A poem that is not a poet's poem
Открыть в Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
БольшеМьянма33 142Категория не указана
314
Подписчики
+124 часа
-57 дней
-1930 дней
Архив постов
အိုးမလုံတော့ အုံပွင့်လာတယ်။
အုံပွင့်တော့ အိမ်နီးချင်းတွေ သိလာတယ်။
အိမ်နီးချင်းတွေ သိတော့ မြို့က သိလာတယ်။
နောက်ဆုံးတော့ မဖုံးနိုင်တဲ့အရာကို
ဖုံးထားတယ်ဆိုတဲ့ မာနတစ်ခုပဲ ကျန်ခဲ့တယ်။
ဒါတောင် ပြောလိုက်သေး
"သဲသဲက ကိုကို့ကိုတကယ်ချစ်တာပါ" တဲ့။ ။
-လင်းသစ်
တွေးကြည့်ရင်
ရိုးရှင်းပါတယ်...
မင်းမချစ်လည်း
နေသားတကျဖြစ်နေတဲ့
ငါ့ဘဝဟာ မင်းကိုချစ်နေရခြင်းတွေနဲ့
ပြည့်နက်နေပါတယ်။
- လိပ်ပြာ
''မိုး''
မိုးစဲစ မြေနံ့လေးတွေလို
မင်းကိုယ်ငွေ့လေးတွေကိုလွမ်းတယ်
အဝေးမှာရှိတဲ့ မင်းဆီကို
ကိုယ့်ရဲ့လွမ်းဆွတ်ခြင်းမိုးစက်တွေ
လွင့်ပါစေကွယ်။
-ကျော်ကြီး(ကျော်ရိပ်ညို)
``တိတ်ဆိတ်မှု''
မပြောဖြစ်တဲ့ စကားတွေက
အကျယ်ဆုံး
အော်ဟစ်နေတတ်တယ်..
မပို့ဖြစ်တဲ့ စာတွေက
အရှည်ဆုံး
ကဗျာတွေ ဖြစ်တယ်..
မဖြစ်နိုင်မှန်း သိရဲ့သားနဲ့
ဆက်ချစ်နေတဲ့
နှလုံးသားကတော့...
အရူးမဟုတ်ဘူး...
သစ္စာရှိလွန်းတာ။
-can i be him
ဒီမိုးစက်တွေနဲ့အတူ
သူရောကိုယ့်ကိုလွမ်းနေပါ့မလား။
-ကျော်ကြီး(ကျော်ရိပ်ညို)
မနေ့က စီးကျတဲ့မျက်ရည်၊ ဒီနေ့အထိ မခြောက်သွေ့သေးဘူး။
ကြေမွသွားတဲ့ နှလုံးသားအတွက် မနက်ဖြန်ဆိုတာလည်း အက်ကြောင်းတွေရဲ့ နိဒါန်းပဲ။
စကြာဝဠာ မရွေး... လူတိုင်းမှာ ရိုးရိုးသားသား ချစ်ပြီး လွတ်လပ်စွာ အသည်းကွဲခွင့် ရှိကြတယ်။
-နွေဦး
မလာတော့မယ့်သူက
စောင့်ပါလို့ မပြောသင့်ဘူး..
အဲဒီစကားတစ်ခွန်းက
တစ်ဘဝစာ နာကျင်မှု ဖြစ်သွားတတ်တယ်။
-ကျူး
အချစ်ရေ..
စဉ်းစားကြည့်ရင်
ကိုယ်တို့ ဘဝတွေဟာ
မိုးနဲ့ မြေပါလေ...
နီးချင်လျက် ဝေးရသလို
အဆင်ပြေချင်ပါလျက်နဲ့လည်း
ပြဿနာတွေ ဖြစ်ရတယ်။
ပျော်သလားဆိုရင်
မင်းကို ချစ်နေသ၍
ကိုယ်ပျော်ပါတယ် အချစ်ရေ။
- လိပ်ပြာ
သိပ်ကြောက်စရာကောင်းတယ် အမေ
အချစ်မီးညှို့ခံရတဲ့အခါ
ကိုယ့်ဘဝကိုယ်ရှို့ဖို့ဝန်မလေးမိကြဘူး
-မြတ်နွယ်
ဒီသံသရာမှာတော့
ငါတို့ဒီလောက်ပဲ
တွေ့ကြတာပေါ့
နောက်သံသရာကြရင်တော့
ထပ်မတွေ့ကြရအောင်။
-မြနန်းစံ
မင်းကိုချစ်တာ
မင်းနားမှာရှိဖို့ မဟုတ်ဘူး။
မင်းမရှိတဲ့အခါ
ငါ့ရင်ထဲမှာ
မင်းရှိနေဖို့ပဲ။
-နွေဦး
နားလည်မှု ပျောက်ဆုံး၊ လမ်းခွဲခဲ့ကြ ပေမဲ့
ရင်ထဲက ဒဏ်ရာကတော့ မကျေဘူး။
ဆုံစည်းဖို့ ကံမပါလို့၊ လမ်းခွဲခဲ့ရလည်း
မင်း လျှောက်မယ့် လမ်းမှာ
အဆင်ပြေပါစေလို့
ကျောခိုင်းရင်းပဲ သာဓု ခေါ်ခဲ့ပါတယ်။
-နွေဦး
ဟစ်တလာရဲ့အရိပ်တွေကြားမှာ
ကမ္ဘာက လေကို မေ့ခဲ့တဲ့အချိန်
ချာလီချက်ပလင်ရဲ့ ရယ်သံတစ်စင်းက
မျက်ရည်တွေနဲ့ပြည့်တဲ့ လမ်းပေါ်မှာ
အလင်းတစ်စင်း ဖြစ်ခဲ့တယ်။
အိုင်းစတိုင်းရဲ့ စကြဝဠာထဲမှာ
အကြီးဆုံးသော လျှို့ဝှက်ချက်က
လူတစ်ယောက်ကို
နောက်တစ်ယောက်ရဲ့ အချစ်က
ပြန်အသက်ပေးနိုင်ခြင်းပဲ။
-နွေဦး
