Mr Fan Boy (Ash)
Открыть в Telegram
Больше
Страна не указанаКатегория не указана
5 252
Подписчики
+5424 часа
+1 5787 дней
+1 91430 дней
Архив постов
5 250
" Rental Love lab " (2026)
"အချစ်ကို နားမလည်တဲ့သူနဲ့ အချစ်ကို လုံးဝမယုံကြည်တဲ့သူနှစ်ယောက်ကြားက ဟန်ဆောင်အချစ်စမ်းသပ်မှု..."
Romance Drama ဇာတ်ကားကောင်းလေးတွေ၊ အထူးသဖြင့် ဇာတ်လမ်းကျစ်ကျစ်လျစ်လျစ်နဲ့ ရင်ခုန်စရာ Thai GL Series လေးတွေ မျှော်နေတဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ ကြည့်ရတာ ပေါ့ပေါ့ပါးပါးနဲ့ အသည်းယားစရာကောင်းမယ့် "Rental Love Lab" ဆိုတဲ့ Mini-Series အသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။
ကျွန်တော်တို့ရဲ့အချစ်တော်လေး Bmine ကလည်း ဒီစီးရီးလေးထဲမှာ ဝင်အားဖြည့်ထားပါသေးတယ်။
ဇာတ်လမ်းလေးကတော့ ဖောက်သည်တွေရဲ့ လိုအပ်ချက်မှန်သမျှကို အကုန်ဖြည့်ဆည်းပေးတဲ့ "Love Lab" ဆိုတဲ့ အေဂျင်စီလေးကနေ စတင်ပါတယ်။ ကလဲရ်ဆိုတာက အဲဒီအေဂျင်စီက တက်ကြွပြီး အလုပ်ကို သေသေချာချာ တိတိကျကျ လုပ်တတ်တဲ့ ရှယ်ယာရှင် ဝန်ထမ်းမလေးပေါ့။
တစ်နေ့ကျတော့ သူ့ဆီကို ထူးဆန်းတဲ့ အလုပ်အပ်နှံမှုတစ်ခု ရောက်လာပါတယ်။ အဲဒါကတော့ နာမည်ကြီး လျှို့ဝှက်ဆန်းကြယ် စုံထောက်ဝတ္ထုရေးဆရာမ အဲရစ်အတွက် "ချစ်သူအဖြစ် ဟန်ဆောင်ပေးရမယ့်" အလုပ်ပါပဲ။
အဲရစ်က သူ့ရဲ့ ဝတ္ထုအသစ်အတွက် ရိုမန်းတစ်ဆန်တဲ့ ဇာတ်ကွက်တွေရေးဖို့ အကြံဉာဏ်လိုနေတာကြောင့် Research လုပ်တဲ့အနေနဲ့ ကလဲရ်ကို ငှားရမ်းလိုက်တာပါ။
တစ်ယောက်က အချစ်ဆိုတာကို သေချာနားမလည်သေးသလို၊ နောက်တစ်ယောက်ကလည်း အချစ်ကို လုံးဝမယုံကြည်တဲ့သူ... ဒီလိုနဲ့ သူတို့နှစ်ယောက် ဝတ္ထုအတွက် ဟန်ဆောင်ချစ်သူတွေလုပ်ရင်း ရိုမန်းတစ်ဆန်တဲ့ အချစ်စမ်းသပ်မှုတွေ လုပ်ကြတဲ့အခါ…
ဟန်ဆောင်မှုတွေကြားကနေ တကယ်ပဲ သံယောဇဉ်တွေ တွယ်လာမလား... မျှော်လင့်မထားတဲ့ အချိန်မှာပဲ ဒီအချစ်စမ်းသပ်မှုကြီးကနေ တကယ့် အချစ်စစ် အချစ်မှန်ကြီး ပေါက်ဖွားလာမလားဆိုတာကို ရင်ခုန်လှိုက်မောစွာနဲ့ ကျွန်တော်တို့ Ash Channel မှာ ရှုစားလိုက်ပါဦး။
( ဇာတ်လမ်းအကျဉ်းကို Zicky မှရေးသားပေးထားပါတယ် )
Subtitle By - Zicky
Encode By - K
Ash Channel (Ash) မှဘာသာပြန်တင်ဆက်သည်။
#AshThai #RentalLoveLab
#Ash #AshTSeries
#BLGL_ASH
#AshOngoing2026
