ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

ဖိုးမှန်

ဖိုးမှန်

Открыть в Telegram

ဘက်စုံ ကဏ္ဍစုံ သတင်းချန်နယ်

Больше
Страна не указанаКатегория не указана
4 704
Подписчики
-1124 часа
-507 дней
-30630 дней
Архив постов
လှိင်သာယာမြိုနယ်တွင် ယာဉ်မောင်းကိုဓားဖြင့်ထိုးသတ်ပြီး ကျပ်သိန်း ၈ဝဝ လုယက်ယူဆောင်သွားသူအား ဖမ်းဆီးရမိ ရန်ကုန်တိုင်းဒေသကြီး၊ လှ
လှိင်သာယာမြိုနယ်တွင် ယာဉ်မောင်းကိုဓားဖြင့်ထိုးသတ်ပြီး ကျပ်သိန်း ၈ဝဝ လုယက်ယူဆောင်သွားသူအား ဖမ်းဆီးရမိ ရန်ကုန်တိုင်းဒေသကြီး၊ လှိင်သာယာ (အရှေ့ပိုင်း) မြိုနယ်တွင် ယာဉ်မောင်းကိုဓားဖြင့် ထိုးသတ်ပြီး ကျပ်သိန်း ၈ဝဝ လုယက်ယူဆောင်သွားသူအား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲမှ သိရသည်။

ဂျပန်ဝန်ကြီးချုပ်အား သင့်တော်သည့်လေးစားမှုကို ပြသရန် တရုတ်ကို ဂျပန် သတိပေး ဂျပန်ဝန်ကြီးချုပ်အား သင့်တော်သည့် လေးစားမှုကို ပြသ
ဂျပန်ဝန်ကြီးချုပ်အား သင့်တော်သည့်လေးစားမှုကို ပြသရန် တရုတ်ကို ဂျပန် သတိပေး ဂျပန်ဝန်ကြီးချုပ်အား သင့်တော်သည့် လေးစားမှုကို ပြသရန် တရုတ်ကို ဂျပန်က သတိပေးခဲ့သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ကော်ကျားကွမ်က ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ၏ အမည်ရှေ့တွင် ဝန်ကြီးချုပ်ဟူသည့် ရာထူးဂုဏ်ပုဒ်ကို ထည့်သွင်းခေါ်ဆိုခြင်းမရှိဘဲ အမည်ကို တိုက်ရိုက် သုံးနှုန်းခေါ်ဆိုခဲ့မှုအတွက် ဂျပန်က ယခုကဲ့သို သတိပေးလိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့်လ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကော်က ဂျပန်ဝန်ကြီးချုပ်၏ အမည်ကို ရာထူးဂုဏ်ပုဒ်မပါဘဲ ဆာနာအဲ တာကာအီချီဟုသာ ခေါ်ဆိုခဲ့သည့်အပေါ် အထူးဂရုပြုမိကြောင်း ဂျပန်အစိုးရက တရုတ်အစိုးရကို အကြောင်းကြားခဲ့သည်ဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တိုရှီဟိရို ခိတာမူရာက အောက်တိုဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။

ပြည်သူ့လွှတ်တော်ကော်မတီများ လုပ်ငန်းထိရောက်မှုမြှင့်တင်ရန် ဥက္ကဋ္ဌ ဦးခင်ရီမှာကြား 𝙊𝘾𝙏~𝟖 တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ဥပဒေ
ပြည်သူ့လွှတ်တော်ကော်မတီများ လုပ်ငန်းထိရောက်မှုမြှင့်တင်ရန် ဥက္ကဋ္ဌ ဦးခင်ရီမှာကြား 𝙊𝘾𝙏~𝟖 တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးအတွက် ကော်မတီများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် စဉ်ဆက်မပြတ်လေ့လာစိစစ်ခြင်း၊ သက်ဆိုင်ရာအဖွဲအစည်းများနှင့် ပူးပေါင်းညှိနှိင်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများကို KPI ဖြင့် အကဲဖြတ်ခြင်းတို ဆောင်ရွက်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက မှာကြားသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများနှင့်အတူ လုပ်ငန်းညှိနှိင်းအစည်းအဝေး (၂/၂၀၂၆) ကို အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော် (C) ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အမေရိကန်တွေရဲ့ကူဝိတ်က စစ်စခန်းကို စွန့်ခွာခဲ့ရတယ်လို ဆို အောက်တိုဘာ - ၈ ( ကြာသပတေးနေ့ ) အမေရိကန်
အီရန်ရဲ့တိုက်ခိုက်မှုကြောင့် အမေရိကန်တွေရဲ့ကူဝိတ်က စစ်စခန်းကို စွန့်ခွာခဲ့ရတယ်လို ဆို အောက်တိုဘာ - ၈ ( ကြာသပတေးနေ့ ) အမေရိကန်-အစ္စရေးနဲ့ အီရန်တို စစ်စဖြစ်တဲ့ ကာလအတွင်းမှာ အီရန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကူဝိတ်မှာရှိတဲ့ အမေရိကန်ရဲ့ အဓိက စစ်စခန်းကြီးတစ်ခုက အမေရိကန်တပ်ဖွဲဝင်တွေ တကယ်ပဲ စခန်းစွန့်ခွာခဲ့ရတယ်လို CBS News က ရရှိထားတဲ့ ရုပ်သံမှတ်တမ်းအသစ်တွေနဲ့ အမေရိကန် စစ်သည်တွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်တို့ နှစ်နိုင်ငံပူးတွဲသတင်းစာရှင်းလင်းပွဲ
+6
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်တို့ နှစ်နိုင်ငံပူးတွဲသတင်းစာရှင်းလင်းပွဲသို့ တက်ရောက် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်  ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံသို တရားဝင်ခရီးစဉ်(Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတိုဆရီ အန်နဝါ ဘင် အီဘရာဟင် တို့သည် ယနေ့ အောက်တိုဘာ ၈ ရက်နံနက်ပိုင်းတွင် ကွာလာလမ်ပူမြို့ရှိ မလေးရှားဝန်ကြီးချုပ်ရုံး၌ ပြုလုပ်သည့် နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲသို့တက်ရောက်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် တို့ သည်မလေးရှားဝန်ကြီးချ
+5
နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်  ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် တို့ သည်မလေးရှားဝန်ကြီးချုပ်ရုံး၌ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေး နေပြည်တော်၊ အောက်တိုဘာ - ၈ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်  ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် ၏ ဖိတ်ကြား ချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံဝန်ကြီးချုပ် က ကွာလာလမ်ပူမြို့ရှိ မလေးရှား ဝန်ကြီးချုပ်ရုံး၌ နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးသည်။ #ဖိုးမှန် သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇 https://t.me/phoehmann007  ကို Join ထားပေးပါ။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် က ဂုဏ်ပြုကြိုဆို နေပြည်တော်
+6
နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် အား မလေးရှားနိုင်ငံ ဝန်ကြီးချုပ်  ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် က ဂုဏ်ပြုကြိုဆို နေပြည်တော်၊ အောက်တိုဘာ - ၈ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်  ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင် ၏ ဖိတ်ကြား ချက်အရ မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံဝန်ကြီးချုပ်က ကွာလာလမ်ပူမြိုရှိ မလေးရှား ဝန်ကြီးချုပ်ရုံး၌ ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုသည်။ ဦးစွာ အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို နိုင်ငံတော်သမ္မတ ရောက်ရှိလာရာ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်က လှိုက်လှဲနွေးထွေးစွာ ကြိုဆိုသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်တို့သည် အလေးပြုခံစင်မြင့်ထက်တွင် တက်ရောက်နေရာယူကြပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော် သီချင်းများဖြင့် တီးမှုတ် ဂုဏ်ပြုအလေးပြုခြင်းကိုခံယူသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ တရားဝင်ခရီးစဉ် (ပထမရက်) ရုပ်သံမှတ်တမ်း

လက်ချင်းယှက်ထား မြန်မာ-မလေးရှား ခရီးစဉ်ပထမရက်အတွင်း ဆောင်ရွက်မှုများ 🔹 မလေးရှားနိုင်ငံသို့ ရောက်ရှိရာတွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆို 🔹 Myanmar-Malaysia High Level Business Dialogue 2026 သို့ တက်ရောက်၍ မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကို ဆွေးနွေးပြောကြား 🔹 မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များအား တွေ့ဆုံ၍ အမှာစကားပြောကြား 🤝 မြန်မာ-မလေးရှား နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ  ပိုမိုတိုးမြှင့် နိုင်ရေးအတွက် ခရီးစဉ်အတွင်း အရေးပါသည့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက် လျက်ရှိ သည်။ #ဖိုးမှန် သတင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိလိုပါက👇👇👇 https://t.me/phoehmann007  ကို Join ထားပေးပါ။

MYANMAR - MALAYSIA HIGH LEVEL BUSINESS DIALOGUE 2026 Today on October 7, Myanmar -Malaysia High Level Business Dialogue was held at Intercontinental Kuala Lumpur Hotel in Kuala Lumpur, Malaysia and it was attended by President U Min Aung Hlaing , who is currently on his Official Visit to Malaysia.

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံ သို့ရောက်ရှိ၊ မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ (Myanmar-Malaysia High Level Business Dialogue 2026)သို့ တက်ရောက်ဆွေးနွေးပြောကြားသည့် မှတ်တမ်း

မြန်မာ-မလေးရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ဒေသတွင်းဈေးကွက်ချိတ်ဆက်ရေး ပူးပေါ
မြန်မာ-မလေးရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပြီး တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ဒေသတွင်းဈေးကွက်ချိတ်ဆက်ရေး ပူးပေါင်းဆောင်ရွက်ရန် သမ္မတ ဦးမင်းအောင်လှိင် တိုက်တွန်း 𝙊𝘾𝙏~𝟖 မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ပြီး နှစ်နိုင်ငံ၏ အားသာချက်များကို ပေါင်းစပ်ကာ တန်ဖိုးမြှင့်ထုတ်လုပ်မှုနှင့် ဒေသတွင်း Supply Chain ချိတ်ဆက်မှုများ ဖော်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က တိုက်တွန်းပြောကြားခဲ့သည်။

+6
၈-၁၀-၂၀၂၆ ရက်နေ့ထုတ် သတင်းစာများ

မြန်မာ-မလေးရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေး နှစ်နိုင်ငံဘဏ်များကြား ချိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်ရန် နိ
မြန်မာ-မလေးရှား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေး နှစ်နိုင်ငံဘဏ်များကြား ချိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်ရန် နိုင်ငံတော်သမ္မတ ပြောကြား မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတိုအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် နှစ်နိုင်ငံဘဏ်များကြား ချိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်ခြင်း၊ နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုနှင့် ငွေရှင်းစနစ်များ ဖွံဖြိုးတိုးတက်စေခြင်းတိုကို ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတသည် ယနေ့ အောက်တိုဘာ ၇ ရက် မွန်းလွဲပိုင်းတွင် ကျင်းပသည့် မြန်မာ-မလေးရှား နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ၌ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ဘဏ္ဍာရေးဝန်ဆောင်မှုကဏ္ဍ၏ အရေးပါမှုနှင့်ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြင်သစ်နဲ့ ဂျာမနီကတော့ တရုတ်ကို ဖိအားပေးဖိုအတွက် ပြင်ဆင်နေကြပြီ အောက်တိုဘာ - ၇ ( ဗုဒ္ဓဟူးနေ့ ) ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတိုဟာ
ပြင်သစ်နဲ့ ဂျာမနီကတော့ တရုတ်ကို ဖိအားပေးဖိုအတွက် ပြင်ဆင်နေကြပြီ အောက်တိုဘာ - ၇ ( ဗုဒ္ဓဟူးနေ့ ) ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတိုဟာ နိုင်ငံခြား တိုင်းပြည်တွေကို ဥရောပသမဂ္ဂ (အီးယူ) ဈေးကွက်ထဲကနေ လျင်မြန်စွာ ပိတ်ပင်တားဆီးနိုင်မယ့် လုပ်ပိုင်ခွင့်အသစ်တွေ ဖန်တီးပေးဖို နဲ့ တရုတ်နိုင်ငံအပေါ် ပိုမိုတင်းကြပ်တဲ့ သဘောထားမျိုး ကိုင်စွဲဖို ဘရပ်ဆဲလ် (အီးယူ ဌာနချုပ်) ကို ဖိအားပေး တောင်းဆိုနေကြပါတယ်။ ဒီအဆိုပြုချက်ဟာ ဘေကျင်းနဲ့ ဆွေးနွေးပွဲတွေ မပြုလုပ်မီ အီးယူ ဘက်က ရပ်တည်ချက် ပိုမိုခိုင်မာ လာစေဖို ထိရောက်စွာ တွန်းအားပေးလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ဈေးကွက်အပေါ် ဂျာမန်စီးပွားရေးလုပ်ငန်းတွေ မှီခိုနေရတာကြောင့် တရုတ်အပေါ် ကန့်သတ်ချက်တွေ ပြုလုပ်ဖို ကိစ္စမှာ ပြင်သစ်ထက် အမြဲ ပိုမိုသတိထားလေ့ရှိတဲ့ ဂျာမနီနိုင်ငံရဲ့ မူဝါဒ အပြောင်းအလဲတစ်ခုကိုလည်း ပြသနေတာပါ။

ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား
ရွှေကုက္ကိုလ်နယ်မြေ ဒုတိယပိုင်းအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဆက်လက်ဖြိုချဖျက်ဆီး နေပြည်တော်၊ အောက်တိုဘာလ ၇ နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိကာ ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့် လည်း ပေါင်းစပ်ညှိနှိင်း၍ နိုင်ငံအတွင်းလုံးဝအခြေမချနိုင်သည်အထိ ထိထိရောက်ရောက် ရှာဖွေစစ်ဆေးနှိမ်နင်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ KK Park နယ်မြေအတွင်းရှိအွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် တရားမဝင်အဆောက် အအုံများအား အပိုင်း ၃ပိုင်းခွဲ၍ စနစ်တကျဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီ ၉ ရက်တွင် ရာနှုန်းပြည့် ဖြိုချဖျက်ဆီးခဲ့ပြီးဖြစ်သည်။

DPLA နှင့် KNPP အမည်ခံအဖွဲဝင် ၄၈ ဦး ဥပဒေဘောင်အတွင်းသို ပြန်လည်ဝင်ရောက်လာ နေပြည်တော်၊ အောက်တိုဘာ ၇ တပ်မတော်အနေဖြင့် နိုင်ငံတော
DPLA နှင့် KNPP အမည်ခံအဖွဲဝင် ၄၈ ဦး ဥပဒေဘောင်အတွင်းသို ပြန်လည်ဝင်ရောက်လာ နေပြည်တော်၊ အောက်တိုဘာ ၇ တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အစဉ်တစ်စိုက် အလေး ထား ဆောင်ရွက်လျက်ရှိသည်နှင့်အညီ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter Terrorism Operation)များတွင် အောင်မြင်မှုများရရှိကာ အကြမ်းဖက် သောင်းကျန်း သူများ ယာယီထိန်းချုပ်ထားသည့် နယ်မြေများအား အပြီးတိုင်ပြန် လည်ထိန်းချုပ်နိုင်ခဲ့မှု များအပေါ် ဒေသခံတိုင်းရင်းသား ပြည်သူများအနေဖြင့် ဝမ်းသာအားရ ကြိုဆိုထောက်ခံ လျက်ရှိကြပြီး စိတ်အားထက်သန်စွာ အားပေးထောက်ခံမှုများ၊ ယုံကြည်အားကိုးမှု များဖြင့် တပ်မတော်နှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်လာခဲ့ခြင်းများကြောင့် လက်နက်ကိုင် အကြမ်းဖက်အဖွဲဝင်များအနေဖြင့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည် သဘောပေါက်လာကြကာ နီးစပ်ရာနယ်မြေခံတပ်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲများထံ လာရောက်သတင်းပိုပြီး ဥပဒေဘောင်အတွင်းသို ပြန်လည်ဝင်ရောက်လျက်ရှိကြသည်။

မလေးရှားနိုင်ငံ၏ ခရီးသွားကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု ယခုနှစ်တွင် မလေးရှားနိုင်ငံ၏ ခ
မလေးရှားနိုင်ငံ၏ ခရီးသွားကဏ္ဍ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု ယခုနှစ်တွင် မလေးရှားနိုင်ငံ၏ ခရီးသွားဧည့်သည်ဝင်ရောက်မှုမှာ ယခင်ထက် ၃ ဆခန့် အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့ပါသည်။ မြိုတွင်းရှိ ကြော်ငြာဘုတ်ကြီးများတွင် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကြော်ငြာများ ပြည့်နှက်နေခြင်းကလည်း တိုင်းပြည်၏ စီးပွားရေးနှင့် ခရီးသွားကဏ္ဍ ဦးမော့ လန်းဆန်းလာမှုကို ထင်ရှားစွာ ပြသနေပါသည်။ ခရီးသွားများ ပိုမိုဆွဲဆောင်နိုင်ခဲ့သည့် အဓိကအကြောင်းအရင်းများတွင် F1 (Formula One) ပြိုင်ပွဲများ နှင့် ဆီးဂိမ်း (SEA Games) အားကစားပြိုင်ပွဲကြီးများ ကဲ့သိုသော နိုင်ငံတကာအဆင့်မီ ပွဲစဉ်ကြီးများကို အောင်မြင်စွာ ကျင်းပနေခြင်းကလည်း အရေးပါသော ကဏ္ဍမှ ပါဝင်ခဲ့ပါသည်။

ပြင်သစ်ဒုံးကျည်စမ်းသပ်မှုက ဥရောပ၏စစ်ရေးတည်ဆောက်မှုကို သက်သေပြနေသည်ဟု ရုရှားဝေဖန် နျူကလီးယားလက်နက်သယ်ဆောင်နိုင်စွမ်းရှိသောဒုံး
ပြင်သစ်ဒုံးကျည်စမ်းသပ်မှုက ဥရောပ၏စစ်ရေးတည်ဆောက်မှုကို သက်သေပြနေသည်ဟု ရုရှားဝေဖန် နျူကလီးယားလက်နက်သယ်ဆောင်နိုင်စွမ်းရှိသောဒုံးကျည်ကို ပြင်သစ်၏စမ်းသပ်ပစ်လွှတ်မှုက ဥရောပ၏စစ်ရေးတည် ဆောက်မှုကိုသက်သေပြနေသည်ဟု အောက်တိုဘာ ၇ ရက်တွင် ကရင်မလင်က ပြောကြားခဲ့ပြီး ရုရှားက အခြေအနေကို အနီးကပ်စောင့်ကြည့်နေသည်ဟု ဖြည့် စွက်ပြောကြားခဲ့သည်။ စမ်းသပ်မှုသည် ပြင်သစ်အနောက်ဘက် ကမ်းရိုးတန်းအလွန်တွင် အောက်တိုဘာ ၆ ရက်က ပြုလုပ်ခြင်းဖြစ်သည်ဟု ပြင်သစ်ကာ ကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မြောက်ဒဂုံမြိုနယ်တွင် အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်ကို ဓားဖြင့်ထိုးခုတ်ပြီး ပစ္စည်းယူ လူသတ်ခဲ့သူ သုံးဦးကို ဖမ်းဆီးရမိ မြောက်
မြောက်ဒဂုံမြိုနယ်တွင် အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်ကို ဓားဖြင့်ထိုးခုတ်ပြီး ပစ္စည်းယူ လူသတ်ခဲ့သူ သုံးဦးကို ဖမ်းဆီးရမိ မြောက်ဒဂုံမြိုနယ်တွင် အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်ကို ဓားဖြင့်ထိုးခုတ်ပြီး ပစ္စည်းယူ လူသတ်ခဲ့သူ သုံးဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲထံမှ သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(မြောက်ပိုင်း)မြိုနယ်၊အမှတ်(၄၂)ရပ်ကွက်၊ ဦးဝိစာရလမ်းရှိ စိတ်တိုင်းကျ အိမ်ဆောက်ပစ္စည်းဆိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။