cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Special News Network

All kinds of news will be posted in this channel, including self-help articles, health related news, sports news, religiuos news and other varieties of subjects in English and vernacular languages.

Больше
Мьянма10 203Язык не указанЗОЖ10 769
Рекламные посты
201
Подписчики
Нет данных24 часа
Нет данных7 дней
Нет данных30 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

Repost from Yangon Media Group
Фото недоступно
#Health_Tips #တစ်နေ့ကိုပျားရည်(၂)ဇွန်းစားသုံးပေးခြင်းဖြင့်ကျန်းမာရေးကောင်းကျိုးများရရှိစေနိုင် ++++++++++++++++++++++++++ Published 14 December 2022 အစားအစာတွေမှာ ပျားရည်အသုံးပြုခြင်းဖြင့် အရသာပိုမိုကောင်းမွန်စေသလို ကျန်းမာရေးအကျိုးကျေးဇူးများလည်း ရရှိစေကြောင်း တိုရွန်တိုတက္ကသိုလ်မှ သုတေသီများက ဆိုပါတယ်။ အပြည့်အစုံဖတ်ရန်>>https://yangonmediagroup.com/index.php/local-news/19-world/9425-2022-12-13-09-28-55
Показать все...
*XBB မျိုးကွဲ* အောက်ပါအချက်အလက်များကို ဂရုပြုကြပါစို့။ COVID-Omicron XBB ကိုရိုနာဗိုင်းရပ်၏ဗားရှင်းအသစ်သည် ကွဲပြားသည်၊ သေစေနိုင်ပြီး မှန်ကန်စွာသိရှိရန် မလွယ်ကူသောကြောင့် လူတိုင်းကို နှာခေါင်းစည်းဝတ်ဆင်ရန် အကြံပြုအပ်ပါသည်။ ဗိုင်းရပ်စ်အသစ် COVID-Omicron XBB ၏ လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်သည်။ 1. ချောင်းဆိုးခြင်း မရှိပါ။ 2. အဖျားမရှိပါ။ အခြား အရေအတွက် အကန့်အသတ်သာ ရှိပါမည်- 3. အဆစ်နာခြင်း။ 4. ခေါင်းကိုက်ခြင်း။ 5. လည်ပင်းနာကျင်မှု။ 6. အပေါ်ပိုင်း ခါးနာခြင်း။ 7. နမိုးနီးယား။ 8. အစာစားချင်စိတ်မရှိဖြစ်တတ်သည်။ COVID-Omicron XBB သည် Delta မျိုးကွဲထက် ၅ ဆ ပိုမိုပြင်းထန်ပြီး ၎င်းထက် သေဆုံးမှုနှုန်း ပိုမိုမြင့်မားသည်။ ရောဂါပြင်းထန်မှုသို့ရောက်ရှိရန် အချိန်နည်းပြီး တစ်ခါတစ်ရံတွင် သိသာထင်ရှားသောလက္ခဏာများမပြပါ။ ပိုသတိထားရအောင်။ ဤဗိုင်းရပ်စ်ပိုးကို nasopharyngeal ဧရိယာတွင် မတွေ့ရှိရဘဲ အချိန်တိုအတွင်း အဆုတ်ကို တိုက်ရိုက်သက်ရောက်သည်။ Covid-Omicron XBB ဖြင့် ရောဂါရှာဖွေတွေ့ရှိထားသော လူနာအများအပြားကို ဖျားနာခြင်းမရှိဘဲ နာကျင်ခြင်းဟု ခွဲခြားသတ်မှတ်ထားသော်လည်း ဓာတ်မှန်ရိုက်ခြင်းဖြင့် အပျော့စား ရင်ဘတ်အဆုတ်ရောင်ခြင်းကို ပြသခဲ့သည်။ Nasal swab စစ်ဆေးမှုများသည် Covid-Omicron XBB အတွက် မကြာခဏ အနုတ်လက္ခဏာဖြစ်ပြီး မှားယွင်းသော အနုတ်လက္ခဏာ nasopharyngeal စမ်းသပ်မှုများ တိုးများလာပါသည်။ ဆိုလိုသည်မှာ ဗိုင်းရပ်စ်သည် အသိုက်အဝန်းအတွင်း ပျံ့နှံ့နိုင်ပြီး အဆုတ်ကို တိုက်ရိုက်ကူးစက်နိုင်ကာ ဗိုင်းရပ်စ်အဆုတ်ရောင်ခြင်းကို ဖြစ်စေကာ စူးရှသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဒုက္ခကို ဖြစ်စေသည်။ ၎င်းသည် Covid-Omicron XBB သည် အလွန်ကူးစက်တတ်သော၊ အလွန်ပြင်းထန်ပြီး သေစေသော အရာတစ်ခု ဖြစ်လာရခြင်းအကြောင်း ရှင်းပြသည်။ သတိပြုရန်၊ လူစုလူဝေးရှိသောနေရာများကို ရှောင်ကြဉ်ပါ၊ ပွင့်လင်းသောနေရာများတွင်ပင် ၁.၅ မီတာအကွာအဝေးတွင် ထားရှိပါ၊ နှစ်ထပ်မျက်နှာဖုံးကို ဝတ်ဆင်ပါ၊ သင့်လျော်သောမျက်နှာဖုံးကို ဝတ်ဆင်ပါ၊ လူတိုင်းလက်ကို မကြာခဏဆေးကြောပါ (ချောင်းဆိုး နှာချေခြင်းမရှိပါ)။ ဤ Covid-Omicron XBB လှိုင်းသည် Covid-19 ၏ ပထမလှိုင်းထက် ပိုသေစေပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အလွန်သတိထား၍ ကိုရိုနာဗိုင်းရပ်အတွက် အားဖြည့်သတိပေးချက်များစွာကို လုပ်ဆောင်ရမည်ဖြစ်သည်။ သင့်သူငယ်ချင်းများ၊ မိသားစုများနှင့် နိုးနိုးကြားကြား ပြောဆိုဆက်ဆံပါ။ ဤအချက်အလက်ကို သင်ကိုယ်တိုင် မသိမ်းဆည်းပါနှင့်၊ ၎င်းကို အခြားမိသားစုဝင်များနှင့် သူငယ်ချင်းများနှင့် မျှဝေပါ။
Показать все...
Repost from Popular Journal
  • Фото недоступно
  • Фото недоступно
  • Фото недоступно
  • Фото недоступно
ထရမ့် ရဲ့နောက်ဆုံးပေါ် NFT ကတ်တွေကို လှောင်ပြောင်လိုက်တဲ့ဘိုင်ဒင်နှင့် ဆယ်လီများ အမေရိကန် သမ္မတဟောင်း ဒေါ်နယ် ထရမ့်သည် စူပါဟီးရိုး၊ အာကာသယာဉ်မှူးနှင့် ကောင်းဘွိုင်အပါအဝင် မတူညီသော ဝတ်စုံများဖြင့် သရုပ်ဖော်ထားသော သူ၏ ကိုယ်ပိုင် ရှားပါး NFT ကတ်များကို ဒီဇင်ဘာလ ၁၅ ရက် ကြာသပတေးနေ့တွင် ကြေညာရောင်းချခဲ့သည်။ Non-Fungible Token (NFT) ဆိုသည်မှာ အပြင်လောကရှိ ပန်းချီကားများ၊ အိမ်ယာမြေကဲ့သို့ အစားထိုးပုံတူပွား၍ မရနိုင်အောင် ထူးခြားသော ကုဒ်များဖြင့် ပြုလုပ်ထားသော ဒီဂျစ်တယ် ပစ္စည်းများဖြစ်ပြီး လဲလှယ် စုဆောင်းလို့ရပေသည်။ ထရမ့်က သူ၏ NFT ကတ်များကို ပြီးပြည့်စုံသော ခရစ္စမတ်လက်ဆောင် ဟူ၍ ဈေးကွက်တင် ရောင်းချနေပြီး ကတ်တစ်ခုကို အမေရိကန် ဒေါ်လာ ၉၉ ကျသင့်သည်။ သတင်းအပြည့်အစုံဖတ်ရန်>> https://www.popularmyanmar.com/?p=95455 Source CNA
Показать все...
00:29
Видео недоступно
Показать все...
1.24 MB
Repost from Mizzima
​​ငတ်မွတ်ခေါင်းပါးမှုနှင့် စားဝတ်နေရေးကျပ်တည်းမှုကို အာဖဂန်ပြည်သူများ ၂ နှစ်ဆက်တိုက်ကြုံနေရ ============================== အာဖဂန်နစ္စတန်နိုင်ငံမှ ပြည်သူများသည် ငတ်မွတ်ခေါင်းပါးမှုနှင့် စားဝတ်နေရေးကျပ်တည်းမှုကို ဆောင်းရာသီ ၂ နှစ်ဆက်တိုက် ကြုံတွေ့နေရကြောင်း အမေရိကန်ငြိမ်းချမ်းရေးဌာန (USIP) က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ အာဖဂန်ပြည်သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေကို အတတ်နိုင်ဆုံး လိုက်လျောညီထွေစွာ ဖြတ်သန်းသွားနိုင်ပုံပေါ်သော်လည်း နေရာအနှံ့အပြားတွင် ဖြစ်ပျက်နေသော ဆင်းရဲမွဲတေမှု၊ အငတ်ဘေးနှင့် ဆင်းရဲချို့တဲ့ခြင်းများကို လျော့ပါးသက်သာစေလိမ့်မည် မဟုတ်ကြောင်း အစီရင်ခံစာတွင် ပြောသည်။ “၂၀၂၁ ဩဂုတ်လက တာလီဘန်တွေ ထိန်းချုပ်ပြီးနောက်ပိုင်း စီးပွားရေး ပြိုလဲမှုကြောင့် ဝင်ငွေ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တာက စားနပ်ရိက္ခာ မဖူလုံမှုရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ မိုးခေါင်မှုကြောင့် ဆက်တိုက်ဆိုသလို သီးနှံအထွက်နှုန်းတွေ ညံ့လာတာလည်း အခြေအနေကို ပိုဆိုးစေခဲ့ပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြသည်။ “အမျိုးသမီးတွေ အလုပ်လက်မဲ့ဖြစ်မှုကလည်း ပိုများလာတယ်။ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ အလုပ်ရှာပေမယ့် မတွေ့ခဲ့ကြပါဘူး။ ဒါပေမယ့် လခစား အလုပ်တွေ၊ ကိုယ်ပိုင်အလုပ်တွေနဲ့ နေအိမ်အခြေစိုက် အကျိုးအမြတ်ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ တိုးလာတဲ့လုပ်သားအင်အားရဲ့ ၃ ပုံ ၁ ပုံလောက်တော့ ရှိပါတယ်” ဟု ဖော်ပြထားသည်။ အာဖဂန်စီးပွားရေးတည်ငြိမ်မှု၏ လက်ရှိအတိုင်းအတာသည် ပြီးခဲ့သည့်နှစ်က ကုလသမဂ္ဂ၏ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိ ထောက်ပံ့မှုအပါအဝင် ရရှိနေဆဲဖြစ်သော လူသားချင်းစာနာမှုအကူအညီအပေါ် အသည်းအသန် မှီခိုနေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
Показать все...

Repost from Mizzima
​​အီရန်က အာဖဂန်စစ်သားဟောင်းများကို ယူကရိန်းစစ်ပွဲသို့ စေလွှတ်နေ =================== အီရန်အာဏာပိုင်တို့သည် အာဖဂန်စစ်သားဟောင်းများကို စစ်အင်အားအဖြစ် အသုံးချနေကြောင်း အာဖဂန်တာလီဘန်အစိုးရ၏ ဒုက္ခသည်များနှင့်နေရပ်ပြန်ပို့ရေးဆိုင်ရာ ယာယီဝန်ကြီး ခါလီလ်ရာမန် ဟက်ကာနီက ပြောသည်။ အာဖဂန်စစ်သားဟောင်းများကို ယူကရိန်းစစ်ပွဲအပြင် ဆီးရီးယားနှင့် အီရတ်တို့သို့လည်း တိုက်ပွဲဝင်ရန် စေလွှတ်ခဲ့ဖူးကြောင်း ဟက်ကာနီက ပါဝမ်ပြည်နယ်သို့ ရောက်ရှိစဉ် ပြောသည်။ “ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ အီရန်အာဏာပိုင်တွေနဲ့ ဆွေးနွေးထားပါတယ်။ အာဖဂန်တွေဟာ အရင်တုန်းကလည်း အီရတ်နှင့် ဆီးရီးယားက တိုက်ပွဲတွေမှာ အသုံးချခံခဲ့ရတယ်။ ယူကရိန်း စစ်ပွဲမှာလည်း ဒါမျိုး ထပ်ဖြစ်လာနိုင်တယ်” ဟု ဟက်ကာနီက ပြောသည်။ အီရန်အာဏာပိုင်တို့သည် ၎င်းတို့နိုင်ငံတွင် ဒုက္ခသည်အဖြစ် လာရောက်ခိုလှုံသည့် အာဖဂန်စစ်သားဟောင်းများကို လက်နက်အဖြစ် အသုံးချနေသည်ဟု စစ်ဘက်ရေးရာလေ့လာသုံးသပ်သူတချို့က ပြောသည်။ “အာဖဂန်စစ်သားဟောင်းတွေဟာ မိသားစုရဲ့ အိမ်စရိတ်တွေကို ထောက်ပံ့နိုင်ဖို့ အီရတ်နဲ့ ဆီးရီးယားအပြင် ယူကရိန်းစစ်ပွဲထဲက အခြားအဖွဲ့အစည်းတွေနဲ့ မဖြစ်မနေ ဆက်သွယ်ချိတ်ဆက်ကြရပါတယ်။ တပ်သားသစ်စုဆောင်းတဲ့ရုရှားတွေကလည်း သူတို့ကို ခေါ်သွားကြပါတယ်” ဟု စစ်သားဟောင်းတစ်ဦးဖြစ်သည့် ဆာဝါ နီယာဇီက ပြောသည်။
Показать все...

Repost from Yangon Media Group
  • Фото недоступно
  • Фото недоступно
  • Фото недоступно
  • Фото недоступно
#World_News အင်္ဂလန်အသင်းပြိုင်ပွဲမှထွက်လိုက်ရသည့် ပင်နယ်တီလွဲချော်မှုအတွက် သူ့မှာတာဝန်ရှိကြောင်း ကိန်းကဝန်ခံပြောဆို Published 11 December 2022 ပြင်သစ်နှင့်ကစားတဲ့ပွဲမှာ သူကန်လိုက်တဲ့ ပင်နယ်တီဘောလုံး လွဲချော်သွားရပြီး အင်္ဂလန်အသင်း ကမ္ဘာ့ဖလားပွဲကနေ ထွက်ခွာခဲ့ရခြင်းအတွက် သူ့မှာ တာဝန်ရှိတယ်လို့ ဟယ်ရီကိန်းကပြောလိုက်ပါတယ်။ သီအိုဟာနန်ဒေးစ်က မေဆွန်မောင့်ကို ပြင်သစ်ရဲ့ ပင်နယ်တီဧရိယာအတွင်း တရကြမ်းတိုးဝင်ခဲ့တဲ့အတွက် အင်္ဂလန်အသင်းဟာ ရွှေရောင်အခွင့်အရေးအဖြစ် ပင်နယ်တီကန်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ၅၄မိနစ်မှာ ပင်နယ်တီဝင်အောင်ကန်ပေးခဲ့တဲ့ ကိန်းရဲ့ ကန်ချက်ဟာ ဂိုးသမား Hugo Lloris ရဲ့ ဘားတန်းကို ကျော်ပြီးမြောက်တက်သွားခဲ့ပါတယ်။ အချိန်ပြည့်ခရာမှုတ်လိုက်တဲ့အခါ ကိန်းဟာသိသိသာသာကို စိတ်ကယောက်ကယက်ဖြစ်သွားပါတယ်။ သူ့ကစားဖော် တွေနှင့် မန်နေဂျာ ဂါရက်ဆောက်ဂတ်က သူ့ကို ဝိုင်းပြီး နှစ်သိမ့်ကြပါတယ်။ Source MetroUK ဆက်လက်ဖတ်ရှုရန်..⏭⏭⏭
Показать все...
Repost from The Western Journal
McCarthy Has a Reading Planned for the House on Jan. 3, 2023 - 'Hasn't Been Done in Years' READ: http://w-j.co/s/f8475
Показать все...
McCarthy Has a Reading Planned for the House on Jan. 3, 2023 - 'Hasn't Been Done in Years'

Kevin McCarthy plans to revive a congressional tradition concerning one of America's founding documents.

Фото недоступно
ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နဲ့ ရဲမှူးချုပ်ဇော်မိုးသန်း သို့မဟုတ် စကစတို့ရဲ့ ဇာတ်တူသားစား ဇာတ်လမ်း မောင်ကြီး ရဲတပ်ဖွဲ့ထိပ်ပိုင်းမှာ အမြင့်ဆုံးရာထူးကြီးတခုနဲ့ ဘုန်းမီးနေလတောက်ခဲ့ပေမယ့် အခုအခါ လူတောမတိုးရဲတော့ဘဲ ဘယ်အရပ် ဘယ်ဒေသမှာ ဇာတ်မြုပ်နေမှန်းမသိရတော့တဲ့ ရဲအရာရှိကြီးတယောက်အကြောင်းက ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှာ ပြောစမှတ် တွင်နေဆဲပါပဲ။ အဲဒီရဲအရာရှိကြီးဟာ စစ်တပ်ကနေ မိုးကျ‌ရွှေကိုယ်အနေနဲ့ ရဲတပ်ဖွဲ့ဆီ ပြောင်းရွှေ့လာခဲ့သူပါ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထိပ်ပိုင်းရာထူးကြီးတခုမှာ နန်းစံနေဆဲမှာပဲ ရုတ်တရက် နန်းချခံလိုက်ရရုံသာမက ထောင်သွင်းအကျဉ်းချခံလိုက်ရသူပါ။ ထောင်ကနေ သူပြန်လွတ်ပြီလို့လို့ သတင်းသဲ့သဲ့ကြားပေမယ့် လူ့အသိုင်းအဝိုင်းထဲကို လုံးဝပြန်ပေါ်မလာတော့ပါဘူး။ တာဝန်ထမ်းဆဲ ရဲအရာရှိကြီးတွေနဲ့ အငြိမ်းစားရဲအရာရှိကြီးတချို့ ဧည့်ခံပွဲတွေမှာ ဆုံကြတိုင်း သို့မဟုတ် ဂေါက်ကွင်းတွေမှာ အလျဉ်းသင့်သလိုဆုံတိုင်း ပျောက်ချင်းမလှပျောက်နေတဲ့ အဲဒီ ရဲအရာရှိကြီးအကြောင်း တဦးနဲ့တဦး တီးတိုးမေးလေ့ရှိပါတယ်။ "ရဲမှုးချုပ် ဇော်မိုးသန်း ဘယ်ရောက်သွားလဲ" "ကိုဇော်မိုးသန်း အခု ဘယ်မှာလဲ" အဲဒီမေးခွန်းတွေဟာ ရဲတပ်ဖွဲ့ ထိပ်ပိုင်းအရာရှိတွေနဲ့ အငြိမ်းစားအရာရှိတွေကြားထဲမှာ တအုံ့နွေးနွေးဖြစ်နေဆဲ အဖြေမထွက်သေးတဲ့ ပဟေဠိ မေးခွန်းတွေပါ။ ရဲတပ်ဖွဲ့ ထိပ်ပိုင်းရာထူးထဲကမှ လုပ်ပိုင်ခွင့်နဲ့ ဟိတ်ဟန်ကြီးလွန်းတဲ့ ရဲရာထူးခန့်ချုပ်ဆိုတဲ့ ရာထူးပိုင်ရှင် ရဲမှုးချုပ် ဇော်မိုးသန်းတယောက် ပျောက်ချင်းမလှ ပျောက်သွားတာဟာ မရိုးရှင်းဘူးလို့ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထဲမှာ ယူဆကြနေပါတယ်။ သူတို့ရဲ့ လုပ်ဖော်ကိုင်ဘက် ရဲမှုးချုပ်ဇော်မိုးသန်းတယောက် ကြုံခဲ့ရတဲ့ အဖြစ်ဆိုးကို မိတ်ဆွေအသိုင်းအဝိုင်းကြား ပြန်ပြောင်းပြောဆိုကြတိုင်းမှာလည်း ဒီနေ့ စစ်ကောင်စီခေါင်းဆောင်ရဲ့ လူယုံ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အကြောင်းက မပါမဖြစ်ဘဲလို့ ရဲအရာရှိကြီးအချို့က ဖွင့်ဟပြောဆိုလာပါတယ်။ "အဖြစ်အပျက်တွေကတော့ ကြာခဲ့ပါပြီဗျာ။ ဒါပေမယ့် ကောက်ကျစ်ရက်စက်မှုတွေ၊ အငြိုးအတေးတွေကို လယ်ပြင်မှာ ဆင်သွားသလို ရှင်းကနဲ့ မြင်ရတဲ့ပွဲဗျ" လို့ အငြိမ်းစားရဲအရာရှိကြီးတဦးက ဖွင့်ဟ ပြောဆိုပါတယ်။ ရဲတပ်ဖွဲ့အသိုင်းအဝိုင်းထဲမှာ ငရဲမီးဟပ်သလို အထိန့်တလန့်ဖြစ်စေခဲ့တဲ့ အဲဒီဖြစ်ရပ်ကတော့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်လက်ထက် ၂၀၂၀ နှစ်လည်လောက်က ဖြစ်ခဲ့တာပါ။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ရဲရာထူးခန့်ချုပ် ရဲမှုးချုပ် ဇော်မိုးသန်းကို အညိုးတကြီး လက်စားချေလိုက်တဲ့ဖြစ်ရပ်လို့လည်း ရဲတပ်ဖွဲ့အသိုင်းအဝိုင်းမှာ လူပြောများပါတယ်။ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က ရဲမှုးချုပ် ဇော်မိုးသန်းကို ဘာကြောင့် လက်စားချေခဲ့တာပါလဲ ... ဒီမေးခွန်းအတွက် အဖြေကို ပြောပြမယ့် အငြိမ်းစားရဲအရာရှိကြီးဟာ တစုံတရာကို စိုးရိမ်မကင်းဟန်ပေါ်နေပါတယ်။ နယ်မြို့လေးတမြို့က သူ့အိမ်ထဲကနေ ခပ်မှိုင်းမှိုင်း မြင်နေရတဲ့ တောင်တန်းကို တချက်လှမ်းငေးရင်း အိမ်ပြတင်းတံခါးကိုလည်း စေ့လိုက်ပါသေးတယ်။ သူပြောတာကို တခြားတယောက်ယောက် ကြားသွားလေမလားဆိုတဲ့ စိုးရိမ်စိတ်ကို လှစ်ခနဲ ပြလိုက်တာပါပဲ။ အဲဒီနောက်မှာမှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နဲ့ ရဲမှုးချုပ် ဇော်မိုးသန်းတို့ကြား သူတို့ ထိပ်ပိုင်းရဲအရာရှိကြီးတွေ သိထားတဲ့ ပြဿနာအရင်းအမြစ်ကို ပြောပြပါတယ်။ "ဟိုး ကာလတခုကပေါ့ဗျာ။ ကိုဇော်မိုးသန်းအဖေက တပ်မမှုး၊ ကိုစိုးထွဋ်အဖေက ဗျူဟာမှူး။ အဲဒီတုန်းက တပ်မမှုးက ဗျူဟာမှုးကို နှိပ်ကွပ်ဖူးတယ်ဆိုတော့ စိုးထွဋ်က ဇော်မိုးသန်းကို ပြန် နှိပ်ကွပ်တာတွေပါတယ်" ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ရဲ့အဖေဟာ စစ်အစိုးရလက်ထက် ၂၀၀၁ ခုနှစ်က ရဟတ်ယာဉ်ပျက်ကျတဲ့ ဖြစ်ရပ်မှာ အတွင်းရေးမှူး (၂) ဗိုလ်ချုပ်ကြီးတင်ဦးနဲ့အတူ သေဆုံးတဲ့အထဲပါသွားခဲ့တဲ့ ဗိုလ်မှူးချုပ်လွန်းမောင်ဖြစ်ပါတယ်။ ရဲမှုးချုပ် ဇော်မိုးသန်းရဲ့အဖေကတော့ ၈၈ အရေးအခင်းကာလက ရှမ်းပြည်နယ်မြောက်ပိုင်း၊ တာမိုးညဲဒေသမှာဖြစ်ခဲ့တဲ့ နာမည်ကျော် ကုန်းဆာတိုက်ပွဲမှာ အဓိကတာဝန်ရှိသူ တပ်မ (၉၉) တပ်မမှုး ဗိုလ်မှုးကြီးဝင်းဇော်ညွန့်ဖြစ်တယ်လို့ ရဲအရာရှိကြီးကပြောပါတယ်။
Показать все...