EHS Myanmar
Открыть в Telegram
This is an official channel of Environment, Health and Safety Myanmar (EHS Myanmar). Please visit www.ehsmyanmar.org for more information.
Больше868
Подписчики
Нет данных24 часа
+27 дней
+230 дней
Архив постов
868
🤝💚 Celebrating the power of friendship on International Day of Friendship, EHS Myanmar extends warm wishes to all our friends around the world! Let's come together as friends and allies, united in our mission to create a sustainable and inclusive future. Together, we can build bridges of understanding, promote harmony, and work towards a world where friendship knows no boundaries. Cheers to the friends who support us and inspire positive change! 🌍💚
#EHSMyanmar #InternationalDayofFriendship #StrongerTogether
868
From Awareness to Action: Making a Difference in Plastic-Free July
=====================================EHS Myanmar - 29/6/2023
🌳 ယနေ့ခေတ် ကမ္ဘာကြီးတွင် ပလတ်စတစ်ညစ်ညမ်းမှု ပြသနာသည် အရေးပေးဖြေရှင်းရန် လိုအပ်လာသော ပတ်ဝန်းကျင်ဆိုင်ရာ ပြသနာများထဲတွင် တစ်ခုအပါအဝင်ဖြစ်လာပါသည်။ ထိုပြသနာကို ဖြေရှင်းအဖြေရှာရန် အတွက် စုပေါင်းလုပ်ဆောင်ရန် လိုအပ်မှုသည်လည်း ယခင်ကထက် ပိုမိုအရေးကြီးလာပါသည်။ “Plastic Free July” သည် ဇူလိုင်လတိုင်းတွင် ကျင်းပပြုလုပ်လျက်ရှိသော ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်ပြီး “Awareness to Action” - သိမှုမှသည် လှုပ်ရှားမှုဆီသို့ ဦးတည်လုပ်ဆောင်လျက်ရှိသော platform တစ်ခုဖြစ်ပါသည်။ ယခုဆောင်းပါးတွင် ဇူလိုင်လတစ်လလုံးအတွက် ပလတ်စတစ်လျော့ချအသုံးပြုရေးအတွက် လက်တွေ့တွင် အမှန်တကယ် အသုံးပြုနိုင်မည့် “Plastic Free July” မှအသွင်ကူးပြောင်းနိုင်သော အလားအလာရှိသည့် နည်းလမ်းများကို လေ့လာဆန်းစစ်ဖော်ပြသွားပါမည်။ တစ်ဦးချင်းရွေးချယ်မှုများနှင့် စုပေါင်းလုပ်ဆောင်မှုစွမ်းအားများကို အသုံးချ၍ ကျွန်တော်တို့၏ ကမ္ဘာမြေကြီးကျန်းမာရေးအပေါ် ရေရှည်အကျိုးသက်ရောက်မှုကို ဖန်တီးနိုင်ပြီး ရေရှည်တည်တံ့သော အနာဂတ်အတွက် ဖန်တီးပေးနိုင်ပါသည်။
🌳 Plastic Free July platform သည် ကမ္ဘာနှင့်တစ်ဝှမ်းပလတ်စတစ်လျော့ချရေး လုပ်ငန်းများအတွက် အမျိုးမျိုးသော လှုပ်ရှားမှုများ၊ campaign များကို လုပ်ဆောင်လျက်ရှိသည်။ 2021-IPSOS စစ်တမ်းအရ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ လူပေါင်း ၂သောင်းကျော်ကို စစ်တမ်းကောက်ယူခဲ့ရာ ထိုလူများထဲမှ ၂၉ ရာခိုင်နှုန်းသည် Plastic Free July platform မှ campaign များကို သတိပြုမိခဲ့ပြီး ၁၃ ရာခိုင်နှုန်း ပါဝင်ခဲ့ကြသည်။ campaing တွင်ပါဝင်ခဲ့ကြသူများသည် မိမိတို့အိမ်သုံး စွန့်ပစ်ပစ္စည်းများမှ စတင်၍ ပြန်လည်အသုံးပြု၍ ရနိုင်သော စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ခဲ့ရာ တစ်နှစ်လျှင် ၃.၅ ရာခိုင်နှုန်း စွန့်ပစ်ပစ္စည်းများကို လျှော့ချနိုင်ခဲ့သည်။ ၈၆ ရာခိုင်နှုန်းသော ပါဝင်ခဲ့ကြသူတို့သည် campaign တွင်ပါဝင်လုပ်ဆောင်ရင်း ထိုအမူအကျင့်များသည် သူတို့၏ နေ့စဉ်လူနေမှုအကျင့်တစ်ခုဖြစ်လာကြောင်း ပြောကြားလာခဲ့ကြသည်။ သို့ဖြစ်ရာ သေးငယ်သော အမူအကျင့်များမှသည် ကျွန်တော်တို့သည် ကမ္ဘာကြီးကို ပြောင်းလဲနိုင်ပါသည်။
🌳 ကျွန်တော်တို့ လူသားများမှ စွန့်ပစ်သော ပလတ်စတစ်အမှိုက်များသည် နှစ်စဉ် တန်ချိန် သန်း ၄၀၀ခန့် ရှိနေပြီဖြစ်သည်။ ထိုထဲတွင်မှ ၇၅ရာခိုင်နှုန်းခန့်သည် ပလတ်စတစ်ဘူးများ ဖြစ်ပါသည်။ စစ်တမ်းများအရ တစ်စက္ကန့်လျှင် ပလတ်စတစ်ဘူး ၁၅၀၀နှုန်းဖြင့် လူသားများသည် စွန့်ပစ်နေကြပါသည်။ ထို့အပြင် နှစ်စဉ် ပင်လယ်ထဲသို့ ရောက်ရှိသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းသည် တန်ချိန် ၈သန်းကျော်ရှိသည်။ ခန့်မှန်းမှုများအရ ၂၀၅၀ခုနှစ်တွင် ပင်လယ်ထဲရှိ ပလတ်စတစ်အရေအတွက်သည် ငါးများထက်ပင်ပိုများလာမည်ဟု သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူများကဆိုကြသည်။ သို့ဖြစ်ရာ ကျွန်တော်တို့သည် ပလတ်စတစ်လျော့ချရေးလုပ်ငန်းများတွင် မိမိကိုယိတိုင်မှစ၍ လုပ်ဆောင်သင့်နေပါပြီ။ နေ့စဉ် လူနေမှု ဘဝတွင် အသုံးချလွယ်ကူသော နည်းလမ်းအချို့ကို အောက်တွင် ဆက်လက်ဖော်ပြသွားပါမည်။
🌳 Use what you have
မလိုအပ်လျှင် မဝယ်ပါနှင့်။ မိမိမှာရှိသော ပစ္စည်းများကို အသုံးပြုပါ။ ထိုသို့ဖြင့် ကျွန်တော်တို့သည် ထုတ်လုပ်မှု နှင့် ထုတ်ပိုးမှုတွင် အသုံးပြုသော ပလတ်စတစ်ကိုလျော့ချနိုင်ရုံသာမက အသုံးစရိတ်ကိုပါ ချွေတာရာရောက်ပါသည်။
🌳 Homemade Snacks
အပြင်တွင် ပလတ်စတစ်ဖြင့်ထုတ်ပိုးထားသော သရေစာများကို ဝယ်စားမည့်အစား အိမ်တွင် ကိုယ်တိုင်ပြုလုပ်စားခြင်းဖြင့် ပလတ်စတစ်အသုံးပြုမှုကို ရှောင်ပြီးသားဖြစ်သလို ကျန်းမာရေးနှင့်လဲ ညီညွတ်စေပါသည်။
🌳 Reusable water bottles
ပလတ်စတစ်ရေဘူးများကို အသုံးပြုမည့်အစား ပြန်လည်အသုံးပြုနိုင်သော ရေဘူးများကို အသုံးပြုခြင်းဖြင့် ကျွန်တော်တို့သည် ပလတ်စတစ်လျှော့ချရေးတွင် များစွာ အထောက်အကူပြုမည်ဖြစ်သည်။
🌳 BYO shopping bag
BYO shopping bag ဆိုသည်မှာ “Bring Your Own” - ဈေးဝယ်သည့်အခါ ထည့်ရန်အတွက် ပလတ်စတစ်ကို အသုံးပြုမည့်အစား ကိုယ်တိုင်ထည့်ရန်အတွက် အိတ်ကိုယူလာခြင်းဖြစ်ပါသည်။ BYO bags များကို လျှော်ပြီးလဲ နောက်ထပ်တဖန် အသုံးပြုနိုင်ပါသည်။
🌳 Skip the straws
ကျွန်တော်တို့ အအေးသောက်သည့်အခါ မလိုအပ်ဘဲ ပလတ်စတစ်ပိုက်များကို တောင်းယူခြင်းမျိုး ရှောင်သင့်ပါသည်။
🌳 Learning More
ကျွန်တော်တို့သည် ပလတ်စတစ်နှင့် ပတ်သတ်၍ သိသင့်သိထိုက်သော အချက်အလက်များ၊ ပလတ်စတစ်ညစ်ညမ်းမှုများ အကြောင်းကိုလဲ ပိုမိုနားလည်သိရှိအောင် လေ့လာသင့်ပါသည်။
🌳 အပေါ်တွင် ဖော်ပြခဲ့သော နည်းများသည် ကျွန်တော်တို့ နေ့စဉ်ဘဝတွင် မိမိကိုယ်တိုင်ကစ လုပ်၍လွယ်ကူသော နည်းများပင်ဖြစ်ပါသည်။ “Small Steps, Big Difference” ဆိုသည့်အတိုင်း မိမိကိုယ်တိုင်မှစ၍ လုပ်ဆောင်သွားမည်ဆိုလျှင် ကျွန်တော်တို့ကမ္ဘာကြီးသည် ယခုထက်ပိုမိုလှပလာမည်ဖြစ်ပါသည်။
ရေးသားသူ - ဂီတမိုင်ချီ
References:
Earth Day
United Nation Environment Program
Food Print
868
🐯🌿 Roaring with pride on International Tiger Day, EHS Myanmar joins the global efforts to protect these majestic creatures and their habitats. Let's raise awareness and support initiatives that strive to save tigers from extinction. Together, we can ensure that these magnificent animals continue to roam freely in the wild, captivating future generations with their grace and beauty. Join us in celebrating the power and beauty of tigers on this special day! 🌿🐯
#EHSMyanmar #InternationalTigerDay #SaveOurTigers
868
EHS Myanmar is pleased to proclaim its participation in the celebration of "International Day for Clean Air Blue Skies 2023." EHS Myanmar, as a responsible and environmentally committed organization, recognizes the critical significance of clean air and its impact on public health and the environment.
#EHSMyanmar #CleanAir #Blueskies #TogetherforCleanAir #2023
868
Forest Resource Environment Development and Conservation Association (FREDA) Myanmar မှ ဦးစီးကျင်းပခဲ့သော “Advancing cooperation between Lower Mekong Countries to support governance , transparency and local voices, concerning with water and water related ecosystem” ဟောပြောဆွေးနွေးပွဲအား EHS Myanmar မှ Ma Khaing Su Wai ( Intern at Operation Department) မှ ၂၂ ရက်နေ့ ဇွန်လ ၂၀၂၃ ခုနှစ်တွင် participant အဖြစ် တက်ရောက်နားထောင်ခဲ့ပါတယ်။ ထိုဟောပြောဆွေးနွေးပွဲမှ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကြောင့် ရေညစ်ညမ်းမှုပြသနာအား ဖြေရှင်းမည့် မဟာဗျူဟာနှင့် မြန်မာနိုင်ငံအမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်း အစီအစဉ် (၂၀၁၈-၂၀၃၀) ပါ ပန်းတိုင်များအကြောင်းကို လေ့လာသိရှိခွင့်ရခဲ့ပါတယ်။ ထို့အပြင် ရန်ကုန်မြို့တော်အတွင်း ပလတ်စတစ်အမှိုက်ပြသနာနှင့် ပတ်သက်၍ အားသာချက် အားနည်းချက်၊ အခွင့်အလမ်း၊ ချိန်းခြောက်နေမှုများကို ဆန်းစစ်လေ့လာခြင်း၊ မြန်မာနိုင်ငံ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာလုပ်ငန်းစဉ်များအကြောင်းကိုလည်း လေ့လာသိရှိခဲ့ရပါတယ်။
#EHSMyanmar #FREDA
868
Ewaste နှင့် Data Center တွေကြောင့် (၂နှစ်)အတွင်း မြေအောက်ရေကုန်လုနီးပါး ဖြစ်သွားတဲ့ Arizona ပြည်နယ်
--------------------------------------------------------
သံယံဇာတ ရှားပါးမှု အန္တရာယ်က ဖွံ့ဖြိုး တိုးတက်နေတဲ့ ကမ္ဘာကြီးကို ခြိမ်းခြောက်လျက် ရှိပါတယ် ၊ ပြဿနာ အများစု စက်ရုံ ၊ အလုပ်ရုံတွေနဲ့ မြေပေါ် ၊ မြေအောက် သယံဇာတ တူးဖော်မှုက နွယ်လေ့ရှိပေမယ့် IT ပိုင်းက ခြိမ်းခြောက်တာ အထူးဆန်းတော့ မဟုတ်ပါဘူး။
လေ့လာချက်အရ e-waste လို့ ခေါ်တဲ့ စွန့်ပစ် Electronic အသုံးဆောင်ပစ္စည်း တွေဟာ တစ်နှစ်ကို တန်သန်းပေါင်း 50 ခန့် ကမ္ဘာတဝှမ်း ထွက်လေ့ရှိပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှုကို အန္တရာယ် ပြုနေပါတယ်။
ဒါကြောင့် ထိပ်တန်း နည်းပညာ ကုမ္ပဏီကြီးတွေ ပြန်သုံးနိုင်တဲ့ ပလတ်စတစ် သို့ အလူမီနမ် သတ္ထုစပ်နဲ့သာ ထုတ်ဖို့ EU ညွန်ကြားထားပြီး Packaging လို့ခေါ်တဲ့ ထုတ်ပိုးမှုကအစ ပြန်သုံးနိုင်တဲ့ စက္ကူကိုသာ ခွင့်ပြုထားပါတယ်။
E-waste ထွက်တာကို Consumer Electronics ကနေ လျှော့ချဖို့ အားသွင်းကြိုး Type-C တစ်ခုထဲသာ ကုမ္ပဏီ အသီးသီးက သုံးစွဲရမှာ ဖြစ်ကြောင်း EU အတည်ပြုထားပြီမို့ ကမ္ဘာကြီးကို ကာကွယ်ဖို့ ပြင်ဆင်နေပုံကို ဗဟုသုတ အဖြစ် ဦးစွာ ဖော်ပြလိုက်ပါတယ်။
လျှပ်စစ် ပစ္စည်းမှန်သမျှ အပူထွက် ပါတယ် ၊ Voltage နည်းနည်းလေး သုံးလို့ ပါဝါစား နည်းတယ် သို့ Efficient ဖြစ်တယ်လို့ သီအိုရီ ရှုဒေါင့်က ပြောရင် မှန်ပေမယ့် သုံးစွဲမှု အရေတွက် များလာခဲ့ရင် မဟုတ်တော့ပါဘူး။
အထူးသဖြင့် Supercomputer နဲ့ ထိန်းချုပ်ထားတဲ့ Data Center မှာ Processor ပေါင်း ရာနဲ့ချီ ပါဝင်လေ့ရှိပြီး ကမ္ဘာ့ စွမ်းဆောင်ရေ အကောင်းဆုံး Supercomputer မျိုးဆို Core အရေတွက် Billion နဲ့ချီ ရှိပါတယ်။
ဆိုကြပါစို့ စွမ်းဆောင်ရည် အကောင်းဆုံး ကွန်ပျူတာ သို့ စမတ်ဖုန်းမှာ စွမ်းအင် ချွေတာ ပေးနိုင်တဲ့ နည်းပညာ ပါခဲ့ရင်တောင် သူ့ Performance အပြည့်သုံးတဲ့အခါ အပူ ထွက်ကိုထွက်ပါတယ် ၊ အဲ့ဒီတွက် Vapour Chamber တို့ Liquid Metal လို အပူ လျှော့ချပေးနိုင်မယ့် နည်းလမ်းနဲ့ ထိန်းကျောင်းပေမယ့် Processor တစ်လုံးထဲတောင် မနည်း Handle လုပ်ရတဲ့ အနေထားပါ။
တကယ်လို့သာ Processor အများကြီး သုံးထားတဲ့ Data Center မျိုးဆိုရင် Data တွေကို Millisecond (ms) အပိုင်းခြား တစ်ခုနဲ့သာ တွက်ချက်ရတာမို့ Processing Power မတရား လိုပါတယ် ၊ အဲ့တွက် ပါဝါလည်း မတရား ကြွေးရတယ်ဆိုရင် ထွက်မယ့် အပူကို ကောင်းကောင်း Control လုပ်ဖို့ လိုပါတယ်။
ဒါကို နည်းပညာ ကုမ္ပဏီဖက်ကရော ၎င်းတို့ Data Center ကို လက်ခံ တည်ဆောက်ခွင့်ပေးမယ့်သူကရော စာချုပ် ၊ စာတမ်းအရ သိထားပြီး ဖြစ်ပါတယ်။
Tech Insider အဆိုရ Phoenix မြို့ အရှေ့ဖက် Mesa မှာ ဆောက်ထားတဲ့ ဧရာမ Google Data Center ကြီး အေးမြဖို့ တရက်ကို ရေဂါလံ 1 သန်း လိုတယ်လို့ သဘောတူ စာချုပ်ထဲ ပါဝင်တယ်လို့ ဖော်ပြထားပါတယ် (Phoenix ကို Metro Area လို့ ခေါ်သေးပြီး Arizona ပြည်နယ်ရဲ့ မြို့တော်လည်း ဖြစ်ပါတယ်)
ဒီပမာဏဟာ Arizona မြို့သူ ၊ မြို့သားတွေရဲ့ တရက်ကို 146 ရေဂါလံ သုံးစွဲမှုထက် အဆများစွာ ကွာပါတယ် ၊ Data Center Ground ဖြစ်လာတဲ့ Metro ဒေသ “Mesa” မှာ 2021 တုန်းက Microsoft တစ်ခု တည်ခဲ့သလို Meta လည်း Arizona မြေဆင်းသက်ခဲ့ပါပြီ (လက်ရှိချိန်ထိ Data Center တည်ဆောက်ဆဲလို့ ဖော်ပြထားပါတယ်)
ဒီ Tech Giant ကုမ္ပဏီတွေ Arizona မြေအောက်ရေ ဘယ်လောက် သုံးခဲ့လဲ ပမာဏကို 2021 Record အရ ဖော်ပြရရင် ရေဂါလံပေါင်း 4.34 Billion Google သုံးခဲ့သလို ထုထည် 5 Million Cubic Meter နဲ့ ညီမျှတဲ့ ရေထုကို Meta စုပ်ယူခဲ့ကြောင်း သိရပါတယ်။
Google အဆိုရ အမေရိကန် ပြည်ထောင်စု အနောက်တောင်ဖက်မှာရှိတဲ့ ဂေါက်ကွင်း 29 စာရှိ ရေထုကို သုံးခဲ့တာနဲ့ ညီတယ် ပြောထားသလို Meta ပမာဏက ရေဂါလံပေါင်း 1.33 Billion နဲ့သွားတူတယ်လို့ ကျွမ်းကျင်သူ အဆိုရ သိရပါတယ်။
အခုဆိုရင် မြေအောက်ရေ ရှားပါးမှုနဲ့ ကြုံနေရတဲ့ Arizona ပြည်နယ်မှာ Data Center တည်ဆောက်မှုကို ကန့်သတ်လိုက်ပြီး ဂုတ်သွေးစုပ်သလို ရေမသုံးဖို့ အဖက်ဖက်က ပြင်ဆင် နေရပါပြီ။
ဘာလို့ ဒေတာစင်တာတွေကို အေးချမ်းတဲ့ အန္တာတိကလို ရေခဲပြင်မှာ သွားမဆောက်သလဲ မေးခွန်းမျိုး မေးသင့်ပေမယ့် သုံးစွဲသူတွေနဲ့ အနီးကပ်ဆုံး ထားဖို့ အရေးကြီးတာမို့ မြို့ကြီး ၊ ပြကြီးနဲ့ မနီးမဝေးမှာ ဆောက်တာပါလို့ Google ဆိုပါတယ်။
လူတွေနဲ့ နီးတော့ အလုပ်ပိုဖြစ် ၊ ပိုက်ဆံ ပိုရတာမို့ လူဦးရေ 5 သန်း နေထိုင်လျက်ရှိတဲ့ Phoenix မြို့ဟာ မြေအောက်ရေ ရှားပါးမှုနဲ့ ရင်ဆိုင် နေရပါပြီ။
နည်းပညာ ကုမ္ပဏီ အနေနဲ့လည်း Arizona ပြည်နယ်ကို ကန္တာရ ပြောင်းပစ်ဖို့ထက် ပိုက်ဆံ အကုန်ခံ ရေကို ချွေတာဖို့ ပါဝင်နေကြပြီး Microsoft အနေနဲ့ Air Cooling ကို 2021 ကတည်းက သုံးနေခဲ့တယ် ဆိုထားပါတယ်။
ပူအိုက်လှတဲ့ Arizona ပြည်နယ်ရဲ့ နေ့အပူချိန်ဟာ 113°F ထိ ရှိတာမို့ ပြဿနာ မီးခွက်ထွန်းရှာလို့ပဲ ပြောရမလား ဘာလို့ ပူပြင်းတဲ့ ဒေတာမှာ ဒေတာစင်တာ သွားဆောက်လဲ မေးခွန်းက ဒွိဟ ဖြစ်စေတယ်လို့ ပြောရင် မမှားဘူး ထင်ပါတယ်။
Duwun Tech မှကူးယူဖော်ပြပါသည်။
868
🌟🎓 EHS Myanmar is thrilled to celebrate World Youth Skills Day! On this special day, we recognize the immense potential and talent of our youth. Let's empower the next generation with essential skills and knowledge to thrive in a sustainable world. Together, we can shape a brighter future by providing opportunities for skill development, fostering innovation, and promoting sustainable practices. Join us in inspiring and supporting our youth as they become the leaders of tomorrow. 🌍🙌
#EHSMyanmar #YouthSkillsDay #EmpoweringYouth
868
Biodiversity Conservation and Management Online Recorded Course Batch-1
--------------------------------------------
📣ဇူလိုင် (၁၇)ရက်နေ့မှ စတင်ပြီး အားလုံးစောင့်မျှော်နေကြတဲ့ Biodiversity Conservation and Management Online Recorded Course Batch-1 အတွက် Registration စတင်ပြုလုပ်လို့ရပြီပဲဖြစ်ပါတယ်။
📌EHS Myanmarသည် မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး ရပ်ရွာလူထုများ၏ပတ်ဝန်းကျင်အသိအမြင်ကိုမြှင့်တင်ရန် ရည်ရွယ်တည်ထောင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုများနဲ့ ၎င်းတို့ကို လျှော့ချခြင်းနဲ့ သက်ဆိုင်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာမြှင့်တင်ခြင်း၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်အကဲဖြတ်ခြင်းနဲ့ Environmental Engineering နှင့် Environmental Sciences ကဲ့သို့သောနယ်ပယ်များမှာ တန်ဖိုးရှိသော အသိပညာများကိုမျှဝေပေးလျက်ရှိတဲ့ ထိပ်တန်း အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
🎯ဘာတွေသင်မှာလဲ?
- Concept of Biodiversity and Ecosystem
- Context for Biodiversity Conservation
- Monitoring of Biodiversity and Ecosystem
- Biodiversity and its conservation Methods
- Management of Biodiversity and Ecosystems,
- Etc.
🍀ဘယ်သူသင်မှာလဲ?
ဇီဝမျိုးကွဲတွေအကြောင်းကို အနှစ်နှစ်အလလလေ့လာထားပြီး ယခုလက်ရှိလည်း လေ့လာနေဆဲဖြစ်တဲ့ ပညာရပ်တွေကို Biodiversity And Nature Conservation Association (BANCA) မှ ဒေါက်တာသီရိဒေဝီအောင် မှ course material (Lecture video, Lecture slides, ebooks, quiz,etc) ဖြင့်သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။
🌟ဘယ်သူတွေတက်သင့်လဲ?
- ဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသားများ၊
- လုပ်ငန်းခွင်ဝင်ရောက်နေသော လူငယ်များနှင့်
- Biodiversity conservation and management ကို အခုမှစလေ့လာမယ့်သူများ တက်သင့်ပါတယ်။
💻ဘယ်အချိန်တွေသင်မှာလဲ?
Pre-Recorded အတန်းဖြစ်တာကြောင့် သင်ခန်းစာတွေကို မိမိအားလပ်တဲ့ အချိန် မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။ Assessment ပြည့်မှီအောင်မြင်သူတွေကို Certificate ပေးအပ်သွားမှာလဲဖြစ်ပါတယ်။ Learning platform အနေနဲ့ကတော့ Google Classroom ကို အသုံးပြုပြီးလေ့လာရမှာဖြစ်ပါတယ်။
🛡သင်တန်းကြေးကကော? Online ကနေပေးလို့ရရဲ့လား?
သင်တန်းကြေးက ၃၂၀၀၀/- ကျပ်သာဖြစ်ပြီး မိမိအဆင်ပြေတဲ့ online payment တွေနဲ့ပေးချေလို့ရပါတယ်။ EHS Myanmar Alunmi တွေဆိုရင်တော့ 10% discount ရရှိမှာဖြစ်ပါတယ်။
❄️သင်တန်းသားဦးရေ ကန့်သတ်ထားတဲ့အပြင် Pre-recorded အတန်းဖြစ်သော်လည်း သင်ကြားပေးမယ့် ဆရာမနှင့် Lecturer-Students Discussion Zoom Session လဲထည့်သွင်းထားပါသေးတယ်။
🐘သင်တန်းလျှောက်လွှာကို အောက်ဖော်ပြပါ Link မှတစ်ဆင့် ဖြည့်ပြီးလျှောက်ထားနိုင်ပါပြီ။ သင်တန်းကြေးပေးသွင်းထားသူစာရင်းနှင့်သာ သင်တန်းသားအရေအတွက်ကိုစဥ်းစားမည်ဖြစ်သောကြောင့် မကျန်ခဲ့အောင် registration ပြီးလျှင် သင်တန်းကြေးမြန်မြန်ပေးသွင်း ဖို့တော့လိုပါမယ်နော်။
📌Registration Form - https://docs.google.com/forms/d/e/1FAIpQLSc92FGxmpOafhoQCvs97_p-mE7kkfHDWb2QxODzdR0GkhYWeg/viewform?usp=sf_link
🍀Biodiversity Conservation and Management Online Recorded Course ရဲ့လျှောက်လွှာတွေကိုတော့ ဇူလိုင်လ (၂၇) ရက်နေ့အထိ လက်ခံပေးသွားမှာ ဖြစ်ပါတယ်။
☎️အသေးစိတ်သိချင်တာတွေရှိလျှင် EHS Myanmar Facebook Page သို့အချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းဆက်ချင်တယ်ဆိုလျှင်တော့ ရုံးချိန်အတွင်း (+95) 09770501186 ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
------------------------------------------------------
EHS Myanmar Telegram Channel - https://t.me/ehsmyanmar
#EHSMyanmar #OnlineLearning #BiodiversityConservation #EducationForAll #PersonalGrowth
868
🦈🌊 Dive into the depths with EHS Myanmar as we celebrate Shark Awareness Day on July 14th! Let's shed light on the beauty and significance of these magnificent creatures, debunk myths, and promote their conservation. Sharks play a crucial role in maintaining the balance of our marine ecosystems, and it's our responsibility to protect them. Join us in raising awareness and advocating for the preservation of these fascinating predators. Together, we can ensure a thriving ocean for generations to come. 🌊🦈
#EHSMyanmar #SharkAwarenessDay #protectoursharks
868
အားလုံးပဲ မင်္ဂလာပါ။ 🙏
📌မကြာခင်မှာဖွင့်လှစ်တော့မယ့် ညီမတို့ရဲ့ Biodiversity Conservation and Management Online Pre-recorded Course မှာသင်ကြားပေးမယ့် ဆရာမ နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
🌿 Online Pre-recorded course မှာ သင်ကြားပေးမယ့် ဆရာမနာမည်ကတော့ ဒေါက်တာ သီရိဒေဝီအောင် ဖြစ်ပါတယ်။ ဆရာမက ယခုလက်ရှိမှာတော့ Biodiversity And Nature Conservation Association (BANCA) မှာ စီမံခန့်ခွဲရေးဒါရိုက်တာ အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် ဆရာမသည် Myanmar Environmental Rehabilitation-conservation Network (MERN) ရဲ့ Chief Executive Committee member လည်းဖြစ်ပါတယ်။ ဆရာမဟာဆိုရင် Ph.D (Zoology), M.Res.(Zoology), MSc.(Zoology) စတဲ့ ဘွဲ့များစွာကိုလည်း ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပြင့် ဆရာမဟာ ပတ်ဝန်းကျင်ဆိုင်ရာ Certificate များစွာကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒဂုန်တက္ကသိုလ်၊ ပခုက္ကူတက္ကသိုလ်တွေမှာဆိုရင်တော့ ဆရာမက Bird Watching နဲ့ ပတ်သတ်တဲ့ training တွေကိုပေးလေ့ရှိပါတယ်။ အရင်က ရန်ကုန်နဲ့ မန္တလေးတက္ကသိုလ်တွေမှာလဲ ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဇီမျိုးစုံမျိုးကွဲ နဲ့ ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းတွေမှာဆိုရင် ဆရာမက (၂၀၀၈) ခုနှစ်မှစတင် ဝင်ရောက်လုပ်ကိုင်ခဲ့ရာ ယခုဆိုလျှင် လုပ်သက် (၁၅)နှစ် ပင်ရှိနေပြီဖြစ်ပါတယ်။
🎯 ဆရာမရဲ့ ပညာအရည်အချင်းနဲ့ များပြားလှသောအတွေ့အကြုံကောင်းတွေ နဲ့ပေါင်းစပ်ပြီးသင်ကြားပေးသွားမှာဖြစ်လို့ Biodiversity Conservation and Management Online Pre-recorded course Batch 1 ကိုမကြာခင်မှာ သက်သာသော သင်တန်းကြေးဖြင့် ဖွင့်လှစ်သွားတော့မှာဖြစ်တဲ့အတွက် EHS Myanamar Facebook Page နဲ့ Telegram တို့ကို Follow လုပ်ထားဖို့ မမေ့ပါနဲ့နော်။
EHS Myanmar Telegram Channel - https://t.me/ehsmyanmar
#EHSMyanmar #biodiversityconservation #biodiversitymanagement #online #recordedcourse
868
World Population Day, July 11
Every person has the power to shape our world's future. On this World Population Day, let's embrace the responsibility of sustainable development, ensuring a prosperous and harmonious world for all. Together, we can create a brighter tomorrow for generations to come. 🌍🌱
#EHSMyanmar #WorldPopulationDay #SustainableFuture #PowerofChange
868
မင်္ဂလာပါရှင့်။ 🙏
🍀ကျွန်မတို့ EHS Myanmar သည် မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက် အထူးသဖြင့် လူငယ်မျိုးဆက်သစ်များအတွက် ဦးတည်ပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရပ်များမျှဝေခြင်း၊ အလုပ်သင်အတွေ့အကြုံများခေါ်ယူသင်ပေးခြင်း နှင့် သုတေသနလုပ်ငန်းများလုပ်ဆောင်ခြင်း စသည့် program ကောင်းများစွာတို့ကို စဉ်ဆက်မပြတ်လုပ်ဆောင်ပေးလျက်ရှိပါတယ်။ ယခုပြောပြပေးမယ့် "EHS Myanmar Scholarship" ဆိုတာလဲ ဒီ Program တွေထဲကတစ်ခုပါပဲ။
📣EHS Myanmar Full Scholarship ဆိုတာကတော့ EHS Myanmar မှ cost-effective ဖြစ်အောင် ဖွင့်လှစ်သင်ကြားပေးနေသည့် အွန်လိုင်းသင်တန်းတွေကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်းပညာရပ်တွေမှာ စိတ်အားထက်သန်ပြီးသင်ယူလိုစိတ်ရှိတဲ့သူ၊ ကိုယ့်ပတ်ဝန်းကျင်ကိုပြန်လည်အကျိုးပြုလိုစိတ်ရှိတဲ့ တိုင်းရင်းသားလူငယ်တွေအတွက် သင်တန်းကြေး ရာနှုန်းပြည့်အခမဲ့ပညာသင်ဆုများ ပေးအပ်သွားမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ SDG Goal 4 အရ အရည်အသွေးပြည့်မှီသောပညာရပ်များကိုလူတိုင်းလက်လှမ်းမှီနိုင်အောင်လုပ်ဆောင်ပေးချင်တဲ့ စေတနာရည်ရွယ်ချက်တွေနဲ့ စီစဉ်ပေးထားခြင်းဖြစ်ပါတယ်ရှင့်။ ဒီ Scholarship Program မှာ လျှောက်ထားတဲ့ ကျောင်းသားကျောင်းသူတွေကတော့ ပညာရပ်ပိုင်းဆိုင်ရာကိုအမှန်တကယ်တက်မြောက်လိုစိတ်ရှိပြီး သင်တန်းတွေကိုအစအဆုံးတက်ရောက်နိုင်မယ့်သူတွေဖြစ်ဖို့တော့လိုပါတယ်နော်။ ရာနှုန်းပြည့်ပညာသင်ဆုသဘာတရား ဖြစ်တဲ့အတွက် အခြားသင်တန်းသူသင်တန်းသားတွေထက်တော့ သင်တန်းအောင်မှတ်ကိုမြှင့်ထားမှာဖြစ်ပြီး အမြဲမပြတ်ကြိုးစားဖို့တော့လိုပါလိမ့်မယ်။
📣EHS Myanmar Scholarship ကို မြန်မာနိုင်ငံအနှံ့မှ အသက် ၂၅ နှစ်အောက်ကျောင်းသားကျောင်းသူတွေ လျှောက်ထားနိုင်မှာဖြစ်ပြီး Scholarship ရရှိပြီးပြီးမြောက်သွားသူတွေကိုလဲ အလုပ်အတွေ့အကြုံများရရှိနိုင်ရန် ကျွန်မတို့ EHS Myanmar မှာအလုပ်သင် (intern) အနေဖြင့်လဲခေါ်ယူသွားမယ့်အခွင့်အရေးလဲရရှိမှာဖြစ်ပါတယ်။
🌟"EHS Myanmar Scholarship" Program ကို Environmental Management and Planning Online Course Program (Batch-2) မှာ စတင်ခဲ့ပြီးဖြစ်ပါတယ်။ Full Scholarship လျှောက်ဖို့စိတ်ဝင်စားတဲ့ ညီ ညီမတို့ တွေ နောင်ဖွင့်မည့် EHS Myanmar သင်တန်းတွေမှာ မဖြစ်မနေ ဝင်ရောက်လျှောက်ထားဖို့တော့လိုပါမယ်နော်...အားလုံးပဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရပ်များကိုအခက်အခဲကန့်သတ်ချက်မရှိပဲ လေ့လာနိုင်ကြပါစေရန် ရည်ရွယ်ရင်း ကျွန်မတို့ "EHS Myanmar Scholarship" Program လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်နော်။
#EHSMyanamr #FullScholarship #100%free #EnvironmentalEducation #SDGs
