Conor Vs Max (UFC 329 live )
Открыть в Telegram
UFC 329 live
БольшеСтрана не указанаКатегория не указана
8 164
Подписчики
-724 часа
-957 дней
-64430 дней
Архив постов
Repost from K F N
+1
နောက်လ စက်တင်ဘာ ၁၂ ရက်နေ့မှာ ကြည့်ရမယ့် ဘောက်ဆင်ပွဲကြီးပွဲကောင်း🔥🔴
Ryan Garcia vs Conor Benn တို့ welterweight ဘောက်ဆင်ခါးပတ်ပွဲကြီးကို တိုက်ရိုက် live လွှင့်ပေးသွားပါမယ် 🔴
Repost from Kham Fight News
UFC Fight Night ပွဲ ဒီ channel လေးမှာ live လွှင့်ပေးထားပါတယ် 👇🏻
https://t.me/kfnlive8
Repost from Kham Fight News
UFC Fight Night ပွဲမကြာခင်လာပါတော့မယ် ၊ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီခွဲပါ 🥰
Repost from 𝐊𝐅𝐍 𝐋𝐢𝐯𝐞 𝟐
တိုပူရီးယားနဲ့ ပွဲထိုးပြီးထဲကနေ ခုအချိန်ထိ လက်တွေနာနေတုန်းပဲလို့ ထုတ်ပြောလာတဲ့ ဂျက်စတင်ဂေဂျီ
Justin Gaethje ကတော့ သူ့ရဲ့ White House ပွဲစဉ်အပြီး လက်နှစ်ဖက်စလုံးမှာ ရရှိထားတဲ့ ဒဏ်ရာအခြေအနေတွေနဲ့ ပတ်သက်လို့ ပရိသတ်တွေကို အခုလို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်လာခဲ့ပါတယ်
Gaethje က သူ့ရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး အခုလို ဆိုခဲ့တာပါ
‘ငါ အခုထိ ဘာကိုမှ ထိုးလို့ မရသေးပါဘူး။ ပွဲအပြီးမှာ လက်နှစ်ဖက်စလုံးက အခုထိ နာကျင်နေတုန်းပါပဲ။ ဒါကြောင့်မလို့ ဒီနှစ်ရဲ့ ကျန်ရှိတဲ့ အချိန်တွေကို ချန်ပီယံအဖြစ် အနားယူပြီး သာသာယာယာပဲ ဖြတ်သန်းသွားတော့မှာပါ...’
အထူးသဖြင့် Charles Oliveira က Lightweight၊ BMF နဲ့ White House ခါးပတ် ၃ ခုလုံး တင်ထိုးဖို့ စိန်ခေါ်ထားချိန်မှာ Gaethje က ဒဏ်ရာကြောင့် ယခုနှစ်အတွင်း ကြိုးဝိုင်းထဲ ပြန်ဝင်လာမှာ မဟုတ်တော့ကြောင်း အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
Repost from 𝐊𝐅𝐍 𝐋𝐢𝐯𝐞 𝟐
Islam နဲ့ Khamzat က UFC ရဲ့ အကောင်းဆုံး (Wrestler )နပန်းသမားတွေပဲ!" လို့ ထုတ်ပြောလာတဲ့ အာမန်
Arman Tsarukyan ကတော့ လက်ရှိ UFC ဖွဲ့စည်းပုံတစ်ခုလုံးမှာ နပန်းစွမ်းရည် (Wrestling) အကောင်းဆုံးနဲ့ အန္တရာယ်ဆုံး ဖိုက်တာ ၂ ယောက်အဖြစ် Islam Makhachev နဲ့ Khamzat Chimaev တို့ကို ပွင့်ပွင့်လင်းလင်း ရွေးချယ်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်
အာမန် က Streamer N3ON နဲ့ အင်တာဗူးမှာ အခုလို ဆိုခဲ့တာပါ
‘လက်ရှိ UFC မှာ Islam Makhachev နဲ့ Khamzat Chimaev တို့ဟာ အကောင်းဆုံး နပန်းသမားတွေ ဖြစ်ပါတယ်...’
အာမန်ကိုယ်တိုင်ဟာ Islam Makhachev နဲ့ ပွဲစဉ်မှာ အပြိုင်အဆိုင် Wrestling တိုက်စစ်တွေကို ပြသနိုင်ခဲ့သူ ဖြစ်သော်လည်း Makhachev ရဲ့ Control စွမ်းရည်နဲ့ Khamzat Chimaev ရဲ့ ပြိုင်ဘက်ကို အလဲထိုး/ဖိနှိပ်နိုင်တဲ့ Aggressive Wrestling စတိုင်တို့ကို အကောင်းဆုံးအဖြစ် သတ်မှတ်လိုက်တာပါ။
Repost from K F N
မနက်ဖြန် စနေနေ့မှာ ကြည့်ရမယ့် UFC Fight Night ပွဲစဉ်ကြီး🔥🥰
Prelims (အကြိုပွဲစဉ်များ): မွန်းလွဲ ၁နာရီခွဲမှာ စတင်ကြည့်ရှုရမှာဖြစ်ပြီး
Main Card (အဓိကပွဲစဉ်များ): ညနေ ၄နာရီခွဲမှာကြည့်ရမှာပါ
Repost from Kham Fight News
ဒီနေ့ ည One Championship ပွဲစဉ်ကို ဒီမှာ လာကြည့်လို့ရပါပြီ👇🏻👇🏻👇🏻
https://t.me/kfnlive8
Repost from Kham Fight News
ဒီနေ့ည One Championship ပွဲရှိတယ်နော် ညီကိုတို့🥰
ကြည့်ချင်တဲ့သူတွေ React ပေးခဲ့ပါ
ကြည့်မယ့်သူများရင် live လွှင့်ပေးပါမယ် 🔴
Repost from 𝐊𝐅𝐍 𝐋𝐢𝐯𝐞 𝟐
Islam Makhachev အတွက် တကယ့် အန္တရာယ်အရှိဆုံး ပြိုင်ဘက် 🔥
လက်ရှိ Welterweight တန်းမှာ Carlos Prates နဲ့ Michael Morales တို့လို တက်လူတွေရဲ့ နာမည်တွေ အရမ်းကြီး ရေပန်းစားနေပေမဲ့ Islam Makhachev အတွက် တကယ့် မဟာပြိုင်ဘက်စစ်စစ်ဟာ Shavkat Rakhmonov ပဲ ဖြစ်တယ်ဆိုတာ သတိထားမိကြရဲ့လား
Shavkat ဟာ ၂၀၂၄ ဒီဇင်ဘာလနောက်ပိုင်း ကြိုးဝိုင်းနဲ့ ခေတ္တဝေးကွာနေခဲ့ပြီး ကိုယ်ရေးကိုယ်တာ အခက်အခဲအချို့ ကြုံတွေ့ခဲ့ရပေမဲ့ ဒီလို အခက်အခဲတွေကပဲ သူ့ကို ပိုမို သန်မာတဲ့ 'Nomad' တစ်ယောက်အဖြစ် ပြန်လာစေမှာ ဖြစ်ပါတယ်။
Islam vs Prates: Islam အနေနဲ့ Carlos Prates နဲ့ တွေ့ခဲ့ရင် သူ့ရဲ့ Elite Wrestling/Grappling စွမ်းရည်နဲ့ အနိုင်ယူသွားဖို့ ပိုများပါတယ်။
Islam vs Shavkat (The Dream Match): Shavkat ကတော့ Striking ရော Takedown Defense/Grappling ပါ အဆင်မြင့်မားလှတာကြောင့် Islam အတွက် သမိုင်းတစ်လျှောက် အခက်ခဲဆုံး ပွဲစဉ် ဖြစ်လာနိုင်ပါတယ်။
Shavkat သာ လာမယ့်နှစ်မှာ ပုံစံကောင်းနဲ့ ပြန်လာခဲ့ရင် Islam Makhachev နဲ့ Shavkat Rakhmonov တို့ရဲ့ မဟာပွဲစဉ်ကြီးကို မြင်တွေ့ရတော့မှာပါ။
Repost from Kham Fight News
"ပွဲနိုင်ချိန်မှာ တူတူအောင်ပွဲခံသလို... ကျဆုံးချိန်မှာလည်း အတူတူရှိနေပေးမယ့် ညီအစ်ကိုတွေ" 🥲❤️
UFC Freedom 250 (White House) ပွဲစဉ်ဟာ Alex Pereira နဲ့ Ilia Topuria တို့နှစ်ယောက်လုံးအတွက်တော့ အိပ်မက်ဆိုးတစ်ခု ဖြစ်ခဲ့ပါတယ်။
Topuria ဟာ Justin Gaethje ရဲ့ ထိုးချက်တွေကြောင့် ၄ အချီအပြီးမှာ သူ့ရဲ့ မရှုံးနိမ့်သေးတဲ့ စံချိန်ကျိုးပျက်ပြီး ခါးပတ် ဆုံးရှုံးခဲ့ရပါတယ်။
Alex Pereira ကလည်း Heavyweight တန်းတက်ပွဲမှာ Ciryl Gane ရဲ့ ဒုတိယအချီ TKO နဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
ဒါပေမဲ့ ကြိုးဝိုင်းထဲမှာ ဘယ်လိုပဲ ကျရှုံးခဲ့ပါစေ... ကြိုးဝိုင်းပြင်ပမှာတော့ သူတို့နှစ်ယောက်ဟာ အကောင်းဆုံး ညီအစ်ကိုတွေအဖြစ် အပြန်အလှန် ခွန်အားပေးနေကြဆဲပါပဲ။ 'အောင်ပွဲရချိန်မှာတင် မဟုတ်ဘဲ ခက်ခဲတဲ့အချိန်တွေမှာပါ အတူတူရှိနေပေးကြတဲ့ စစ်မှန်တဲ့ ဖိုက်တာတွေ' ဆိုပြီး ပရိသတ်တွေကလည်း လေးစားစွာနဲ့ အသိအမှတ်ပြုနေကြပါတယ်။ 🔥❤️
Repost from 𝐊𝐅𝐍 𝐋𝐢𝐯𝐞 𝟐
ဒါ့အပြင် Prates က အရပ်အမောင်း သာလွန်မှုကြောင့် Makhachev အတွက် Hooks သွင်းရခက်ခဲပုံကို အခုလို ဖြည့်စွက်ပြောဆိုခဲ့ပါတယ်
‘Garry က အရပ် အရမ်းရှည်တော့ Makhachev အတွက် Position ယူရတာ၊ Hooks တွေ သွင်းရတာ ခက်ခဲ့တယ်။ အဲဒီ နည်းဗျူဟာကို ငါတို့လည်း အဆင်ပြေအောင် အသုံးချလို့ ရတာကို တွေ့လိုက်ရတာပါ။ ဒီကောင်တော့ ငါနဲ့တွေ့ရင် ဒုက္ခတွေ့ပြီ... ငါ သူ့ကို မိအောင်
ပစ်ရိုက်မှာပါ.."
Repost from 𝐊𝐅𝐍 𝐋𝐢𝐯𝐞 𝟐
မာခါချက်ဗ့်ကတော့ ငါနဲ့တွေ့ရင် ဒုက္ခကောင်းကောင်းတွေ့တော့မယ်လို့ ကြုံးဝါးလာတဲ့ Carlos Prates
Welterweight တန်းရဲ့ ထိပ်တန်း တက်လူ Knockout ဖိုက်တာ Carlos Prates ကတော့ Gilbert Durinho နဲ့ အင်တာဗျူးမှာ P4P ဘုရင် Islam Makhachev ကို အနိုင်ယူဖို့ သူ့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ယုံကြည်မှု ပိုမို အားကောင်းလာရတဲ့ အကြောင်းအရင်းကို ပွင့်ပွင့်လင်းလင်း ပြောပြလာခဲ့ပါတယ်
Prates က Makhachev vs Garry ပွဲစဉ်အပေါ် သုံးသပ်ရင်း အခုလို ဆိုခဲ့တာပါ
‘အမှန်အတိုင်း ပြောရရင် ငါ့ရဲ့ ယုံကြည်မှုတွေ ပိုပြီးတောင် မြင့်တက်လာပါတယ်။ ငါတို့မှာ လေ့ကျင့်ဖို့ အချိန်တွေ ရှိတာအပြင် ပွဲထဲမှာ ငါတွေ့ခဲ့ရတာတွေကြောင့် Makhachev ကို နိုင်ဖို့ ဖြစ်နိုင်တယ်လို့ ငါပြောတာပါ။ Ian Garry က Cage ကို ကျောမှီပြီး Takedown တွေကို ကာကွယ်သွားတာ ငါအမြဲလုပ်နေကျ ပုံစံပါပဲ...’
Repost from Kham Fight News
ဒီနေ့ည Barcelona Vs Athletic Club ပွဲကြည့်ရန် link များ👇🏻👇🏻
( ပွဲချိန်မြန်မာစံတော်ချိန် မနက် ၁နာရီခွဲ ပါ)
1. https://socolivejj.tv/truc-tiep/barcelona-vs-athletic-bilbao-luc-0200-ngay-28-08-2026/
2. https://socolivesa.io/truc-tiep/fc-barcelona-vs-athletic-bilbao-luc-0200-ngay-28-08-2026-zrkn6i4woxgawql?houseId=33982309
3. https://www.camel1.tv/football/fc-barcelona-vs-athletic-club/dj2ryohl0nz3q1z
4. https://ppv.st/live/laliga/2026-08-27/bar-ath
5. https://halastream.st/soccer/barcelona-vs-athletic-club-live-stream
Repost from Kham Fight News
ဒီနေ့ည Chelsea Vs Luton ပွဲကြည့်ရန် link များ 👇🏻👇🏻
(ပွဲချိန် မြန်မာစံတော်ချိန် မနက် ၁ နာရီပါ)
1. https://socolivejj.tv/truc-tiep/chelsea-vs-luton-town-luc-0130-ngay-28-08-2026/
2. https://socolivesa.io/truc-tiep/celta-vigo-vs-osasuna-luc-0130-ngay-28-08-2026-l6kegi85vorbv75?houseId=99121525
3. https://www.camel1.tv/football/rc-celta-vs-ca-osasuna/l5ergph46n9kr8k
4. https://ppv.st/live/laliga/2026-08-27/cel-osa
Repost from 𝐊𝐅𝐍 𝐋𝐢𝐯𝐞 𝟐
ထိပ်တန်း ဂန္ထဝင်တွေနဲ့အတူ ဇယားထိပ်မှာ နေရာယူလိုက်တဲ့ မြန်မာ့ဂုဏ်ဆောင် ဂျိုရှူအာဗန် 🔥🇲🇲
UFC ရဲ့ လက်ရှိ အနိုင်ပွဲ ဆက်တိုက် ရရှိထားတဲ့ (Active Win Streaks) ဖိုက်တာများ စာရင်းမှာ မြန်မာ့ဂုဏ်ဆောင် ဖိုက်တာ Joshua Van က ၇ ပွဲဆက် အနိုင်စံချိန်နဲ့ ကမ္ဘာ့ အကောင်းဆုံး ဖိုက်တာတွေနဲ့အတူ တန်းတူ နေရာယူလာခဲ့ပါပြီ🔥
လက်ရှိ UFC ရဲ့ အနိုင်ပွဲဆက် စံချိန်ရှင်များ-
🥇 Islam Makhachev: 17 Wins
🥈 Carlos Ulberg: 10 Wins
🥉 Movsar Evloev: 10 Wins
🥊 Natalia Silva: 8 Wins
🇲🇲 Joshua Van: 7 Wins
🇪🇨 Michael Morales: 7 Wins
🇦🇫 Farid Basharat: 7 Wins
🇰🇿 Shavkat Rakhmonov: 7 Wins
Joshua Van ဟာ Shavkat Rakhmonov နဲ့ Michael Morales တို့လို အန္တရာယ်များတဲ့ တက်လူတွေနဲ့အတူ ၇ ပွဲဆက် အနိုင်ရလဒ်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်
လာမယ့် ပန်တိုဂျာနဲ့ ချန်ပီယံခါးပတ်ကာကွယ်ပွဲမှာ အနိုင်ရလဒ်နဲ့အတူ နောက်ထပ် စံချိန်ပေါင်းများစွာ သိမ်းပိုက်နိုင်ပါစေ ဗန်ရေ🇲🇲🔥
Repost from 𝐊𝐅𝐍 𝐋𝐢𝐯𝐞 𝟐
မာခါချက် Vs တိုပူရီးယားပွဲဖြစ်ရင် မာခါချက်နိုင်မယ်လို့ မဲပေးခဲ့ကြသူက 81% အထိတောင်များနေ🔥
UFC ရဲ့ Official YouTube Channel ကနေ ပြုလုပ်ခဲ့တဲ့ Islam Makhachev vs Ilia Topuria ဘယ်သူနိုင်မလဲဆိုတဲ့ စာမေးပွဲ (Poll) မှာတော့ မဲပေးသူ ၄ သိန်းခွဲကျော် (471k votes) ထဲက ၈၁% အထိ Makhachev ဘက်က မဲပေးခဲ့ကြပြီး Topuria ကတော့ ၁၉% ပဲ ရရှိခဲ့တာကို မြင်တွေ့လိုက်ရပါတယ်
ဒီ မဲခွဲမှု ရလဒ်နဲ့ ပတ်သက်ပြီး MMA ပရိသတ်တွေကြားမှာ ‘Ilia ရဲ့ Power ကို လျှော့တွက်တာလား’ ဆိုပြီး ငြင်းခုံနေကြတာပါ 🔥
ညီကိုတို့ရော ဘယ်လိုထင်ကြလဲ🤔
Repost from 𝐊𝐅𝐍 𝐋𝐢𝐯𝐞 𝟐
ငွေကြေးထက် သမိုင်းအမွေအနှစ်နဲ့ စံနမူနာကောင်းမှု (Legacy) ကို ပိုမို ဦးစားပေးခဲ့တဲ့ Khabib Nurmagomedov ရဲ့ ဒီ ရဲဝံ့တဲ့ ရပ်တည်ချက်အပေါ် ညီကိုတို့ရော ဘယ်လိုထင်မြင်ကြလဲ🤔
Repost from 𝐊𝐅𝐍 𝐋𝐢𝐯𝐞 𝟐
Khabib က Mayweather နဲ့ ဒေါ်လာ သန်း ၁၀၀ တန်ပွဲကို ဘာကြောင့် ငြင်းခဲ့တာလဲ?
UFC ရဲ့ ရှုံးပွဲမရှိ ဂန္ထဝင်ကြီး Khabib Nurmagomedov ကတော့ ဘောက်ဆင်ဂန္ထဝင် Floyd Mayweather နဲ့ ထိုးသတ်ခွင့်ရမယ့် ဒေါ်လာ သန်း ၁၀၀ တန် မဟာပွဲစဉ်ကို ဘာကြောင့် ငြင်းပယ်ခဲ့ရသလဲဆိုတာ ပရိသတ်တွေကို အခုလို ပွင့်ပွင့်လင်းလင်း ရှင်းပြလာခဲ့ပါတယ်
Khabib က New York မှာ ပြုလုပ်ခဲ့တဲ့ Q&A အစီအစဉ်မှာ အခုလို ဆိုခဲ့တာပါ
‘ဒါဟာ ငွေကြေးအတွက် ထိုးတဲ့ပွဲ (Money Fight) တစ်ခုပါ။ ဒါပေမဲ့ ငါက Legacy (သမိုင်းအမွေအနှစ်) ကို လေးစားတဲ့အတွက် ဒီလိုပွဲမျိုးကို ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး...’
ဒါ့အပြင် Khabib က Mayweather ရဲ့ စရိုက်နဲ့ ပတ်သက်ပြီး အခုလို ဖြည့်စွက်ပြောဆိုခဲ့ပါတယ်
‘Mayweather ကို လူတစ်ယောက်အနေနဲ့ ကြည့်မယ်ဆိုရင် ဘယ်သူမှ သူ့လို ဖြစ်ချင်ကြတာ မဟုတ်ပါဘူး။ Muhammad Ali ကိုပဲ ကြည့်လိုက်ပါ။ အခုချိန်မှာ Ali က ငါတို့နဲ့အတူ မရှိတော့ပေမဲ့ သူဟာ မွတ်ဆလင်တွေတင်မကဘဲ ကမ္ဘာပေါ်က သန်းပေါင်းများစွာသော လူတွေကို စိတ်ဓာတ်ခွန်အား ပေးနိုင်ခဲ့တာပါ...’
Repost from 𝐊𝐅𝐍 𝐋𝐢𝐯𝐞 𝟐
"အမေ ရဲစခန်းအပြင်မှာ တစ်ညလုံး ရပ်စောင့်နေတာ မြင်ပြီး ကျွန်တော့်ဘဝ ပြောင်းလဲသွားခဲ့တာ!" လို့ ရင်ထဲထိစရာ ထုတ်ဖော်ပြောပြလာခတဲ့ Joshua Van 🥺
မြန်မာ့ ဂုဏ်ဆောင်ဖိုက်တာလေး Joshua Van ကတော့ သူ့ရဲ့၁၇ နှစ်ပြည့် မွေးနေ့မှာ ကြုံတွေ့ခဲ့ရတဲ့ ဆိုးဝါးတဲ့ အဖြစ်အပျက်တစ်ခုဟာ သူ့ရဲ့ ဘဝလမ်းကြောင်းတစ်ခုလုံးကို အပြုသဘောဆောင်အောင် ပြောင်းလဲပေးခဲ့တဲ့ အဓိက အရာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်
Joshua Van က အဲဒီညက အဖြစ်အပျက်နဲ့ ပတ်သက်ပြီး အခုလို ဆိုခဲ့တာပါ
‘ကျွန်တော့်ရဲ့ ၁၇ နှစ်ပြည့် မွေးနေ့မှာ အဖမ်းခံရပြီး တရားစွဲဆိုခံခဲ့ရတယ်။ အမေကတော့ ရဲစခန်းအပြင်ဘက်မှာ သင်းအုပ်ဆရာနဲ့အတူ တစ်ညလုံး ရပ်ပြီး စောင့်နေခဲ့တာပါ။ အဲဒါကို မြင်လိုက်ရတဲ့အချိန်မှာ ငါ့ကြောင့် အမေ ဘယ်လောက်တောင် စိတ်ဆင်းရဲခဲ့ရလဲဆိုတာ သိလိုက်ရပြီး အကြီးမားဆုံး အသိတရား ရခဲ့တာပါ...’
အဲဒီအဖြစ်အပျက်အပြီးမှာတော့ Joshua Van ဟာ လမ်းမှားကနေ ရုန်းထွက်ပြီး MMA လေ့ကျင့်ရေးကို အပြင်းအထန် စတင်ခဲ့ကာ လက်ရှိ UFC မှာ အောင်မြင်တဲ့ ဖိုက်တာတစ်ဦးဖြစ်အောင် ကြိုးစားနိုင်ခဲ့တာ ဖြစ်ပါတယ်။🥰
Repost from Kham Fight News
ဇနီးဖြစ်သူနဲ့ကွာရှင်းမှုကနေတဆင့် အမေ့စကားကို နားထောင်ဖို့ သင်ခန်းစာရခဲ့တယ်လို့ ထုတ်ပြောလာတဲ့ တိုပူရီးယား
ကြိုးဝိုင်းထဲမှာ ပြိုင်ဘက်တွေကို အကြောက်အလန့်မရှိ ရင်ဆိုင်
တတ်တဲ့ UFC စတား Ilia Topuria ကတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝကွာရှင်းပြတ်စဲမှုကနေ သင်ယူခဲ့ရတဲ့ အကြီးမားဆုံး သင်ခန်းစာတစ်ခုကို ပရိသတ်တွေကို ရင်ဖွင့်လာခဲ့ပါပြီ
Topuria က မိခင်တစ်ယောက်ရဲ့ ကြိုတင်သိမြင်နိုင်စွမ်းနဲ့ ပတ်သက်ပြီး အခုလို လေးလေးနက်နက် ဆိုထားပါတယ်
‘ညီကိုတို့ ဒါကိုကြားရင် ရယ်ကောင်းရယ်ကြလိမ့်မယ်။ ဒါပေမဲ့ ငါ သင်ယူခဲ့ရတဲ့ အကြီးမားဆုံး သင်ခန်းစာကတော့... ငါ့အမေစကားကို နားထောင်ဖို့ပါပဲ။ ဘာလို့လဲဆိုတော့ အမေတွေမှာ ပင်ကိုယ်အသိစိတ် ရှိကြပြီး ငါတို့ မမြင်နိုင်တာတွေကို သူတို့က မြင်နိုင်ကြတယ်။ အမေက မင်းကို တစ်ခုခု မှားနေပြီလို့ ပြောလာရင်၊ မင်းအတွက် ဘယ်လောက်ပဲ မှန်ကန်နေတယ်လို့ ထင်ရပါစေ၊ အဲဒါက တကယ်ကို မှားနေတာပါပဲ။ အမေ့စကားကို နားထောင်ဖို့ ငါ သင်ယူခဲ့ရပါတယ်။ ချစ်တယ် အမေ...’
