ru
Feedback
Indian Movies (MM sub)

Indian Movies (MM sub)

Открыть в Telegram

ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ

Больше
Страна не указанаКатегория не указана

📈 Аналитический обзор Telegram-канала Indian Movies (MM sub)

Канал Indian Movies (MM sub) (@ckdnid724u) является активным участником. Сейчас сообщество объединяет 31 185 подписчиков, занимая место в категории Другое.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 31 185 подписчиков.

Согласно последним данным от 28 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило 2 370, а за последние 24 часа — -353, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 5.50%. В первые 24 часа после публикации контент обычно набирает 5.09% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 1 724 просмотров. В течение первых суток публикация набирает 1 596 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 1.

📝 Описание и контентная политика

Автор описывает ресурс как площадку для выражения субъективного мнения:
“ကြော်ငြာကိစ္စများ/Daily Postများအပ်ရန် Admအကောင့်သို့ဆက်သွယ်ရန် @Hancock2003/ Ck Lottery/Big Win လက်မခံပါ”

Благодаря высокой частоте обновлений (последние данные получены 29 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Другое.

31 185
Подписчики
-35324 часа
+6 8957 дней
+2 37030 дней
Архив постов
Repost from N/a
တစ်သျူးဆောင်ပြီးကြည့်ရမဲ့နာမည်ကြီးဖြစ်ရပ်မှန်ရုံတင်ကားသစ်ကြီး😢😢 Give You A Candy (2026) သေဒဏ်ကျခံရဖို့ နာရီပိုင်းအလိုမှာ ငလ
တစ်သျူးဆောင်ပြီးကြည့်ရမဲ့နာမည်ကြီးဖြစ်ရပ်မှန်ရုံတင်ကားသစ်ကြီး😢😢 Give You A Candy (2026) သေဒဏ်ကျခံရဖို့ နာရီပိုင်းအလိုမှာ ငလျင်ကြီးလှုပ်ခတ်သွားပြီး အသက်ရှင်ကျန်ရစ်ခဲ့မယ်ဆိုရင် အဲဒီလူဟာ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားမလား၊ ဒါမှမဟုတ် အပျက်အစီးတွေကြားထဲက တခြားလူတွေကို ကယ်တင်မလား ဒီလို စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းနဲ့အတူ လူ့သဘာဝရဲ့ အလင်းနဲ့အမှောင်ကို အကောင်းဆုံး ရိုက်ကူးပြထားတဲ့ တရုတ် Disaster Drama ဇာတ်ကားသစ်ကြီး "Give You A Candy " (出入平安) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာတော့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Xiao Yang, Ayunga, Guli Nazha နဲ့ Huang Xiaolei တို့က အဓိကပါဝင်အားဖြည့်ထားပြီး ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေရဲ့ ရင်ကို ထိရှစေမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ကျန့်လိကွင့် ဟာ သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသားတစ်ယောက်ဖြစ်ပြီး သူ့ကို ကွပ်မျက်ဖို့ ခေါ်ဆောင်သွားတဲ့ လမ်းမှာပဲ မထင်မှတ်ဘဲ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခုဝင်ရောက်လှုပ်ခတ်သွားခဲ့ပါတယ်။ အကျဉ်းထောင်ကြီးတစ်ခုလုံး အပျက်အစီးတွေအဖြစ် ပြိုကျသွားချိန်မှာတော့ သေဘေးကနေ သီသီလေးလွတ်မြောက်သွားတဲ့ကျန့်လိကွင့် နဲ့ တခြားအကျဉ်းသားတွေဟာ ရုတ်တရက် လွတ်လပ်ခွင့်ရသွားသလို ဖြစ်သွားပါတော့တယ်။ ဒါပေမဲ့ အဲဒီလွတ်လပ်ခွင့်ဟာ တကယ့်လွတ်လပ်ခွင့်မဟုတ်ဘဲ နောက်ထပ် ငရဲခန်းတစ်ခုထဲကို ကျရောက်သွားတာနဲ့ အတူတူပါပဲ။ တစ်ချိန်တည်းမှာပဲ တာဝန်ကျေပွန်တဲ့ အကျဉ်းထောင်အစောင့်ရဲအရာရှိ ယွီချီရှောင် ဟာ အပျက်အစီးတွေကြားထဲက လူတွေကို ကယ်တင်ဖို့အတွက် ရဲတွေနဲ့ အကျဉ်းသားတွေ ပူးပေါင်းထားတဲ့ "အထူးကယ်ဆယ်ရေးအဖွဲ့" တစ်ခုကို အရေးပေါ် ဖွဲ့စည်းလိုက်ပါတော့တယ်။ ဇနီးဖြစ်သူကို စိတ်ပူပြီး ထွက်ပြေးဖို့ချည်းပဲ ကြိုးစားနေတဲ့ ကျန့်လိကွင့် တစ်ယောက် ရဲအရာရှိ ယွီချီရှောင်ရဲ့ တားဆီးမှုတွေကြားထဲကနေ ဘယ်လိုဆက်လုပ်မလဲ။ သဘာဝဘေးအန္တရာယ်ကြီးရှေ့မှာ အသက်ရှင်ဖို့ ၂၄ နာရီပဲ အချိန်ကျန်တော့တဲ့ သေဒဏ်ကျအကျဉ်းသားတစ်ယောက်ဟာ ကိုယ်လွတ်ရုန်းထွက်ပြေးမလား၊ ဒါမှမဟုတ် ကယ်ဆယ်ရေးအဖွဲ့ထဲဝင်ပြီး လူ့အသက်တွေကို ကယ်တင်မလားဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်ရမှာပါ။ ဒီဇာတ်ကားဟာ သာမန် သဘာဝဘေးအန္တရာယ် ဇာတ်ကားတွေလို အပျက်အစီးတွေကိုပဲ ပြသထားတာမဟုတ်ဘဲ သေရေးရှင်ရေး အကျပ်အတည်းကြားထဲက လူသားတွေရဲ့ ရွေးချယ်မှု၊ ကိုယ်ချင်းစာတရားနဲ့ နောင်တတရားတွေကိုပါ လေးလေးနက်နက် ပုံဖော်ထားတာမို့ ကြည့်ရှုသူတိုင်းကို မျက်ရည်လည်စေမယ့် ဇာတ်ကားကောင်းလေးတစ်ခု ဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/paradise234r/157

Repost from N/a
Gaami (2024) =========== IMDB - 7.3/10 ဇာတ်လမ်းကတော့..... ရှားပါးတဲ့ရောဂါတစ်မျိုး ခံစားနေရတဲ့ အာဃောရ (Aghora) ရသေ့တစ်ပါးဖြစ်တ
Gaami (2024) =========== IMDB - 7.3/10 ဇာတ်လမ်းကတော့..... ရှားပါးတဲ့ရောဂါတစ်မျိုး ခံစားနေရတဲ့ အာဃောရ (Aghora) ရသေ့တစ်ပါးဖြစ်တဲ့ ရှန်ကာ (Vishwak Sen) ရဲ့ အသက်စွန့်စွန့်စားစား ခရီးစဉ်အကြောင်းကို အမိုက်စား ရုပ်ထွက် (Visuals) တွေနဲ့ ရိုက်ကူးထားတဲ့ တက်လူးဂူး (Telugu) စွန့်စားခန်း ဇာတ်ကားကြီး ဖြစ်ပါတယ်။ ရှန်ကာ ဟာ လူသားတွေနဲ့ ထိတွေ့မိတာနဲ့ ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ နာကျင်မှုတွေ ခံစားရပြီး သတိလစ်သွားတတ်တဲ့ ထူးဆန်းတဲ့ ရောဂါတစ်မျိုး (Human Touch Phobia) ကို ခံစားနေရသူပါ။ ဒီရောဂါကို ကုသနိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက်ကတော့ ဟိမဝန္တာ တောင်တန်းတွေရဲ့ အနက်ရှိုင်းဆုံးနဲ့ အန္တရာယ်အများဆုံး နေရာမှာ ၃၆ နှစ်မှ တစ်ကြိမ်သာ လင်းလက်တောက်ပစွာ ပွင့်တတ်တဲ့ ရှားပါး 'မာလီ' (Mali) ပန်းကို အချိန်မီ သွားရောက်ရှာဖွေဖို့ပါပဲ။ တစ်ချိန်တည်းမှာပဲ ဇာတ်လမ်းထဲမှာ တခြား ဇာတ်လမ်းလိုင်း နှစ်ခုဖြစ်တဲ့ ရက်စက်တဲ့ ဆေးဘက်ဆိုင်ရာ စမ်းသပ်ခန်းတစ်ခုမှာ ဖမ်းဆီးခံထားရသူတွေရဲ့ ရုန်းကန်မှု၊ နောက်ပြီး ရှေးဟောင်းဓလေ့ထုံးစံတွေကြားမှာ သမီးဖြစ်သူကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ မိခင်တစ်ယောက်ရဲ့ အဖြစ်အပျက်တွေကပါ အပြိုင်ပါဝင်နေပါတယ်။ ဒီကွဲပြားနေတဲ့ ဇာတ်လမ်းသုံးခုက အဆုံးသတ်မှာ ဘယ်လိုမျိုး အချိတ်အဆက်မိမိ ပေါင်းဆုံသွားမလဲ ဆိုတာကို လျှို့ဝှက်ဆန်းကြဲစွာ ကြည့်ရှုရမှာပါ။ ဆီးနှင်းတွေ ဖုံးလွှမ်းနေတဲ့ ဟိမဝန္တာတောင်တန်းတွေရဲ့ အလှအပ၊ အသက်လုရုန်းကန်ရတဲ့ စွန့်စားခန်းတွေနဲ့အတူ အိန္ဒိယရုပ်ရှင်တွေထဲမှာ မြင်တွေ့ရခဲတဲ့ ဇာတ်အိမ်မျိုးကို ဖန်တီးတင်ဆက်ထားတဲ့ Epic Adventure / Thriller ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/c/3987593098/170

Prassthanam (2019) ဒီရုပ်ရှင်ဟာ ဩဇာကြီးမားတဲ့ နိုင်ငံရေးသမားကြီးတစ်ယောက်ရဲ့ နိုင်ငံရေးအမွေဆက်ခံခွင့်အကြောင်း ရိုက်ကူးထားတဲ့ ဇ
Prassthanam (2019) ဒီရုပ်ရှင်ဟာ ဩဇာကြီးမားတဲ့ နိုင်ငံရေးသမားကြီးတစ်ယောက်ရဲ့ နိုင်ငံရေးအမွေဆက်ခံခွင့်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ သူ့မှာ အရည်အချင်းရှိပြီး သစ္စာစောင့်သိတဲ့ မွေးစားသားတစ်ယောက်နဲ့ စိတ်မြန်ဒေါသထွက်လွယ်ပြီး အမွေကို မက်မောတဲ့ ကိုယ့်သွေးသားအရင်းဖြစ်သူ သားတစ်ယောက်၊ စုစုပေါင်း သားနှစ်ယောက်ရှိပါတယ်။ အဖေဖြစ်သူက အရည်အချင်းရှိတဲ့ မွေးစားသားကို သူ့ရဲ့နေရာကို ဆက်ခံစေချင်တဲ့အခါ ညီအစ်ကိုနှစ်ယောက်ကြား ပြင်းထန်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားပါတော့တယ်။ ဒီမိသားစုပြဿနာကို နိုင်ငံရေးပြိုင်ဘက်တွေကပါ အခွင့်ကောင်းယူလာတဲ့အခါ အာဏာ၊ သစ္စာတရားနဲ့ သွေးသားသံယောဇဉ်ကြားက အားပြိုင်မှုတွေဟာ ပိုမိုရှုပ်ထွေးပြီး ကြမ်းတမ်းလာပါတယ်။ လေးနက်တဲ့ ဇာတ်လမ်းဇာတ်အိမ်နဲ့ သရုပ်ဆောင်ကောင်းတွေရဲ့ ပံ့ပိုးမှုကြောင့် ကြည့်ရှုသူကို ရင်တထိတ်ထိတ်နဲ့ ခံစားစေမယ့် နိုင်ငံရေးမိသားစု ဇာတ်လမ်းကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld78946/650

Repost from N/a
Cinderella (2021) Tamil ဇာတ်ကားနာမည်လေးက Cinderella ဆိုပေမဲ့လို့ ဟောလိဝုဒ် Cinderella ကားနဲ့မတူတဲ့အမျိုးအစားအနေနဲ့ရိုက်ထားသလိ
Cinderella (2021) Tamil ဇာတ်ကားနာမည်လေးက Cinderella ဆိုပေမဲ့လို့ ဟောလိဝုဒ် Cinderella ကားနဲ့မတူတဲ့အမျိုးအစားအနေနဲ့ရိုက်ထားသလို ဇာတ်လမ်းကျောရိုးလည်းလုံးဝမတူပါဘူး ။ တကယ်ဆို ကျွန်တော်တို့ဟာ စင်ဒရဲလားတို့ စနှိုးဝိုက်တို့နဲ့ပက်သက်ရင် အရမ်း fairy tales ဆန်ချင်ခဲ့ကြလို့ fairy tales တွေနဲ့ပဲညားခဲ့ရတယ်မလား။ တကယ့် စင်ဒရဲလား၊ စနိုးဝိုက်ဇာတ်လမ်းတွေဟာ တကယ့်အပြင်လောကမှာ ကျွန်တော်တို့သိတဲ့ဇာတ်လမ်းလေးတွေထဲကလိုဟုတ်နိုင်ပါ့မလားပေါ့လေ။ တကယ့်ကမ္ဘာ့လောကကြီးဟာ တွေးကြည့်ရင်တွေးကြည့်သလောက် အရမ်းရက်စက်ကြမ်းကြိုက်တယ်မလား။ ဒီတော့ ဒီတမီးလ်စင်ဒရဲကားလေးကို ဘာလို့စင်ဒရဲလားလို့နာမည်ပေးထားတယ်၊ ဘယ်လိုဇာတ်လမ်းမျိုးဇာတ်ကွက်မျိုးတွေပါတယ်ကတော့ ဒီဇာတ်ကားလေးထဲမှာရှုစားရင်အကောင်းဆုံးမို့ သိပ်မညွှန်းနေတော့ပါဘူး။ ဒီဇာတ်ကားရဲ့စင်ဒရဲလားလို့တင်စားရမယ့် ဇာတ်လိုက်တမီးလ်မင်းသမီးလေးဟာ တကယ့်စင်ဒရဲလားဆိုတဲ့နာမည်နဲ့လိုက်ဖက်သလို ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ရိုက်ထားတယ်ဆိုတာတော့လုံးဝအာမခံပါတယ်ခင်ဗျာ။ ဒီတော့တစ်ချို့ဘောလိဝုဒ်ကားကောင်းတွေနဲ့ကိုယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ ၂၀၂၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ တမီးလ်စင်ဒရဲလားကားလေးကိုလည်း ရှုစားရင်ခုန်ပေးလှည့်ပါဦး။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/paradise234r/153 #Crd

ကြောက်စရာကောင်းပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် မလေးရှား သရဲကားသစ် S*e*n*g*k*o*l*o: P*e*t*a*k*a S*a*t*u S*u*r*o (2026) IMDb Ra
ကြောက်စရာကောင်းပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် မလေးရှား သရဲကားသစ် S*e*n*g*k*o*l*o: P*e*t*a*k*a S*a*t*u S*u*r*o (2026) IMDb Rating (5.8) ဒီဇာတ်ကားလေးကတော့ ဟော်ရာဖန်တွေ အကြိုက်ဖြစ်မယ့် တကယ့်ကို ကြောက်စရာကောင်းပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် မလေးရှား သရဲကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရာဟာယုဆိုတဲ့ အမျိုးသမီးဟာ ရွာတစ်ရွာက လက်သည်ဆရာမဖြစ်ပြီးတော့ သူမမှာ ယောက်ျားနဲ့ သားလေးတစ်ယောက်ရှိပြီး လက်ရှိမှာ ကိုယ်ဝန်ထပ်လွယ်ထားရပါတယ်။ ယောက်ျားဖြစ်သူကတော့ ငါးဖမ်းသမားဖြစ်ပြီးတော့ တစ်နေ့မှာတော့ သားဖြစ်သူကို ပထမဆုံးအကြိမ်အဖြစ် ပင်လယ်ထဲကို ငါးဖမ်းခေါ်သွားခဲ့ပါတယ်။ ကံဆိုးချင်တော့ ပင်လယ်မှာ မုန်တိုင်းတိုက်ပြီး ရာယာယုဟာ ယောက်ျားရော သားရော ဆုံးရှုံးလိုက်ရပြီး ဗိုက်တစ်လုံးနဲ့ ကျန်ခဲ့ပါတယ်။ သူမဟာ ဗိုက်ထဲက ကလေးလေးအတွက် ကြိုးစားရှင်သန်ရင်း တကယ်တမ်း ကလေးမွေးလာတဲ့အခါမှာတော့ ကလေးက ပြာနှမ်းနေပြီး အသက်မရှိတော့ပါဘူး။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld6543/718

Thammudu (2025) အစ်ကိုနဲ့ ညီမကြားက သံယောဇဉ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ Action drama အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ Jay ဆိုတဲ့
Thammudu (2025) အစ်ကိုနဲ့ ညီမကြားက သံယောဇဉ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ Action drama အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်။ Jay ဆိုတဲ့ လူငယ်တစ်ဦးဟာ ငယ်စဉ်ကတည်းက ကွဲကွာသွားခဲ့တဲ့ သူ့အစ်မ Jhansi ကို ပြန်ရှာဖို့ ကြိုးစားနေသူပါ။ Jhansi ဟာ အစိုးရအရာရှိတစ်ဦးဖြစ်ပြီး၊ စက်ရုံတစ်ခု ပေါက်ကွဲမှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရာမှာ အာဏာရှိတဲ့ လူဆိုး Azarwal ရဲ့ ခြိမ်းခြောက်မှုကို ခံနေရပါတယ်။ Azarwal ဟာ ဥပဒေကို ဖောက်ဖျက်ပြီး အကျိုးအမြတ်ရှာနေတဲ့ သူတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့ လုပ်ရပ်တွေကို စုံစမ်းနေတဲ့ Jhansi ကို အနှောင့်အယှက်ပေးဖို့ နည်းမျိုးစုံသုံးပြီး ဖိအားပေးနေပါတယ်။ ဒီလို အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရချိန်မှာပဲ Jay ဟာ သူ့အစ်မကို ရှာတွေ့ခဲ့ပြီး၊ အန္တရာယ်တွေကြားကနေ ကာကွယ်ပေးဖို့ ကြိုးစားပါတော့တယ်။ Jay ဟာ သူ့အစ်မကို လူဆိုးတွေလက်ကနေ ကယ်တင်နိုင်မှာလား? နှစ်ပေါင်းများစွာ ကွဲကွာခဲ့တဲ့ ညီအစ်ကို-မ နှစ်ယောက်ရဲ့ သံယောဇဉ်ဟာ ဒီအခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ဖြတ်ကျော်မလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld78946/646

Repost from N/a
JSK - Janaki V vs State of Kerala (2025) 720p Malayalam WEB-DL [RMC]

JSK Janaki vs State of Kerala (2025) ============================== IMDB Rating : 7.2/ 10 တရားရုံးရှေ့နေ ဒေးဗစ်ဟာ ခရစ်ယာန်ဘုန
JSK Janaki vs State of Kerala (2025) ============================== IMDB Rating : 7.2/ 10 တရားရုံးရှေ့နေ ဒေးဗစ်ဟာ ခရစ်ယာန်ဘုန်းတော်ကြီးက သီလရှင်တစ်ပါးကို မုဒိမ်းကျင့်ခဲ့တဲ့အတွက် အမှုကို တိုင်ချက်တင်ဖို့ ရဲစခန်းကိုအလာမှာ ပြည်နယ်အာဏာပိုင်တွေက သူ့ကို အမှုဖွင့်လို့မရအောင် လူတွေကို ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်ပြီး ရဲစခန်းထဲဝင်ခွင့်ပိတ်ချလိုက်ပါတယ် လူတွေရုန်းရင်းဆန်ခတ်ဖြစ်နေချိန်မှာ သမီးဖြစ်သူမုဒိမ်းကျင့်ခံရလို့ တိုင်ချက်လာဖွင့်တဲ့ဖခင်တစ်ယောက်လည်း လူအုပ်ထဲရောပါပြီး ရဲတစ်ယောက်ရဲ့ တွန်းချတာခံရပြီး လူနင်းခံရလို့ သေသွားပါတော့တယ် တစ်မှုတောင်မပြီးသေးဘူး နောက်တစ်မှုပါတိုးလာတဲ့အခါမှာ ပြည်နယ်အာဏာပိုင်လူကြီးတွေဟာ အကုန်လုံးကို လိုက်ဖုံးဖိဖို့အတွက် ကြိုးစားတဲ့အခါမှာ ရှေ့နေဒေးဗစ်အနေနဲ့ မုဒိမ်းကျင့်ခံရသူ နစ်နာသူမိန်းကလေးနဲ့ပူးပေါင်းပြီး ဘုရားကျောင်းကိုရော ရဲတွေကိုရော အာဏာပိုင်တွေကိုရော မုဒိမ်းကောင်တွေကိုရော ဘယ်လိုစုံစမ်းဖော်ထုတ်ပြီး တရားမျှတမှုအတွက် တိုက်ခိုက်သွားမလဲဆိုတာကို စိတ်ဝင်တစားနဲ့ ကြည့်ရှုသွားရမှာဖြစ်ပါတယ်။

Fall 2: Deadpoint (2026) ဒီဇာတ်ကားမှာ အစ်မဖြစ်သူ ဆုံး-ပါးသွားခဲ့တဲ့အတွက် စိ-တ်ဒ-ဏ်ရာကြီးစွာ ခံစားနေရတဲ့ ညီမဖြစ်သူ ဂျက်စ် ဟန်တ
Fall 2: Deadpoint (2026) ဒီဇာတ်ကားမှာ အစ်မဖြစ်သူ ဆုံး-ပါးသွားခဲ့တဲ့အတွက် စိ-တ်ဒ-ဏ်ရာကြီးစွာ ခံစားနေရတဲ့ ညီမဖြစ်သူ ဂျက်စ် ဟန်တာ နဲ့ သူမရဲ့သူငယ်ချင်း လုစ်တို့ နှစ်ယောက်ဟာ စိတ်ဒ-ဏ်ရာတွေကို ကု-စားဖို့အတွက် ထိုင်းနဲ့ မြန်မာနယ်စပ်နားမှာရှိတဲ့ အ-န္တ-ရာ-ယ်အလွန်များတဲ့ မောင့်ကွမ်းတောင်တန်းကြီးဆီကို စွန့်စားခရီးထွက်လာခဲ့ကြပါတယ်။ အဲဒီနယ်စပ်ဒေသဟာ နယ်ခြားစောင့်ရဲတွေနဲ့ မူ-းယ-စ်မှော-င်-ခိုသမားတွေကြား ပ-ဋိပ-က္ခတွေကြောင့် နဂိုကတည်းက သွားလာရခ-က်-ခဲပြီး အ-န္တ-ရာ-ယ်များတဲ့နေရာတစ်ခုအဖြစ် လူသိများပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ ဒေသခံဧည့်လမ်းညွှန်တစ်ဦးရဲ့ အကူအညီနဲ့ ပေပေါင်းထောင်ချီမြင့်တဲ့ ချော-က်က-မ်းပါးဘေးက သစ်သားပျဉ်ပြားလမ်းကျဉ်းလေးအတိုင်း တောင်ပေါ်ကို ဆက်လက်တက်ခဲ့ကြပါတယ်။ ဒီလိုနဲ့ တောင်ပေါ်ရောက်နေတဲ့အချိန်မှာ မမျှော်လင့်ဘဲ ပြ-င်းထ-န်တဲ့ မို-းသ-က်မု-န်တို-င်းနဲ့ တော-င်ပြို-ကျ-မှုတွေ ရု-တ်တရ-က်ဖြစ်ပွားပြီး သူတို့သွားရမယ့် လမ်းကြောင်းတွေ အကုန်လုံး ပျ-က်-စီ-းပြိုကျသွားခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ အဓိကရင်ခုန်စိတ်လှုပ်ရှားစရာ အချိုးအကွေ့ကတော့ အဲဒီအချိန်ကစပြီး အောက်ခြေကို ငုံ့ကြည့်ရင် ပေပေါင်းထော-င်ချီမြင့်တဲ့ ချော-က်က-မ်းပါးကြီးဖြစ်နေပြီး ဘေးပတ်ပတ်လည်မှာလည်း ခိုကိုးရာ-မဲ့၊ အကူအညီ-မဲ့နေတဲ့ အခြေအနေဆို-းကြီးထဲ ရောက်သွားတာပါပဲ။ ဒီလို အောက်ဆီဂျင်နည်းပါးပြီး အ-စွန်းရောက်လှတဲ့ အမြင့်ပေပေါ်မှာ ပိ-တ်-မိသွားတဲ့အခါ... သူတို့အားလုံး အသ-က်ရှ-င်လျက် အိမ်ပြန်နိုင်ပါ့မလား? အမြ-င့်ကြော-က်စိ-တ်နဲ့ သ-ဘာ-ဝဘေ-းအ-န္တ-ရာ-ယ်တွေကို ဘယ်လိုနည်းလမ်းတွေနဲ့ ကြံ့ကြံ့ခံရင်ဆိုင်မလဲ? ဆိုတာကို ဇာတ်လမ်းအဆုံးအထိ စက္ကန့်မလပ် ရင်တထိတ်ထိတ်နဲ့ ကိုယ်တိုင်ပိ-တ်-မိနေသလိုမျိုး ခံစားကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို Survival ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ နောက်ဆက်တွဲ အလှည့်အပြောင်းတွေနဲ့ အသ-က်-လုရု-န်းက-န်ရပုံတွေကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ အညွှန်းကိုတော့အေတီချန်နယ်ကရေးပြီး Kit Toke layက ဘာသာပြန်တယ် ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld78946/643

Repost from N/a
Ki*si K*a Bh*ai Ki*si K*i Ja*an(2023) Genre: Action, Romance ဒီကားလေးကတော့ နာမည်ကြီး မင်းသား Salman Khanရဲ့ Action Romanceကား
Ki*si K*a Bh*ai Ki*si K*i Ja*an(2023) Genre: Action, Romance ဒီကားလေးကတော့ နာမည်ကြီး မင်းသား Salman Khanရဲ့ Action Romanceကားလေးပါ။ မိဘတွေမရှိပဲ တကိုယ်တည်း ကြိုးစားကြီးပြင်းလာခဲ့တဲ့ ဘာဟိဂျန်(မင်းသား)ဟာ သွေးမတော် သားမစပ်တဲ့ မို့၊အချစ်၊အက်ရှ်ဆိုတဲ့ သူ့လိုမိဘမဲ့ကလေးသုံးယောက်ကို သူ့ညီအရင်းသဖွယ် ကြိုးစားစောင့်ရှောက်ပျိုးထောင်ပေးခဲ့တယ်။ မိန်းမယူချိန်တန်နေပြီဖြစ်တဲ့ ဘာဟိဂျန်က သူ့ညီသုံးယောက်အတွက် အနစ်နာခံပြီး မိန်းမမယူပဲနေနေပါတယ်။ သူ့ညီသုံးယောက်ကတော့ မိန်းမယူချင်နေတော့ လူပျိုကြီးအကိုကြီး ဘာဟိဂျန်အတွက် ကောင်မလေးရှာပုံတော်ဖြစ်လာတယ်။ သူတို့ရှာတွေ့လိုက်တဲ့ကောင်မလေးဟာ ဘာဟိဂျန်ရဲ့ exနာမည်နဲ့တူနေတဲ့ ဘာဟတ်ဂရာဆိုတဲ့ မိန်းမငယ်ချောချောလှလှလေးဖြစ်နေတဲ့အခါ…. ဒီလိုနဲ့ ဘာဟိဂျန်က သူ့exနဲ့နာမည်တူနေတဲ့ ကောင်မလေး ဘာဟတ်ဂရာနဲ့ အဆင်ပြေနိုင်ပါ့မလား? ဘယ်လိုတွေRoကြမလဲဆိုတာကို အခုပဲကြည့်ကြည့်လိုက်တော့နော် ဇာတ်ကားလင့်🔽🔽🔽 https://t.me/c/3987593098/162

Repost from N/a
Once Upon A Time in Middle East (2026) 9-11-အကြ-မ်းဖ-က်တို-က်ခို-က်မှုဖြစ်ပွားပြီးနောက်မှာ အမေရိကန်နဲ့အရှေ့အလယ်ပိုင်းစ-စ်ရေးတ
Once Upon A Time in Middle East (2026) 9-11-အကြ-မ်းဖ-က်တို-က်ခို-က်မှုဖြစ်ပွားပြီးနောက်မှာ အမေရိကန်နဲ့အရှေ့အလယ်ပိုင်းစ-စ်ရေးတွေပြ-င်းထ-န်နေတဲ့ကာလမှာ အရှေ့အလယ်ပိုင်းမှာ အလုပ်သွားလုပ်တဲ့ တရုတ်စားဖိုမှူးတစ်ယောက်ရဲ့ စ-စ်မြေပြင်ပေါ်မှာ အ-န္တ-ရာ-ယ်တွေကြားကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံအကြောင်းကိုပုံဖော်ထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ရွှီဖူဆိုတဲ့ တရုတ်စားဖိုမှူးတစ်ယောက်ဟာ အကြွေ-းတွေဆပ်ဖို့နဲ့ မိသားစုကိုထောက်ပံ့ဖို့အတွက် အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုကို အလုပ်လုပ်ဖို့ရောက်လာခဲ့ပါတယ်။ အဲဒီမှာ ဆိုင်မန်နေဂျာ မာကျွင့်ရှန်းနဲ့တွေ့ပြီး လုံ(နဂါး)စားသောက်ဆိုင်ကို အတူတူလုပ်ကိုင်ခဲ့ပါတယ်။ စားဖိုမှူးရွှီရဲ့ စ-စ်မှန်တဲ့တရုတ်ဟင်းလျာလက်ရာကြောင့် လုံစားသောက်ဆိုင်လေးက အချိန်တိုအတွင်းမှာပဲ ကျော်ကြားပြီး နာမည်ကြီးလူသိများလာပါတယ်။ အရာရာဟာအဆင်ပြေနေချိန်မှာ မထင်မှတ်ပဲ စ-စ်ပွဲကြီးဖြစ်လာတော့ အခြေအနေတွေက အရှိန်အဟုန်နဲ့ဆို-းရွာ-းသွားပါတယ်။ စ-စ်မီ-းလျှံတွေကြားမှာ ဘယ်သူမှမလွတ်မြောက်နိုင်သလို စားဖိုမှူးရွှီနဲ့ မန်နေဂျာမာတို့ဟာလဲ စ-စ်ပွဲဆိုတဲ့ က-ပ်ဘေ-းကြီးနဲ့ရင်ဆိုင်ရပါတော့တယ်။ ပ-စ်ခ-တ်-သံတွေနဲ့ရှုပ်ထွေးနေတဲ့ စ-စ်မြေပြင်ကြီးမှာ သူတို့နှစ်ယောက်ဟာ စားသောက်ဆိုင်လေးကိုကာကွယ်ရင်း ရှ-င်သ-န်ရေးအတွက် အသ-က်-လုရု-န်းက-န်ကြခဲ့ရတဲ့ ဘ-ဝအတွက်မမေ့နိုင်တဲ့ကာလအပိုင်းအခြား အတွေ့အကြုံတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/paradise23r/151

Repost from N/a
I A-m G-d(2025) ငါကဘုရားသခင် +++++++++++++++++ တစ်ပုံစံတည်းသေနေကြတဲ့ ကွင်းဆက်လူသတ်မှုတွေ .. လက်ညှိုးတစ်ချောင်းကိုယူသွားပြီး အ
I A-m G-d(2025) ငါကဘုရားသခင် +++++++++++++++++ တစ်ပုံစံတည်းသေနေကြတဲ့ ကွင်းဆက်လူသတ်မှုတွေ .. လက်ညှိုးတစ်ချောင်းကိုယူသွားပြီး အရသာခံထူးဆန်းတဲ့နည်းလမ်းတွေကြောင့် မီဒီယာကပါ စိတ်ဝင်စားကြတဲ့ အမှုတစ်ခု ။ ဒီအမှုမှာ တရားခံက ဘယ်သူလဲသူ့နာမည်က ဒေဗာ ကောလိပ်ကျောင်းမှာ သူ့ကိုမသိတဲ့လူမရှိ ထိပ်ထိပ်ကြဲလူမိုက်တစ်ယောက် ဆရာတွေကအစ ကြောက်ကြတဲ့ ဆရာတစ်ဆူပေါ့ဗျာ ဒီလိုလူမိုက်မှာ ရည်းစားလေးတော့ရှိသေးသဗျ ရည်းစားလေးကို လူထိမခံ ရည်းစားထိ ဓားကြည့်လူမျိုး ကောင်မလေးကြောင့် ရန်ပွဲတွေ ခဏခဏဖြစ်ရင်း မထိသင့်တဲ့လူရဲ့သားကိုမှ သွားရန်လုပ်မိခဲ့တယ် ဒီကနေစခဲ့တဲ့ရန်ပွဲက ဘယ်ထိတွေဆက်သွားမလဲ ကွင်းဆက်လူသတ်မှုနဲ့သူတို့ဘယ်လိုပတ်သက်မိမလဲဆိုတာကိုတော့....။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/c/3987593098/159

Repost from N/a
Polong (2026) မလေးရှားစုန်းကားသစ် IMDb Rating (6.7) ဒီဇာတ်ကားကတော့ အခုမှ ထွက်ထားတဲ့ မလေးရှားစုန်းကားဖြစ်ပြီး မလေးရှားစုန်းကား
Polong (2026) မလေးရှားစုန်းကားသစ် IMDb Rating (6.7) ဒီဇာတ်ကားကတော့ အခုမှ ထွက်ထားတဲ့ မလေးရှားစုန်းကားဖြစ်ပြီး မလေးရှားစုန်းကားဆိုတာက ကျွန်တော်တို့ ငယ်ငယ်က ကြောက်ကြောက်နဲ့ ကြည့်ပြီး အိမ်သာမသွားရဲခဲ့တဲ့ သရဲကားတွေဆိုတော့ ကြည့်လို့ကောင်းမှာ အသေအချာပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ သတင်းထောက်တစ်ယောက်ဟာ ထောင်တွင်းက အကျဉ်းသူတစ်ယောက်ရဲ့ သတင်းပေးမှုနဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကွင်းဆက်လူသတ်သမားကို မြှုပ်ထားတယ်ဆိုတဲ့ အိမ်ဝင်းထဲက အပင်အောက်က မြေပုံကို သွားတူးခဲ့ရာကနေ အရိုးတွေကို မတွေ့ဘဲ ထူးဆန်းတဲ့ပုလင်းတွေကို ရှာတွေ့ခဲ့ပါတယ်။ ဖြစ်ချင်တော့ အဲဒီပုလင်းတွေက ပိုလွန်ဆိုတဲ့ ပရလောကသား သရဲသဘက်တွေကို ဖမ်းချုပ်ရာမှာ စုန်းမတွေ အသုံးပြုတဲ့ ပုလင်းတွေ ဖြစ်နေပြီး အဲဒီမိစ္ဆာကောင်တွေကို လွှတ်ပေးမိသလို ဖြစ်သွားပါတော့တယ်။ ဒီတော့ သူမအနေနဲ့ သူမကိုယ်တိုင်ရော သူမချစ်ခင်ရသူတွေကိုပါ ဒီသရဲသဘက်တွေရန်ကနေ ဘယ်လိုကျော်ဖြတ်ကြမလဲ၊ လွတ်ရော လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/paradise3456r/147

Repost from N/a
Bell Bottom (2021) ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက အိန္ဒိယနိုင်ငံမှာ တကယ်ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပြန်ပေးဆွဲမှုတွေကို အခြေခံပြီး ရိုက
Bell Bottom (2021) ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက အိန္ဒိယနိုင်ငံမှာ တကယ်ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပြန်ပေးဆွဲမှုတွေကို အခြေခံပြီး ရိုက်ကူးထားတာပါ။ အက္ကရှေးကူမား (Akshay Kumar) က "Bell Bottom" ဆိုတဲ့ လျှို့ဝှက်ကုဒ်နာမည်နဲ့ အိန္ဒိယထောက်လှမ်းရေး (RAW) အေးဂျင့်တစ်ယောက်အနေနဲ့ ပါဝင်ထားပါတယ်။ ပြန်ပေးဆွဲခံထားရတဲ့ လေယာဉ်ပေါ်က ဓားစာခံ ၂၁၀ ကို အသက်ရှင်လျက် ကယ်တင်ဖို့ သူဦးဆောင်ပြီး လျှို့ဝှက်စစ်ဆင်ရေးကို ဘယ်လိုစိတ်ဝင်စားဖို့ကောင်းအောင် လုပ်ဆောင်သွားလဲ ဆိုတာကို ကြည့်ရမယ့် ဇာတ်ကားကောင်း တစ်ကားပါ။ အက္ကရှေးကူမားအပြင် Lara Dutta (ဝန်ကြီးချုပ် အင်ဒီရာဂန္ဒီ နေရာကနေ ပီပြင်စွာ သရုပ်ဆောင်ထားပါတယ်)၊ Vaani Kapoor နဲ့ Huma Qureshi တို့လို နာမည်ကြီး သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/c/3987593098/156

Repost from N/a
ထိုင်းရုံတင်ကားသစ် Ghostfluencer (2026) ဒီဇာတ်ကားကတော့ Romance, Comedy နဲ့ Horror အမျိုးအစား ထိုင်းရုပ်ရှင်ဇာတ်ကားသစ်ပဲ ဖြစ်ပ
ထိုင်းရုံတင်ကားသစ် Ghostfluencer (2026) ဒီဇာတ်ကားကတော့ Romance, Comedy နဲ့ Horror အမျိုးအစား ထိုင်းရုပ်ရှင်ဇာတ်ကားသစ်ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Anawat Phromchae က ကိုယ်တိုင် ဇာတ်ညွှန်းရေးသားပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ အဓိက သရုပ်ဆောင်တွေအဖြစ် Pichukkana Wongsarattanasin, Boonyakait Wongsajaem နဲ့ Phulita Supinchompooas တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းကတော့ လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုကျော်ကတည်းက သေဆုံးသွားခဲ့တဲ့ ထိုင်းမြောက်ပိုင်းက နာမည်မရှိတဲ့ သရဲမလေးတစ်ကောင်ဆီကနေ စတင်ပါတယ်။ သူဟာ နောင်လာနောက်သားတွေ အမှတ်ရနေမယ့် ဂန္ထဝင် သရဲမကြီး တစ်ကောင်ဖြစ်လာဖို့ ရည်ရွယ်ချက် ရှိနေသူပါ။ မမေ့နိုင်စရာ အချစ်ဇာတ်လမ်းတစ်ခုကို ဖန်တီးဖို့အတွက် သူ့ရဲ့ အတိတ်ဘဝက ဖူးစာရှင်ကို လိုက်လံရှာဖွေပါတော့တယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ အဲဒါကတော့ သူချစ်ရတဲ့သူဟာ ဒီဘဝမှာ မီးရှူးမီးပန်း လုပ်တဲ့သူ (firecracker maker) အဖြစ် ပြန်လည်ဝင်စားလာတာကြောင့် သရဲမလေးအနေနဲ့ သူ့အနားကို ကပ်လို့မရဖြစ်နေတာပါပဲ။ ဒီလို အခက်အခဲတွေကြားကနေ သူ့ရဲ့ ဂန္ထဝင် အချစ်ဇာတ်လမ်းလေး အောင်မြင်အောင် ဘယ်လို ဆက်ကြိုးစားမလဲဆိုတာကို ရယ်မောစရာရော၊ ရင်ခုန်စရာပါ ကြည့်ရှုရမယ့် ဇာတ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ သာမန် သရဲကားတွေလို ကြောက်စရာကောင်းအောင် ရိုက်ကူးထားတာမျိုး မဟုတ်ဘဲ ရယ်မောပျော်ရွှင်ရမယ့် အချစ်ဟာသ ပုံစံမျိုး တင်ဆက်ထားတာပါ။ ထိုင်းမြောက်ပိုင်းရဲ့ ရိုးရာအငွေ့အသက်တွေနဲ့အတူ သရဲမလေးရဲ့ ချစ်စရာကောင်းတဲ့ ကြိုးစားအားထုတ်တာတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာမို့လို့ အချစ်ဟာသ သရဲကားကောင်းတွေကို သဘောကျတဲ့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/paradise234r/142

ကြည့်ပြီးတော့ အဲ့လောက်တောင်ကောင်းရသလားလို့တောင် ညွှန်းဆိုရတဲ့ ရုံတင်ကားသစ်ကြီး🔥🔥 အကြွေးဆပ်ဖို့ အရှေ့အလယ်ပိုင်းအထိ သွားပြီး
ကြည့်ပြီးတော့ အဲ့လောက်တောင်ကောင်းရသလားလို့တောင် ညွှန်းဆိုရတဲ့ ရုံတင်ကားသစ်ကြီး🔥🔥 အကြွေးဆပ်ဖို့ အရှေ့အလယ်ပိုင်းအထိ သွားပြီး စားသောက်ဆိုင်ဖွင့်ခဲ့တဲ့ တရုတ်စားဖိုမှူးတစ်ယောက်မထင်မှတ်ဘဲ စစ်ပွဲကြီးနဲ့ တိုးမိသွားတဲ့အခါ... ရွှီဖူဆိုတဲ့ တရုတ်စားဖိုမှူးတစ်ယောက်ဟာ အကြွေ-းတွေဆပ်ဖို့နဲ့ မိသားစုကိုထောက်ပံ့ဖို့အတွက် အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုကို အလုပ်လုပ်ဖို့ရောက်လာခဲ့ပါတယ်။ အဲဒီမှာ ဆိုင်မန်နေဂျာ မာကျွင့်ရှန်းနဲ့တွေ့ပြီး လုံ(နဂါး)စားသောက်ဆိုင်ကို အတူတူလုပ်ကိုင်ခဲ့ပါတယ်။  စားဖိုမှူးရွှီရဲ့ စ-စ်မှန်တဲ့တရုတ်ဟင်းလျာလက်ရာကြောင့် လုံစားသောက်ဆိုင်လေးက အချိန်တိုအတွင်းမှာပဲ ကျော်ကြားပြီး နာမည်ကြီးလူသိများလာပါတယ်။ အရာရာဟာအဆင်ပြေနေချိန်မှာ မထင်မှတ်ပဲ စ-စ်ပွဲကြီးဖြစ်လာတော့ အခြေအနေတွေက အရှိန်အဟုန်နဲ့ဆို-းရွာ-းသွားပါတယ်။ စ-စ်မီ-းလျှံတွေကြားမှာ ဘယ်သူမှမလွတ်မြောက်နိုင်သလို စားဖိုမှူးရွှီနဲ့ မန်နေဂျာမာတို့ဟာလဲ စ-စ်ပွဲဆိုတဲ့ က-ပ်ဘေ-းကြီးနဲ့ရင်ဆိုင်ရပါတော့တယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/dreamworld78946/633

ဒီနေ့အတွက် ငွေထုတ်! 💸⚡️ စိတ်ချယုံကြည်ရတဲ့ CEO CLUB ရဲ့ ငွေထုတ်စနစ်နဲ့ဆိုရင် မိတ်ဆွေတို့ရဲ့ အနိုင်ကြေးတွေက အမြဲတမ်း အသင့်ပါပဲ
ဒီနေ့အတွက် ငွေထုတ်! 💸⚡️ စိတ်ချယုံကြည်ရတဲ့ CEO CLUB ရဲ့ ငွေထုတ်စနစ်နဲ့ဆိုရင် မိတ်ဆွေတို့ရဲ့ အနိုင်ကြေးတွေက အမြဲတမ်း အသင့်ပါပဲ။ ၂၄ နာရီပတ်လုံး အလျော်အစား မှန်ကန် စိတ်ချရတာမို့ ဒီနေ့ရဲ့ အနိုင်ပွဲတွေကို CEO CLUB မှာ အခုပဲ တန်းထုတ်လိုက်ပါ! 🎰✨ 👇👇ဆက်သွယ်ရန်👇👇 📱👑: @ceoclub78 / 09650508216 📱👑: https://t.me/ceoclub78 📱👑: 09978928262 📱👑: https://msng.link/o?+959978928262=vi

Repost from N/a
Rakshasi (2017) "အမူရာ နတ်ဆိုး" ဇာတ်လမ်းအညွှန်း... မိသားစုတစ်ခု နေရာသစ်မှာ အိမ်တစ်လုံးဝယ်လိုက်ပြီး လင်မယားနှစ်ယောက်ရယ်သူတို့အ
Rakshasi (2017) "အမူရာ နတ်ဆိုး" ဇာတ်လမ်းအညွှန်း... မိသားစုတစ်ခု နေရာသစ်မှာ အိမ်တစ်လုံးဝယ်လိုက်ပြီး လင်မယားနှစ်ယောက်ရယ်သူတို့အဖွားရယ် သူတို့ကလေးနှစ်ယောက်နဲ့ ပြောင်းလာကြတယ် စရောက်တဲ့နေ့ညပိုင်းမှာပဲ သူတို့အဖွားက ဒီအိမ်ကိုနည်းနည်းမသင်ကာဖြစ်လာတယ် နောက်ရက်ကျတော့ အဖွားကြီးက ဒီအိမ်မှာသရဲရှိတယ်ထင်ပြီး မြေးမကိုပြောတော့ အိမ်အသစ်မို့လို့စိတ်ထင်တာပါဆိုပြီး လက်မခံတာနဲ့ အဖွားကြီးက နာမည်ကြီး ပုဏ္ဏားတစ်ပါးဆီသွားပြီးအကူညီတောင်းတယ်၊ ပုဏ္ဏားက အဲ့ဒါနဲ့အစီအရင်တွေလုပ်ခိုင်းလိုက်တယ် နောက်နေ့ကျအဖွားကြီးပြန်သွားပြီး ပုဏ္ဏားလုပ်ခိုင်းတဲ့အစီအရင်ပစ္စည်းကိုပြန်ပြတော့ ပုဏ္ဏားက ခင်ဗျားအိမ်မှာ အားကြီးတဲ့သရဲရှိနေတယ်ဆိုပြိး ဘယ်လိုသရဲမျိုးမဆို နှိမ်နင်းနိုင်တဲ့ ပုဏ္ဏားတစ်ပါးကိုမနက်ဖြန်ကျတော့ အဖွားကြီးအိမ်ကိုလွှတ်လိုက်တယ် အဲ့ပုဏ္ဏားလဲ အဖွားကြီးအိမ်ရောက်တော့ သရဲသတ်တာခံလိုက်ရတယ် ဒီလိုပုဏ္ဏားမျိုးတောင်အသတ်ခံလိုက်ရတယ်ဆိုတော့ ဘယ်လို သရဲမျိုးလဲ ဒီအိမ်မှာရော ဘယ်လိုအကြောင်းတွေကြောင့်ရှိနေတာလဲ ဒီသရဲကိုရောနှိမ်နင်းနိုင်မလား အဖွားကြီးတို့ မိသားစုရော ဒီသရဲလက်ကနေလွတ်ပါ့မလား ဆိုတာကတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုအားပေးကြပါအုန်းခင်ဗျာ... ဇာတ်ကားလင့်🔽🔽🔽 https://t.me/c/3987593098/152 #Crd

Repost from N/a
"T_a Kh-o_n: T-h-e Cu-rs-e_d M-as-k" (2-0-2-5) "ကျိန်စာသင့် မျက်နှာဖုံး" ====================================================
"T_a Kh-o_n: T-h-e Cu-rs-e_d M-as-k" (2-0-2-5)  "ကျိန်စာသင့် မျက်နှာဖုံး" ========================================================= IMDB ⭐️ 7/10 ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ "ဖီတံခွန်" ဆိုတဲ့ ရိုးရာမျက်နှာဖုံးပွဲတော်ကို အခြေခံပြီးတော့ ရိုက်ကူးတင်ဆက်ထားတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ "ဖီတံခွန်" ပွဲတော်ကတော့ ဒေသခံအတွင်းမှာရှိတဲ့ ဘိုးဘေးဝိညာဉ်တွေကို အရိုအသေပြုလုပ်တဲ့ပွဲပဲဖြစ်ပါတယ်။ ဒီပွဲတော်မှာဆိုရင် ဒေသခံတွေဟာ မျက်နှာဖုံးတွေပြုလုပ်ကြပြီးတော့ ပွဲတော်ရက်အတွင်းမှာ မျက်နှာဖုံးတွေ တပ် ခေါင်းလောင်းသံတွေ တချွင်ချွင်နဲ့ ဘိုးဘေးဝိညာဉ်တွေကို ပူဇော်ပြီးနောက်မှာ ပွဲတော်ပြီးတာနဲ့ အဲဒီမျက်နှာဖုံးတွေကို မြစ်ထဲမျှောကာ အညစ်အကြေးတွေ သန့်စင်သွားတယ်လို့ ယူဆကြပါတယ်။ ဒါပေမဲ့လည်း ဒီပွဲတော်မျက်နှာဖုံးတွေရဲ့ နောက်ကွယ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ရှေးဟောင်းကျိန်စာတစ်ခု ရှိနေပါတယ်။ ဂျွိုင်လို့ခေါ်တဲ့ကောင်လေးဟာ ညီမဖြစ်သူ ဂျက်ရယ် အဘွားဖြစ်သူ အဘွားသင်တို့နဲ့အတူ နေထိုင်နေပါတယ်။ အဘွားသင်ဟာ သူ့ခင်ပွန်းဖြစ်သူက ရွာသားတွေကို နတ်ကွန်းဆောက်ဖို့အတွက် သူတို့ပိုင်မြေထဲကနေ ခွဲပေးထားတဲ့မြေကို ခင်ပွန်းဖြစ်သူဆုံးသွားချိန်မှာတော့ ပြန်တောင်းပြီး သားဖြစ်သူအတွက် အိမ်ဆောက်ပေးခဲ့ရာကနေ ဒီဇာတ်လမ်းက စတင်ခဲ့တာဖြစ်ပါတယ်။ နတ်ကွန်းပိုင်မြေကို ပြန်ယူလိုက်ကတည်းက သူတို့မိသားစုဟာ ကံဆိုးမှုတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်။ နောက်ဆုံး အဘွားသင်ရဲ့ သားဖြစ်သူ ဆုံးသွားတဲ့အထိပါပဲ။ ဒီလိုနဲ့ နေလာရင်း မြေးဖြစ်သူ ဂျွိုင် အရွယ်ရောက်လာတဲ့အချိန်ထိ အဘွားသင်ဟာ သားဖြစ်သူဆုံးသွားတာကို လက်မခံနိုင်ဖြစ်လို့နေပါတယ်။ ဒီလိုနဲ့ အဘွားသင်တစ်ယောက် မျက်နှာဖုံးစွပ်လျက်နဲ့ သေဆုံးသွားရာကနေ ဘာတွေ ဆက်ဖြစ်မလဲ ...... အဘွားသင်ရဲ့ သေဆုံးမှုနောက်ကွယ်က ရိုးရဲ့လား ..... ဒီသတင်းကို လိုက်တဲ့ သတင်းထောက်မလေးနဲ့ ဂျွိုင်တို့ကရော ဘယ်လိုဇာတ်လမ်းတွေ ဖြစ်လာမလဲ ....... "ဖီတံခွန်" ပွဲတော်ကြီးနဲ့ ဂျွိုင်တို့မိသားစုရဲ့ ကံဆိုးမှုတွေကရော ဆက်စပ်နေမလား.... ဆိုတာတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် သမိုင်းနောက်ခံအကြောင်းအရာတွေနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်ကားလင့်🔽🔽🔽 https://t.me/paradise3456r/141

"နိုင်အောင်သာ ကစား... ပြီးရင် စိတ်ကြိုက်သာ ထုတ်!" 💸 စောင့်ဆိုင်းစရာမလိုတဲ့ ငွေထုတ်/ငွေသွင်း စနစ်၊ အလန်းစား ဘောနပ်စ်အစီအစဉ်တွ
"နိုင်အောင်သာ ကစား... ပြီးရင် စိတ်ကြိုက်သာ ထုတ်!" 💸 စောင့်ဆိုင်းစရာမလိုတဲ့ ငွေထုတ်/ငွေသွင်း စနစ်၊ အလန်းစား ဘောနပ်စ်အစီအစဉ်တွေနဲ့အတူ အနိုင်ကြေးတွေကို အပိုင်သိမ်းဖို့ CEO CLUB နဲ့ အခုပဲ လက်တွဲလိုက်ပါ။ 💎🔥 👇👇ဆက်သွယ်ရန်👇👇 📱🍭: @ceoclub78 / 09650508216 📱🍭: https://t.me/ceoclub78 📱🍭: 09978928262 📱🍭: https://msng.link/o?+959978928262=vi