ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဖိုးမှန်

ဖိုးမှန်

Открыть в Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

Больше
Страна не указанаКатегория не указана
4 429
Подписчики
-4224 часа
-2667 дней
-50630 дней
Архив постов
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တူဗားပြည်နယ်အကြီးအကဲနှင့် တွေ့ဆုံ၊ စိုက်ပျိုးမွေးမြူရေး၊ သယံဇာတ၊ ဘာသာရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားကဏ္ဍ အပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆွေးနွေး ■ မြန်မာ–တူဗား ပူးပေါင်းဆောင်ရွက်ရေး တူဗားပြည်နယ်သည် တွင်းထွက်သယံဇာတနှင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ အားကောင်းသည့် ဒေသဖြစ်ပြီး မြန်မာနိုင်ငံနှင့် အလားတူ အရင်းအမြစ်နှင့် စီးပွားရေးအခြေခံများရှိသဖြင့် လက်တွေ့ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများ။ မြန်မာ–ရုရှား ဗဟိုအစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ပြည်နယ်နှင့် ဒေသအချင်းချင်း ဆက်ဆံရေး ကိုပါ အရှိန်မြှင့်တင်သွားရန်။ ■ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍ တူဗားပြည်နယ်တွင် နေထိုင်သူအများစုမှာ တိဘက်ဗုဒ္ဓဘာသာ ကို ကိုးကွယ်ကြပြီး မြန်မာနိုင်ငံနှင့် ဘာသာရေးဆိုင်ရာ နီးစပ်မှုရှိကြောင်းနှင့် ဘာသာရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး၊ ဘုရားဖူးခရီးစဉ်နှင့် ခရီးသွားလုပ်ငန်းများ အပြန်အလှန် မြှင့်တင်နိုင်ရေး။ ပညာရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုတိုးတက်လာစေရေး ပူးပေါင်းဆောင်ရွက်ရန်။ ■ မြန်မာ–ရုရှား ဆက်ဆံရေး မြန်မာနှင့် ရုရှားသည် ယုံကြည်စိတ်ချရသည့် မိတ်ဆွေရင်းနိုင်ငံများ ဖြစ်ပြီး ပထဝီအနေအထားအရ အလှမ်းကွာဝေးသော်လည်း သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ရှည်လျားကောင်းမွန်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီး လက်ရှိကာလသည် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ရန် အကောင်းဆုံးအခြေအနေသို့ ရောက်ရှိနေကြောင်း။ ■ တူဗားပြည်နယ်၏ အလားအလာ တူဗားပြည်နယ်အကြီးအကဲက ပြည်နယ်၏ သမိုင်းကြောင်း၊ ဒေသဆိုင်ရာအခြေအနေ၊ စိုက်ပျိုးမွေးမြူရေးနှင့် တွင်းထွက်ပစ္စည်းထုတ်လုပ်မှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထိုအပြင် မြန်မာနိုင်ငံနှင့် ဘာသာရေး၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် ခရီးသွားကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လိုကြောင်း ရင်းရင်းနှီးနှီး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Tuva ပြည်နယ် အကြီးအကဲနှင့် အလုပ်သဘော တွေ့ဆုံဆွေးနွေး https://t.me/phoehmann007 #ဖိုးမှန်
+8
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် Tuva ပြည်နယ် အကြီးအကဲနှင့် အလုပ်သဘော တွေ့ဆုံဆွေးနွေး https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ
+3
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ဘယ်လာရုစ် သမ္မနိုင်ငံမှ ပြန်လည်ထွက်ခွာ၊ ရုရှားဖက်ဒရေးရှင်နိုင်ငံ ကီဇီးလ် မြို့သို့ရောက်ရှိ တူဗားပြည်နယ် အကြီးအကဲ မစ္စတာ ဗလာဒီစလပ် ခိုဗာလစ်ဂ်နှင့် ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူ များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်နှင့် တာဝန်ရှိသူများက လေဆိပ်တွင်ရင်းနှီးနွေးထွေးစွာဖြင့် ကြိုဆိုနှတ်ဆက်ခဲ့ကြ။ https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့် အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဦးဆောင်သည့် မြန်မာအဆင့်မြင့် အဖွဲ့သည် ဘယ်လာရုစ်သမ္မတနိုင်ငံ တရားဝင်ခရီးစဉ်အပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ တူဗာပြည်နယ်သို့ ထွက်ခွာ သြဂုတ် ၂၂ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တူဗာပြည်နယ်သို့ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့။ နိုင်ငံတော်သမ္မတနှင့် အဖွဲ့အား မင့်စ်မြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဘယ်လာရုစ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. Mr. Viktor Karankevich နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး၊ ဘယ်လာရုစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ မိသားစုဝင်များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြ။ https://t.me/phoehmann007 #ဖိုးမှန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံပြီး 🔹 နယ်စပ်ဖြ
+1
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံပြီး 🔹 နယ်စပ်ဖြတ်ကျော်မှုခင်းဆိုင်ရာကိစ္စရပ်များနှင့် 🔹 လက်နက်ခဲယမ်းမှောင်ခိုရောင်းဝယ်မှုများကို ပူးပေါင်းထိန်းသိမ်းတိုက်ဖျက်ဆောင်ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေး https://t.me/phoehmann007 #ဖိုးမှန်

တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ကောင်းမွန်သည်ထက် ကောင်းမွန်အောင် မိမိအနေဖြင့် ကြိုးပမ်းဆောင်ရွက်သ
+1
တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ကောင်းမွန်သည်ထက် ကောင်းမွန်အောင် မိမိအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြား ============================ 🔹 ယခုကျင်းပသည့် တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများကော်မတီ အစည်းအဝေးမှတစ်ဆင့် မိမိတို့တပ်မတော်နှစ်ရပ်အကြား အပြန်အလှန် နားလည်ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို ပိုမိုခိုင်မာအားကောင်းလာစေရန် တည်ဆောက်နိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်ပါကြောင်း၊ 🔹 တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ကောင်းမွန်သည်ထက် ကောင်းမွန်အောင် မိမိအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်း (၉)ကြိမ်မြောက် ထိုင်း- မြန်မာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(9th Thailand- Myanmar High Level Committee Meeting) မှ ကောက်နုတ်ချက် https://t.me/phoehmann007 #ဖိုးမှန်

ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၆) | ရုရှားနိုင်ငံ၊ တူဗာပြည်နယ်၊ ကီဇီးလ် မြို့သို့ ရောက်ရှိ https://t.me/phoehmann007 #ဖိုးမှန်

+5
23.8.2026 ရက်နေ့သတင်းစာများ https://t.me/phoehmann007 #ဖိုးမှန်

ရေခြားမြေခြားက သတင်းစကားများ | အပိုင်း(၅) ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ၏ ဩဂုတ် ၂၁ ရက်နေ့ ခရီးစဉ်အတွင်း ဆောင်ရွက်ခဲ့သည့် အရေးပါသော တွေ့ဆုံဆွေးနွေးမှုများ၊ နှစ်နိုင်ငံသဘောတူညီချက်များနှင့် သံတမန်ရေးရာဆိုင်ရာ လှုပ်ရှားမှုများကို စုစည်းတင်ဆက်ထားပါသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ စစ်သံရုံးရှိ ဝန်ထမ်းများနှင့် သင်တန်းသားများအားတွေ့ဆုံအမှာစကားပြောကြား။ https://t.me/phoehmann007 #ဖိုးမှန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ 🔸မြဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညို၊ 🔸ထိုင်းဘုရင့်တပ်မတော်(လေ) အမျိုးသားလေကြောင်း ထိန်းသိမ်းမှု ပြတိုက် 🔸ထိုင်းဘုရင့်တပ်မတော်ဖွံ့ဖြိုးရေးဌာနချုပ်သို့ သွားရောက်လေ့လာသည်။

ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုက နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို 🇲🇲🤝🇧🇾 https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန
+6
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ သင်တန်းသားများအား တွေ့ဆုံ၍ ဩဝါဒစကားပြောကြား ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့ ဩဂုတ် ၂၁ ရက် ဒေသစံတော်ချိန် ညပိုင်းတွင် ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ သင်တန်းသားများအား ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့၌ တွေ့ဆုံ၍ ဩဝါဒစကား ပြောကြားသည်။ အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ၊ သင်တန်းသားများ တက်ရောက်ကြသည်။ https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးဖွင့်လှစ်ပွဲ အ
+5
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက် https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးဖွင့်လှစ်ပွဲ အ
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးဖွင့်လှစ်ပွဲ အခမ်းအနားသို့ တက်ရောက် https://t.me/phoehmann007 #ဖိုးမှန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌတို့
+7
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌနှင့် အထက်လွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေး ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor Sergeyenko နှင့် အထက်လွှတ်တော်ဥက္ကဋ္ဌ H.E. Ms. Natalya Kochanova တို့နှင့် ယနေ့ သြဂုတ် ၂၁ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံလွှတ်တော်၌ တွေ့ဆုံဆွေးနွေးသည်။ https://t.me/phoehmann007 #ဖိုးမှန်

+6
22.8.2026 ရက်နေ့သတင်းစာများ https://t.me/phoehmann007 #ဖိုးမှန်

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်
+3
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ်

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွ
+9
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးလဲလှယ် မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်းကို ယနေ့ ဩဂုတ် ၂၁ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော်၌ ပြုလုပ်ခဲ့သည်။ နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် ၉ ခုတို့ကို  နှစ်နိုင်ငံ ကဏ္ဍအလိုက် တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့၏ နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံပွဲကျင်းပ နေပြည်တော်၊ ဩဂုတ် ၂၁ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံတော်အ
+5
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံပွဲကျင်းပ နေပြည်တော်၊ ဩဂုတ် ၂၁ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ ဒေသစံတော်ချိန် နေ့လယ် ၁၁ နာရီ ၅၀ မိနစ်တွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုတို့ တက်ရောက်ဆွေးနွေးကြသည်။ ဆွေးနွေးပွဲတွင်- ■ မြန်မာ–ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှု လမ်းပြမြေပုံ (၂၀၂၆–၂၀၂၈) ကို ဆက်လက်အကောင်အထည်ဖော်ရေး  ■ ကာကွယ်ရေးနှင့် လုံခြုံရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ■ အာကာသနည်းပညာ၊ ပညာရေးနှင့် လူငယ်၊ ဘဏ္ဍာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ။