BAM Channel
Открыть в Telegram
4 696
Подписчики
-824 часа
-567 дней
-26730 дней
Архив постов
4 702
+2
Tun Min Naing, Majority Decision နဲ့ နိုင်သွားပါတယ်။ တတိယချီမှာ Martinez ကို Knockdown ကျအောင်ထိုးလို့နိုင်တာ။ မဟုတ်ရင် အမှတ်နဲ့ရှုံးလောက်တယ်။
4 702
+2
Malykhin ကြီးတစ်ယောက် Reug Reug ကြီးကို စတုတ္ထချီမှာအလဲထိုးပြီး ONE Heavyweight ခါးပါတ်ကြီး ပြန်ရသွားပါပြီ။
လက်ရှိ ဝိတ်တန်း သုံးခုရဲ့ ချန်ပီယံပြန်ဖြစ်သွားပါပြီ။ မေးစရာက ကျန်တဲ့ခါးပါတ်ကို မကာကွယ်တာနှစ်နဲ့ချီပါပြီ။ ONE က ဘယ်လိုဆက်ကိုင်မလဲ စောင့်ကြည့်ရမယ်။
တစ်ချိန်တည်းမှာပဲ ကြေးစားကစားသမားဘဝကနေ အနားယူသွားပါပြီ။ သူရုတ်တရက်ကြီးအနားယူသွားတာ စာချုပ်များ နည်းနည်းပါးပါး ပါမလား တွေးမိတယ်။
4 702
+1
ဒီညပွဲတွေအားလုံး ဒီမှာပြပေးပါမယ်နော်။
ရိုးရိုးပွဲကတော့ မြန်မာ ၂ ယောက်ပွဲပဲ ပြပေးမှာပါနော်။
4 702
ဒီည Inner Circle ပွဲတွေ ပြပေးမှာပါ။ ပွဲကြီးတွေကတော့ Superlek vs. Dayakaev; Reug Reug vs. Malykhiin 2 ပါ။
4 702
Superlek vs. Dayakaev ကိုကြေးအရ သုံးသပ်ရရင်...
ကြေးက တော်တော်ညီနေပါတယ်၊ ထိုင်းနဲ့ရရှားပွဲမှာ ကြေးညီနေတာဆိုတော့ ရရှားကို ပိုကြိုက်ကြတယ်လို့ ယေဘုယျယူဆလို့ရပါတယ်။
ပုံမှန်ဆိုရင် Superlek လို နာမည်ရှိပြီးသားသူကို အပေါ်ကြေးပဲပေးကြမှာပါ၊ အခုတော့ သူကလည်း ၂ ပွဲဆက်အရှုံးကနေပြန်လာတဲ့ဖြစ်လို့ပဲ အပေါ်ကြေးမပေါက်တာထင်ပါတယ်။
ဒီပွဲက အမှတ်ပေးသွားမယ်မထင်ဘူး၊ အလဲထိုးနဲ့ပဲ ပြီးမယ်ထင်တယ်။ Dayakaev ကလည်းအလဲထိုးဖို့ပဲ လာမယ်ထင်တယ်။ Superlek ကတော့ သူခပ်ကြမ်းကြမ်းဝင်လာရင် တံတောင်နဲ့စားဖို့စောင့်နေမှာပါ။ မွေထိုင်းဖြစ်တဲ့အတွက် Superlek ကိုတော့ ပိုသဘောကျတယ်။ သူကိုယ်တိုင်ကလည်း အရင် Superlek ကို ပြန်မြင်ရမယ်လို့ ပြောပါတယ်။
နက်ဖြန်ည အဖြေသိရတော့မှာပါ။
4 702
Rodrigues vs. Phetjeeja (115 Muay Thai ခါးပါတ်လုပွဲ) ကို June 19 ရက်မှာ ပြန်တည်လိုက်ပါပြီ။ Inner Circle မှာပါ။
ဒါက Vero Nika အတွက် အရေးကြီးတဲ့ပွဲပါ။ Vero သာ Kana ကို ဒီလ ၂၂ ရက်မှာ အနိုင်ရဖို့လိုပါလိမ့်မယ် (Kickboxing ဆိုတော့ သိပ်စိတ်ချလို့တော့မရဘူး)။
သူသာ Kana ကို နိုင်မယ်ဆိုရင် ဒီနှစ်ယောက်ထဲက နိုင်တဲ့သူနဲ့ ခါးပါတ်လုရဖို့ အတော်ကိုအခွင့်အရေးများသွားမှာပါ။
ဒီနှစ်ယောက်မှာ AndNew ဖြစ်ဖို့များမယ်ထင်တယ် 😂😅
4 702
စနေနေ့မနက်ပိုင်းထိုးမယ့် ONE Fight Night 43 မှာထိုးမယ့် Aslamjon Ortikov vs. Jordan Estupinan... နှစ်ယောက်လုံး ဝိတ် နှင့် ရေဓာတ်အောင်ပါတယ်။
4 702
Superlek ရဲ့ပြိုင်ဘက် Dayakaev က ဝိတ်မအောင်ပါဘူး... Superlek ကတော့ အစောကြီးကတည်းက ဝိတ် နှင့် ရေဓာတ် ၂ ခုလုံးအောင်ခဲ့ပါတယ်။ သတ်မှတ်ဝိတ်တန်း (၁၄၅ ပေါင်) ထက်တောင် ၂ ပေါင်နီးပါး လျော့ပါတယ်။
ပြိုင်ဘက် Dayakaev က အကြာကြီးနေမှ ချိန်တာပါ။ သတ်မှတ်ဝိတ်တန်းထက် က ၃.၂ ပေါင်ကျော်ပါတယ်။ ဝိတ်ချိန်ကာလ သတ်မှတ်ချိန် နာရီပိုင်းကျန်သေးပေမယ့် ထပ်မချိန်တော့ဘူးလို့ သိရပါတယ်။
သတ်မှတ်ဝိတ်ထက် အများကြီး (၃ ပေါင်ကျော်တောင်) ကျော်တာက လုံးဝ Professional မဆန်ပါဘူး (ရေဓာတ်ကတော့ အောင်ပါတယ်)။ ဒါက သူ့အနေနဲ့ ဝိတ်အသာရအောင် သက်သက်လုပ်တာလား၊ အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့် မရနိုင်တာမျိုးလား... စဉ်းစားစရာပဲ။
Pro မဆန်တဲ့အပြင် ဒါက ပြိုင်ဘက်ကို မလေးစားရာလည်းရောက်ပါတယ်။ ပြီးတော့ ဝိတ်ချိန်ဖို့သတ်မှတ်ထားတဲ့အချိန်က နာရီပိုင်းလိုပါသေးတယ်၊ အဲဒီချိန်အတွင်းမှာလည်း ထပ်လျှော့ဖို့ မကြိုးစားချင်တာကတော့ ပြိုင်ဘက် စူပါလက်အတွက်တော့ တော်တော်လေးကို စိတ်ပျက်စရာပါ။
မြူမှုန်လောက်အလေးတောင် အရေးကြီးလွန်းလို့ ခန္ဓာကိုယ်ကိုနှိပ်စက် အငတ်ပြတ်ခံပြီး သတ်မှတ်ဝိတ်ရအောင် ကြိုးစားတဲ့ တိုက်ခိုက်ရေးပွဲမျိုးမှာ ၃.၂ ပေါင်ဆိုတာ အများကြီးပါ။ တကယ်ကိုဆိုးရွားလွန်းပါတယ်။
4 702
Superlek ကတော့ ဝိတ်နှင့် ရေဓာတ်အောင်ပြီ၊ Dayakaev က မရသေးတာလားမသိဘူး၊ အခုထိ မချိန်သေးဘူး။
4 702
Reug Reug vs. Malykhin နှစ်ယောက်လုံးက ဝိတ်နဲ့ ဆီးဓာတ်အောင်ကြပါတယ်။
နက်ဖြန်ည Inner Circle ခေါင်ပွဲလာပါပြီနော်။ ONE Heavyweight MMA Championship အတွက်၊ Reug Reug ရဲ့ ခါးပါတ်ကို လုကြမှာပါ။
Malykhin ကတော့ ဝိတ်တန်း ၃ ခုလုံးရဲ့၊ ခါးပါတ် ၃ ခု အားလုံးကို တစ်ချိန်တည်း ပိုင်ဆိုင်ခဲ့ဖူးတဲ့သူပါ။ အခုတော့ ၂ ခု (ONE Middleweight (205), ONE Light Heavyweight (225) တို့ကျန်သေးပါတယ်။
နက်ဖြန်ည Heavyweight ခါးပါတ် ပြန်သိမ်းနိုင်ရင်တော့ သုံးခုလုံးရဲ့ ချန်ပီယံပြန်ဖြစ်လာမှာပါ။ ဒါပေမယ့် Reug 2 ကြီးကလည်း လွယ်ကူတဲ့ပြိုင်ဘက်တော့မဟုတ်ဘူး။
4 702
Superlek: ဒီကောင်က အပြင်မှာသာ အာကျယ်နေတာ၊ သူ့စိတ်ထဲမှာ ကျတော့်ကိုထိုးဖို့ ကြောက်ရင်ကြောက်နေမှာ။ သူက ပါဝါကောင်းတော့ လက်သီးရမ်းသမ်းထိုးတတ်တယ်၊ အဲဒီချိန်မှာ ကျတော်သူ့ကိုအလဲထိုးလို့ရပါတယ်။
Dayakaev: Superlek ရဲ့ (၂ ပွဲဆက်အရှုံးကနေ) ပြန်လာပြီး ချက်ချင်း ကျတော့်ကိုထိုးဖို့လုပ်တာ အမှားပါ။ ကျတော်က အမြဲတမ်းအလဲထိုးဖို့ပဲ ရှာတာ။ bonus ($50,000 လည်းများများလိုချင်တယ်လေ)။
4 702
Van နဲ့ မကျေပွဲမှာ အကျမှန်အောင် လေ့ကျင့်နေပါတယ် တဲ့ 🤣🤣 တကယ် ဟာသလုပ်တတ်တယ်ဗျာ်။ 😂😂
ဒီပွဲကတော့ ပထမပွဲထက်ပိုကြီးကျယ်မှာ သေချာပါတယ်၊ ခေါင်ပွဲတောင်ဖြစ်လာနိုင်ပါတယ်။
4 702
ONE ရဲ့ MMA က တကယ်ပဲ ဆိုးရွားလာနေပါတယ်... တစ်ခြား အဝေးကြီးမကြည့်နဲ့ ဒီပတ်သောကြထိုးမယ့် Reug Reug vs. Anatoly Malykhin 2 ကိုပဲ ကြည့်ပါ။
Heavyweight Title Fight (ခါးပါတ်လုပွဲ) ကြီးက သတင်းစာရှင်းလင်းပွဲလည်းမပါ၊ Face Off လည်းမပါ၊ ဘာ Interview မှ မရှိဘဲ ကျင်းပနေတာပါ။ *ပထမပွဲတုန်းက video တွေပဲသုံးနေတာတွေ့ရပါတယ်*
ဒီပွဲက ONE ရဲ့ အကြီးမားဆုံး MMA ပွဲပါ။ ဒီထက်ကြီးမားတဲ့ MMA ပွဲ ဝမ်းမှာမရှိပါဘူး။ ဒါက လူမသိသူမသိနီးပါး ကျင်းပနေတာပါ။ အကြောင်းရင်းကတော့ ရှင်းပါတယ် - အဲဒါတွေလုပ်ရင် ငွေကုန်ပါတယ်။
Promotion ကောင်းကောင်းလုပ်ပေးမှ Inner Circle ပွဲတွေကို လူတွေက သိမှာ စိတ်ဝင်စားမှာပါ၊ ဒါပေမယ့် အခုတော့ ဘာ Promotion မှာ မရှိဘဲ *စကားလုံး မချွေတာဘဲ ပြောရရင်* ဖြစ်သလိုကျင်းပပေးနေတာပါ။
................................................
လွန်ခဲ့တဲ့ရက်ကပဲ 145 တန်း ချန်ပီယံဟောင်း (Vero Nika ရဲ့ လေ့ကျင့်ဖော်) Fabricio Andrade က ONE နဲ့ ငြိလာခဲ့ပြန်ပါတယ်။ အကြောင်းရင်းကတော့ ONE က သူ့ကို ချန်ပီယံမဖြစ်ခင်ကပေးခဲ့တဲ့ ထိုးကြေးမျိုးပဲ ဆက်ပေးနေလို့ပါ။
ONE ရဲ့ MMA အနာဂတ်ကတော့ အတော်လေးကို မသေမချာဖြစ်လာနေပါတယ်။
4 702
Boxing မှာ တကယ်ကို Skill ကောင်းလွန်းလို့ Hi-tech, Matrix လို့ နာမည်ဗြောင်တွေရှိခဲ့တဲ့ Ukraine သား Lomachenko အနားယူရာကနေ ပြန်လာမယ်လို့ အတည်ပြုလိုက်ပါတယ်။
သိရသလောက်ကတော့ သူ့ရဲ့အရင်စာချုပ်က မနေ့ကမှ ကုန်တယ်လို့သိရပါတယ်။ ဆိုတော့ အနားယူသွားတာက စာချုပ်ကုန်ဖို့စောင့်နေတဲ့သဘောပါ။
အသက် ၃၈ နှစ်ရှိပါပြီ၊ လက်သီးအရမ်းမြန်ပြီး၊ လက်သီးလွှတ်နှုန်းလည်း များတဲ့သူပါ။ သူနောက်ဆုံးထိုးခဲ့တာက 135 lbs. (Boxing မှာတော့ Lightweight ပါ) တန်းမှာပါ။
ကစားသမားတွေအတွက် ဒီလိုစာချုပ်စာတမ်းတွေက ဘယ်လောက်ထိအရေးပါတယ်၊ သူတို့ရဲ့ သက်တမ်းကိုထိန်းချုပ်တယ်ဆိုတာကို တနေ့ထက်တနေ့မြင်လာရပါတယ်
4 702
အိမ်ဖြူတော်ပွဲမှာ ပေးအပ်သွားမယ့် UFC ခါးပတ်... အမေရိကားရဲ့ ၂၅၀ နှစ်ပြည့် လွတ်လပ်ရေး အထိမ်းအမှတ်ဖြစ်တဲ့ နံပါတ် "၂၅၀" နှင့် အလံအရောင်တွေနဲ့ လုပ်ထားပါတယ်။
ပွဲတွေက အဲလောက်စိတ်ဝင်စရားစရာမများပေမယ့် သမိုင်းနဲ့သက်ဆိုင်နေတဲ့ နေ့ထူးနေ့မြတ်ဖြစ်နေတာကြောင့် အတော်လေးတော့ တန်ဖိုးရှိပါတယ်။
4 702
"Khamzat က Strickland နဲ့ မကျေပွဲထိုးဖို့ပဲ စိတ်ထဲရှိပါတယ်။ တခြား ဘာအစီအစဉ်မှ မရှိသေးပါဘူး"
"ပွဲမှာ weight cut က ပြဿနာ ဖြစ်သွားတာ၊ 1.2kg ခိဖို့ကျန်တဲ့ချိန်ဆို Khamzat က သေနေပြီ။ Khamzat ကိုယ်တိုင်ကလည်း ငါ ဒီပုံစံနဲ့ပွဲထိုးလို့ဖြစ်ပါ့မလား ဆိုပြီး အေးခဲ့သေးတယ်။ ပွဲဖျက်ဖို့တောင် ကျတော်တို့ စဉ်းစားခဲ့သေးတယ်" ဆိုပြီး Khamzat Chimaev ရဲ့ အသင်းက ပြောလာတာပါ။
4 702
Van ကို ချန်ပီယံအစစ်လို့ မသတ်မှတ်နိုင်သေးတဲ့ Pantoja
Taira ပွဲမတိုင်ခင် "ဒီပွဲက ချန်ပီယံအစစ်ကို ဆုံဖြတ်ပေးမယ့်ပွဲ" လို့ ဆိုခဲ့ပေမယ့်၊ ပွဲပြီးနောက်ပိုင်းမှာ "နောက်ပွဲက Van နဲ့ ကျတော်ခါးပါတ်လုရမှာပါ၊ ဒီပွဲက ချန်ပီယံအစစ် ဘယ်သူလဲဆိုတာကို ဆုံးဖြတ်ပေးမှာပါ" ဆိုပြီး ထပ်ပြောပြန်ပါတယ်။ 😂😂
သူ့ကို အလဲမထိုးမချင်း Credit ပေးမယ့်ပုံ မပေါ်ဘူး။ သူတို့ပွဲကို မစောင့်နိုင်ဘူးဗျာ်။
4 702
လာမယ့်ပတ်အတွင်း မလေးရှား နှင့် ထိုင်း ကို သွားချင်ပါတယ် တဲ့။
...........................................
မလေးခရီးစဉ်ကတော့ အရင်ကတည်းက စီစဉ်ထားတာပါ၊ ထိုင်းကတော့ မလေးနဲ့လည်း နီးနေတာရယ်၊ ပြီးတော့ ထိုင်းမှာ မြန်မာပရိတ်သတ်ကပိုများတာရယ်ကြောင့် လာဖို့ ဆုံးဖြတ်လိုက်တာလား မသိပါဘူး - ကျတော်ထင်တာပြောတာပါ။
