4 512
Подписчики
-5624 часа
-1877 дней
-1 11730 дней
Архив постов
ယခုလို Rom-com ချိုချိုလေးတွေ ကြိုက်တဲ့သူတွေရှိရင် မင်မင်တို့ရဲ့ Main channel လေးမှာလဲ ထွက်ရှိပြီးသား၊ ထွက်နေဆဲ Rom-com တွေထဲကမှ အချိန်ပေးကြည့်ရတန်စေမယ့် ဇာတ်လမ်းလေးများကို ရွေးချယ်တင်ဆက်ပေးထားလို့ လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်ရှင့်...
https://t.me/kdramaIwatchedMM
Dreaming of a Freaking Fairytale
Type ~ Romance , Comedy
Running Time ~ 40minutes ×10episodes
Cast ~ Pyo Ye-jin, Lee Jun-young
လက်တွေ့ဘဝရဲ့ ခါးသီးမှုဒဏ်ကို အလူးအလဲခံနေရတဲ့ ရှင်းဂျယ်ရင် ဟာ သူမရဲ့ဘဝကို လုံး၀ပြောင်းလဲပစ်နိုင်ဖို့အတွက် ချမ်းသာတဲ့ မင်းသားလေးတစ်ယောက်ကို ရှာဖွေပြီး လက်ထပ်ဖို့ စိတ်ကူးယဉ္နေသူပါ။ ဒါပေမဲ့ သူမရှေ့ကို ရောက်လာတဲ့သူကတော့ အချစ်ကို လုံးဝမယုံကြည်တဲ့အပြင် မိန်းကလေးတွေကိုလည်း မမြင်တတ်တဲ့ သူဌေးလေး မွန်ချာမင်း ဖြစ်နေတဲ့အခါမှာတော့
ပုံမှန် Cinderella ဇာတ်လမ်းတွေလို မင်းသားလေးကို ငြိမ်ပြီး စောင့်နေတာမျိုးမဟုတ်ဘဲ ကိုယ့်ဖိနပ်ကို ကိုယ်တိုင် ပြန်ရှာစီးမယ့် ခေတ်သစ် Cinderella အဖြစ် မင်းသမီး Pyo Ye-jin က တကယ်ကို အစွမ်းပြထားတာပါ။ တစ်ပိုင်းကို မိနစ် ၄၀ ဝန်းကျင်ပဲ ရှိတာမို့ ပေါ့ပေါ့ပါးပါးနဲ့ အချိန်တိုအတွင်း ကြည့်လို့ရတဲ့အပြင် ဇာတ်လမ်းကလည်း တလွဲတချော်တွေနဲ့ တကယ်ကို ရယ်ရပြီး activeဖြစ်တယ်။
ရိုးအီနေတဲ့ ပုံပြင်တွေကို စိတ်ကုန်နေသူတွေအတွက်ရော၊ အချစ်နဲ့ ဟာသကို တစ်ဝကြီး ခံစားချင်သူတွေအတွက်ပါ ဒီကားလေးက အကြိုက်တွေ့စေမှာပါ ။
Translated by CM & synosis written by A1
