ru
Feedback
ရွှေပြည်သစ်

ရွှေပြည်သစ်

Открыть в Telegram

တိုင်းချစ် ပြည်ချစ် ရွှေပြည်သစ်

Больше
Страна не указанаКатегория не указана
234
Подписчики
+124 часа
+167 дней
+1430 дней
Архив постов
​ While Myanmar acknowledges the positive elements contained in the statement, it is disappointed to note that certain language and the calls contained therein do not reflect the constructive efforts undertaken by the Member State concerned. In particular, the calls for "further expansion of access to persons held in detention in Myanmar” and "Daw Aung San Suu Kyi’s complete and unconditional release” carry implications for the relevant judicial process and the fundamental principles of the rule of law in a sovereign State. As she was found guilty of committing electoral fraud, corruption and maladministration, prosecution was carried out against her in accordance with the law. Although the government has commuted her sentences based on humanitarian considerations, the matter of a full and unconditional release shall only be carried out in accordance with the law. For the past five years, Myanmar has extended its cooperation with the successive Special Envoys of the ASEAN Chairs on Myanmar to the full extent possible, and will continue to cooperate with the current Special Envoy of the ASEAN Chair. At present, the government, which emerged from the multiparty democratic elections reflecting the genuine will of the people has assumed State responsibility. Therefore, Myanmar is of the view that the appointment and the continued role of the new Special Envoy of the ASEAN Chair are no longer necessary. As a rules-based regional organization with sovereign States, ASEAN should continue to uphold the principles enshrined in the ASEAN Charter, particularly respect for the principles of independence, sovereignty, equality and non-interference in the internal affairs of the ASEAN Member States. In addition, it is necessary for the ASEAN Member States to adhere to these principles while refraining from actions that could be tantamount to exerting undue pressure, or interference in the internal affairs of any Member State. ​Myanmar will take appropriate countermeasures, on a case-by-case basis in response to the unconstructive and discriminatory treatment. In line with its Foreign Policy and based on the realities on the ground, Myanmar will continue to enhance its engagement with ASEAN through a Myanmar-owned and Myanmar-led approach while upholding and safeguarding its national interests and sovereignty. *****

ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့မှုနှင့်စပ်လျဉ်း၍ အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၈ ရက် ​၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မှ ဌာနေကိုယ်စားလှယ် မစ္စတာ Arnaud de Baecque တို့ တွေ့ဆုံခဲ့ပါသည်။၊ အဆိုပါတွေ့ဆုံမှုသည် မြန်မာနိုင်ငံ၏တည်ဆဲဥပဒေ၊ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ စံနှုန်းနှင့် လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တစ်ရပ်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရပါသည်။ ​အဆိုပါထုတ်ပြန်ချက်ပါ အပြုသဘောဆောင်သည့် ဖော်ပြချက်များကို မြန်မာနိုင်ငံက အသိအမှတ်ပြုသော်လည်း အချို့သောစာသားများနှင့် တောင်းဆိုချက်များသည် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ အပြုသဘောဆောင်သည့် ဆောင်ရွက်မှုအပေါ် ထင်ဟပ်မှုမရှိသဖြင့် စိတ်ပျက်မိပါသည်။ ထုတ်ပြန်ချက်ပါ “မြန်မာနိုင်ငံရှိ ထိန်းသိမ်းခံထားရသူများအား တွေ့ဆုံခွင့် ပိုမိုပေးအပ်ရန်” နှင့် “ဒေါ်အောင်ဆန်းစုကြည်အား ခြွင်းချက်မရှိ အပြည့်အဝလွှတ်ပေးရန်” ဟူသည့် တောင်းဆိုချက်များသည် နိုင်ငံတစ်နိုင်ငံ၏ သက်ဆိုင်ရာ တရားစီရင်ရေးလုပ်ငန်းစဉ်နှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အခြေခံမူများအပေါ် သက်ရောက်မှုရှိစေပါသည်။ ၎င်းသည် ရွေးကောက်ပွဲမဲမသမာမှု၊ အဂတိလိုက်စားမှုနှင့် မှားယွင်းသောစီမံခန့်ခွဲမှုများ ကျူးလွန်ကြောင်း တရားဥပဒေအရ ပြစ်မှုထင်ရှားသည့်အတွက် ပြစ်မှုဆိုင်ရာဥပဒေအရ စိစစ်အရေးယူထားခြင်းဖြစ်ပါသည်။ အစိုးရအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရှုထောင့်အရ ၎င်းအား ပြစ်ဒဏ်များ လျှော့ပေါ့ပေးလျက်ရှိသော်လည်း ၎င်းအား ခြွင်းချက်မရှိ အပြည့်အဝ လွှတ်ပေးရေးကိစ္စမှာ တရားဥပဒေနှင့်အညီသာ ဖြစ်နိုင်ပါသည်။ ပြီးခဲ့သည့် (၅) နှစ်တာကာလအတွင်း မြန်မာနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌများ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဆက်ဆက်နှင့် အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ လက်ရှိအာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်လည်း ဆက်လက်ပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ပြည်သူလူထု၏ ဆန္ဒနှင့်အညီ ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှတစ်ဆင့် ပေါ်ထွက်လာသည့် အစိုးရအဖွဲ့က တာဝန်ယူဆောင်ရွက်လျက်ရှိသဖြင့် နောင်တွင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ရေးနှင့် ၎င်း၏အခန်းကဏ္ဍမှာ ဆက်လက်လိုအပ်ခြင်း ရှိမည်မဟုတ် ဟု မှတ်ယူပါသည်။ ​အာဆီယံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံများဖြင့် ဖွဲ့စည်းထားသည့် စည်းမျဉ်းအခြေပြု ဒေသဆိုင်ရာအဖွဲ့အစည်းဖြစ်သည်နှင့်အညီ အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများ၊ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ လွတ်လပ်မှု၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ တန်းတူရည်တူရှိမှုနှင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု မပြုရေးဟူသည့် ‘မူ’ များကို အစဉ်အမြဲလေးစားလိုက်နာရန် လိုအပ်ပါသည်။ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့ကိုယ်တိုင် ချမှတ်ထားသည့် အခြေခံမူများကို လိုက်နာဆောင်ရွက်ရန်နှင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စများတွင် ဖိအားပေးခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်း သဘောသက်ရောက်သည့် ဆောင်ရွက်ချက်များကို ရှောင်ရှားရန် လိုအပ်ပါသည်။ ​မြန်မာနိုင်ငံအနေဖြင့် အပြုသဘောမဆောင်သည့် ခွဲခြားဆက်ဆံမှုများအပေါ် လိုအပ်သည့် တုံ့ပြန်မှုများဖြင့် ကိစ္စရပ်တစ်ခုချင်းစီအလိုက် တုံ့ပြန်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ ပကတိအခြေအနေများအပေါ် အခြေခံပြီး အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်၍ မြန်မာနိုင်ငံက ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနှင့်ဆက်ဆံရေး တိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ** Statement of the Ministry of Foreign Affairs on the ASEAN Chair’s Statement regarding the meeting of Daw Aung San Suu Kyi with a delegate from the International Committee of Red Cross (ICRC) 8 August 2026 ​The meeting of Daw Aung San Suu Kyi with Mr. Arnaud de Baecque, Resident Representative of the ICRC was held on 3 August 2026. The said meeting was conducted in accordance with the existing laws and regulations of Myanmar, as well as the standards and procedures of the ICRC. Following the said meeting, it is learned that an ASEAN Chair’s Statement was issued on 7 August 2026.

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၆-၈-၂၀၂၆ မှ ၇-၈-၂၀၂၆ ထိ) ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်း ရွှေပြည်သစ် https://t.me/shwepyithit01

မြန်မာ–ထိုင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ မြှင့်တင်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည် မြန်မာ–ထိုင်း နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု၊ နယ်စပ်ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဒေသတွင်းစီးပွားရေးကွန်ရက် ချိတ်ဆက်မှုများ ပိုမိုခိုင်မာလာစေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ ဩဂုတ် ၆ ရက်က ဗန်ကောက်မြို့၌ ကျင်းပသည့် မြန်မာ–ထိုင်း စီးပွားရေးဖိုရမ် ၂၀၂၆ တွင် နှစ်နိုင်ငံခေါင်းဆောင်များက ပြောကြားခဲ့ပါသည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ ပြောကြားချက်များမှ ကောက်နုတ်ချက်များမှာ- -ထိုင်းနိုင်ငံက ယခုနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ပူးတွဲကော်မတီ (Joint Trade Committee–JTC) အစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်။ -နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ တိုးမြှင့်ရန် ထိုင်းနိုင်ငံက တွန်းအားပေးသွားမည်။ -၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော်ရှိခဲ့ပြီး ၂၀၂၆–၂၀၂၇ ဘဏ္ဍာနှစ် ဇွန်လအထိ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရှိခဲ့သည်။ ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇွန်လအထိ နှစ်နိုင်ငံကုန်သွယ်မှုတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇၅၈ ဘီလီယံရှိခဲ့သည်။ -ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၌ ပဉ္စမမြောက် ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ပြီး အမေရိကန်-ဒေါ်လာ ၄၆၀၅ ဒသမ ၄၈၄ သန်းတန်ဖိုးရှိ လုပ်ငန်းပေါင်း ၁၀၃ ခု ရင်းနှီးမြှုပ်နှံထားသည်။ -စွမ်းအင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အစားအစာထုတ်လုပ်ရေး၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာနှင့် ဒီဂျစ်တယ်ဝန်ဆောင်မှုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့သည်။ -EV ယာဉ်၊ ဓာတ်မြေဩဇာ၊ ဘိလပ်မြေ၊ သံမဏိ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ၊ ရာဘာ-အခြေခံပရိဘောဂနှင့် တာယာထုတ်လုပ်ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။EV နှင့် ဆက်စပ်လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံမှုများအတွက် အကောက်ခွန်နှုန်းထားများ လျှော့ချပေးလျက်ရှိသည်။ -မြဝတီ၊ တာချီလိတ်နှင့် ကော့သောင်း နယ်စပ်ဒေသများတွင် နယ်စပ်စီးပွားရေးဇုန်၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် Logistics လုပ်ငန်းများ တိုးချဲ့နိုင်မည့် အခွင့်အလမ်းများရှိသည်။ -အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးကို RCEP နှင့် အာဆီယံစီးပွားရေးစင်္ကြံတို့ ချိတ်ဆက်ပေးမည့် အဓိကသော့ချက်အဖြစ် ရှုမြင်ထားသည်။ -နယ်စပ်ကုန်သွယ်မှုတွင် မြန်မာကျပ်ငွေနှင့် ထိုင်းဘတ်ငွေ တိုက်ရိုက်ပေးချေသည့်စနစ်ကို ၂၀၂၂ ခုနှစ်မှ စတင်အသုံးပြုခဲ့သည်။ -တရားမဝင်ကုန်သွယ်မှု၊ အရည်အသွေးမမီသည့် စားသောက်ကုန်နှင့် ဆေးဝါးများ ဝင်ရောက်မှုကို နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ရန် တိုက်တွန်းခဲ့သည်။ -ရင်းနှီးမြှုပ်နှံသူများအတွက် ပွင့်လင်းမြင်သာသည့် စီးပွားရေးဝန်းကျင် ဖန်တီးရေး၊ လုပ်ထုံးလုပ်နည်းလွယ်ကူချောမွေ့ရေးနှင့် မူဝါဒဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်။ -မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ နှင့် ဧက ၁၀,၀၀၀ ခန့်ရှိ ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းတွင်လည်း ထိုင်းရင်းနှီးမြှုပ်နှံသူများ ပါဝင်ရန် ဖိတ်ခေါ်ခဲ့သည်။ -မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်များကို ထိုင်းနိုင်ငံ၏ နည်းပညာ၊ အရင်းအနှီးနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံတို့ဖြင့် ပေါင်းစပ်ကာ အပြန်အလှန်အကျိုးရှိသည့် စီးပွားရေးပတ်ဝန်းကျင် တည်ဆောက်ရန် ရည်ရွယ်ထားသည်။

မြန်မာ–ထိုင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ မြှင့်တင်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည် ရွှေပြည်သစ် https
မြန်မာ–ထိုင်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံအထိ မြှင့်တင်ရန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည် ရွှေပြည်သစ် https://t.me/shwepyithit01

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို သွားရောက်သည့် တရားဝင်ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မ
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ထိုင်းနိုင်ငံသို သွားရောက်သည့် တရားဝင်ခရီးစဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို၏ ပူးတွဲကြေညာချက် ရွှေပြည်သစ် https://t.me/shwepyithit01

ထိုင်းနိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင
ထိုင်းနိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိင် အား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် က ဂုဏ်ပြုကြိုဆို၊ တွေ့ဆုံဆွေးနွေး နေပြည်တော်၊ ဩဂုတ် ၆ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ထိုင်း နိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် အား ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဗန်ကောက်မြိုရှိ အစိုးရအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆို ပြီး တွေ့ဆုံဆွေးနွေးသည်။ နေပြည်တော်၊ ဩဂုတ် - ၆ ရွှေပြည်သစ် https://t.me/shwepyithit01

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ ထိုင်းနိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိသည့် မှတ်တမ်း နေပြည်တော်၊ ဩဂုတ် - ၆ ရွှေပြည်သစ် https://t.me/shwepyithit01

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ ထိုင်းနိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ထွက်ခွာ နေပြည်တော်၊ ဩဂုတ် - ၆ ရွှေပြည်သစ် https://t.me/shwepyithit01

photo content
+4

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ ထိုင်းနိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) ထွက်ခွာ နေပြည်တော်၊ ဩဂုတ် - ၆ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲသည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန် ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။ ရွှေပြည်သစ် https://t.me/shwepyithit01

photo content
+7

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ထံသို   “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲက လာရောက်ဂါရဝပြုတွေ့ဆုံ နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် သန္နိဋ္ဌာန် ချမှတ်ပြီး မဖြစ်မနေကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ ဩဂုတ် - ၄ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် ထံ သို “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတရုံးတော်၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။ ရွှေပြည်သစ် https://t.me/shwepyithit01

photo content

Windy 850 hPa Wind Map (ECMWF, GFS, ICON မော်ဒယ်များ) ၏ ဩဂုတ်လ ၉ ရက် မှ ၁၁ ရက်အထိ ခန့်မှန်းချက် ပုံရိပ်များကို အခြေခံ၍ ဘင်္ဂလားပင်လယ်အော်၊ အနောက်တောင်မုတ်သုံလေနှင့် မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသ အခြေအနေများ - (ဩဂုတ်လ ၄ ရက် ညနေ ၃ နာရီ update) ====== ၁။ တိုင်ဖွန်းမုန်တိုင်းကြီး DOLPHIN နှင့် မုတ်သုံလေဆက်လက်အားကောင်းနေမည့် အခြေအနေ - ဩဂုတ် (၉) ရက်မှ (၁၁) ရက်အတွင်း တိုင်ဖွန်းမုန်တိုင်းကြီး DOLPHIN သည် တရုတ်ပြည် အရှေ့တောင်ဘက် ကမ်းရိုးတန်း (ရှန်ဟိုင်း/ဝမ်ကျိုး/ကွမ်ကျိုး အနီး) သို့ ကုန်းတွင်းပိုင်း ဖြတ်ကျော်ဝင်ရောက်ပြီး အားလျော့နည်းသွားသော်လည်း အားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ် တရုတ်ပြည်တွင်း၌ ဆက်လက်တည်ရှိနေနိုင်ပါသည်။ 📌 မုတ်သုံလေစီးကြောင်း/မုတ်သုံမြောင်တန်း (Monsoon Trough) - မုန်တိုင်း၏ ဆွဲအားကြောင့် အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်တို့မှ အနောက်တောင်မုတ်သုံလေအားဆက်လက်ကောင်းနေပြီး (Strong Southwestern Monsoon) မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ဘက်သို့ အတားအဆီးမရှိ တိုက်ရိုက်တိုးဝင်နေသည်ကို (ခရမ်းရောင်နှင့် ပန်းရောင် လေကြောဇုန်များအရ) ထင်ရှားစွာ တွေ့မြင်ရပါသည်။ ၂။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှ လေထု မငြိမ်မသက်မှု (Depression / Cyclonic Circulation) - မော်ဒယ် (၃) ခုစလုံး၏ ဩဂုတ်လ (၉) ရက်မှ (၁၁) ရက်ပြပုံများအရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် အိန္ဒိယနိုင်ငံ ကမ်းလွန်ပင်လယ်ပြင် တွင် အရေးပါသော ဖြစ်စဉ်တစ်ခုကို တွေ့ရှိရပါသည်- 📌⚠️ဩဂုတ် (၉) ရက်နေ့ အခြေအနေ - ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း (ဘင်္ဂလားဒေ့ရှ်/အိန္ဒိယ အိုဒီရှာ ကမ်းလွန်) တွင် လေဝဲစနစ် (Cyclonic Circulation) သို့မဟုတ် လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု စတင် အားကောင်းလှည့်ပတ်လာပါသည်။ 📌⚠️ဩဂုတ် (၁၁) ရက်နေ့ အခြေအနေ - ICON မော်ဒယ် အရ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ပိုမိုရှင်းလင်းသော လေဖိအားနည်းရပ်ဝန်း လေဝဲ (997 hPa) အဖြစ် ပြတ်သားစွာ ဖြစ်ပေါ်လာနေသည်ကို တွေ့ရပါသည်။ ECMWF နှင့် GFS မော်ဒယ်များ တွင်လည်း အဆိုပါ ဒေသတစ်ခုလုံး၌ လေထုမငြိမ်မသက်မှု ပိုမိုမြင့်မားလာပြီး မုတ်သုံလေစီးကြောင်းအဖြစ် အိန္ဒိယနိုင်ငံအတွင်းပိုင်းနှင့် မြန်မာနိုင်ငံ အထက်ပိုင်း/အလယ်ပိုင်းသို့ ရေခိုးရေငွေ့ကြွယ်ဝသောလေများ ဆက်တိုက်တွန်းပို့ပေးနေပါသည်။ ၃။ မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့် မိုးလေဝသ အခြေအနေ ခန့်မှန်းချက် - အထက်ဖေါ်ပြပါ 850 hPa လေကြောင်းပြပုံများအရ ဩဂုတ် (၉) ရက်မှ (၁၁) ရက်အတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် အောက်ပါမိုးလေဝသအခြေအနေများ ဖြစ်ပေါ်နိုင်ပါသည်- 📌မိုးရွာသွန်းမှု အခြေအနေ - မြန်မာနိုင်ငံ တောင်ပိုင်း (တနင်္သာရီတိုင်း)၊ မြစ်ဝကျွန်းပေါ် (ဧရာဝတီ၊ ရန်ကုန်) နှင့် ရခိုင်ကမ်းရိုးတန်းဒေသများတွင် မုတ်သုံလေ အလွန်အားကောင်းသည့်အတွက် မိုးကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ မပြတ်ဖြစ်ပေါ်နိုင်ပါသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် အထက်ပိုင်း (စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကချင်၊ ရှမ်းပြည်နယ်)တို့တွင် ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံလေစီးကြောင်းတို့ပေါင်းစပ်ကာ စိုစွတ်သော လေထုကို ဆွဲယူသွင်းပေးမည်ဖြစ်သဖြင့် မိုးတိမ်တောင်များ အားကောင်းစွာဖြစ်ထွန်းပြီး နေရာကွက်၍ မိုးကြီးခြင်းနှင့် လျှပ်တစ်ပြက် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်နိုင်ပါသည်။ 📌⚠️ပင်လယ်ပြင် အခြေအနေ - မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းကြီးမည်/လှိုင်းအလွန်ကြီးမည် ဖြစ်ပြီး၊ မုတ်သုံလေ အားကောင်းသဖြင့် လေတိုက်နှုန်းမှာ နာရီလျှင် (၃၅) မိုင်မှ (၄၀) မိုင်အထိ လေပြင်း (WIND GUST)တိုက်ခတ်နိုင်ပါသည်။ ၄။ သုံးသပ်အကျဉ်းချုပ် 📌⚠️တိုင်ဖွန်းမုန်တိုင်း DOLPHIN သည် တရုတ်ပြည်တွင်းသို့ ဝင်ရောက်သွားသော်လည်း ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း စနစ်အသစ်တစ်ခုကို လှုံ့ဆော်ပေးလိုက်သကဲ့သို့ ဖြစ်စေပြီး၊ အနောက်တောင်မုတ်သုံလေကို ပိုမိုအားကောင်းစေပါသည်။ ထို့ကြောင့် ဩဂုတ်လ (၉) ရက်မှ (၁၁) ရက်အတွင်း မြန်မာနိုင်ငံ ကမ်းရိုးတန်းဒေသများ (ရခိုင်၊ တနင်္သာရီ၊ ဧရာဝတီ) ၌ ရေကြီး/ရေလျှံမှုနှင့် လှိုင်းကြီးမှု အန္တရာယ် ကိုလည်းကောင်း၊ အလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများ၌ လျှပ်တစ်ပြက် မိုးကြီးခြင်းနှင့် မိုးကြိုး/လေပြင်း အန္တရာယ် ကိုလည်းကောင်း ဆက်လက်သတိပြုရန် လိုအပ်မည်ဖြစ်ပါသည်။ ရွှေပြည်သစ် https://t.me/shwepyithit01

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၏ ဖိတ်က
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ မကြာမီ ရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် သွားရောက်မည် ရွှေပြည်သစ် https://t.me/shwepyithit01

ICRC မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့်တွေ့ဆုံ၊ ကျန်းမာရေး အထူးကောင်းမွန်လျက်ရှိ နေပြည်တော် ဩဂုတ် ၃ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဖြစ်သူ Mr. Arnaude de Baqque သည် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ယနေ့နံနက်ပိုင်း ၉ နာရီ ခန့် တွင် မိနစ် ၃၀ ကျော် လာရောက်တွေ့ဆုံခဲ့ပါသည်။ ယင်းသို့ လာရောက်တွေ့ဆုံစဉ် Mr. Arnaude de Baqque နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး တည်းသာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား လက်ရှိတွင် ကောင်းမွန်စွာ ထားရှိကြောင်းနှင့် ကျန်းမာရေးအခြေအနေမှာလည်း တည်ငြိမ်ကောင်းမွန်လျက် ရှိကြောင်း သိရှိရပါသည်။ တွေ့ဆုံမှုနှင့်ပတ်သက်၍ လွတ်လပ်ခွင့်ဆုံးရှုံးနေသူများထံသို့ သွားရောက်တွေ့ဆုံ လည်ပတ်ခြင်း ဆိုင်ရာ စံနှုန်းများအရ တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး လေ့လာ တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ထိန်းသိမ်းထားသည့် တာဝန်ရှိသူများနှင့်သာ သီးသန့်မျှဝေ ဆွေးနွေးသွားမည်ဖြစ်ကြောင်း  အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ၏ အင်တာနက် ဝက်ဆိုဒ်မှ တစ်ဆင့် သတင်း ထုတ်ပြန်ထားကြောင်း သိရှိရပါသည်။ ရွှေပြည်သစ် https://t.me/shwepyithit01

Repost from PPIB.Official
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့
+3
ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ လာရောက် တွေ့ဆုံ   နေပြည်တော် ဩဂုတ် ၃ ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ မြန်မာ နိုင်ငံဆိုင်ရာ ဌာ‌နေကိုယ်စားလှယ်ဖြစ်သူ Mr. Arnaude de Baqque က ယနေ့ နံနက်ပိုင်းတွင် လာရောက် တွေ့ဆုံခဲ့ပါသည်။

Repost from N/a
မြန်မာနိုင်ငံဆိုတာက အချုပ်အခြာအာဏာပိုင် ဒီမိုကရေစီ နိုင်ငံလေ။ ပြည်တွင်းရေးကို ဝင်စွက်ဖက်ခံရလောက်အောင်ထိ သည်းခံပါရမီတော့ရှိမနေ
+2
မြန်မာနိုင်ငံဆိုတာက အချုပ်အခြာအာဏာပိုင် ဒီမိုကရေစီ နိုင်ငံလေ။ ပြည်တွင်းရေးကို ဝင်စွက်ဖက်ခံရလောက်အောင်ထိ သည်းခံပါရမီတော့ရှိမနေဘူးလေ။ ခုလိုမျိုး ထုတ်ပြန်ချက် ခပ်မာမာထုတ်လိုက်တာကိုတော့သဘောကျတယ်။

Repost from N/a
မတည်ငြိမ်သေးတဲ့ မြို့နယ် (၅၈) မြို့နယ်ကို စစ်အုပ်ချုပ်ရေး ရက်(၉၀) ထပ်တိုး
မတည်ငြိမ်သေးတဲ့ မြို့နယ် (၅၈) မြို့နယ်ကို စစ်အုပ်ချုပ်ရေး ရက်(၉၀) ထပ်တိုး