Bee Kyal Football News
Открыть в Telegram
ဘောလုံး အားကစားသတင်းစုံ
БольшеСтрана не указанаКатегория не указана
591
Подписчики
+224 часа
-37 дней
-330 день
Архив постов
ချစ်ကိုတစ်ယောက်ရဲ့ 3 သိန်းအထုတ်လေး
အပြောမဟုတ်ဘူးနော် ဘော်ဒါတို့ တစ်ကယ်လုပ်ပြနေတာပွဲပါးလဲစကေးကောင်းတော့ထုတ်ပြီပေါ့
ချစ်ကိုတစ်ယောက်ကတော့ စကေးပြသွားပြန်ပြီ
စိတ်ချယုံကြည်ရတဲ့ငွေသွင်းငွေထုတ်ဝန်ဆောင်မှုများနဲ့အတူရှယ်ကြမ်းမယ်ဆိုတဲ့ညီကိုတွေ
🟥🟥🟥🟥🟥🟥🟥ကိုလှမ်းလာခဲ့လိုက်နော်
ဆက်သွယ်ရန်😀😀
📱 - 09-777-652-652
📱 - https://t.me/beekyal23
ဘောလုံးသတင်းနှင့်ဘောလုံးခန့်မှန်းကြေးများကိုဒီ Channel မှာဝင်ရောက်လေ့လာနိုင်ပါတယ်👇👇
https://t.me/Dailysoccerflow
ပရီးမီးယားလိဂ်မှာ ဝုဗ်အသင်းတန်းဆင်းသွားရသလို ဘွန်ဒစ်လီဂါမှာလည်း ဝုဖ်ဘတ်အသင်း တန်းဆင်းသွားခဲ့ရပါပြီ ။ မနေ့ညက ကစားခဲ့တဲ့ တန်းဆင်း-တန်းတက် Playoff ဒုတိယအကျော့ပွဲစဉ်မှာ ပါဒါဘွန်းအသင်းကို အချိန်ပိုအထိကစားပြီး ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ဘွန်ဒစ်လီဂါမှာ ၂၉ နှစ်ကြာ ယှဉ်ပြိုင်ကစားနေမှုကနေ ဒုတိယတန်းကို သွားရောက်ကစားရတော့မှာပါ ။ ပါဒါဘွန်းအသင်းကတော့ ဘွန်ဒစ်လီဂါကို တက်လှမ်းလာနိုင်ခဲ့ပါပြီ ။
ဝုဖ်ဘတ်အသင်းလို့ပြောလိုက်တာနဲ့ ဒီဇစ်ကို ၊ ဂရာဖီတေးတို့ရဲ့ အမှတ်ပေးချန်ပီယံဖြစ်ခဲ့တဲ့ ၂၀၀၈-၀၉ ဘောလုံးရာသီကအသင်း ၊ ဘွန်ဒစ်လီဂါအကောင်းဆုံးဆုရှင် ကယ်ဗင်ဒီဘရိုင်းနား ၊ ဂျူလီယံ ဒရက်ဇလာ ၊ မန်ဇူကစ် နဲ့ အိုဆီမန်တို့လိုကစားသမားတွေကစားခဲ့တာကို ပြန်ပြီအိုဆီမန်တို့လို။ အခုတော့ သူတို့အသင်း တန်းဆင်းသွားခဲ့ရပါပြီ ။
ဘွန်ဒစ်လီဂါမှာ နောက်တကြိမ်ပြန်မြင်ရဖို့ အချိန်ဘယ်လောက်ကြာဦးမှာလဲ . . .
#BeeKyal
ဒီကလန်ရိုက်စ် အာဆင်နယ်နဲ့ အမှတ်ပေးချန်ပီယံဖြစ်ချိန်မှာ ဖလားယူခဲ့ဖူးတဲ့အသင်းဟောင်း ဝက်စ်ဟမ်းတန်းဆင်း . . .
အီဒင် ဒီဇစ်ကို အမှတ်ပေးချန်ပီယံ ( ဒုတိယတန်း ) ဖြစ်ပြီး တန်းတက်လာချိန်မှာ သူဖလားယူခဲ့ဖူးတဲ့ အသင်းဟောင်း ဝုဖ်ဘတ်တန်းဆင်း . . .
ဝက်စ်ဟမ်းအသင်းဟာ ၂၀၁၁ နောက်ပိုင်း ပထမဆုံးအကြိမ်တန်းဆင်းခဲ့ရတာဖြစ်ပြီး
ဝုဖ်ဘတ်အသင်းကတော့ ၁၉၉၇ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဒုတိယတန်းကို တန်းဆင်းသွားခဲ့ရတာပဲဖြစ်ပါတယ် ။
#BeeKyal
OFFICIAL!
လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ Dark Horse တသင်းလို့ ခေါ်ဆိုနေကြတဲ့ ကိုလံဘီယာအသင်းရဲ့လူစာရင်းလည်းထွက်ပေါ်လာခဲ့ပါပြီ
အသင်းခေါင်းဆောင် ဟာမက်ရိုဒရီဂွက် ဦးဆောင်လာမယ့် ကိုလံဘီယာအသင်းဟာ အသင်းလိုက်ကစားပုံကောင်းမွန်သလို ထိပ်တန်းကစားသမားအချို့လည်းပါဝင်နေပါတယ် ။ ဒီတကြိမ်မှာတော့ ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား လူးဝစ် ဒီယာ့ဇ်က အဓိကကစားသမားဖြစ်လာမှာပါ ။ စပို့တင်းမှာ ဂိုးတွေသွင်းနေတဲ့ လူးဝစ် ဆွာရက်ဇ်လည်း ပါဝင်လာပါတယ် ။ ဗီလာနဲ့အတူ တောက်ပခဲ့ရာကနေ အယ်လ်နက်ဆာ ၊ ဖီနာဘာချီအသင်းတွေကိုရောက်ပြီး မှေးမှန်ခဲ့ရတဲ့ ဂျွန်ဒူရမ်ကတော့ ချန်လှပ်ခံခဲ့ရပါတယ် ။
ကိုလံဘီယာအသင်းရဲ့ ကမ္ဘာ့ဖလားလူစာရင်း အချို့( ၂၆ ယောက်စလုံးမဟုတ်ပါ )
ဂိုးသမား - ဒေးဗစ် အိုစပင်နာ ( အက်သလက်တီကို နက်စီယွန်နယ် )
နောက်တန်း - ဒန်နီရယ် မူနော့ဇ် ( ခရစ္စတယ်ပဲလေ့စ် ) ၊ ရယ်ရီမီနာ ( ကာဂလီယာလီ ) ၊ ဒေဗီဆင် ဆန်းချက် ( ဂါလာတာစာရေး ) ၊ ဂျွန် လူကူမီ ( ဘိုလော့ညာ ) ၊ မာချာဒို ( နန့်တက်စ် )
အလယ်တန်း - ရစ်ချတ် ရီယို့စ် ( ဘင်ဖီကာ ) ၊ ဂျက်ဖာဆင် လီမာ ( ခရစ္စတယ်ပဲလေ့စ် ) ၊ ဟာမက် ရိုဒရီဂွက်စ်
ရှေ့တန်း - လူးဝစ် ဒီယာ့ဇ် ( ဘိုင်ယန်မြူးနစ် ) ၊ လူးဝစ် ဆွာရ့က်ဇ် ( စပို့တင်း ) ၊ ကာမီလို ဟာနန်ဒက်ဇ် ( ရီးရဲဘက်တစ် )
ကိုလံဘီယာအသင်းဟာ ကမ္ဘာ့ဖလား Group K မှာ ပေါ်တူဂီ ၊ Uzbekistan ၊ ဒီအာကွန်ဂိုအသင်းတို့နဲ့အတူ ပါဝင်ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ် ။ ၂၀၁၄ ပြိုင်ပွဲတုန်းက ကွာတားဖိုင်နယ်အဆင့်ဟာ ကိုလံဘီယာအသင်းအတွက် အမြင့်ဆုံးဖြစ်ခဲ့တာပါ ။ ဒီနှစ်မှာ ဒီထက်ပိုမြင့်တဲ့အဆင့်ကို ရောက်အောင်သွားနိုင်မလား . . .
#BeeKyal
မနေ့က ကစားခဲ့တဲ့ စီးရီးအေ ရာသီကုန်ပွဲစဉ်မှာ အေစီမီလန်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့အတွက် အိမ်ကွင်းမှာ နိုင်ပွဲရဖို့ လိုအပ်ခဲ့ပါတယ္ ။ ဒါပေမယ့် သူတို့ဟာ ကာဂလီယာလီအသင်းကို ၂-၁ နဲ့ ရှုံးနိမ့်ပြီး ယူရိုပါလိဂ်ဝင်ခွင့်ကိုသာ ရရှိခဲ့ပါတယ် ။ အေစီမီလန်ဟာ အခုရာသီမှာလည်း တပတ်တပွဲသာ ကစားခဲ့ရတာပါ ။ တချိန်တုန်းက အေစီမီလန်ရဲ့ အရှိန်အဝါတွေ စွမ်းေဆာင်မှုတွေ လွမ်းလောက်စရာပါပဲ ။
#BeeKyal
ချဲလ်ဆီးအသင်းကတော့ ပြိုင်ဘက်တွေက ရွှေလင်ပန်းနဲ့ အကွက်ဆင်ပေးထားတဲ့ အခွင့်အရေးကိုတောင် ဘယ်လောက်အထိ အသုံးမချတတ်လဲဆိုရင်... မန်ချက်စတာယူနိုက်တက်က ဘရိုက်တန်ကို အပိုင်ကိုင်ပြီး နိုင်ပွဲရှာပေးထားတာတောင်၊ သူတို့ကတော့ ဆန်းဒါးလန်းလို အသင်းမျိုးကို သရေတစ်မှတ်ရအောင်တောင် မကစားနိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့တာကြောင့် လာမယ့်ရာသီ ဥရောပစင်မြင့် ဝင်ခွင့်အားလုံးနဲ့ လုံးဝလွဲချော်သွားခဲ့ရပြီ ဖြစ်ပါတယ်
တကယ်တော့ ယူနိုက်တက်က ရိုးရိုးလေးတင် နိုင်ပေးခဲ့တာမဟုတ်ဘဲ ဂိုးပြတ်အနိုင်ယူပြီး ကူညီပေးခဲ့တာကြောင့်... ချဲလ်ဆီးအနေနဲ့ ဒီပွဲမှာ သရေတစ်မှတ်ရုံလေး ကစားနိုင်ခဲ့ရင်တောင် ဂိုးကွာခြားချက်အသာနဲ့ ယူရိုပါလိဂ်ဝင်ခွင့်ကို အေးအေးဆေးဆေး သယ်ဆောင်သွားနိုင်မယ့် အနေအထားမျိုးပါ
အခုတော့ စံချိန်တင် အနီကတ်တွေနဲ့အတူ... ချဲလ်ဆီးပရိသတ်တွေအတွက်တော့ တကယ့်ကို ရင်နာစရာအကောင်းဆုံးနဲ့ သောက်ကျိုးအနည်းဆုံး စိတ်ပျက်စရာ ရာသီဆိုးကြီးတစ်ခုအဖြစ် သမိုင်းတွင်ပြီး ပြီးဆုံးသွားခဲ့ရပါတယ်
#BeeKyal
West Ham အသင်းကတော့ Leeds ကို 3-0 အနိုင်ယူနိုင်ခဲ့ပေမယ့် တန်းဆင်းသွားပြီဖြစ်ပါတယ်။
တစ်ဖက်မှာလည်း Aston Villa က မန်စီးတီးကို 1-2 ဖြင့်အနိုင်ရပြီး အဆင့် ၄ နေရာနက်ပြီးဆုံးခဲ့တာကြောင့် ဘုန်းမောက် အသင်းဟာ UEFA Champions League ဝင်ခွင့်နဲ့ လွဲချော်သွားခဲ့ရပါပြီ။
ဗီလာ အသင်းသာ ပရီးမီးယားလိဒ်မှာအဆင့် ၅ နေရာ နက်ပြီးဆုံးမယ်ဆိုရင် ဘုန်းမောက်အတွက်မျှော်လင့်ချက်ရှိနိုင်ပေမဲ့ မန်စီးတီးအသင်းက အိမ်ကွင်းမှာရူံးနိမ့်ခဲ့တဲ့အပြင် ၊ လီဗာပူးကလည်း ဘရက်ဖို့ ကိုအိမ်ကွင်းမှာ 1-1 သရေကျခဲ့တာကြောင့် အဆင့် 6 နေရာမှာရှိတဲ့ ဘုန်းမောက်အသင်းက UEFAချန်ပီယံလိဒ်နက် လွဲချော်ခဲ့ရတာဖြစ်ပါတယ်။
#BeeKyal
OFFICIAL!
အီတလီစီးရီးအေဘောလုံးရာသီပြီးဆုံးပါပြီ
ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းကတော့ တကယ့်အံ့ဖွယ်တွေကို စွမ်းဆောင်ပြနိုင်ခဲ့တာပါပဲ ။ ရာသီကုန်ပွဲစဉ်မှာ အဝေးကွင်းဂိုးပြတ်အနိုင်ရရှိမှုနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူသွားနိုင်ခဲ့တာပါ ။ ယူဗင်တပ်နဲ့ အေစီမီလန်တို့ရဲ့ တည်ငြိမ်မှုမရှိတဲ့ရလဒ်တွေက ရိုးမားနဲ့ ကိုမိုအသင်းတွေကို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိစေခဲ့ပါတယ် ။ သူတို့ ၂ သင်းကတော့ ယူရိုပါလိဂ်ကို သွားရောက်ကစားရတော့မှာပါ ။
ချန်ပီယံ - အင်တာမီလန်
ဂိုးသွင်းအများဆုံးကစားသမား - လော်တာရို မာတီနက်ဇ်
ဂိုးဖန်တီးမှုအများဆုံးကစားသမား - ဖက်ဒရီကို ဒီမာကို ( ၁၇ ဂိုး )
ချန်ပီလိဂ်ဝင်ခွင့် - အင်တာမီလန် ၊ နာပိုလီ ၊ ရိုးမား ၊ ကိုမို
ယူရိုပါလိဂ်ဝင်ခွင့် - အေစီမီလန် ၊ ယူဗင်တပ်
ကွန်းဖရင့်စ်လိဂ်ဝင်ခွင့် - အတ္တလန်တာ
တန်းဆင်းအသင်းများ - ခရီမိုနီးစ် ၊ ဗီရိုနာ ၊ ပီဆာ
#BeeKyal
OFFICIAL!
Premier League 2025-26 season is over!
ချန်ပီယံ - အာဆင်နယ်
ချန်ပီယံလိဂ်ဝင်ခွင့် - မန်စီးတီး ၊ မန်ယူ ၊ ဗီလာ ၊ လီဗာပူး
ယူရိုပါလိဂ်ဝင်ခွင့် - ဘုန်းမောက် ၊ ဆန်းဒါးလန်း
ကွန်းဖရင့်စ်လိဂ်ဝင်ခွင့် - ဘရိုက်တန်
တန်းဆင်းအသင်းများ - ဝက်စ်ဟမ်း ၊ ဘန်လေ ၊ ဝုဗ်
#BeeKyal
အောင်မြင်မှုများစွာနဲ့ ပရီးမီးယားလိဂ်ကိုနှုတ်ဆက်ခဲ့ကြသူများ
မနေ့တုန်းက လီဗာပူး နဲ့ မန်စီးတီးဖန်တွေအတွက် ဝမ်းနည်းစရာကောင်းတဲ့နှုတ်ဆက်မှုတွေ ရှိခဲ့ကြပါတယ် ။ အသင်းမှာ နှစ်ပေါင်းများစွာကစားခဲ့ပြီး အောင်မြင်မှုတွေရယူရာမှာ အဓိကကစားသမားတွေအဖြစ် ပါဝင်ခဲ့ကြတဲ့ မိုဟာမက်ဆာလာ ၊ အန်ဒီ ရောဘတ်ဆန် ၊ ဘာနာဒို ဆေးလ်ဗားနဲ့ ဂျွန်စတုန်းတို့ဟာ သူတို့အသင်းတွေကို နှုတ်ဆက်ထွက်ခွာခဲ့ကြပြီဖြစ်လို့ပါပဲ ။
မိုဆာလာ နဲ့ ဘာနာဒိုဆေးလ်ဗားတို့ဟာ ပရီးမီးယားလိဂ်သမိုင်းတလျောက် အကောင်းဆုံးကစားသမားစာရင်းဝင်သူတွေဖြစ်ခဲ့ကြပြီး ရောဘတ်ဆန်ဆိုရင်လည်း အကောင်းဆုံးဘယ်နောက်ခံလူစာရင်းဝင်တဲ့အထိ ထိပ်တန်းအဆင့်ပုံစံကောင်းတွေ ပြသနိုင်ခဲ့ကြတာပါ ။
သူတို့တွေမရှိတော့ပေမယ့် သူတို့စွမ်းဆောင်ခဲ့တာတွေ ၊ သူတို့ရယူခဲ့တဲ့အောင်မြင်မှုတွေနဲ့ သူတို့ရဲ့ပုံရိပ်တွေကတော့ ပရီးမီးယားလိဂ်နဲ့အတူ အမြဲဆက်လက်ရှိနေဦးမှာ အမှန်ပါပဲ ။
#BeeKyal
'ချန်ပီယံလိဂ်ဖလားရဲ့ဆုကြေးထက် ပိုများနေတဲ့ ပရီးမီးယားလိဒဂ်တန်းတက်ခွင့်ရတဲ့ အသင်းရဲ့ရနိုင်မယ့်ဝင်ငွေ'
ကမ္ဘာပေါ်မှာလူစိတ်ဝင်စားမှုအများဆုံးလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်အသင်းတွေရဲ့ဝင်ငွေဟာ အခြားသောလိဂ်တွေ၊ဆုဖလားပြိုင်ပွဲတွေထက် ကြောက်စရာကောင်းလောက်အောင်ပဲ များပြားလွန်းလှပါတယ်။ဒါကြောင့်ပဲ ကလပ်အသင်းတွေဟာ တန်းမဆင်းရအောင်ကြိုးစားကြသလို တန်းတက်လာနိုင်အောင် ကြိုးစားကျတာကြောင့် ပြိုင်ဆိုင်မှုအရမ်းပြင်းထန်ပြီး ပရိသတ်တွေ အရမ်းစိတ်ဝင်စားကြတာပဲ ဖြစ်ပါတယ်။
မနေ့ညက ချန်ပီယံရှစ် Play off ဖိုင်နယ်မှ တန်းတက်လာတဲ့ ဟားစီးတီးအသင်း လာမည့်ရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ရုပ်သံမူပိုင်ခွင့်၊ စပွန်ဆာများနှင့် ပြန်ပြီးတန်းဆင်းသွားရင်တောင် ကလပ်အသင်း ဘဏ္ဏာရေးမပြိုကွဲရေးအတွက် လိဂ်မှထောက်ပံ့ပေးမည့် ရန်ပုံငွေတို့မှ ရရှိမည့်ပျှမ်းမျှဝင်ငွေဟာ ပေါင် ၂၄၅ သန်းထိရှိနေပြီး ဒါဟာပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဒ်ဖလားရရှိခဲ့တဲ့ PSG အသင်းရဲ့ဆုကြေးထက်ကို အဆမတန်များနေတာပဲ ဖြစ်ပါတယ်။
#BeeKyal
✅နိုင်ပွဲနဲ့အတူ တစ်ရာသီတွင်း( Assists ) ၂၁ ကြိမ်ပထမဆုံးကစားသမားဖြစ်လာခဲ့တဲ့ ဘရူနို✅
ဒီည ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက ဘရိုက်တန်အသင်းကို အဝေးကွင်းမှာ ၃ - ၀ ဆိုတဲ့ရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူပြီး ရာသီကို အကောင်းဆုံးပုံစံနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာတော့ပက်ထရစ် ဒေါ်ဂူ (၃၂ မိနစ်)
ဘရိုင်ယန် အမ်ဘူမို (၄၃ မိနစ်)
ဘရူနို ဖာနန်ဒက်စ် (၄၇ မိနစ်)တို့ကအသီးသီးသွင်းယူခဲ့ကြပါတယ်။
ဒီပွဲမှာ ဘရူနို ဖာနန်ဒက်စ်ဟာ သမိုင်းဝင်မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ ပက်ထရစ် ဒေါ်ဂူ သွင်းယူခဲ့တဲ့ ပထမဦးဆုံးဂိုးကို ဖန်တီးပေးခဲ့ခြင်းအားဖြင့်၊ သူဟာ ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ရာသီအတွင်း (Assists) ၂၁ ကြိမ် အထိ ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ သူဟာ အရင်က ထီယာရီ အွန်နရီနဲ့ ကယ်ဗင် ဒီဘရိုင်းတို့ ပူးတွဲပိုင်ဆိုင်ထားတဲ့ (၂၀) ကြိမ်ဆိုတဲ့ စံချိန်ကို ကျော်ဖြတ်သွားတာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ ရာသီသိမ်းချိန်မှာ အဆင့် (၃) နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး လာမယ့်ရာသီအတွက် UEFA ချန်ပီယံလိဂ်ဝင်ခွင့်ကိုလည်း စိတ်ချလက်ချ ရရှိထားပြီး ဖြစ်ပါတယ်။
ဒီပွဲစဉ်အပြီးမှာ ဘရူနို ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်ရဲ့ "တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု" ကိုလည်း ရရှိထားတဲ့အတွက် သူ့အတွက် အမှတ်တရ အလွန်ကောင်းမွန်တဲ့ ရာသီတစ်ခုလို့ ဆိုနိုင်ပါတယ်။
#BeeKyal
ချစ်ကိုတစ်ယောက်ရဲ့ ၁၅ သိန်းအဖြည့်လေး
ချစ်အကို တို့ရေဒီညမှာတော့ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံးပွဲစဥ်တွေကို အတူတူရင်ခုန်ခံစားရင်း စီးမျောချင်တယ်ဆိုရင်... တိကျ/မြန်ဆန်/မှန်ကန်တဲ့ဝန်ဆောင်မှု့တွေနဲ့အတူ
🔠🔠🔠🔠🔠🔠🔠
ကစောင့်ကြိုနေပါတယ်။
အပြောမဟုတ်ဘူးနော်မိတ်ဆွေအလုပ်နဲ့သက်သေပြနေတာနော်။
ဆက်သွယ်ကစားရန်⬇️⬇️
📱⏩09-777-652-652
📱⏩@beekyal23
Уже доступно! Исследование Telegram 2025 — ключевые инсайты года 
