ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

သိင်္ခ

သိင်္ခ

Открыть в Telegram

အသိတိုး

Больше
Страна не указанаКатегория не указана
1 060
Подписчики
-124 часа
-77 дней
-5330 дней
Архив постов
တရုတ်ဆောက်လုပ်ပေးထားသောရထားလိုင်းကွန်ရက်ကြောင့် အီသီယိုးပီးယား၏သွားလာရေးကဏ္ဍပြောင်းလဲတိုးတက် တရုတ်နိုင်ငံမှတည်ဆောက်ပေးထားတဲ့
တရုတ်ဆောက်လုပ်ပေးထားသောရထားလိုင်းကွန်ရက်ကြောင့် အီသီယိုးပီးယား၏သွားလာရေးကဏ္ဍပြောင်းလဲတိုးတက် တရုတ်နိုင်ငံမှတည်ဆောက်ပေးထားတဲ့ အာဒစ်အဘာဘာ လျှပ်စစ်ရထားလိုင်းဟာ အီသီယိုးပီးယားမြိုတော်ရဲ့ သယ်ယူပိုဆောင်ရေးကဏ္ဍကို ခေတ်မီဆန်းသစ်စေခဲ့ပါတယ်။

အင်ဒိုနီးရှားရောက် မြန်မာနိုင်ငံသားများ လူစည်ကားရာနေရာများနှင့် စုဝေးရာနေရာများသို သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန် သတိပေး ဂျကာ
အင်ဒိုနီးရှားရောက် မြန်မာနိုင်ငံသားများ လူစည်ကားရာနေရာများနှင့် စုဝေးရာနေရာများသို သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန် သတိပေး ဂျကာတာ၊ ဩဂုတ်၂၉ အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် လက်တလောအခြေအနေများကြောင့် လူအသွားအလာများသည့်နေရာများ၊ လူစုလူဝေးရှိသည့်နေရာများနှင့် လူစည်ကားရာနေရာများသို သွားရောက်ခြင်းမှ အထူးရှောင်ရှားကြပါရန် ဂျကာတာမြိုရှိ မြန်မာသံရုံးက (ဩဂုတ်လ ၂၇ ရက်) နေ့စွဲဖြင့် သတိပေးကြေညာချက် ထုတ်ပြန်ထားသည်။ အဆိုပါ ရှောင်ကြဉ်ရမည့် နေရာများတွင် ကျောင်းများ၊ တက္ကသိုလ်နယ်မြေများ၊ ဈေးနှင့် ဈေးဝယ်စင်တာများ၊ ဘူတာရုံများနှင့် အထက်ကရ နေရာများ ပါဝင်ပြီး အလည်အပတ်သွားလာခြင်းမျိုးကို အထူးရှောင်ရှားရန် နှိးဆော်ထားသည်။ မလွှမရှောင်သာကြုံတွေ့ရမည့် ကိစ္စရပ်များ ပေါ်ပေါက်လာပါက သံရုံးသို အချိန်တိုအတွင်း ဆက်သွယ်အကြောင်းကြားနိုင်ရန်အတွက်လည်း လိပ်စာနှင့် ဖုန်းနံပါတ်များကို သံရုံးက ထုတ်ပြန်ထားသည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီး (၁၃၅)ရက်အတွင်း သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံ့ခေါင်းဆ
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရပြီး (၁၃၅)ရက်အတွင်း သက်ဆိုင်ရာနိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်အသီးသီး၏ ဖိတ်ကြားမှုကြောင့် သွားရောက်ခဲ့သည့် State Visit ၊ Official Visit နိုင်ငံတကာခရီးစဉ်များ

မြန်မာ-ထိုင်းနှစ်နိုင်ငံကြား တည်ထောင်ထားရှိသည့် ယန္တရားများပြန်လည်စတင်ရေးကို MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့ဆွေးနွေး မြန်မာ-ထိုင်းနှစ်နိုင်ငံကြား တည်ထောင်ထားရှိသည့် ယန္တရားများပြန်လည်စတင်ရေးကို နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး မစ္စတာ သော် ဆရလမ် တို့ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့သည် ယနေ့ သြဂုတ် ၂၈ ရက်နေ့လယ်ပိုင်းက တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ထိုင်းနိုင်ငံသို့တရားဝင်ခရီးစဉ်အတွင်း နှစ်ဖက်သဘောတူညီခဲ့ကြသည့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများကိုအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနှင့် ပြည်သူများကြား ကာလရှည်ကြာတည်ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးတိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံကြား တည်ထောင်ထားရှိသည့် ယန္တရားများပြန်လည်စတင်ရေး၊ နှစ်နိုင်ငံနယ်စပ်များတည်ငြိမ်အေးချမ်းရေးအတွက် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

မြန်မာ-ထိုင်းနှစ်နိုင်ငံကြား တည်ထောင်ထားရှိသည့် ယန္တရားများပြန်လည်စတင်ရေးကို MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံသံအမတ်
+1
မြန်မာ-ထိုင်းနှစ်နိုင်ငံကြား တည်ထောင်ထားရှိသည့် ယန္တရားများပြန်လည်စတင်ရေးကို MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံသံအမတ်ကြီးတို့ဆွေးနွေး

လိင်တူချစ်ကြိုက်သည့်စာအုပ်များ အွန်လိုင်းတွင် တရားမဝင် ရောင်းချနေသည့် Facebook Page (၉)ခုကို အရေးယူမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ကြေညာ နေပြည်တော်၊ ဩဂုတ် ၂၈ လူမှုကွန်ရက်ပေါ်တွင် လိင်တူအချင်းချင်းချစ်ကြိုက်သည့် BL (Boys’ Love), GL (Girls’ Love ) စာအုပ်များ ကြော်ငြာရောင်းချနေသည့် Facebook Page (၉)ခုကို အရေးယူမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက အသိပေးကြေညာခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ ထိုသိုဆောင်ရွက်လျက်ရှိရာတွင် အဆိုပါ Facebook Page (၉) ခုသည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ (ခ)ပါ “ပြည်တွင်း၌ ပုံနှိပ်ထုတ်ဝေခြင်းဖြစ်ပါက ထုတ်ဝေသူသည် ၎င်းထုတ်ဝေသော မည်သည့်ထုတ်ဝေစာကိုမဆို မှတ်ပုံတင်စာရင်းရေးသွင်းခြင်းနှင့် မူပိုင်ခွင့်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီးဌာနသို့ ပေးပိုရမည်” ဆိုသည့် ပြဋ္ဌာန်းချက်ကိုလည်းကောင်း၊ ပုဒ်မ ၁၅ ပါ “မည်သူမျှ သက်ဆိုင်ရာလုပ်ငန်း အသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း သိုမဟုတ် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ” ဆိုသည့် တားမြစ်ချက်ကိုလည်းကောင်း၊ ဖေ-ာက်ဖျ-က်ကျူးလွန်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီခြင်းမရှိဘဲ လူငယ်များ၏ တွေးခေါ်မြော်မြင်မှုနှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်သော လိင်တူအချင်းချင်းချစ်ကြိုက်သည့် BL(Boys’ Love), GL(Girls’ Love) စာအုပ်များကို ရောင်းချနေသည့် တရားမဝင်စာမျက်နှာများဖြစ်ကြောင်း တွေ့ရှိရသည်။ သိုဖြစ်ရာ ပုံနှိပ်သူ၊ ထုတ်ဝေသူများနှင့် BL(Boys’ Love), GL(Girls’ Love) စာအုပ်များအား ရောင်းချနေသည့် တရားမဝင်စာအုပ်အရောင်းဆိုင်များ၊ Facebook Page များအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကို လေးစားလိုက်နာကြရန်နှင့် ဖောက်ဖျက်ပါက  ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။

လိင်တူချစ်ကြိုက်သည့်စာအုပ်များ အွန်လိုင်းတွင် တရားမဝင် ရောင်းချနေသည့် Facebook Page (၉)ခုကို အရေးယူမည်ဟု ပြန်ကြားရေးဝန်ကြီးဌာ
+2
လိင်တူချစ်ကြိုက်သည့်စာအုပ်များ အွန်လိုင်းတွင် တရားမဝင် ရောင်းချနေသည့် Facebook Page (၉)ခုကို အရေးယူမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ကြေညာ

ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို     နေပြည်တော် ဩဂုတ် ၂၈   နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်လန်မြို့ရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦးနှင့်တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ်စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေး၊ နိုင်ငံတော်တည်ငြိမ်ရေး၊ နယ်မြေအေးချမ်းသာယာရေးအတွက် ရှေ့တန်းစစ်မျက်နှာများတွင် စစ်ဆင်ရေးတာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့်ဝေးကွာ၍ နေ့မအား၊ ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန်တပ်မတော်သားများအား တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဂုဏ်ပြုပန်းကုံးများ၊ အောင်သပြေခက်များဖြင့်လည်းကောင်း၊ အတီးအမှုတ်၊ အကအခုန်များဖြင့်လည်းကောင်း သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုကြသည်။ ထို့ပြင် တိုင်းမှူးက အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ရှေ့တန်းပြန်တပ်မတော်သားများနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်

ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
ရှေ့တန်းပြန်နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို

၂ဝ၂၇ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှစတင်၍ရောင်းချပေးမည် ၂ဝ၂၇ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို စက်တင်ဘာ ၁ ရက်မှစတင်၍ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန်(ရုံးခွဲ)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက် ၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ လျှောက်လွှာတစ်စောင်လျှင်(၅ဝဝ)ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက်(၂,၀၀ဝ)ကျပ်တန်ဖိုးရှိ ပညာရေးဝန် ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကိုရောင်းချပေးသွားမည်ဖြစ်ကာ လျှောက်လွှာတင်သွင်းရာတွင်လည်း အပြာရောင်ဖြေဆိုခွင့်လျှောက်လွှာ၊ ကတ်ပြားပုံစံ၌ ဖြေဆိုမည့် ဘာသာတွဲကို ရွေးချယ်ဖော်ပြရမည်ဖြစ်သည်။ ထို့ပြင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာအ ထက်တန်းကျောင်းများမှ စာမေးပွဲဖြေဆိုရန်လျှောက် လွှာတင်သွင်းမည့် ကျောင်းသား/သူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး(၂,၀ဝဝ)ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများ ဝယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်းတွင်ကပ်၍ မြို့နယ်ပညာရေးမှူးရုံးမှတစ်ဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်းတင်သွင်းရမည်ဖြစ်သည်။ သတ်မှတ်ရက်အတွင်း အချိန်မီပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့်ရမည်မဟုတ်ဘဲ စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ် ပြားတွင်ပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်၍ ဖြေဆိုမည့် ဘာသာတွဲအလိုက်ပုံစံများ မှန်ကန်မှု ရှိ/မရှိ သေချာစွာစစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက်ပေးပို့ကြရမည်ဖြစ်သည်။

၂ဝ၂၇ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှစတင်၍ရောင်းချပေး
+1
၂ဝ၂၇ ခုနှစ်၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှစတင်၍ရောင်းချပေးမည်

၂ဝ၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှစတင်၍ ရောင်းချပေးသွားမည် ၂ဝ၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှစတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏ မြန် မာနိုင်ငံစာစစ်ဦးစီးဌာနက အသိပေးခဲ့သည်။ လျှောက်လွှာတစ်စောင်လျှင် (၅၀ဝ)ကျပ်နှင့် စာမေးပွဲဝင်ကြေးအတွက်(၂,၀၀ဝ)ကျပ်တန်ဖိုးရှိ ပညာရေးဝန် ကြီးဌာန ငွေသွင်းတံဆိပ်ခေါင်းတို့ကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင်ရောင်းချပေးသွားမည်ဖြစ်ကာ လျှောက်လွှာတင်သွင်းရာ၌ ဖြေဆိုမည့်ဘာသာတွဲအ လိုက် အစိမ်းရောင်၊ ပန်းရောင်ဖြေဆိုခွင့်လျှောက်လွှာ ကတ်ပြားပုံစံဖြင့် အရောင်နှစ်မျိုးခွဲခြားသတ်မှတ်ထား သည်။ လျှောက်လွှာပုံစံများနှင့် ငွေသွင်းတံဆိပ်ခေါင်းများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၅၂)၊ နေပြည်တော်နှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၊ ရန်ကုန် (ရုံးခွဲ)၊ ပါရမီလမ်း၊ (၁၂)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင်ဝယ်ယူနိုင်သည်။ ထို့ပြင် ပြင်ပဖြေဆိုရန် လျှောက်လွှာတင်သွင်းသူများ ၏ စာမေးပွဲဝင်ကြေးအတွက် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် စာမေးပွဲဝင်ကြေး(၂,၀၀ဝ)ကျပ်တန်ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး ဝင်ခွင့်လျှောက်လွှာ၏ လက်ဝဲဘက်ထိပ်ပိုင်းတွင်ကပ်၍ မိမိတို့အမှန်တကယ်နေထိုင်သည့် မြို့နယ်ပညာရေးမှူးရုံးတွင် စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်းတင်သွင်းရမည်ဖြစ်သည်။ အခြေခံပညာအထက်တန်းကျောင်းများ၊ ကျောင်းခွဲများ၊ တွဲဖက်ကျောင်းများ၊ တွဲဖက်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှဖြေဆိုရန်လျှောက်လွှာတင်သွင်းမည့် ကျောင်းသား/သူများ၏ စာမေးပွဲဝင်ကြေးအတွက် ကျောင်းအုပ်ကြီးများသည် စာမေးပွဲဝင်ကြေး(၂,၀ဝဝ) ကျပ်တန် ငွေသွင်းတံဆိပ်ခေါင်းများဝယ်ယူပြီး လျှောက်လွှာတစ်စောင်ချင်းတွင်ကပ်၍စုပေါင်းပြီး မြို့ နယ်ပညာရေးမှူးရုံးမှတစ်ဆင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနသို့ စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း သတ်မှတ်ရက်အမီတင်သွင်းရမည်ဖြစ်သည်။ သတ်မှတ်ထားသောရက်များအတွင်း အချိန်မီပေးပို့ခြင်းမရှိသူများသည် စာမေးပွဲဖြေဆိုခွင့်ရရှိမည်မဟုတ်ဘဲ စာဖြေသူတင်သွင်းသည့် စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာနှင့် ကတ်ပြားတွင်ပါရှိသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ပြောင်းလဲဖြေဆိုခွင့်ပြုမည် မဟုတ်၍ မိမိဖြေဆိုမည့်ဘာသာတွဲအလိုက် ပုံစံများမှန်ကန်မှု ရှိ/မရှိ သေချာစွာစစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက်ပေးပို့ရမည်ဖြစ်သည်။

၂ဝ၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှစတင်၍ ရောင်းချပေးသွားမည်
+1
၂ဝ၂၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာများကို စက်တင်ဘာ ၁ ရက်မှစတင်၍ ရောင်းချပေးသွားမည်

မိမိတို့နိုင်ငံအပေါ် အချို့နိုင်ငံများအနေဖြင့် စီးပွားရေးအရနှင့် နိုင်ငံရေးအရ ပိတ်ဆို့မှုများရှိနေသောကြောင့် ထိုက်သင့်သလောက်တ
+6
မိမိတို့နိုင်ငံအပေါ် အချို့နိုင်ငံများအနေဖြင့် စီးပွားရေးအရနှင့် နိုင်ငံရေးအရ ပိတ်ဆို့မှုများရှိနေသောကြောင့် ထိုက်သင့်သလောက်တိုးတက်မှုမရရှိဘဲ နှောင့်နှေးနေရခြင်းဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား မိမိတို့နိုင်ငံအပေါ် အချို့နိုင်ငံများအနေဖြင့် စီးပွားရေးအရနှင့် နိုင်ငံရေးအရ ပိတ်ဆို့မှုများရှိနေသောကြောင့် ထိုက်သင့်သလောက်တိုးတက်မှုမရရှိဘဲ နှောင့်နှေးနေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကိုမြှင့်တင်၍ ပို့ကုန်ကဏ္ဍမြှင့်တင်ပြီး နိုင်ငံ့စီးပွားရေးတိုးတက်အောင် မဖြစ်မနေဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဩဂုတ်လ ၂၅ ရက်တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ထိုင်းနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ် ပြည်ထောင်စ
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ထိုင်းနိုင်ငံ သံအမတ်ကြီး ခန့်အပ်လွှာပေးအပ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ထိုင်းနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန်သဘောတူညီပြီးဖြစ်သည့် H.E. Mr. Tor Saralamba သည် ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ ၎င်း၏ သံအမတ်ခန့်အပ်လွှာကို ပေးအပ်ပါတယ်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးတို့သည် မြန်မာ- ထိုင်းနှစ်နိုင်ငံသည် ကောင်းမွန်သော သံတမန်ဆက်ဆံမှုများနှင့်အတူ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာတိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၉)မှ ဗိုလ်လောင်းမျာ
+5
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၉)မှ ဗိုလ်လောင်းများ၏ စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်၌ ပြုလုပ်သည့် တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၉)မှ ဗိုလ်လောင်းများ၏ စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်ခဲ့ပြီး ဗိုလ်လောင်းများအား တစ်ဦးချင်းစီ တွေ့ဆုံမေးမြန်း၍ စာပေပညာ၊ စစ်ပညာဘာသာရပ်အလိုက် ထူးချွန်ထက်မြက်မှု၊ ဝါသနာနှင့် ကြိုးစားအားထုတ်မှုများ၊ နည်းပညာဘာသာရပ်ပိုင်းဆိုင်ရာများနှင့် လေ့ကျင့်ရေးပိုင်းဆိုင်ရာတို့တွင် နှစ်အလိုက်ထူးချွန်ထက်မြက်မှု၊ စည်းကမ်းလိုက်နာမှုနှင့် ၎င်းတို့ စိတ်ပါဝင်စားမှုများအပေါ်မူတည်၍ သင့်လျော်သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်လက်ရုံးအသီးသီးအတွက် စိစစ်ရွေးချယ်ပေးခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၉)မှ ဗိုလ်လောင်းများ၏ စစ်လက်ရုံ
+5
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၉)မှ ဗိုလ်လောင်းများ၏ စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် ဩဂုတ်လ ၂၈ ရက် နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ်၌ ပြုလုပ်သည့် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၉)မှ ဗိုလ်လောင်းများ၏ စစ်လက်ရုံးရွေးချယ်ပွဲသို့ တက်ရောက်စိစစ်ရွေးချယ်ပါတယ်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်တက္ကသိုလ် အနော်ရထာတပ်ရင်းရှိ ဗိုလ်လောင်းစားရိပ်သာ၌ သင်တန်းသားဗိုလ်လောင်းများနှင့်အတူ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး စစ်မှုထမ်းဟောင်းအိမ်ရာတည်ဆောက်နေမှုများအား သွားရောက်ကြည်ရှုစစ်ဆေး တပ်မတော
+5
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး စစ်မှုထမ်းဟောင်းအိမ်ရာတည်ဆောက်နေမှုများအား သွားရောက်ကြည်ရှုစစ်ဆေး တပ်မတော်ကာကွယ်ရေးဦးစီးချူပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး သည် တာဝန်ရှိသူများလိုက်ပါ၍ ဩဂုတ်လ ၂၈ ရက် ညနေပိုင်းတွင် ပြင်ဦးလွင်မြို၊ စစ်မှုထမ်းဟောင်းအိမ်ရာတည်ဆောက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆောက်အဦများ တည်ဆောက်ရာတွင် သတ်မှတ်ကာလအတွင်း ပြီးစီးမှုရှိစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားပါတယ်။ ထိုနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲဝင်များသည် အိမ်ရာတွင်နေထိုင်နေကြသည့် စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်၍ စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့တယ်လို သိရပါတယ်။

ထိုင်းနိုင်ငံတွင် တရားဥပဒေ ချိုးဖောက်သည့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးမည့် စည်းကမ်းချက်အသစ်များကို ထိုင်းဝန်ကြီးချုပ် လက်မှတ်ရေးထိုး ထိုင်းနိုင်ငံတွင် တရားဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများအား ပြည်နှင်ဒဏ်ပေးမည့် စည်းကမ်းချက်အသစ်များကို ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က လက်မှတ်ရေးထိုးခဲ့ကြောင်း The Star သတင်းတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံ၏ ဥပဒေကို ချိုးဖောက်သူများ သိုမဟုတ် ပြည်သူလူထု၏ အေးချမ်းသာယာမှုကို ထိခိုက်စေသည်ဟု ယူဆရသော ပြုမူနေထိုင်မှုများ ပြုလုပ်သည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးရာတွင် ကျင့်သုံးမည့် လုပ်ထုံးလုပ်နည်းများကို ပြဋ္ဌာန်းသည့် စည်းမျဉ်းသစ်များကို အနူတင်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ ပြည်နှင်ဒဏ်ပေးခြင်းဆိုင်ရာ ဝန်ကြီးချုပ်ရုံး စည်းမျဉ်းကို ဩဂုတ် ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ စည်းမျဉ်းသည် ဩဂုတ် ၂၈ ရက်နေ့မှစတင် စတင် အာဏာသက်ရောက်မည် ဖြစ်သည်။ ထိုင်းနိုင်ငံသည် ကမ္ဘာလှည့်ခရီးသွားလာရေး၊ နေထိုင်ရေး၊ အလုပ်အကိုင် သိုမဟုတ် စီးပွားရေး လုပ်ကိုင်ဆောင်ရွက်ရန် တရားဝင် ဝင်ရောက်လာသူ နိုင်ငံခြားသားများကို ကြိုဆိုကြောင်း ယင်းစည်းမျဉ်းတွင် ဖော်ပြထားသည်။ သိုသော် အချိုသော နိုင်ငံခြားသားများသည် ဥပဒေကို ချိုးဖောက်ခြင်း၊ အများပြည်သူအေးချမ်းသာယာရေး၊ ကောင်းမွန်သော စာရိတ္တပိုင်းဆိုင်ရာများကို ထိခိုက်စေခြင်း သိုမဟုတ် ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ဝင်ရောက်လာခြင်းများ ရှိကြောင်း ဖော်ပြထားသည်။

photo content