ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку 👈

သိင်္ခ

သိင်္ခ

Открыть в Telegram

အသိတိုး

Больше
Страна не указанаКатегория не указана
1 085
Подписчики
-124 часа
-227 дней
-5530 дней
Архив постов
အမြန်လမ်းတွင် သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်သည့် ခရီးသည်တင် Express ယာဉ်မောင်း ၃ ဦးကို အရေးယူ ရန်ကုန် - မန္တလေး အမြန်လမ
အမြန်လမ်းတွင် သတ်မှတ်အရှိန်ထက် ကျော်လွန်မောင်းနှင်သည့် ခရီးသည်တင် Express ယာဉ်မောင်း ၃ ဦးကို အရေးယူ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် သတ်မှတ်အရှိန်နှုန်းထက် ကျော်လွန်၍ အုပ်စုလိုက် မောင်းနှင်ခဲ့ကြသည့် ခရီးသည်တင် Express ယာဉ်မောင်း သုံးဦးကို အမြန်လမ်းမကြီး ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲထံမှ သိရသည်။

တရုတ်အတွက် သူလျှိလုပ်ပေးမှုဖြင့် အမျိုးသမီးတစ်ဦးကို FBI က ဖမ်းဆီးထိန်းသိမ်း တရုတ်နိုင်ငံအတွက် သူလျှိလုပ်ပေးမှုဖြင့် အမေရိကန်န
တရုတ်အတွက် သူလျှိလုပ်ပေးမှုဖြင့် အမျိုးသမီးတစ်ဦးကို FBI က ဖမ်းဆီးထိန်းသိမ်း တရုတ်နိုင်ငံအတွက် သူလျှိလုပ်ပေးမှုဖြင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးကို အောက်တိုဘာ ၄ ရက်တွင် ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို (FBI) က ဖမ်းဆီးထိန်းသိမ်း လိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အမျိုးသမီးစက်ခေါင်းမှူး ၅ ဦးကို မြန်မာ့မီးရထားတွင် ပထမဆုံးအကြိမ် တာဝန်ပေးအပ် 𝙊𝘾𝙏~𝟓 မြန်မာ့မီးရထားတွင် အမျိုးသမီးစက်ခေါင်း
အမျိုးသမီးစက်ခေါင်းမှူး ၅ ဦးကို မြန်မာ့မီးရထားတွင် ပထမဆုံးအကြိမ် တာဝန်ပေးအပ် 𝙊𝘾𝙏~𝟓 မြန်မာ့မီးရထားတွင် အမျိုးသမီးစက်ခေါင်းမှူး ၅ ဦးကို ပထမဆုံးအကြိမ်အဖြစ် မြိုပတ်မီးရထားများတွင် တွဲဖက်စက်ခေါင်းမှူးများအဖြစ် တာဝန်ပေးအပ်ထားကြောင်း မြန်မာ့မီးရထားမှ သိရသည်။ အမျိုးသမီးစက်ခေါင်းမှူး ၅ ဦးသည် အောက်တိုဘာ ၅ ရက်မှစတင်၍ မြိုပတ်မီးရထားပြေးဆွဲမှုများတွင် DEMU နှင့် RBE ရထားများကို တွဲဖက်စက်ခေါင်းမှူးများအဖြစ် လက်တွေ့တာဝန်ယူမောင်းနှင်နေခြင်းဖြစ်သည်။ အဆိုပါ အမျိုးသမီးစက်ခေါင်းမှူး ၅ ဦးသည် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေးဒီဂရီကောလိပ်မှ AGTI ဒီပလိုမာလက်မှတ် ရရှိထားသူများဖြစ်ပြီး မြန်မာ့မီးရထား စက်ခေါင်းမှူးများအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် မိတ္ထီလာမြိုရှိ ဗဟိုပိုဆောင်ဆက်သွယ်ရေးကျောင်းတွင် သင်တန်းတက်ရောက်ခဲ့ကြသည်။

ယူကရိန်းက ရုရှားရေနံချက်စက်ရုံတွေ၊ ရုရှားက ယူကရိန်းစစ်ရေးနေရာတွေကို တိုက်ခိုက်မယ်လို အပြန်အလှန် ခြိမ်းခြောက်ကြ အောက်တိုဘာ - ၅
ယူကရိန်းက ရုရှားရေနံချက်စက်ရုံတွေ၊ ရုရှားက ယူကရိန်းစစ်ရေးနေရာတွေကို တိုက်ခိုက်မယ်လို အပြန်အလှန် ခြိမ်းခြောက်ကြ အောက်တိုဘာ - ၅ ( တနင်္လာနေ့ ) ယူကရိန်းသမ္မတ ဇီလန်းစကီးက ရုရှားရဲ့ ရေနံချက်စက်ရုံတွေကို တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင် သွားမယ်လို ခြိမ်းခြောက်ပြောဆိုခဲ့အပြီးမှာ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကလည်း ယူကရိန်းမှာရှိတဲ့ စစ်ဘက်ဆိုင်ရာနဲ့ ကာကွယ်ရေးဆိုင်ရာ စက်ရုံ/အဆောက်အအုံတွေကို ပိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို သတိပေးလိုက်ပါတယ်။

မလေးရှားမှ ပြန်လည်ခေါ်ဆောင်လာသူများအနက် မွန်ဒေသခံ ၁၉၈ ဦးအား မော်တော်ယာဉ်များဖြင့် မော်လမြိုင်သို ဆက်လက်ပိုဆောင် မလေးရှားနိုင်
မလေးရှားမှ ပြန်လည်ခေါ်ဆောင်လာသူများအနက် မွန်ဒေသခံ ၁၉၈ ဦးအား မော်တော်ယာဉ်များဖြင့် မော်လမြိုင်သို ဆက်လက်ပိုဆောင် မလေးရှားနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအနက် ပြန်လည်ထွက်ခွာရန် လေယာဉ်စရိတ် မတတ်နိုင်သူ မွန်ဒေသခံ ၁၉၈ ဦးသည် အောက်တိုဘာ ၄ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် မော်လမြိုင်မြိုသို ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။ မလေးရှားတွင် ထိန်းသိမ်းခံခဲ့ရပြီး လေယာဉ်ခ မတတ်နိုင်သည့် မြန်မာနိုင်ငံသား စိစစ်ပြီးသူ စုစုပေါင်း ၁,၄၇၆ ဦးကို တပ်မတော်စစ်ရေယာဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း၏သားနှင့် လက်ရှိသမ္မတတို ထိပ်တိုက်တွေ့ ဘရာဇီးနိုင်ငံတွင် ပြုလုပ်နေသည့် သမ္မတရွေးကောက်ပ
ဘရာဇီးသမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း၏သားနှင့် လက်ရှိသမ္မတတို ထိပ်တိုက်တွေ့ ဘရာဇီးနိုင်ငံတွင် ပြုလုပ်နေသည့် သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း၏ သားဖြစ်သူ ဖလာဗီယို ဘော်ဆိုနာရိုနှင့် လက်ရှိသမ္မတ လူးဝစ် အင်နာစီယို လူလာဒါ ဆေးဗားတိုသည် ဒုတိယအကျော့ ရွေးကောက်ပွဲကို ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။ အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့သည့် ပထမအကျော့ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၂ ဦးပါဝင်ခဲ့ပြီး ၎င်းတိုအနက် အတိုက်အခံကိုယ်စားလှယ်ဖြစ်သည့် လွှတ်တော်အမတ် ဖလာဗီယို ဘော်ဆိုနာရိုက မဲအရေအတွက် ၄၇ ရာခိုင်နှုန်းဖြင့် အများဆုံးရရှိခဲ့ခြင်းဖြစ်သည်။

ဘယ်လာရုစ်နိုင်ငံ၌ ကျင်းပသည့် INNOPROM စက်မှုပြပွဲသို မြန်မာကိုယ်စားလှယ်အဖွဲ တက်ရောက် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြ
ဘယ်လာရုစ်နိုင်ငံ၌ ကျင်းပသည့် INNOPROM စက်မှုပြပွဲသို မြန်မာကိုယ်စားလှယ်အဖွဲ တက်ရောက် နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုကုန်ထုတ်လုပ်မှု၊ နည်းပညာနှင့် MSMEs ကဏ္ဍများ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ 𝙈𝙃𝙏 𝙉𝙀𝙒𝙎《𝙊𝘾𝙏~𝟓》 အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးနှင့် စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းတို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲသည် ဘယ်လာရုစ်နိုင်ငံ မင့်စ်မြိုတွင် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ကျင်းပသည့် ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာစက်မှုပြပွဲ (INNOPROM. Belarus) သို တက်ရောက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင် အုပ်စု ၄ အုပ်စု ခွဲ၍ ၂ နာရီလာ ၆ နာရီ ပြတ်အစီအစဉ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြိုန
ဧရာဝတီတိုင်းတွင် အုပ်စု ၄ အုပ်စု ခွဲ၍ ၂ နာရီလာ ၆ နာရီ ပြတ်အစီအစဉ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြိုနယ်၊ မြိုများတွင် အုပ်စု (၄) အုပ်စု ခွဲ၍ (၂) နာရီ ဓာတ်အားရ (၆) နာရီ ဓာတ်အားပြတ်အစီအစဉ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် ဝန်အားမလုံလောက်ခြင်းများ ကြောင့် တိုင်းဒေသကြီး/ပြည်နယ်အလိုက် မဂ္ဂါဝပ်ခွဲတမ်းများခွဲ၍ဝန်အားမျှခြင်းဖြင့် ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ပနိုင်ငံ ၃ နိုင်ငံမှ မြန်မာနိုင်ငံသား ၁၁,၄၄၈ ဦးကို မြန်မာနိုင်ငံသို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ 𝙊𝘾𝙏~𝟓 နိုင်ငံခြားရေးဝ
ပြည်ပနိုင်ငံ ၃ နိုင်ငံမှ မြန်မာနိုင်ငံသား ၁၁,၄၄၈ ဦးကို မြန်မာနိုင်ငံသို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ 𝙊𝘾𝙏~𝟓 နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်ပရှိ မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ချုပ်ရုံးများမှတစ်ဆင့် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို ပြန်လည်ရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်အတွင်း မလေးရှား၊ ကမ္ဘောဒီးယားနှင့် အိန္ဒိယနိုင်ငံတိုမှ မြန်မာနိုင်ငံသား စုစုပေါင်း ၁၁,၄၄၈ ဦးကို ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပွဲစားတွေမက်လုံးကို လူငယ်တွေ အယုံမလွယ်စေချင်ပါဘူး မထက်ထက်အောင်(တမူးမြို) မလေးရှားနိုင်ငံကို သူငယ်ချင်းတွေနဲ့စုပြီး ဘုရားသုံးဆ
ပွဲစားတွေမက်လုံးကို လူငယ်တွေ အယုံမလွယ်စေချင်ပါဘူး မထက်ထက်အောင်(တမူးမြို) မလေးရှားနိုင်ငံကို သူငယ်ချင်းတွေနဲ့စုပြီး ဘုရားသုံးဆူလမ်းကနေ သွားခဲ့တာပါ။ ထိုင်းကို ဖြတ်ပြီး မလေးရှားထဲကိုဝင်တာနဲ့ အဖမ်းခံရတာပါ။ ကျွန်မ မလေးရှားနိုင်ငံ ထောင်ထဲမှာ ခြောက်လနေခဲ့ရတယ်။ အခုထိ အိမ်နဲ့အဆက်အသွယ်မရသေးပါဘူး။ Camp နဲ့‌ ထောင်ထဲမှာ အမျိုးသား၊ အမျိုးသမီး မြန်မာနိုင်ငံ သားတွေ အများကြီးကျန်သေးတယ်။ အမျိုးသမီးငယ်တွေ အောက်လမ်းကနေ လုံးဝမသွားစေချင်ပါဘူး။ ငွေရတယ်ဆိုပေမယ့် လူတိုင်းငွေမရဘဲ ဘဝဆုံးတဲ့သူတွေ အများကြီးရှိတယ်ဆိုတာ ဟိုရောက်မှသိရလိုပါ။ ပွဲစားတွေမက်လုံးကို လူငယ်တွေ အယုံမလွယ်စေချင်ပါဘူး။ အလွန်ဒုက္ခရောက်တဲ့အတွက် လုံးဝမသွားစေချင်ပါဘူး။ လူငယ်တစ်ဦးအနေနဲ့ ကျေးဇူးဆိုတဲ့တန်ဖိုးကို သိပါတယ်။ ကျွန်မတို မိဘတွေ မလုပ်ပေးနိုင်တဲ့အရာကို လုပ်ဆောင်ပေးခဲ့တဲ့ နိုင်ငံ့အကြီးအကဲတွေကို ဒီကနေ ဦးခိုက်ပါတယ်။ ကျေးဇူးထက်မြင့်တဲ့အရာထက် ကျေးဇူးပိုပြီးတင်ပါတယ်။ သင်္ဘောပေါ်မှာ လိုလေသေးမရှိအောင် ကူညီစောင့်ရှောက်ပေးကြတဲ့ တပ်မတော်သားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ ဟိုမှာ သူငယ်ချင်းတွေ ကျန်ခဲ့သေးတာကြောင့် သူတိုကိုလည်း ခေါ်ဆောင်ပေးစေလိုပါတယ်။

ကျိုက္ခမီရေလယ်ဆံတော်ရှင်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်ကာ လတွင် စည်ကားစွာ ကျင်းပမည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြိုနယ်
ကျိုက္ခမီရေလယ်ဆံတော်ရှင်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို သီတင်းကျွတ်ကာ လတွင် စည်ကားစွာ ကျင်းပမည် မွန်ပြည်နယ်၊ သံဖြူဇရပ်မြိုနယ်၊ ကျိုက္ခမီမြိုရှိ ကျိုက္ခမီဆုတောင်းပြည့် ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ နှစ်စဉ်ဗုဒ္ဓပူဇနိယပွဲတော်ကို ၁၃၈၈ ခုနှစ် သီတင်း ကျွတ်လဆန်း ၁၄ ရက်မှ သီတင်းကျွတ် လပြည့်ကျော် ၅ ရက်အထိ အစဉ်အလာမပျက် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲမှ သိရသည်။ ပွဲတော်အကြို မဟာပဌာန်းကျမ်းတော်မြတ် ရွတ်ဖတ်ပူဇော်ပွဲကို အောက်တိုဘာ ၂၀ ရက်မှ ၂၄ ရက်အထိ ၅ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့ နံနက် ၃ နာရီမှစ၍ ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်သူများ ပါဝင်သည့် ဆွမ်းအိုးမျောပွဲကိုလည်း ကျင်းပမည်ဖြစ်သည်ဟု အသိပေးထားသည်။ ထိုပြင် သီတင်းကျွတ်လပြည့်နေ့ နံနက် ၈ နာရီတွင် ရေလယ်ဘုရားကုန်းတော်ပေါ်ရှိ သာသနာ့ဗိမာန်ခန်းမ၌ အဘိဓမ္မာအခါတော်နေ့ အခမ်းအနားကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

AI အန္တရာယ်နှင့် အခွင့်အလမ်းများကို သုံးသပ်ရန် အိမ်ဖြူတော်က အထူးအဖွဲဖွဲစည်း AI နည်းပညာကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်မျာ
AI အန္တရာယ်နှင့် အခွင့်အလမ်းများကို သုံးသပ်ရန် အိမ်ဖြူတော်က အထူးအဖွဲဖွဲစည်း AI နည်းပညာကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များနှင့် အခွင့်အလမ်းများကို လေ့လာသုံးသပ်ရန်နှင့် ထိုနည်းပညာကို ကြီးကြပ်ရာတွင် ဖက်ဒရယ်အစိုးရက မည်သိုပါဝင် ဆောင်ရွက်သင့်သည်ကို စိစစ်ရန် အိမ်ဖြူတော်က အထူးအဖွဲတစ်ဖွဲ ဖွဲစည်းလိုက်ကြောင်း ဝေါစထရိဂျာနယ်က အောက်တိုဘာ ၃ ရက်တွင် ဖော်ပြခဲ့သည်။ “Super Intelligence Force” အမည်ရှိ ၎င်းအဖွဲကို အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဂျေးကလေတန်က ဦးဆောင်မည်ဖြစ်ပြီး လေ့လာတွေ့ရှိချက်များကို တင်ပြရန် ရက်ပေါင်း ၁၂၀ အချိန်ပေးထားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရေကြီး ရေလျှံမှုဖြစ်ပွားခဲ့သည့်နေရာများတွင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေး နှင
တနင်္သာရီတိုင်းဒေသကြီးအတွင်းရေကြီး ရေလျှံမှုဖြစ်ပွားခဲ့သည့်နေရာများတွင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်ကူညီကယ်ဆယ်ရေး နှင့် ကူညီထောက်ပံ့ရေးလုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ထိရောက် မြန်ဆန်စွာအင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိ

ကျွမ်းကျင်ပညာရှင်များ၏ စုပေါင်းစွမ်းအားဖြင့် တစ်နိုင်ငံလုံး တစ်ပြေးညီ ဖွံဖြိုးတိုးတက်လာစေရန် ဆရာ ဆရာမများ၊ မိဘပြည်သူများနှင့်
ကျွမ်းကျင်ပညာရှင်များ၏ စုပေါင်းစွမ်းအားဖြင့် တစ်နိုင်ငံလုံး တစ်ပြေးညီ ဖွံဖြိုးတိုးတက်လာစေရန် ဆရာ ဆရာမများ၊ မိဘပြည်သူများနှင့် တာဝန်ရှိသူများအားလုံးက လက်တွဲညီညီ ပါဝင်ဆောင်ရွက် သွားကြရမည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိင်ထံမှ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို ပေးပိုသည့် သဝဏ်လွှာ ( ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက် ) ချစ်ခင်လေးစားအပ်ပါသော ဆရာ၊ ဆရာမများ ခင်ဗျာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာ များနေ့ မင်္ဂလာအခါသမယ၌ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ဆရာ ဆရာမများ အားလုံး ကာယသုခ၊ စိတ္တသုခ နှစ်ဖြာသောသုခနှင့် ပြည့်စုံကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပိုသပါသည်။ ယနေ့ အောက်တိုဘာလ ၅ ရက်နေ့သည် ကမ္ဘာတစ်ဝန်းလုံးရှိ ဆရာ ဆရာမများ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် စသည့်ခမ်းနားထည်ဝါမြင့်မြတ်လှသော ဂုဏ်အင်အနန္တတိုကို မော်ကွန်းတင် ချီးမြှောက်သည့် ကျက်သရေမင်္ဂလာနှင့် ဝေဖြာထူးမြတ်လှသော ကမ္ဘာ့ဆရာများနေ့ ဖြစ်ပါသည်။

သမ္မတကြီးကျေးဇူးကို လုံးဝမမေ့ပါဘူး ဦးရဲပိုင်(ထန်းတပင်မြိုနယ်၊ ရန်ကုန်မြို) မိသားစုလာကြိုတာက သားဖြစ်သူကိုပါ။ သူ မလေးရှားနိုင်င
သမ္မတကြီးကျေးဇူးကို လုံးဝမမေ့ပါဘူး ဦးရဲပိုင်(ထန်းတပင်မြိုနယ်၊ ရန်ကုန်မြို) မိသားစုလာကြိုတာက သားဖြစ်သူကိုပါ။ သူ မလေးရှားနိုင်ငံကိုသွားတာ နှစ်နှစ်ရှိပါပြီ။ ဟိုမှာ အဖမ်းခံရလို ဒုက္ခရောက်တဲ့အပြင် အလုပ်လုပ်တဲ့အခါ၊ အလုပ်ရှာတဲ့အခါမှာလည်း ဒုက္ခရောက်တယ်လို ပြောပါတယ်။ သူတိုဗီဇာသက်တမ်းကုန်သွားလို အဖမ်းခံရပြီး ထောင်သုံးလကျပြီး Camp ထဲမှာ တစ်နှစ်ကျော်သွားပါတယ်။ ပြည်ပကိုထွက်သွားတာ ကျွန်တော်တိုလည်း မသိလိုက်ဘူး။ မိသားစုအဆင်မပြေတော့ သူထွက်သွားတာဖြစ်မယ်။ ပြည်ပကို ထပ်ပြီး လွှတ်ဖိုလည်းမရှိပါဘူး။ မိဘအနေနဲ့ သားကိုမျှော်ရတာ တော်တော်မောပါတယ်၊ အခုလို ပြန်ရောက်လာတာကို ပြောမပြတတ်အောင် ဝမ်းသာရပါတယ်။ အခုလိုပြန်ခေါ်ပေးတဲ့အတွက် မိဘတွေအနေနဲ့ နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်နဲ့ ဌာနဆိုင်ရာအဖွဲအစည်းအားလုံးကို လှိက်လှိက်လှဲလှဲ ကျေးဇူးအထူးတင်ပါတယ်။ အထူးသဖြင့် သမ္မတကြီးကျေးဇူးကို လုံးဝမမေ့ပါဘူးလို ပြောချင်ပါတယ်။

လူငယ်တွေရဲ့ ဘဝနဲ့သိက္ခာကို ကယ်တင်ပေးခဲ့တဲ့အပေါ် အတိုင်းထက်အလွန် ကျေးဇူးအထူးတင် ကိုသိန်းဌေး(ပန်းတနော်မြိုနယ် ဧရာဝတီတိုင်းဒေသကြ
လူငယ်တွေရဲ့ ဘဝနဲ့သိက္ခာကို ကယ်တင်ပေးခဲ့တဲ့အပေါ် အတိုင်းထက်အလွန် ကျေးဇူးအထူးတင် ကိုသိန်းဌေး(ပန်းတနော်မြိုနယ် ဧရာဝတီတိုင်းဒေသကြီး) ကျွန်တော်က နေရပ်ပြန်လာတဲ့ တူလေးကို လာကြိုတာပါ။ မလေးရှားမှာ အလုပ်လုပ်တာ နှစ်နှစ်မြောက်မှာ အဖမ်းခံရပါတယ်။ ထောင်ထဲမှာနေတုန်း ပြည်ပမှာ ဒုက္ခရောက်နေသူတွေကို ပြန်ခေါ်ပေးတဲ့ အစီအစဉ်ရှိတယ်လို ဆက်သွယ်ပြောကြားတာ သိလိုက်ရတော့ ဒီကထောက်ခံစာတွေကို အမြန်လုပ်ဆောင်ပြီး တာဝန်ရှိသူတွေဆီကို ပေးပိုပြီးတဲ့နောက်မှာ အခုလို တူလေးပြန်လာတာကို ကြိုဆိုခွင့်ရတာပါ။ နိုင်ငံတော်သမ္မတကြီးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ဒီနေရာကနေ မိမိနိုင်ငံက လူငယ်တွေရဲ့ ဘဝနဲ့သိက္ခာကို ကယ်တင်ပေးခဲ့တဲ့အပေါ် အတိုင်းထက်အလွန် ကျေးဇူးအထူးတင်ပါတယ်။ ကျန်းမာစွာပြန်လာတယ်သိရတော့ ရင်ထဲမှာ ဝမ်းသာကြည်နူးဖြစ်ရပါတယ်။ သမ္မတကြီးကျန်းမာပါစေ။

ဆရာများသည် နိုင်ငံ့လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးရေးအတွက် အဓိကကျသည့် အင်အားစုဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား 𝙊𝘾𝙏~𝟓
ဆရာများသည် နိုင်ငံ့လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးရေးအတွက် အဓိကကျသည့် အင်အားစုဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား 𝙊𝘾𝙏~𝟓 ဆရာ၊ ဆရာမများသည် နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် ပညာတတ်လူ့စွမ်းအားအရင်းအမြစ်များကို အစဉ်ပြုစုပျိုးထောင်ပေးနေသူများဖြစ်ပြီး နိုင်ငံ၏အနာဂတ်ကို ပုံဖော်ပေးနေသည့် အဓိကမဏ္ဍိုင်များဖြစ်ကြောင်း နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိင်က ယနေ့ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို ပေးပိုသည့် သဝဏ်လွှာတွင် ပြောကြားထားသည်။ နိုင်ငံတော်အနေဖြင့် ၂၁ ရာစု ပညာခေတ်နှင့်အညီ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ပညာရေးအဆင့်အတန်းတစ်ရပ် ဖြစ်ပေါ်လာစေရန် ဆရာများ၏ အခန်းကဏ္ဍနှင့် အခွင့်အရေးများကို မြှင့်တင်ပေးလျက်ရှိကြောင်း၊ ဆရာများ၏ လူမှုဘဝ အဆင်ပြေကောင်းမွန်ရေးနှင့် စွမ်းဆောင်ရည်တိုးတက်မြင့်မားရေးအတွက် ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

မြန်မာ့မီးရထားတွင် အမျိုးသမီးစက်ခေါင်းမှူး ၅ ဦး စတင်တာဝန်ထမ်းဆောင်မည် မြန်မာ့မီးရထားမှာ အမျိုးသမီးစက်ခေါင်းမှူး ၅ ဦးဟာ သင်တန်
မြန်မာ့မီးရထားတွင် အမျိုးသမီးစက်ခေါင်းမှူး ၅ ဦး စတင်တာဝန်ထမ်းဆောင်မည် မြန်မာ့မီးရထားမှာ အမျိုးသမီးစက်ခေါင်းမှူး ၅ ဦးဟာ သင်တန်းအောင်မြင်ပြီးနောက် အောက်တိုဘာ ၅ ရက်ကစတင်ကာ ရန်ကုန်မြိုပတ်ရထားလမ်းပိုင်းရှိ DEMU နဲ့ RBE ရထားခရီးစဉ်တွေမှာ တာဝန်ထမ်းဆောင်တော့မှာဖြစ်ပါတယ်။ အဆိုပါ အမျိုးသမီး ၅ ဦးဟာ မိတ္ထီလာမြိုရှိ ဗဟိုပိုဆောင်ဆက်သွယ်ရေးကျောင်းမှာ ၂၉ ပတ်ကြာ စက်ခေါင်းမှူးသင်တန်း တက်ရောက်ခဲ့ပြီး စာတွေ့၊ လက်တွေ့စစ်ဆေးမှုတွေအားလုံးကို အောင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

🙏🙏🙏
🙏🙏🙏

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ရန်ကုန်မြိုအခြေစိုက် ဗီယက်နမ်နိုင်ငံသံရုံးမှ သံအမတ်နှင့်အဖွဲအားတွေ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ ရန်ကုန်မြိုအခြေစိုက် ဗီယက်နမ်နိုင်ငံသံရုံးမှ သံအမတ်နှင့်အဖွဲအားတွေ့ဆုံ ရန်ကုန်၊ အောက်တိုဘာ ၄ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် အစိုးရအဖွဲဝင်များသည် ရန်ကုန်မြိုအခြေစိုက် ဗီယက်နမ်နိုင်ငံ သံအမတ်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲအား အောက်တိုဘာ (၂) ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရုံး သံတမန်ခန်းမတွင် လက်ခံတွေ့ဆုံသည်။ ထိုသိုတွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသဖွံဖြိုးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။