A poem that is not a poet's poem
Открыть в Telegram
အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe
БольшеМьянма33 000Категория не указана
313
Подписчики
-224 часа
-67 дней
-2330 дней
Архив постов
ဆူးလေလမ်းထောင့်မှာ
အနီမီးကသာ ရပ်ခိုင်းတယ်၊
ငါ့စိတ်ကတော့
မင်းနားမှာပဲ မီးစိမ်းနေခဲ့။
-နွေဦး
အခုတလော
ငါ့ခေါင်းထဲမှာကဗျာတွေအစား
လူသတ်ဖို့ပဲရှိတယ်
လောကကြီးအကြောင်းပြောကျမယ်
လူတွေအကြောင်းရောသိလား
ပိုက်ဆံရောရှိလား။
- နေကြာဖြူ
''မိုးရက်များ''
ခြုံလွှာလည်း မနွေးနိုင်တဲ့
ဒီလို မိုးအေးအေး
နေ့ရက်တွေမှာပေါ့
ကောင်းကင်ကြီးက
ညို့မှိုင်းလို့
နှလုံးသားကလည်း
လိုက်ပြီး အုံ့ဆိုင်းလို့။
-ကျော်ကြီး(ကျော်ရိပ်ညို)(ညို့မှိုင်းမှိူင်းနေ့ရက်များ)
မောင်မောင်ရေလို့ခေါ်ရင်
မမအတွက်ကရေတစ်ခွက်
ငါမဆုံးမသားလေးအတွက်က
နို့တစ်ဘူး
မမဗိုက်ဆာရင်
ကိုယ်တိုင်ဟင်းချက်ကျွေးမယ်
မမညောင်းရင်နင်းနှိတ်ပေးမယ်
မမပျင်းရင်ကဗျာရွတ်ပြမယ်
မမအရက်သောက်ချင်ရင်
အမြည်းနဲ့ခွက်ကအဆင်သင့်။
အိမ်သူလဲလုပ်ပါ့မယ်
သူကြီးဆိုလဲလုပ်ပါ့မယ်
တစ်ရွာလုံးကပိုက်ဆံနဲ့
မမကိုအလှဆင်မယ်။
- နေကြာဖြူ
"ခမျာမမ.....ဟုတ်ကဲ့မမ"
တစ်အိမ်လုံးနဲ့လဲမတည့်ပါဘူး
အခြားလူတွေနဲ့လဲမတည့်ပါဘူး
မမကခေါ်ရင်"ခမျာ"လို့ထူးပါတယ်
မမနဲ့ဆို
ကျွန်တော်ဟာလူ့ယဉ်ကျေးလေးပါ။
မမဟာလှပါတယ်
မမဟာပိုလှပါတယ်
မမဟာလှတာထက်ပိုချစ်ဖို့ကောင်းပါတယ်
မမဟာကျွန်တော်သိပ်မြတ်နိုးရတဲ့
ပန်းချီကားတစ်ခု
မမဟာ
ကျွန်တော်ကြည့်နေကျ
အလှပဆုံးနေဝင်ချိန်
မမဒီကဗျာကို
ကြည့်ရတာရိုးနေမယ်လို့ထင်ပါတယ်
သူများတွေလိုကြီးကြီးကျယ်ကျယ်
အဖွဲ့အနွဲ့တွေနဲ့
အရှက်ကွဲမကျော်ကြားချင်ဘူးမမ
မမဟာကျွန်တော့ကမ္ဘာလို့ပြောရင်
မမယုံလိုက်ပါ
ကျန်တာကိုတော့
ကျွန်တော်နဲ့ယူပြီးမှယုံပါ။
-နေကြာဖြူ
တချို့အကွာအဝေးတွေက
ခြေလှမ်းနဲ့ မတိုင်းဘူး
သတိရမိတိုင်း
နှလုံးသားက
မင်းရှိတဲ့ဘက်ကိုပဲ ရွှေ့သွားတယ်။
-နွေဦး
ကျွန်တော့လိုအသားကလဲညို
မမနဲ့ဆိုစကားလဲချိုတဲ့သူကို
ချစ်ကြည့်ပါလားမမ
တစ်ခါလောက်ပဲဖြစ်ဖြစ်
ချစ်ကြည့်ပါလား
မမ မအိုစေရဘူး။
ကောင်းကင်ကငှက်နဲ့
ရေထဲကငါးက
ဘလိုချစ်ကျတာလဲသိလား
ချစ်ကျပြီးရင်တောင်
ဘယ်မှာနေကျမလဲဆိုတာကိုရော
သိလားမမ
မမကျွန်တော့်ကိုချစ်တယ်လို့ပြောရင်
အဲ့မေးခွန်းရဲ့အဖြေကိုပြောပြမယ်။
-နေကြာဖြူ
"စတော်ဘယ်ရီ ပုံပြင်"
ဈေးထဲကကိုယ်ဝယ်လာတဲ့
စတော်ဘယ်ရီလေး
သူကခွံ့ကျွေးတော့တစ်ကမ္ဘာ
မင်းနှုတ်ခမ်းသားက
စတော်ဘယ်ရီလိုလို
မင်းပေးတဲ့ဘလူးဘယ်ရီသီးလိုလိုနဲ့
ချိုမြမှုနဲ့ Spyအနံ့ကိုပေးစွမ်းနိုင်တယ်
သူ့Spyခွက်ထဲက
စတော်ဘယ်ရီလေးကို
နှိုက်စားတော့မှ
အနမ်းပေးမယ့်အစား
အလှမ်းဝေးသွားခဲ့တယ်။
- နေကြာဖြူ
ဟစ်တလာက
မြို့တွေကို မီးခိုးနဲ့ ရေးခဲ့တယ်။
ငါတို့ခေတ်ကတော့
လူတစ်ယောက်ရဲ့ နှလုံးသားကို
တိတ်ဆိတ်ခြင်းနဲ့ ဖျက်နေကြတယ်။
သမိုင်းက
သွေးနီနဲ့ ပိတ်လိုက်တဲ့ စာအုပ်တစ်အုပ်ဆိုရင်
ယနေ့ရဲ့ အချစ်တွေက
မဖွင့်ရသေးတဲ့ စာမျက်နှာပေါ်မှာ
အဖြူရောင်ပြာတွေ ကျနေဆဲ။
-နွေဦး
ရာပေးလို့
ထောင်မပွားနိုင်သ၍တော့
ကျွန်တော့်ရဲ့ရည်းစားအနေနဲ့သာ
ရှိနေပေးပါ။
-ဒေါင်းနက်
စစ်ကိုရွေးတဲ့လက်တွေကြားမှာ
လေတောင် တိတ်တိတ်လေး သေသွားတယ်။
အပြုံးကိုရွေးတဲ့မျက်နှာတစ်ခု ပေါ်လာတော့
ကမ္ဘာကြီးက
အသက်ရှူသံကို ပြန်မှတ်မိခဲ့တယ်။
-နွေဦး
မိုးရာသီလည်း
လွမ်းတယ် အသက်ရဲ့...
ကိုယ့်မှာ မင်းကို
ရာသီမရွေး လွမ်းနေမိတာ။
- လိပ်ပြာ
"အမေမရှိတော့တဲ့နောက်
မိုးကောင်းကင်တောင် ပိုဝေးသွားသလိုပဲ…
လွမ်းတယ်ဆိုတဲ့စကားလေးက
အမေ့ဆီရောက်ဖို့ မလုံလောက်တော့ဘူး…
ဒါပေမယ့်
နေ့တိုင်းရင်ထဲမှာ တိတ်တိတ်လေးပြောနေတယ်
'အမေ… သား အရမ်းလွမ်းတယ်'
-နွေဦး
ငါတို့နှစ်ယောက်ကြားမှာ
"ချစ်တယ်" ဆိုတဲ့စကား မရှိခဲ့ဘူး
ဒါပေမယ့်
မင်းမရှိတဲ့နေ့တွေက
ပုံမှန်ထက်ပိုပြီး တိတ်ဆိတ်နေခဲ့တယ်။
ရည်းစားမဟုတ်ခဲ့ကြဘူး
ဒါပေမယ့် မင်းရဲ့အခြေအနေကို
ငါ့စိတ်က အမြဲစောင့်ကြည့်နေခဲ့တယ်။
ပိုင်ဆိုင်ခွင့်မရှိတဲ့သူတစ်ယောက်က
ဆုံးရှုံးရမှာကို ကြောက်နေခဲ့တာဟာ
အချစ်ဟုတ်လား မဟုတ်ဘူးလားဆိုတာ
ငါတို့နှစ်ယောက်လုံး မဖြေခဲ့ကြဘူး။
နီးကပ်ခဲ့ကြပေမယ့်
အမည်တပ်လို့မရတဲ့ ဆက်ဆံရေးတစ်ခု
ဝေးသွားတဲ့အခါမှာတော့
လမ်းခွဲတယ်လို့တောင် ပြောခွင့်မရှိတဲ့
အနာတစ်ခု ဖြစ်ကျန်ခဲ့တယ်။
တချို့လူတွေက
ရည်းစားမဖြစ်ခဲ့ပေမယ့်
နှလုံးသားထဲမှာတော့
ပြီးဆုံးသွားတဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေတတ်တယ်။
-နွေဦး
ရက်စက်လေခြင်း
ငါအရင်ချစ်ခဲ့တာလို့
ပြောရင် မင်းယုံမလားအသက်။
ဒီညကြယ်တွေ မကြွေစေချင်ဘူး။
ငါ့ဆုတောင်းတွေ ပြည့်သွားမှာထက်
မင်းချစ်တဲ့ ကြယ်တွေကြွေမှာကို
ငါပိုကြောက်တယ် အသက်။
မင်းသိလား အသက်
လူတစ်ယောက်မှာ သူသိပ်မြတ်နိုးရတဲ့
အရာတွေအများကြီးရှိလိမ့်မယ်။
ဒါပေမဲ့ သူအမြတ်နိုးဆုံးကတော့
တစ်ခုတည်းပဲ။ အင်း...
အဲ့လိုပဲပေါ့ ငါ့အသက်ရယ်
မင်းဟာလဲ ငါ့ရဲ့တစ်ခုတည်းသော
မြတ်နိုးရာပဲ။
ဒီအချိန်မင်းငိုနေမလား
ငါတွေးခဲ့သေးတယ် အသက်။
ငါ့ဒဏ်ရာကိုမှမထောက်
မင်းဘက်ကိုတွေးပေးခဲ့တယ်
အသက်ရေ။ မင်းကတော့
လုပ်ရက်တယ်...။
တစ်ခါတစ်လေတော့
အနာလဲပေး ဆေးလဲပေးရင်
သိပ်ကောင်းမယ် အသက်။
အခုတော့အစိမ်းသက်သက်
ဒဏ်ရာတွေချည်းပါလား။
ရက်စက်လိုက်တာ အသက်ရယ်။
ငါလေ...မင်းကိုတခြားသူတွေထက်
ပိုချစ်ခဲ့တာ။ အရာရာတိုင်းထက်
မင်းကို တန်ဖိုးထားခဲ့တာ။ ငါ့အချိန်တွေ
အားလုံးကို မင်းဆီမှာပဲမြှုပ်နှံခဲ့တာ။
ငါ့လက်ကျန်ဘဝတစ်ခုလုံးကို မင်းနဲ့အတူ
ဖြတ်သန်းချင်ခဲ့တာ အသက်။
ငါဟာ အရူးပဲအသက်ရယ်။
စိတ်ပျက်တယ် အသက်။
ငါ့ကိုယ်ငါ စိတ်ပျက်တယ်။
ငါကလွဲရင် အရာအားလုံးကို
အလေးထားတဲ့ မင်းကိုချစ်ခဲ့မိလို့၊
အပြစ်တင်စကားတွေ ကြားထဲကမှ
မင်းကို ပြောင်းလဲပေးချင်ခဲ့လို့၊
ငါ့ကိုယ်ငါထက် မင်းကို
ပိုတန်ဖိုးထားခဲ့မိလို့...။
ငါ့ကိုယ်ငါ စိတ်ပျက်တယ်။
မင်းကိုတော့ မမုန်းပါဘူး
ဒါပေမဲ့ မချစ်ရဲတော့ပါ...။
-အံ့လွန်းပျို
"နှလုံးသားရှိသူတိုင်း
အချစ်ရဲ့စစ်မြေမှာ
တစ်ကြိမ်တော့ လဲကျရစမြဲ
သို့ပေမယ့်
ကိုယ်နာကျင်ခဲ့တဲ့အရိပ်ကို
သူတစ်ပါးရဲ့လမ်းပေါ်
မချထားခဲ့ဘူး"
-နွေဦး
