ru
Feedback
သိင်္ခ

သိင်္ခ

Открыть в Telegram

အသိတိုး

Больше
Страна не указанаКатегория не указана
1 100
Подписчики
Нет данных24 часа
-77 дней
-3830 дней
Архив постов
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများအန္တရာယ်ကို ပိုမိုထိရောက်စွာ တားဆီးကာကွယ်နှိမ်နင်းနိုင်ရေးအတွက် အထူးစီမံချက်များ၊ ပိုမိုတိ
ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများအန္တရာယ်ကို ပိုမိုထိရောက်စွာ တားဆီးကာကွယ်နှိမ်နင်းနိုင်ရေးအတွက် အထူးစီမံချက်များ၊ ပိုမိုတိကျခိုင်မာသော နည်းလမ်းများ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ပြည်နယ်အစိုးရသို တိုက်တွန်းကြောင်းအဆို ရှမ်းပြည်နယ်လွှတ်တော် အတည်ပြု ရှမ်းပြည်နယ်အတွင်း နည်းမျိုးစုံ၊ ပုံစံစုံ၊ ဒီဇိုင်းစုံဖြင့် ပေါများလာနေသော မူးယစ်ဆေးဝါးများအန္တရာယ်ကို ပိုမိုထိရောက်စွာ တားဆီးကာကွယ်နှိမ်နင်းနိုင်ရေးအတွက် အထူးစီမံချက်များ၊ ပိုမိုတိကျခိုင်မာသော နည်းလမ်းများ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် ရှမ်းပြည်နယ်အစိုးရသို တိုက်တွန်းကြောင်းအဆို အတည်ပြုကြောင်း ယနေ့ (အောက်တိုဘာ ၇ ရက်) ပြုလုပ်သည့် ရှမ်းပြည်နယ်လွှတ်တော်က ကြေညာသည်။

ငွေဆောင်အပါအဝင် ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းခြေဒေသများနှင့်မြိုနယ်များရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ခြံခတ်ရေ
ငွေဆောင်အပါအဝင် ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းခြေဒေသများနှင့်မြိုနယ်များရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ခြံခတ်ရောင်းချခြင်းပြုပါကဥပဒေအရ အရေးယူခြင်းခံရမည် ============================================= 07 October 2026 ■ ရောဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းခြေဒေသများဖြစ်သည့် ရွှေသောင်ယံ၊ ချောင်းသာ၊ ငွေဆောင်၊ ဂေါ်ရင်ဂျီ၊ ဟိုင်းကြီး အပါအဝင် ရောဝတီတိုင်းဒေသကြီးအတွင်းရှိ မြိုနယ်အသီးသီးတွင် တည်ရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိုဥပဒေနှင့်အညီ လျှောက်ထားရယူခြင်းမရှိဘဲ မိမိတို၏သဘောဖြင့် နယ်နိမိတ်သတ်မှတ်၍ ခြံခတ်ခြင်း၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်းတိုကို ဆောင်ရွက်ပါကဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်မြို ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ လာရောက်လေ့လာ နေပြည်တော်၊ အောက်တိုဘာ ၇ မြန
တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ လာရောက်လေ့လာ နေပြည်တော်၊ အောက်တိုဘာ ၇ မြန်မာ့သမိုင်းစဉ်ကာလတစ်လျှောက်တွင် အစဉ်အလာကြီးမားခဲ့သည့် ရှေးခေတ်မြန်မာ့တပ်မတော်၏ဆောင်ရွက်ချက်နှင့် အထွေထွေဗဟုသုတများကို လေ့လာနိုင်စေရန်၊ သင်ရိုးညွှန်းတမ်းပါ သင်ခန်းစာများကို စာတွေ့အပြင်လက်တွေ့ယှဉ်တွဲလေ့လာနိုင်စေရန်၊ ကျောင်းပြင်ပဗဟုသုတများရရှိစေရန်နှင့် ကျောင်းသား ကျောင်းသူလူငယ်များ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်၍ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှု၊ တပ်မတော်၏စီစဉ်ဆောင်ရွက်မှုဖြင့် ကျောင်းသားကျောင်းသူများအား တပ်မတော်စစ်သမိုင်းပြတိုက်(နေပြည်တော်)သို လာရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော် စတင်ကျင်းပ ရန်ကုန်၊ အောက်တိုဘာ ၇ ရန်ကုန်မြို၏ အထင်ကရ သမိုင်းဝင်အမွေအနှစ်နေရာ
သမိုင်းဝင် ဗိုလ်ချုပ်အောင်ဆန်းဈေး ရာပြည့်ပွဲတော် စတင်ကျင်းပ ရန်ကုန်၊ အောက်တိုဘာ ၇ ရန်ကုန်မြို၏ အထင်ကရ သမိုင်းဝင်အမွေအနှစ်နေရာတစ်ခုဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းဈေး၏ ရာပြည့်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက အဆိုပါဈေး၌ ကျင်းပခဲ့ပြီး ရာပြည့်ပွဲတော်ကို အောက်တိုဘာ ၁၁ ရက်အထိ ငါးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားသို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

အိုကီနာဝါရှိ အမေရိကန်တပ်ဖွဲဝင်များ တစ်လကြာ ညမထွက်ရ၊ အရက်သောက်ခွင့်ပိတ် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင် တပ်စွဲထားသည့် အမေရိကန
အိုကီနာဝါရှိ အမေရိကန်တပ်ဖွဲဝင်များ တစ်လကြာ ညမထွက်ရ၊ အရက်သောက်ခွင့်ပိတ် ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းတွင် တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲဝင်များကို စည်းကမ်းထိန်းသိမ်းရေး အစီအမံအဖြစ် တစ်လကြာ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး အရက်သောက်သုံးခွင့်ကိုလည်း ပိတ်ပင်လိုက်ကြောင်း သိရသည်။ အမေရိကန် မရိန်းတပ်ဖွဲဝင်တစ်ဦးက ဒေသခံအမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး ပစ္စည်းများလုယူခဲ့သည်ဟု စွပ်စွဲခံရသည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့ပြီးနောက် ယခုကဲ့သို စည်းကမ်းတင်းကျပ်သည့် အစီအမံများ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဘယ်စခန်း ဘယ်လမ်းကို ဘယ်လိုသွားဖို့ စိတ်ကူးနေကြလဲ အခုလပိုင်းမှ ကုန်ဈေးနှုန်းသိသိသာသာ တက်လာတာ ကြောက်စရာကောင်းလှပါတယ်။ အခုတွက်ပြ
ဘယ်စခန်း ဘယ်လမ်းကို ဘယ်လိုသွားဖို့ စိတ်ကူးနေကြလဲ အခုလပိုင်းမှ ကုန်ဈေးနှုန်းသိသိသာသာ တက်လာတာ ကြောက်စရာကောင်းလှပါတယ်။ အခုတွက်ပြထားတာဟာ ပုံမှန်ဝင်ငွေရရှိနေတဲ့ ဝန်ထမ်းတစ်ဦးအတွက်ပါ။ ပညာရေးက မူပြ ဆရာ ၊ ဆရာမတွေများ ဘယ်လိုနေကြမလဲ စဉ်းစားကြစေချင်ပါတယ်။ System တစ်ခုကို အတင်းသွတ်သွင်းနေရင်တော့ အကျိုးဆက်တွေကို လက်ခံကြရပါလိမ့်မယ်။ လစာမတိုးပေးနိုင်ဘူးဆိုရင်လည်း အခြားဖြစ်နိုင်ဖွယ်ရာ နည်းလမ်းကို စဉ်းစားပေးသင့်ပါတယ်။ တစ်ခါတစ်လေကြ ရှေ့မဲနေရင်းနဲ့ အလှမ်းကျယ်ပြီး အလယ်လပ်သွားတက်လို့ ပညာရှိသတိဖြစ်ခဲ မဖြစ်ရလေအောင် သတိပေးလိုက်ရပါတယ်။ သိင်္ခ

ယူကရိန်းကို နေတိုးအဖွဲထဲထည့်ဖို မစဉ်းစားသေးဘူးလို အမေရိကန်ဆို အောက်တိုဘာ - ၇ ( ဗုဒ္ဓဟူးနေ့ ) ယူကရိန်းကို နေတိုးအဖွဲဝင်အဖြစ် သ
ယူကရိန်းကို နေတိုးအဖွဲထဲထည့်ဖို မစဉ်းစားသေးဘူးလို အမေရိကန်ဆို အောက်တိုဘာ - ၇ ( ဗုဒ္ဓဟူးနေ့ ) ယူကရိန်းကို နေတိုးအဖွဲဝင်အဖြစ် သွင်းဖိုဆိုတာ လောလောဆယ် စဉ်းစားနေတဲ့အထဲမှာ မပါသေးပါဘူး။ ဝါရှင်တန်အနေနဲ့ ကီယက်ဗ်(ယူကရိန်း) နဲ့ မော်စကို (ရုရှား) ကြား ဖြစ်နေတဲ့ ပဋိပက္ခကို အဆုံးသတ်ဖိုပဲ အဓိက အာရုံစိုက်ထားပါတယ်" လို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မားကို ရူဘီယို က ပြောကြားခဲ့ပါတယ်။ အင်္ဂါနေ့က ရိက်ဂျာဗစ် မြိုမှာ အိုက်စလန် နိုင်ငံခြားရေးဝန်ကြီး သောဂျာဒါ ကက်ထရင် ဂန်နာ ဆဒေါတီးယား နဲ့ ပူးတွဲပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် ဦးဆောင်တဲ့ ဒီစစ်ရေးမဟာမိတ်အဖွဲထဲ ယူကရိန်း ဝင်ရောက်ဖို ကြိုးပမ်းနေမှုအပေါ် ဝါရှင်တန်ရဲ့ ရပ်တည်ချက်ကို မေးမြန်းခဲ့ရာမှာ ရူဘီယိုက "ဒါနဲ့ ပတ်သက်လို 'ဟုတ်တယ်၊ မဟုတ်ဘူး' လို တိတိကျကျ ပြောဖို မလွယ်ပါဘူး" လို တုံပြန်ခဲ့ပါတယ်။

စစ်ပွဲကို အဆုံးသတ်ချင်ရင် ယူရေနီယမ် သန့်စင်မှုကို အီရန်လျှော့ချရန်လိုဟုဆို အမေရိကန်နဲ့ ဖြစ်နေတဲ့ စစ်ပွဲကို အဆုံးသတ်ချင်ရင် အီ
စစ်ပွဲကို အဆုံးသတ်ချင်ရင် ယူရေနီယမ် သန့်စင်မှုကို အီရန်လျှော့ချရန်လိုဟုဆို အမေရိကန်နဲ့ ဖြစ်နေတဲ့ စစ်ပွဲကို အဆုံးသတ်ချင်ရင် အီရန်ဘက်က ယူရေနီယမ် သန့်စင်မြှင့်တင်နိုင်စွမ်းကို သိသိသာသာ လျှော့ချရမယ်လို အမေရိကန် ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။ "နျူကလီးယားလက်နက် မလုပ်ချင်ဘူးဆိုရင် ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားတဲ့ ယူရေနီယမ်ကို ဘာလို လိုအပ်မှာလဲ။ နျူကလီးယားလက်နက် မလုပ်ပါဘူးဆိုတဲ့ ကတိကဝတ်ကို ပြချင်ရင် အဆင့်မြင့် သန့်စင်ထားတဲ့ ယူရေနီယမ်တွေကို မထုတ်လုပ်ပါနဲ့။ ဒါဟာ စစ်ပွဲကို အဆုံးသတ်ဖိုအတွက် အခြေခံကျလှတဲ့ အစပျိုး သတ်မှတ်ချက်တစ်ခုပါပဲ" လို ဗန့်စ်က ပြောပါတယ်။ "သူတိုဘက်က နျူကလီးယားလက်နက် မထုတ်လုပ်ဘူးဆိုတဲ့ ကတိကဝတ်ကို တကယ်ပြချင်ရင်တော့ ယူရေနီယမ် သန့်စင်တဲ့အပိုင်းမှာ ထိထိရောက်ရောက် တစ်ခုခု လုပ်ပြလိမ့်မယ်လို ထင်ပါတယ်"လိုလဲ သူကပြောပါသေးတယ်။

ရွှေချောင်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် CIA အရာရှိဟောင်းတစ်ဦးက လိမ်လည်မှုစွဲချက်ဖြင့် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆို ရွှေချော
ရွှေချောင်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် CIA အရာရှိဟောင်းတစ်ဦးက လိမ်လည်မှုစွဲချက်ဖြင့် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆို ရွှေချောင်းများနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် CIA အရာရှိဟောင်းတစ်ဦးက လိမ်လည်မှုစွဲချက်ဖြင့် အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။ ဒေးဗစ် ရပ်ရှ်အမည်ရှိ အဆိုပါ CIA အရာရှိဟောင်းသည် မေလအတွင်းက ၎င်း၏နေအိမ်တွင် အမေရိကန်ဒေါ်လာ ၄၅ သန်းကျော် တန်ဖိုးရှိ ရွှေချောင်းများစွာဖြင့် ဖမ်းဆီးခံခဲ့ရသူဖြစ်သည်။ အမေရိကန် တရားရေးဌာန၏ ထုတ်ပြန်ချက်အရ အသက် ၄၉ နှစ်အရွယ်ရှိပြီဖြစ်ပြီး CIA ထိပ်သီးအရာရှိဟောင်း ဒေးဗစ် ရပ်ရှ်အား ဇန်နဝါရီ ၂၈ ရက်တွင် ပြစ်ဒဏ်ချမှတ်မည်ဖြစ်ပြီး အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် နှစ်ပေါင်း ၂၀ အထိ ကျခံရဖွယ်ရှိကြောင်း သိရသည်။

❝ကျောင်းသားများထံမှ ဘတ်သန်း ၂၀၀ ကျော် လိမ်လည်ခဲ့သည့် Call Center ကွန်ရက်ကို ဘန်ကောက်တွင် ဖြိုခွင်း၊ မြန်မာအမျိုးသမီး ၂ ဦးအပါ
❝ကျောင်းသားများထံမှ ဘတ်သန်း ၂၀၀ ကျော် လိမ်လည်ခဲ့သည့် Call Center ကွန်ရက်ကို ဘန်ကောက်တွင် ဖြိုခွင်း၊ မြန်မာအမျိုးသမီး ၂ ဦးအပါ ၃ ဦး ဖမ်းဆီးခံရ❞ 𝙊𝘾𝙏~𝟕 ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို ဆာဖန်ဆန်ဒေသရှိ ဇိမ်ခံအိမ်တစ်လုံးကို အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ထိုင်းဆိုင်ဘာရဲတပ်ဖွဲက ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ကျောင်းသားများကို ပစ်မှတ်ထားသည့် Call Center ငွေလိမ်ကွန်ရက်နှင့် ဆက်နွှယ်သည်ဟု သံသယရှိသူ တရုတ်အမျိုးသားတစ်ဦးနှင့် မြန်မာအမျိုးသမီး ၂ ဦး စုစုပေါင်း ၃ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ နိုင်ငံတော်အဆင့်ခရီးစဉ် လာရောက်မည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ကြိုဆိုရန်ပြင်ဆင်နေသည့် မြင်ကွင်း မလေးရှားနိုင်ငံဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်လာရောက်မည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား မလေးရှားနိုင်ငံ ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုကြိုဆိုရန် ပြင်ဆင်နေသည့် မြင်ကွင်း‌ပုံရိပ်များပဲဖြစ်ပါတယ်။

လူဦးရေ ၃၀ ကျော် လာရောက်ကစားသော ဂျင်ဝိုင်းကို သာယာဝတီတွင် ဖမ်းမိ ၇.၁၀.၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွ
+2
လူဦးရေ ၃၀ ကျော် လာရောက်ကစားသော ဂျင်ဝိုင်းကို သာယာဝတီတွင် ဖမ်းမိ ၇.၁၀.၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာတွင် လူဦးရေ ၃၀ ကျော်လာရောက်ကစားသော ဂျင်ဝိုင်းကို ခြံဝင်းတစ်ခုတွင်အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

မြန်မာ့ရေပြင်နယ်နိမိတ်တစ်လျှောက် အချိန်မရွေး၊ နေရာမရွေးပေါ်ပေါက်လာနိုင်သည့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုတိုင်းကို တားဆီ
+2
မြန်မာ့ရေပြင်နယ်နိမိတ်တစ်လျှောက် အချိန်မရွေး၊ နေရာမရွေးပေါ်ပေါက်လာနိုင်သည့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုတိုင်းကို တားဆီးကာကွယ်နိုင်စွမ်းရှိပြီး၊ လုံခြုံဘေးကင်းသည့် ပင်လယ်ပြင်ဖြစ်အောင် ကြိုးပမ်းတည်ဆောက်သွားရန် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား နေပြည်တော်၊ အောက်တိုဘာ ၇ မြန်မာ့ရေပြင်နယ်နိမိတ်တစ်လျှောက် အချိန်မရွေး၊ နေရာမရွေးပေါ်ပေါက်လာနိုင်သည့် သမားရိုးကျမဟုတ်သော ခြိမ်းခြောက်မှုတိုင်းကို တားဆီးကာကွယ်နိုင်စွမ်းရှိပြီး မြန်မာ့ပင်လယ်ပြင်ကို လုံခြုံဘေးကင်းသည့် ပင်လယ်ပြင်၊ တည်ငြိမ်အေးချမ်းသည့်ပင်လယ်ပြင်၊ သန့်ရှင်းသည့်ပင်လယ်ပြင်၊ ပိုမိုထုတ်လုပ်နိုင်စွမ်းရှိသည့် ပင်လယ်ပြင်တစ်ခုဖြစ်အောင် ကြိုးပမ်းတည်ဆောက်သွားကြရန် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြောသည်။

တော်လှန်ရေးရဲ့ မြေပြင်အခြေအနေကို သိချင်ရင် ဒါတွေကိုသာကြည့်လိုက်ပါ။ ပြည်သူတွေရဲ့ အမြန်ငြိမ်းချမ်းချင်တဲ့ ဆန္ဒတွေ မကြာတော့ပါဘူး
တော်လှန်ရေးရဲ့ မြေပြင်အခြေအနေကို သိချင်ရင် ဒါတွေကိုသာကြည့်လိုက်ပါ။ ပြည်သူတွေရဲ့ အမြန်ငြိမ်းချမ်းချင်တဲ့ ဆန္ဒတွေ မကြာတော့ပါဘူး။ အလင်းဝင်လာတဲ့ PDF တွေကနေတစ်ဆင့် ငြိမ်းငြိမ်းချမ်းချမ်းနေရတဲ့ဘဝကို ကြားသိလာကြပြီး အလင်းဝင်သူတွေ များပြားလာပါပြီ။ အမြန်ဆုံး ငြိမ်းချမ်းကြပါစေ။

ရုရှားနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ဖို မကြိုးစားကြပါနဲ့ လို အိန္ဒိယဆို အောက်တိုဘာ - ၆ ( အင်္ဂါနေ့ ) ရုရှားနဲ့ ဆက်ဆံရေးဖြတ်တောက်ဖိ
ရုရှားနဲ့ ဆက်ဆံရေးကို ဖြတ်တောက်ဖို မကြိုးစားကြပါနဲ့ လို အိန္ဒိယဆို အောက်တိုဘာ - ၆ ( အင်္ဂါနေ့ ) ရုရှားနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို အတွက် အိန္ဒိယကို စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ဖိအားပေး အကြပ်ကိုင်မှုတွေ ပြုလုပ်နေတဲ့ အနောက်အုပ်စုရဲ့ ကြိုးပမ်းမှုတွေကို လက်တွေ့ကျတဲ့ အမှန်တရား စကားတစ်ခွန်းသုံးပြီး တုံပြန်လိုက်ပါတယ်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျိုင်ရှန်ကာ က အိန္ဒိယမြိုတော်မှာ စုဝေးရောက်ရှိနေကြတဲ့ အနောက်နိုင်ငံများမှ ထိပ်သီးပုဂ္ဂိုလ်များ အပါအဝင် ကမ္ဘာ့နိုင်ငံခြားရေးမူဝါဒနှင့် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများရဲ့ သီတင်းပတ်ကုန် အစည်းအဝေးမှာ သူတို မကြားချင်တဲ့ အမှန်တရားတစ်ခုကို ပြောကြားခဲ့ပါတယ် - အဲဒါကတော့ အိန္ဒိယနဲ့ ရုရှားရဲ့ ဆက်ဆံရေးဟာ "လွယ်လွယ်နဲ့ မေ့ပစ်လိုမရနိုင်တဲ့ ဆက်ဆံရေး" ဖြစ်တယ်ဆိုတာပါပဲ။

ပြင်ဦးလွင်မြိုရှိ POWER ထီဆိုင်ကြီးတွင် ကျပ်သိန်း ၅၀ အောင်ဘာလေထီလက်မှတ်ကို လက်မှတ်အတုဖြင့် ဆုငွေလိမ်လည်ထုတ်ယူမှုဖြစ်ပွား ပြင်
ပြင်ဦးလွင်မြိုရှိ POWER ထီဆိုင်ကြီးတွင် ကျပ်သိန်း ၅၀ အောင်ဘာလေထီလက်မှတ်ကို လက်မှတ်အတုဖြင့် ဆုငွေလိမ်လည်ထုတ်ယူမှုဖြစ်ပွား ပြင်ဦးလွင်မြို သီရိပဒေသာကားကြီးကွင်းအနီးရှိ POWER ထီဆိုင်ကြီး(ပြင်ဦးလွင်)သို အမျိုးသမီးတစ်ဦးက အောက်တိုဘာ ၁ ရက်ထွက်ရှိသည့် (၉၁) ကြိမ်မြောက် ကျပ်သိန်း ၅၀ အောင်ဘာလေထီလက်မှတ်ကို လက်မှတ်အတုဖြင့် လာရောက်လိမ်လည်ထုတ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘယ်ဘက်ပခုံးအဆစ်မှ လုံးဝပြတ်တောက်သွားသောလက်အား မင်္ဂလာဒုံမြိုနယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး၌ ပြန်တွဲဆက်ပေးသည့် ခွဲစ
ဘယ်ဘက်ပခုံးအဆစ်မှ လုံးဝပြတ်တောက်သွားသောလက်အား မင်္ဂလာဒုံမြိုနယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး၌ ပြန်တွဲဆက်ပေးသည့် ခွဲစိတ်ကုသ အောင်မြင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြိုနယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီးတွင် မော်တော်ဆိုင်ကယ်မတော်တဆထိခိုက်မှုကြောင့် ဘယ်ဘက်လက်ပခုံးအဆစ်မှ လုံးဝပြတ်တောက်သွားခဲ့သည့် အသက်ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးအား ခွဲစိတ်ကုသ၍ ပြန်လည်တွဲဆက်ခြင်း (Replantation Surgery)ကို စက်တင်ဘာ ၃ ရက်တွင် အောင်မြင်စွာ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Digital Student Information Management System ကို ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များအားလုံး အသုံးပြုနိုင်သည့်
Digital Student Information Management System ကို ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များအားလုံး အသုံးပြုနိုင်သည့် Common Digital Platform ဖြစ်စေရေး ဆောင်ရွက်ရန်လိုကြောင်း ကျန်းမာရေးဝန်ကြီး ပြောကြား အောက်တိုဘာ ၆ ရက်က ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် Digital နှင့် e-Govern-ment လုပ်ငန်းစဉ်များအကောင်အထည်ဖော်နိုင်ရေး ညှိနှိင်းအစည်းအဝေးတွင် ၎င်းက ထိုသိုပြောကြားခဲ့ခြင်းဖြစ်သည်။

နယူးယောက်မှာ ဝက်သက်ရောဂါ ပျံ့နှံနေလို အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရ အောက်တိုဘာ - ၇ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီဟိုချ
နယူးယောက်မှာ ဝက်သက်ရောဂါ ပျံ့နှံနေလို အရေးပေါ်အခြေအနေ ထုတ်ပြန်ထားရ အောက်တိုဘာ - ၇ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီဟိုချောက အလျင်အမြန် ကူးစက်ပြန့်ပွားနေတဲ့ ဝက်သက်ရောဂါ ဖြစ်ပွားမှုကြောင့် ပြည်နယ်တစ်ခုလုံးဆိုင်ရာ ဘေးအန္တရာယ် အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အမေရိကန် အရှေ့မြောက်ပိုင်းမှာ ရောဂါကူးစက်မှုတွေ မြင့်တက်လာတာကြောင့် ပြည်သူတွေကို ကာကွယ်ဆေးထိုးပေးခြင်းနဲ့ စစ်ဆေးခြင်းဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို တိုးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော်အရိုးရောဂ
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း မင်္ဂလာဒုံတပ်နယ်ရှိ တပ်မတော်အရိုးရောဂါအထူးကုဆေးရုံကြီး(ခုတင်-၅၀၀)၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး