သိင်္ခ
Открыть в Telegram
အသိတိုး
БольшеСтрана не указанаКатегория не указана
1 067
Подписчики
Нет данных24 часа
-177 дней
-5530 дней
Архив постов
1 067
ရေဘေးသင့် လေးမျက်နှာမြိုနယ်တွင် လူဦးရေ ၂,၇၀၀ ကျော်အတွက် ရေလီတာ ၆၀,၀၀၀ ကျော် ဖြန့်ဖြူး
လေးမျက်နှာ၊ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ရေဘေးသင့် လေးမျက်နှာမြိုနယ်တွင် စက်တင်ဘာ ၁၇ ရက်အထိ လူဦးရေ ၂,၇၀၀ ကျော်အတွက် သောက်သုံးရေ လီတာ ၆၀,၀၀၀ ကျော် ဖြန့်ဖြူးပေးခဲ့ကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထုတ်ပြန်ထားသည်။ ထိုပြင် အိမ်ထောင်စု ၈၂ စုအတွက် ရေဘူးပျော့ (Jerry Can) ၁၆၆ ခုကိုလည်း ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။
1 067
အောင်လံမြိုတွင် အရည်အသွေးကိုက်ညီမှုမရှိသည့် “ရွှေအောင်လ”အမည်ပါပိုးသတ်ဆေးကို တရားမဝင် ရောင်းချနေသည့်ဆိုင်အား ပိတ်သိမ်းပြီး ယင်းပိုးသတ်ဆေးဖြန့်ဖြူးသည့် ကုမ္ပဏီကို ဒဏ်ငွေ ၁၀ သိန်းကျပ် ချမှတ်
မကွေးတိုင်း အောင်လံမြိုတွင် အရည်အသွေးကိုက်ညီမှုမရှိသည့် “ရွှေအောင်လ”အမည်ပါပိုးသတ်ဆေးကို တရားမဝင် ရောင်းချနေသည့်ဆိုင်အား ပိတ်သိမ်းပြီး ယင်းပိုးသတ်ဆေးဖြန့်ဖြူးသည့် ကုမ္ပဏီကို ဒဏ်ငွေ ၁၀ သိန်းကျပ် ချမှတ်ကြောင်း မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲမှ သိရသည်။
1 067
ဝါရှင်တန်ဒီစီတွင်တည်ဆောက်မည့် အောင်ပွဲခံမုခ်ဦးကို စစ်ဘက်အဆောက်အအုံအဖြစ်ပါ အသုံးပြုမည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဝါရှင်တန်တွင် တည်ဆောက်ရန်စီစဉ်ထားသည့် အောင်ပွဲခံမုခ်ဦးကို အလှဆင်အဆောက်အအုံ တစ်ခုအဖြစ်သာမက အဆင့်မြင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံအဖြစ်ပါ အသုံးပြုသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၀ ရက်တွင် ကြေညာခဲ့သည်။
ထရန့်က Truth Social လူမှုကွန်ရက်တွင် အမေရိကန်စစ်တပ်၏ တိုက်တွန်းချက်အရနှင့် နိုင်ငံတော်လုံခြုံရေး အတွက်ဟုဆိုကာ မူလအစီအစဉ်ကို ပြင်ဆင်ကြောင်း ရေးသားခဲ့သည်။
အဆောက်အအုံအတွင်း ဒရုန်းအရေအတွက် အမြောက်အမြားကို ထားရှိသိမ်းဆည်းနိုင်၊ အလျှင်အမြန်အသုံးချ နိုင်မည်ဖြစ်ပြီး အမိုးနှင့် ရင်ပြင်နေရာများတွင် စနိုက်ပါများကို ချထားနိုင်ကာ ကျည်ဆံအမြောက်အမြားကိုပါ သိုလှောင်ထားမည်ဟု ဆိုသည်။ ထရန့်က ကမ္ဘာပေါ်တွင် ယင်းကဲ့သိုအဆောက်အအုံမျိုး မရှိကြောင်းလည်း ပြောဆိုခဲ့သည်။
1 067
အမေရိကန်က ထပ်မံတိုက်ခိုက်ပါက ပစ်မှတ်အသစ်များကို လက်နက်သစ်များဖြင့် တိုက်မည်ဟု အီရန်တော်လှန်ရေးအစောင့်တပ်ခြိမ်းခြောက်
အမေရိကန်စစ်တပ်က မိမိတိုနိုင်ငံကိုတိုက်ခိုက်မှုများ ထပ်မံပြုလုပ်လာပါက ပစ်မှတ်အသစ်များကို တိုက်ခိုက်သွားမည်ဖြစ်သလို လက်နက်သစ်များကိုပါအသုံးပြုသွားမည်ဟု အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က စက်တင်ဘာ ၂၁ ရက်တွင် သတိပေးခဲ့သည်။
တီဟီရန်နှင့် ဝါရှင်တန်တို စစ်ပွဲစတင်ခဲ့သည်မှာ ခုနစ်လနီးပါး ကြာမြင့်လာပြီဖြစ်သော်လည်း အခြေအနေမှာ မတိုးသာမဆုတ်သာဖြစ်နေပြီး နှစ်ဖက်စလုံးက အင်အားအပြည့်သုံးသော စစ်ပွဲပြန်ဖြစ်ရန် လိုလားပုံမရပေ။
အီရန်စစ်တပ်၏ သဘောတရားရေးရာ လက်နက်ကိုင်တပ်ဖွဲဖြစ်သော အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ၏ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်၏ တိုက်ခိုက်မှုများ ထပ်မံစတင်လာပါက "မိမိတို၏ကာကွယ်ရေးနှင့် တန်ပြန်တိုက်စစ်ဆင်မှုများတွင် သိသာထင်ရှားသော အပြောင်းအလဲများမလွဲမသွေ ရှိလာမည်" ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
1 067
နှစ်နှစ်ကျော်ကြာ ယာယီပိတ်ထားသည့် ရိုးမဘဏ် လားရှိးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်
လားရှိး၊ စက်တင်ဘာ ၂၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြိုတွင် နယ်မြေမတည်ငြိမ်မှုနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများကြောင့် နှစ်နှစ်ကျော်ကြာ ယာယီပိတ်ထားခဲ့သည့် ရိုးမဘဏ် လားရှိးဘဏ်ခွဲကို ယနေ့ စက်တင်ဘာ ၂၁ ရက်မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ရိုးမဘဏ်က ထုတ်ပြန်ထားသည်။
ပြန်လည်ဖွင့်လှစ်သည့် ရိုးမဘဏ် လားရှိးဘဏ်ခွဲသည် လားရှိးမြို၊ အမှတ် (၂) ရပ်ကွက်၊ လမ်းမတော်လမ်းနှင့် ရွှေဘိုလမ်းထောင့်တွင် တည်ရှိသည်။ အဆိုပါဘဏ်ခွဲတွင် ငွေသွင်း၊ ငွေထုတ်ခြင်းအပါအဝင် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများကို ယနေ့မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။
1 067
မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ပေးသည့် CEIR OSS (YGN) ရုံး နေရာပြောင်းရွှေ့ဖွင့်လှစ်
ရန်ကုန်၊ စက်တင်ဘာ ၂၁
မိုဘိုင်းဖုန်း IMEI မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် CEIR OSS (YGN) ရုံးကို ရန်ကုန်မြို၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန E-Service ရုံးသို ယနေ့ စက်တင်ဘာ ၂၁ ရက်မှစတင်၍ နေရာပြောင်းရွှေ့ဖွင့်လှစ်ထားကြောင်း သိရသည်။
1 067
ဂျပန်-အာဆီယံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် သဘောတူ
မနီလာ၊ စက်တင်ဘာ ၂၁
ဂျပန်နိုင်ငံနှင့် အာဆီယံတိုသည် ကုန်စည်ထောက်ပံ့ရေးကွင်းဆက် ခိုင်မာရေးနှင့် AI နည်းပညာ၏ အခန်းကဏ္ဍ မြင့်တက်လာမှုတိုကို ထည့်သွင်းစဉ်းစားကာ နှစ်ဖက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ကို ပိုမိုခိုင်မာအားကောင်းစေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မနီလာမြို၌ စက်တင်ဘာ ၂၀ ရက်က ပြုလုပ်ခဲ့သည့် ဂျပန်-အာဆီယံ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးတွင် နှစ်ဖက်က ယင်းသို သဘောတူခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အစိုးရအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
1 067
FIFA ASEAN Cup 2026 အတွက် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းထုတ်ပြန်
လူငယ်ကစားသမားသစ်များနှင့် စီနီယာကစားသမားများ ပေါင်းစပ်ရွေးချယ်
ရန်ကုန်၊ စက်တင်ဘာ ၂၁
FIFA ASEAN Cup 2026 ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်းကို ထုတ်ပြန်လိုက်ရာ လူငယ်ကစားသမားသစ်များနှင့် အတွေ့အကြုံရှိ စီနီယာကစားသမားများ ပေါင်းစပ်ပါဝင်လာကြောင်း သိရသည်။
1 067
မော်စကိုအပါအဝင် ရုရှားနိုင်ငံထဲသို ယူကရိန်းက ဒရုန်းအစင်း ၁,၀၀၀ ကျော်ဖြင့် တိုက်ခိုက်
ရုရှားပါလီမန်ရွေးကောက်ပွဲ နောက်ဆုံးနေ့ကျင်းပနေစဉ် ယူကရိန်းကမော်စကိုမြိုတော်သို ပစ်မှတ်ထားသည့်ဒရုန်းရာပေါင်းများစွာ အပါအဝင် ဒရုန်းအစင်းရေ ၁,၀၀၀ ကျော်ဖြင့် ညပိုင်းတွင်တိုက်ခိုက်ခဲ့သည်ဟုတာ၀န်ရှိသူများက စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။
အဆိုပါ ဒရုန်းတိုက်ခိုက်မှုသည် ရုရှားမြိုတော်မော်စကိုအတွက် "သမိုင်းတစ်လျှောက် အကြီးမားဆုံး" တိုက်ခိုက်ခံရမှုဖြစ်ပြီး ဒရုန်းများ၏လှိင်းဟုမော်စကိုမြိုတော်ဝန်က ပြောဆိုပြီး မြိုတော်ရှိ ရေနံချက်စက်ရုံတစ်ရုံနှင့် လူနေအဆောက်အအုံတစ်လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။
1 067
ကိုရီးယားနှစ်နိုင်ငံကြား ပိုင်းခြားထားသည့်စစ်မဲ့ဇုန်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး တောင်ကိုရီးယားစစ်သားသုံးဦး ဒဏ်ရာရ
တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံကြား ပိုင်းခြားထားသည့် စစ်မဲ့ဇုန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် တောင်ကိုရီးယားစစ်ဘက်ဆိုင်ရာ အရာရှိသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်သည် ကမ္ဘာပေါ်တွင် မိုင်းအများဆုံး ထောင်ထားသည့် နယ်စပ်ဒေသများအနက် တစ်ခုဖြစ်သော စစ်မဲ့ဇုန်အတွင်းရှိ စစ်ဘက်ဆိုင်ရာ နယ်သတ်စည်း (MDL) ၏ တောင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိခဲ့သည့် အရာရှိ နှစ်ဦးကို ရဟတ်ယာဉ်ဖြင့် ရွှေ့ပြောင်းပေးခဲ့ပြီး တတိယမြောက် အရာရှိကိုမူ ကုန်းလမ်းမှ ပိုဆောင်ပေးခဲ့ရကြောင်း ပူးတွဲစစ်ဦးစီးချုပ်များရုံး (JCS) က ပြောကြားခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုသည် မြောက်ကိုရီးယားဘက်က ထောင်ထားသည့်မိုင်း သိုမဟုတ် တောင်ကိုရီးယားဘက်က ထောင်ထားသည့် မိုင်း သိုမဟုတ် အခြား ပေါက်ကွဲစေတတ်သော ပစ္စည်းတစ်ခုခုကြောင့် ဖြစ်ပွားခဲ့ခြင်း ဟုတ်၊ မဟုတ်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
1 067
လူငယ်ကျောင်းသားအားကစားသမားများအတွက် လေ့ကျင့်ရေးသုံးပစ္စည်းများ ဖြည့်ဆည်းပေးရန် ဒုဝန်ကြီးပြော
နေပြည်တော်၊ စက်တင်ဘာ ၂၁
လူငယ်ကျောင်းသားအားကစားသမားများ အဆင်ပြေချောမွေ့စွာ လေ့ကျင့်နိုင်စေရန် လိုအပ်သည့် လေ့ကျင့်ရေးသုံး အားကစားအထောက်အကူပြုပစ္စည်းများကို ထောက်ပံ့ကူညီ ဖြည့်ဆည်းပေးသွားရန် အားကစားရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညီညီက ပြောကြားခဲ့ကြောင်း သိရသည်။
1 067
တာမွေမြိုနယ်၌ ၂၀၂၆-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ
တာမွေ၊ စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြိုနယ်၌ ၂၀၂၆-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို တာမွေမြိုနယ်ရှိ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း မြတ်ပန်းသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
1 067
အနောက်နိုင်ငံတွေရဲ့ စကားကို နားထောင်ပြီး ရုရှားနဲ့ စစ်တိုက်လိုက်တာက ယူကရိန်း မှားတယ်လို စလိုဗက်ကီးယားဝန်ကြီးချုပ် ဆို
စက်တင်ဘာ - ၂၁ ( တနင်္လာနေ့ )
၂၀၂၂ ခုနှစ် အစောပိုင်းမှာ ရုရှားနဲ့ ဖြစ်နိုင်ချေရှိခဲ့တဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကိုယူလိုက်ရမဲ့ အစား အနောက်နိုင်ငံတွေရဲ့ စကားနားထောင်ပြီး ယူကရိန်းက ရုရှားနဲ့ စစ်ဖြစ်ဖိုရွေးချယ်လိုက်တာက “အမှားကြီးတစ်ခု လုပ်လိုက်တာပဲ” လို စလိုဗက်ကီးယား ဝန်ကြီးချုပ် ရောဘတ် ဖီကိုက ပြောကြားလိုက်ပါတယ်။
1 067
ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း ယခုစက်တင်ဘာလတတိယပတ်တွင် ကြက်သွန်စျေးနှုန်း ဆက်လက်မြင့်တက်နေပြီး တစ်ပိဿ ကျပ် ၆၀၀၀ ကျော်ထိ ရောက်ရှိသွားကြောင်း သိရ
ကြက်သွန်စျေးနှုန်းမြင့်တက်လာသော်လည်း ကုန်ဝင်ရောက်မှုမှာ ပိဿချိန် ၁၀၀၀၀ အောက်သာရှိပြီး တောင်သူများထံ ကုန်လက်ကျန်နည်းပါးနိုင်ကြောင်း လုပ်ကိုင်သူများထံမှ သိရသည်။
ပခုက္ကူစျေးကွက်အတွင်း ပိဿချိန် ၇၀၀၀ ဝင်ရောက်သည့် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဂျွန်သေး တစ်ပိဿ ၅၀၀၀ - ၅၃၀၀ ကျပ် ၊ဂျွန်လတ်တစ်ပိဿ ၅၄၀၀ - ၅၈၀၀ ကျပ် နှင့် ဂျွန်ကြီးတစ်ပိဿ ၅၉၀၀ - ၆၃၀၀ ကျပ် ပေါက်စျေးရှိကြောင်း သိရသည်။
1 067
တံတားအလယ် ကုန်ပြောင်းသယ်ယူရမှုကြောင့် တာချီလိတ်တွင် သယ်ယူစရိတ်မြင့်တက်ပြီး ကုန်ဈေးနှုန်းတက်လာနိုင်
𝙎𝙀𝙋~𝟐𝟏
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်-တာချီလိတ် နယ်စပ်ဂိတ်တွင် ကုန်ပစ္စည်းများကို တံတားအလယ်မှတစ်ဆင့် လူကိုယ်တိုင် လမ်းလျှောက်သယ်ယူနေရခြင်းကြောင့် သယ်ယူပိုဆောင်ရေးကုန်ကျစရိတ်များ မြင့်တက်လာပြီး တာချီလိတ်ဒေသအတွင်း ကုန်ပစ္စည်းဈေးနှုန်းများပါ မြင့်တက်လာနိုင်ကြောင်း ထိုင်းရတ်သတင်းက စက်တင်ဘာ ၂၁ ရက်တွင် ဖော်ပြထားသည်။
လက်ရှိစနစ်အရ ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြိုဘက်မှ တင်ပိုလာသည့် ကုန်ပစ္စည်းများကို ယခင်ကဲ့သို ဗန်ကားများ၊ သုံးဘီးယာဉ်များနှင့် ဘေးတွဲဆိုင်ကယ်များဖြင့် တာချီလိတ်ဘက်သို တိုက်ရိုက်သယ်ယူခွင့်မပြုဘဲ လူကိုယ်တိုင် လမ်းလျှောက်သယ်ဆောင်ကာ တံတားအလယ်မှတစ်ဆင့် မြန်မာဘက်ခြမ်းရှိ သတ်မှတ်နေရာသို ပိုဆောင်ရသည့် အခြေအနေဖြစ်ပေါ်နေခြင်းဖြစ်သည်။
1 067
ညောင်တုန်းကျွန်းတာ ရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြိုနယ်၌ ဩဂုတ်လကုန်မှ စက်တင်ဘာလ တတိယပတ်အတွင်းဖြစ်ပေါ်ခဲ့သော တိုးမြစ်မြစ်ကမ်းပြိုခြင်း၊ ရေတိုက်စားမှုများဖြစ်ပေါ်ခဲ့သော ညောင်တုန်းကျွန်းတာ တာမိုင် ၁၁/ ၅ မှ ၁၁/ ၇ အတွင်းနှင့် တာမိုင် ၁၂/ ၂ မှ ၁၂/ ၃ အတွင်း နေရာများတွင် တုတ်တန်းရိုက်သဲအိတ်ဖြည့်ခြင်း၊ သဲအိတ်ဖြည့် တာခြေထောက်ခြင်းနှင့် ယာယီပန်းတာတည်ဆောက်ခြင်းလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက လူအင်အား၊ စက်ယန္တရားများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
1 067
မလေးရှားထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေ
ဩဂုတ်လအတွင်း ၇၁ ဦးစိစစ်ခဲ့ပြီး ၅၄ ဦးအား CI ထုတ်ပေးနိုင်ခဲ့သည်။ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနအောက်ရှိ ထိန်းသိမ်းရေးစခန်း ၁၅ ခုတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများကို မြန်မာနိုင်ငံသို အမြန်ဆုံးပြန်လည်ပိုဆောင်နိုင်ရေးအတွက် နိုင်ငံသားဖြစ်မှု စိစစ်ခြင်းနှင့် နေရပ်ပြန်လည်ပိုဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကွာလာလမ်ပူမြိုရှိ မြန်မာသံရုံးက အသိပေးထားသည်။
ထိန်းသိမ်းခံထားရသူများအနက် ကိုယ်ပိုင်သဘောဆန္ဒဖြင့် နေရပ်ပြန်လိုကြောင်း တင်ပြလျှောက်ထားသူများကို မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် စိစစ်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ပြန်လည်ပိုဆောင်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။
1 067
တခါတလေတော့လဲ စာနာမိပါတယ်။ ခက်တာက ထွန်းမြင့်နိုင်ရဲ့ သွေးထိုးပေးမှုနဲ့ ရခိုင်တွေရဲ့ စိတ်ဓာတ်က ပျက်စီးသွားပြီ။ ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာတာပါပဲ။
1 067
မတော်တဆ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိသည့် ကလေးငယ်အား ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုကူညီ
𝙎𝙀𝙋~𝟐𝟏
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြိုနယ်၊ မြိုဟောင်းအရှေ့ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ဖွင့်လှစ်ပိုချနေစဉ် ကစားရင်း မတော်တဆ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်တစ်ဦးအား သန်လျင်မြိုနယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုကူညီပေးခဲ့ကြောင်း သိရသည်။
1 067
ပါမောက္ခချုပ်ဆရာတော်ကြီး ယနေ့ညနေပိုင်းတွင် မန္တလေးမြို၌ တရားဟောကြားတော်မူမည်
ပါမောက္ခချုပ်ဆရာတော်ကြီးသည် ယနေ့ စက်တင်ဘာ ၂၁ ရက်ညနေပိုင်းတွင် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြိုနယ်ရှိ "ညီမူရာ"တရားပွဲမဏ္ဍပ်၌ တရားနာဧည့်ပရိ သတ်များအား နိဗ္ဗာန်ရောက်ကြောင်းတရားတော်များကို ဟောကြားတော်မူသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တရားပွဲကို မန္တလေးမြို၊ မလွန်စျေးဆန်လှူအ သင်းကြီး၏ နှစ်(၁၃၀)ပြည့် မဟာတဏ္ဍုလဒါန ဆွမ်းဆန်တော်အလှူပွဲကြီးအောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ်ဆင်ယင်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထိုပြင် စက်တင်ဘာ ၂၂ ရက်ညနေပိုင်းတွင်လည်း သီ တဂူဆရာတော်ကြီးက တရားနာဧညိ့ပရိသတ်များကို နိဗ္ဗာန်ရောက်ကြောင်းတရားတော်များဟောကြားတော်မူသွားမည်ဖြစ်ကြောင်း သိရသည်။
