ru
Feedback
Bee Kyal Football News

Bee Kyal Football News

Открыть в Telegram

ဘောလုံး အားကစားသတင်းစုံ

Больше
Страна не указанаКатегория не указана
593
Подписчики
Нет данных24 часа
-37 дней
-330 день
Архив постов
မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍
+1
မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍

ဒဏ်ရာသတင်းဆိုးအကြောင်း ကိုယ်တိုင်ပြောပြလာတဲ့ လာမင်းယာမယ်

ညနေခင်းကြေးလေးပါ😍😍
ညနေခင်းကြေးလေးပါ😍😍

ယနေ့ခန့်မှန်းပွဲများ
+4
ယနေ့ခန့်မှန်းပွဲများ

ဒီရာသီတန်းဆင်းရနိုင်တဲ့အသင်းကြီးတွေရဲ့စာရင်းမှာ ဆီဗီးလားကိုလည်း ထည့်သွင်းရပါတော့မယ် ။ ယူရိုပါလိဂ်ကို ၇ ကြိမ်ရယူထားပြီး အအောင်
ဒီရာသီတန်းဆင်းရနိုင်တဲ့အသင်းကြီးတွေရဲ့စာရင်းမှာ ဆီဗီးလားကိုလည်း ထည့်သွင်းရပါတော့မယ် ။ ယူရိုပါလိဂ်ကို ၇ ကြိမ်ရယူထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ်ရပ်တည်ခဲ့တဲ့ ဆီဗီးလားဟာ ပြီးခဲ့တဲ့နှစ်ကစပြီး ပုံစံကောင်းတွေပျောက်ကာ ရလဒ်တွေဆိုးရွားခဲ့ပါတယ် ။ မနေ့ညက ကစားခဲ့တဲ့ပွဲမှာ တန်းဆင်းဇုန်ထဲက လီဗန်တေးအသင်းကို ရှုံးနိမ့်အပြီးမှာတော့ ဆီဗီးလားအသင်းဟာ တန်းဆင်းဇုန်နဲ့ ၁ မှတ်အကွာ ၊ အဆင့် ၁၇ နေရာအထိ ရောက်ရှိလို့သွားပါပြီ ။ ရာသီကုန်ဖို့ ၆ ပွဲလိုသေးပြီး လက်ကျန်ပွဲတွေမှာ ရီးရဲမက်ဒရစ် ၊ ဗီလာရီးရဲတို့လိုအသင်းတွေနဲ့ ကစားရဦးမှာဖြစ်တာကြောင့် ဆီဗီးလားတို့ တန်းဆင်းသွားရမလားဆိုတာ စိတ်ပူရမယ့်အနေအထားဖြစ်လာခဲ့ရပါပြီ ။ #BeeKyal

"ကျွန်တော့အတွက်တော့ ဒီကလန်ရိုက်စ်က အကောင်းဆုံးပါပဲ ။ တကယ်လို့ အာဆင်နယ်သာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရင် တနှစ်တာအကောင်းဆုံးဆ
"ကျွန်တော့အတွက်တော့ ဒီကလန်ရိုက်စ်က အကောင်းဆုံးပါပဲ ။ တကယ်လို့ အာဆင်နယ်သာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ရင် တနှစ်တာအကောင်းဆုံးဆုက ဒီကလန်ရိုက်စ်ပဲ ရမှာပါ ။ တကယ်လို့ အာဆင်နယ် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့ရင် ဒီကလန်ရိုက်စ် ရွှေဘောလုံးဆုရမယ် ၊ တကယ်လို့ ကမ္ဘာ့ဖလားကိုပါထပ်ပြီး ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင်တော့ ရိုက်စ်အတွက် ဆုတခုသီးသန့်ပြုလုပ်ပြီးတောင်မှ ဂုဏ်ပြုပေးသင့်ပါတယ်" အီယန်ရိုက် ( အာဆင်နယ်ဂန္ထဝင်ကစားသမားဟောင်းကြီး ) #BeeKyal

မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍
+1
မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍

၁၂ရက်အတွင်း အရာအားလုံး ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ရတဲ့ စည်သူလွင်

ညနေခင်းကြေးလေးပါ😍😍
ညနေခင်းကြေးလေးပါ😍😍

ယာမဲလ်ရဲ့ ပင်နယ်တီနဲ့ အနိုင်ရတဲ့ ဘာစီလိုနာ ဘာစီလိုနာတို့ လာလီဂါချန်ပီယံဖြစ်ဖို့ တဖြည်းဖြည်းနီးကပ်လာပါပြီ ။ မနေ့ညက ကစားခဲ့တဲ့ပ
ယာမဲလ်ရဲ့ ပင်နယ်တီနဲ့ အနိုင်ရတဲ့ ဘာစီလိုနာ ဘာစီလိုနာတို့ လာလီဂါချန်ပီယံဖြစ်ဖို့ တဖြည်းဖြည်းနီးကပ်လာပါပြီ ။ မနေ့ညက ကစားခဲ့တဲ့ပွဲမှာ ဆယ်လ်တာဗီဂိုအသင်းကို လာမိန်းယာမဲလ်ရဲ့ ပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရရှိကာ ရီးရဲမက်ဒရစ်ကို ၉ မှတ်အသာနဲ့ ဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပါတယ် ။ ရာသီကုန်ဖို့ ၆ ပွဲသာလိုတော့တာကြောင့် နောက်ထပ် ၃ ပွဲနိုင်ရုံနဲ့ ဘာစီလိုနာတို့ ချန်ပီယံဖြစ်လာတော့မှာပါ ။ ဘာဆာအတွက် စိတ်မကောင်းစရာကတော့ လာမိန်းယာမဲလ် injury ရရှိသွားခဲ့တာပါပဲ ။ #BeeKyal

အီတလီ ၊ ပြင်သစ်နဲ့ ဂျာမန်လိဂ်က ရှုံးထွက်ဖလားဖိုင်နယ်ပွဲကို တက်ရောက်ခဲ့တဲ့အသင်းများ ကိုပါအီတလီယာဖလားဆီမီးဖိုင်နယ်ဒုတိယပွဲစဉ်ဖြ
အီတလီ ၊ ပြင်သစ်နဲ့ ဂျာမန်လိဂ်က ရှုံးထွက်ဖလားဖိုင်နယ်ပွဲကို တက်ရောက်ခဲ့တဲ့အသင်းများ ကိုပါအီတလီယာဖလားဆီမီးဖိုင်နယ်ဒုတိယပွဲစဉ်ဖြစ်တဲ့ အတ္တလန်တာနဲ့ လာဇီယိုအသင်းတို့ရဲ့ ပွဲကတော့ ဖြတ်တင်ဘောတွေအားပြိုင်ခဲ့ကြပါတယ် ။ လာဇီယိုဂိုးသမား လက်စွမ်းပြခဲ့သလို အတ္တလန်တာအသင်းရဲ့သွင်းဂိုး ၂ ဂိုးကိုလည်း ခွင့်ပြုမခံခဲ့ရပါဘူး ။ ပွဲကစားချိန်အတွင်း ၁ ဂိုးစီသရေကျပြီး ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းကြရာမှာတော့ အတ္တလန်တာအသင်းက ပင်နယ်တီ ၄ ကြိမ်ဆက် ဂိုးမဝင်ဘဲ ၂-၁ နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ် ။ လာဇိယိုအသင်းဗိုလ်လုပွဲတက်သွားခဲ့ပြီး အင်တာမီလန်နဲ့ ယှဉ်ပြိုင်ကစားရတော့မှာပါ ။ ဂျာမန်ပိုကယ်ဖလားမှာတော့ ဘိုင်ယန်မြူးနစ်က လေဗာကူဆင်အသင်းကို ၂-၀ နဲ့ အနိုင်ကစားပြီး ဖိုင်နယ်ပွဲစဉ်ကို တက်လှမ်းသွားခဲ့ပါတယ် ။ ဘိုင်ယန်အတွက် ဟယ်ရီကိန်း နဲ့ လူးဝစ် ဒီယာ့ဇ်တို့ကသွင်းယူပေးခဲ့ကြတာပါ ။ စတုဂတ် နဲ့ ဖရိုင်းဘာ့ဂ်အသင်းတို့ပွဲစဉ်က အနိုင်ရရှိလာမယ့်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပဲ ဖြစ်ပါတယ် ။ ပြင်သစ်ရှုံးထွက်ဖလားဖိုင်နယ်ကတော့ ထူးခြားပါတယ် ။ ဒီနှစ်မှာ အသင်းကြီးတွေ မပါဝင်လာတော့ဘဲ လန်းစ်အသင်းနဲ့ နိစ်အသင်း ( Nice FC ) တို့ ယှဉ်ပြိုင်ကြရတော့မှာပါ ။ လန်းစ်အသင်းက ဖလားမရတာ ၁၉ နှစ် ၊ နိစ်အသင်းက နှစ် ၃၀ နီးပါးကြာခဲ့ပါပြီ ။ ဘယ်အသင်းချန်ပီယံဖြစ်ဖြစ် သူတို့အတွက်တော့ တကယ်ခမ်းနားတဲ့အောင်မြင်မှု ဖြစ်လာစေမှာပါ ။ #BeeKyal

ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာကို ၇ လခန့်ရယူထားအပြီးမှာတော့ အာဆင်နယ်တို့ အဆင့် ၂ ကို တကယ်ကြီးရောက်ရှိသွားခဲ့ပါပြီ
ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာကို ၇ လခန့်ရယူထားအပြီးမှာတော့ အာဆင်နယ်တို့ အဆင့် ၂ ကို တကယ်ကြီးရောက်ရှိသွားခဲ့ပါပြီ ။ မန်စီးတီးဟာ ဘန်လေအသင်းကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင်ကစားပြီး အာဆင်နယ်နဲ့ ရမှတ်တူ ၊ ဂိုးကွာခြားချက်လည်းတူ ၊ သွင်းဂိုး ၃ ဂိုးအသာနဲ့ အဆင့် ၁ နေရာကို ရယူသွားခဲ့တာပါ ။ မန်စီးတီးအတွက် ဟာလန်းက ပွဲအစ ၅ မိနစ်တည်းက ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး လက်ကျန်ပွဲကစားချိန်တလျောက်လုံး ဂိုးထပ်မသွင်းနိုင်ခဲ့ပါဘူး ။ မန်စီးတီးအတွက် ဒီရလဒ်က လုံလောက်ခဲ့ပေမယ့် အချို့တွေအတွက် လုံလောက်ခဲ့သလားဆိုတာတော့ မပြောတတ်ပါဘူး ။ ဘန်လေအသင်းကတော့ ဒီရှုံးပွဲကြောင့် ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပါပြီ ။ #BeeKyal

BREAKING NEWS! အယ်လ်နက်ဆာအသင်းဟာ အခုညကစားခဲ့တဲ့ AFC Cup အနောက်ပိုင်းဇုန်ဗိုလ်လုပွဲမှာ ကာတာကလပ် အယ်လ်အာလီအသင်းကို ၅-၁ ရလဒ်နဲ့
BREAKING NEWS! အယ်လ်နက်ဆာအသင်းဟာ အခုညကစားခဲ့တဲ့ AFC Cup အနောက်ပိုင်းဇုန်ဗိုလ်လုပွဲမှာ ကာတာကလပ် အယ်လ်အာလီအသင်းကို ၅-၁ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ကစားပြီး ချန်ပီယံဖြစ်လာခဲ့ AFC Cup Final ကို တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်ပါတယ် ။ ဗိုလ်လုပွဲမှာတော့ အယ်လ်နက်ဆာအသင်းဟာ ဂျပန်ကလပ် ဂမ်ဘာအိုဆာကာအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာပါ ။ အယ်လ်နက်ဆာအသင်းအတွက် ကင်းစလေကိုးမန်းက ဟက်ထရစ်သွင်းယူပေးခဲ့ပါတယ် ။ ရိုနယ်ဒိုအတွက် အယ်လ်နက်ဆာအသင်းနဲ့ နောက်ထပ်ဆုဖလားတခုရယူဖို့ လက်တကမ်းအလိုကို ရောက်ရှိလာခဲ့ပါပြီ ။ #BeeKyal

ယနေ့ခန့်မှန်းပွဲများ
+3
ယနေ့ခန့်မှန်းပွဲများ

မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍
+1
မဂ်လာပါ ပွဲပြီးရလာဒ်နဲ့ မနက်ခင်းကြေးလေးပါ😍😍

ပြိုပျက်သွားတဲ့ ချဲလ်ဆီးရဲ့ လေထဲက ချန်ပီယံလိဂ်အိမ်မက်လေး

ညနေခင်းကြေးလေးပါ😍😍
ညနေခင်းကြေးလေးပါ😍😍

အကယ်၍ အခုနှစ်ဘောလုံးရာသီမှာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ဂွာဒီယိုလာဟာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့ Europe Top
အကယ်၍ အခုနှစ်ဘောလုံးရာသီမှာ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ဂွာဒီယိုလာဟာ ဆာအဲလက်စ် ဖာဂူဆန်ရဲ့  Europe Top Five League အမှတ်ပေးဖလားအများဆုံးရရှိမှုစံချိန်ကို လိုက်မီသွားတော့မှာဖြစ်ပါတယ် ။ ထိပ်တန်းလိဂ်တွေထဲမှာတော့ အန်ဆယ်လော့တီဟာ လိဂ် ၅ ခုစလုံးမှာ အမှတ်ပေးချန်ပီယံဖြစ်ဖူးတဲ့ တဦးတည်းသောနည်းပြအဖြစ် ရပ်တည်နေပါတယ် ။ #BeeKyal

ရိုစီညာရဲ့ ချဲလ်ဆီးကတော့ တော်တော်လေး ခြေနေဆိုးသွားပြီး နောက်တန်းပါမကောင်းတဲ့အပြင် ဘောလုံးကန်နည်းပါ သိသေးလား မေးရတော့မလို ဖြစ်
ရိုစီညာရဲ့ ချဲလ်ဆီးကတော့ တော်တော်လေး ခြေနေဆိုးသွားပြီး နောက်တန်းပါမကောင်းတဲ့အပြင် ဘောလုံးကန်နည်းပါ သိသေးလား မေးရတော့မလို ဖြစ်နေပါပြီ ဒီနည်းပြတဲ့ နောက်ရာသီဆက်သွားဖို့ စီစဉ်နေတဲ့ ချဲလ်ဆီးဘုတ်အဖွဲ့တွေကိုလည်း အရမ်းလေးစားသွားပါပြီ အခုဆိုရင် ဘရိုက်တန်ကို ဂိုးပြတ်ရှုံးပြီး ဘရိုက်တန်အောက်ကိုပါ ဆင်းပေးလိုက်ရပြီဖြစ်လို့ ယူရိုပါလိဂ်တောင် ဝင်ကန်ရဖို့ မသေချာတော့ပါဘူး  အခုက ရှုံးပွဲဆက်နေတာတောင် ဂိုးပြတ်ရှုံးပွဲဆက်နေတဲ့ ချဲလ်ဆီးအသင်းကတော့ တော်တော်ကို ဆိုးရွားလွန်းတဲ့ အနေအထားဖြစ်နေပါပြီ #BeeKyal

ဖာဘရီဂတ်စ်ရဲ့ကိုမိုအသင်းဟာ ကိုပါအီတလီယာဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့အတွက် မိနစ်အနည်းငယ်အလိုအထိ နီးစပ်ခဲ့တာပါ ။ အင်တာမီလ
ဖာဘရီဂတ်စ်ရဲ့ကိုမိုအသင်းဟာ ကိုပါအီတလီယာဖလားဗိုလ်လုပွဲကို တက်ရောက်နိုင်ဖို့အတွက် မိနစ်အနည်းငယ်အလိုအထိ နီးစပ်ခဲ့တာပါ ။ အင်တာမီလန်ကွင်းမှာ ၂-၀ နဲ့ မိနစ် ၇၀ နီးပါးဦးဆောင်ထားနိုင်ခဲ့ပေမယ့် အင်တာမီလန်ရဲ့ Epic comeback ကြောင့် ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ရပါတယ် ။ အင်တာမီလန်အသင်းကို အခုရာသီမှ စတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြ ခရစ်ရှန်ချီဗူးကတော့ ဖလား ၂ လုံး ( အမှတ်ပေးဖလားနဲ့ ကိုပါအီတလီယာ ) ကို ရယူနိုင်ဖို့ အလားအလာကောင်းသွားခဲ့ပါပြီ ။ အင်တာမီလန်အသင်းဟာ ဗိုလ်လုပွဲမှာတော့ အတ္တလန်တာနဲ့ လာဇီယိုအသင်းတို့ပွဲစဉ်က အနိုင်ရရှိလာမယ့်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ် ။ #BeeKyal