Bee Kyal Football News
Открыть в Telegram
ဘောလုံး အားကစားသတင်းစုံ
БольшеСтрана не указанаКатегория не указана
593
Подписчики
Нет данных24 часа
-37 дней
-330 день
Архив постов
ဗန်ကူးးဗား ဝှိုက်ကပ်အသင်းဟာ မေဂျာလိဂ်ရဲ နာမည်ကြီးအသင်းတသင်းဖြစ်ပြီး အယ်လ်ဖွန်ဆို ဒါးဗစ်တို့လို ကစားသမားတွေထွက်ပေါ်ခဲ့ရာနေရာပါ ။ မနှစ်က မေဂျာလိဂ်ဖိုင်နယ်အထိ ရောက်ရှိခဲ့တဲ့ဒီအသင်းဟာ သောမတ်စ်မူလာလို ကစားသမားမျိုးလည်း လက်ရှိမှာ ကစားနေပါတယ် ။ ဒါပေမယ့် နောက်ရာသီမှာတော့ ဒီအသင်းကြီးဟာ မေဂျာလိဂ်ကနေ ပျောက်ကွယ်ရမယ့်အလားအလာနဲ့ ရင်ဆိုင်လာခဲ့ရပါပြီ ။
ဗန်ကူးဗားအသင်းဟာ မနှစ်ကရာသီမှာ တပွဲကိုအသင်းဖန် ၂ သောင်းခန့်လာရောက်ကြည့်ရှုပေမယ့် ဝင်ငွေအလွန်နည်းပါးစွာရရှိခဲ့ပြီး မေဂျာလိဂ်အသင်း ၃၀ ထဲမှာ အနည်းဆုံးဖြစ်တဲ့အထိ အခြေအနေဆိုးခဲ့ပါတယ် ။ လက်ရှိအသုံးပြုနေတဲ့ကွင်းဟာ ဒီရာသီအကုန်မှာ စာချုပ်ပြည့်တော့မှာဖြစ်ပြီး ထပ်မံငှားရမ်းဖို့ သဘောတူညီမှုမရရှိထားသေးပါဘူး ။
ကလပ်အသင်းပိုင်ရှင်တွေ ၊ ဘုတ်အဖွဲ့ဝင်တွေဟာ ၂၀၂၄ ခုနှစ်ကတည်းက အသင်းကိုရောင်းချဖို့လုပ်ဆောင်ထားတာပါ ။ ဒီရာသီကုန်တဲ့အထိမှ အသင်းကိုဝယ်ယူမယ့်သူမရှိဘူးဆိုရင်တော့ အသင်းကို နေရာသစ်ပြောင်းရွှေ့ကာ အသင်းသစ်အဖြစ်ပြောင်းလဲပြီး ပြိုင်ပွဲဝင်ရတော့မယ်လို့ သိရပါတယ် ။ လတ်တလောမှာ လာ့စ်ဗေးဂက်စ် နဲ့ ဖီးနစ်မြို့တွေကိုလျာထားကြပါတယ် ။
ဒီလိုသာတကယ်ဖြစ်ခဲ့ရင်တော့ ၂၀၀၆ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် မေဂျာလိဂ်မှာ အသင်းလိုက် ( နေရာ ၊ အမည် ၊ ကစားကွင်း ၊ အသင်းဖန်တွေ ၊ အစရှိသည်ဖြင့် ) ပြောင်းရွှေ့မှုကြီး ဖြစ်ပေါ်လာတော့မှာပါ ။
#BeeKyal
အခုရာသီမှ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေဆီကို ( အခြားလိဂ်ကနေ ) ပြောင်းရွှေ့လာကြတဲ့ ဂိုးသွင်းရှင်တွေရဲ့ ပရီးမီးယားလိဂ်အချက်အလက်များ
ပွဲကစားချိန်နဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ ဘင်ဂျမင် ဆက်ရှ်ကိုရဲ့ အနေအထားကလည်း မဆိုးဘူးလို့ ပြောလို့ရနိုင်ပါတယ် ။ နစ် ဗော်တာမာဒါကတော့ နောက်ပိုင်းပွဲတွေမှာ သိပ်ကစားခွင့်မရတော့ပါဘူး ။ လာမယ့်ရာသီမှာ ပိုပြီးအခွင့်အရေးရမယ်ဆိုရင် ဘယ်လောက်အထိစွမ်းဆောင်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ ။
#BeeKyal
လူးဝစ် အန်နရီကေးဟာ မနေ့ညက ဘိုင်ယန်မြူးနစ်နဲ့ကစားခဲ့တဲ့ပွဲစဉ်အပြီးမှာ ချန်ပီယံလိဂ်နိုင်ပွဲ ၅၀ ပြည့်မြောက်သွားခဲ့ပါပြီ ။ အန်နရီကေးဟာ ဒီမှတ်တမ်းကို ၇၇ ပွဲနဲ့ ရယူနိုင်ခဲ့တာဖြစ်ပြီး ယခင်စံချိန်ရှင်ဟောင်း ဂွာဒီယိုလာရဲ့ ပွဲ ၈၀ ထက် ၃ ပွဲလျော့နည်းခဲ့ပါတယ် ။
ချန်ပီယံလိဂ်မှာတော့ အန်နရီကေးဟာ ဂွာဒီယိုလာနဲ့တန်းတူအောင်မြင်ထားသူဖြစ်ပြီး ဂွာဒီယိုလာထက်တောင် ပိုကောင်းသွားနိုင်တဲ့ အနေအထားတွေရှိနေပါတယ် ။ သူတို့ ၂ ယောက်စလုံးဟာ ဘာစီလိုနာအသင်းနဲ့ ဖလား ၃ လုံးအောင်မြင်မှုတွေကို ရယူထားနိုင်ခဲ့သလို မတူညီတဲ့အသင်း ၂ သင်းနဲ့လည်း ချန်ပီယံလိဂ်မှာ ချန်ပီယံဖြစ်ထားခဲ့ကြတာပါ ။ အန်နရီကေးသာ ဒီနှစ်ထပ်ရခဲ့မယ်ဆိုရင်တော့ ဂွာဒီယိုလာထက် ပိုကောင်းအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ပြောလို့ရသွားနိုင်မှာပါ ။
ဒါမှမဟုတ် ဂွာဒီယိုလာထက် ပိုကောင်းတဲ့နည်းပြဖြစ်တယ်ဆိုတာကို ပြသဖို့အတွက် ပရီးမီးယားလိဂ်ဆီ လာရောက်ကိုင်တွယ်ဖို့ လိုအပ်နေဦးမလား ။
#BeeKyal
မနေ့ညက ကစားခဲ့တဲ့ ပီအက်စ်ဂျီ နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ပွဲဟာ ဒီနှစ်ဘောလုံးရာသီအတွက် အကောင်းဆုံးပွဲ ၊ ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတလျောက် အကောင်းဆုံးတွေထဲကတပွဲ ၊ ဆီမီးဖိုင်နယ်အဆင့်ရဲ့ သွင်းဂိုးအများဆုံးပွဲစဉ်ဖြစ်လာခဲ့ပါတယ် ။ ၂ သင်းစလုံး ဂိုးတွေ အပြန်အလှန်သွင်းခဲ့ကြပြီး ပီအက်စ်ဂျီအသင်းက ၅-၄ နဲ့ အနိုင်ရရှိသွားခဲ့တာပါ ။
ဒီပွဲမှာ ခါဗာရက်စ်ခီလီယာရဲ့ အဆင့်အတန်းမြင့်သွင်းဂိုး ၂ ဂိုး ၊ လှပသလို အရေးလည်းပါတဲ့ ဘိုင်ယန်မြူးနစ်ရဲ့ စတုတ္ထမြောက်သွင်းဂိုး ၊ မစ်ချယ်အိုလိစ်ရဲ့ မှန်းဆရခက်တဲ့ကန်သွင်းမှု ၊ ဘိုင်ယန်ဂိုးသမားကြီး နော်ယာ ဘာမှမတတ်နိုင်ဘဲ ရပ်ကြည့်လိုက်ရတဲ့ ဒမ်ဘီလီရဲ့ သွင်းဂိုးတွေဟာ ဘောလုံးဝါသနာရှင်တွေကို အလွန်နှစ်သက်စေခဲ့ပါတယ် ။
အဲဒီအထဲမှာ အကောင်းဆုံးတဂိုးကို ရွေးရမယ်ဆိုရင်တော့ လူးဝစ်ဒီယာ့ဇ်ရဲ့ သွင်းဂိုးကို ညွှန်းဆိုရမှာပါ ( ဘိုင်ယန်မြူးနစ်ရဲ့ စတုတ္ထမြောက်သွင်းဂိုး ) ။ ဟယ်ရီကိန်းရဲ့ တိကျတဲ့ ပေးပို့မှု ၊ လူးဝစ်ဒီယာ့ဇ်ရဲ့ ကောင်းမွန်လှတဲ့ အထိန်းအသိမ်း ၊ တည်ငြိမ်မှုနဲ့ယုံကြည်မှုအပြည့်ရှိတဲ့ သွင်းဂိုးဟာ ဘိုင်ယန်မြူးနစ်အသင်းကို ဒုတိယအကျော့အတွက် မျှော်လင့်ချက်တွေ ရရှိစေခဲ့ပါတယ် ။
ဘိုင်ယန်မြူးနစ်ကွင်းမှာရော ဘယ်လိုစိတ်လှုပ်ရှားစရာကောင်းတဲ့ရလဒ်မျိုးကို မြင်တွေ့ရနိုင်မလဲ ။ ဗိုလ်လုပွဲကို တက်ရောက်လာမှာက ပီအက်စ်ဂျီလား ၊ ဘိုင်ယန်မြူးနစ်လားဆိုတာကို လာမယ့်အပတ်မှာ သိရှိရတော့မှာပါ ။
#BeeKyal
ရီးရဲမက်ဒရစ်ဥက္ကဌကြီး ဖလော်ရန်တို ပီရက်ဇ်ဟာ ဂျိုဆေးမော်ရင်ညိုကို လာမယ့်ရာသီ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားမှုရှိနေပြီလို့ သတင်းဌာနတွေ ( အထူးသဖြင့် ဗြိတိန်သတင်းဌာနတွေ ) က ဖော်ပြလာခဲ့ကြပါတယ် ။ မော်ရင်ညိုဟာ ရီးရဲမက်ဒရစ်ကို ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့ဖူးပြီး လာလီဂါ ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလား တကြိမ်စီ ရယူပေးခဲ့သလို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကိုလည်း ၃ နှစ်ဆက်ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ် ။
မော်ရင်ညို ရီးရဲမက်ဒရစ်ကို နောက်တကြိမ်ပြန်ရောက်လာရင် အောင်မြင်နိုင်မယ်ထင်သလား . . .
#BeeKyal
စကော့တလန်ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံး ၄၁ ရာသီမှာ ဆဲလ်တစ်နဲ့ ရိန်းဂျားစ်အသင်းတွေကပဲ အမှတ်ပေးချန်ပီယံဖြစ်ခဲ့တာပါ ။ ဒါပေမယ့် ဒီရာသီမှာတော့ အပြောင်းအလဲတခုကို မြင်ရဖို့ အလားအလာတွေရှိလာခဲ့ပါပြီ ။ ဟတ်စ်အသင်းဟာ ရာသီကုန်ဖို့ ၄ ပွဲအလိုမှာ ဒုတိယနေရာက ဆဲလ်တစ်အသင်းကို ၃ မှတ်အသာနဲ့ ဦးဆောင်နေတာကြောင့်ပါပဲ ။ ပြီးခဲ့တဲ့ပွဲစဉ်မှာ ရိန်းဂျားစ်အသင်းရှုံးနိမ့်သွားခဲ့တာကလည်း ဟတ်စ်အသင်းကို အခုလိုအမှတ်အသာရရှိဖို့ အကြောင်းအရင်း ဖြစ်လာစေခဲ့ပါတယ် ။
လက်ကျန် ၄ ပွဲမှာ ဟတ်စ်အသင်းဟာ ရိန်းဂျားစ် ၊ ဆဲလ်တစ်တို့နဲ့ ယှဉ်ပြိုင်ကစားရဦးမှာပါ ။ ဒါပေမယ့် စကော့တလန်ပရီးမီးယားလိဂ်ဟာလည်း ဂိုးကွာခြားချက်ကိုကြည့်ပြီး ဆုံးဖြတ်တာဖြစ်တဲ့အတွက် တပွဲရှုံးသွားပြီး ဆဲလ်တစ်အသင်းက လိုက်မီသွားခဲ့ရင်တောင်မှ ဂိုးကွာခြားချက်အသာနဲ့ ဟတ်အသင်း ချန်ပီယံဖြစ်လာနိုင်ပါသေးတယ် ။
ဆယ်စုနှစ် ၄ ခုကျော်အောင်စောင့်ဆိုင်းခဲ့ရတဲ့ ချန်ပီယံအသင်းတသင်းကို ဒီရာသီစကော့တလန်လိဂ်မှာ မြင်တွေ့နိုင်မလားဆိုတာကတော့ . . .
#BeeKyal
မန်ယူနိုင်မယ် ၊ ဘရူနို ဂိုးဖန်တီးမယ် ၊ ဒီနှစ်ခုပဲ မန်ယူဖန်တွေမျှော်လင့်ခဲ့ကြတာပါ ။ အခုသူတို့ဖြစ်ချင်တာတွေအားလုံး ဖြစ်လာခဲ့ပါပြီ ။ မန်ချက်စတာယူနိုက်တက်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ၂ မှတ်သာလိုပါတော့တယ် ။ ဘရူနိုဖာနန်ဒက်စ်လည်း အွန်နရီတို့ရဲ့စံချိန်နဲ့ ၁ ဂိုးအကွာကို ရောက်လာခဲ့ပါပြီ ။ ဘင်ဂျမင် ဆက်ရှ်ကိုလည်း ပရီးမီးယားလိဂ်မှာ ၁၀ ဂိုးအထိသွင်းပေးထားနိုင်ခဲ့ပါပြီ ။
ကဲ မန်ယူဖန်တွေ . . . ဘာလိုသေးလဲဗျာ ။
#BeeKyal
သီယာရီ အွန်နရီ နဲ့ ကယ်ဗင် ဒီဘရိုင်းနားတို့ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားတွေထဲမှာ ထည့်သွငအကောင်းဆုံသလို မီဆွတ် အိုဇေးလ်ကိုလည်း အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်တွလိုက်မီသွားသလို ချီးကျူးခဲ့ကြပါတယ် ။ အခု ဘရူနိုက အိုဇေးလ်ရဲ့ ဂိုးဖန်တီးမှုကို လိုက်မီသွားသလို အွန်နရီ နဲ့ ဒီဘရိုင်းနားတို့ရဲ့ စံချိန်နဲ့လည်း ၁ ဂိုးသာ ကွာဟတော့တာပါ ။ လက်ကျန် ၄ ပွဲမှာ ၁ ဂိုးဖန်တီးနိုင်ရုံနဲ့ လိုက်မီသွားမှာကွာဟတော့တ၂ ုလုပ်နိုင်တဲ့စံချိးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတလျောက် တရာသီဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်တဲ့စံချိန်သစ်ကို ဘရူနို ဖာနန်ဒက်စ်ဆိုတဲ့အမည်နဲ့ တဦးတည်းပိုင်ဆိုင်ခွင့်ရရှိတော့မှာပဲ ဖြစ်ပါတယ် ။
၊ မန်ယူအသင်းကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် ဦးဆောင်ကစားပေးထားတယ် ၊ ဒီလိုကစားသမားမှ တနှစ်တာအကောင်းဆုံးဆုမတရာသီဂိုးဖန်တီးမှချန်ပီယံ ၂၀ လောက်ပြုလုပ်ပေးတယ် ၊ ဂိုးတွေလည်းသွင်းပေးထားတယ်ရရင် ဘယ်သူရနိုင်မှာလဲ . . .
#BeeKyal
"မန်ချက်စတာယူနိုက်တက်က ရူဘန်အမော်ရင်တုန်းကလိုပုံစံမျိုး ပြန်ဖြစ်နေပါပြီ ။ ချဲလ်ဆီးနဲ့ပွဲမှာ နိုင်ပွဲပြန်ရခဲ့ပေမယ့် သူတို့ရဲ့ ကစားပုံက ကောင်းမလာတော့ပါဘူး ။ ဘရန့်ဖိုဒ့်က လိဒ်ယူနိုက်တက်လိုပဲ မန်ယူအသင်းကို ခက်ခဲစေမှာပါ ။ ဘရန့်ဖိုဒ့်သာ ဂိုးစရသွားခဲ့မယ်ဆိုရင် ဒီပွဲဟာ ယူနိုက်တက်အတွက် လွယ်ကူစေမှာမဟုတ်ပါဘူး"
"နောက်တချက်က မန်ယူအသင်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သိပ်စိတ်မပူရတဲ့ အနေအထားကိုရောက်နေတာပါ ။ သူတို့ လီဗာပူးနဲ့ ကစားဖို့ရှိနေသေးပေမယ့် အဆင့် ၆ က ဘရိုက်တန်ကို ၈ မှတ်အသာနဲ့ ဦးဆောင်ထားပါတယ် ။ ဒါကြောင့် ဖိအားသိပ်မရှိနိုင်ပါဘူး"
"ဘင်ဂျမင် ဆက်ရှ်ကိုက ပွဲထွက်ကစားသမားဖြစ်ဖို့ အဆင်သင့်မရှိသေးဘူးလို့ ထင်ပါတယ် ။ သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေက အရန်ခုံကနေ လူစားဝင်ကစားတာပါ ။ သူ့ကို ၂ ပွဲဆက် ပွဲထုတ်ခဲ့တဲ့ ကာရစ်ကိုလည်း ကျွန်တော် နားမလည်ပါဘူး ။ အခုပွဲလည်း ဆက်ရှ်ကိုနဲ့ စတင်မယ်ဆိုရင် ယူနိုက်တက်တို့ ရုန်းကန်ရမှာပါ"
#BeeKyal
ချဲလ်ဆီးနဲ့ မန်စီးတီးတို့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ဆုံတွေ့ကြတော့မှာပါ ။ လက်ရှိအနေအထားတွေအရ မန်စီးတီးက ချန်ပီယံဖြစ်လာဖို့ ပိုပြီးအလေးသာနေမှာပါ ။ ဒါပေမယ့် ပြိုင်ဘက်အသင်းက ချဲလ်ဆီး ၊ မထင်မှတ်ထားချိန်မှာမှ ချန်ပီယံဖြစ်တတ်တဲ့ ချဲလ်ဆီး ၊ ယာယီနည်းပြကိုင်တွယ်နေတဲ့ ချဲလ်ဆီးအသင်းဆိုတာကိုတော့ မေ့ထားလို့မရနိုင်ပါဘူး ။ ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်မှာ ပီအက်စ်ဂျီတို့ ဒီအကြောင်းကို ကောင်းကောင်းနားလည်ခဲ့သလို မန်စီးတီးကိုယ်တိုင်လည်း ၂၀၂၁ ချန်ပီယံလိဂ်ဖိုင်နယ်မှာ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ဖူးပါတယ် ။ အခုလာမယ့်ပွဲဟာ ချန်ပီယံလိဂ်ဖိုင်နယ်နောက်ပိုင်း ချဲလ်ဆီးနဲ့ မန်စီးတီးတို့ ဖလားဖိုင်နယ်ပွဲစဉ်မှာ ပထမဆုံးအကြိမ်ပြန်လည်ဆုံတွေ့မှုလည်း ဖြစ်လာမှာပါ ။
ဒီအကြောင်းအရာတွေကြောင့်ပဲ ချဲလ်ဆီး နဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားမယ့် အက်ဖ်အေဖလားဖိုင်နယ်ပွဲစဉ်ဟာ ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလာစေခဲ့ပါပြီ ။
#BeeKyal
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
