သိင်္ခ
Открыть в Telegram
အသိတိုး
БольшеСтрана не указанаКатегория не указана
1 058
Подписчики
Нет данных24 часа
-67 дней
-5330 дней
Архив постов
1 058
ယနေ့ နံနက်အစောပိုင်းက စဥ့်ကူးမြိုကိုဗဟိုပြုပြီး နာရီပိုင်းသာခြား၍ ငလျင်(၂)ကြိမ်လှုပ်ခတ်ခဲ့
စဥ့်ကူးမြိုကိုဗဟိုပြု၍ ယနေ့ သြဂုတ် ၂၆ ရက်နံနက်အစောပိုင်းက နာရီပိုင်းသာခြားပြီး ငလျင်(၂)ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။ နံနက်အစောပိုင်း ၅ နာရီ ၂ မိနစ် ၂၇ စက္ကန့်က စဥ့်ကူးမြို၏ အရှေ့တောင်ဘက်(၈)မိုင်ခန့်အကွာ၊ အနက်(၁၄) ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုပြင် နံနက် ၄ နာရီ ၅ မိနစ် ၄၅ စက္ကန့်ကလည်း စဥ့်ကူးမြို၏ အနောက်မြောက်ဘက်(၃)မိုင်ခန့်အကွာ၊ အ နက်(၃၅)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၄)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စဥ့်ကူးမြိုကိုဗဟိုပြုပြီး ငလျင်(၂)ကြိမ်လှုပ်ခတ်မှုကို မန္တဘေးမြေငလျင်စခန်းမှ တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
1 058
ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တဲ့ ကိုးမြွှာပူး မွေးဖွားခဲ့ခြင်း
မာလီနိုင်ငံမှ ဇနီးမောင်နှံဟာ ကိုးမြွှာပူး မွေးဖွားခဲ့ပြီး ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် မာလီနိုင်ငံသူ ဟာလီမာဆစ်ဆီဟာ ၂၀၂၁ ခုနှစ် မေလက ကိုးမြွှာပူး မွေးဖွားခဲ့တာပါ။ အစောပိုင်းမှာ ဆရာဝန်တွေက ခုနှစ်မြွှာပူးလို ထင်မှတ်ခဲ့ကြပေမဲ့ နောက်ထပ် စစ်ဆေးမှုတွေအရ အံ့အားသင့်ဖွယ်ရာ ကိုးမြွှာပူးလို အတည်ပြုနိုင်ခဲ့တာပါ။ အနည်းငယ်မျှ အတိမ်းစောင်း မခံနိုင်တဲ့ အခြေအနေမို မာလီအစိုးရရဲ့ စီစဉ်မှုနဲ့အတူ ဟာလီမာဆစ်ဆီကို မော်ရိုကိုနိုင်ငံသို ပိုဆောင်ကာ ခွဲမွေးစေခဲ့တာပါ။
ကိုယ်ဝန်ဆောင်ချိန် သီတင်းပတ် ၃၀ မှာ ခန္ဓာကိုယ်အလေးချိန် ၁.၁ ပေါင်မှ ၂.၂ ပေါင်ကြားရှိတဲ့ မိန်းကလေး ၅ ဦး၊ ယောကျားလေး ၄ ဦးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပြီး ကလေးငယ်အားလုံး အသက်ရှင်ခဲ့ကြပါတယ်။
ဒါဟာ ကမ္ဘာပေါ်မှာ တစ်ကြိမ်တည်းနဲ့ ကလေးငယ်အများဆုံး အောင်မြင်စွာ မွေးဖွားပြီး ကလေးအားလုံး အသက်ရှင်သန်မှုအဖြစ် ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ ကလေးငယ် ၉ ဦးဟာ အသက် ၅ နှစ်ပြည့်မြောက်ခဲ့ကြပါပြီ။
1 058
ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အားသာချက်များနှင့် မိမိတိုနိုင်ငံ၏ အားသာချက်များကို ပေါင်းစပ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို၏ အကျိုးစီးပွားကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်
နေပြည်တော်၊ ဩဂုတ် ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးသို ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက် ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencingဖြင့် တက်ရောက်ကြသည်။
1 058
ICRC က ၂၀၂၆ ပထမနှစ်ဝက်အတွင်း ပဋိပက္ခဒ-ဏ်သင့်သူ ၁၂၀,၀၀၀ ကျော်ကို လူသားချင်းစာနာမှုအကူအညီ ပေးအပ်
ရန်ကုန်၊ ဩဂုတ် ၂၅
၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခများနှင့် အရေးပေါ်အခြေအနေများကြောင့် ထိခိုက်ခံစားရသူ ၁၂၀,၀၀၀ ကျော် ထံ ရောက်ရှိကာ အရေးပေါ်နှင့် ရေရှည်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က ထုတ်ပြန်သည်။
ICRC သည် ဒေသခံမိတ်ဖက်အဖွဲအစည်းများနှင့် ပူးပေါင်း၍ နေရပ်စွန့်ခွာသူများအား အခြေခံလိုအပ်ချက်များ ထောက်ပံ့ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပေးအပ်ခြင်းတိုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုပြင် ရေနှင့် မိလ္လာစနစ်၊ အမိုးအကာရရှိရေး၊ ကိုယ်ကာယပြန်လည်သန်စွမ်းရေးနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး အထောက်အပံ့များအပြင် မိသားစုဝင်များအကြား အဆက်အသွယ်ပြန်လည်ရရှိရေးနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ၏ အန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့သည်။
1 058
လေးမျက်နှာမြို ရေဝင်ရောက်မှုမှာ သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ၅ ပေ ၈ လက်မအထိ ကျဆင်းလာပြီဖြစ်သည့်အတွက် လေးမျက်နှာမြိုတွင်းသို သွားရောက်နိုင်မည့် လမ်းကြောင်းများ၊ ယာဥ်အမျိုးအစားများ အသိပေးထုတ်ပြန်ကြေညာ
လေးမျက်နှာ၊ ဩဂုတ် ၂၅
လေးမျက်နှာမြို ရေဝင်ရောက်မှုမှာ သြဂုတ်လ ၂၄ ရက် နံနက်ပိုင်းတွင် ၅ ပေ ၈ လက်မထိ ကျဆင်းလာပြီဖြစ်သည့်အတွက် လေးမျက်နှာမြိုတွင်းသို သွားရောက်နိုင်မည့် လမ်းကြောင်းများ၊ ယာဥ်အမျိုးအစားများကို အောက်ပါအတိုင်း အသိပေးထုတ်ပြန်ထားကြောင်း Information Center များမှ သိရသည်။
- ကျုံပျော်-ရှားခဲ-နိဗ္ဗာန်-ဟင်္သာတ(ကားဖြင့်)။
- နိဗ္ဗာန်-ယုန်သလင်း-ခမောက်စု(ကားဖြင့်)- ခမောက်စုမှ အိုင်သပြု(စက်လှေ)။
- ဟင်္သာတ- တလုတ္ထော်-သင်္ကန်းတော -လဟာပ-စာရေးကွင်း(၆)ဘီးယာဥ်ဖြင့်။
- ဟင်္သာတ-တလုတ္ထော်-သင်္ကန်းတော-အုတ်ပုံ-ဇရပ်ကွင်း(ယာဥ်အလတ်)။
- ဟင်္သာတ-တလုတ္ထော်ရပ်ကွက် (၂) - တမိုင်- ကြပ်ပြေး-အုတ်ပုံ(ကားလေး)။
- ဟင်္သာတ-တလုတ္ထော် -မြိုကွင်းတံတား -ခြောက်ရွာ-ကျွဲသောင်-မှန်ကုန်းလမ်းမှတစ်ဆင့် ဆိတ်နိုကုန်း-လေးမျက်နှာတံတား (ကားဖြင့်)။
ရေအတက်အကျပေါ်မူတည်၍ လမ်းကြောင်းများပြောင်းလဲနိုင်ပါသဖြင့် လေးမျက်နှာမြိုနယ်ရှိ ရေဘေးသင့် ပြည်သူများထံသို သွားရောက်လှူဒါန်းလိုသည့် ပရဟိတစေတနာရှင်၊ အလှူရှင်များ အနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့်အမှန်တကယ်အကျိုးရှိ ထိရောက်စွာ လှူဒါန်းနိုင်ရန်အတွက် လက်ရှိမြေပြင်အခြေအနေကို ဒေသရှိကွပ်ကဲရေးအဖွဲများနှင့် ချိတ်ဆက်၍ လမ်းညွှန်ချက်များ အတိုင်းပူးပေါင်းပါဝင်ခြင်းဖြင့် ကူညီပေးကြပါရန် မေတ္တာရပ်ခံအသိပေး အပ်ပါသည်။
1 058
ကျုံပျော်မြိုနယ်၌ ရေဝင်ရောက်မှုကြောင့် အိမ်ထောင်စု ၇၇၃ စု ရေဘေးလွတ်ရာသို ပြောင်းရွှေ့နေထိုင်
ကျုံပျော်၊ ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြိုနယ်၊ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှထူးပေါက်ကာ ရေဖြတ်သန်းစီးဆင်း၍ တာတမံနိမ့်ကျမှုဖြစ်ပွားခဲ့ပြီး ရေကျော်စီးဝင်သဖြင့် ကျုံပျော်မြိုနယ် ဒါးကချောင်းရေ မြင့်တက်လာကာ ဩဂုတ်လ ၂၃ ရက်နေ့အထိ ချောင်းအနီးဝန်းကျင်တွင်နေထိုင်သော ရပ်ကွက်နှင့် ကျေးရွာများမှ အိမ်ထောင်စု ၇၇၃ စု တိုသည် ရေဘေးလွတ်ရာသို ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေဝင်ရောက်လျက်ရှိသော နေအိမ်များမှ ပြည်သူများအား မြိုနယ်တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရဲတပ်ဖွဲဝင်များ၊ မီးသတ်တပ်ဖွဲဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲများ ပူးပေါင်းကာ ရေဘေးလွတ်ရာ နေရာများသိုကူညီပိုဆောင်ပေးခဲ့ကြသည်။
1 058
M League ပွဲစဉ်တစ်ပွဲလျှင် အကောင်းဆုံးကစားသမားဆုငွေ ကျပ် ၁၀ သိန်းအထိ တိုးမြှင့်မည်၊ ဂိုးသွင်းအများဆုံးဆုလည်း တိုးမြှင့်ချီးမြှင့်မည်
ရန်ကုန်၊ဩဂုတ်-၂၅
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ပွဲစဉ်တစ်ပွဲချင်းစီ၏ အကောင်းဆုံးကစားသမားဆုရရှိသူများအား ယခင်ဆုကြေးငွေ ကျပ်သုံးသိန်းမှ ကျပ် ၁၀ သိန်းအထိ တိုးမြှင့်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြန် မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အရ သိရသည်။
ယမန်နေ့ ဩဂုတ် ၂၄ ရက် နံနက်ပိုင်းက ရန်ကုန်မြိုရှိ Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေး (၂/၂၀၂၆) တွင် လာမည့်ဘောလုံးရာသီအတွက် ဆု ကြေးငွေများ တိုးမြှင့်ချီးမြှင့်ရန် အတည် ပြုခဲ့ခြင်းဖြစ်သည်။
အတည်ပြုချက်အရ M League ပြိုင်ပွဲ၏ ပွဲစဉ်တစ်ပွဲချင်းစီတွင် အကောင်းဆုံးကစားသမားဆုရရှိသူအား ယခင်က ကျပ်သုံးသိန်းချီးမြှင့်ခဲ့ရာမှ ကျပ် ၁၀ သိန်းအထိ တိုးမြှင့်ချီးမြှင့်သွားမည်ဖြစ်သည်။
1 058
မောင်းသူမဲ့ယာဉ်များအတွက် ယာဉ်စည်းကမ်းဥပဒေ ပြင်ဆင်ရန် တရုတ် အဆိုပြု
တရုတ်နိုင်ငံတွင် အလိုအလျောက်မောင်းနှင်စနစ် အသုံးပြုသည့် မောင်းသူမဲ့ယာဉ်များနှင့် သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းများကို ထည့်သွင်းနိုင်ရန် လက်ရှိ ယာဉ်စည်းကမ်းဥပဒေကို ပြင်ဆင်ရန် တရုတ်အစိုးရက အဆိုပြုထားကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
အဆိုပါ ယာဉ်စည်းကမ်းဥပဒေ ပြင်ဆင်ချက်မူကြမ်းကို ဩဂုတ် ၂၅ ရက်က ကနဦးသုံးသပ်ရန် တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်သို တင်သွင်းခဲ့ခြင်းဖြစ်ပြီး အလိုအလျောက်မောင်းနှင်ခြင်းနှင့် ယာဉ်မောင်းအကူအညီပေးစနစ်ဖြင့် မောင်းနှင်ခြင်းတိုကို ခွဲခြားသတ်မှတ်ထားသည့်အပြင် ယင်းစနစ်များနှင့် ဆက်စပ်သည့် ဥပဒေအရ တာဝန်ရှိမှုများကိုလည်း ရှင်းလင်းစွာ သတ်မှတ်ထားသည်။
ပြင်ဆင်ချက်မူကြမ်းအရ မော်တော်ယာဉ်တစ်စီးသည် အလိုအလျောက်မောင်းနှင်သည့်စနစ်ဖြင့် မောင်းနှင်နေစဉ် ယာဉ်စည်းကမ်းချိုးဖေ-ာက်မှု ဖြစ်ပွားပါက သက်ဆိုင်ရာ မော်တော်ယာဉ်ထုတ်လုပ်သူ သိုမဟုတ် တင်သွင်းသူတွင် တာဝန်ရှိမည်ဖြစ်သည်။
သိုသော် လူကိုယ်တိုင် မောင်းနှင်သည့်ယာဉ်များနှင့် ယာဉ်မောင်းအကူအညီပေးစနစ်ကိုသာ အသုံးပြုသည့် ယာဉ်များအတွက်မူ လက်ရှိ ယာဉ်စည်းကမ်းဥပဒေနှင့် စည်းမျဉ်းများအတိုင်း ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
1 058
ခရင်မ္မလင်၌ မြန်မာ-ရုရှား သမ္မတနှစ်ဦးတွေ့ဆုံမှု လူမှုကွန်ရက်ပေါ်တွင် စိတ်ဝင်စားမှုမြင့်တက်
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားဝင်ခရီးစဉ်အတွင်း ရုရှားသမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့် မော်စကိုမြို ခရင်မ္မလင်နန်းတော်၌ တွေ့ဆုံဆွေးနွေးခဲ့မှုသည် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာနှင့် X လူမှုကွန်ရက်တိုတွင် စိတ်ဝင်စားမှုမြင့်တက်ခဲ့သည့် အကြောင်းအရာများအနက် ပါဝင်ခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည့် သမ္မတနှစ်ဦး တွေ့ဆုံမှု ရုပ်သံမှတ်တမ်းအတို (Reel) သည် ကြည့်ရှုမှု ၂.၅ သန်းကျော် ရရှိခဲ့ပြီး အဆိုပါစာမျက်နှာ၌ ယင်းကာလအတွင်း ဖော်ပြထားသည့် ရုပ်သံမှတ်တမ်းများအနက် ကြည့်ရှုမှုမြင့်မားသည့် အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
အလားတူ ဩဂုတ် ၁၈ ရက်က ခရင်မ္မလင်နန်းတော်၌ ပြုလုပ်ခဲ့သည့် သမ္မတနှစ်ဦး တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ “Putin Hosts Myanmar Leader at Kremlin for Partnership Talks” ဟူသည့် အကြောင်းအရာသည် နောက်တစ်နေ့ ဩဂုတ် ၁၉ ရက်တွင် X လူမှုကွန်ရက်၌ သတင်းအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံခဲ့ပြီး ထိုအချိန်က စိတ်ဝင်စားမှုမြင့်တက်နေသည့် သတင်းအကြောင်းအရာများအနက် ပါဝင်ခဲ့သည်။
1 058
မြန်မာ့လူငယ်ဘောလုံးဖွံဖြိုးရေးအတွက် ဘာစီလိုနာအကယ်ဒမီ နည်းပြငှါးရမ်းမည်
မြန်မာ့လူငယ်ဘောလုံးကဏ္ဍ (Youth Development) ဖွံဖြိုးတိုးတက်ရေးအတွက် စပိန်ကလပ် ဘာစီလိုနာအကယ်ဒမီမှ နည်းပြတစ်ဦးကို ငှားရမ်းရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားလိုက်သည်။
နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်၌ (ဩဂုတ်လ ၂၄ ရက်) ကကျင်းပသည့် MYANMAR League (M League) ပြိုင်ပွဲအတွက် Logo Launching၊ Official Partnership Signing Ceremony & Press Conference အခမ်းအနားတွင် MFF ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာစကားနှင့် စပွန်ဆာကုမ္ပဏီများကို ကျေးဇူးတင်စကား ပြောကြားစဉ် ထိုသို ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
1 058
မိုးသည်းထန်စွာရွာပြီး ထောက်ကြန့်တွင် သစ်ပင်ပြိုလဲမှုကြောင့် ဂျိုးဖြူရေပိုက်လိုင်း ပျက်စီး
ထောက်ကြန့်၊ ဩဂုတ်-၂၅
မင်္ဂလာဒုံမြိုနယ်၊ ထောက်ကြန့်မြို၊ ဒုစံပြရပ်ကွက်ရှိ ပြည်/မှော်ဘီ ဘတ်စ်ကားမှတ်တိုင်အနီး၌ ဩဂုတ် ၂၄ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်ကြီးများ ပြိုလဲကျကာ ဂျိုးဖြူရေပိုက်လိုင်းနှင့် ခြံစည်းရိုးတစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယင်းည ၉ နာရီ ၃၈ မိနစ်ခန့်တွင် လုံးပတ် ၂၀ ပေ၊ အမြင့် ၁၀၀ ပေခန့်ရှိ ညောင်ပင်နှင့် လုံးပတ် ၂ ပေ၊ အမြင့် ၂၀ ပေခန့်ရှိ ကျွန်းပင်တိုသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပြိုလဲပြီး ဂျိုးဖြူရေပိုက်လိုင်းပေါ်သို ပိမိကျရောက်ခဲ့ခြင်းဖြစ်သည်။
သစ်ပင်များပြိုလဲမှုကြောင့် ဂျိုးဖြူရေပိုက်လိုင်း ပေါက်ပြဲခဲ့သည့်အပြင် ခြံစည်းရိုး ၁၅ ပေခန့်လည်း ထိခိုက်ပျက်စီးခဲ့သည်။
ယနေ့ (ဩဂုတ် ၂၅ ရက်) နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲက ပျက်စီးသွားသည့် ရေပိုက်လိုင်းကို အမြန်ဆုံးပြန်လည်ပြုပြင်ခြင်းနှင့် လဲကျနေသည့် သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
1 058
လမ်းဘေးရေကန်တွင် ရေဆင်းကူးစဉ် ကျောင်းသားတစ်ဦး ရေနစ်သေဆုံး
ရန်ကုန်၊ သြဂုတ် ၂၅
ထန်းတပင်မြိုနယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ ဗိုလ်အောင်ကျော်လမ်းသွယ်ကံဘောင်ရှိ ရေကံတွင် ယနေ့ နေ့လယ်ပိုင်းက ရေဆင်းကူးစဉ် (G-5)ကျောင်းသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
၂၅.၈.၂၀၂၆ရက်နေ့ ၁၁:၃၀အချိန်တွင် ထန်းတပင်မြိုနယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ ဗိုလ်အောင်ကျော်လမ်းသွယ်ကံဘောင်ရှိ ရေကံတွင် မောင်ဉာဏ်မျိုးကို(ဘ)ဦးအောင်မျိုးလွင်၊ အသက်(၁၁)နှစ်၊ အထက(ခွဲ)ရခိုင်ရိုးကြီးကျောင်း (G-5)တွင် စာသင်ကြားနေသူသည် သူငယ်ချင်းဖြစ်သူ မောင်ဝေယံစိုး အသက်(၁၄)နှစ်(G-3)၊ မောင်ကောင်းဆက်ဟိန်း အသက်(၁၁)နှစ်(G-5)၊ မောင်တင်ကိုကို အသက်(၁၁)နှစ်(G-4)၊ မောင်မိုးယံခ အသက်(၁၁)နှစ်(G-4)၊ မောင်အောင်ဆန်းဝင်း အသက်(၁၁)နှစ်(G-5)၊ မောင်အောင်ဖြိုးထိုက် အသက်(၁၂)နှစ်(G-5)တိုနှင့် ကျောင်းသို ကျောင်းတက်ရန်လာစဉ် လမ်းဘေးရေကံတွင် ရေအတူဆင်းကူးစဉ် ရေနစ်နေသည် သိရှိ၍ သူငယ်ချင်းများမှဘေးပက်ဝန်းကျင်ရှိ လူများအားအကူအညီတောင်းသော်လည်း နောက်ကျ၍ သေဆုံးသွားကြောင်း သိရသည်။
1 058
ဗင်နီဇွဲလားတွင် ဇွန်လက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် သေဆုံးသူ ၆၅၀၀ ကျော်ရှိလာ
ဇွန်လအတွင်းက ဗင်နီဇွဲလားနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်နှစ်ခုကြောင့် သေဆုံးသူ ၆၅၀၉ ဦး ရှိလာခဲ့ကြောင်း ဗင်နီဇွဲလား ယာယီအစိုးရက ဩဂုတ် ၂၄ ရက်က ထုတ်ပြန်ခဲ့သည်။
ဇွန်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၂ နှင့် ၇ ဒသမ ၅ ရှိသော ငလျင်များကြောင့် ကမ်းရိုးတန်းပြည်နယ်တစ်ခုဖြစ်သည့် လာဂူအိုင်ရာပြည်နယ်တွင် အနည်းဆုံး အဆောက်အအုံ ၁၉၀ ပြိုကျ ပျက်စီးခဲ့ရသည်။
ယခုထုတ်ပြန်ချက်မတိုင်မီ ယခင် ထုတ်ပြန်ထားသည့် သေဆုံးသူစာရင်းမှာ ၆၄၃၈ ဦး ရှိခဲ့သည်။
ငလျင်ကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူ ထောင်ပေါင်းများစွာသည် ယာယီစခန်းများတွင် နေထိုင်လျက်ရှိပြီး လာဂူအိုင်ရာ ပြည်နယ်၌ အပျက်အစီးများအောက်မှ သေဆုံးသူများကို ရှာဖွေဖော်ထုတ်သည့် လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ပျောက်ဆုံးသူအရေအတွက်ကို အစိုးရက ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
1 058
အပူပိုင်းမုန်တိုင်း နာရာနှင့် လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် နေရာကွက်၍ မိုးကြီးနိုင်
နေပြည်တော် ဩဂုတ် ၂၄
ယနေ့ နံနက် ၆ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနိုင်ခြင်းကြောင့်လည်းကောင်း၊ တုံကင်ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်း “နာရာ” မှ ပြတ်ထွက်လာ သော တိမ်တိုက်များကြောင့်လည်းကောင်း၊ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ် မြောက်ပိုင်းကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း၊ ယနေ့နံနက်မှ ဩဂုတ် ၂၈ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။
မိုး/ဇလ
1 058
ခိုလှုံခွင့်တောင်းထားသူ နိုင်ငံခြားသား ၂ သိန်းအထိ၏ ဗီဇာများ ရုပ်သိမ်းရန် ထရမ့်အစိုးရ ပြင်ဆင်
ဩဂုတ် ၂၅၊ ၂၀၂၆-ဝါရှင်တန်၊ အမေရိကန် — အမေရိကန်တွင် ခိုလှုံခွင့် လျှောက်ထားထားသူ သို့မဟုတ် လျှောက်ထားနေသူ နိုင်ငံခြားသား ၂ သိန်းအထိ၏ စီးပွားရေးနှင့် ခရီးသွားဗီဇာများကို ရုပ်သိမ်းရန် ထရမ့်အစိုးရက ပြင်ဆင်နေသည်။ 🇺🇸 ၂၀၁၆ မှ ၂၀၂၆ အတွင်း ထုတ်ပေးထားသည့် ဗီဇာများကို အဓိက စိစစ်မည်ဖြစ်ပြီး အကောင်အထည်ဖော်ပါက အမေရိကန်သမိုင်းတွင် တစ်ကြိမ်တည်း ဗီဇာအများဆုံး ရုပ်သိမ်းမှု ဖြစ်လာနိုင်သည်။ သို့သော် ဗီဇာရုပ်သိမ်းခံရခြင်းသည် ချက်ချင်း ပြည်နှင်ဒဏ်ပေးမည်ဟု မဆိုလိုဘဲ ယင်းအစီအစဉ်မှာ တရားရေးစိန်ခေါ်မှုများနှင့်လည်း ရင်ဆိုင်ရနိုင်သည်။
ရင်းမြစ်: အေပီ
