ru
Feedback
ACE Channel

ACE Channel

Открыть в Telegram

Больше
Мьянма7 175Категория не указана

📈 Аналитический обзор Telegram-канала ACE Channel

Канал ACE Channel (@acechannelofficial) языкового сегмента Бирманский является активным участником. Сейчас сообщество объединяет 19 542 подписчиков, занимая место в категории Другое и 7 175 место в регионе Мьянма.

📊 Показатели аудитории и динамика

С момента создания невідомо проект демонстрирует стремительный рост, собрав аудиторию из 19 542 подписчиков.

Согласно последним данным от 13 сентября, 2026, канал показывает стабильную активность. За последние 30 дней изменение числа участников составило 3 053, а за последние 24 часа — 255, при этом общий охват остаётся высоким.

  • Статус верификации: Не верифицирован
  • Уровень вовлечённости (ER): Средний показатель вовлечённости аудитории составляет 89.47%. В первые 24 часа после публикации контент обычно набирает 30.13% реакций от общего числа подписчиков.
  • Охват публикаций: В среднем каждый пост получает 17 462 просмотров. В течение первых суток публикация набирает 5 881 просмотров.
  • Реакции и взаимодействия: Аудитория активно поддерживает контент: среднее количество реакций на один пост — 128.

📝 Описание и контентная политика

Описание канала не предоставлено.

Благодаря высокой частоте обновлений (последние данные получены 14 сентября, 2026) канал поддерживает актуальность и высокий уровень охвата публикаций. Аналитика показывает, что аудитория активно взаимодействует с контентом, что делает его важной точкой влияния в категории Другое.

19 542
Подписчики
+25524 часа
+9937 дней
+3 05330 дней
Архив постов
ယဲ့ကျင်းရှောင်းကလေ တကယ်ကို အဖြောင့်ကိုမှ အဖြောင့်စစ်စစ်ကြီးပါဟေး 😂 အားချန်တို့ တစ်တီတူးနေတာကို မြင်သွားတဲ့အချိန်နဲ့ ချန်ရွှမ်ရဲ့ ဖက်အိပ်ခံရတုန်းကသာ ရှက်ပြီး မျက်နှာလေးက နီနေတာ။ အခုကြ ချန်ရွှမ်ရှေ့တောင် အောက်ခံဘောင်းဘီနဲ့ အဝတ်အစားလဲနေတဲ့ချိန် ချန်ရွှမ်က မျက်လုံးမလွှဲတမ်းကြည့်နေပြီး ရှက်စရာစကားနဲ့ဖလစ်တာတောင် ဘယ်လိုမှမနေဘဲ "ငါ့မှာရှိတာ မင်းမှာလည်းရှိတယ်" ဆိုပြီးကို ပြောတာနော်။ တကယ်ကိုမှ အဖြောင့်ကောင်လေးတွေရဲ့ အပြုအမူ အပြောအဆိုအတိုင်းပဲ😂 ဒီလို သံပေတံကြီးလို မာကြောဖြောင့်တန်းနေတဲ့ ကောင်ချောလေးတွေ အချစ်ကြောင့် ဖယောင်းလေးလို ဘယ်လိုကွေးညွတ်လာမလဲဆိုတာ စောင့်ကြည့်ရတာ တကယ်ကို ရင်ခုန်စရာပဲ🤭 ချန်ရွှမ်က ဖလစ်စကားတွေပြောလိုက်တိုင်း စိတ်ရှုပ်ထွေးပြီး သက်ပြင်းတွေချနေတဲ့ ယဲ့သခင်လေးရဲ့ ပုံစံလေးကိုလည်း ဘယ်လိုကို သဘောကျမှန်းမသိဘူး။ EP-6 ကိုယ်တို့ကြားက အက်ကြောင်းလေး (Season-2) #TornBetweenUsS2 ဇတ်ကား Linkစု👇 https://t.me/AceChannelOfficial/3 Fans Group👇 https://t.me/+_qEKFIgzf3MzZWM1 Everything About Y နှင့် ACE Channel တို့မှ ပူးပေါင်းဘာသာပြန်တင်ဆက်ပါသည်။

ကဲ..အဖြောင့်ကောင်လေးတော့ အသောက်မတော် တစ်ခွက်ဖြစ်သွားမိတာ ချန်ရွှမ်အိပ်ယာပေါ် အင်္ကျီချွတ်ကြီးနဲ့ အဖက်ခံပြီး မိုးလင်းသွားရရှာပြီဟေး🤣 (ခုကတော့ အစ်မနဲ့စေ့စပ်ထားတဲ့ လူသိရှင်ကြား ယောက်ဖလေးမို့ မထိသေးပေမဲ့...နောက်ကျရင်တော့....🌚) EP-5 ကိုယ်တို့ကြားက အက်ကြောင်းလေး (Season-2) #TornBetweenUsS2 Everything About Y နှင့် ACE Channel တို့မှ ပူးပေါင်းဘာသာပြန်တင်ဆက်ပါသည်။

မွေးကတည်းက ရဲဇားတစ်ခါမှမထားဖူး၊ လက်တောင်မကိုင်ဖူး၊ ယင်ဖို ယင်မတောင် မသန်းဖူးသေးတဲ့ အချစ်ဆိုတာ ချိုလား ခါးလား ချဉ်လားတောင် မသိသေးတဲ့ တစ်ကိုယ်တော် ဆစ်ဂနယ် စစ်စစ် လူပျိုဖြန်းလေး ယဲ့ကျင်းရှောင်းကို ယောက်ျားလေးချင်း ချစ်တာ မွတာ ဒလုဒလု လုပ်တာက ဘယ်လိုဆိုတာကို အပြင်မှာ လက်တွေ့ကွင်းဆင်းပြီး သက်သက်ကြီးကို သင်ခန်းစာပေး သင်ကြားပေးတဲ့ ချန်ညီအစ်ကိုပါ😂 အချစ်နဲ့ပတ်သက်လို့ ဘာအတွေ့အကြုံမှမရှိသေးတဲ့အပြင် လက်ရှိအချိန်ထိ ယောက်ျားလေးချင်း တွဲတယ်ဆိုတဲ့အဖြစ်တောင် သူ့ခမျာ လက်ခံပေးဖို့၊ နားလည်ပေးဖို့ လုံးဝမလွယ်ကူနေတဲ့ အဖြောင့်ကောင်လေးအဖို့ ယောက်ျားလေးချင်း အချစ်ဋီကာ ဖွင့်နေတာကို ဒီလိုလက်တွေ့ကျကျမြင်လိုက်ရတော့ ပါးပြင်က ခရမ်းချဉ်သီးလိုနီရဲမှည့်ပြီး ရှက်လွန်းလို့ ချက်ချင်းထွက်ပြေးသွားတာလေးကို အူတက်သေတော့မယ်😂 ချန်ရွှမ်ရဲ့ စိုင်းအောင်တင့်လို လူယုတ်မာအပြုံးကြီးက အသက်ဟေး😭🤣 ချန်ညီအစ်ကိုက ရုပ်တင်တူတာမဟုတ်ဘူး ကိုယ်ချစ်တဲ့လူကို မရရအောင် အကွက်ကျကျနဲ့ နည်းမျိုးစုံလှည့်ပတ်ပြီး ရအောင်ကြံစည်တတ်တာကလည်း တူနေပြန်ရော🤣

Crush နဲ့ မင်းရဲ့အခြေအနေ? အဖြေကတော့ ဘာFeelingမှမရှိ၊ အာရုံထဲကို မရှိနေတာတဲ့😂 #TornBetweenUs
+1
Crush နဲ့ မင်းရဲ့အခြေအနေ? အဖြေကတော့ ဘာFeelingမှမရှိ၊ အာရုံထဲကို မရှိနေတာတဲ့😂 #TornBetweenUs

နောက်ခံဘက်ဂရောင်းကောင်းပြီး မိဘက အရာရာထောက်ပံ့ပေးနိုင်တဲ့ မြို့တော်ဝန်ရဲ့သားတစ်ယောက်ဖြစ်ပေမဲ့ နောက်ခံမိဘအသိုင်းအသိုင်းအဝိုင်း
+2
နောက်ခံဘက်ဂရောင်းကောင်းပြီး မိဘက အရာရာထောက်ပံ့ပေးနိုင်တဲ့ မြို့တော်ဝန်ရဲ့သားတစ်ယောက်ဖြစ်ပေမဲ့ နောက်ခံမိဘအသိုင်းအသိုင်းအဝိုင်းကိုတောင် အားမကိုးဘဲ စစ်မှန်တဲ့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်စစ်စစ်ဖြစ်ဖို့အတွက် တစ်ကိုယ်တော် ကြိုးစားရပ်တည်လာခဲ့တဲ့ အဖြောင့်ကောင်လေး ယဲ့ကျင်းရှောင်းလိုလူအတွက် ချန်ရွှမ်က သူ့ကိုကြိုက်လွန်းလို့ ခေါင်းဆောင်မင်းသားတင်ပြီး ရင်းနှီးမြုပ်နှံသူအဖြစ် လုပ်ဆောင်ခဲ့တဲ့အဖြစ်ကို လက်ခံပေးဖို့ အထူးသဖြင့် ယောက်ျားလေးချင်း ချစ်မြတ်နိုးလို့ သူ့ကို အထူးတလည် ထောက်ပံ့ပေးတဲ့အဖြစ်ကို ခါးခါးသီးသီး ဖြစ်နေရှာတာ။ ချန်ရွှမ်ခမျာ့မှာလည်း တကယ့်အကြောတင်း၊ ခေါင်းကြောမာလွန်းတဲ့ ရှေးရိုးစွဲ အဖြောင့်ကောင်လေးကိုမှ ချစ်မိနေရှာတော့ သူ့ခမျာ အားရှောင်းက ပြန်ချစ်ဖို့ထက် ယောက်ျား-ယောက်ျားချင်း ကြိုက်တာ... လူသားချင်းချစ်တာ...အချစ်မှာ လိင်သတ်မှတ်ချက်တွေမရှိဘဲ မင်းကိုမင်းမို့ချစ်တာပါဆိုတဲ့အဖြစ်ကို အရင်နားလည်သွားဖို့ တော်တော်ကို ကြိုးစားနားချရဦးမဲ့အဖြစ်ပဲ🤧🤣

မြို့တော်ဝန်သားကို အပိုင်ရဖို့အရေး ချန်ညီအစ်ကိုနဲ့ အားချန်တို့ ပေါင်းကြံနေကြပြီဟေး🤣 သံမဏိကျောက်ဆောင်ကြီးလို မာကြောဖြောင့်တန်းပြီး သမာရိုးကျ ရှေးရိုးစွဲအတွေးအခေါ်တွေနဲ့ ယောက်ျားချင်း ချစ်တာကို ထူးဆန်းအံ့ဩပြီး အနေရခက်နေတဲ့၊ ကွေ့ကွေ့ကောက်ကောက်တွေ မရှိဘဲ ရိုးရိုးရှင်းရှင်း တဖြောင့်တည်းပဲတွေးခေါ်ပြုမူပြောဆိုတတ်တဲ့ ဖြူစင်ရိုးသားလှတဲ့၊ ချန်ရွှမ် ဘယ်လိုပဲ လိုက်ပိုးပန်းဖလစ်ပြီး နှဲ့နှဲ့ တုန်တုန်မျှမလှုပ်တဲ့ ယောက်ျားစစ်စစ် ခေါင်းကြောတအားမာလွန်းတဲ့ အဖြောင့်ကောင်လေး ယဲ့ကျင်းရှောင်းကို သက်တန့်ကြီးလို ကွေးသွားဖို့အရေး ချန်ညီအစ်ကိုနဲ့အားချန်တို့ ၃ယောက်ပေါင်းပြီး အကွက်တွေချပြီး ဉာဏ်ဆင်ကုန်ကြပြီ🤣🤣🤣 EP-4 ကိုယ်တို့ကြားက အက်ကြောင်းလေး (Season-2) #TornBetweenUsS2 Everything About Y နှင့် ACE Channel တို့မှ ပူးပေါင်းဘာသာပြန်တင်ဆက်ပါသည်။

EP-3 ကိုယ်တို့ကြားက အက်ကြောင်းလေး (Season-2) #TornBetweenUsS2 Everything About Y နှင့် ACE Channel တို့မှ ပူးပေါင်းဘာသာပြန်တင်ဆက်ပါသည်။

သာ့ကျား❤️ အားချန်တို့ ဒီAI Channel လေးကို ACE Channel ဆိုပြီး နာမည်လေးပြောင်းထားပါတယ်နော်😁 FB မှာလည်း ACE Channel နဲ့ Page ဖ
သာ့ကျား❤️ အားချန်တို့ ဒီAI Channel လေးကို ACE Channel ဆိုပြီး နာမည်လေးပြောင်းထားပါတယ်နော်😁 FB မှာလည်း ACE Channel နဲ့ Page ဖွင့်ထားပါတယ်။ Post တွေကို FB မှာလည်း တင်ပေးမှာမို့ Like, Follow, Share လေးလည်း လုပ်ပေးကြပါဦးနော် ACE Facebook Page👇 https://www.facebook.com/permalink.php?story_fbid=pfbid033U72Trh5V8Da38Bj4Jo2ijKrDxJx88RvnEvXnjnR7cLfqPkSUyzKk1yjC3b1qP9Gl&id=61592273489760 ACE Telegram Channel👇 https://t.me/AceChannelOfficial

"မင်းက ယောက်ျားလေးတွေကိုကြိုက်တာ မဟုတ်ဘူးလား" —ယဲ့ကျင်းရှောင်း— "ကိုယ်က ယောက်ျားလေးတွေကို ကြိုက်တာမဟုတ်ဘူး..မင်းကိုပဲ ကြိုက်တာပါ" —ချန်ရွှမ်__ EP-2 ကိုယ်တို့ကြားက အက်ကြောင်းလေး (Season-2) #TornBetweenUsS2 Everything About Y နှင့် AiNi Channel တို့မှ ပူးပေါင်းဘာသာပြန်တင်ဆက်ပါသည်။

Hello.. တစ်ခုလောက်အကူအညီ တောင်းချင်လို့ပါခ။ အားချန်တို့က YouTubeကလေ Membership က ဆက်၀င်ရမှာမို့ AYA Visa Cardက ငွေလိုနေလို့ Kpay နဲ့ AYA pay ၂သောင်းလောက် လဲချင်လို့ပါ။ ကျနော်က နိုင်ငံရေးခြေနေမကောင်းတဲ့နေရာဒေသကဖြစ်တာမို့ Bankတွေလည်းမရှိတဲ့အပြင် AYA Payကလည်း တအားရှားနေတာမို့ပါ။ ကျနော်က Kpay ၂သောင်း ပေးပါမယ်။ AYA pay ၂သောင်း လဲပေးနိုင်တဲ့သူလေးများ ရှိမလားမသိဘူး။ ရှိတယ်ဆိုရင် commentမှာ တစ်ချက်မန့်ပေးပါဦးနော်။ ကျနော် cb လာခဲ့ပါမယ်။ *post delete later*

ကဲ အားချန်တို့ S2 လာပါပြီ။ ဒီS2က ချန်ရွှမ်နဲ့ ယဲ့ကျင်းရှောင်းတို့က အဓိကသရုပ်ဆောင်တွေဆိုပေမဲ့ ချန်ယွမ်နဲ့အားချန်တို့အခန်းတွေက အပိုင်း-၁မှာကတည်းက အများကြီးပါတာမို့ အားချန်တို့ ကို တဝကြီးငမ်းရဦးမှာပါ။ အားချန်တို့အတွဲကလည်း အမြဲတမ်း အစားတလိုင်း😂🌚 (စိတ်မကောင်းစရာတစ်ခုကတော့ ဖန်တီးသူကို YouTube က ဒချိတွေ ဘန်းထားတဲ့အတွက် ဒချိဒချိ မွချိမွချိအခန်းတွေကို ဖြတ်တောက်ထားပါတယ်တဲ့။ နောက်ကျမှ အဲအခန်းတွေကို သေချာထပ်တင်ပေးပါမယ်တဲ့) ကဲ! ချန်ယွမ်နဲ့အားချန်တို့က အရင်က အဖြောင့်တွေပေမဲ့ မင်းနဲ့ကြမှကွေးသွားတာပါကွာဆိုတော့ အရမ်းဖြောင့်လွန်းလှတဲ့ ခေါင်းကြောအရမ်းမာလွန်းလှတဲ့ မြို့တော်ဝန်သား ဂျစ်ကန်ကန် ယဲ့ကျင်းရှောင်က ချန်ရွှမ်ကြောင့် ဘယ်လိုတွေ ကွေးညွတ်ပြီး အချစ်မှာကျဆုံးသွားမလဲဆိုတာ ရင်ခုန်စွာနဲ့ အတူတူဆက်လက်စောင့်မျှော်ကြည့်ရှုကြရအောင်🤭 EP-1 ကိုယ်တို့ကြားက အက်ကြောင်းလေး (Season-2) #TornBetweenUsS2 Everything About Y နှင့် AiNi Channel တို့မှ ပူးပေါင်းဘာသာပြန်တင်ဆက်ပါသည်။

မြို့တော်ဝန်ရဲ့အငယ်ဆုံးသား.. ဒိတ်ဒိတ်ကျဲအနုပညာရှင် ယဲ့ကျင်းရှောင်းကိုမှ တန်းတန်းစွဲချစ်မိနေတဲ့ ချန်ယွမ်ရဲ့အမွှာညီငယ် ချန်ရွှမ
မြို့တော်ဝန်ရဲ့အငယ်ဆုံးသား.. ဒိတ်ဒိတ်ကျဲအနုပညာရှင် ယဲ့ကျင်းရှောင်းကိုမှ တန်းတန်းစွဲချစ်မိနေတဲ့ ချန်ယွမ်ရဲ့အမွှာညီငယ် ချန်ရွှမ် ချန်ရွှမ်က တစ်ခါဖလစ်(ကစ်)တိုင်း သံမဏိလက်သီးစာခဏခဏကျွေးတတ်တဲ့ လူဖြောင့်စိတ်တို အရမ်းဖြောင့် အရမ်းရွှိုက်လွန်းတဲ့ မြို့တော်ဝန်သား ယဲ့ကျင်းရှောင်း မကြာခင် လာပါမည်...။

ဒီAIအတွဲလေးလည်း အရမ်းသဘောကျနေ...။ (ဒီတစ်ပိုင်းပဲ တွေ့တာပါ၊ နောက်ထပ်အဆက်မရှိသေးပါ😁)

ချစ်တို့ရေ... ဘင်္ဂလားညီအစ်ကိုဇတ်လမ်းလေးကို ဖန်တီးတဲ့ ဖန်တီးသူက သူ အဓိကသုံးနေတဲ့ AI tool က App Store/Platform ပေါ်ကနေ ဖြုတ်ချခံလိုက်ရပါတယ်တဲ့။ AI နည်းပညာတွေကို တင်းတင်းကြပ်ကြပ် စိစစ်ဖို့အတွက် သက်ဆိုင်ရာက ခေါ်ယူသတိပေးတာခံလိုက်ရတယ်လို့ထင်ပါတယ်တဲ့။ ဒါ့ကြောင့်မို့ ဘင်္ဂလားညီအစ်ကိုဇတ်လမ်းလေးကို အခုလက်တလောတော့ ဆက်ပြီးတင်ဆက်ပေးဖို့ နည်းလမ်းမရှိတော့ပါဘူးတဲ့။ အဲAI tool က ပြန်သုံးစွဲခွင့်ရခဲ့ရင်တော့ ဘင်္ဂလားညီအစ်ကိုဇတ်လမ်းလေးကို အပြီးထိလှလှပပလေး တင်ဆက်ပေးသွားမှာပါတဲ့။😭 ဒါလေးကတော့ ဖန်တီးသူက အရမ်းတွေစိတ်မကောင်းဖြစ်ရလွန်းလို့ အရင်က ဖန်တီးထားဖူးတဲ့ Kiss Scene Short လေးတွေကို အားလုံးအတွက် မျှဝေပေးခဲ့တာပါ။ ကိုင်း...ကျော် ကြိုက်လွန်းမက ကြိုက်လှပါပြီဆိုတဲ့ AI ဇတ်လမ်းတွေဟာ ကျိန်စာများမိနေသလားထင်ရတယ်😭 ဖန်တီးသူရဲ့ AI tool ပြန်ရလာမဲ့အချိန်ထိ အတူတူစောင့်ကြတာပေါ့ ချစ်တို့ရယ်😭 #ဆောင်းခိုငှက်ရဲ့အိမ်ပြန်လမ်းငယ် #အရိုးတု #ညီအစ်ကို AiNi Channel မှ ဘာသာပြန်တင်ဆက်ပါသည်

520快乐💌🎡 ၂ယောက်အတူတူ ဒိတ်ပြီး ပျော်နေတာလေးမြင်ရတာ အရမ်းစိတ်ချမ်းသာသော....။ ကျုံးယန်ချီတို့များ တရားဝင်ချစ်သူတွေဖြစ်သွားတော့ ပါပီရုပ်လေးလိုကို ဖြစ်နေတာ😏အရင်က အကြွေးရှင်ရုပ်နဲ့ အေးစက်မာထန်နေတဲ့ ကျုံးယန်ချီနဲ့က အမွှာညီအစ်ကိုတွေများလား🤨 Linkစု👇 https://t.me/AiNiMainChannel/751 #ဆောင်းခိုငှက်ရဲ့အိမ်ပြန်လမ်းငယ် #အရိုးတု #ညီအစ်ကို

အမြဲတမ်း ရေခဲတုံးလို အေးစက်ပြတ်သားပြီး သွေးအေးအေးနဲ့ရက်စက်တတ်လွန်းတဲ့ ကျုံးမိသားစုရဲ့ ဒုတိယသခင်လေး.. အမူးသမားလေး ကျုံးယန်ချီက သူ့ကောကောကို ရစ်ပြီး ချွဲနေတာလေးက တအားတွေချစ်ဖို့ကောင်းလွန်းနေတာ😭❤️ အမူးသမားလေးဖြစ်သွားတော့ သူ့ထက် ၁နှစ်ကြီးတဲ့ ကျုံးလျန်ကျင်ကောကောကို မခေါ်စဖူး "ကော"တွေဘာတွေတောင်ခေါ်လို့🤣 အေးစက်မာထန်လွန်းတဲ့မျက်နှာပေးနဲ့ အေးစက်ပြတ်သားတဲ့စကားတွေချည်း အမြဲမြင်ပြီးကြားခဲ့ရတော့ ဒီလိုလေး မူးပြီးချွဲနေတဲ့ပုံစံလေးကို တအားချစ်လွန်းလို့ ၉၉၉ခေါက်လောက် ပြန်ကြည့်မိနေတယ်😭 Linkစု👇 https://t.me/AiNiMainChannel/751 #ဆောင်းခိုငှက်ရဲ့အိမ်ပြန်လမ်းငယ် #အရိုးတု #ညီအစ်ကို AiNi Channel မှ ဘာသာပြန်တင်ဆက်ပါသည်

"ကျုံးယန်ချီ...ငါ မင်းကို သဘောကျတယ် အရင်ကတည်းက သဘောကျနေခဲ့တာ ဒီလောက်နှစ်တွေအကြာကြီးအထိ ဘယ်တုန်းကမှ ပြောင်းလဲမသွားခဲ့ဘူး" —-ကျုံးလျန်ကျင်—- "သဘောကျတယ် သေလောက်အောင် သဘောကျတယ်" —-ကျုံးယန်ချီ—- *ကဲ နောက်ဆုံးတော့ ဖွင့်ပြောကုန်ကြပါပြီ* (ဒီဇတ်လမ်းလေးကို ဖန်တီးသူက EP-11 ထိပဲ တင်ထားပါသေးတယ်။ ဖန်တီးသူက ဘယ်အချိန် အသစ်ထပ်တင်မလဲဆိုတာတော့ ကျနော်လည်း မပြောတတ်ဘူးပေါ့နော်🥺နောက်အသစ်တွေ ထပ်တင်မဲ့အချိန်ထိ အတူတူစောင့်ကြတာပေါ့...။ ဆောင်းခိုငှက်ရဲ့ အိမ်ပြန်လမ်းငယ် အပိုင်း - ၁၁ Linkစု👇 https://t.me/AiNiMainChannel/751 #ဆောင်းခိုငှက်ရဲ့အိမ်ပြန်လမ်းငယ် #အရိုးတု #ညီအစ်ကို AiNi Channel မှ ဘာသာပြန်တင်ဆက်ပါသည်

"ငါ သူ့ကို အဝေးကနေ ခပ်တန်းတန်းပဲ ဆက်ဆံနေရသလိုမျိုး ဟန်မဆောင်ချင်တော့ဘူး! ငါက သူ့ကို ချုပ်ကိုင်နေတယ် ခြယ်လှယ်နေတယ်လို့လည်း မထင်စေချင်တော့ဘူး! ငါ သူ့အပေါ် ပေါ်ပေါ်ထင်ထင် ကောင်းပေးချင်တယ်..ဖုံးကွယ်စရာ ထိမ်ချန်စရာ သတိထားနေစရာ မလိုဘဲနဲ့ပေါ့! ငါ သူ့ကို ငါ့ရင်ခွင်ထဲထည့်ထားပြီး အပြည့်အဝ ကာကွယ်ပေးချင်တယ်! သူ မတရားခံနေရတာမျိုး ဘယ်တော့မှ ထပ်မရှိစေချင်တော့ဘူး! သူ့ကို လုံးဝ ငါ့အပိုင်ဖြစ်လာစေချင်တယ်!" —ကျုံးယန်ချီ— ဆောင်းခိုငှက်ရဲ့ အိမ်ပြန်လမ်းငယ် အပိုင်း - ၁၀ #ဆောင်းခိုငှက်ရဲ့အိမ်ပြန်လမ်းငယ် #အရိုးတု #ညီအစ်ကို AiNi Channel မှ ဘာသာပြန်တင်ဆက်ပါသည်

ကျုံးလျန်ကျင်ကောကောက ဝမ်းနည်းနာကျင်နေလို့ ပန်းခြံကို စိတ်ပြေလက်ပျောက်ဖြစ်အောင် တမင်တကာ သေချာခေါ်သွားပြီး ဘာသာစကား၃မျိုးနဲ့ ချစ်စကားပြောတဲ့ ကျုံးယန်ချီပါ🤭 တမင်တကာ မထိတထိတွေလုပ်ပြီး အသားကလည်းယူသေးတာ🤣 အပိုင်းတိုင်း အရမ်းသဘောကျပေမဲ့ ဒီအပိုင်းလေးကိုကြ ပိုလို့တောင် အရမ်းတွေသဘောကျလွန်းလို့ ၉၉၉ခေါက်လောက်ပြန်ကြည့်မိနေတယ် ဆောင်းခိုငှက်ရဲ့ အိမ်ပြန်လမ်းငယ် အပိုင်း - ၉ #ဆောင်းခိုငှက်ရဲ့အိမ်ပြန်လမ်းငယ် #အရိုးတု #ညီအစ်ကို AiNi Channel မှ ဘာသာပြန်တင်ဆက်ပါသည်

ငယ်စဉ်ကတည်းကနေ သေရာပါ ထရော်မာရတဲ့အထိ နှလုံးသားထဲထိ စွဲထင်နာကျင်စေခဲ့တဲ့ အတိတ်ဆိုးတွေနဲ့ ပြန်လည်ကြုံတွေ့လာရတဲ့အချိန်တိုင်း အနားမှာ ဒီလို ငယ်ငယ်ချောချောလေးနဲ့ ရင်ခွင်ထဲ ပွေ့ဖက်နှစ်သိမ့် ကာကွယ်စောင့်ရှောက်ပေးမဲ့ ကျုံးယန်ချီလို ဘဲမျိုးသာရှိရင် မီးပင်လယ်ကိုတောင် အတူတူဖြတ်ကျော်ရဲနိုင်ပါတယ်လေ...။😔 ဆောင်းခိုငှက်ရဲ့ အိမ်ပြန်လမ်းငယ် အပိုင်း - ၈ #ဆောင်းခိုငှက်ရဲ့အိမ်ပြန်လမ်းငယ် #အရိုးတု #ညီအစ်ကို AiNi Channel မှ ဘာသာပြန်တင်ဆက်ပါသည်