ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

သိင်္ခ

သိင်္ခ

Открыть в Telegram

အသိတိုး

Больше
Страна не указанаКатегория не указана
1 068
Подписчики
Нет данных24 часа
-197 дней
-5630 дней
Архив постов
ထရန့်၏ တင်နက်ဆီပြည်နယ်ခရီးစဉ်တွင် Air Force One လေယာဉ်နှင့်အတူ CNN လိုက်ပါခွင့်မရ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ စက်တင်ဘာ ၂၆ ရက်
ထရန့်၏ တင်နက်ဆီပြည်နယ်ခရီးစဉ်တွင် Air Force One လေယာဉ်နှင့်အတူ CNN လိုက်ပါခွင့်မရ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ စက်တင်ဘာ ၂၆ ရက်ခရီးစဉ်တွင် CNN သတင်းဌာနကို သမ္မတစီးနင်းသည့် Air Force One လေယာဉ်နှင့်အတူလိုက်ပါခွင့် ပိတ်ပင်ခဲ့သည်ဟု သိရသည်။ CNN ၊ POLITICO နှင့် MS NOW သတင်းဌာနတို အိမ်ဖြူတော်သတင်းရယူခွင့် ပြန်လည်ရရှိကြောင်း အိမ်ဖြူတော်က စက်တင်ဘာ ၂၄ ရက်တွင် ကြေညာခဲ့ပြီးနောက် CNN နှင့် ယခုတင်းမာမှု ထပ်ဖြစ်လာခြင်း ဖြစ်သည်။ ထရန့်က ကောလိပ်ဘောလုံးပွဲတက်ရောက်ရန် တင်နက်ဆီပြည်နယ်သို သွားရောက်ခြင်းဖြစ်ပြီး CNN သတင်းအဖွဲက စက်တင်ဘာ ၂၆ ရက်တွင် ထရန့်နှင့်အတူ လိုက်ပါသတင်းယူရန် စီစဉ်ထားခဲ့သည်။

(၅၈)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားချန်ပီယံရှစ် ၂၀၂၆ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၂)ခုနှင့် ကြ
(၅၈)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားချန်ပီယံရှစ် ၂၀၂၆ ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ်(၂)ခုနှင့် ကြေးတံဆိပ်(၁)ခုဆွတ်ခူးထား (၅၈)ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားချန်ပီယံရှစ် ၂၀၂၆ ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို၌ စက်တင်ဘာ ၂၂ ရက်မှ စက်တင်ဘာ ၂၈ ရက်အထိကျင်းပလျက်ရှိရာ မြန်မာနိုင်ငံက ရွှေတံ ဆိပ်(၂)ခုနှင့် ကြေးတံဆိပ်(၁)ခုဆွတ်ခူးထားကြောင်း သိရသည်။ မြန်မာအားကစားသမားများဖြစ်သည့် နေမျိုးထွဋ်က Men's Sports Physique up to 170 cmပြိုင်ပွဲ၊ ဟိန်းဇော်လင်းက Men's Bodybuilding up to 65 kg ပြိုင် ပွဲတို၌ ရွှေတံဆိပ်ဆုများကိုဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသမဟာထေရ်မြတ်ကြီး၏ သရီရဓာတုပဝါဟနပူဇာ ဓာတ်ပြာတော်များ ရေမျှောပူဇော်ခြင်း အခမ်းအနားကျင်းပ
ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသမဟာထေရ်မြတ်ကြီး၏ သရီရဓာတုပဝါဟနပူဇာ ဓာတ်ပြာတော်များ ရေမျှောပူဇော်ခြင်း အခမ်းအနားကျင်းပ ရန်ကုန်၊ စက်တင်ဘာ ၂၇ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြိုနယ် ကမ္ဘာအေးဘုရားလမ်း ချမ်းမြေ့ရိပ်သာကျောင်းတိုက် ဦးစီးပဓာနမဟာနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ ရွှေကျင်နိကာယရတ္တညူမဟာနာယက၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ ဆဋ္ဌသင်္ဂီတိပါဠိပဋိဝိသောဓက၊ သကျသီဟနှင့် အစိုးရသိရီပဝရဓမ္မာစရိယ၊ သက်တော် (၉၉) နှစ်၊ သိက္ခာတော် (၇၉) ဝါရှိ ချမ်းမြေ့ရိပ်သာဆရာတော် ဘဒ္ဒန္တဇနကာဘိဝံသမဟာထေရ်မြတ်ကြီး၏ သရီရဓာတုပဝါဟန ပူဇာဓာတ်ပြာတော်များ ရေမျှောပူဇော်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြိုနယ် သံသုမာလမ်းသုဝဏ္ဏဘူမိ EVENT PARK ၌ ကျင်းပသည်။

❝အိုဒက်ဆာ ပင်လယ်နက်ဆိပ်ကမ်းများကို ရုရှား ဆက်လက်တိုက်ခိုက်မှုကြောင့် Epicentr အဆောက်အအုံနှင့် ဆိပ်ကမ်းပစ်မှတ်များ ထိခိုက်ဟုဆိ
❝အိုဒက်ဆာ ပင်လယ်နက်ဆိပ်ကမ်းများကို ရုရှား ဆက်လက်တိုက်ခိုက်မှုကြောင့် Epicentr အဆောက်အအုံနှင့် ဆိပ်ကမ်းပစ်မှတ်များ ထိခိုက်ဟုဆို 𝙎𝙀𝙋~𝟐𝟔 ရုရှားတပ်ဖွဲများက ယူကရိန်းနိုင်ငံ အိုဒက်ဆာဒေသရှိ ပင်လယ်နက်ဆိပ်ကမ်းများနှင့် စစ်ဘက်ထောက်ပံ့ပိုဆောင်ရေးဆိုင်ရာ အဆောက်အအုံများကို ဆက်လက်တိုက်ခိုက်ခဲ့ပြီး အိုဒက်ဆာမြိုရှိ Epicentr အဆောက်အအုံကို Geran-4 မောင်းသူမဲ့လေယာဉ် (UAV) ဖြင့် ထိမှန်ခဲ့ကြောင်း ရုရှားဘက်နှင့် စစ်ရေးစောင့်ကြည့်ရေးအဖွဲများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဆော်ဒီက နျူ့လက်နက်ထုတ်လုပ်ဖိုအတွက် အမြဲ စိတ်ဝင်စားနေတာပါလို ဆို စက်တင်ဘာ - ၂၆ ( စနေနေ့ ) ဆော်ဒီအာရေးဗီးယားအနေနဲ့ နျူကလီးယားလက
ဆော်ဒီက နျူ့လက်နက်ထုတ်လုပ်ဖိုအတွက် အမြဲ စိတ်ဝင်စားနေတာပါလို ဆို စက်တင်ဘာ - ၂၆ ( စနေနေ့ ) ဆော်ဒီအာရေးဗီးယားအနေနဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ဖိုအတွက် အမြဲ စဉ်းစားနေတယ်လို အမေရိကန် ထောက်လှမ်းရေးရဲ့ လျှိဝှက်ဆန်းစစ်ချက် အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပြီး၊ ဒီအချက်ဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆော်ဒီနဲ့ နျူကလီးယား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် အပေါ် အမေရိကန် လွှတ်တော်အတွင်း စိုးရိမ်ပူပန်မှုတွေကို ပိုမိုမြင့်တက်စေခဲ့ကြောင်း ဝါရှင်တန်ပိုစ် သတင်းဌာန သောကြာနေ့မှာ ဖော်ပြခဲ့ပါတယ်။

ဘရာဇီရွေးကောက်ပွဲကို အမေရိကန်က ဝင်ရောက်စွက်ဖက်နေတယ်လို ဘရာဇီးသမ္မတရုံးပြော စက်တင်ဘာ - ၂၆ ( စနေနေ့ ) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့
ဘရာဇီရွေးကောက်ပွဲကို အမေရိကန်က ဝင်ရောက်စွက်ဖက်နေတယ်လို ဘရာဇီးသမ္မတရုံးပြော စက်တင်ဘာ - ၂၆ ( စနေနေ့ ) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဘရာဇီးနိုင်ငံရဲ့ လာမယ့် သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက် စွက်ဖက်ပြီး ဘရာဇီးကို "နယ်ချဲ့ကိုလိုနီ" ပြုလုပ်ကာ သဘာဝသယံဇာတတွေကို ထိန်းချုပ်ဖို ကြိုးပမ်းနေတယ် လို သမ္မတ လူဝစ် အင်နားစီယို လူလာ ဒါ ဆီးလ်ဗား ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲက ပြောကြားလိုက်ပါတယ်။

အောင်မြေသာစံမြိုနယ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး မန္တလေး၊ စက်တင်ဘာ ၂၆ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာ
အောင်မြေသာစံမြိုနယ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး မန္တလေး၊ စက်တင်ဘာ ၂၆ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြိုနယ်၊ ဥပုသ်တော်ရပ်ကွက်၊ မန်းတောင်ခြေ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ယနေ့နံနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ နယ်လှည့်ဆေးကုသရေးအဖွဲက သွားရောက်၍ အဆိုပါရိပ်သာရှိ ခန်းမဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသိုဆောင်ရွက်ပေးရာတွင် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲက အဘိုး(၁၁)ဦး၊ အဘွား (၄၄)ဦး စုစုပေါင်း(၅၅)ဦးတိုအား သွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချို ရောဂါ၊ မီးယပ်ရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ နား ၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါ တိုနှင့်ပက်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းများ ဟောပြောဆွေးနွေးကာ ဆေးရုံ တက်ရောက်ကုသရန် လိုအပ်သည့်လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံသို တက်ရောက် ဆေးကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ပူတင်ကို သွားတွေ့ဖို ဇီလန်းစကီးကို ထရမ့်က တိုက်တွန်း စက်တင်ဘာ - ၂၆ ( စနေနေ့ ) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇီလန်
ပူတင်ကို သွားတွေ့ဖို ဇီလန်းစကီးကို ထရမ့်က တိုက်တွန်း စက်တင်ဘာ - ၂၆ ( စနေနေ့ ) အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတ ဇီလန်းစကီးကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို မော်စကိုမြိုကို သွားရောက်ဖို တိုက်တွန်းခဲ့တယ်လို ဇီလန်းစကီးနဲ့ နီးစပ်သူတွေကို ကိုးကားပြီး ဘလွန်းဘာဂ် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဇီလန်းစကီးအနေနဲ့ မော်စကိုမြိုကို ကြိုက်တဲ့ဘယ်အချိန်မဆို လာရောက်နိုင်တယ်လို ရုရှားဘက်ကလည်း အရင်ကတည်းက ထပ်ခါတလဲလဲ ပြောဆိုထားတာရှိပါတယ်။ ဒီအပတ် ကုလသမဂ္ဂ အထွေထွေညီလာခံ ဘေးဘက် တွေ့ဆုံပွဲအတွင်း အမေရိကန်သမ္မတက အခုလို အကြံပြုခဲ့တာလို သတင်းက ဆိုပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်တည်ဆောက်နေပြီး တိုက် ၂၉၃ လု
နေပြည်တော်ကောင်စီနယ်မြေအတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော ဝန်ထမ်းအိမ်ရာများ အသစ်ပြန်လည်တည်ဆောက်နေပြီး တိုက် ၂၉၃ လုံး (၄၆၆၈ ခန်း) ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိ နေပြည်တော်၊ စက်တင်ဘာ ၂၇ ဝန်ထမ်းအိမ်ရာအသစ်များ တည်ဆောက်မှုအနေဖြင့် ဓနသိဒ္ဓိရပ်ကွက်တွင် အရာထမ်းကြီးအိမ်ရာ အဆောက်အအုံ နှစ်လုံး (၁၂)ခန်း၊ အကွက်အမှတ် (၈-က) တွင် အဆောက်အအုံ ၆၁ လုံး (၉၇၆ ခန်း)၊ အကွက်အမှတ် (၈-ခ) တွင် အဆောက်အအုံအလုံး ၄၀ (အခန်း ၆၄၀)၊ အကွက်အမှတ် (၃) တွင် အဆောက်အအုံ ၇၈ လုံး (၁၂၄၈ ခန်း)၊ အကွက်အမှတ် (၄) တွင် အဆောက်အအုံ ၁၁၂ လုံး (၁၇၉၂ ခန်း) စုစုပေါင်း တိုက် ၂၉၃ လုံး (အခန်း ၄၆၆၈ ခန်း) ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ အရည်အသွေးပြည့်မီစွာ သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေးကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။

🙏🙏🙏
🙏🙏🙏

အီရန်၏ ကမ်းလှမ်းချက်ထွက်လာပြီး‌နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထရန့်ရေလက်ကြားဟု အမည်တပ်ထားသော ဟော်မုဇ်ရေလက်ကြား၏ပုံကို Trut
အီရန်၏ ကမ်းလှမ်းချက်ထွက်လာပြီး‌နောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထရန့်ရေလက်ကြားဟု အမည်တပ်ထားသော ဟော်မုဇ်ရေလက်ကြား၏ပုံကို Truth Social တွင် ပိုစ်တင် အမေရိကန်က အချိုသောသတ်မှတ်ချက်များကို ပြည့်မီအောင်လုပ်မည်ဆိုပါက ဟော်မုဇ်ရေလက်ကြားကို တစ်ပတ်အတွင်းပြန်ဖွင့်ရန် သဘောတူညီချက်ကို အီရန်က အဆိုပြုလိုက်ပြီး မကြာမီမှာပင် အမေရိကန်သမ္မတဒေါ်နယ်ထရန့်က'ထရန့် ရေလက်ကြား'ဟု အမည်တပ်ထားသောဟော်မုဇ်ရေလက်ကြား၏ပုံကို Truth Social တွင် ပိုစ်တင်ခဲ့သည်။ Noted: ကမ္ဘာကြီးပျက်စီးတာလဲ မပြောပါနဲ့။ ထရန့်လိုလူက အမေရိကန်သမ္မတဖြစ်နေတာလဲ ပါတယ်။ အရင်ကစီးပွားရေးနယ်ပယ်မှာ ကျင်လည်ခဲ့သူဆိုတော့ social media ကိုအသုံးချပြီး ရှယ်ယာတွေကို ဘယ်အချိန်မှာဝယ်၊ ဘယ်အချိန်ရောင်းရမလဲ သူပိုသိသွားပြီပေါ့။ ကမ္ဘာကြီးကလူတွေ ဘာဖြစ်နေနေ အမေရိကန်တွေအကျိုးရှိရင် တကမ္ဘာလုံးတောင် ရောင်းစားမဲ့သူမျိုးပါ။ ဒီလိုလူတွေ အင်အားကြီးနေသရွေ့တော့ ငြိမ်းချမ်းဖို့ မလွယ်လောက်သေးပါဘူး။ သိင်္ခ

မြန်မာ-အိန္ဒိယ စီးပွားရေးဆက်ဆံမှု ခိုင်မာရေး G2G မှ P2P အထိ ချိတ်ဆက်မှုမြှင့်တင်ရန်လိုဟု မြန်မာကောင်စစ်ဝန်ချုပ် ပြော စိုက်ပျိ
မြန်မာ-အိန္ဒိယ စီးပွားရေးဆက်ဆံမှု ခိုင်မာရေး G2G မှ P2P အထိ ချိတ်ဆက်မှုမြှင့်တင်ရန်လိုဟု မြန်မာကောင်စစ်ဝန်ချုပ် ပြော စိုက်ပျိုးရေး၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် MSME ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှိကြောင်း အင်ဒို-ပစိဖိတ် စီးပွားရေးညီလာခံ၌ ရှင်းလင်း ကော်လ်ကတ္တား၊ စက်တင်ဘာ ၂၆ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေးဆက်ဆံမှု ပိုမိုခိုင်မာစေရေးအတွက် အစိုးရအချင်းချင်း (G2G)၊ စီးပွားရေးလုပ်ငန်းအချင်းချင်း (B2B)၊ အဖွဲအစည်းအချင်းချင်း (I2I) နှင့် ပြည်သူအချင်းချင်း (P2P) ချိတ်ဆက်မှုများ မြှင့်တင်ရန်လိုအပ်ကြောင်း မြန်မာကောင်စစ်ဝန်ချုပ် ဦးအောင်အောင်မျိုးသိမ်းက ပြောကြားခဲ့သည်။

❝ဥရောပနှင့် စစ်ရေးပဋိပက္ခအတွက် ရုရှားဘက်က အစီအစဉ်မရှိဟု ပူတင်ပြော၊ ယူကရိန်းကို ရုရှားဆန့်ကျင်ရေးကိရိယာအဖြစ် အသုံးချနေသည်ဟု ဝေဖန်❞ 𝙎𝙀𝙋~𝟐𝟔 ရုရှားနိုင်ငံအနေဖြင့် ဥရောပနိုင်ငံများနှင့် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံရန် ပြင်ဆင်နေခြင်းမရှိသလို ဥရောပနှင့် အခြေအနေတင်းမာစေရန် အကြောင်းပြချက် သိုမဟုတ် လက်တွေ့ကျသော တွန်းအားလည်း မရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က စက်တင်ဘာ ၂၅ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

တရုတ်သမ္မတကတော် ဖုန်လိယွမ် ဝါရှင်တန်ခရီးစဉ်အတွင်း နိုင်ငံ၏ Soft Power ကို ပြသ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဝါရှင်တန်ခရီးစဉ
တရုတ်သမ္မတကတော် ဖုန်လိယွမ် ဝါရှင်တန်ခရီးစဉ်အတွင်း နိုင်ငံ၏ Soft Power ကို ပြသ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဝါရှင်တန်ခရီးစဉ်အတွင်း ဇနီးဖြစ်သူ ဖုန်လိယွမ်သည် တရုတ်နိုင်ငံ၏ Soft Power ကို ပြသခဲ့မှုဖြင့် နိုင်ငံတကာသတင်းများတွင် ဖော်ပြခံနေရသည်။ ဖုန်လိယွမ်သည် အမေရိကန်သမ္မတကတော် မလာနီယာ ထရန့်နှင့် စကားပြောဆိုရာတွင် စကားပြန်မပါဘဲ အင်္ဂလိပ်စကားဖြင့် တိုက်ရိုက်ပြောဆိုခဲ့သည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတိုကြား ကုန်သွယ်ရေးနှင့် တရုတ် (တိုင်ပေ) အရေး အပါအဝင် သဘောထားကွဲလွဲမှုများ ရှိနေသော်လည်း ဖုန်လိယွမ်က တရုတ်နိုင်ငံ၏ နူးညံ့သည့်ပုံရိပ်ကို ဖော်ဆောင်ပေးနေသူအဖြစ် ရှုမြင်ခံနေရသည်။ ခရီးစဉ်အတွင်း ဖုန်သည် တရုတ်ရိုးရာဝတ်စုံကို ခေတ်မီအောင် ပြန်လည်ဖန်တီးထားသည့် ဝတ်စုံများကို ဆင်ယင်ခဲ့သည်။ စက်တင်ဘာ ၂၄ ရက်က ဝါရှင်တန်ရှိ Smithsonian အာရှအနုပညာပြတိုက်တွင် ကလေးငယ်များက တရုတ်ရိုးရာသီချင်း Jasmine Flower ဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးနောက် ဖုန်လိယွမ်အား “ကျေးဇူးတင်ပါတယ် အမေဖုန်” ဟု တုံပြန်ခဲ့ကြသည်။

ယူအက်စ်နှင့်တရုတ်တို AIဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်း ထားရှိမည် အမေရိကနှင့် တရုတ်နိုင်ငံတိုသည် ညဏ်ရည်တု AI နှင့် သက်ဆိုင်သည့်
ယူအက်စ်နှင့်တရုတ်တို AIဆိုင်ရာ ဆက်သွယ်ရေးလမ်းကြောင်း ထားရှိမည် အမေရိကနှင့် တရုတ်နိုင်ငံတိုသည် ညဏ်ရည်တု AI နှင့် သက်ဆိုင်သည့် ဖြစ်ရပ်များအတွက် ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုကို ထူထောင်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က စက်တင်ဘာလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တိုသည် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ထိပ်သီးဆွေးနွေးပွဲကို အပြီးသတ် ကျင်းပ ပြုလုပ်ခဲ့ကြပြီး ၎င်းတို၏ ဆွေးနွေးမှုများတွင် AI ကြောင့် ပေါ်ပေါက်လာသော စိန်ခေါ်မှု အခက်အခဲများအကြောင်းအပါအဝင် အရေးပါသည့် ကိစ္စရပ်များ ပါဝင်ခဲ့သည်။

ယူကရိန်း ငြိမ်းချမ်းရေးအဆိုပြုချက်များအားလုံးသည် ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်တွင်ရှိကြောင်း ပူတင် ပြောကြား ယူကရိန်း ငြိမ်းချမ
ယူကရိန်း ငြိမ်းချမ်းရေးအဆိုပြုချက်များအားလုံးသည် ဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်တွင်ရှိကြောင်း ပူတင် ပြောကြား ယူကရိန်း ငြိမ်းချမ်းရေးအဆိုပြုချက်များအားလုံးသည် ဆွေးနွေးပွဲစားပွဲဝိုင်းပေါ်တွင် ရှိကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ထိုပြင် ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် ရုရှားလွှတ်တော်ရွေးကောက်ပွဲများအပြီးတွင် ရုရှားအနေဖြင့် ယူကရိန်းနှင့် ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အသင့်ဖြစ်ခဲ့သော်လည်း ယူကရိန်းဘက်က မော်စကိုမြိုတော်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် မဲရုံများကို ထိမှန်ခဲ့ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ကျိုက္ခမီမြိုတွင် အစဉ်အလာမပျက် မြိုလုံးကျွတ် ပျားရည်ဆွမ်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ သံဃာ၊ ရှင်သာမဏေနှင့် သီလရှင် စုစုပ
ကျိုက္ခမီမြိုတွင် အစဉ်အလာမပျက် မြိုလုံးကျွတ် ပျားရည်ဆွမ်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲ၊ သံဃာ၊ ရှင်သာမဏေနှင့် သီလရှင် စုစုပေါင်း ၄၉၆ ပါး အလှူခံကြွရောက် ကျိုက္ခမီ၊ စက်တင်ဘာ ၂၆ မွန်ပြည်နယ်၊ ကျိုက္ခမီမြိုတွင် နှစ်စဉ်အစဉ်အလာမပျက် ကျင်းပသည့် မြိုလုံးကျွတ် ပျားရည်ဆွမ်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို တော်သလင်းလပြည့်နေ့မတိုင်မီ စက်တင်ဘာ ၂၅ ရက် ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း ကျိုက္ခမီရေလယ်ဘုရား ဂေါပကအဖွဲထံမှ သိရသည်။

မြစ်ကြီးနား-မန္တလေး လေယာဉ်လက်မှတ်ခ ပုံမှန်အားဖြင့် ခြောက်သိန်းကျော်သာရှိသော်လည်း ပြင်ပမှောင်ခိုဈေးကွက်တွင် ကျပ် ၁၅ သိန်းမှ ၁၈ သိန်းအထိရှိနေဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား ■ လေယာဉ်လက်မှတ်ခများ သတ်မှတ်ဈေးနှုန်းထက် ဈေးတင်ရောင်းချသူများအား အရေးယူဆောင်ရွက်ရန် ဒေသခံပြည်သူများနှင့် ပြည်နယ်အစိုးရအဖွဲတို ပူးပေါင်းကူညီဆောင်ရွက်ပေးစေလိုဟု ပိုဆောင်ရေးဝန်ကြီးဌာန ပြောကြား မြစ်ကြီးနား-မန္တလေး လေယာဉ်လက်မှတ်ခများမှာ ပုံမှန်အားဖြင့် ခြောက်သိန်းကျော်သာရှိသော်လည်း ပြင်ပမှောင်ခိုဈေးကွက်တွင်မူ ကျပ် ၁၅ သိန်းမှ ၁၈ သိန်းအထိရှိနေသည်ဟု မြစ်ကြီးနားမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ဝင်းက ပြောကြားသည်။ Noted: ဒီတိုင်းပြည်မှာ ဖြစ်နေတာက အခုလိုကိစ္စတွေက အများသား။ အစိုးရချမှတ်ထားတဲ့ မူဝါဒအတိုင်း မလိုက်နာတဲ့ နေရာတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကိုသာ ဖိဖိစီးစီးကိုင်တွယ်နိုင်ရင် ကုန်ဈေးနှုန်းကြီးမြင့်မှုကို အထိုက်အလျောက် သက်သာစေပါလိမ့်မယ်။ ဟိုတစ်လောက ကားဈေးကိုသာကြည့်ပါ။ နိုင်ငံတွင်းမှာတပ်ဆင်ထုတ်လုပ်နေတဲ့စက်ရုံထုတ်ကားဈေးက ၁၅၀၀ ဝန်းကျင်၊ ပြင်ပပေါက်ဈေးက ၃၀၀၀ နီးပါးဖြစ်နေ ။ ဒါတွေက သိတဲ့ကိစ္စတွေ ဖြစ်ရပ်တွေလောက်ပဲရှိပါသေးတယ်။ တကယ်စေတနာထားပြီး လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေ။ သိင်္ခ

photo content

ဘန်ကောက်မြိုတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသဖြင့် အထူးသတိပြုရန် လိုအပ် ထိုင်းနိုင်ငံ၊ ဘန်ကောက်
ဘန်ကောက်မြိုတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသဖြင့် အထူးသတိပြုရန် လိုအပ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုတွင် ယမန်နေ့က မိုးတစ်နေကုန် သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြိုနေရာအများအပြား၌ ရေကြီးရေလျှံမှုများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး၊ ယနေ့အထိ မော်တော်ယာဉ်များ သွားလာရခက်ခဲလျက် ရှိပါသည်။