Nadi Aya Farm
Открыть в Telegram
မျိုးရိုးစစ်မှန်သော တိုက်ကြက်များကိုသာရောင်းချပေးပါသည်။ 09 757 254 269
БольшеСтрана не указанаКатегория не указана
451
Подписчики
+424 часа
+597 дней
+6030 день
Архив постов
သတိရတယ်ငါ့သားရယ်။
ငွေကြေးတစ်ခုတည်းအတွက်မင်းကိုရောင်းခဲ့တာမဟုတ်ဘူး
ခင်မင်မှုတစ်ခုအရသာရောင်းခဲ့တာ။ကြက်ကြော်တွေဘဲရွေးစားတဲ့ငါ့သားကြီး။
ကောင်းရာမွန်ရာရောက်ပါစေငါ့သားကြီး။
Photo ဟောင်းလေးပြန်ကြည့်ရင်းအလွမ်းပြေ ။
Yellow Flash
ဒီမဂိုလေး ရန်ကုန်မှာနာမည်ကြီးဦးမယ်။
ရန်ကုန်ပို့တာ ရက်ပိုင်းဘဲရှိသေးတယ် ဝယ်တဲ့ချစ်ကိုကြီး
ခြေစခြေနသိအောင်ပုတ်ကြည့်
လိုက်တာ သူနဲ့ပုတ်တဲ့ကြက် အကြောတွေအတီးခံရတာ
ကုမရလို့ချက်စားလိုက်ရတယ်။
15မိနစ်ဘဲကြာတယ်။
2ပုံးနဲ့ရောင်းထားတာ ခု6ပုံးလာ
ပေးတယ် မရောင်းဘူးတဲ့။
ကျွန်တော်ရေးသားတင်ပြသမျှ အရာအားလုံးသည် ကိုယ်တိုင်လုပ်ကိုယ်တိုင်စမ်း စိတ်တိုင်းကျမှ ပြန်လည်မျှဝေခြင်းသာဖြစ်သည်။
အမြင်မတူသူအချို့အားပြန်လည်ငြင်းခုံနေမည်မဟုတ်ပါ။
ကျွန်တော်လည်း လေ့လာမိသလောက် ကြိုက်ရင်လုပ်တယ် မကြိုက်ရင်အသာနေလိုက်တယ်။
အဘယ့်ကြောင့်များ ကျွန်တော့်ကိုရန်သူလိုသဘောထားနေပါလိမ့်။
ကြက်ပြင်နည်း
တိုက်ကြက်တွေဝိုင်းဆင်းရန်ပြင်ဆင်ရာမှာ ကျွေးသားမွေးသား ကျွေးမွေးပုံအပိုင်းကိုတင်ပြထားသော်ငြားလည်း ပြင်ဆင်ပုံကိုဆက်လက်မတင်ပြလျင်ဆားမပါသောဟင်းကဲ့သို့ပေါ့ပျက်ပျက်ဖြစ်နေပေလိမ့်မည်။ယခုလက်ရှိဖော်ပြပေးမှာကတော့ ကျွန်တော်လက်ရှိနေ့စဉ်ပြင်ဆင်နေတဲ့နည်းလမ်းလေးကိုဘဲဖော်ပြပေးလိုက်ပါ့မယ်။
ချွင်းချက်အနေနဲ့ကတော့ တိုက်ကြက်နဲ့ပါတ်သတ်တဲ့ဆေးဝါး ကုန်ကျစရိတ်တော့များပါမယ်။
1-ပထမဆုံးပြင်မယ့်ကြက်ကိုသံအရင်ချတယ်
ကြက်အနေအထားပေါ်မူတည်ပြီး 1လ 1ခါ သံများရင် 2ခါ
2- မနက်မိုးလင်း အိပ်တန်းဆင်းတာနဲ့ အရင်ဆုံးချွဲကျပ်ပေးတယ်
3-ရေဇလုပ်တစ်ဝက်တိုက်ပြီး Pama lab 1လုံးတိုက်တယ်
4-နေရောင်နုနုမှာ ခြင်းအုပ်ရင်အုပ် မဟုတ်ရင်ကြိုးထောက် နာရီဝက်လောက် ရေချေးတည်တယ်
5-အဟာရဖြည့်တင်းတဲ့အနေနဲ့အသီးအရွက်တွေရယ်
ကိုယ်ကြက်အနေအထားကိုကြည့်ပြီးအဆင်ပြေတဲ့ဖြည့်စွက်စာကျွေးတယ်
6-ရေစိမ်ရေစစ်ထားတဲ့စပါးကျွေးတယ်စားသလောက်
7-ကြက်ကို2နာရီလောက်လွတ်ကျောင်းထားလိုက်တယ်
8-နာရီဝက်လောက် ခြင်းပါတ်ခိုင်းတယ်
9-အမြင့်2ပေခွဲလောက်ရှိတဲ့ ကျင်းခုန်ခိုင်းတယ်
အခါ50တစ်ဆက်တည်း ကြက်ပေါက်ဆို 20ကစခုန်
1ပါတ် 5ခါတိုး 50အများဆုံးခုန်ခိုင်း
ကား တာယာကွင်း ကြီး3ကွင်းထပ်လည်းအဆင်ပြေ
တယ်
10-အာတော်ချ အရွက်ခွံ့ ရေတိုက်ပြီး ရေကိုင်
လက်သားထည့်တယ်
11-ဝိုင်းမခိုင်းရသေးတဲ့အခွပ်သင် 1ဖလောက်ပုတ်ပြီးသားကြက်ဆို Scotdee 1လုံးတိုက်တယ် 18ရက် ဆက်တိုက် 1ရက်1လုံးတိုက်တယ်
ကြေးစမ်းခိုင်းပြီးသား ဝိုင်းခိုင်းပြီးသားကြက်တွေဆို
Rainbow ဒါမှမဟုတ် Power max 1နေ့ 1လုံးတိုက်တယ် ဝိုင်းမသွားခင် 3ရက်အလိုခြေကျော်ထိုးတဲ့ ရက်ကစပြီး Rainbow or Power max အစား
lampang ကထုတ်တဲ့ Mega Fighter 007ကို 3ရက်ဆက်တိုက်တယ်
Scotdee - Rainbow - Mega Fighter 007 ကမတိုက်လည်းရပါတယ်။တိုက်ရင်ပိုကောင်းတယ်။
12- ခြင်းအုပ် ကြိုးထောက်ရင်ထောက် မဟုတ်ရင်လွတ်ထားလိုက်တယ်
13-ညနေအိပ်တန်းတင်ခါနီး အစာကျွေးပြီး
Chaiyan 1 လုံးတိုက်တယ်။
ကျန်တဲ့မွေးဆေး မသုံးရင်တောင် Pama lab နဲ့ Chaiyan တော့သုံးဘို့တိုက်တွန်းပါတယ်။
14-ညပိုင်းအစာလုံးဝမကျွေးပါ
15-ည အိပ်တန်းတင်ပြီး 2/3နာရီအကြာလောက်မှာ အိပ်တန်းချေးစစ်တယ် အဲ့အိပ်တန်းချေးအနေအထားပေါ်မူတည်ပြီးနောက်ရက်ကိုယ့်ကြက်ကို ဘာအစာကျွေးသင့်သလဲ ဘာဆေးဝါးသုံးသင့်သလဲ ဘာလုပ်ပေးသင့်သလဲကိုဆုံးဖြတ်တယ်။
1ပါတ် 2ခါလောက်စစ်ရင်ကိုအဆင်ပြေတယ်။ကြက်အနေအထားပေါမူတည်ပြီးစစ်လို့ရတယ်။
16-ခြေကျော်ထိုးတဲ့နေ့ ကစလို့ ဝိုင်းသွားမယ့်နေ့အထိ
ကြက်ကို နေမလှန်း ရေမကိုင် ကျင်းမခုန် ခြင်းမပါတ်ဘဲ အချိန်ပေးနိုင်ရင်ပေးနိုင်သလို ကျောင်းပြီး အနားလုံးဝ ပေးမယ်
17-ဝိုင်းသွားမယ့်နေ့ pama lab ရယ် Lampang Mega Fighter 007 မနက်အိပ်တန်းချရေတိုက်ပြီးတာနဲ့ 1လုံးတိုက်မယ်။
ကျွန်တော့်အယူအဆကတော့ဝိုင်းသွားမယ့်နေ့ကလွဲလို့ ကျန်တဲ့နေ့ဆိုမွေးဆေး 1မျိုးနဲ့ 1မျိုးအနည်းဆုံး3နာရီခွာတိုက်ပါတယ်။
18-ဝိုင်းသွားမယ့်နေ့မှာစိတ်တိုင်းမကျရင် ပုံမှန်အတိုင်းပြန်စိတ်တိုင်းကျတဲ့အထိပြန်မွေးမယ်
ခြေကျော်ပြန်ထိုးမယ်
မှတ်ချက် -သံချခြင်းကို အချိန်ရခဲ့လျင်အသေးစိတ်ရေးသားမျှဝေပေးပါ့မယ်။အကယ်၍မွေးဆေးတွေမရှိခဲ့လျင် မသုံးလည်းရပါတယ်။ကျွန်တော်ကတော့မွေးဆေးတွေအသုံးပြုပြီးမွေးတာက ကြက်ကျန်းမာရေးအင်မတန်ကောင်းတာကြောင့်မွေးဆေးသုံးပြီးပြင်တာအရမ်းသဘောကျပါတယ်။
အနည်းဆုံးဘာဆေးဝါးမှမရရင်တောင် Pama Lab တစ်မျိုးတော့သုံးစေခြင်ပါတယ်။တကယ်ကောင်းလွန်းတဲ့ဆေး မို့ညွန်းတာပါ။
မေးစရာရှိတာက ဘာကြောင့် မွေးဆေး 3မျိုးကို အနည်းဆုံးသုံးစေခြင်တာလဲ။
Pama Lab ကလည်း မွေးဆေး
Chaiyan ကလည်းမွေးဆေး
Rainbow ကလည်းမွေးဆေး
Power max ကလည်းမွေးဆေး စောက်ရူးထတယ်ပြောလည်း ကျေကျေနပ်နပ်ကြီးအပြောခံပါတယ်ခင်ဗျ။ကျွန်တော်အခုတင်ပြတဲ့ နည်းအတိုင်းသာကျွေးမွေးပြုပြင်ပြီး ကျန်းမာရေးကောင်းကောင်း ဝိုင်းဆင်းကြည့်လိုက် အဖြေတစ်ခုထွက်လာမှာအသေအချာပင်။
သေချာတာတစ်ခုကတော့ ယခုနည်းအတိုင်းပြင်ပြီး စိတ်တိုင်းကျ ကျန်းမာရေးရော လန်းဆန်းမှုရော အလုပ်အသားရော ရှိနေခဲ့ပါလျင် ပထမ အစပိုင်း အလယ်ပိုင်း ခွတ်တဲ့ Tempo ကို ရေကျိတ်မိုးကျိတ်
အခန်းတွေမှာ သိသိသာသာ Tempo မှီအောင်အတတ်နိုင်ဆုံးခွပ်မယ်ဆိုတာရဲရဲကြီးပြောရဲတယ်ဗျ။
တိုက်ကြက်ဝါသနာရှင်ညီအကိုမိတ်ဆွေများ ကြက်ပြင်ကောင်းပြီး ကြက်ကောင်းပြင်နိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်ခင်ဗျ။
Nadi Aya Farm
2.4.2026
သားဖောက်ခြင်းအနုပညာ (4)
ကြက်သားထိုးတယ်ဆိုတဲ့ စဉ်းမျဉ်း ဥပဒေသတွေအမျိုးမျိုးရှိကြတဲ့အထဲ တိုက်ကြက် Breeder တွေအများဆုံးအသုံးပြုတဲ့နည်းလမ်းမှာ selective breeding လို့ခေါ်တဲ့ရွေးချယ်သားစပ်နည်းဘဲဖြစ်ပါတယ်။
Selective breed မှာကိုရွေးချယ်လိုက်တဲ့ ရွေးချယ်မှုတွေအပေါ်မူတည်ပြီးထွက်လာတဲ့ results တွေဟာလက်တွေ့ဆန်လွန်းလှတဲ့သက်သေတွေဖြစ်တာကြောင့် Breeder တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်နဲ့အရည်အချင်းကိုမီးမောင်းထိုးပြထားသလိုပါဘဲ။
Breeding လုပ်တဲ့နေရာမှာကိုလိုခြင်တဲ့
ခြေ နှုတ် ငုတ် လမ်း အသိ ကြက်စိတ်ကြက်သည်း
နဲ့ဖွဲ့စည်းပုံ တွေကို သားထိုးမယ့်ကြက်ဖနဲ့ကြက်မရဲ့
မျိုးရိူးနဲ့လက်ရှိ အရည်အချင်းပေါ်မူတည်ပြီးဆုံးဖြတ်ပြီးဖောက်ကြတာများပါတယ်။
အဲ့အထဲကမှ အချို့က 1ဘာသာ 2ဘာသာအပိုင်ထားဖောက်သလို အချို့ကြလည်း ဖြည့်ဖောက်ကြတာလည်းရှိပါတယ်။
အဲ့အထဲကမှ ပြန်လည်မေးခွန်းထုတ်စရာ တစ်ခုက
လက်ရှိမြန်မာနိုင်ငံမှာ နာမည်ကြီးခဲ့တဲ့ကြက်ကျော်
တွေက မထင်မရှားကျေးလက်တောရွာလေးတွေမှာ တိုက်ဆိုင်မှုကြောင့်ဘဲ ပေါ်ပေါက်လာတာလား စနစ်တကျ Breeding လုပ်နေတဲ့ Farm တွေကဘဲ
အများဆုံးထွက်လာတာလားဆိုတဲ့အချက်ကစဉ်းစားစရာအချက်ပါ။
သေချာလွန်းလှတဲ့အချက်တစ်ခုကတော့ မျိုးရိုးဗီဇကောင်းမွန်လှတဲ့ကြက်တွေရဲ့မျိုးရိုးဗီဇလွှမ်းမိုးမှုကြောင့် သားကောင်းရတနာတွေရတယ် ကြက်ကောင်းထွက်တယ်ဆိုတာလုံးဝ ငြင်းမရတဲ့အချက်တစ်ခုပင်။
Breeder တစ်ယောက်အဘို့က ဖောက်လိုက်တဲ့ကြက်တိုင်းက မိဘတွေထက်မသာရင်တောင် မညံ့တဲ့ကြက်
ဖြစ်ဘို့နဲ့ လက်ရှိမြန်မာနိုင်ငံ ကြက်ကောင်းတွေတိုင်းတာသောငွေပေတံရယ်ဝိုင်းကြီးပေတံတွေမှာဘောင်ဝင်တန်းဝင် အနေအထားတစ်ခုဖြစ်ဘို့ကအဓိကဖြစ်ပါလိမ့်မည်။
သူများတွေ ဘယ်လိုသားထိုးလည်းဆိုတာတော့ကျွန်တော့ရဲ့ညာဏ်နည်းတာကြောင့်လိုက်မမှီပေမယ့် ကျွန်တော်လက်ရှိသားထိုးနေတဲ့ နည်း ဖောက်ကွက်တွေကိုပြန်မျှဝေပေးပါဦးမယ်။
ကျွန်တော်က လက်ရှိကိုယ့်မှာရှိနေတဲ့မျိုးတွေကို 1/2ဘာသာလောက်အပိုင်ထားဖောက်ပါတယ်။
လမ်းတူတာ ဗီဇအနီးစပ်ဆုံတူတာဖောက်ပါတယ်။
အဲ့တာကိုမှထပ်စိတ်တိုင်းကျရင် ကိုလိုခြင်တဲ့အရာဖြည့်ဖောက်ပါတယ်။
ဥပမာ-
အမိုက်xအမိုက် ဆိုလည်း
ငုတ်ကျရဲရဲ ခေါင်းနှုတ် အယူအဆကောင်းကောင်း
အဲ့လိုဖောက်တယ်။
ဘာလမ်းဘဲဖောက်ဖောက် ဘယ်ဖောက်ကွက်ဘဲဖောက်ဖောက် ဘာမျိုးဘဲဖောက်ဖောက် အဓိက ထားဖောက်ရမယ့် 1ကွက်က ရေကြိတ်မိုးကြိတ်မှာ ရုန်းအားကောင်းကောင်းနဲ့နိုင်လိုစိတ်ပြင်းတဲ့ကြက်ကိုဘဲအဓိကထားဖောက်တယ်။အဲ့တာ ကျွန်တော်ဖောက်နေတဲ့အဓိက point ဘဲ။အမျိုးမျိုးစမ်းပြီးလို့ အချိန်ကုန်လူပင်ပန်းလို့လည်းဝပြီးပြီ ရေထဲမိုးထဲမှာနိုင်လိုစိတ်ပြင်းပြီးရုန်းအားကောင်းတဲ့ကြက်တွေဆို အမိုက်နဲ့အလိမ်မာ စောက်တလွဲဖောက်ကွက်ဖြစ်နေရင်တောင်
သူတို့ကပေါက်လာတဲ့ကလေး1အုပ်မှာ 1ကောင် 2ကောင်အနည်းဆုံးသုံးလို့ရတယ်။မိုးပြန်နေအောင်ကောင်းပြီး ရုန်းအားနည်းနိုင်လိုစိတ်နည်းတဲ့ကြက်တွေဆို လမ်းတူရင်တောင် တောင်လိုလိုမြောက်လိုလိုနဲ့စောက်တလွဲတွေအများကြီးကြုံရပြီးပြီ။
ငါ့ကြက်ကအလိမ်မာမို့ရေထဲမိုးထဲမှာလည်းအမှားစောင့်ခွပ်တယ်လုံးဝမတတ်ဘူးအချိန်တန်နိုင်တယ် ဆိုတဲ့လူတွေအတွက်ကတော့
ငွေတောင်းခန်းနှင်ခန်းတွေမှာကျားစီးဖားစီးတတ်
ခွပ်တဲ့အသိကောင်းတဲ့အလိမ်မာတွေမမြင်ဘူးလို့ဘဲပြောပါရစေ။
လက်ရှီအဓိကပထမဦးစားပေးထားဖောက်နေတဲ့ဖောက်ကွက်က
1-နိုင်လိုစိတ်ပြင်းတဲ့ဗီဇ
2-ငုတ်ကောင်းကောင်း
3-ကြက်ချွတ်ကောင်းကောင်း မပျင်းတဲ့ကြက်
4-အသိကောင်းကောင်း
5-လမ်းတူ အဲ့တာကိုမျိုးရိုးအလိုက်ထူးချွန်တဲ့ကြက်တွေဘဲရွေးဖောက်တယ်။ကျန်တာတွေလိုက်ဖောက်အချိန်ကုန်တယ်။
ကျန်တဲ့ အချက်လေးတွေ
6-ခေါင်းအယူအဆ
7-နှုတ်သီးအယူအဆ
8-ကြက်ခံ
9-ကြက်ပုတ် ကြက်ဆတ်
10-ခြေပါဝါ
11-နေရာ အကျဉ်းအကျယ်ခွပ်တာ
12-ကြက်တကောင်ဖွဲ့စည်းပုံ
အဲ့တာတွေကတော့ကျွန်တော်ဒုတိယဦးစားပေးအနေနဲ့ဘဲဖြည့်ဖောက်တယ်။ဒီ့ထက်ရှင်းအောင်အလွယ်ဆိုရသော်
ဥပမာ-
နှုတ်ရွှ ငုတ်ကျx နှုတ်ရွ ငုတ်မကျ ဖောက်ရင်
နှုတ်ရွ 1ဘာသာအပိုင်သေချာတယ် ငုတ်ကျမကျကတော့ ကံစမ်းမဲနှိုက်သလိုဘဲ။တကယ့်လက်တွေ့မှာ အချို့ယူဆသလို နှုတ်အတယ် ငုတ်ကျတယ် ခြေပါဝါပြင်းတယ် ဗလာပေါတယ် အဲ့လိုကြက်ကို နှုတ်ရွတယ် ငုတ်ပေါ့တယ် ခြေပျော့တယ် နှုတ်ငမ်းတယ် အဲ့လိုကြက်နဲ့ဖြည့်ဖောက် ထွက်လာတဲ့သားတွေက
ကိုမှန်းထားသလို နှုတိရွ ငုတ်ကျ ဗလာပေါ ခြေပါဝါပြင်းမယ်လို့ထင်နေရင် ကိုယ့်ဖောက်ကွက်ပြန်လည်သုံးသပ်ဘို့လိုနေပြီမိတ်ဆွေ။မတတ်သာလို့ဖောက်မယ်ဆိုတောင်မှ 2/3ဘာသာအပိုင်ကိုင်ပြီး 1ကွက်1ဘာသာလောက်သာဖြည့်ဖောက်အဆင်ပြေတယ်။
ထိုင်းမှာဆို ကျွန်တော်လက်လှမ်းမှီသလောက် ဆိုရင်
Coco x Ninja
Bigguff x Mahanakhon အဲ့လိုတွဲလုံးဖောက်ကွက်လေးတွေသေချာလေ့လာကြည့်ရင်ပိုစိတ်ဝင်စားစရာကောင်းပါတယ်။
အနှစ်ချုပ်ရရင် Selective breeding ဆိုတာအရမ်းလွယ်မယ်လို့ထင်ရပေမယ့် Breeder တစ်ယောက်ရဲ့
ရှုထောင့်အမျိုးမျိုးကသုံးသပ် ရွေးချယ်ပြီး ရေးဆွဲထားတဲ့ သက်ရှိအနုပညာပန်းချီကားတစ်ချပ်လို့တင်စားရင်းနဲ့ တိုက်ကြက်ဝါသနာရှင်များအားလုံး
Breeder ကောင်းတွေဖြစ်နိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။
Nadi Aya Farm
30.3.2026
+4
မဂို 2ကောင်တော့ ရန်ကုန် မှာ လက်ဖျားရေးတဲ့ ချစ်ကိုကြီး ကိုဗျော့ဆီပို့လိုက်ပါပြီဗျာ။
ဆာမူရိုင်းသား x သေမင်းတမန်သမီး
ဆာမူရိုင်းသား x Red Dragon သမီး
ဆာမူရိုင်းသား x မဂို 33သမီး
ဆာမူရိုင်းသား x Casino သမီး
စုစုပေါင်း ကြက်မ 4ကောင်က 37ကောင်မျိုးရထားတယ်။
ဆာမူရိုင်းသားနဲ့ဖောက်ထားတဲ့ကြက်မတွေအကုန် မျိုးရထားတယ်
ရွှေဆက် Breeding Program အတွက်
အဖေ ဆာမူရိုင်း
အမေ မဂို33 မီဆူဝမ် ခရမ်း
ဒီကြက်လေး 7/8လသားတုန်းက
ကြက်မနဲ့ခံခွပ်ရင်း ကြက်မ 1ကောင်
ခွတ်သတ်တယ်။
ဗိုလ်လုရင်း ကြက်ဖ1ကောင်ခွပ်သတ်ဘူးတယ်။
ခြေဆိုးလွန်းချက် 9+
