ru
Feedback
Dream Word Indian Movies (MM sub)

Dream Word Indian Movies (MM sub)

Открыть в Telegram

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Больше
Страна не указанаКатегория не указана

📈 Аналитический обзор Telegram-канала Dream Word Indian Movies (MM sub)

Канал Dream Word Indian Movies (MM sub) (@dreamworld782) является активным участником. Сейчас сообщество объединяет 24 418 подписчиков, занимая место в категории Другое.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 24 418 подписчиков.

Согласно последним данным от 20 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило -6 883, а за последние 24 часа — 6 602, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 9.31%. В первые 24 часа после публикации контент обычно набирает 7.60% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 2 246 просмотров. В течение первых суток публикация набирает 1 833 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 1.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Благодаря высокой частоте обновлений (последние данные получены 21 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Другое.

24 418
Подписчики
+6 60224 часа
+6 5197 дней
-6 88330 дней
Архив постов
T_h-e I-n-t-e-r-n_s-h_i-p (2-0 -2-6) =========================== IMDB ⭐️ 4.7/10 အရင်တုန်းက စီအိုင်အေက ဟင်နရီဘန်းဟာ Internship
T_h-e I-n-t-e-r-n_s-h_i-p (2-0 -2-6) =========================== IMDB ⭐️ 4.7/10 အရင်တုန်းက စီအိုင်အေက ဟင်နရီဘန်းဟာ Internship လို့ခေါ်တဲ့ ကလေးတွေကိုငယ်ငယ်ကတည်းက ဖမ်းပြီးလူသတ်လက်နက်ဖြစ်လာအောင် လေ့ကျင့်ပေးတဲ့ပရိုဂရမ်ကို ဖန်တီးခဲ့ပါတယ် Internship ကလေ့ကျင့်ပေးခံရတဲ့ ကလေးတွေကို အထူးသင်တန်းသားလို့ခေါ်ပြီး သူတို့တွေဟာဟင်နရီဘန်းထဖောက်ပြီး သေဆုံးသွားတဲ့နောက်မှာ  Internship ပရိုဂရမ်နဲ့အတူ သူတို့ပါပျောက်ကွယ်သွားပါတော့တယ် ဇာတ်မြှုပ်နေထိုင်နေတဲ့ ကတ်တလစ်စ်ခေါ်ရီနီဟာ အထူးသင်တန်းသားတစ်ယောက်ဖြစ်ပြီး သူ့လိုအထူးသင်တန်းသားတွေအကြောင်းရေးသားထားတဲ့ စာရင်းကိုခိုးယူခဲ့ပြီး အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ဖို့ ဆက်သွယ်ကာလူစုလိုက်ပါတော့တယ် ဒီ Internship အစီအစဉ်ကို ရုရှားတွေကလည်း လိုက်လုပ်ပေမဲ့ ထင်သလိုဖြစ်မလာဘဲ ကျရှုံးသွားတဲ့နောက်မှာ သူတို့တွေဟာလည်း ကျန်ရှိနေတဲ့သင်တန်းသားတွေကို အမေရိကန်တွေအသုံးမချနိုင်အောင် ရီနီကိုသတ်ဖို့ ကြံရွယ်လာပြီး စီအိုင်အေကလည်း သင်တန်းသားတွေကို ထိန်းမနိုင်သိမ်းမရမဖြစ်ခင် ဖမ်းဖို့ကြံလာတဲ့နောက်မှာ ရီနီဦးဆောင်တဲ့သင်တန်းသားအဖွဲ့ဟာ ဘာတွေကြံစည်ပြီး ဘာဆက်လုပ်မလဲဆိုတာကတော့..... ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/72

မင်းသား လီမင်ဟိုလ်ရဲ့အက်ရှင်ဇာတ်ကားကောင်း Gangnam Blues (2015) ** ဒီဇာတ်ကားလေးဟာ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တိ
မင်းသား လီမင်ဟိုလ်ရဲ့အက်ရှင်ဇာတ်ကားကောင်း Gangnam Blues (2015) ** ဒီဇာတ်ကားလေးဟာ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တာဖြစ်ပြီး ပရိသတ်တို့ အချစ်တော်မင်းသား Lee Min Ho, The Doctors နဲ့ Love Story in Havard မင်းသား Kim Rae Won တို့ အဓိကပါဝင်ထားတဲ့ နာမည်ကြီး အက်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ၁၉၇၀ ခုနှစ်ဝန်းကျင် ဂန်းနမ်မှာ မြို့ပြဖွံ့ဖြိုးရေးတိုးတက်ရေးစီမံကိန်းကြောင့် မြေယာဈေးကွက် ဖြစ်ပေါ်လာပြီး စီးပွားရေးသမားတွေနဲ့ လူမိုက်အဖွဲ့တွေကြားက ပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေတဲ့ ကာလကို အခြေခံထားတာဖြစ်ပါတယ် .. ဇာတ်လမ်းအကျဉ်းလေးကတော့ ** ဂင်ဂျုံဒယ် (Lee Min Ho)နဲ့ ဘဲ့ယုံဂီ (Kim Rae Won) တို့ဟာ ငယ်စဉ်ကတည်းက မိဘမဲ့ဂေဟာမှာ အတူတူ ကြီးပြင်းလာခဲ့ပြီး တစ်ယောက်ကိုတစ်ယောက် မှီခိုရင်းနဲ့ ဘဝကို ဆင်းဆင်းရဲရဲ ဖြတ်သန်းနေရတဲ့သူတွေပါ။ တစ်ရက်မှာ သူတို့နှစ်ယောက်ရဲ့ တဲစုတ်လေးကို လူမိုက်အဖွဲ့က ဖျက်ဆီးတဲ့အချိန်မှာ ပြန်ခုခံရင်းနဲ့ ဖမ်းဆီးခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ လူမိုက်အဖွဲ့က နိုင်ငံရေးပါတီတစ်ခုရဲ့ ညီလာခံကို ဖျက်ဆီးဖို့အတွက် လူလိုနေတုန်း ဂျုံဒယ်နဲ့ ယုံဂီကလည်း ပါဝင်အားဖြည့်လိုက်ကြပါတယ်။ ညီလာခံကို ရောက်တဲ့အခါ မထင်မှတ်ထားတဲ့အခြေအနေကြောင့် သူတို့နှစ်ယောက်လည်း လူစုကွဲသွားခဲ့ပါတယ်။ နှစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာ ဂျုံဒယ်ဟာ မြေအရောင်းအဝယ်ကိစ္စ လုပ်ရင်း မထင်မှတ်ဘဲ ယုံဂီကို ပြိုင်ဘက်လူမိုက်ဂိုဏ်းအဖွဲ့ဝင်အဖြစ် ပြန်တွေ့လိုက်ရပါတယ်။ ဘဝကို ဆင်းရဲစွာ နေလာရလို့ ကိုယ်ပိုင်အိမ်လေး ပိုင်ဆိုင်ချင်တဲ့ယုံဂီလိုမျိုး ဂျုံဒယ်ကတော့ ပိုက်ဆံချမ်းချမ်းသာသာနဲ့ နေချင်ခဲ့ပါတယ်။ ဒီတော့ ပြိုင်ဘက်ဂိုဏ်းတွေမှာ ရောက်နေတဲ့ သူတို့ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ဆန္ဒတွေ ပြည့်ဝဖို့အတွက် အဖွဲ့ဝင်တွေ မသိအောင် ဘယ်လိုပူးပေါင်းလုပ်ဆောင်ကြမလဲ။ နိုင်ငံရဲ့အခြေအနေ မတည်ငြိမ်တဲ့ကာလမှာ စီးပွားရေးသမားတွေရဲ့လောဘတွေ, လှည့်ကွက်တွေ, လူမိုက်ဂိုဏ်းတွေကြားက သစ္စာဖောက်မှုတွေကို စိတ်ဝင်စားဖွယ်ကောင်းအောင် ရိုက်ကူးပြသထားတာတွေကို ကြည့်ရှုလိုက်ပါဦးနော် .. ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/71 #Credit

လူသတ်မှု့မှာ မျက်မြင် သက်သေ ဖြစ်သွားရတဲ့ မျက်မမြင်ဟန်ဆောင် စန္ဒရား ဆရာ လက်ရာမြောက်လှတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား ーーーーーーーーーーーーーーー
လူသတ်မှု့မှာ မျက်မြင် သက်သေ ဖြစ်သွားရတဲ့ မျက်မမြင်ဟန်ဆောင် စန္ဒရား ဆရာ လက်ရာမြောက်လှတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား ーーーーーーーーーーーーーーーーー မျက်မမြင်စန္ဒရားပညာရှင်အဖြစ် သရုပ်ဆောင်ထားတဲ့ အာကရှ်ဟာ တစ်နေ့မှာ ဖိတ်ခေါ်ခံရတဲ့အိမ်တစ်အိမ်မှာ သွားရောက်ဖျော်ဖြေရင်း မထင်မှတ်ဘဲ လူသတ်မှုတစ်ခုကို မျက်ဝါးထင်ထင် သက်သေခံလိုက်မိပါတယ်။ ဒါပေမဲ့ သူ့ရဲ့အခက်အခဲက ရဲကို သွားမပြောနိုင်ဘူး၊ ဘာလို့လဲဆိုတော့ အဲဒီအမှုရဲ့ တရားခံက ရဲချုပ်ကိုယ်တိုင်ဖြစ်နေလို့ပါ။ အဲဒီကနေစပြီး အသက်ရှင်ဖို့အတွက် "မျက်မမြင်"ဆိုတဲ့ အသွင်ကို ဆက်ထိန်းထားရင်း လိမ်လည်မှုတွေ၊ လှည့်ကွက်တွေ၊ အသက်အန္တရာယ်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/69

Repost from N/a
Vaashi (2022)

Vaashi (2022) Ebin နဲ့ Madhu ဆိုတဲ့ ရှေ့နေနှစ်ယောက်ဟာ သူငယ်ချင်းတွေဖြစ်ပြီး အချင်းချင်းလည်း စိတ်ဝင်စားနေကြတဲ့ ချစ်သူတွေပါ။ သူ
Vaashi (2022) Ebin နဲ့ Madhu ဆိုတဲ့ ရှေ့နေနှစ်ယောက်ဟာ သူငယ်ချင်းတွေဖြစ်ပြီး အချင်းချင်းလည်း စိတ်ဝင်စားနေကြတဲ့ ချစ်သူတွေပါ။ သူတို့နှစ်ယောက်ဟာ တိုက်တိုက်ဆိုင်ဆိုင် အမှုတစ်ခုမှာ တရားလိုရှေ့နေနဲ့ တရားခံရှေ့နေအဖြစ် တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ပြိုင်ဆိုင်ရတဲ့ အခြေအနေကို ရောက်သွားတယ်။ သူတို့ ကိုင်တွယ်ရတဲ့အမှုကလည်း သိပ်မရှင်းလင်းတဲ့ သဘောတူညီမှု (Consent) နဲ့ပတ်သက်တဲ့ အမှုဖြစ်နေတော့ ပိုရှုပ်ထွေးတာပေါ့။ တရားခွင်ထဲက အနိုင်အရှုံးနဲ့ အားပြိုင်မှုတွေက သူတို့ရဲ့ ပြင်ပက အချစ်ရေးအပေါ်မှာပါ ရိုက်ခတ်မှုတွေ ရှိလာတဲ့အခါ... ပရော်ဖက်ရှင်နယ်အလုပ်နဲ့ သံယောဇဉ်ကြားမှာ ဘယ်လိုတွေ ဗျာများမလဲ၊ ဘယ်လိုညှိနှိုင်းကြမလဲ ဆိုတာကို စိတ်ဝင်စားစရာ ကြည့်ရမှာ ဖြစ်ပါတယ်။ အချစ်ကားဆန်ဆန် ရိုက်ထားပေမဲ့ တရားခွင်ခန်းတွေမှာ အပြန်အလှန် ဥပဒေပုဒ်မတွေနဲ့ ချေပတာတွေကလည်း အတော်လေး မိုက်တယ်လို့ ပြောလို့ရပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/60

Repost from N/a
1920: Horrors of the Heart (2023)

1920: Horrors of the Heart (2023) IMDb - 4.8/10 နာမည်ကြီး "1920" Horror Franchise ရဲ့ နောက်ထပ်လက်ရာတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားဟာ က
1920: Horrors of the Heart (2023) IMDb - 4.8/10 နာမည်ကြီး "1920" Horror Franchise ရဲ့ နောက်ထပ်လက်ရာတစ်ခုဖြစ်တဲ့ ဒီဇာတ်ကားဟာ ကလဲ့စားချေမှုနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို အခြေခံရိုက်ကူးထားတာပါ။ ဇာတ်လမ်းမှာတော့ Meghna ဟာ သူမရဲ့ဖခင်ဖြစ်သူကို သေကြောင်းကြံအောင် တွန်းအားပေးခဲ့တဲ့ မိခင်ဖြစ်သူအပေါ် ကလဲ့စားချေဖို့ ကြိုးစားရာကနေ စတင်ထားပါတယ်။ ကလဲ့စားချေဖို့အတွက် သူမဟာ ဝိညာဉ်လောကရဲ့ အကူအညီကိုရယူပြီး မိခင်ဖြစ်သူရဲ့ မိသားစုအသစ်ကို ဒုက္ခပေးဖို့ ကြံစည်ပါတော့တယ်။ ဒါပေမဲ့ ဒီလုပ်ရပ်ကနေတစ်ဆင့် သူမမမျှော်လင့်ထားတဲ့ ထိတ်လန့်စရာ အကျိုးဆက်တွေနဲ့ ကြောက်မက်ဖွယ်ရာ ဝိညာဉ်လောကရဲ့ တိုက်ခိုက်မှုတွေကို ပြန်လည်ရင်ဆိုင်ရပုံကို ရင်တထိတ်ထိတ်နဲ့ မြင်တွေ့ရမှာပါ။ သဘာဝလွန် ခြောက်လှန့်မှုတွေအပြင် မိသားစုကြားက လျှို့ဝှက်ချက်တွေနဲ့ ဝမ်းနည်းစရာ သံယောဇဉ်တွေကိုလည်း ပေါင်းစပ်တင်ပြထားပါတယ်။ Horror ကားကြိုက်သူတွေအတွက် တစ်ကားတည်းနဲ့တင် ထိတ်လန့်မှုရော ဒရာမာအရသာပါ ခံစားရမယ့် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/58

Legendary Divine Kung Fu (2026) 90's born တွေ ငယ်ငယ်က ကြည့်ခဲ့တဲ့ Stephen Chow ရဲ့ ရုပ်ရှင်လို ရုပ်တည်နဲ့ ရယ်စရာကောင်းတဲ့ အက်
Legendary Divine Kung Fu (2026) 90's born တွေ ငယ်ငယ်က ကြည့်ခဲ့တဲ့ Stephen Chow ရဲ့ ရုပ်ရှင်လို ရုပ်တည်နဲ့ ရယ်စရာကောင်းတဲ့ အက်ရှင်ဟာသရုပ်ရှင်မျိုးကို လွမ်းနေတဲ့သူတွေအတွက် ဒီရုပ်ရှင်ကတော့ အလွမ်းပြေစေနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- 1970 ခုနှစ်ဝန်းကျင်မှာ ဟုန်ရင်းကျန်းဟာ H နိုင်ငံ တရုတ်တန်းက သိုင်းလောကမိသားစု"ဟုန်ဓားဂိုဏ်း"မှာ မွေးဖွားလာခဲ့ပြီး ကြီးပြင်းလာတဲ့တစ်လျှောက် အောင်မြင်မှု တစ်စုံတစ်ရာ မရှိတဲ့အတွက် "အသုံးမကျတဲ့ကောင်" လို့သမုတ်ခံနေရသူ ဖြစ်ပါတယ်။ အခွင့်အရေးတစ်ခုကြောင့် ဟုန်ရင်းကျန်းဟာ သူငယ်ချင်းဟောင်းပေါင်းတျန်နဲ့ ပြန်တွေ့ပြီး "ကျုံးရှောက်ဂိုဏ်း" က အစ်ကိုပေါက်ကို တွေ့ခွင့်ရခဲ့ပြီး အကြံအစည်တစ်ခုထဲ ဝင်ပါမိသွားခဲ့ပါတယ်။ ဒါပေမဲ့ သိုင်းပညာရှင်ကြီး ဝူချန်က ဟုန်ရင်းကျန်းဟာ သိုင်းပညာကျင့်ကြံဖို့ အသင့်တော်ဆုံးလူထူးချွန်တစ်ယောက်ဆိုတာ ရိပ်မိသွားခဲ့ပြီး သူ့ရဲ့ သွေးကြောတွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဟုန်ရင်းကျန်းဟာ ဝူချန်ရဲ့ အကြံပြုချက်ကြောင့် ငြိမ်းချမ်းရေးရွာကို ရောက်သွားခဲ့ပြီး လူဆိုးကြီး သခင်ကြီးလင်ကို မတော်တဆ ပြစ်မှားမိသွားပါတယ်။ မထင်ထားဘဲ သခင်ကြီးလင်ရဲ့ သားဟာ အစ်ကိုပေါက် ဖြစ်နေတဲ့အခါ...... ဟုန်ရင်းကျန်းနဲ့ အစ်ကိုပေါက်တို့ကြားက ရန်ငြိုးတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/64

Mavka The Real Myth (2026) တက္ကသိုလ်တစ်ခုက ဇီဝဗေဒပါမောက္ခတစ်ယောက်နဲ့ သူ့ကျောင်းသားတွေက နယ်အစွန်အဖျားမှာရှိတဲ့ လူသူမနီးမဝေးတော
Mavka The Real Myth (2026) တက္ကသိုလ်တစ်ခုက ဇီဝဗေဒပါမောက္ခတစ်ယောက်နဲ့ သူ့ကျောင်းသားတွေက နယ်အစွန်အဖျားမှာရှိတဲ့ လူသူမနီးမဝေးတောအုပ်တစ်ခုထဲကို လေ့လာရေးခရီးထွက်လာခဲ့ပါတယ်။ သူတို လေ့လာရေးခရီးထွက်လာခဲ့တဲ့တောအုပ်က ယုံတမ်းပုံပြင်ထဲက ဒဏ္ဍာရီလာ မာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်တွေနဲ့ ရေသူမတွေရှိတယ်လို ဒေသခံတွေက ယုံကြည်ကြပါတယ်။ ဒီမာ့ဗ်ကာလိုခေါ်တဲ့ တောစောင့်နတ်သမီးတွေနဲ့ ရေသူမတွေဟာ နှစ်တစ်နှစ်ရဲ့ အခုလိုအချိန်မှာ တောထဲရောက်လာသူတွေကို ဖမ်းစားတတ်တဲ့အကြောင်း တည်းခိုခန်းပိုင်ရှင်က သတိပေးလိုက်ပါသေးတယ်။ ဒါပေမဲ့ ကျောင်းသားတစ်စုက သိပ္ပံပညာရှင်တွေဆိုတော့ အယုံအကြည်မရှိဘဲ အမှုမဲ့ အမှတ်မဲ့ပါပဲ။ ဒီလိုနဲ့ ခေတ္တတည်းခိုခဲ့တဲ့ တည်းခိုခန်းပိုင်ရှင်ကို နှုတ်ဆက်ပြီး တောထဲကို ခရီးဆက်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ တောထဲမှာ စခန်းချပြီး နောက်တစ်ရက်မှာတော့ တောထဲမှာ ထူးဆန်းတဲ့ မိန်းကလေးတစ်ယောက်နဲ့ စပြီး တွေ့ဆုံမိတဲ့အခါမှာ ဘယ်လိုကိစ္စတွေ ဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/62

Beast (2026) IMDb Rating (6.2) / Rotten Tomatoes (86%) ကြိုးဝိုင်းဖိုက်တင် အကြမ်းစားကား အသစ်လာပါပြီ။ ကိုယ်ခံပညာပေါင်းစုံသုံး
Beast (2026) IMDb Rating (6.2) / Rotten Tomatoes (86%) ကြိုးဝိုင်းဖိုက်တင် အကြမ်းစားကား အသစ်လာပါပြီ။  ကိုယ်ခံပညာပေါင်းစုံသုံး တိုက်ခိုက်ရေး (MMA) လောကကို အခြေခံရိုက်ကူးထားတဲ့ ၂၀၂၆ ထွက် အက်ရှင်ဒရာမာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ ဒီကားထဲမှာ နာမည်ကြီး မင်းသားကြီး ရပ်ဆဲလ်ခရိုး (Russell Crowe) ရော ဒန်နီယယ် မက်ဖာဆန် (Daniel MacPherson) ရော ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ပက်တန် ဂျိမ်းစ် ဆိုတာ တစ်ချိန်က အရမ်းကို နာမည်ကြီးခဲ့တဲ့ MMA ကစားသမားဟောင်း တစ်ယောက်ပေါ့။ အခုတော့ သူက ပြိုင်ပွဲတွေကနေ အနားယူပြီး အေးအေးဆေးဆေး တံငါသည် အဖြစ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုနေတာပါ။ ဒါပေမဲ့ သူ့ညီဖြစ်သူ အန္တရာယ်နဲ့ ကြုံလာရတဲ့အခါမှာတော့ ကယ်တင်ဖို့အတွက် ကြိုးဝိုင်းထဲကို မလွှဲမရှောင်သာ ပြန်ဝင်လာရပါတော့တယ်။ ဒီလိုနဲ့ သူ့ကို အရင်က ပျိုးထောင်ပေးခဲ့တဲ့ နည်းပြဟောင်း ဆမ်မီ နဲ့ ပြန်ပူးပေါင်းပြီး ONE Championship ပြိုင်ပွဲကြီးမှာ နောက်ဆုံးအနေနဲ့ ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့ရဲ့ အဓိကပြိုင်ဘက်ကတော့ လက်ရှိချန်ပီယံ ဇေဗီယာ ဂရောင်း ဆိုတဲ့ ရက်စက်တဲ့ တိုက်ခိုက်ရေးသမားပါပဲ။ ပက်တန် တစ်ယောက် သူ့ညီကို ကယ်တင်ရင်း သူ့ရဲ့ ဂုဏ်သိက္ခာကိုရော ပြန်လည်ဆယ်တင်နိုင်မလား ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/60

Perfect Crown (2026) အပိုင်း(10) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10
Perfect Crown (2026) အပိုင်း(10) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10 ရက်နေ့မှာ ထုတ်လွှင့်သွားပါမယ် နန်းတွင်းဇာတ်လမ်းဆိုပေမယ့် ရှေးခေတ်မဟုတ်ဘဲ Modern Era (ခေတ်သစ်ကိုရီးယား) ကို နောက်ခံထားထားတာဖြစ်ပါတယ် အရမ်းကို လွတ်လပ်ချင်တဲ့ မိန်းကလေးတစ်ယောက်က တင်းကြပ်လွန်းတဲ့ နန်းတွင်းစည်းမျဉ်းတွေကြားထဲ မတော်တဆရောက်သွားပြီး Prince (မင်းသားကြီး) နဲ့ လက်ထပ်လိုက်တဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ် Princess Hours လိုမျိုး နန်းတွင်းအငွေ့အသက်ကိုမှ ခေတ်သစ်ဖက်ရှင်တွေ၊ Lifestyle တွေနဲ့ ဆန်းဆန်းလေး မြင်ရမှာပါ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2467 ‌ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2467/104

Perfect Crown (2026) အပိုင်း(9) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10
Perfect Crown (2026) အပိုင်း(9) ရပြီနော် ပရိသတ်တွေ အရမ်းမျှော်လင့်နေတဲ့ IU နဲ့ Byeon Woo-seok တို့ရဲ့ series ကို 4လပိုင်း 10 ရက်နေ့မှာ ထုတ်လွှင့်သွားပါမယ် နန်းတွင်းဇာတ်လမ်းဆိုပေမယ့် ရှေးခေတ်မဟုတ်ဘဲ Modern Era (ခေတ်သစ်ကိုရီးယား) ကို နောက်ခံထားထားတာဖြစ်ပါတယ် အရမ်းကို လွတ်လပ်ချင်တဲ့ မိန်းကလေးတစ်ယောက်က တင်းကြပ်လွန်းတဲ့ နန်းတွင်းစည်းမျဉ်းတွေကြားထဲ မတော်တဆရောက်သွားပြီး Prince (မင်းသားကြီး) နဲ့ လက်ထပ်လိုက်တဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ် Princess Hours လိုမျိုး နန်းတွင်းအငွေ့အသက်ကိုမှ ခေတ်သစ်ဖက်ရှင်တွေ၊ Lifestyle တွေနဲ့ ဆန်းဆန်းလေး မြင်ရမှာပါ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2467 ဇာတ်ကားကြညါ့ရန်🔽🔽🔽 https://t.me/dreamworld2467/101

Hallan (2025) IMDb Rating (7.1) အခုတစ်ခေါက်မှာတော့ လူပေါင်းမြောက်များစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူ 4.3 အရေးအခ
Hallan (2025) IMDb Rating (7.1) အခုတစ်ခေါက်မှာတော့ လူပေါင်းမြောက်များစွာ အသက်ဆုံးရှုံးခဲ့ရတဲ့ ၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူ 4.3 အရေးအခင်းကာလကို ဇာတ်အိမ်တည် ရိုက်ကူးထားပြီး လက်ရှိပြသနေဆဲ Absolute Value of Romance ထဲက မင်းသမီးလေး Kim Hyang-Gi ရဲ့ အနုပညာသက်တမ်းတစ်လျှောက်မှာ အမေဇာတ်ရုပ်အဖြစ် ပထမဆုံး သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ၁၉၄၈ ခုနှစ်၊ ဂျယ်ဂျူကျွန်းမှာ နှိမ်နင်းရေးတပ်ဖွဲ့ရဲ့ ရန်ကြောင့် ဟန်လာတောင်ပေါ် ထွက်ပြေးတိမ်းရှောင်ရဖို့ ဖြစ်လာတဲ့ အာဂျင်း (Kim Hyang-Gi) က သမီးဖြစ်သူ ဟယ်စိမ်းနဲ့ လူချင်းကွဲကွာသွားခဲ့ရပါတယ်။ ရွာမှာ ကျန်ခဲ့တဲ့ သမီးလေးကို စိုးရိမ်ရင်းနဲ့ တောင်ပေါ်တက်လာတဲ့ အာဂျင်းတစ်ယောက် စစ်တပ်ကနေ တစ်ရွာလုံးကို မီးရှို့ဖျက်ဆီးလိုက်ပြီဆိုတဲ့ အကြောင်း ကြားသိလိုက်ရတဲ့အခါ သမီးလေးကို ရှာဖို့ တောင်အောက်ကို ပြန်ဆင်းလာပါတော့တယ်။ သမီးကို ကယ်တင်ဖို့ ငရဲတွင်းထဲ ပြန်ဆင်းလာတဲ့ အာဂျင်းနဲ့  အမေ့ကို ရှာဖို့ တောင်ပေါ်တက်လာတဲ့ သမီးလေး ဟယ်စိမ်း... သူတို့သားအမိနှစ်ဦးရဲ့ ရှင်သန်ရေးတိုက်ပွဲက  ဘယ်လိုဆက်ဖြစ်မှာလဲ... သမိုင်းရဲ့ နာကျင်ဖွယ် ဒဏ်ရာတွေကြားက ကြီးမားတဲ့ မိခင်မေတ္တာကို ပုံဖော်ရိုက်ကူးပြထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/56

F-y-r-e R-i-s-e-s (2025) ==================== အရင်က ထူးချွန်တဲ့လူသတ်သမားဖြစ်ခဲ့တဲ့ Richard Fyre က အကြမ်းဖက်အလုပ်ကနေထွက်ပြီး ဆ
F-y-r-e R-i-s-e-s (2025) ==================== အရင်က ထူးချွန်တဲ့လူသတ်သမားဖြစ်ခဲ့တဲ့ Richard Fyre က အကြမ်းဖက်အလုပ်ကနေထွက်ပြီး ဆင်းရဲပေမဲ့သူ့ဘဝကို အေးအေးချမ်းချမ်း ရှင်သန်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ အာဏာကြီးပြီး လှည့်စားခြယ်လှယ်တတ်တဲ့ သူ့ရဲ့အရင်က ရာဇဝတ်ကောင် ဘော့စ်ဖြစ်တဲ့ P*r*ie*st က F.yr.e ကို သူ့ရဲ့အကြွေးတွေ ကျေဖို့အတွက် နောက်ဆုံးလူသတ်မှုတစ်ခုကို လုပ်ပေးဖို့ ဖိအားပေးလာပါတယ်။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld2 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld2/54

Repost from N/a
J-u-s-t-i-c-e F-o-r J-e-n-i 2026 တရားမျှတမှု

Justice For Jeni 2026 တရားမျှတမှု IMDb 6.2 NEET စာမေးပွဲကြီးအောင်လို့ ဆေးကျောင်းတက်ရတော့မဲ့ ပရီယန်ကာတို့ သူငယ်ချင်းအဖွဲ့။ ဆရာ
Justice For Jeni 2026 တရားမျှတမှု IMDb 6.2 NEET စာမေးပွဲကြီးအောင်လို့ ဆေးကျောင်းတက်ရတော့မဲ့ ပရီယန်ကာတို့ သူငယ်ချင်းအဖွဲ့။ ဆရာဝန်ဖြစ်ချင်ကြလို့ စာမေးပွဲရလဒ်ကို အချိန်အကြာကြီးစောင့်နေခဲ့ရသလောက် တစ်ဖွဲ့လုံးအောင်ကြတော့ ကမ္ဘာပေါ်မှာ သူတို့လောက်ပျော်တဲ့လူ မရှိတော့သလိုပေါ့။ ဒီလိုနဲ့ ဆေးကျောင်းမတက်ခင် တစ်ညအလို ပရီယန်ကာ့ဆီဖုန်းဝင်လာခဲ့တယ်။ ဆက်တဲ့လူက သူငယ်ချင်းဆစ်ဒါးသ်။ ညကြီးသန်းခေါင် ဘာအရေးများလဲဆိုပြီး ဖုန်းကိုင်တော့ ငယ်စဉ်တည်းက လည်ပင်းဖက်ပေါင်းလာခဲ့တဲ့ သူငယ်ချင်းဂျင်းနီ အသ-တ်ခံရလို့ပါတဲ့ ငယ်ထိပ် မိုးကြိုးပစ်ခံရလိုက်သလို ခံစားချက်နဲ့ တလောကလုံး ဗြောင်းဆန်ကုန်တယ် ဆရာဝန်ဖြစ်ဖို့ လက်တစ်ကမ်းအလိုမှာ ဒီလိုအဖြစ်ဆိုးမျိုးကြုံရလို့ သူငယ်ချင်းတွေ ယူကြုံးမရ။ ပိုဆိုးတာက ရိုးရိုးတန်းတန်း‌ေသဆုံးခြင်းမဟုတ်ဘဲ ရက်ရက်စက်စက် အသ-တ်ခံထားရတာပါ နာမည်ကြီးသွားတဲ့ ဒီသတင်းနဲ့အတူ ဆေးကျောင်းသားတွေ ဆန္ဒပြကြပြီး ရဲတွေလည်း မအိပ်မနေ သဲလွန်စရှာရပါတော့တယ် ။ ကဲ အနီးဆုံးရန်သူက ဘယ်သူများဖြစ်မလဲ အတူတူကြည့်လိုက်ရအောင်လား။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/49

ကွန်တီလာနပ်ခ်ဆိုတာ အင်ဒိုနီးရှားနဲ့မလေးရှားဒေသတွေရဲ့ ရိုးရာပုံပြင်တွေထဲမှာ နာမည်အကြီးဆုံးလို့ ဆိုရလောက်တဲ့သရဲမျိုးဖြစ်ပါတယ်။
ကွန်တီလာနပ်ခ်ဆိုတာ အင်ဒိုနီးရှားနဲ့မလေးရှားဒေသတွေရဲ့ ရိုးရာပုံပြင်တွေထဲမှာ နာမည်အကြီးဆုံးလို့ ဆိုရလောက်တဲ့သရဲမျိုးဖြစ်ပါတယ်။ များသောအားဖြင့် သူတို့တွေဟာ ကလေးမွေးရင်းသေဆုံးသွားတဲ့ အမျိုးသမီးတစ်ဦးရဲ့ဝိဉာဉ်ဖြစ်လေ့ရှိပြီးသူတို့ဘ၀နောက်ခံဇာတ်ကြောင်းနဲ့လ-က်စ-ားချေလိုစိတ်တွေဒွန်တွဲပါနေတတ်ပါတယ်။ ဒီဇာတ်ကားမှာတော့ ဘော်ဒါဆောင်တစ်ခုမှာ မှီခိုနေတဲ့ မိဘမဲ့ကျောင်းသူလေးတစ်ယောက်၊ ကျောင်းမှာတစ်ယောက်တည်းကျန်နေခဲ့ချိန်မှာ ထူးထူးခြားခြားခြောက်လှန့်မှုတွေစတင်တွေ့ကြုံလာခဲ့ပြီး သူ့မိဘတွေရဲ့ ဇစ်မြစ်ကိုရှာဖို့ရွာကိုအပြန်မှာ သူရောက်လာတဲ့တစ်ချိန်တည်းမှာပဲ ကွန်တီလာနပ်ခ်တစ်ကောင်ထကြွသောင်းကျန်းလာတာကိုကြုံရပါတယ်။ အဲ့ဒီရွာကလူတွေကလည်း ဘုရားကိုစွန့်ပယ်ပြီးအောက်လမ်းအယူသန်ကြတဲ့သူတွေပါ။ ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld6543 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld6543/43

Repost from N/a

#အတော်ကောင်းတဲ့ကားလေးပါ။ မင်းသားကြီး Ajay နဲ့ Student of the year , Shershaah ကားတွေမှာနာမည်ရခဲ့တဲ့ မင်းသား Sidharh Malhotra
#အတော်ကောင်းတဲ့ကားလေးပါ။ မင်းသားကြီး Ajay နဲ့ Student of the year , Shershaah ကားတွေမှာနာမည်ရခဲ့တဲ့ မင်းသား Sidharh Malhotra တို့ရဲ့Thank God ဆိုတဲ့ကားသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းပုံစံလေးက ထူးထူးဆန်းဆန်းနဲ့စိတ်ဝင်စားစရာကောင်းတယ်လို့ပြောရမှာပါဇာတ်လမ်းအကျဉ်းကတော့ အာရန်ကပူးဟာ အိမ်ခြံမြေပွဲစားတစ်ယောက်ဖြစ်ပြီးတော့ ပိုက်ဆံသာရမယ်ဆိုရင်ကျင့်ဝတ်တွေ၊ စိတ်သဘောထားကောင်းမှုတွေဆိုတာမရှိတဲ့သူမျိုးပါ သူ့ရဲ့အလုပ်ကိုပဲဇောက်ချလုပ်ရင်း မိသားစုဖြစ်တဲ့ ကိုယ့်မိန်းမ၊ သမီးလေးကိုတောင် အချိန်မပေးနိုင်ပါဘူး ဒီလိုနဲ့တစ်ရက်မှာတော့အာရန်ဟာကားမတော်တဆမှုဖြစ်ပြီး ကောင်းကင်ဘုံကိုရောက်သွားပါတော့တယ် အာရန်ဟာကောင်းကင်ဘုံမှာ ဘဝကစားပွဲ ဆိုတာကို ကစားရမှာဖြစ်ပြီးတော့ အနိုင်ရခဲ့ရင်အသက်ပြန်ရှင်နိုင်မှာဖြစ်ပြီးတော့ ရှုံးနိမ့်ခဲ့ရင်တော့ငရဲကိုသွားရမှာဖြစ်ပါတယ် ကဲ..အာရန်ကစားရမယ့် ဂိမ်းပွဲတွေက ဘာတွေများဖြစ်မလဲအသက်အန္တရာယ်ကနေရော လွတ်မြောက်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာစောင့်ကြည့်ပေးကြပါဦးနော်👇 ချန်နယ်လင့်🔽🔽🔽 https://t.me/dreamworld782 ဇာတ်ကားကြည့်ရန်🔽🔽🔽 https://t.me/dreamworld782/46 #Credit

Repost from N/a
Mardaani (2014)