ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Открыть в Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Больше
286
Подписчики
Нет данных24 часа
+37 дней
-530 дней
Архив постов
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် Patuxai (Victory Gate) သို သွားရောက်လေ့လာ လာအိုနိုင်ငံသိ
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် Patuxai (Victory Gate) သို သွားရောက်လေ့လာ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ယနေ့ ဇူလိုင် ၄ ရက် နေ့လယ်ပိုင်းတွင် ဗီယင်ကျန်းမြိုရှိ လာအိုနိုင်ငံ၏ အမျိုးသားအထိမ်းအမှတ် အဆောက်အအုံဖြစ်သော Patuxai (Victory Gate) သို သွားရောက်လေ့လာခဲ့သည်။ သက်ထား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်အား လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက ဂါရဝပြု လာရောက်တွေ့ဆုံ လာအိုနိုင်ငံသို နိုင်ငံတော်အ
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်အား လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌက ဂါရဝပြု လာရောက်တွေ့ဆုံ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ယနေ့ ဇူလိုင် ၄ ရက်တွင် ဗီယင်ကျန်းမြို၌ လာအို-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ H.E. Mr. Chanthavong Seneamatmontry နှင့် တွေ့ဆုံကာ နှစ်နိုင်ငံချစ်ကြည်ရေး၊ ပြည်သူအချင်းချင်းဆက်ဆံရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ သက်ထား

လာအိုနိုင်ငံ၏ အထွတ်အမြတ်စေတီတော်ကြီး ထက်လုံသို မြန်မာနိုင်ငံတော်သမ္မတနှင့်ဇနီး တို သွားရောက်ဖူးမျှော် လာအိုနိုင်ငံသို နိုင်ငံ
လာအိုနိုင်ငံ၏ အထွတ်အမြတ်စေတီတော်ကြီး ထက်လုံသို မြန်မာနိုင်ငံတော်သမ္မတနှင့်ဇနီး တို သွားရောက်ဖူးမျှော် လာအိုနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ယနေ့ (ဇူလိုင် ၄ ရက်) နံနက်ပိုင်းတွင် လာအိုနိုင်ငံ၏ အထင်ကရ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ သာသနိကအမွေအနှစ်ဖြစ်သည့် ထက်လုံဘုရား (Pha That Luang) သို သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြသည်။ သက်ထား

လာအိုဗုဒ္ဓဘာသာအသင်းဗဟို ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံမှ သက်တော်(၁၀၆)နှစ်ရှိ ဘုန်းတော်ကြီးတိုအား နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင်
+9
လာအိုဗုဒ္ဓဘာသာအသင်းဗဟို ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံမှ သက်တော်(၁၀၆)နှစ်ရှိ ဘုန်းတော်ကြီးတိုအား နိုင်ငံတော်သမ္မတဦးမင်းအောင်လှိင်နှင့်ဇနီးဖူးမြှော်ကြည်ညို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီးသည် ယနေ့ ဇူလိုင် ၄ ရက်နံနက်ပိုင်းက ထက်လုံဘုရားဝင်းအတွင်းရှိ ဓမ္မခန်းမ၌ လာအိုဗုဒ္ဓဘာသာအသင်းဗဟို၏ ဥက္ကဋ္ဌနှင့် လာအိုနိုင်ငံ သံဃရာဇာဘုန်းတော်ကြီး Maha Ahjan Yai Mahaved Manenai နှင့် လာအိုနိုင်ငံမှ သက်တော် (၁၀၆)နှစ်ရှိ ဘုန်းတော်ကြီး Most Ven. Noi Sangvalo တိုအားဖူးမြော်ကြည်ညိုခဲ့သည်။ ထိုနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီးတိုသည် ဆရာတော်ကြီး(၂)ပါးအား လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ သက်ထား

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မ
+8
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိင် နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲသည် ဗီယင်ကျန်းမြိုရှိ လာအို အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းသိုသွားရောက်လေ့လာ လာအိုနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် ဇနီး ဒေါ်ကြူကြူလှတိုသည် ဗီယင်ကျန်းမြိုရှိ လာအို အသေးစား၊ အလတ်စား စက်မှုလုပ်ငန်း Phontong Handicrafts Cooperation and Cama Crafts သို သွားရောက်လေ့လာသည်။ သက်ထား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် လာအိုနိုင်ငံရှိ ထက်လွမ်ဘုရားအား ဖူးမျှော်ကြည်ညို လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို န
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် လာအိုနိုင်ငံရှိ ထက်လွမ်ဘုရားအား ဖူးမျှော်ကြည်ညို   လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ယနေ့ ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြိုရှိ ထက်လွမ်ဘုရားအား ဖူးမျှော်ကြည်ညိုခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့်ဇနီး ဒေါ်ကြူကြူလှ တိုသည် ထက်လွမ်ဘုရား အနောက်ဖက်မုဒ်ဦးမှတစ်ဆင့် ဝင်ရောက်၍ ဘုရားအား ဆွမ်း၊ ပန်း၊ ရေချမ်း၊ သစ်သီးများနှင့် ဆီမီးများ ဆပ်ကပ်ပူဇော်ခဲ့ကြပြီးနောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ထက်လွမ်ဘုရား၏ ဧည့်သည်တော်မှတ်တမ်း၌ လက်မှတ်ရေးထိုးခဲ့သည်။ သက်ထား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ ၃-၆-၂၀၂၆ လာအိ
+5
နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်အား လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ ၃-၆-၂၀၂၆ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်နှင့် ဇနီးတို့က လာအိုသမ္မတအိမ်တော်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။ သက်ထား

မင်္ဂလာပါရှင်။ သုခချမ်းသာအဖြာဖြာနဲ့ ပြည့်စုံကြပါစေ။ 🙏🙏🙏
မင်္ဂလာပါရှင်။ သုခချမ်းသာအဖြာဖြာနဲ့ ပြည့်စုံကြပါစေ။ 🙏🙏🙏

News Update **ဘိန်းစိမ်းများ သယ်လာသည့် ဘုန်ကြီး ၂ ပါးနှင့် ယာဥ်မောင်းကို လိန်းလီတံတားဂိတ်တွင် ဖမ်းမိ** ဘိန်းစိမ်းများသယ်လာသည်
News Update **ဘိန်းစိမ်းများ သယ်လာသည့် ဘုန်ကြီး ၂ ပါးနှင့် ယာဥ်မောင်းကို လိန်းလီတံတားဂိတ်တွင် ဖမ်းမိ** ဘိန်းစိမ်းများသယ်လာသည့် ဘုန်ကြီး ၂ ပါးနှင့် ယာဥ်မောင်းတို့ကို ပင်လောင်းမြို့နယ်၊ လိန်းလီတံတားဂိတ်တွင် ဖမ်းဆီးမိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။ ဇူလိုင် ၂ ရက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအထူးစီမံချက် (Operation 42) အရ ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ လိန်းလီတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းစစ်ဆေးနေစဉ် ကားတစ်စီးကို မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးရာမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းယာဥ်မှာ ပင်လောင်းမှ နေပြည်တော်ဘက်သို့ မောင်းနှင်လာခြင်း ဖြစ်ပြီး ယာဉ်မောင်းနှင့်အတူ ဘုန်းကြီး ၂ ပါး လိုက်ပါလာခဲ့ကာ စစ်ဆေးမှုအတွင်း စုစုပေါင်း ၅၅ သိန်းကျော်တန်ဖိုးရှိ ဘိန်းစိမ်းများအား အခကြေးငွေဖြင့် သယ်ဆောင်လာကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်ဟု သိရသည်။ ယငးဖြစ်စဉ်နှင့် ပတ်သက်၍ ပင်လောင်းနယ်မြေရဲစခန်းတွင် (ပ)၃/၂၀၂၆ ဖြင့် အမှုဖွင့်ကာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ပစ္စည်းများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)/၂၁ အရ ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။ သက်ထား

"အာဆီယံက မြန်မာကို ဆက်ပြီး မျက်နှာလွှဲနေဦးမလား?" လွှဲနေလို့ ရဦးပါ့မလား။” အာဆီယံထဲမှာ မြန်မာကို လက်ခံဖို့ခက်ခဲနေတဲ့နိုင်ငံတွေ ရှိနေတယ်ပေါ့လေ။   ဒါပေမယ့် လက်တွေ့မှာတော့ ဖြစ်စဉ်တွေက တစ်ခုပြီးတစ်ခု ပြောင်းလာနေပါတယ်။ မနေ့က ဘီလာရုစ်သမ္မတနဲ့ တွေ့ဆုံဆွေးနွေး ညစာအတူစားခဲ့တဲ့ ကျွန်တော်တို့ သမ္မတကြီးက ဒီနေ့ လာအိုနိုင်ငံသမ္မတနဲ့ တွေ့ဆုံဆွေးနွေးနေပါတယ်။ ဘီလာရုစ်သမ္မတ မြန်မာပြည်လာတာ တစ်နှစ်အတွင်းကို ၂ ခေါက်ရှိပြီ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်က လျင်မြန်စွာတိုးတက်ပြောင်းလဲနေပါတယ်။ သိပ်မြန်ပါတယ်။ အမှီမလိုက်ရင် ကျန်ခဲ့မှာပါ။ ဒီမတိုင်ခင်လည်း နိုင်ငံတော်သမ္မတက အိန္ဒိယကို သွားခဲ့တယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သွားခဲ့တယ်။ နိုင်ငံတော်အဆင့် ဖိတ်ကြားမှုကြောင့် သွားခဲ့တာတွေချည်းပဲ။ နိုင်ငံ သမ္မတာတွေ ဝန်ကြီးချုပ်တွေနဲ့ ဖက်လည်းတကင်း ‌‌ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့တာတွေ၊ သူ့ဘက်ကိုယ်ဘက်အကျိုးရှိမယ့် ကိစ္စရပ်တွေ သဘောတူခဲ့ကြတာ၊ စာချုပ်တွေချုပ်ခဲ့ကြတာ၊ ဆက်လက်အကောင်အထည်ဖော်တာတွေ အားလုံးအမြင်ပဲ။ သမ္မတကြီးတောင် မြန်မာနိုင်ငံပြန်မရောက်သေးဘူး ဆွေးနွေးချက်တွေနဲ့ပတ်သတ်ပြီး ဒီမှာရှိတဲ့သူတွေကို လှမ်းညွှန်ကြား စတင်အကောင်အထည်ဖော်နေကြပြီ။ အခုတော့ အာဆီယံအဖွဲ့ဝင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတရဲ့ တရားဝင်ဖိတ်ကြားချက်နဲ့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်နေပါတယ်။ ဒီခရီးဟာ သာမန်ခရီးမဟုတ်ပါဘူး။ လာအိုဟာ လျန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံဖြစ်သလို၊ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပေမယ့် တရုတ်တည်ဆောက်ပေးထားတဲ့ ရထားလမ်းကြောင့် Land Bridge နိုင်ငံအဖြစ် အရေးပါလာနေပြီး လျှပ်စစ်စွမ်းအင်ကိုတောင် ပြည်ပတင်ပို့နိုင်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါတယ်။ အဲတော့ အာဆီယံက ဘုံသဘောတူညီမှုငါးချက်ကို ဆုပ်ကိုင်ပြီး ကျန်နေခဲ့မှာလား။ ဒါကြောင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဒီလာအိုနိုင်ငံခရီးစဉ်ဟာ အာဆီယံအတွက် စဉ်းစားစရာ အချက်ပေးခေါင်းလောင်းတစ်ခု ဖြစ်တယ်လို့ သုံးသပ်ချင်ပါတယ်။ အာဆီယံက ဒီအပြောင်းအလဲတွေနဲ့အတူ လိုက်လာမလား၊ ဒါမှမဟုတ် အရင်အတိုင်း ဆက်နေမလားဆိုတာကိုတော့ သူတို့ ပဲအဖြေပေးသွားပါလိမ့်မယ်။ ဖိုးမောင်

News Update **ကွတ်ကျွန်းစု ရေအောက်သတ္တုသယံဇာတကို အမေရိကန် အဓိကအာရုံစိုက်မည်** အမေရိကန်၏ နယူးဇီလန်နှင့် ပစိဖိတ်ကျွန်းစုနိုင်ငံ
News Update **ကွတ်ကျွန်းစု ရေအောက်သတ္တုသယံဇာတကို အမေရိကန် အဓိကအာရုံစိုက်မည်** အမေရိကန်၏ နယူးဇီလန်နှင့် ပစိဖိတ်ကျွန်းစုနိုင်ငံများဆိုင်ရာ သံအမတ်အသစ် **ဂျာရက် နိုဗယ်လီ** က ကွတ်ကျွန်းစု၏ ပင်လယ်ရေအောက်တွင်ရှိသည့် အရေးပါသော သတ္တုသယံဇာတများ ရယူဖွံ့ဖြိုးရေးသည် လက်ရှိတွင် ၎င်း၏ အမြင့်ဆုံးဦးစားပေးကိစ္စများထဲမှ တစ်ခုဖြစ်လာကြောင်း ပြောကြားခဲ့သည်။ - ၎င်းက ပစိဖိတ်ဒေသတွင် တရုတ်၏ ဩဇာလွှမ်းမိုးမှု မြင့်တက်လာနေခြင်းကိုလည်း သတိပေးခဲ့ပြီး၊ ကွတ်ကျွန်းစု၏ အရေးပါသော သတ္တုသယံဇာတများသည် ပထဝီနိုင်ငံရေးနှင့် စီးပွားရေးအရ ပိုမိုအရေးပါလာနေကြောင်း အလေးပေးပြောဆိုခဲ့သည်။ - သံအမတ် နိုဗယ်လီ၏ အဆိုအရ ယခင်က အရေးမကြီးသည့် ကဏ္ဍတစ်ခုအဖြစ် သတ်မှတ်ထားသော်လည်း၊ ယခုနှစ်အစပိုင်းမှစ၍ ကွတ်ကျွန်းစု၏ ရေအောက်သတ္တုတွင်းကဏ္ဍသည် အမေရိကန်၏ ပစိဖိတ်ဒေသဆိုင်ရာ မဟာဗျူဟာတွင် အမြင့်ဆုံးဦးစားပေးအဆင့်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ [**KT July 3**](https://t.me/kothetjournalist) သက်ထား

ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၄)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့။ သက
+9
ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၄)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့။ သက်ထား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် လာအိုသမ္မတတို လာအိုသမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေး
+8
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်နှင့် လာအိုသမ္မတတို လာအိုသမ္မတအိမ်တော်တွင် တွေ့ဆုံဆွေးနွေး

News Update **နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေး** လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်င
+8
News Update **နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေး**   လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။   အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်၏ အဓိကအစီအစဉ် တစ်ရပ်ဖြစ်ပြီး မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ [Facebook](https://www.facebook.com/profile.php?id=61590384736893) [YouTube](https://www.youtube.com/@headofstatemyanmar) [TikTok](https://www.tiktok.com/@headofstatemyanmar) [X(Twitter)](https://x.com/headofstate2026) [Telegram](https://t.me/leaderaung) သက်ထား

News Update 3️⃣🟢7️⃣🟢2️⃣0️⃣2️⃣6️⃣ 💚💚💚💚💚💚💚💚💚💚[ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှု
+9
News Update 3️⃣🟢7️⃣🟢2️⃣0️⃣2️⃣6️⃣ 💚💚💚💚💚💚💚💚💚💚[ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၄)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ပြီး အခမ်းအနားကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဂုဏ်ပြုတက်ရောက်။ 💝💝💝💝💝💝💝💝💝💝 #PMS ပြည်သူ့စစ်မှုထမ်းချန်နယ်လေးကို Join ထားနိုင်ပါတယ်](https://t.me/pyithusitt) သက်ထား

News Update ရှေးဟောင်းအနုပညာကို ခေတ်သစ်စီးပွားရေးအဖြစ် အသက်သွင်းထားသည့် လာအိုနိုင်ငံ၏ ပြယုဂ် "ပိုးထည်ဗိမာန်" သို နိုင်ငံတော်သ
+9
News Update ရှေးဟောင်းအနုပညာကို ခေတ်သစ်စီးပွားရေးအဖြစ် အသက်သွင်းထားသည့် လာအိုနိုင်ငံ၏ ပြယုဂ် "ပိုးထည်ဗိမာန်" သို နိုင်ငံတော်သမ္မတကတော် ဒေါ်ကြူကြူလှ သွားရောက်လေ့လာကြည့်ရှု ===================== မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၏ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း သမ္မတကတော် ဒေါ်ကြူကြူလှသည် လာအိုနိုင်ငံသမ္မတကတော်၏ လှိက်လှဲပျူငှာစွာ ဖိတ်ကြားလမ်းညွှန်မှုဖြင့် ဗီယန်ကျင်းမြိုရှိ လာအိုတို၏ ရှေးဟောင်းရိုးရာယဉ်ကျေးမှုနှင့် အဆင့်မြင့်လက်မှုအနုပညာကို အမိအရထိန်းသိမ်းထားသည့် "လာအိုရိုးရာ ပိုးထည်ဗိမာန်" သို သွားရောက်လေ့လာကြည့်ရှုခဲ့သည်။ သက်ထား

News Update **နေတိုးအပေါ် ထရမ့် ပြင်းပြင်းထန်ထန် ဝေဖန်** အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နေတိုး (NATO) အဖွဲ့နှင့် အမေရိကန်အကြားရှ
News Update **နေတိုးအပေါ် ထရမ့် ပြင်းပြင်းထန်ထန် ဝေဖန်** အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နေတိုး (NATO) အဖွဲ့နှင့် အမေရိကန်အကြားရှိ လက်ရှိဆက်ဆံရေးအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုလိုက်သည်။ - တူကီယဲနိုင်ငံ အန်ကာရာတွင် ကျင်းပမည့် နေတိုးထိပ်သီးအစည်းအဝေးမတိုင်မီ Truth Social ပေါ်တွင် ထရမ့်က **“ဒီဆက်ဆံရေးဟာ တစ်ဖက်သတ်ဆန်လွန်းပြီး အမေရိကန်အတွက် ဆက်လက်ထိန်းသိမ်းထားတာက ရယ်စရာဖြစ်နေတယ်” **ဟု ရေးသားခဲ့သည်။ - သူက နေတိုးမဟာမိတ်နိုင်ငံများသည် အမေရိကန်လိုအပ်ချိန်များတွင် လုံလောက်စွာ မရပ်တည်ခဲ့ကြောင်းလည်း ထောက်ပြခဲ့ပြီး၊ အပြန်အလှန် အကျိုးကျေးဇူးမရှိသည့် ပူးပေါင်းဆောင်ရွက်မှုအပေါ် မကျေနပ်မှုကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ခဲ့သည်။ [**KT July 3**](https://t.me/kothetjournalist) သက်ထား

News Update **ထိုင်းက ရဲစခန်းမှာ မျက်နှာငယ်လေးဖြစ်နေတဲ့ ကော်သူးလေ သံဓားမ နယ်ဓါးပြ😂😂 မှိုင်းဝေ** သက်ထား
News Update **ထိုင်းက ရဲစခန်းမှာ မျက်နှာငယ်လေးဖြစ်နေတဲ့ ကော်သူးလေ သံဓားမ နယ်ဓါးပြ😂😂 မှိုင်းဝေ** သက်ထား

News Update **Username အခြေခံစနစ်ကြောင့် Telegram နှင့် Signal ကို အိန္ဒိယအစိုးရ သတိပေး** အိန္ဒိယအစိုးရသည် ဖုန်းနံပါတ်မလိုဘဲ
News Update **Username အခြေခံစနစ်ကြောင့် Telegram နှင့် Signal ကို အိန္ဒိယအစိုးရ သတိပေး** အိန္ဒိယအစိုးရသည် ဖုန်းနံပါတ်မလိုဘဲ Username သာဖြင့် အသုံးပြုနိုင်သည့် ဆက်သွယ်ရေးစနစ်များအပေါ် လုံခြုံရေးစိုးရိမ်မှုများကြောင့် **Telegram နှင့် Signal** အက်ပလီကေးရှင်းများထံ တရားဝင်သတိပေးစာ ပေးပို့ခဲ့သည်။ - အီလက်ထရွန်နစ်နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနက ယင်းစနစ်သည် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို ဖုံးကွယ်ရန် ပိုမိုလွယ်ကူစေနိုင်သဖြင့် စိစစ်ရှင်းလင်းမှုလိုအပ်ကြောင်း အကြောင်းပြချက်ကို တောင်းခံထားသည်။ - ယင်းလုပ်ဆောင်မှုသည် WhatsApp ၏ Username စနစ်အသစ်ကို အိန္ဒိယတွင် ရပ်ဆိုင်းရန် ညွှန်ကြားပြီးနောက် ဆက်လက်ချဲ့ထွင်လာသည့် စိစစ်မှုတစ်ရပ်ဖြစ်ပြီး၊ ဒစ်ဂျစ်တယ်လုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက်ကာကွယ်မှုအပေါ် အစိုးရ၏ ထိန်းချုပ်မှုကို ပိုမိုတင်းကျပ်လာနေကြောင်း သိရသည်။ [**KT July 3**](https://t.me/kothetjournalist) သက်ထား