👩🏻🦰✍🏻သက်ထား
Открыть в Telegram
287
Подписчики
Нет данных24 часа
+37 дней
-530 дней
Архив постов
286
News Update
**အမေရိကန်၏ ပြည်နှင်မူဝါဒအောက်တွင် ပထမဆုံး ရွှေ့ပြောင်းသူ Palau သို့ ပို့ဆောင်ခံရ**
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ တရားမဝင် ရွှေ့ပြောင်းအခြေချသူများကို ပြည်နှင်ဒဏ်ပေးရေးမူဝါဒအရ ပထမဆုံးတစ်ဦးကို ပစိဖိတ်ကျွန်းနိုင်ငံ Palau သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
-
Palau အစိုးရနှင့် အမေရိကန်တို့အကြား သဘောတူညီချက်အရ ရွှေ့ပြောင်းသူ ၇၅ ဦးအထိ လက်ခံရန်အတွက် အမေရိကန်ဒေါ်လာ ၇.၅ သန်းရရှိထားသည်။ သို့သော် ပထမဆုံးရောက်ရှိလာသူသည် Palau တွင် နှစ်ပတ်ခန့်သာ နေထိုင်ပြီးနောက် ထွက်ခွာသွားခဲ့ပြီး လက်ရှိနေရာကို မထုတ်ပြန်သေးပေ။
-
ဤအစီအစဉ်အပေါ် Palau အတွင်းတွင် ဝေဖန်မှုများထွက်ပေါ်နေပြီး အချို့လွှတ်တော်အမတ်များက ကျွန်းနိုင်ငံကို **“မလိုလားအပ်သူများပို့ရာနေရာ” **အဖြစ် အသုံးပြုနေသည်ဟု စွပ်စွဲထားကြောင်း သိရသည်။
[**KT July 1**](https://t.me/kothetjournalist)
သက်ထား
286
+9
News Update
အောင်ပွဲရ တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်
=======================
မကွေးတိုင်းဒေသကြီး မင်းတုန်းမြိုနယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ပြီး အောင်မြင်မှုများနှင့်အတူ ပြန်လည်ရောက်ရှိလာသည့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပန်းတောင်းမြိုအခြေစိုက် အမှတ်(၉၂) ခြေလျင်တပ်ရင်းမှ အောင်ပွဲရ တပ်မတော်သားများအား ဒေသကွပ်မှုစစ်ဌာနချုပ်(ပြည်)မှ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စိန်ပြည်ဦး၊ ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီး ဇော်ထွန်းဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များက ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြသည်။
အခမ်းအနားတွင် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စိန်ပြည်ဦးက ဂုဏ်ပြုအမှာစကားပြောကြားပြီး အောင်ပွဲရ တပ်မတော်သားများအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
သက်ထား
286
+9
News Update
ယခင် ရှစ်နာရီခွဲခန့် ကြာမြင့်ခဲ့သည့် ရန်ကုန်–မော်လမြိုင် ခရီးစဉ်မှာ ယခုအခါ ခြောက်နာရီခန့်သာ ကြာမြင့်တော့မည်
မြန်မာ့မီးရထားသည် ရန်ကုန်–မော်လမြိုင် ရထားလမ်းပိုင်း အဆင့်မြှင့်တင် မွမ်းမံခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီးနောက် လေအေးပေးစက်တပ်ဆင်ထားသည့် ခေတ်မီ DEMU လူစီးအမြန်ရထားကို ဇူလိုင် ၁ ရက်မှစတင်၍ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ရထားလမ်းပိုင်း အဆင့်မြှင့်တင်မှုအဖြစ် မြေသားတာပေါင်ကျဉ်းသော နေရာများကို မြေဖိုခြင်း၊ လမ်းခင်းကျောက်များ ထပ်မံဖြည့်တင်းခြင်းနှင့် လမ်းမြှောက်ပက်ကင်ရိုက်ခြင်းတိုကို ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့ပြီးနောက် ရထားအမြန်နှုန်းကို တစ်နာရီလျှင် အများဆုံး ၇၅ ကီလိုမီတာအထိ ပြေးဆွဲနိုင်လာခဲ့သည်။
ထိုကြောင့် ယခင် ရှစ်နာရီခွဲခန့် ကြာမြင့်ခဲ့သည့် ရန်ကုန်–မော်လမြိုင် ခရီးစဉ်မှာ ယခုအခါ ခြောက်နာရီခန့်သာ ကြာမြင့်တော့မည်ဖြစ်သည်။
သက်ထား
286
တရုတ်-မြောက်ကိုရီးယား မဟာမိတ်ဆက်ဆံရေး ပိုမိုခိုင်မာမည်ဟု Kim Jong Un ကတိပြု
မြောက်ကိုရီးယားနိုင်ငံတော် ခေါင်းဆောင် Kim Jong Un သည် တရုတ်နိုင်ငံတော်၏ သမ္မတ Xi Jinping ထံ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ရာ နှစ်နိုင်ငံတို့၏ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တိုးမြှင့်သွားမည်ဟု ကတိပြုခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်ပြည့် အခမ်းအနား အထိမ်းအမှတ်အဖြစ် ပေးပို့သည့် အဆိုပါ သဝဏ်လွှာတွင် မကြာသေးမီက ပြုံယမ်းထိပ်သီး ဆွေးနွေးပွဲကို “သမိုင်းဝင် အခါသမယ” ဟု ဖော်ပြခဲ့ပြီး ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမို နက်ရှိုင်းစေလိုကြောင်း ပြောကြားထားသည်။
လက်ရှိအချိန်တွင် မြောက်ကိုရီးယားနိုင်ငံသည် ရုရှားနိုင်ငံနှင့် စစ်ရေးအရ နီးကပ်လာနေသော်လည်း တရုတ်နိုင်ငံသည် ၎င်း၏ အကြီးဆုံး စီးပွားရေး မိတ်ဖက်အဖြစ် ဆက်လက် တည်ရှိနေကြောင်း သိရသည်။
သက်ထား
286
Repost from ဖိုးမောင်
+2
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Julie Bishop ဆိုတာဘယ်လိုလူလဲ?
ကုလမှာလည်း မြန်မာပြည်ကြောင်း တဖက်သတ်ဆန်ဆန် အဆိုးမြင်နဲ့ပြောသွားတယ်။Julie Bishop ဟာ ဩစတြေးလျနိုင်ငံရေးလောကမှာ ထင်ရှားသူတစ်ဦးဖြစ်တယ်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ မစ္စဂျူလီဘစ်ရှော့ပ်ဟာ လုပ်ဖော်ကိုင်ဖက်တွေအပေါ် အနိုင်ကျင့်စော်ကားခဲ့တဲ့ သမိုင်းကြောင်း ရှိခဲ့တယ်လို့ သိရပါတယ်။ အထူးသဖြင့် သူမ ဩစတြေးလျအမျိုးသားတက္ကသိုလ် မှာ တာဝန်ထမ်းဆောင်စဉ်က သူမနဲ့ သူမရဲ့အဖွဲ့သားတွေရဲ့ ပြင်းထန်တဲ့ အနိုင်ကျင့်မှုကြောင့် ဒေါက်တာ လစ်ဇ်အယ်လန် (Dr. Liz Allen) ဆိုတဲ့ အမျိုးသမီးဟာ ရင်သွေးလေး ဆုံးရှုံးခဲ့ရတဲ့အပြင်၊ စိတ်ဒဏ်ရာတွေရပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့အထိ ခံစားခဲ့ရပါတယ်။ မေးစရာရှိလာတာက... လူမှုရေးပိုင်းဆိုင်ရာမှာ ဒီလောက်အထိ အားနည်းချက်နဲ့ အမည်းစက် ရှိနေတဲ့လူတစ်ယောက်ကို မြန်မာနိုင်ငံအတွက် အထူးသံတမန်အဖြစ် ခန့်အပ်လိုက်တာဟာ မြန်မာ့အရေးအတွက် ကောင်းမလား၊ ဆိုးမလား? ကိုယ်တိုင်က ပတ်ဝန်းကျင်ကို အနိုင်ကျင့်တတ်တဲ့ စရိုက်ရှိသူတစ်ဦးက မြန်မာ့ပဋိပက္ခတွေကို ဖြေရှင်းတဲ့နေရာမှာ စိတ်ရင်းမှန်နဲ့ ဆောင်ရွက်နိုင်ပါ့မလား???? ဖိုးမောင်
286
+9
ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း
ယနေ့ ၁-၇-၂၀၂၆ ရက်နေ့တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ စစ်မှုထမ်းတာဝန်ကျေ ပွန်စွာ ထမ်းဆောင်ခဲ့ကြသော ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့စစ်မှုထမ်း ဆောင်ပြီးကြောင်း လက်မှတ်ပုံစံ(၁၂) နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ခြင်း ခံရသည်။
သက်ထား
286
မုံရွာမြိုနယ်အတွင်း ပလဖ စခန်းများကို NUG အဖွဲက ဝင်ရောက်တိုက်ခိုက်မှု ဖြစ်ပွား
အကြမ်းဖက် ပလဖ အဖွဲများသည် မုံရွာမြိုနယ်အတွင်း ပြည်သူများကို ဆက်ကြေးကောက်ခံခြင်း၊ ဓါးပြတိုက်ခံခြင်း၊ မုဒိမ်းမှုများ ကျူးလွန်ခြင်းနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအပါအဝင် ရက်ရက်စက်စက် သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြောင်း တွေ့ရှိရသည်။ အကြမ်းဖက် NUG အဖွဲသည် အာဂူး ဦးဆောင်သော ပလဖ အဖွဲကို ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ပလဖ အဖွဲဝင် အများအပြား သေဆုံးခဲ့ရသည်။
ပလဖ အဖွဲနှင့် NUG အဖွဲတိုသည် နှစ်ဖွဲစလုံး အကြမ်းဖက် အဖွဲများ ဖြစ်ပြီး ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်နေကြောင်း တွေ့ရှိရသည်။ ယခုအခါ NUG အဖွဲသည် အာဂူး ဦးဆောင်သော ပလဖ အဖွဲကို တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အကြမ်းဖက် အဖွဲများ၏ ဇာတ်တူသားစားမှုကို သိရှိရပြီ ဖြစ်သည်။
သက်ထား
286
အီရန်နိုင်ငံသည် အမေရိကန်ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်၏ ကိုယ်စားလှယ်များဖြစ်သည့် Jared Kushner နှင့် Steve Witkoff တို့သည် ကာတာနိုင်ငံ ဒိုဟာမြို့တွင် ရောက်ရှိနေသော်လည်း အီရန်ဘက်က တိုက်ရိုက်တွေ့ဆုံရန် ငြင်းဆန်လိုက်သည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ရှိတွင် အမေရိကန်နှင့် မည်သည့်အဆင့်၌မျှ ဆွေးနွေးရန် အစီအစဉ်မရှိဘဲ ကာတာနိုင်ငံ၏ ကြားဝင်စေ့စပ်သူများနှင့်သာ တွ
သက်ထား
286
ပါကစ္စတန်-အာဖဂန် နယ်စပ်စစ်ရေးတင်းမာမှု အရှိန်လျှော့ရန် ရုရှားတောင်းဆို
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်နယ်စပ်တွင် စစ်ရေးတင်းမာမှုများ ပြင်းထန်လာပြီး အရပ်သားသေဆုံးမှုများ မြင့်တက်လာချိန်တွင် ရုရှားနိုင်ငံက နှစ်နိုင်ငံစလုံးအား လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ကာ နိုင်ငံရေးနှင့် သံတမန်နည်းလမ်းဖြင့် အမြန်ဆုံး ဖြေရှင်းရန် တိုက်တွန်းလိုက်သည်။ ရုရှား၏ ထုတ်ပြန်ချက်မှာ ပါကစ္စတန်၏ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးအပြီး အာဖဂန်ဘက်တွင် အရပ်သား ၃၆ ဦးသေဆုံးပြီး ၁၆၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည့်အချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ပါကစ္စတန်ကမူ ယင်းစစ်ဆင်ရေးသည် အကြမ်းဖက်အဖွဲ့များကိုသာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပြောဆိုထားပြီး နှစ်နိုင်ငံကြား တင်းမာမှုများ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
သက်ထား
286
ကြို့ပင်ကောက်မြို့နယ် အပြစ်မဲ့ရွာသားများ အကြမ်းဖက်တို့၏ ရက်စက်မှုကို ခံရ
ကြို့ပင်ကောက်မြို့နယ်၊ ကုန်းရွာကျေးရွာမှ အပြစ်မဲ့ရွာသား ၂ ဦးကို ဒလန်ခေါင်းစဉ်တပ်မှ သာယာဝတီခရိုင် PDF အကြမ်းဖက်များက ပြီးခဲ့သော ရက်ပိုင်းအတွင်း ဖမ်းဆီးခေါ်ဆောင်သွားပြီး အင်မတန်ရက်စက်မှုဖြင့် သတ်ဖြတ်ခဲ့သည်။ PDF အကြမ်းဖက်များသည် အပြစ်မဲ့ပြည်သူများကို အမြင်မတူသည့် အကြောင်းပြချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်နေကြသဖြင့် မိမိတို့ ကျေးရွာဒေသများတွင် အကြမ်းဖက် PDF များကို လက်ခံထားမည်ဆိုပါက ကိုယ်တို့ပါ တစ်နေ့တွင် ဒီလို ရက်စက်မှုမျိုးတွေနှင့် ကြုံတွေ့ရမည် စိုးရိမ်ပါကြောင်း တွေ့ရှိရသည်။
သက်ထား
286
ကန့်ဘလူခရိုင်ရှိ ဝက်ပုတ်တံတား ပြုပြင်မှု စတင်
ကန့်ဘလူခရိုင် ကန့်ဘလူမြို့နှင့် စံပယ်နံ့သာကျေးရွာကြားရှိ ဝက်ပုတ်တံတားသည် အကြမ်းဖက် PDF များ၏ ဗုံးခွဲမှုကြောင့် ယိုယွင်းနစ်မြုပ်ခဲ့ရသည်။ ထိုတံတားသည် ဒေသခံများ၏ သွားလာမှုကို အဆင်ပြေစေရန် အရေးပါသော တံတားတစ်စင်း ဖြစ်သည်။ ဒေသခံ ပြည်သူစစ်များ၏ ကြိုးပမ်းမှုကြောင့် ယိုယွင်းနစ်မြုပ်ခဲ့ရသည့် ထိုတံတားကို ပြုပြင်မှု လုပ်ငန်းများ စတင်ခဲ့ကြောင်း သိရှိရသည်။ ဒေသခံများ၏ လှုပ်ရှားမှုကြောင့် တံတားပြုပြင်မှု အောင်မြင်မည် ဖြစ်ကြောင်း များစွာ မျှော်လင့်ကြသည်။
သက်ထား
286
+2
တရုတ်နိုင်ငံမှ ဗင်နီဇွဲလားငလျင်ဘေးအတွက် ယွမ်သန်း ၁၀၀ တန် အကူအညီ ထပ်မံပေးအပ်မည်
တရုတ်နိုင်ငံသည် ဗင်နီဇွဲလားနိုင်ငံတွင် လတ်တလော ဖြစ်ပွားခဲ့သော ငလျင်ဘေးအတွက် အရေးပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အထောက်အကူပြုရန် ယွမ်သန်း ၁၀၀ တန်ဖိုးရှိ လူသားချင်း စာနာထောက်ထားမှု အရေးပေါ် အကူအညီ ပစ္စည်းများကို ထပ်မံ ပေးအပ်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှု အေဂျင်စီ (CIDCA) က ကြေညာခဲ့သည်။ ထို ကြေညာချက်ကို ဇွန် ၃၀ ရက်တွင် ပြုလုပ်သော ၂၀၂၆ ခုနှစ် ဒုတိယ သုံးလပတ် ပုံမှန် သတင်းစာရှင်းလင်း ပွဲ၌ ထုတ်ဖော် ပြောကြား ခဲ့သည်။
သက်ထား
286
ဗင်နီဇွဲလား ငလျင်ဘေးအတွက် အမေရိကန် စစ်တပ်မှ တပ်ဖွဲ့ဝင် ၉၀၀ ကျော် စေလွှတ်
ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ပြင်းထန်သည့် ငလျင်ဘေးဒဏ် ကို ကယ်ဆယ်နိုင်ရန်နှင့် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အမေရိကန် စစ်တပ်မှ တပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ဗင်နီဇွဲလားသို့ စေလွှတ်ခဲ့ပြီး နောက်ထပ် ၈၀၀ ခန့် ကာရစ်ဘီယံ ဒေသရှိ စခန်းများတွင် အသင့်ချ ထားရှိကြောင်း သိရှိရသည်။
အမေရိကန် စစ်တပ်မှ စေလွှတ်ခဲ့သော တပ်ဖွဲ့များသည် ရှာဖွေ ကယ်ဆယ်ရေး၊ လေဆိပ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေး၊ အကူအညီ ပစ္စည်းများ ပို့ဆောင်ရေး စီမံကိန်းများကို ကူညီ ဆောင်ရွက်နေပြီး၊ MQ-9 Reaper ဒရုန်းများ အသုံးပြုကာ ပျက်စီးမှု အခြေအနေများကို စောင့်ကြည့်ကာ ဗင်နီဇွဲလား အာဏာပိုင်များအား သတင်း အချက်အလက် များ ပံ့ပိုး ပေးလျက် ရှိသည်။ အမေရိကန်ဘက်က ကယ်ဆယ်ရေး လုပ်ငန်းများ ပြီးဆုံး သည်နှင့် တပ်ဖွဲ့များကို ပြန်လည် ရုပ်သိမ်း မည် ဟု ထုတ်ပြန် ကြေညာထားသည်။
သက်ထား
286
AI က ဒစ်ဂျစ်တယ် နျူကလီးယားလက်နက်နဲ့ တူညီနိုင်သည့် အန္တရာယ်ရှိနိုင်ကြောင်း CIA ညွှန်ကြားရေးမှူး သတိပေး
CIA ညွှန်ကြားရေးမှူး John Ratcliffe က အဆင့်မြင့် AI မော်ဒယ်များ၏ စွမ်းဆောင်ရည်သည် ဒစ်ဂျစ်တယ် နျူကလီးယားလက်နက်များနှင့် တူညီသည့် အန္တရာယ်ရှိနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။ ထို့အပြင် AI နည်းပညာကို နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးသည့် ကဏ္ဍအဖြစ် ရှုမြင်နေပြီး တင်းကျပ်စွာ ထိန်းချုပ်ရန် လိုအပ်ကြောင်း အလေးပေးပြောဆိုခဲ့သည်။
လက်ရှိတွင် အမေရိကန်အစိုးရသည် အားကောင်းသော AI မော်ဒယ်များအပေါ် စည်းမျဉ်းများ တိုးမြှင့်ချမှတ်နေပြီး၊ CIA ကလည်း ဆိုက်ဘာလုံခြုံရေးကဏ္ဍတွင် နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည်။ အမေရိကန်-တရုတ် နည်းပညာပြိုင်ဆိုင်မှု ပြင်းထန်လာချိန်တွင် AI လုံခြုံရေးသည် အဓိကဦးစားပေးကဏ္ဍတစ်ခု ဖြစ်လာနေသည်။
သက်ထား
286
မိတ္ထီလာတွင် ပေါ်တာဆွဲကာ ငွေညှစ်တောင်းခံသူ ၄ ဦး ဖမ်းဆီးစစ်ဆေးခံနေရ
မန္တလေးတိုင်း မိတ္ထီလာမြိုနယ်တွင် ပြည်သူများကို ဖမ်းဆီးကာ စစ်မှုထမ်းမဝင်လိုပါက ငွေသိန်းရာချီပေးရန် ခြိမ်းခြောက်တောင်းခံခဲ့သည်ဟု စွပ်စွဲခံထားရသည့် အမျိုးသား ၄ ဦးကို ဇွန်လ ၃၀ ရက် ညနေပိုင်းတွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။ အမျိုးသား ၄ ဦးအား ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်၍ ဒေသခံသတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါအဖွဲကို အချိန်အတော်ကြာ စုံစမ်းလိုက်လံနေခဲ့ပြီး မိတ္ထီလာနှင့် ပျော်ဘွယ်ဒေသမှ လူများ ပါဝင်ကြောင်း သိရသည်။ လက်ရှိတွင် အသေးစိတ်ဖြစ်စဉ်ကို စစ်ဆေးနေဆဲဖြစ်ပြီး အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်။
သက်ထား
286
မက္ကဆီကို လောင်စာဆီမှောင်ခိုကွန်ရက်ကို အမေရိကန် အရေးယူပိတ်ဆို့
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မက္ကဆီကို၏ CJNG မူးယစ်ဂိုဏ်းနှင့် ဆက်နွှယ်သည့် လောင်စာဆီမှောင်ခိုကွန်ရက်တွင် ပါဝင်ပတ်သက်နေသော မက္ကဆီကိုနိုင်ငံသား ၂ ဦးနှင့် ကုမ္ပဏီ ၉ ခုကို ဇွန်လ ၃၀ ရက်တွင် အရေးယူပိတ်ဆို့လိုက်သည်။ အဆိုပါကွန်ရက်သည် အကောက်ခွန်စာရွက်စာတမ်းအတုများနှင့် ကုမ္ပဏီအတုများကို အသုံးပြုကာ အမေရိကန်မှ မက္ကဆီကိုသို့ လောင်စာဆီများ တရားမဝင်တင်သွင်းပြီး နှစ်စဉ် ဒေါ်လာသန်းနှင့်ချီ အမြတ်အစွန်းရရှိနေကြောင်း သိရသည်။
အမေရိကန်အစိုးရက လောင်စာဆီမှောင်ခိုမှုသည် မူးယစ်ဆေးဝါးကုန်ကူးမှုနောက် ဒုတိယအကြီးဆုံး ဝင်ငွေရင်းမြစ်ဖြစ်လာနေသဖြင့် ဂိုဏ်းများ၏ ငွေကြေးစီးဆင်းမှုကို ဖြတ်တောက်ရန် ယခုကဲ့သို့ အရေးယူခဲ့ခြင်းဖြစ်ပြီး၊ ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများကိုလည်း သံသယဖြစ်ဖွယ် ငွေကြေးလွှဲပြောင်းမှုများအား အနီးကပ်စောင့်ကြည့်ရန် သတိပေးထားသည်။
သက်ထား
286
လူငယ်တွေ နိုင်ငံခြားမထွက်ပဲ မိခင်နိုင်ငံမှာပဲ ပညာရေး၊ အလုပ်အကိုင်နဲ့ အနာဂတ်မျှော်လင့်ချက်တွေ ပြန်လည်ရရှိလာအောင် ဘယ်လိုဆောင်ရွက်မလဲ
လက်ရှိ မြန်မာနိုင်ငံတွင် လူငယ်များ၏ အနာဂတ်မျှော်လင့်ချက်များ ပျောက်ဆုံးလုနီးပါး ဖြစ်နေပြီး ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးလုနီးပါး ဖြစ်နေသည်။ ထိုကြောင့် လူငယ်များ ပြည်ပထွက်ခွာမှု များပြားနေပြီး နိုင်ငံ၏ အရင်းအမြစ် ဆုံးရှုးမှု ဖြစ်နေသည်။ လူငယ်များ ပြည်ပထွက်ခွာမှုကို တားဆီးနိုင်မည့် အစိုးရ၏ အထူးစီမံချက်များ မည်ကဲ့သို ချမှတ်မည်နည်း။ လူငယ်များ ပြည်တွင်း၌ ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် အစိုးရက ဘယ်လို ဆောင်ရွက်မလဲဆိုတာကို ဖြေထားတာလေးပါ။
သက်ထား
286
Repost from Thazin Oo 🇲🇲
+2
ငွေကြေး အကျိုးစီးပွားကြောင့် အကြမ်းဖက် မုံရွာ PDF စခန်းကို NUG စီးနင်းပြီး ပစ်ခတ်သတ်ဖြတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အောင်သာကျေးရွာအနီးမှာရှိတဲ့ အကြမ်းဖက် မုံရွာ PDF စခန်းကို ငွေကြေးအကျိုးစီးပွါးကြောင့် NUG အဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းကာ အကြမ်းဖက် မုံရွာ PDF အဖွဲ့ဝင်တွေကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ (၂၉)ရက် ညနေ (၃)နာရီကျော်က အောင်သာကျေးရွာအနီးမှာရှိတဲ့ အကြမ်းဖက် မုံရွာ PDF ခေါင်းဆောင် အာဂုဆိုသူ ဦးစီးနေထိုင်တဲ့ အကြမ်းဖက်စခန်းကို NUG အဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
ယင်းသို့ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အကြမ်းဖက် မုံရွာ PDF အဖွဲ့က PDF ခေါင်းဆောင် အာဂူးအပါအဝင် (၆)ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
#News
