ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

သိင်္ခ

သိင်္ခ

Открыть в Telegram

အသိတိုး

Больше
Страна не указанаКатегория не указана
1 062
Подписчики
Нет данных24 часа
-227 дней
-7830 дней
Архив постов
နေပြည်တော်၊ စက်တင်ဘာ ၁၀ ပျော်ဘွယ်မြိုနယ်၊ ပျော်ဘွယ်-နတ်မောက်ကားလမ်းတွင် ရခိုင်ပြည်နယ်သို ပိုဆောင်မည့် စိတ်ကြွဆေးပြား ၈ ဒသမ ၆၉ သိန်း၊ ဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၃၀၃၅ ဘီလီယံ ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်သူများအနက် ၇ ဦးနှင့် ယာဉ် ၄ စီးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၄ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဆိတ်ချိုကျေးရွာအုပ်စု၊ ကံစွယ်ကျေးရွာအနီး၌ နီဝင်းမောင်းနှင်ပြီး သိန်းထွန်းလိုက်ပါလာသည့် MINIBUS ယာဉ်ကို စစ်ဆေးရှာဖွေရာမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ကွင်းဆက်စစ်ဆေးချက်အရ အဓိကစီမံခန့်ခွဲသူ မောင်ဝင်း(ခ)အောင်စိန်(ခ)အောင်သိန်း(ခ)အောင်ထိန်နှင့် ချိတ်ဆက်၍ ရှမ်းပြည်နယ်မှ ရမည်းသင်း၊ အောင်လံ၊ အမ်းမှတစ်ဆင့် မောင်တောသို ဆက်လက်သယ်ဆောင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုတွင် ပါဝင်သူများကို သက်ဆိုင်ရာဥပဒေများဖြင့် အရေးယူထားပြီး ကျန်ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ ထိုပြင် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှ ရရှိသည့် ငွေကြေးအကျိုးအမြတ်နှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပျော်ဘွယ်မြိုနယ်၌ ငွေကျပ် ၁ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈ ဒသမ ၆၉ သိန်း ဖမ်းဆီးရမိ
+2
ပျော်ဘွယ်မြိုနယ်၌ ငွေကျပ် ၁ ဒသမ ၃ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈ ဒသမ ၆၉ သိန်း ဖမ်းဆီးရမိ

ဗိုလ်လောင်းအရည်အချင်းစစ် စာမေးပွဲများကို စစ်ဆေးမည့်နေရာ နေ့ရက် နှင့် အချိန်တို့အား အသိပေးခြင်း
ဗိုလ်လောင်းအရည်အချင်းစစ် စာမေးပွဲများကို စစ်ဆေးမည့်နေရာ နေ့ရက် နှင့် အချိန်တို့အား အသိပေးခြင်း

အိန္ဒိယက မြန်မာနယ်စပ်ခြံစည်းရိုးကို ၂၀၂၈ အပြီးဆောက်မည် အင်ဖာ၊ စက်တင်ဘာ ၁၀ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံကြား
အိန္ဒိယက မြန်မာနယ်စပ်ခြံစည်းရိုးကို ၂၀၂၈ အပြီးဆောက်မည် အင်ဖာ၊ စက်တင်ဘာ ၁၀ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နှင့် မြန်မာနိုင်ငံကြား နယ်စပ်ခြံစည်းရိုးများအနက် ၅၅ ကီလိုမီတာခန့် တည်ဆောက် ပြီးစီးသွားပြီဖြစ်၍ ခြံစည်းရိုးတစ်ခုလုံးကို ၂၀၂၈ ခုနှစ်တွင် အပြီးသတ် တည်ဆောက်ရန် ရည်မှန်းထားကြောင်း မဏိပူရပြည်နယ်၏ ပြည်ထဲရေးဝန်ကြီး ဂိုဗင်ဒတ်စ် ကွန်သိုဂျမ် (Govindas Konthoujam) က ပြောကြားခဲ့သည် ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။ အိန္ဒိယ-မြန်မာ နယ်မြေချင်း အလဲအလှယ် ပြုလုပ်ရန် အဆိုပြုထားသည့် အစီရင်ခံစာများနှင့် ပတ်သက်ပြီး အတိုက်အခံ လွှတ်တော်အမတ် ကေ ရန်ဂျစ် စင်းဂ် (K. Ranjit Singh) ၏ အဆိုကို တုံပြန်သည့် အနေဖြင့် ပြည်နယ်လွှတ်တော်အတွင်း ပြည်ထဲရေးဝန်ကြီး ကွန်သိုဂျမ်က အသေးစိတ် အချက်အလက်များကို ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"တာချီလိတ်မှာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်သူ ၅၆ ဦး ဖမ်းဆီးရမိ'' ၂၀၂၆ စက်တင်ဘာ ၉ ဒီနေ့ ညနေ ၄ နာရီခန့်မှာ သတင်းပေးချက်အရ ဝမ်
"တာချီလိတ်မှာ အွန်လိုင်းလိမ်လည်လောင်းကစားလုပ်သူ ၅၆ ဦး ဖမ်းဆီးရမိ'' ၂၀၂၆ စက်တင်ဘာ ၉ ဒီနေ့ ညနေ ၄ နာရီခန့်မှာ သတင်းပေးချက်အရ ဝမ်ကောင်းရပ်ကွက်အတွင်းက နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ အဲဒီနေအိမ်ထဲကနေ တရုတ်နိုင်ငံသား အမျိုးသား ၅ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦးနဲ့ အမျိုးသမီး ၂၆ ဦး စုစုပေါင်း ၅၆ ဦးကို ဖမ်းဆီးရမိခဲ့တာပါ။ ဖမ်းဆီးရာမှာလည်း ကွန်ပျူတာ ၆၀ လုံး၊ Wi-Fi စက် ၅ လုံး၊ စားပွဲ ၁၄ လုံး၊ ထိုင်ခုံ ၅၁ လုံးနဲ့ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး အပါအဝင် ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို ဆိုပါတယ်။

မြန်မာ-ထိုင်းညီအစ်မမြိုတော် မြိတ်ခရိုင်နှင့် ပရာကျွပ်ခီရီခန်ခရိုင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ချစ်ကြည်မှုတိုးတက်ရ
မြန်မာ-ထိုင်းညီအစ်မမြိုတော် မြိတ်ခရိုင်နှင့် ပရာကျွပ်ခီရီခန်ခရိုင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ချစ်ကြည်မှုတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးညှိနှိင်းဆွေးနွေး မြိတ်၊ စက်တင်ဘာ ၁၀ မြန်မာ-ထိုင်းညီအစ်မမြိုတော် မြိတ်ခရိုင်နှင့်ပရာကျွပ်ခီရီခန်ခရိုင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ချစ်ကြည်မှုတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ညှိနှိင်းအစည်းအဝေးကို စက်တင်ဘာ(၉)ရက် နံနက်ပိုင်းက မြိတ်မြို Grand Jade Hotel ခန်းမတွင် ကျင်းပရာ မြိတ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သောအဖွဲနှင့် ပရာကျွပ်ခီရီခန်ခရိုင် ခရိုင်ဝန် ဦးဆောင်သောအဖွဲတို တွေ့ဆုံဆွေးနွေးသည်။

အာဆီယံလေတပ်များ ပူးပေါင်းချိတ်ဆက်မှုမြှင့်တင်ရေး (၂၃) ကြိမ်မြောက် AACC အစည်းအဝေးတွင် ဆွေးနွေး 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟏𝟎》 အာဆ
အာဆီယံလေတပ်များ ပူးပေါင်းချိတ်ဆက်မှုမြှင့်တင်ရေး (၂၃) ကြိမ်မြောက် AACC အစည်းအဝေးတွင် ဆွေးနွေး 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟏𝟎》 အာဆီယံအဖွဲဝင်နိုင်ငံများ၏ လေတပ်များအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် ဒေသတွင်းတည်ငြိမ်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရန် ရည်ရွယ်သည့် (၂၃) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (23rd ASEAN Air Chiefs Conference - 23rd AACC) ကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် Video Teleconference (VTC) စနစ်ဖြင့် ကျင်းပခဲ့သည်။

ရှမ်းယူနိုက်တက်နှင့် လာအိုကလပ် Ezra FC တို ASEAN Club Championship Play-off ယှဉ် ပြိုင်မည် ASEAN Club Championship Shopee Cup
ရှမ်းယူနိုက်တက်နှင့် လာအိုကလပ် Ezra FC တို ASEAN Club Championship Play-off ယှဉ် ပြိုင်မည် ASEAN Club Championship Shopee Cup ™ 2026/27 ရာသီ Play-off ပွဲစဉ်အဖြစ် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် လာအိုကလပ် Ezra FC တို စက်တင်ဘာ ၁၁ ရက်နှင့် ၁၄ ရက်တိုတွင် ယှဉ်ပြိုင်ကစားမည်ဖြစ် ကြောင်း သိရသည်။ အဆိုပါ Play-off ပွဲစဉ်နှစ်ပွဲစလုံးကို ရန်ကုန်မြိုရှိ သုဝဏ္ဏအားက စားကွင်း၌ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ကျင်းပမည်ဖြစ်သည်။

တွန်းဇံမြိုတွင် ပျက်စီးခဲ့သည့် နေအိမ်နှင့် ဌာနဆိုင်ရာအဆောက်အအုံများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေ 𝙈𝙃𝙏𝙉𝙀𝙒𝙎《
တွန်းဇံမြိုတွင် ပျက်စီးခဲ့သည့် နေအိမ်နှင့် ဌာနဆိုင်ရာအဆောက်အအုံများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေ 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟏𝟎》 ချင်းပြည်နယ်၊ တွန်းဇံမြိုတွင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် မီးလောင်ပျက်စီးခဲ့သည့် ပုဂ္ဂလိကနေအိမ်များနှင့် ဌာနဆိုင်ရာအဆောက်အအုံများကို ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ချင်းပြည်နယ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် ဖလမ်း၊ တီးတိန်နှင့် တွန်းဇံမြိုနယ်များတွင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ တွန်းဇံမြိုရှိ ပျက်စီးနေသော အဆောက်အအုံများကို ဦးစားပေး ပြန်လည်ပြုပြင်လျက်ရှိခြင်းဖြစ်သည်။

KNU/PDF အဖွဲ့များကို ဆန့်ကျင်ရှုတ်ချကြောင်း ဒေသခံ ၄၀၀ ကျော် ဆန္ဒဖော်ထုတ် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ တောင်ငူခရိုင်၊ ရေတာရှ
+1
KNU/PDF အဖွဲ့များကို ဆန့်ကျင်ရှုတ်ချကြောင်း ဒေသခံ ၄၀၀ ကျော် ဆန္ဒဖော်ထုတ် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၄၀၀ ကျော်သည် KNU/PDF အဖွဲ့များ၏ လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်း ယနေ့ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ စည်ပိုင်း၊ ရှမ်းစု၊ ပိတောက်ကုန်း၊ ကျွန်းကုန်းနှင့် ဆယ်ဝါးတောကျေးရွာများမှ ဒေသခံများက KNU/PDF အဖွဲ့များအနေဖြင့် ကျေးရွာများအတွင်း ဝင်ရောက်ကာ ဆက်ကြေးကောက်ခံခြင်း၊ “ဒလန်” ဟု စွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် ပညာရေးဝန်ထမ်းများထံမှ လစဉ်ဆက်ကြေးကောက်ခံခြင်းများ ပြုလုပ်နေသည်ဟုသိရသည်။ ထို့အပြင် စက်တင်ဘာ ၈ ရက်က စည်ပိုင်းကျေးရွာမှ ကျောင်းဆရာမတစ်ဦးနှင့် ရပ်မိရပ်ဖများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ်အပေါ်လည်း ဒေသခံများက ဆန့်ကျင်ရှုတ်ချခဲ့ကြသည်။ ဆန္ဒဖော်ထုတ်သူများက အဆိုပါလုပ်ရပ်များကို မလိုလားကြောင်းနှင့် ကျေးရွာများအတွင်း အကြမ်းဖက်မှုများ မဖြစ်ပွားစေရေးအတွက် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
သိင်္ခ

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ် ယာဉ် ၆၀၀၀ ကျော် GPS စနစ်တပ်ဆင်ပြီး
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်မှာ ယာဉ်အန္တရာယ်လျှော့ချနိုင်ရေးနဲ့ ယာဉ်သွားလာမှုတွေကို ပိုမိုထိရောက်စွာ စောင့်ကြည့်ထိန်းချုပ်နိုင်ရေးအတွက် Telematics GPS စနစ် တပ်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ လက်ရှိအချိန်အထိ ခရီးသည်တင်ယာဉ် ၃,၅၂၅ စီး နဲ့ ကုန်တင်ယာဉ် ၂,၅၁၂ စီး၊ စုစုပေါင်း ၆,၀၃၇ စီးမှာ Telematics GPS စနစ် တပ်ဆင်ပြီးစီးပြီလို့ သိရပါတယ်။ အဆိုပါစနစ်ဟာ ယာဉ်တစ်စီး ဘယ်နေရာကို ရောက်ရှိနေသလဲဆိုတာသာမက ယာဉ်ရဲ့ အရှိန်နှုန်း၊ သွားလာနေမှုနဲ့ ရပ်တန့်မှုတွေကိုပါ စောင့်ကြည့်နိုင်တဲ့စနစ် ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်-မန္တလေးအမြန်လမ်းကို အသုံးပြုမယ့် ခရီးသည်တင်ယာဉ်တွေနဲ့ သတ်မှတ်ခွင့်ပြုထားတဲ့ ကုန်စည် ၁၄ မျိုးသာ တင်ဆောင်ခွင့်ရှိတဲ့ ကုန်တင်ယာဉ်ကြီးတွေဟာ Telematics GPS စနစ် တပ်ဆင်ထားပြီးမှသာ အမြန်လမ်းပေါ် ဝင်ရောက်အသုံးပြုခွင့်ရရှိမှာ ဖြစ်ပါတယ်။ Telematics GPS စနစ် တပ်ဆင်ခြင်းနဲ့ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် ဇွန်လကတည်းက စတင်ခဲ့တာဖြစ်ပြီး လမ်းပေါ်မှာ ယာဉ်တွေရဲ့ လှုပ်ရှားမှုကို ပိုမိုတိကျစွာ စောင့်ကြည့်နိုင်ရေးအပြင် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက်ပါ အထောက်အကူပြုစေဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အခုလို GPS စနစ်တပ်ဆင်ထားတဲ့ ယာဉ်အရေအတွက် ၆,၀၀၀ ကျော်အထိ ရှိလာတာဟာ ရန်ကုန်-မန္တလေးအမြန်လမ်းရဲ့ ယာဉ်သွားလာမှု စောင့်ကြည့်ထိန်းချုပ်ရေးမှာ သိသာတဲ့ တိုးတက်မှုတစ်ခု ဖြစ်လာပါတယ်။
သိင်္ခ
https://t.me/theinkha007/3577

photo content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝါးခယ်မမြိုနယ်၊ ကျုံမငေးမြို မြိုမအခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား လ
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဝါးခယ်မမြိုနယ်၊ ကျုံမငေးမြို မြိုမအခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ထုတ်ပေးမှု သွားရောက်ကြည့်ရှုအားပေး နေပြည်တော်၊ စက်တင်ဘာ ၁၀ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏လူမှုဘဝ ဆောင်ရွက်မှုတိုင်း၌ မရှိမဖြစ်လိုအပ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် e-ID စနစ်အတွက် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို အသက် (၁၈) နှစ်ပြည့်ပြီး နိုင်ငံသားကတ်ပြား မရရှိသေးသူများအတွက် သက်ဆိုင်ရာမြိုနယ်ဦးစီးမှူးရုံးများ၌ လည်းကောင်း၊ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားကတ်ပြားမရရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများကို သက်ဆိုင်ရာ အခြေခံပညာကျောင်းများသို ကွင်းဆင်း၍လည်းကောင်း လမင်းစီမံချက်ဖြင့် စိစစ်ဆောင်ရွက် ထုတ်ပေးလျက်ရှိသည်။

ရေတာရှည်မြိုနယ်မှာ အရပ်သား ၆ ဦးကို PDF အမည်ခံအကြမ်းဖက်အဖွဲက ဖမ်းဆီးခေါ်ဆောင်သွား 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》 ပဲခူးတိုင်းဒေသကြီး
ရေတာရှည်မြိုနယ်မှာ အရပ်သား ၆ ဦးကို PDF အမည်ခံအကြမ်းဖက်အဖွဲက ဖမ်းဆီးခေါ်ဆောင်သွား 𝙈𝙃𝙏𝙉𝙀𝙒𝙎《𝙎𝙀𝙋~𝟗》 ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြိုနယ်အတွင်းမှာ PDF အမည်ခံအကြမ်းဖက်အဖွဲများက ဒေသခံပြည်သူ အရပ်သား (၆) ဦးကို အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဥ်တစ်ခု စက်တင်ဘာ ၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲသတင်းအရ သိရသည်။ ဖမ်းဆီးခံရသူများမှာ ရေတာရှည်မြိုနယ်၊ စည်ပိုင်းကျေးရွာတွင် နေထိုင်သူများဖြစ်သည့် ဦးစိုးဝင်း (၆၀) နှစ်၊ ဦးတင်ရှိန် (၇၂) နှစ်၊ ဦးကျော်ကျော်ဦး (၄၀) နှစ်၊ ဒေါ်ပူတူးမ (၃၇) နှစ်၊ ဒေါ်အိမိုးဝင်း (၃၅) နှစ်တို ၅ ဦးနှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (စည်ပိုင်းကျေးရွာ) မှ အထက်တန်းပြဆရာမ ဒေါ်ဌေးဌေးနွယ် (၃၇) နှစ်တိုဖြစ်ကြသည်ဟုဆိုသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ၂၀၂၆ ခုနှစ် ကမ္ဘာ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးဖို
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ၂၀၂၆ ခုနှစ် ကမ္ဘာ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ညီလာခံသို တက်ရောက်မိန့်ခွန်းပြောကြား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်းဆူပြည်နယ် လျန်ယွန်းကန်မြို၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (Global Public Security Cooperation Forum - Lianyungang) ညီလာခံဖွင့်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံ၏ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဦးညွန့်ဝင်းဆွေ တက်ရောက် မိန့်ခွန်းပြောကြားခဲ့သည်။

AA အကြမ်းဖက်အဖွဲ့ဝင်များ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈ သိန်းကျော် ဖမ်းဆီးရ
+1
AA အကြမ်းဖက်အဖွဲ့ဝင်များ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈ သိန်းကျော် ဖမ်းဆီးရမိ

AA အကြမ်းဖက်အဖွဲဝင်များ ရခိုင်ပြည်နယ်သို ပိုဆောင်မည့် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈ သိန်းကျော် ဖမ်းဆီးရမိ
AA အကြမ်းဖက်အဖွဲဝင်များ ရခိုင်ပြည်နယ်သို ပိုဆောင်မည့် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၈ သိန်းကျော် ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၉ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲမှ တပ်ဖွဲဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန် ပျော်ဘွယ်မြိုနယ်၊ ဆိတ်ချိုကျေးရွာအုပ်စု၊ ကံစွယ်ကျေးရွာအနီး ပျော်ဘွယ် - နတ်မောက်သွားကားလမ်းတွင် နီဝင်း မောင်းနှင်ပြီး သိန်းထွန်း လိုက်ပါလာသည့် MINIBUS ယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား ၈ ဒသမ ၆၉ သိန်း(၎င်းဒေသတန်ဖိုးငွေကျပ် ၁ ဒသမ ၃၀၃၅ ဘီလီယံ)အား ဖမ်းဆီးရမိခဲ့ပါသည်။

တာချီလိတ်မြို၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ နေပြည်တော်
တာချီလိတ်မြို၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသူများအား လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ နေပြည်တော်၊ စက်တင်ဘာ ၉ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံအတွင်းသို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာပြီး ဒေသတွင်း ပြည်သူလူထုကိုသာမက ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုစီးပွား ဘဝများကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့်အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှု ကျူးလွန်သူများအား ရှာဖွေဖော်ထုတ် တားဆီးကာကွယ်ခြင်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိသည့်အပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိင်း၍ ထိထိရောက်ရောက် ရှာဖွေဖော်ထုတ် ဖမ်းဆီးအရေးယူ ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

(၂၃)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (23rd AACC) အား Video Teleconference (VTC) ဖြင့်ကျင်းပ နေပြည်တော် စက်တင်ဘာ ၉   ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၂၃)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး(23rd AACC)ကို Video Telecon-ference (VTC) ဖြင့် ယနေ့နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်သည်။   အဆိုပါအစည်းအဝေးတွင် ကာကွယ်ရေးဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးထွန်းဝင်း၊ ဘရူနိုင်းနိုင်ငံလေတပ် ဦးစီးချုပ် Brigadier General Haji Haszahaidi Bin Haji Ahmad Daud ၊ ကမ္ဘောဒီးယားနိုင်ငံလေတပ် စစ်ဦးစီးအရာရှိချုပ် Lieutenant General Kong Mony ၊ အင်ဒိုနီးရှားနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Mohamad Tonny Harjono ၊ လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brigadier General Khamleu-angthep ၊ မလေးရှားနိုင်ငံလေတပ်ဦးစီးချုပ် General Dato Sri Haji Muhamad Norazlan Bin Aris ၊ ဖိလစ်ပိုင်နိုင်ငံ လေတပ်ဦးစီးချုပ် Lieutenant General Arthur M Cordura ၊ စင်ကာပူနိုင်ငံလေတပ်ဦးစီးချုပ် Major General Kelvin Fan Sui Siong ၊ ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Sakesan Kantha ၊ တီမောလက်စ်တေနိုင်ငံ လေတပ်ဦးစီးချုပ် Colonel Helder Da Costa ၊ ဗီယက်နမ်နိုင်ငံ လေတပ်ဦးစီးချုပ် Lieutenant General Vu Hong Son နှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။   ဦးစွာ ဖိလစ်ပိုင်နိုင်ငံလေတပ်မှ Vice Commander ဖြစ်သူ Major General PABLO RUSTRIA JR က (၂၃) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေးအဖွင့်နှုတ်ခွန်းဆက်စကားပြောကြား၍ အစည်းအဝေးကိုဖွင့်လှစ်ပေးခဲ့ပြီး အာဆီယံလေတပ်များ၏ ပူးပေါင်းဆောင်ရွက်မှုများနှင့် အာဆီယံနိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုအထိမ်းအမှတ်ဆိုင်ရာ video clip ကို ပြသသည်။   ထို့နောက် ဖိလစ်ပိုင်နိုင်ငံလေတပ်မှ Chief of Staff ဖြစ်သူ Major General Alvin M Hate က (၁၃) ကြိမ်မြောက် အာဆီယံလေတပ်များ၏ ပညာရေးနှင့်လေ့ကျင့်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးရလဒ်များကို အစီရင်ခံတင်ပြသည်။   ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသော အာဆီယံလေတပ်ဦးစီးချုပ်များက (၂၃)ကြိမ်မြောက် AACC ၏ ဦးတည်ချက်ဖြစ်သော “ဘက်ပေါင်းစုံ အပြန်အလှန်ပူးပေါင်းချိတ်ဆက်မှုရှိသော အာဆီယံလေတပ်များဖြစ်ပေါ်လာစေရေး ဒေသတွင်းတည်ငြိမ်ရေးအတွက် တစ်စုတစ်စည်းတည်း ဆောင်ရွက်စို့” ခေါင်းစဉ်အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။   ဆက်လက်၍ သဘာပတိက (၂၃)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး၏ အစည်းအဝေးဆုံးဖြတ်ချက်များကို ဖတ်ကြားရှင်းလင်းပြီး AACC အစည်းအဝေးဆုံးဖြတ်ချက်များနှင့် AACC Joint Statement အား အာဆီယံလေတပ်ဦးစီးချုပ်များက အတည်ပြုလက်မှတ်ရေးထိုးခဲ့ကြသည်။   ထို့နောက် သဘာပတိကနိဂုံးချုပ်အမှာစကားပြောကြားပြီး (၂၄)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို သဘာပတိအဖြစ် တာဝန်ထမ်းဆောင်မည့် မလေးရှားနိုင်ငံ လေတပ်ဦးစီးချုပ် General Dato Sri Haji Muhamad Norazlan Bin Aris ကိုယ်စား ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ မလေးရှားစစ်သံမှူးထံသို့ AACC အထိမ်းအမှတ်ပစ္စည်းအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် မလေးရှား နိုင်ငံလေတပ်ဦးစီးချုပ်က ကျေးဇူးတင်စကားပြောကြားခဲ့ကာ အာဆီယံလေတပ်ဦးစီးချုပ်များ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြပြီးအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

(၂၃)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (23rd AACC) အား Video Teleconference (VTC) ဖြင့်ကျင်းပ
(၂၃)ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (23rd AACC) အား Video Teleconference (VTC) ဖြင့်ကျင်းပ