ru
Feedback
👩🏻‍🦰✍🏻သက်ထား

👩🏻‍🦰✍🏻သက်ထား

Открыть в Telegram

မြန်မာ့နိုင်ငံရေး + နိုင်ငံတကာသတင်းလေးတွေ တင်ပါမယ်ရှင်

Больше
283
Подписчики
+124 часа
Нет данных7 дней
-730 дней
Архив постов
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိင် နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ ဗီယက်နမ်နိုင်ငံ၊ ဟနွိင်းမြိုရှိ အမျိုးသားသူရဲကောင်းများနှင့် အာဇာနည်များဗိမာန် ၌ လွမ်းသူ့ပန်းခွေချအလေးပြု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် နှင့် ဇနီး ဒေါ်ကြူကြူလှ တိုအား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနို
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိင် နှင့် ဇနီး ဒေါ်ကြူကြူလှ တိုအား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ တိုလန်း နှင့် ဇနီးတိုကအမျိုးသားလွှတ်တော် (National Assembly Building) ရှေ့ ရင်ပြင်၌ ဂုဏ်ပြုတပ်ဖွဲဖြင့်ကြိုဆိုရန် ပြင်ဆင်ထားရှိမှုပုံရိပ်များအား မြင်တွေ့ရစဉ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို တရားဝင်ချစ်ကြည်ရေး ခရီးစဉ်(ပထမနေ့)

🙏🏻🙏🏻🙏🏻
🙏🏻🙏🏻🙏🏻

ဘာလို ဒီလောက်အော်နေကြတာလဲ အတော်လေးစိတ်ဝင်စားဖိုကောင်းလာပြီ - ဒီလိုအော်နေပုံထောက်ရင်တော့ လန့်ဖျားဖျားနေလောက်ပြီ ဘူခါခြုံထားတဲ့
+5
ဘာလို ဒီလောက်အော်နေကြတာလဲ အတော်လေးစိတ်ဝင်စားဖိုကောင်းလာပြီ - ဒီလိုအော်နေပုံထောက်ရင်တော့ လန့်ဖျားဖျားနေလောက်ပြီ ဘူခါခြုံထားတဲ့ ဟိုအကောင် - ဆော်သာဆော် အော်တို ၂ ဆ နဲ့ဆော်... မင်းခေါင်

နိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် စတင်ထွက်ခွာ 🔹 ဗီယက်နမ်ဆိုရှယ
+3
နိုင်ငံတော်သမ္မတကြီး ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ် စတင်ထွက်ခွာ 🔹 ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့်ဇနီးတို့၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့သည် တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး၊ ဒုတိယသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။ #Myanmar #Vietnam #OfficialVisit #President #Naypyitaw #Diplomacy #LocalNews ဖိုးမောင်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို တရားဝင်ချစ်ကြည်ရေး ခရီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို တရားဝင်ချစ်ကြည်ရေး ခရီးစဉ်

📌 ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဒုတိယသမ္မတ ဦးညိုစော ပြောကြား �
📌 ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ဒုတိယသမ္မတ ဦးညိုစော ပြောကြား 💚 စက်တင်ဘာလ (၃) ရက်က ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့မြို့၌ ကျင်းပသည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ ဒုတိယသမ္မတ ဦးညိုစော တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။ 💚 မိန့်ခွန်းတွင် မြန်မာနိုင်ငံအနေဖြင့် ခိုင်မာဘက်စုံ ဖွံ့ဖြိုးတိုးတက်သည့် ဒေသတစ်ရပ် တည်ဆောက်နိုင်ရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာ မိတ်ဖက်များအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ 💚 ထို့ပြင် Digital Transformation၊ AI နှင့် ခေတ်မီ အခြေခံအဆောက်အအုံများသည် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်စေရန်အတွက် အလွန်အရေးပါကြောင်းကိုလည်း အသိပေး ပြောကြားခဲ့သည်။ သက်ထား

📌 စိုက်ပျိုးမွေးမြူရေးမြေများ အခြားနည်းဖြင့် မသုံးစွဲရေး စနစ်တကျ ကြပ်မတ်ရန် နိုင်ငံတော်သမ္မတ လမ်းညွှန် 💚 နိုင်ငံတော်သမ္မတ ဦ
+1
📌 စိုက်ပျိုးမွေးမြူရေးမြေများ အခြားနည်းဖြင့် မသုံးစွဲရေး စနစ်တကျ ကြပ်မတ်ရန် နိုင်ငံတော်သမ္မတ လမ်းညွှန် 💚 နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဩဂုတ်လ (၂၉) ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ မွေးမြူရေးလုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ 💚 စစ်ဆေးစဉ် ပြည်သူများ သက်သာသော ဈေးနှုန်းဖြင့် အသား၊ ငါးနှင့် ဥများကို လုံလောက်စွာ စားသုံးနိုင်ရေး စီမံဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ 💚 ထို့ပြင် စိုက်ပျိုးမွေးမြူရေးအတွက် ချထားပေးသည့် မြေနေရာများကို အခြားနည်းများဖြင့် ပြောင်းလဲသုံးစွဲမှု မရှိစေရေး စနစ်တကျ ကြပ်မတ် ဆောင်ရွက်သွားရန် လမ်းညွှန်ခဲ့ကြောင်း သိရသည်။ သက်ထား

🙏🙏🙏
🙏🙏🙏

🛑🛑🛑အမြန်လမ်း မိုင်တိုင် ၃၁၁ မိုင် ၃ ဖာလုံအနီးတွင် လမ်းသားနိမ့်ကျမှုကြောင့် လမ်းကြောတစ်ဖက် ယာယီပိတ်ထား 🔹နေပြည်တော်မှ မန္တလ
🛑🛑🛑အမြန်လမ်း မိုင်တိုင် ၃၁၁ မိုင် ၃ ဖာလုံအနီးတွင် လမ်းသားနိမ့်ကျမှုကြောင့် လမ်းကြောတစ်ဖက် ယာယီပိတ်ထား 🔹နေပြည်တော်မှ မန္တလေးသို သွားသည့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၁၁ မိုင် ၃ ဖာလုံ နှင့် ၄ ဖာလုံအကြားတွင် လမ်းသားနိမ့်ကျမှု ဖြစ်ပေါ်နေသဖြင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။ 🔹အဆိုပါနေရာသည် နေပြည်တော်မှ မန္တလေးသို သွားသည့်လမ်း၏ လက်ဝဲဘက်ယာဉ်ကြောတွင် လမ်းသားအလျား ပေ ၃၀ ခန့် နိမ့်ကျနေခြင်းဖြစ်ပြီး စက်တင်ဘာ ၃ ရက် နံနက်ပိုင်းမှစတင်၍ အတွင်းဘက်လမ်းပိုင်း ပေ ၅၀၀ ခန့်ကို ယာယီပိတ်ထားကြောင်း သိရသည်။ ဖိုးမောင်

📌 လားရှိုးမြို့၌ ဖခင်ဖြစ်သူက ကလေးငယ် ၅ ဦးအား ဓားဖြင့်ခုတ်မှုဖြစ်ပွား၊ ၂ ဦး သေဆုံး 💚 ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့
📌 လားရှိုးမြို့၌ ဖခင်ဖြစ်သူက ကလေးငယ် ၅ ဦးအား ဓားဖြင့်ခုတ်မှုဖြစ်ပွား၊ ၂ ဦး သေဆုံး 💚 ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ အမှတ် (၅) ရပ်ကွက်တွင် စိတ်ဝေဒနာ ဖောက်ပြန်လေ့ရှိသည့် ဖခင်ဖြစ်သူ အိုက်ကျုံး (ခေါ်) အိုက်ကျွမ်းက မနေ့ည (၁၀) နာရီခန့်တွင် ၎င်း၏ ကလေးငယ် (၅) ဦးအား အိပ်ခန်းအတွင်း ခေါ်ယူ၍ ဓားဖြင့် ခုတ်ခဲ့သည်။ 💚 ဖြစ်စဉ်ကြောင့် အသက် (၂) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကလေးငယ်များအနက် (၂) ဦး သေဆုံးခဲ့ပြီး ကျန် (၃) ဦးနှင့် မိမိကိုယ်ကို လည်ပင်းလှီး၍ သေကြောင်းကြံခဲ့သည့် ဖခင်ဖြစ်သူတို့ ဒဏ်ရာများဖြင့် လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်။ 💚 လက်ရှိတွင် လားရှိုးမြို့မ ရဲစခန်းက ကျူးလွန်သူ ဖခင်ဖြစ်သူအား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)၊ ပုဒ်မ ၃၀၉ (သေကြောင်းကြံစည်မှု) တို့ဖြင့် အမှုဖွင့်ထားပြီး မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ၊ မရှိ ဆေးရုံတွင် ဆက်လက် စစ်ဆေးလျက် ရှိသည်။ သက်ထား

📌 မြန်မာနိုင်ငံတော်အစိုးရက နီပေါနှင့် တရုတ်နယ်စပ် သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့လှူဒါန်း 💚 မြန်မာနိုင်ငံတော်အစိုးရ
+6
📌 မြန်မာနိုင်ငံတော်အစိုးရက နီပေါနှင့် တရုတ်နယ်စပ် သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့လှူဒါန်း 💚 မြန်မာနိုင်ငံတော်အစိုးရမှ နီပေါနှင့် တရုတ်နယ်စပ် သဘာဝဘေးဒဏ်သင့် ပြည်သူများအတွက် အမေရိကန်ဒေါ်လာ (၅) သိန်း၊ မတ်ပဲ (၅) တန်နှင့် ကုလားပဲ (၃) တန်တို့ကို စက်တင်ဘာလ (၂) ရက်နေ့က တပ်မတော် Y8 လေယာဉ်ဖြင့် ကတ္တမန္ဒူးမြို့သို့ သွားရောက် လှူဒါန်းခဲ့သည်။ 💚 အဆိုပါ လှူဒါန်းမှုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုးက သွားရောက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ 💚 ထို့ပြင် နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုတိုးမြှင့်နိုင်ရေးနှင့် သဘာဝဘေးသင့် ပြည်သူများ အမြန်ဆုံး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးခဲ့ကြောင်း သိရသည်။ သက်ထား

Repost from MWD NEWS
ဘားအံမြို့ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းသို့ တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုအားပေးသည်။

📌 ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၅ အနီး Express ယာဉ်တိမ်းမှောက်၍ ခရီးသည် ၂၂ ဦး ဒဏ်ရာရ 💚 ရန်ကုန်-မန္တလေး အမြန်လမ်းမကြ
+3
📌 ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၅ အနီး Express ယာဉ်တိမ်းမှောက်၍ ခရီးသည် ၂၂ ဦး ဒဏ်ရာရ 💚 ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၅ အနီးတွင် စက်တင်ဘာလ (၂) ရက် မွန်းလွဲ (၂) နာရီ (၆) မိနစ်ခန့်က ခရီးသည်တင် Express ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ 💚 အဆိုပါ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် (၂၇) ဦးအနက် အမျိုးသား (၁၄) ဦးနှင့် အမျိုးသမီး (၈) ဦး၊ စုစုပေါင်း ခရီးသည် (၂၂) ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ 💚 ဖြစ်စဉ်ဖြစ်ပွားရာသို့ လှည်းကူးမြို့နယ်နှင့် (၁၁) မိုင် အမြန်လမ်း မီးသတ်စခန်းတို့မှ သွားရောက် ကူညီကယ်ဆယ်ခဲ့ကြပြီး ဒဏ်ရာရရှိသူများကို လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ သက်ထား

🧱 (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အနုပညာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင
+2
🧱 (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အနုပညာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက် 🔹 ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပခဲ့သည်။ 🔹 အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး ဒေါ်နီလာတို့ တက်ရောက်ခဲ့ပြီး အကောင်းဆုံး တံခွန်စိုက်ဒိုင်းဆု ရရှိခဲ့သည့် အမှတ်(၂) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲအား တံခွန်စိုက်ဒိုင်းဆု ပေးအပ်ချီးမြှင့်ခဲ့သည်။ ဖိုးမောင်