ru
Feedback
The Guy with the Name of "ဂန္ဓမာ"

The Guy with the Name of "ဂန္ဓမာ"

Открыть в Telegram

ကျွန်တော်က မကြာခင် မျိုးသုန်းပျောက်ကွယ်တော့မယ့် ကဗျာဆရာပဲ ။ (၂၀၂၃)

Больше
Страна не указанаКатегория не указана
2 722
Подписчики
+1724 часа
+797 дней
+38530 дней
Архив постов
The 1975 × ဂန္ဓမာ ( collaboration )
The 1975 × ဂန္ဓမာ ( collaboration )

တစ်ကယ့်ဘဝအစစ်အမှန်ဆိုတာ လူတွေနဲ့ ဝေးရာအရပ်မှာ စာလေးတစ်ကြောင်း ထိုင်ရေးဖြစ်တဲ့ အခိုက်အတန့်လေးတစ်ခုလည်း ဖြစ်ချင်ဖြစ်နိုင်တယ် ။ ▪️ဂန္ဓမာ

မနက်ဖြန်တွေအများကြီးထဲမှာမှ ဒီနေ့ဆိုတာကို အကောင်းဆုံး လုပ်ရုံပါပဲ ။ ဒီထက်လည်း မပိုခဲ့ပါဘူး ။ ▪️ဂန္ဓမာ

စိတ်ထဲက အသံတွေကိုကြားရဖို့ နားရွက်တွေမလိုဘူး နှလုံးသားတစ်စုံရှိရင် လုံလောက်ပြီ ။ ▪️ဂန္ဓမာ
စိတ်ထဲက အသံတွေကိုကြားရဖို့ နားရွက်တွေမလိုဘူး နှလုံးသားတစ်စုံရှိရင် လုံလောက်ပြီ ။ ▪️ဂန္ဓမာ

မေ့မေ့ပျောက်ပျောက် ဖြစ်သွားတဲ့တစ်နေ့ ကိုယ်မင်းကိုမေ့နေကြောင်း ပြန်သတိရမိဦးမှာ ။ ▪️ဂန္ဓမာ ​"Even when I finally forget, I will still remember That I forgot you."

လက်ကလေးတစ်စုံ လွှတ်ပေးလိုက်နိုင်ရင်တောင် မှတ်ဉာဏ်နဲ့ အမှတ်တရတွေကိုတော့ ငါတို့ မလွှတ်ချနိုင်ခဲ့ဘူး ။ ▪️ဂန္ဓမာ
လက်ကလေးတစ်စုံ လွှတ်ပေးလိုက်နိုင်ရင်တောင် မှတ်ဉာဏ်နဲ့ အမှတ်တရတွေကိုတော့ ငါတို့ မလွှတ်ချနိုင်ခဲ့ဘူး ။ ▪️ဂန္ဓမာ

နာကျင်စရာတွေသာ မရှိခဲ့ရင် ငါတို့ဘယ်တော့မှ ရင့်ကျက်သူတွေ ဖြစ်လာမှာ မဟုတ်ဘူး ။ ▪️ဂန္ဓမာ ​"Pain is the only price For maturity."
နာကျင်စရာတွေသာ မရှိခဲ့ရင် ငါတို့ဘယ်တော့မှ ရင့်ကျက်သူတွေ ဖြစ်လာမှာ မဟုတ်ဘူး ။ ▪️ဂန္ဓမာ ​"Pain is the only price For maturity." ▪️Gandamar

ပြစ်မှုကျူးလွန်သူဟာ အခင်းဖြစ်ပွားခဲ့တဲ့နေရာလေးကို နှစ်ခါပြန်လာတတ်တယ်တဲ့ ကျွန်တော်ဒီရာသီရောက်ရင် ဒီနေရာလေးကို မကြာခဏ ပြန်လာတတ်
ပြစ်မှုကျူးလွန်သူဟာ အခင်းဖြစ်ပွားခဲ့တဲ့နေရာလေးကို နှစ်ခါပြန်လာတတ်တယ်တဲ့ ကျွန်တော်ဒီရာသီရောက်ရင် ဒီနေရာလေးကို မကြာခဏ ပြန်လာတတ်ပါတယ် ။ နှစ်ဦးသဘောတူ ခွဲခွာခြင်းဆိုတာမရှိပါဘူး ပိုချစ်တဲ့သူတွေဟာ လမ်းတစ်ဝက်မှာ ကျကျန်ပေးခဲ့ရုံပါပဲ ။ ▪️ဂန္ဓမာ

ငါတို့ရှိနေခဲ့တဲ့နေရာမှာ တခြားလူတွေ ရောက်ရှိလာဦးမှာပါ အဲ့လူတွေက ငါတို့ ရှိခဲ့မှန်းတောင် သူတို့မသိဘဲပေါ့ ။ ▪️ဂန္ဓမာ

ဘဝဆိုတာ နာကျင်စရာတွေစုပြုံနေပြီး ဘာကိုမှ သေချာ ပြောခွင့်မရှိခြင်းပဲ ။ ▪️ဂန္ဓမာ ဘဝဆိုတာ ဓားချက်တွေ မွှန်းထားတဲ့ အရှင်လတ်လတ် ငါးပဲ ။ ▪️မောင်ချောနွယ်

အဖြစ်အပျက်အားလုံးဟာ အိပ်မက်တစ်ခုသာဖြစ်နေခဲ့ပြီး အရာအားလုံးကို အကောင်းအတိုင်း ပြန်မြင်ရချင်တယ် ။ ▪️ဂန္ဓမာ

မချစ်ရင် ပန်းတစ်ပွင့်ခူးပေးရတာကအစ ပင်ပန်းရတယ် နှင်းသဒ္ဒါ မင်းပင်ပန်းမှာစိုးလို့ မတုံမလှုပ် လှည့်ထွက်ပေးရဲတာလည်း ချစ်ခြင်းမေတ္
မချစ်ရင် ပန်းတစ်ပွင့်ခူးပေးရတာကအစ ပင်ပန်းရတယ် နှင်းသဒ္ဒါ မင်းပင်ပန်းမှာစိုးလို့ မတုံမလှုပ် လှည့်ထွက်ပေးရဲတာလည်း ချစ်ခြင်းမေတ္တာပါပဲ နောက်မှ အလဲလဲအကွဲကွဲ ဖြစ်တာတော့ ကိုယ့်ဘဝနဲ့ကိုယ်ပေါ့ ။ ▪️ဂန္ဓမာ ▪️နှင်းသဒ္ဒါ -၂ ​"If there's no love, even giving a flower feels like a chore. I walked away without a word because I didn't want you tired. That's my way of loving you. Whatever happens to my broken soul afterward... That is my own story to bear." ▪️Gandamar

အခုခေတ် အချစ်ရေးမှာဆိုးဆိုးဝါးဝါးကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာရနေတဲ့လူငယ်တွေအတွက် ကျနော်ရည်ရွယ်ခဲ့ပါတယ် ဘဝဆိုတာ ဘယ်တော့မှအကောင်းအတိုင်းပြန်မဖြစ်နိုင်တော့တဲ့အရာပဲ အရင်အချိန်တွေဟာ ဘယ်တော့မှပြန်မရနိုင်တော့တဲ့အရာတွေဆိုတာ ကျနော်တို့ လက်ခံလိုက်ဖို့လိုတယ် ပြီးတော့ဘဝကို ကိုယ်ဝါသနာပါတာလေးတွေလုပ်ရင်း ဖြတ်သန်းပါ ၊ကိုယ့်ကို ပျော်ရွှင်စေမဲ့အရာလေးတွေ လုပ်ပေးပါ ကျနော်တို့ထင်ခဲ့ကြတယ် တစ်နေ့နေ့တချိန်ချိန် ဒီအကြောင်းအရာတွေကို လုံးဝမေ့မေ့ပျောက်ပျောက်ဖြစ်သွားမယ်လို့ တကယ်က အဲ့လိုလုံးဝမေ့ပျောက်သွားမှာတော့မဟုတ်ဘူး ဒါပေမဲ့ အချိန်တွေကြာလာတဲ့အခါ နာကျင်မှုတွေပြေလျော့သက်သာလာမှာပါ ကျနော့်တုန်းက နာကျင်ခဲ့ရတဲ့အချိန်တွေကို အနုညံ့ဆုံး အနုပညာနဲ့ ဘာသာတရားတွေနဲ့ တစ်ယောက်တည်းအချိန်ကုန်ခဲ့ဖူးတယ် မနက်နိုးလာတာနဲ့ တဆစ်ဆစ် နာကျင်နေတဲ့စိတ်အခြေအနေတွေကို ကိုယ့်ကိုယ်နားလည်ပြီးထပ်တူကြုံတွေ့ခဲ့ရဖူးသူတွေရဲ့ ကဗျာတွေ စာတွေ ဖတ်ဖြစ်ခဲ့တယ် အားလပ်တဲ့နေ့လည်ခင်းတွေမှာ တရားထိုင်ဖြစ်ခဲ့တယ် ၊ ပြီးတော့ အနုညံ့ဆုံးဘာသာတရားတွေအကြောင်းကျနော်လေ့လာခဲ့တယ် ဒါတွေကပဲကျနော့်ကိုပြန်ကုစားပေးခဲ့တယ် ဘုရားသခင်ဟာ ကျနော်တို့ကိုချစ်တယ် ဆိုတဲ့ ခရာစ်ယာန် ဘာသာနဲ့အတူ ကျနော် စတင်ပြီး ကိုယ့်နာကျင်မှုတွေကို ဖြေဖျောက်ဝတ်ပြုဆုတောင်းခဲ့တယ် သီချင်းတွေဆိုရင်း နောက်ပိုင်းမှာ ဗုဒ္ဓဟောကြားခဲ့တဲ့ တရားဓမ္မတွေဟာ ကျနော့်ရဲ့နာကျင်ဆင်းရဲခြင်းတွေကို ရည်ရွယ်ပြီး ဟောကြားခဲ့တဲ့ တရားတွေမှန်း ကျနော်နားလည်လာခဲ့တယ် နေ့စဉ်နဲ့အမျှ ဗုဒ္ဓပြောခဲ့တဲ့ စကားတွေနဲ့အညီ ကျနော် အထိအခိုက်နဲအောင် ရှင်သန်ခဲ့တယ် ကိုယ်ဟာနာကျင်ကျင်သတိရတိုင်းမှာ သူတစ်ယောက်ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ရှိနေဖို့ နဲ့ ကိုယ့်လို နာကျင်မှုတွေမခံစားရစေဖို့ စိတ်ထဲက နှစ်နှစ်ကာကာဆုတောင်းပေးခဲ့တယ် ဒါဟာလည်းလူတစ်ယောက်ရဲ့အဆင့်အမြင့်ဆုံးချစ်ခြင်းမေတ္တာပါပဲ ဒီလိုနဲ့ပဲ နာကျင်ခက်ခဲခဲ့ရတဲ့အချိန်တွေကို ၄နှစ်နီးပါး အနုအညာ ဘာသာတရားတွေနဲ့ ကုစားရင်း ဒဏ်ရာတွေဟာ အရင်လို မကိုက်ခဲတော့ပဲ တဖြည်းဖြည်း ပြေလျော့ သက်သာလာခဲ့တယ် ( တကယ်လို့အနုပညာနဲ့ ဘာသာတရားတွေသာ မရှိခဲ့ရင် ကျနော်အခုချိန်ထိ အသက်ရှင်လျက် တည်ရှိနေမှာမဟုတ်သလို ဂန္ဓမာဆိုတဲ့ လူတစ်ယောက်ဟာလည်း ဘယ်တုန်းကမှ ရှိလာခဲ့မှာမဟုတ်ပါဘူး ) ဒါကြောင့် ကျနော်လို ဆိုးဆိုးဝါးဝါးအခြေအနေတွေနဲ့ကြုံတွေ့နေတဲ့လူငယ်တွေကို ကျနော် ဒီစာလေးနဲ့ ကိုယ်တတ်နိုင်သလောက်အလင်းလေးနဲ့ လမ်းပြပေးခဲ့ပါတယ် ဒီစာလေးဟာ နာကျင်စရာတွေနဲ့ ကိုယ့်ဘဝကိုယ်အဆုံးစီရင်ဖို့ကြိုးစားမိနေတဲ့ တစ်စုံတစ်ယောက်အတွက် အားကိုးစုပ်ကိုင်စရာလေးတစ်ခု ဆက်လက်အသက်ရှင်ဖို့အတွက် မျှော်လင့်ချက်လေးတစ်ခု ဖြစ်ခဲ့ရင်ကိုပဲ ကျနော်ကျေနပ်လှပါပြီ " ဘဝဆိုတာ ဆက်သွားနေဦးမှာပဲ ကြွေကျသွားတဲ့ သစ်ရွက်တွေအတွက် ဝမ်းမနည်းပါနဲ့ ရွက်သစ်တွေဝေလာမဲ့ တစ်ချိန်ဆိုတာ ရောက်ရှိလာဦးမယ် ကိုယ့်ကိုယ်ကို ဂရုစိုက်ရင်း ရှေ့ကိုဆက်သွားပေးပါ ဘယ်လောက်ပဲ နာကျင်ခက်ခဲနေပါစေပေါ့ ကျွန်တော်တို့ တစ်နေရာရာမှာ ပြန်တွေ့ချင်ပါတယ် " လူငယ်တွေအားလုံး အဖြစ်ဆိုးတွေ နာကျင်ဆင်းရဲခြင်းတွေကနေ လွတ်မြောက်ပြီး ဒဏ်ရာအနာတရတွေပြေလျော့သက်သာလာစေဖို့ ကျနော် မျှော်လင့်လျက် သင့်ရဲ့ ချစ်လှစွာသော - ဂန္ဓမာ -

လူတွေက ကြောက်နေကြတဲ့သတ္တဝါတွေပဲ ဘယ်သူမှမချစ်တော့မှာကြောက်တယ် အထင်သေးခံရမှာကြောက်တယ် လူရာမဝင်တော့မှာကြောက်တယ် ငါ့ဘဝတစ်လျှောက်လုံး ဒီအကြောက်တရားတွေနဲ့ပဲ ရှင်သန်လာခဲ့ရတာ ခဏလောက်ဖြစ်ဖြစ် ဘာကိုမှ မကြောက်ပဲ နေထိုင်ကြည့်ချင်မိတယ် ဘယ်သူမှ မချစ်တော့မှာ မကြောက်ဘဲ... လူတွေအထင်သေးမှာမကြောက်ဘဲ... လူရာမဝင်တော့မှာ မကြောက်ဘဲ... ။ ▪️ဂန္ဓမာ ▪️ခဏလောက်ဖြစ်ဖြစ် ▪️အက်ဆေး

ကျနော်တို့က အိပ်မက်ထဲ ခဏတဖြုတ်တွေ့ခဲ့တဲ့လူကိုမှ အဖြူစင်ဆုံး ချစ်မိသွားတာမျိုး ။ ▪️ဂန္ဓမာ (၂၀၁၇)

ကမ္ဘာကြီးကို ဒီထက်ပိုပြီး လင်းမြစေချင်တဲ့စိတ်ကလေးနဲ့ ကြိုးစားခဲ့မိတဲ့ ပိုးစုန်းကြူးငယ်ရယ်ပါ ။ ▪️ဂန္ဓမာ

▪️Gandamar
+3
▪️Gandamar

နောက်တစ်ကြိမ်တစ်ခါ ဘဝမှာရှင်သန်ခွင့်ရခဲ့ရင် စာမေးပွဲဖြေပြီးတဲ့ညနေခင်းတွေဆီ ပြန်သွားချင်တယ် တီဗီအတူကြည့်နေတဲ့ မိသားစုလေးဆီ ငါပြန်သွားချင်တယ် ။ ▪️ဂန္ဓမာ

▪️Gandamar @AungCheim
+2
▪️Gandamar @AungCheim

ဘုရားမပွင့်တဲ့နှစ်ကာလတွေမှာ ကိုယ့်ဉာဏ်လေးနဲ့ကိုယ် တတ်နိုင်သလောက် မထိခိုက်မပွန်းပဲ့အောင်နေထိုင်နေရတယ် ။ ▪️ဂန္ဓမာ @AungCheim