ru
Feedback
Nadi Aya Farm

Nadi Aya Farm

Открыть в Telegram

မျိုးရိုးစစ်မှန်သော တိုက်ကြက်များကိုသာရောင်းချပေးပါသည်။ 09 757 254 269

Больше
Страна не указанаКатегория не указана
449
Подписчики
Нет данных24 часа
+557 дней
+5630 день
Архив постов
photo content
+1

photo content
+1

photo content
+1

အဖေလိုင်း ဆာမူရိုင်းသား အမေလိုင်း Red dragon သမီး တစုံ 3 သိန်း

photo content
+1

photo content
+1

ဒီခရမ်းလေးက ပြင်ဦးလွင်က ညီလေးတယောက်ကြက်။ ဝိတ်တန်းက ပိသာလုံးလောက်ဘဲရှိလို့ မဟုတ်ရင် ကြက်ကျော်ဖြစ်လောက်တယ်။ ပါတ်ပြေးလည်းပါသလို ခြေနဲ့ ရှင်းတာလည်းပီပြင်တယ်။ တကယ်ကောင်းတဲ့ကြက်လေးပါ။

အဲ့တော့ငါတို့စောက်ရူးနားကန်းတွေ မှတ်ထားရမှာ ရှင်းရှင်းလေး ကြက်ဖ နဲ့ကြက်မ ဖောက်မယ်ဆိုရင် စောက်မျိုးသိအောင်အရင်လုပ်။ ဗီဇ အနီးစပ်ဆုံးတွေဖောက်။ ကြက်မကိုအဓိကဦးစားပေး။ကြက်မကအဓိက ခွပ်ကွက်ခွပ်မူတွေ ကိုချပေးတာ။ ကောင်းရင်သုံး မကောင်းတာထွက်ရင်ရှင်းပစ်။ နောက်ပိုင်း မျိုးဆက် 4/5ဆက်အကျော်ဆို ဗီဇအနီးစပ်ဆုံးတူတာဖောက်ရင်ကောင်းကိုကောင်းလာစေရမယ်။ မရှင်းတာရှိရင်ကိုယ့်ဘာသာရှာ AI ကိုလည်းတီးခေါက်ကြည့်။ဟုတ်လားမှန်လားတော့မသိဘူး။ ကျွန်တော်တို့သူငယ်ချင်းစောက်ရူးနှစ်ယောက်ဘီယာသောက်ရင်းထိုင်ငြင်းနေတဲ့ ကိစလေးပြန်မျှဝေတာ။Breeding ပိုင်းနဲ့ပါတ်သတ်လို့စာရေးတာ ကျွန်တော့်ကိုဒီ့ထက်ပိုရူးသွပ်စရာဆွဲဆောင်မှုမရှိသေးရင်တော့ဒါနောက်ဆုံးရေးတာဖြစ်လိမ့်မယ်ထင်တယ်။ ကျွန်တော့်ကိုဒီအကြောင်းအရာနဲ့ပါတ်သတ်ပြီး လာမေးရင်လည်း မူးတဲ့သူနဲ့ ရူးတဲ့သူလောက်ဘဲ ကျွန်တော်ပြန်ပြောမှာ။ နောက်ဆုံးစာဆုံးလို့ အကျိုးမရှိဘူးဆိုတောင်မျက်လုံးညောင်းပြီးဇတ်ကြောတတ်မှာတော့သေချာတယ်ဗျာ။😁😁😁😁😁 Nadi Aya Farm 11/7/2026

😁😁 Chromosomes ဆိုလားဘဲ😁😁 တိုက်ကြက် နဲ့ပါတ် သတ်ပြီး Breeding ပိုင်းမှာ အယူအဆတွေ နည်းလမ်းတွေအများကြီး social media မှာ ပြောဆို သင်ပြ လမ်းညွန်နေကြတာတွေ ရှိပါတယ်။ ဒီ စာစု လေးတစ်ခုကတော့ ကျွန်တော့်လို မနေ့တနေ့ကမှ ကြက်စဖောက်တဲ့ ငနု လေးတွေ ကြက်ရူးလေးတွေအတွက်သာ အပျော်သဘောဖြင့် ကျွန်တော်နှင့် ရှမ်းပြည်က သူငယ်ချင်း ကြက်ရူး နံနံခြားပြန် ‌ဒေါက်တာရမ်းကု ငစိုင်း တို့ နဲ့ငယ်သူငယ်ချင်းတွေ အရက်မူးပြီး ပြောဆိုတဲ့စကားဝိုင်းက မနူးမနပ်ကြက်အကြောင်းလေးတွေကို ဟာသအနေနဲ့ ရေးသားခြင်းသာဖြစ်ပါသည်။ ဝါသနာရှင်အဆင့် ပညာရှင်အဆင့် ဆရာအဆင့် ကြက်မွေးဖောက် တိုက်ရောင်းအဆင့် ကုန်ကုန်ပြောမယ်ဗျာ နောက်ဆုံးဆရာကြီးအဆင့်တွေအထိ အကုန် ဒီစာလေးကိုတွေ့ခဲ့ရင်တောင်မသိခြင်ယောင်ဆောင်ပြီးကျော်သွားလိုက်ပါဗျာ။ တိုက်ကြက်သားထိုးတဲ့ ထဲမှာမှ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်လို ကျပ်မပြည့်ဘဲရူးကြောင်ကြောင် ကြက်ရူးတွေနဲ့ အချို့လူနည်းစုလောက်သာ သတိထားမိတဲ့ တိုက်ကြက်တွေရဲ့ chromosomes သဘောတရားလေးကိုနည်းနည်းသိသလောက်လေးပြောခြင်ပါတယ်။ တိုက်ကြက်တွေမှာ အထီးအမ ခွဲခြားမှု Chromosome ကို အထီးဆို ZZ နဲ့ အမဆို ZW ဆိုပြီး ခွဲခြားလေ့ရှိပါတယ်။ အဲ့ဒီမှာ ကြက်ဖတွေရဲ့ Chromosome က ZZ ဆိုပြီးတူညီနေပေမယ့် ကြက်မတွေရဲ့ Chromosome ကတော့ ZW ဆိုပြီး ကွဲပြားနေပါတယ်။လူတွေရဲ့ Chromosome နဲ့ပြောင်းပြန်ပါ တိုက်ကြက်တွေက။ အဲ့ဒီမှာ ဘာထူးလဲဆို လူတွေမှာဆို မွေးလာမယ့်ကလေးက ယောက်ကျားလား မိန်းမလားဆိုတာ အမျိုးသားရဲ့XY Chromosome က ဆုံးဖြတ်ပေးပေမယ့် တိုက်ကြက်တွေမှာကြတော့ ကြက်မရဲ့ ZW Chromosome က အဆုံးအဖြတ်ပေးပါတယ်။ ဆိုလိုခြင်တာ ကြက်တအုပ်မှာ ကြက်ဖ ဘယ်နှကောင်ကြက်မ ဘယ်နှကောင်ပါမလဲဆိုတာ ကြက်မနဲ့ဘဲ တိုက်ရိုက်သက်ဆိုင်ပါတယ်။ကြက်ဖနဲ့ လုံးဝမဆိုင်ပါ။ဘာလို့ဆို ကြက်ဖမှာ W ဆိုတဲ့ Chromosome မရှိတဲ့အတွက်ကြောင့်ပါ။ထပ်ရှင်းအောင်ပြောရရင် ကြက်ဖဘက်က Chromosome ‌တစ်လုံး ZZ နှစ်ခုထဲက တလုံးထွက်ပြီး ကြက်မဘက်က Chromosome ZW နှစ်ခုထဲက တစ်လုံးထွက်လာပြီးပေါင်းစပ်မိကာမှ မျိုးဥအောင်တာဖြစ်ပါတယ်။ နောက်ထပ် စိတ်ညစ်စရာကောင်းတာက Z Chromosome တွေက တိုက်ကြက်တကောင်ရဲ့ ဗီဇတွေ သဘာဝအလေ့အထတွေ ညာဏ်ရည်ညာဏ်သွေးတွေ ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံတွေ ကျန်းမာရေးတွေ ခွပ်ကွက်ခွပ်မူတိုက်ခိုက်နိုင်စွမ်းခြေစွမ်းခြေစတွေ ကို သယ်ဆောင်သွားပြီး W ဆိုတဲ့ အမ Chromosome အသေးလေးက မျိုးပွားခြင်းနဲ့ဆိုင်တဲ့ ကိစအချို့နဲ့အမမျိုးးပွားအဂါကိုသာအဓိက လုပ်ဆောင်ပါတယ်။ထပ်ပြီးပိုရှုပ်အောင်ပြောရရင်အဖေဘက်ကို အဖိုး Z1 Z2 အဖွား Z3 W1 အဖေ Z(1 or 2) Z3လို့ Chromosome လို့သတ်မှတ်လိုက်ပါ။ အမေဘက်ကို အဖိုး Z5 Z6 အဖွား Z7 W2 အမေ Z(5 or 6) W2 လို့ Chromosome သတ်မှတ်လိုက်ကြပါစို့။ အဲ့ဒီမှာ အဖေနဲ့ အမေ က ပေါက်လာတဲ့ကြက်ကလေးတွေက အထီး Z(1or 2) or 3 +Z (5 or 6)နဲ့ အမဆိုရင် Z (1 or 2) or Z3 +W2ထွက်လာမှာဖြစ်ပါတယ်။ မရှင်းဘူးနားမလည်ဘူးဆိုလည်းမတတ်နိုင်ဘူး ဒါတွေက ရူးသွပ်မှနားလည်နိုင်တဲ့ ဘာသာရပ်တွေမို့။ အရူးဘာသာစကားနဲ့ရှင်းပြရရင် အဖေဘက်က အဖွားရဲ့ W1 နဲ့ အမေဘက်က အဖွားရဲ့ Z7 က Genetics Line ထဲမှာ ဘယ်တော့မှပြန်မပါတာသေချာကြည့်။ အဲ့တာ breeding point တစ်ခုဘဲ။ အဲ့လိုဘဲ အဖေဘက်မှာလည်း အဖိုးရဲ့ Z1 or Z2 ထဲကမှ 1 ပါမလား 2 ပါမလားဆိုတာ Z1 နဲ့ Z2 ရဲ့ genetics ဗီဇကောင်းမွန်တည်ငြိမ်နေမှုအပေါ်တိုက်ရိုက်အချိူကျ‌နေတယ်။မေးစရာရှိတာက ဒီ Z1 နဲ့ Z2 က ဗီဇ တစ်ခုတည်းတော့ပေါင်းစည်းသွားပေမယ့် Chromosome တွေ မျိုးပွားတဲ့နေရာမှာ ပြန်လည်ကွဲထွက်သွားပါတယ်။ ဥပမာ - Z1 က ခြေပါဝါပြင်းတယ် ငုတ်မကျဘူး Z2 က ငုတ်ကျတယ်ခြေပါဝါ မပြင်းဘူးဆို လက်ရှိ ပေါင်းစပ်ထားတဲ့ အဖေ ကြက်ဖရဲ့ လက်ရှိ ဗီဇ ထဲမှာတော့ ခြေပါဝါလည်း ပြင်းသလို ငုတ်လည်းကျပေမယ့် မျိုးပွားလိုက်တဲ့အခါ Chromosome တွေ ပြန်လည်ခွဲထွက်ပြန်ပွားသွားလို့ ခြေပါဝါပြင်းပြီး ငုတ်မကျတဲ့ ဗီဇ က သက်သက် ငုတ်ကျပြီး ခြေပါမပြင်းတဲ့ ဗီဇက သက်သက် ဖြစ်သွားတာ ဒါကိုရှင်းအောင်တော့ထပ်မပြောတတ်တော့ဘူး။ လူပိန်းနားလည်အောင်ပြောရရင် ပေါက်လာတဲ့ကြက်ကလေးတွေရဲ့ ဗီဇတွေထဲမှာ အဖေဘက်က အဖွားရဲ့ အမေဖြစ်တဲ့ အဘွား ဗီဇ မပါလာသလို အမဆိုရင်လည်း အမေရဲ့ အဖွားဘက်က အဘိုးဗီဇမပါလာဘူး ဆိုတာအတိအကျဘဲ။ပါလာတဲ့ အဖို Chromosome တွေကလည်း ဗီဇအားကောင်းတဲ့ ဘက်လိုက်တာများပြီး ကျပန်းတွေလည်း ဖြစ်တတ်တယ်။ အဓိကကျတဲ့ point တစ်ခုက အဖေ ကြက်ဖရဲ့ ဗီဇအမွေကို တိုက်ရိုက်ဆက်ခံနိုင်တာ သမီးကြက်မ မို့လို့ ကြက်မက Breeding Carrier ဖြစ်နေတာဘဲ။ ပေါက်လာတဲ့ ကြက်ထီး‌တွေကတော့ အဖေ ဗီဇတစ်ဝက် အမေဗီဇတစ်ဝက်ကို သင့်တင့်မျှတစွာပေါင်းစပ်ဖွဲ့စည်းထွက်လာတဲ့အတွက် အဖေနဲ့တထပ်တည်းတူတဲ့သားဖြစ်ဘို့ အလွန် ရာခိုင်နှုန်းနည်းတယ်။တခါတလေ breeding ပိုင်းမှာလည်းချွင်းခြက်အနေနဲ့ထွက်လာတတ်တယ်။စောက်ရမ်းကိုရှားတာ။

စောက်ရမ်းတွေကြွေနေတယ်😂😂😂😂😂😂😂😂😂😂
စောက်ရမ်းတွေကြွေနေတယ်😂😂😂😂😂😂😂😂😂😂

စောက်ရမ်းတွေဂေါ်😂😂😂😂

ကျွန်တော် Designed ဆွဲထားတဲ့ E Series ကို ကြက်အခုမှစဖောက်မယ့် ညီကိုတွေအတွက် ကျွန်တော် တွေးမိသလောက်နားလည်သလောက်ပြန်ရှင်းပြရရင် ကြက်ဖကို သေမင်းတမန်သားနဲ့ Red Dragon သမီးကပေါက်တဲ့ကောင်ကိုထားပြီး ကြက်မကို မဂို 33 linebreed ကြက်မကိုထားဖောက်ဖြစ်မယ်။ ဘာလို့ဆို ဒီ Breeding Program တစ်ခုလုံးကို Carry လုပ်ပေးမယ့် bloodlines က pure bloodlines ဖြစ်ဘို့အရေးကြီးတာကတကြောင်း လက်ရှိ မြန်မာနိုင်ငံမှာ မဂို 33 သိန်းရဲ့ သွေးလိုင်းက ဘယ်လိုနယ်ပါယ် ဘယ်ဝိုင်းမှာမဆို အံဝင်ခွင်ကြဖြစ်တဲ့မျိုးတစ်ခုဖြစ်တဲ့အပြင် လမ်းနဲ့ကြက်ကွက် အထူးကောင်းတဲ့ အတွက် မဖြစ်မနေ carrier ကို မဂို 33 linebreed ကကြက်မထားဖြစ်တာ။ ကြက်ဖ ဘက်ကတော့ သေမင်းတမန်နဲ့ Red Dragon သမီးကပေါက်တဲ့ကြက်ဖကိုထားတာက Physical ပိုင်းတည်ဆောက်ပုံတွေနဲ့ ခြေပါဝါ IQ တွေကို carry လုပ်ခြင်လို့ဘဲ။ လက်ရှိ ကျွန်တော့်ဆီက သေမင်းတမန်သားက 2ပိသာနီးပါး အရိူးအဆစ် ကြက်ဖွဲ့စည်းပုံ အပြစ်ကင်းလွန်းတယ်။Red Dragon သမီးကလည်း ကြက်အထိုင်အခင်းလှပြီး အဆစ်အပေါက်ဖွဲ့စည်းပုံကောင်းကောင်းရယ် ဆိုတော့ ပေါက်လာတဲ့အုပ်က ကြက်ဖက အနည်းဆုံး 1ပိသာ 50 ဝန်းကျင်ဘဲ ထွက်လာမှာ။ နောက်ထပ် ကျွန်တော် Carry လုပ်ထားတဲ့ Breeding point လေးတစ်ခုက ကြက်ဖဘက်က မျိုးလိုင်း Sean krai က Mahanakhon ရဲ့ဦးလေး ကြက်မ ဘက်က Year Pyaps က Mahanakhon ရဲ့အဖေ ဆိုတော့ Mahanakhon လိုင်းကို သွယ်ဝိုက်ပြီး Carry ပြန်လုပ်ထားတာက ဒီဖောက်ကွက်ရဲ့အသက်ဘဲ။ ဘာလို့ဆို အခု ခေါတ်မှာ Mahanakhon နဲ့ Black Panther မျိုးလိုင်း 2ခု ထဲက တစ်ခုမပါရင်ကို အဆင်မပြေတဲ့ခေါတ်ကြီးဖြစ်နေပြီလေ။ ဒီဖောက်ကွက်ထဲမှာ အမေလိုင်းဘက်ကရော အဖေလိုင်းဘက်ကရော black panther သွေူပါနေတဲ့အတွက် ကြက်ကောင်းတွေရဲ့ဗီဇတွေ လက်ဆင့်ကမ်းလာမှာသေချာတယ်။ ဒီဖောက်ကွက်ထဲမှာ Outcrossing အနေနဲ့ Red Dragon လိုင်းကို တမင်ရွေးထားတာက Red Dragon သမီးဘက်မျိုးလိုင်းက သွေးဆူလွန်းတဲ့ လိုင်းတွေဖြစ်လို့တမင်ရွေးထားတာ။ဆရာလေး အရူး ကြာဖူးမောင် နဲ့ Jae Ninja တို့က ကြက်ခွပ်မြန်မြန်နဲ့ ဝိုင်းဒိုင်းကြဲတီးတဲ့လိုင်းမို့ အကြိုက်ဆုံးရွေးချယ်ထားတာ။ ကြက်ကလေးတွေ ကြီးလာလို့ခြေကြည့်ရရင် ထွက်လာတဲ့ခြေအမျိုးအစားက နောက်ဆုံးပေါ်ခွတ်လမ်းခွပ်ကွက်တွေနဲ့ အိုးသံခွက်သံတွေပါတဲ့ကြက်ဖြစ်ကိုဖြစ်စေရမယ်။ အဖေလိုင်းကို မဂို 33 linebreed ထားပြီး အမေလိုင်းကို သေမင်းတမန် နဲ့ Red Dragon ပြန်ပြောင်းထားမယ်ဆို ထွက်လာတဲ့ကြက်တွေရဲ့ ခြေအမျိုးအစားခွပ်ကွက်ခွပ်မူတွေနဲ့ carrier လုပ်မယ့် ဗီဇတွေပြောင်းသွားလိမ့်မယ်။ ကျွန်တော်ပေးခြင်တဲ့ massage လေးတစ်ခုက တိုက်ကြက်တွေဆိုတာ လိုသလိုပြုပြင်ဖောက်ယူလို့ရတယ်ဆိုတာဘဲ။

photo content

ကျွန်တော့်ကို ကြက်အာမခနဲ့ မရောင်းရဲဘူးလားပြောတဲ့ မိတ်ဆွေ တွေ အဲ့အုပ်ကကြက်တွေ ထွက်လာရင် ကြိုက်တဲ့အာမခံသာပြောရဲရဲကြီးအာမခံနဲ့ရောင်းရဲတယ်။

Nadi Aya E Series Lineages ကျွန်တော် မနှစ်က သားဖောက်ကြက်တွေ Pro Breeding ဆီကဝယ်ဖြစ်တယ်။ဘာကြောင့် Pro Breeding ဆီကဝယ်လဲဆိုရင် မျိုးရိုး ကလည်း ထိုင်းနိုင်ငံက ထိပ်တန်းဗီဇကောင်းတဲ့ကြက်တွေဖြစ်တဲ့အပြင် မျိုးရိုး4ဆက်လောက်အသာလေးသိတဲ့ကြက်တွေကို အမှန်ကန်ဆုံးစိတ်အချရဆုံး Farm ဖြစ်တဲ့အတွက် ရှေ့ဆက် Breeding Program အတွက်မဖြစ်မနေဝယ်ကိုဝယ်မှရမယ်လို့ဆုံးဖြတ်ပြီးဝယ်ခဲ့တာ။ ကြက်ဝယ်ရတဲ့အကြောင်းအရင်းက 2022 မှာ ကျွန်တော် လက်တွေ့ linebreed ကို မြန်မာ အမိုက် လမ်း နဲ့ pakoy စတဲ့ မျိုး3မျိုး ကို တစ်မျိုးစီ Linebreed လုပ်ကြည့်တယ်။စောက်စုတ်ကြက်တွေနဲ့ Linebreed လုပ်တာတောင် ထွက်လာတဲ့ Results က ကျေနပ်စရာကောင်းလောက်အောင် လက်ခံလို့ရနေတယ်။ အောင်မြင်တယ်ဘဲဆိုရမှာ။2024 အကုန်လောက်မှာ linebreed လုပ်ထားတဲ့ မြန်မာကြက် 4ကောင်နဲ့ linebreed လုပ်ထားတဲ့ Pakoy တကောင် ဝိုင်းထဲမှာ 5ကောင်လုံးလက်တွေ့သုံးလို့ရတယ်။ စုစုပေါင်း 5ကောင် 18 ပွဲဝိုင်းတိုက်တာ 14ပွဲနိုင် 1ပွဲ သရေ 3ပွဲရှုံး နဲ့ တကယ်စိတ်ကျေနပ်စရာရလဒ်ထွက်လာတယ်။အဲ့အချိန်ကစပြီး မနှစ်က မိုးဦးကြမှာ Pro Breeding နဲ့တိုင်ပင်ပြီး Linebreed အဓိကထားဖောက်ဘို့ဆိုတော့ မဂို 33 ကို linebreed ဖောက်ကွက်တစ်ခုတည်ဘို့ အဓိကထားဝယ်ဖြစ်တယ်။ နောက်တော့ Black Panther သွေးပါတဲ့ ကြက်တွေ Linebreed ထပ်လုပ်မယ်ဆိုတဲ့အတွေးနဲ့ Black Panther သွေးပါတဲ့ကြက်တွေဖောက်ကွက်အတွက် ထပ်မံအားဖြည့်ဖြစ်တယ်။ 2026 ကုန်လို့ 2027 အရောက်မှာ ကျွန်တော် အဖောက်ခြင်ဆုံး Breeding Designed လေးတစ်ခု အကောင်အထည်ပေါ်လာလိမ့်မယ်။ အဲ့ Breeding Designed လေးကို E Series လို့နာမည်ပေးထားတယ်။ အဲ့ E Series ကို 2027 အကုန် 2028 လောက်မှာ ကျွန်တော့်ကို ဝေဖန်ကဲ့ရဲ့ အပြစ်တင်ခဲ့တဲ့ လူတစ်စုကို အလုပ်နဲ့ သက်သေပြပေးမယ်။ အဲ့ E Series ဆိုတဲ့ကြက်တွေ က ဘယ်လိုအနေအထားလာမလဲဆိုတာ ဒီ post ကို screenshot ရိုက်ပြီးသိမ်းထား။အဲ့ကြက်လေးတွေ အရွယ်ရောက်အစွယ်ပေါက်လာလို့ သုံးစားမရခဲ့ရင် ကြိုက်သလိုသာပြော။ကျွန်တော့် Breeding Experience နဲ့ ကျွန်တော့် အရည်အချင်း ကိုကျွန်တော် အလုပ်တစ်ခုနဲ့အချိန်ကျရင်သက်သေပြမယ်။

နန်လွန်မီခြံက မဟာနခွန်ရဲ့သား ကျောက်ရာအူး Joa Raul ဆိုတာဒီကြက်ဘဲ။ နောက်နှစ် သူ့သမီးကပေါက်တဲ့ကြက်တွေကို ခြံမှာကိုင်ရဦးမယ်။
နန်လွန်မီခြံက မဟာနခွန်ရဲ့သား ကျောက်ရာအူး Joa Raul ဆိုတာဒီကြက်ဘဲ။ နောက်နှစ် သူ့သမီးကပေါက်တဲ့ကြက်တွေကို ခြံမှာကိုင်ရဦးမယ်။

အခုအရောင်းတင်ထားတဲ့ကြက်ကလေးတွေအဖေနဲ့အမေ ခုတော့ 2 ကောင်လုံးခြံမှာမရှိတော့ဘူ
+1
အခုအရောင်းတင်ထားတဲ့ကြက်ကလေးတွေအဖေနဲ့အမေ ခုတော့ 2 ကောင်လုံးခြံမှာမရှိတော့ဘူ