြသူတွေပါ။
အခု သူလိုင်စင်နဲ့ကိုင် ထားတဲ့ သေနတ်ကို
စခန်းက သိမ်းလိုက်တယ်ဆိုလို့
ကျွန်တော့်ရဲ့သေနတ် လာပေးတာပါ ...'' ဆိုပြီး
လွယ်အိတ်ထဲက သေနတ်ကို ထုတ်ပြီး
ရဲစခန်းစားပွဲပေါ် တင်လိုက်ပါတယ်။
စခန်းမှူးဆိုတာဟာလေ တော်တော်ကြာကြာကြီး
ဘာစကားမှ မပြောနိုင်ဘူး။ ပါးစပ်ကြီး အဟောင်းသားနဲ့ ...။
တော်တော့်ကိုကြာမှ ရင်ဘတ်ကိုဖိပြီး တအံ့တသြနဲ့ ရေရွတ်ရှာတယ်။
''အောင်မယ်လေး ... လာကြပါဦးဗျာ ... ။
အရပ်ကတို့ရေ ...၊ သေနတ်ပစ်မှုဖြစ်လို့
ရဲစခန်းကိုရောက်နေတဲ့သူကို
နောက်ထပ် သေနတ်တစ်လက် ထပ်လာပြီး
ပေးသတဲ့။
လာကြပါဦး အရပ်ကတို့ရေ ...၊
ကျွန်တော် ဘယ်လိုလူတွေနဲ့
လာတွေ့နေရပါလိမ့်ဗျာ ...''
ရေရွတ်လို့ကို မဆုံးနိုင်တော့ပါဘူးတဲ့ ...။
အန်ကယ်ကြီးဦးမောင်မောင်နဲ့
ဆရာမင်းသိင်္ခနဲ့ဆိုတာက
အဲသလိုတွေကို ရင်းနှီးခဲ့ကြတာ ....။
ဆရာမင်းသိင်္ခရဲ့ အဲဒီစိတ်နေစရိုက်ကိုတော့
သူ့ကိုမွေးထားတဲ့ အမေဖြစ်သူ ဒေါ်တင်က
အသိဆုံးပေကပေါ့ ...။
ဒါကြောင့်လည်း ဆရာမင်းသိင်္ခတစ်ယောက် လိုင်စင်နဲ့ သေနတ်ကိုင်တယ်ဆိုတာကြားတော့
အမိန့်ထုတ်ဖူးတယ်။
''ဟဲ့ ... အောင်ထွန်း၊ နင့်သေနတ်ကြီးကို
၂၉ လမ်းအိမ်မှာ ထားရင် ကျည်ဆံတွေကို
ကျောက်မြောင်းအိမ်မှာ လာထား၊
သေနတ်နဲ့ ကျည်ဆံကို ဘယ်တော့မှ
အတူ မထားနဲ့ ...''တဲ့ ..."။
''အမေကလည်း သေနတ်နဲ့ကျည်ဆံ
တစ်နေရာစီဆို ဘယ်လိုလုပ် ပစ်လို့ရတော့မှာလဲ ...'' ဆိုတော့ -
''ဟဲ့ ... နင် စိတ်လိုက်မာန်ပါတွေ ပစ်မယ်ဆိုတာ
သိလို့
တစ်နေရာစီ ထားခိုင်းတာလေ ...'' တဲ့ ...။
ဟားဟား ... အဲသလိုတွေပါဆို ...။
''ဖျတ်ခနဲ ပေါ် ဆတ်ခနဲလုပ် ...''ဆိုပြီး
ဆရာမင်းသိင်္ခရဲ့စာအုပ်တွေထဲမှာ
ဖတ်ဖူးကြမှာပေါ့။
အဲသလို ဖျတ်ခနဲပေါ်လာရင် ဆတ်ခနဲလုပ်လိုက်ဖို့
လမ်းကြောင်းတွေကို ဖွင့်ပေးခဲ့သူကတော့
ဆရာကြီး ရွှေလိမ္မော် ဦးမောင်မောင်ပဲပေါ့ ခင်ဗျာ ...။
တစ်ခုသော သီတင်းကျွတ် လပြည့်ည၊
မှောင်ရီပျိုးစအချိန်ကလေးမှာ ဆရာမင်းသိင်္ခက
သူကိုယ်တိုင်ဖျော်ထားတဲ့
လက်ဖက်ရည်ဓာတ်ဘူးကလေးနဲ့အတူ
အန်ကယ်ကြီး ဦးမောင်မောင်ဆီကို
ရောက်သွားတယ်။
''သီတင်းကျွတ်အမှတ်တရ ကန်တော့ရင်းနဲ့
အန်ကယ်ကြီးဆီက တရားနာဖို့ လာခဲ့တာပါ ...''
ဆိုတော့
အန်ကယ်ကြီး ဦးမောင်မောင်က -
ကိတ်မုန့်တိုက်ပိုင်ရှင်နှင့် သူ၏ကိတ်မုန့်
မင်းသိင်္ခနိဒါန်း
အခန်း (၄၃)
ဇင်ယော်နီဇာတ်ကြောင်းပြန်သည်
(၁၉၈၅ ခုနှစ်ဝန်းကျင် - ဆရာမင်းသိင်္ခ အသက် ၄၅ နှစ်ဝန်းကျင်)
-----------------
ဆရာမင်းသိင်္ခဟာ ညနေတိုင်းလိုလို
ဆိုက်ကားလေးတစ်စီးနဲ့
အန်ကယ်ကြီးဦးမောင်မောင်ဆီကို သွားပြီး တရားနာခဲ့ပါတယ်။
ဦးမောင်မောင်တို့ဆီက တရားတွေဆိုတာ
ဇင် (Zen) ဗုဒ္ဓဘာသာ အငွေ့အသက်တွေ
လွှမ်းမိုးတဲ့ တရားများ ဖြစ်ပါတယ်။
အဲဒါကြောင့်လည်း ဆရာမင်းသိင်္ခဟာ
ဇင်ဗုဒ္ဓဘာသာကိုလည်း ထဲထဲဝင်ဝင်
လေ့လာဖြစ်ခဲ့ပါတယ်။
၁၉၈၀/၉၀ ခုနှစ်တွေ တုန်းကဆိုရင်
ဇင်အတွေးအခေါ်ဆိုင်ရာစာအုပ်တွေဟာ
အထူးရှားလှပါတယ်။
ဆရာကြီး ပါရဂူရဲ့
ဇင်ဗုဒ္ဓဘာသာဆိုတဲ့ စာအုပ်တစ်အုပ်ရှိမယ်။
ဆရာကြီး ဘသန်း(ဓမ္မိက) ရဲ့
ဇင်ဗုဒ္ဓဘာသာ(အကျဉ်း) စာအုပ်ရှိမယ်။
ဒေါက်တာမြကေသီရဲ့ ဈင်ကျင့်စဉ်နှင့်
လက်တွေ့ဘဝ ဆိုတဲ့စာအုပ် ရှိမယ်။
ဒေါက်တာသင်းသင်းရဲ့ လက်တွေ့ဇင်ဗုဒ္ဓဓမ္မခရီး
ဆိုတဲ့စာအုပ်ရှိမယ်။
ဈင် လို့ စာလုံးပေါင်းကြတာလည်း ရှိပါတယ်။
လောလောဆယ် စာရေးသူရဲ့ခေါင်းထဲကို
ဝင်လာတဲ့ စာအုပ်တွေကတော့ အဲဒီလောက်ပါပဲ။
နောက်ပိုင်းမှာတော့ အထူးသဖြင့် ၂၀ဝ၀ ပြည့်နှစ်နောက်ပိုင်းမှာတော့ ဇင်ဗုဒ္ဓဘာသာဆိုင်ရာ
စာအုပ်တွေ အတော်များများ ထွက်လာကြပါတယ်။
''ဒီမှာဆရာမင်းသိင်္ခရဲ့ ...၊ တရားအားထုတ်ဖို့ထက်
တရားအားလျှော့ဖို့ကို ကြိုးစားဗျ ...''
''ဗျာ ... တရား အားလျှော့ရမှာ ...''
'' ဟုတ်ပါ့ဗျာ ...၊ တကယ်ကတော့
ဓမ္မဆိုတာ သတ္တဝါတွေရဲ့ ရင်ထဲမှာ
ကိန်းပြီးသားပါဗျ၊
ဓမ္မမဟုတ်တာတွေက လွှမ်းဖုံးနေလို့
အတွင်းထဲက ဓမ္မခမျာ ပျောက်နေရရှာတာ။
တရားအားထုတ်ရမှာ မဟုတ်ဘူး။
တရားအားလျော့ရမှာ ...။
တရားမဟုတ်တဲ့ဟာတွေကို
လျော့ချပစ်လိုက်ရမှာ။ အဲဒါဆိုရင်ကိုပဲ
ရင်ထဲကဓမ္မဟာ ပေါ်ထွန်းလာနိုင်ပါတယ်ဗျာ ...''
''ဗျာ ...''
အဲသလို အတွေးအခေါ်မျိုးတွေကလည်း
ဆရာမင်းသိင်္ခကို ခပ်ကြမ်းကြမ်း
ကိုင်လှုပ်နှိုးလိုက်သလိုပါပဲ။
''ဒီလောကကြီးမှာ လူမိုက်ကြီးစစ်စစ်ဆိုတာလည်း
မရှိနိုင်သလို သူတော်ကောင်းကြီးစစ်စစ်ဆိုတာလည်း ရှိနိုင်ခဲပါလိမ့်မယ်။
အင်မတန် ဆိုးမိုက်ပါတယ်ဆိုတဲ့
လူမိုက်ကြီးရဲ့ နှလုံးအိမ်ထဲမှာ သူတော်ကောင်းဓာတ်ဟာ ကိန်းအောင်းနေတတ်သလို
သူတော်စင် သူတော်ကောင်းရဲ့ ရင်ထဲမှာလည်း
လူမိုက်ကြီးဟာ အိပ်ပျော်နေတတ်ပါတယ်။
အခါအခွင့်သင့်တဲ့အခါ လူမိုက်ကြီးတစ်ယောက်ဟာ သူတော်စင်ဖြစ်လာနိုင်သလို
သူတော်စင်တစ်ပါးကနေပြီးတော့လည်း
လူမိုက်ကြီး ဖြစ်သွားနိုင်ပါတယ်။
တရုတ်တို့ရဲ့ ယင်ယန်ဆိုတဲ့သင်္ကေတဟာ
အဲဒီသဘောကို ဖော်ညွှန်းထားတာပါ။
နေ့ထဲမှာ ညရဲ့မျိုးစေ့ကိန်းအောင်းနေသလို
ညထဲမှာလည်း နေ့ ရဲ့မျိုးစေ့ဟာ
ကိန်းအောင်းနေတတ်ပါတယ်။
အမှောင်ထဲမှာ အလင်းဆိုတာ
ကိန်းအောင်းနေတတ်ပြီး
အလင်းထဲမှာလည်း
အမှောင် ကိန်းအောင်းနေတတ်ပါတယ် ...''
''ဗျာ ...''
''ခင်ဗျားရဲ့စိတ်ကလေးကို သန့်စင်ကြည်လင်နေဖို့
အဓိက ကြိုးစားဗျ ...။
ခင်ဗျားရဲ့စိတ်ကလေးကို မိုးတိမ်လေးလို လွင့်ပြီး
စမ်းရေလေးလို တသွင်သွင် စီးဆင်းနေပစေဗျ ...။
တငြိမ့်ငြိမ့်လွင့်မျောနေတဲ့ မိုးတိမ်လေးတွေ၊
တသွင်သွင် စီးနေတဲ့ စမ်းရေလေးတွေမှာ
ဘာအနှောင်အဖွဲ့၊ ဘာပူပင်သောကမှ
ရှိမနေဘူးလေဗျာ ...။
သူတို့မှာ ဘာဖြစ်ချင်တယ် ဆိုတာ မရှိသလို၊
ဘာမဖြစ်ချင်ဘူးဆိုတာလည်း ရှိမနေကြဘူး။
အကြောက်တရားလည်း မရှိသလို
အမျှော်တရားလည်း ရှိမနေဘူး။
အခြေအနေ အချိန်ခါတိုင်းမှာ
သူတို့ လွတ်လပ်နေတယ်၊ ငြိမ်းချမ်းနေတယ်။
သဘာဝအတိုင်း၊ အကျကလေးအတိုင်း
ကျေနပ်နေကြတာ ...''
''ဗျာ ...''
''ပန်းပုဆရာတစ်ယောက် ယုန်ရုပ်ထုတယ်ဆိုတာ
အပြင်က အဆာပလာတွေ
ထပ်ထည့်တာ မဟုတ်ဘူး၊
ရှိပြီးသား သစ်သားထဲက
ယုန်ရုပ်မဖြစ်မယ့်အရာတွေကို
ဖဲ့ချပစ်လိုက်တာဗျ ...။
ထပ်ထည့်ရင် ထပ်ထည့်တဲ့အလုပ် ပိုနေမယ် ...''
''ခင်ဗျာ ...''
''ဒုက္ခတွေ လောကအညစ်အကြေးတွေကနေပြီးတော့လည်း ထွက်ပြေးတိမ်းရှောင်ဖို့
မကြိုးစားလေနဲ့ ...။
အင်မတန် အမှိုက်ဒိုက် ရွှံ့နွံတွေ
ထူပြောညစ်ပတ်နေတဲ့ ကန်ရေပြင်မှာ
ပေါက်ရောက်တဲ့ ကြာဖြူပန်းကလေးဟာ
ပကတိ ဖြူစင်ရှင်းသန့်နေပါတယ်။
ညွန်ထဲမှာ ပေါက်ရလို့ဆိုပြီး
ညစ်ပေစွန်းထင်းမနေပါဘူး။
လောကအညစ်အထေးကြားမှာပဲ ရှင်သန်ရင်းနဲ့ပဲ
ကိုယ့်ရဲ့ မနောအိမ်ကိုလည်း ကြာဖြူလေးလို
သန့်စင်နေအောင် ကြိုးစားပါ ...''
''ဗျာ ...''
အဲသလို အဲသလိုမျိုးတွေ နာရ ကြားရတဲ့အခါ
ဆရာမင်းသိင်္ခအဖို့တော့ ပါးစပ်အဟောင်းသားပေါ့။
ဒီလိုစကားမျိုးတွေ ဆိုတာကလည်း
တွေ့ရာလူတိုင်းကို ပြောဖို့ အဆင်မပြေဘူးလေ။ အန်ကယ်ကြီးဦးမောင်မောင်နဲ့
ဆရာမင်းသိင်္ခတို့ကတော့ ကီးကိုက်တယ် ဆိုတဲ့စကားလိုပါပဲ။
တစ်ယောက်က ရင်ထဲကလာတဲ့အတိုင်း
ဘွင်းဘွင်းကြီး ပြောချလိုက်၊
နောက်တစ်ယောက်ကလည်း လက်ဖျားတွေ
တခါခါနဲ့ ဟုတ်နေကြတော့တာပါပဲ ...။
ဗုဒ္ဓစာပေအနက်အဓိပ္ပာယ်မှာ ဣ ဒ္ဓိ ဟူသည် အလိုရှီရာ ပြီးပြည့်စုံလာခြင်း ပြီးမြောက်အောင်မြင်ခြင်းလို့ ဝိသုဒ္ဓိမဂ်၌ ဖော်ပြထားတယ်။
ဣဒ္ဓိဓာတ် (၁၀)ပါးရှီတယ်။
၁။အဓိဋ္ဌာနဣဒ္ဓိ
အကျင့်စာရဏ သမာဓိစွမ်းအားရှိသူမှ
မိမိအလိုရှီရာပို ဖြစ်ပါစေ ရပါစေဟု
အဓိဋ္ဌာန်ပြုလိုက်လျှင်
ပြုလုပ်သည့်အတိုင်း ဖြစ်လာခြင်းအလိုရှီရာ
ရလာခြင်း။
၂။ဝိကုဗ်ဗနဣဒ်ဓိ
အကျင့်စရဏ သမာဓိစွမ်းအားရှသူမှ မိမိလက်ရှီရုပ်ကို
နဂါး ဂ ဋ္ဌုန် ဂမ္ဘန် စသော မိမိအလိုရှီရာပုံသဏ္ဍန်ကို
ဖန်ဆင်းနိုင်ခြင်း ။
၃ ။ မနောမယဣဒ်ဓိ
အကျင့်စရဏ သမာဓိစိတ်စွမ်းအားရှင်သည်
မိမိ၏ပုံတူရုပ်သဏ္ဍန်ကို အလိုရှီတိုင်း ဖန်ဆင်းပြုလုပ်နိုင်ခြင်း။
၄။ဥာဏဝိပ်ဖါရဣဒ်ဓိ
အကျင့်စာရဏ သမာဓိစွမ်းအားရှိသူသည်
ထူးခြားသောဥာဏ်အစွမ်းကြောင့် လိုရာခရီးသို့ အန္တရာယ်ကင်းစွာ လျှင်မြန်စွာရောက်ရှီခြင်း
မဂ်ဥာဏ်ဖိုပေါက်ပြီးမြောက်အောင်မြင်ရသည်အထိ
အသက်ဘေးကင်းစွာ ဆောင်ရွက်နိုင်ခြင်း ။
၅။သမာဓိဝိပ်ဖါရဣဒ်ဓိ
အကျင့်စာရဏရှီသော သမာဓိစွမ်းအားရှီသည့်
ဓျန်သမာပတ်ဝင်စားနေခြင်းဖြင့် ကာမစ္ဆန္ဒဝရဏ
အစရှီသော နီဝရဏတရားငါးပါးကိုဖယ်ရှားနိုင်ခြင်း
ရေဘေး မီးဘေး စသောအန္တရာယ်များမကျရောက်စေ
နိုင်ခြင်း။
၆။အရိယဣဒ်ဓိ
အကျင့်စရဏ သမာဓိစိတ်စွမ်းအားရှင်သည်
အရိယာမဂ်သို့ကူးပြောင်းရောက်ရှီပြီး စက်ဆုပ်ဖွယ်ရာ
မဟုတ်သောအာရုံ၌ စက်ဆုပ်ဖွယ်ရာနှလုံးသွင်းနိုင်ခြင်း
အလွန်မုန်တီးစရာကောင်းသောပုဂ္ဂိုလ်အပေါ်၌လည်း မေတ္တာစိတ်ပွားနိုင်ခြင်း စသည့်မိမိစိတ်ကိုနိုင်နင်းသော အရိယာတို့၏ အစွမ်းသတ္တိထူးနှင့် ပြည့်စုံခြင်း။
၇။ ကမ်မဝိပါကဇဣဒ်ဓိ
ကံ၏ အရှီန်အစော်အာနုဘော်ကြောင့်
အလိုရှီရာတန်ခိုးနှင့်ပြည့်စုံနိုင်ခြင်း။
၈ ။ပုညဣဒ်ဓိ
အကျင်စရဏ သမာဓိစိတ်စွမ်းအားရှီသူသည်
မိမိ၏ ထူးခြားသော ကောင်းမှုကုသိုလ်အစွမ်းအားဖြင့် ကိလေသာကင်းပြီး ချမ်းသာအစစ်ကို ရရှီစေနိုင်ခြင်း။
၉။ဝိဇ်ဇာမယဣဒ်ဓိ
အကျင့်စရဏ သမာဓိစိတ်စွမ်းအားရှင်သည်
လောကီဂန္ဓာရီ ဝိဇ္ဇာအတက်ဖြင့် မြေလျှိုးမိုးပျံလိုရာ
ခရီးသို သွာရောက်နိုင်ခြင်း။
၁၀။ ပယောဂပစ္စယဣဒ္ဓိ
စနစ်တကျနည်းအားဖြင့် နည်းမှန် လမ်းမှန်
စည်းကမ်းတကျနည်းလမ်းရရှီ၍ မိမိအလိုရှီရမေတ္တာာကို ပြီးမြောက်စေခြင်း။
ဣဒ္ဓိ (၁၀)မျီုး ရှီရာတွင်
လောကီဣဒ္ဓိ နှင့် လောကုတ္တရာဣဒ္ဓိ နှစ်မျီုးစလုံးကို မိမိ ဆန္ဒ ဝိရီယ စိတ္တ ဝိမံသ လေးပါးတွင်
တစ်ပါး အခြေခံရှီရင်
ဣဒ္ဓိဓာတ် အကျိုးက နိဗ္ဗာန်အထိ အရောက်သွားနိုင်ပါလိမ့်မည်။
အရဟံ ဂုဏ်တော် အစွမ်းက
မိမိစိတ်စွမ်းအင်ကို တန်ခိုးထက်စေယုံမကဘူး
သိဒ္ဓိ ပေါက်နိုင်တယ်
မဟိဒ္ဓိမြောက်နိုင်တယ်
ဣဒ္ဓိ ရောက်နိုင်တယ်။
အရဟံပုတီးစိတ်ခြင်းသည် ကုသိုလ်စိတ်ကိုဖြစ်စေတယ်
အရဟံသိဒ္ဓိကတော့ ကုသိုလ်လည်းရတယ် စွမ်းအားလည်းရတယ် တန်ခိုးလည်းကြီးတယ် အလိုဆန္ဒလည်း ပြည့်တာပေါ့ကွယ်။
အရဟံသိဒ္ဓိ မိတ်ဆွေအပေါင်း ကျန်းမာချမ်းသာ
အလိုဆန္ဒတွေ ပြည့်ဝ ကြပါစေကွယ်။
လင်းမြတ်(ပုသိမ်)
09 978 261 361
