cookie

Мы используем файлы cookie для улучшения сервиса. Нажав кнопку «Принять все», вы соглашаетесь с использованием cookies.

avatar

Tamwe Nway Oo Channel

တာမွေမြို့နယ်အတွင်း အာဏာရူးခွေးသူခိုးများအား ဆန့်ကျင်တိုက်ထုတ်နိုင်ရန် မြေပြင် သတင်းမှန်များ စိစစ်သေချာနိုင်ရန် ခွေးမသား လမ်းကြောင်းများ၊ တပ်စွဲနေရာများ၊ CCTV တည်နေရာများ၊ ဒလန်သတင်းပေးများအကြောင်း သတင်းပေးပို့နိုင်ပါသည်။ @TM_Informer

Больше
Рекламные посты
5 772
Подписчики
-124 часа
-187 дней
-330 дней

Загрузка данных...

Прирост подписчиков

Загрузка данных...

တာမွေ * ၁၅၉ လမ်းထဲက ဧည့်စစ်ခွေးများ ပြန်ထွက်ဖို့ပြင်နေ ပြန်ထွက်မယ့်ခွေးကားများ ၁၅၇ လမ်းဘက်ခေါင်းတည်ထား * 9:35 PM 📬 @Inform_RSN
Показать все...
🤬 1
🚨 တာမွေ  🚨    ကျောက်မြောင်း ၁၅၉ လမ်းထဲ စခ၊ရခ၊ဘောမတသိုက်ဧည့်စစ်ဝင်နေကြောင်း သတင်းပေးပို့လာပါသည်။ 09:05 pm      @TM_Informer @angeltminformer
Показать все...
👍 3🤬 1
Repost from People's Spring
စစ်ကောင်စီနှင့်တက်ကြွစွာပူးပေါင်းနေသည့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးလုပ်ငန်းရှင်း ၁၄ ဦးကို အမည်ပျက်သွင်း စောနွေဦး/People's Spring စစ်ကောင်စီနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်ပြီး ကျင့်ဝတ်ဖောက်ချက်နေသည့် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင် ၁၄ ဦးကို အမည်ပျက်စာရင်း သွင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ၏ အလုပ်သမားဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။ ၎င်းတို့သည် စစ်ရာဇဝတ်မှုများကို အားပေးအားမြောက်ပြုနေသည့် အနေဖြင့် ငွေကြေးများထောက်ပံ့ပေးနေခြင်း၊ ပြည်ပရောက်မြန်မာလုပ်သားများအပေါ် ဝင်ငွေခန်ကောက်ခံခြင်းနှင့် လုပ်အား ၂၅ ရာခိုင်နှုန်းကို မိသားစုထံ လွှဲငွေအဖြစ် လွှဲပြောင်းပေးရန် အကြောင်းပြပြီး အလုပ်သမား၏ချွေးနည်းစာကို အကြမ်းဖက်စစ်ကောင်စီထံ လွှဲပြောင်းပေးရန် တက်ကြွစွာပူးပေါင်းဆောင်ရွက်နေခြင်းကြောင့်ဖြစ်သည်ဟု NUG ၏ အလုပ်သမားဝန်ကြီးဌာနက အသိပေးသည်။ ထိုအပြင် ရွှေ့ပြောင်းလုပ်သမားများအပေါ် ဝန်ဆောင်ခ အဆမတန်ကောက်ယူခြင်း၊ ဝန်ဆောင်မှုများကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခြင်းမရှိခြင်းနှင့် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများကို ဆောင်ရွက်ပေးခြင်းမရှိခြင်းတို့ကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆို အရေးယူသွားမည်ဟုလည်း ဆိုထားသည်။ ထိုသို့ အမည်ပျက်စာရင်းသွင်းထားသည့် ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများကို ဆက်သွယ်ခြင်းမပြုရန်လည်း သတိပေးထားသည်။ " ဒီလိုကာလမှာ ကုမ္ပဏီတွေအနေနဲ့ စစ်ကောင်စီက ခိုင်းတဲ့အတိုင်းလုပ်ရတာရှိတယ်။ ဒါပေမယ့်တချို့ကုမ္ပဏီတွေက တက်တက်ကြွကြွလုပ်ပေးနေတာလည်းရှိတယ်"ဟု အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီပိုင်ရှင်တစ်ဦက ပြောသည်။ NUG အလုပ်သမားဝန်ကြီးဌာနက အထက်ပါကိစ္စရပ်များ ကျူးလွန်ခဲ့သည် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းကို ၂၀၂၄ ဖေဖော်ဝါရီ ၅ရက်ကလည်း ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။ "
Показать все...
🔥 3👍 1🥰 1
Repost from People's Spring
🟥 တာမွေ * တာမွေအဝိုင်းထိပ် နာနတ်သီးကျွေးနားဘဲဥထီး2ကောင် ဘဲမ2ကောင်ဟွန်ဒါဗစ် ဓါတ်တိုင်ရောင် ဂလူဂါအမဲကားတားစစ်မသာစရိတ်ရှာနေ * 4:50 PM 📬 @Inform_RSN
Показать все...
👍 3🤬 1
Repost from NUG Myanmar
Repost from NUG Myanmar
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရ https://nugmyanmar.org မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းကြောင်း သဝဏ်လွှာ ၂၀၂၄ခုနှစ်၊ မေလ ၁၄ ရက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ စစ်ဦးစီးချုပ်နှင့် အမှတ် (၁) စစ်ဒေသ၏ စစ်ဒေသမှူးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး R. ခေါင်လွမ်း (Ruhkyau Hkawng Lum) သည် ၂၀၂၄ခုနှစ် မေလ ၁၃ ရက်နေ့ ညနေ ၆း၂၃ နာရီအချိန်တွင် ခရစ်တော်၌ အိပ်ပျော်သွားကြောင်း ကြားသိရသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အတိုင်းမသိဝမ်းနည်းကြေကွဲရပါသည်။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)သည် မိမိတို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အရင်းနှီး ဆုံးသော မဟာမိတ်အဖွဲ့အစည်းကြီးတစ်ဖွဲ့ဖြစ်သလို စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခေါင်လွမ်းသည် ယခု ပြည်သူ့တော်လှန်ရေးကြီးအတွက်၊ တိုင်းပြည်နှင့် လူထုအတွက် အဖိုးမဖြတ်နိုင်သည့် တော်လှန်ရေး တာဝန်များကို ဦးဆောင်၊ သယ်ပိုး၊ ထမ်းရွက်ခဲ့သည့် တပ်မှူးကောင်းကြီးတစ်ဦးဖြစ်ပါကြောင်း အလေးအနက် မော်ကွန်းတင်အပ်ပါသည်။ အမှတ် (၁) စစ်ဒေသကို မြေပြင်တွင် ကိုယ်တိုင်ကိုယ်ကျ ဦးစီးဦးဆောင်ကာ စုဖွဲ့၊ ကွပ်ကဲခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးသည် အမှတ် (၁) စစ်ဒေသနယ်မြေအတွက်သာမက တနိုင်ငံလုံး၏ ခုခံ တွန်းလှန် စစ်ကဏ္ဍအတွက် အထူးအရေးပါသည့် ဦးဆောင်မှုလည်း ပြုခဲ့သူဖြစ်သည်။ နှစ်ပေါင်း (၃၅) နှစ်ကျော် ဖြတ်သန်းခဲ့သည့် တော်လှန်ရေးအတွေ့အကြုံ ရင့်ကျက်ပြည့်ဝသော ဒုတိယဗိုလ်ချုပ်ကြီးသည် အမျိုးသားရေးတာဝန်၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လွတ်လပ်မှု အတွက် ကြိုးပမ်းတိုက်ပွဲဝင်မှု တာဝန်အသီးသီးကို ကျေပွန်သည်ထက် များစွာပိုလွန်ကာ ထမ်းဆောင်ခဲ့ပြီးလည်း ဖြစ်ပါသည်။ ဤကဲ့သို့သော တပ်မှူးကောင်းကြီးတစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး R. ခေါင်လွမ်းကို ဆုံးရှုံးရမှုသည် ကချင်အမျိုးသားထုအတွက်သာမက မိမိတို့ တိုင်းပြည်နှင့် လူထုတရပ်လုံးအတွက် ပြန်လည်အစားထိုးခြင်းငှါ မစွမ်းသာသော ဆုံးရှုံးမှုကြီးဖြစ်ပြီး ကာယကံရှင် မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်းရပါကြောင်း လေးနက်စွာဖော်ပြလိုပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် ဒုတိယဗိုလ်ချုပ်ကြီး ဦးဆောင်ခဲ့သည့် စစ်ရေးကဏ္ဍကို အကောင်းမွန်ဆုံးဖြစ်အောင် ဆက်လက် ထိန်းသိမ်းမြှင့်တင်သွားမည်ဖြစ်သလို ဒုတိယဗိုလ်ချုပ်ကြီး မျှော်ရည်ခဲ့သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကြီးကို အဆောလျင်ဆုံး ပုံဖော်တည်ဆောက် နိုင်ရန် အတွက်လည်း အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းကို ဤသဝဏ်လွှာနှင့်အတူ ထပ်လောင်း သန္နိဋ္ဌာန်ပြုအပ်ပါသည်။ အမျိုးသားညီညွတ်ရေးအစိုးရ
Показать все...
Home

Government

👍 2
တာမွေ * ရဲခွေး dc ဖြူပြာမီးတန်း 1 စီး တာမွေခွေးစခန်း 40 ကနေ စထွက်ဖို့လုပ်နေ ခန့်မှန်းယုဇနပလာဇာဘက်ဖြစ်ဖို့များ * 9:06 AM 📬 @Inform_RSN
Показать все...
🟨 တာမွေ * စခ Faw ၃ စီး အင်အားအပြည့်, စခ dc ၂စီး ရှေ့နောက်ပိတ်ပြီး ဗဟန်း ၃လမ်းကနေ တာမွေအဝိုင်းဖက်တက်သွား * 6:00 PM 📬 @Inform_RSN
Показать все...
👍 5
Repost from RSN WEB
ရန်ကုန်တိုင်း ၂၀၂၄ ခုနှစ် ပထမ (၄) လတွင်း တော်လှန်ရေးလှုပ်ရှားမှုများနှင့် ဖမ်းဆီးဧည့်စစ်ဖြစ်စဉ်များ အနှစ်ချုပ် •••••••••••••••®••••••••••••••• မေ ၁၃၊ ၂၀၂၄ ၂၀၂၄ ခုနှစ် ပထမ (၄) လအတွင်း ရန်ကုန်တိုင်း၌ တော်လှန်ရေးလှုပ်ရှားမှုများဖြစ်သော သပိတ်နှင့် စစ်ဆင်ရေးများ၊ အကြမ်းဖက်စစ်ကောင်စီ၏ အဖမ်းအဆီးနှင့် ဧည့်စစ်ဖြစ်စဉ်များကို Charts များနှင့်တကွ ဖော်ပြထားခြင်းဖြစ်သည်။ သပိတ်လှုပ်ရှားမှုများအနေဖြင့် ယခုနှစ် ပထမ (၄) လအတွင်း စုစုပေါင်း (၅၇) ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး တော်လှန်ရေး (၃) နှစ်ပြည့်နှင့် စစ်မှုထမ်းဥပဒေအား အတည်ပြုထုတ်ပြန်ခဲ့သည့် ဖေဖော်ဝါရီလတွင် အများဆုံးအဖြစ် (၂၆) ကြိမ်ထိ သပိတ်လှုပ်ရှားမှုများ ပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် စစ်ဆင်ရေးများအနေဖြင့်လည်း စုစုပေါင်း (၁၁၈) ကြိမ်ထိ ဖော်ဆောင်ခဲ့သလို ရန်ကုန်တိုင်းစစ်ဌာနချုပ်အပါအဝင် စစ်ထောက်တိုင်ရုံးအများစုအား ပစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိခဲ့သည်။ ယခုနှစ် ပထမ ၄ လ အတွင်း အဖမ်းအဆီးဖြစ်စဉ် စုစုပေါင်း ၃၂၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ စစ်မှုထမ်းဥပဒေ စတင်အတည်ပြုထုတ်ပြန်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အများဆုံဖြစ်ခဲ့ပြီး ယမန်နှစ် ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၃ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း အများဆုံးဖြစ်သည်။ လူရှာဖွေ၊ ဧည့်စစ်ဖြစ်စဉ် စုစုပေါင်း ၄၆၉ ကြိမ်ကိုလည်း ပထမ ၄ လအတွင်း သတင်းရရှိခဲ့ပြီး စစ်မှုထမ်းဥပဒေ အတည်ပြုခဲ့သည့် ဖေဖော်ဝါရီလတွင် အများဆုံးဖြစ်ကြောင်း သိရှိရသည်။ #rangoonscoutnetwork
Показать все...
🤬 5👍 2