ru
Feedback
A poem that is not a poet's poem

A poem that is not a poet's poem

Открыть в Telegram

အချစ်ဦးဆိုတာ ကမ္ဘာဦးအစလိုပဲ ပြန်လွမ်းခွင့်ပဲရှိတယ် ပြန်သွားလို့မရဘူး။ - နေကြာဖြူ https://t.me/WhiteSunflowe

Больше
Мьянма32 877Категория не указана
313
Подписчики
-124 часа
-67 дней
-2230 дней
Архив постов
နှလုံးသားက လက်မခံရင် မေ့ခြင်းသည် ခက်ခဲသော တရားတစ်ပုဒ် စွန့်လွှတ်ခြင်းသည် နာကျင်သော ကဗျာတစ်ပုဒ်။ မင်းမရှိသော နေ့ရက်များ၌ပင် မင်းရှိခဲ့သော အမှတ်တရများက ပန်းရနံ့လို စွဲကျန်နေ၏။ နှလုံးသားက လက်မခံရင် အချစ်သည် အဆုံးမရှိ လူသာ ဝေးကွာသွားမည် လွမ်းခြင်းကား ရင်ခွင်တစ်နေရာ၌ တိတ်တဆိတ် ပွင့်နေသော ပန်းတစ်ပွင့်အဖြစ် ကျန်ရစ်နေဦးမည်။ -ကျူး

မင်းက ထွက်သွားခဲ့တယ် ငါက ကျန်ရစ်ခဲ့တယ် ကွာခြားချက်က မင်းမှာ မေ့ဖို့အချိန်ရခဲ့ပြီး ငါမှာတော့ လွမ်းဖို့အချိန်ပဲ ကျန်ခဲ့တယ်။ -နွေဦး

"မဖြစ်နိုင်တဲ့ဘက်ခြမ်း" မင်းကို မချစ်တော့လို့ လက်လွှတ်လိုက်တာ မဟုတ်ဘူး... ဆက်ဆုပ်ကိုင်ထားရင် မင်းလည်း နာမယ်၊ ငါလည်း နာမယ်ဆိုတာ သိလို့ ဖြည်းဖြည်းချင်း လွှတ်ချလိုက်တာ။ တစ်ခါတလေ အချစ်ဆိုတာ ပိုင်ဆိုင်ခြင်း မဟုတ်ဘူး၊ ကိုယ်နဲ့ မသင့်တော်တဲ့ ကြယ်တစ်လုံးကို အဝေးကပဲ ငေးကြည့်နေရသလိုမျိုးပေါ့။ မင်းက လှတယ်၊ ငါကလည်း ချစ်တယ်၊ ဒါပေမဲ့... လှပတဲ့အရာတိုင်းဟာ ကိုယ့်လက်ထဲ ရောက်လာဖို့ မဖြစ်နိုင်ဘူးလေ။ ဒါကြောင့် မင်းကို မေ့ဖို့ မကြိုးစားဘူး၊ မပိုင်ဆိုင်တော့ဖို့ပဲ သင်ယူနေတယ်။ တစ်နေ့နေ့မှာ မင်းနဲ့ဆုံခဲ့ဖူးတဲ့ အမှတ်တရတွေကို နာကျင်မှုမပါဘဲ ပြန်ပြုံးနိုင်မယ်ဆိုရင် အဲ့နေ့က ငါ့နှလုံးသားက မင်းကို တကယ်လက်လွှတ်ပေးနိုင်သွားတဲ့နေ့ ဖြစ်လိမ့်မယ်။ မင်းက ငါ့အတွက် မရနိုင်တဲ့ ဆုတောင်းတစ်ခုဖြစ်ခဲ့ပြီး ငါကတော့ အဲ့ဒီဆုတောင်းကို ချစ်နေဆဲနဲ့ တိတ်တိတ်လေး နှုတ်ဆက်ခဲ့တဲ့သူပါ... -နွေဦး

"မပိုင်ဆိုင်ရတဲ့ နေရာ" မင်းထွက်သွားတဲ့နေ့က မိုးမရွာခဲ့ဘူး၊ ဒါပေမဲ့ ကိုယ့်ရင်ထဲက ကောင်းကင်တစ်ခုလုံး တိတ်တိတ်လေး မိုးရွာနေခဲ့တယ်။ မင်းနာမည်ကို မခေါ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့ပေမဲ့ အမှတ်တရတွေက ကိုယ့်နှလုံးသားထဲမှာ မင်းကို နေ့တိုင်း ခေါ်နေတုန်းပဲ။ မင်းမရှိတော့တဲ့နောက် လမ်းတွေက အရင်အတိုင်းပဲရှိတယ်၊ လူတွေကလည်း အရင်အတိုင်းပဲ ရယ်မောနေကြတယ်၊ ပြောင်းလဲသွားတာက မင်းကို စောင့်နေတဲ့ ကိုယ့်နှလုံးသားပဲ။ တစ်ခါတလေ မေ့သွားပြီလို့ ထင်မိတယ်၊ ဒါပေမဲ့ သီချင်းတစ်ပုဒ်၊ အမှတ်တရတစ်ခု၊ ဒါမှမဟုတ် မင်းနဲ့တူတဲ့ အရိပ်တစ်ခုမြင်လိုက်ရင် ကိုယ်က အစကနေ ပြန်လွမ်းရပြန်တယ်။ မင်းက ကိုယ့်ဇာတ်လမ်းထဲက အလှဆုံးစာမျက်နှာဖြစ်ခဲ့ပေမဲ့ နောက်ဆုံးတော့ ကိုယ်မပိုင်ဆိုင်ရတဲ့ အခန်းတစ်ခန်းအဖြစ်ပဲ ကျန်ရစ်ခဲ့တယ်။ -နွေဦး

ကျန်းမာပါစေ... ချမ်းသာပါစေ.. ဒီရင်မှာမပျော်သူအဖို့ နောက်လူရင်ခွင်မှာ အေးချမ်းပါစေ။ -နွေသစ်လွင်
ကျန်းမာပါစေ... ချမ်းသာပါစေ.. ဒီရင်မှာမပျော်သူအဖို့ နောက်လူရင်ခွင်မှာ အေးချမ်းပါစေ။ -နွေသစ်လွင်

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါပဲ ဒါပေမဲ့ ကိုယ်တို့ပြန်မဆုံတွေ့နိုင်အောင် ဘယ်လောက်ထိများ ဝေးခဲ့ကြတာလဲ... -နွေသစ်လွင်
ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါပဲ ဒါပေမဲ့ ကိုယ်တို့ပြန်မဆုံတွေ့နိုင်အောင် ဘယ်လောက်ထိများ ဝေးခဲ့ကြတာလဲ... -နွေသစ်လွင်

အဏ္ဏဝါဂယက်စာစောင်မှ မိတ်ဆွေတို့နဲ့အတူ ဒုတိယအကြိမ်မြောက် ကဗျာရွတ်ဖတ်ခြင်းအစီစဉ် စတင်နေပါပြီ Notice: ရွတ်ဖတ်စေချင်သော ကဗျာရှိပါ
အဏ္ဏဝါဂယက်စာစောင်မှ မိတ်ဆွေတို့နဲ့အတူ ဒုတိယအကြိမ်မြောက် ကဗျာရွတ်ဖတ်ခြင်းအစီစဉ် စတင်နေပါပြီ Notice: ရွတ်ဖတ်စေချင်သော ကဗျာရှိပါက ပေးပို့ရန် - @Latepyar_023 https://t.me/AnNaWarGaYat_sarsaung?livestream=19aca41b0d0b1b17ff

စိမ်းကားခြင်းမှာ နေသားတကျပါပဲ။ သူစိမ်းအဖြစ်ကနေ သူစိမ်းပြန်ဖြစ်သွားတဲ့ ဆက်ဆံရေးတွေဟာ အစိမ်းသက်သက်..။ ဥပေက္ခာတရားမှာ ကိုယ်ချင်းစာစိတ်ပါရင် ဘယ်လောက်ကောင်းမလဲ။ -အံ့လွန်းပျို

ကျော်ကြီးတစ်ယောက် ခွက်ပုန်းကစ်ပြီး ညည KTV သွားတာကို သူ့မိန်းမ အတန်အသင့် သတိထားမိလေပြီ...။ တစ်နေ့ ကျော်ကြီး ရေချိုးနေတုန်း ကျော်ကြီး မိန်းမ ဖုံးဖွင့်စစ်ဆေးရာ တွေ့လေပြီ... # လမင်းမေ တဲ့ ဒေါသတကြီး ချက်ချင်းခေါ်ကြည့်ရာ သားပြောလေဆိုသော ယောက္ခမ အသံကြားရလေသည် ။ သံသယစိတ်က မပျောက်သေး ထပ်ရှာကြည့်ရာ တွေ့ပါပြီ ဒီတစ်ခါ 😉 # ကြယ်စင်မေ တဲ့ ကျော်ကြီးမိန်းမလည်း အောင်နိုင်သူ အပြုံးဖြင့် တစ်ချက်ပြုံးပြီး ဆက်လိုက်ရာ ကိုကျော် ပြောဟူသော ယောင်းမ အသံသာ ထွက်လာလေသည်...။ ဖုန်းကို ပိတ်မည်ပြုစဉ် Miss call ဝင်ထားသော # မောင့်အိပ်မက်မေ ဆိုသော အမည်အား တွေ့သောအခါ ကျော်ကြီးမိန်းမလည်း ဒေါသမီး တဟုန်းဟုန်းတောက်လောင်ပြီး ဖုန်းဆက်ကြည့်လိုက်ရာ ဘေးမှ ဖုန်းက အသံ ထမြည်လေသည်။ # မောင့်အိပ်မက်မေ ဆိုသည်မှာ ငါပါတကားဟု 😘 ယောက်ျား သူတော်ကောင်းကြီးအား စော်ကားမိလေချင်းဟု စိတ်မကောင်းကြီးစွာဖြစ်ကာ ငိုချ လိုက်မိလေသည်...။ ထိုစဉ် မက်ဆေ့ တစ်စောင်ဝင်လာလေပြီ # ဦးသုမန တဲ့ 🙄 ဒကာကြီး တရားပွဲ စမယ် ဟူသတည်း... ကျော်ကြီးမိန်းမလည်း ယောက်ျား သူတော်ကောင်းကြီး စော်ကားမိလေချင်းဟု မျက်ဝန်းမှ မျက်ရည်စများအား လူမမြင်အောင် ခိုးသုတ်လိုက်ရင်း 🤧 တရားပွဲမှာ လှူရအောင် ၅ သိန်းအုပ်လေး စားပွဲပေါ် တင်ပေးပြီး ဟင်းနွေးချင်ဟန်ဆောင်ကာ မီးဖိုခန်းထဲသို့ ဝင်သွားလေသည်... ကျော်ကြီးလည်း ၅ သိန်းအုပ်ကို ဟန်ပါပါယူရင်း အိမ်ပြင်ရောက်သည်နှင့် # ဉီးသုမန ထံဖုံးဆက်ပြီး ကလေး ကိုကြီးထွက်လာပြီ.... တဲ့... 😂 #Crd

ပြန်မလာတော့တာသေချာရင် ပေးခဲ့ဖူးတဲ့ကတိတွေဟာ အလကားပဲ ဒီနေ့အိပ်မက်ထဲမှာမင်းကိုတွေ့တယ် ကိုယ်ပဲအမှတ်ရနေတာလား မင်းပဲလွမ်းနေတာလားမပြ
ပြန်မလာတော့တာသေချာရင် ပေးခဲ့ဖူးတဲ့ကတိတွေဟာ အလကားပဲ ဒီနေ့အိပ်မက်ထဲမှာမင်းကိုတွေ့တယ် ကိုယ်ပဲအမှတ်ရနေတာလား မင်းပဲလွမ်းနေတာလားမပြောတတ်ဘူး။ သေချာတာကတော့ ပြန်မနီးစပ်နိုင်တော့ဘူ။ - နေကြာဖြူ

မင်းရဲ့အချုပ်နှောင်ကနေ ယနေ့မနက်ကပဲရုန်းထွက်ခဲ့ပြီ နေမကောင်းလဲသောက်ဂရုမစိုက်တော့သလို ဘယ်ကောင်နဲ့အိပ်နေလဲမသိချင်တော့ဘူး အရေးကြီးတာ ကိုယ်ကိုယ်တိုင်အိပ်ရေးဝဝအိပ်ရဖို့နဲ့ နေ့ရက်တွေကိုအဆင်‌ပြေပြေဖြတ်သန်းဖို့ပဲ - ‌နေကြာဖြူ

ချစ်သူရှိလျက်နဲ့ ချစ်တယ်ပြောတာဟာ ဖောက်ပြန်ခြင်း တစ်မျိုးပဲတဲ့ အသက်ရဲ့။ - လိပ်ပြာ
ချစ်သူရှိလျက်နဲ့ ချစ်တယ်ပြောတာဟာ ဖောက်ပြန်ခြင်း တစ်မျိုးပဲတဲ့ အသက်ရဲ့။ - လိပ်ပြာ

မင်္ဂလာနံနက်ခင်းပါ ဒီနေ့ည ၈နာရီတိတိမှာ အဏ္ဏဝါဂယက်ချန်နယ်ရဲ့ ဒုတိယအကြိမ် ကဗျာရွတ်ပွဲလေးရှိပါတယ်။ ကလောင်ရှင်များ၊ စာပေဝါသနာရှင်
မင်္ဂလာနံနက်ခင်းပါ
ဒီနေ့ည ၈နာရီတိတိမှာ အဏ္ဏဝါဂယက်ချန်နယ်ရဲ့ ဒုတိယအကြိမ် ကဗျာရွတ်ပွဲလေးရှိပါတယ်။ ကလောင်ရှင်များ၊ စာပေဝါသနာရှင်များ၊ စာဖတ်ပရိသတ်များနှင့် အတူ အဏ္ဏဝါဂယက်စာစောင်မှ ကဗျာရွတ်ဖတ်ချင်ပါတယ်။ ဒါကြောင့်... စာဖတ်သူ ပရိသတ်တို့ လာရောက်အားပေး ဝန်းရံကြဖို့ အဏ္ဏဝါဂယက်စာစောင်မှ ဖိတ်ကြားပါတယ်။ မေတ္တာရင်းဖြင့် - အဏ္ဏဝါဂယက်စာစောင် #anawargayat #sarsung

I love you three thousand" ဆိုပြီး Iron Man က သူ့သမီးလေးကို ပြောခဲ့တဲ့ စကားက Marvel fan တွေကြားမှာ တော်တော်ရေပန်းစားခဲ့ပါတယ်။ ရိုးရှင်းပေမယ့် နက်နဲတဲ့ အဓိပ္ပာယ်တွေအပြည့်နဲ့ပေါ့။ အဲ့လိုမျိုးပဲ Marvel Cinematic Universe ကနေ အားလုံးရဲ့ ရင်ထဲအမှတ်ရစေခဲ့တဲ့ ဒိုင်ယာလော့တစ်ခုရှိပါ‌သေးတယ်။ အဲဒါကတော့ Doctor Strange in the Multiverse of Madness ထဲမှာ Doctor Strange က Christine Palmer ကို ပြောခဲ့တဲ့ "I love you in every universe" ဆိုတဲ့ စကားပါပဲ။ ဒီစကားက "ငါနင့်ကိုချစ်တယ်" လို့ ပြောတာထက် အများကြီး ပိုလေးနက်ပါတယ်။ ဆို‌‌တော့ စကြာဝဠာတွေ၊ Multiverse တွေအကြောင်း ခဏလောက်စဉ်းစားကြည့်ရအောင်။ Universe တိုင်းမှာ ချစ်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ ?... Multiverse ဆိုတဲ့ သဘောတရားအရ ကျွန်တော်တို့ နေထိုင်နေတဲ့ စကြာဝဠာလိုမျိုး မရေမတွက်နိုင်တဲ့ စကြာဝဠာတွေ အများကြီးရှိနေနိုင်ပါတယ်။ Universe တစ်ခုနဲ့တစ်ခုကြားမှာ အဖြစ်အပျက်တွေ၊ ရွေးချယ်မှုတွေ၊ လူတွေရဲ့ ဘဝတွေက ကွဲပြားသွားနိုင်တယ်။ ဥပမာ တစ်ခြား Universe မှာ ကိုယ်က အခုလက်ရှိအလုပ်မဟုတ်ဘဲ ကိုယ်ငယ်ငယ်က ဖြစ်ချင်ခဲ့တဲ့ အဆိုတော်တစ်ယောက် ဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် ကိုယ်နဲ့ ကိုယ့်ရဲ့ Crush က ချစ်သူတွေဖြစ်နေတဲ့ Universe လည်း ရှိကောင်းရှိနေနိုင်တာပေါ့။ အရာရာက ဖြစ်နိုင်ခြေတွေနဲ့ ပြည့်နေတဲ့ နေရာကြီးပေါ့။ အဲ့ဒီလို မရေမတွက်နိုင်တဲ့ ဖြစ်နိုင်ခြေတွေထဲမှာ Doctor Strange က Christine ကို "ငါနင့်ကို Universe တိုင်းမှာ ချစ်တယ်" လို့ ပြောလိုက်တာပါ။   ဆိုလိုတာကသူဘယ်ဘဝပုံစံနဲ့ပဲ ရှိနေပါစေ ၊ Christine က ဘယ်လိုပုံစံနဲ့ပဲ ရှိနေပါစေ ၊ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုပဲခြားနားနေပါစေ သူ့အချစ်ကတော့ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါက "အခြေအနေတွေဘယ်လိုပဲဖြစ်ဖြစ် နင့်ကိုချစ်တယ်" ဆိုတာထက် ပိုလေးနက်တဲ့ ကတိစကားတစ်ခုလိုပါပဲ။ ဒါက ရွေးချယ်မှုတိုင်းရဲ့အဆုံးမှာ ၊ ဖြစ်နိုင်ခြေတိုင်းရဲ့အဆုံးမှာ မင်းဟာ ငါ့ရဲ့အချစ်ပဲဆိုတာကို ပြလိုက်တာပါ။ ကျွန်‌တော်တို့ရဲ့ လက်တွေ့ဘဝနဲ့ ချိတ်ဆက်ကြည့်မယ်ဆိုရင်... ဟုတ်ပါတယ် ကျွန်တော်တို့ကတော့ Multiverse တွေထဲကို ခုန်ကူးသွားလာလို့မရပါဘူး။ ဒါပေမယ့် ဒီ ခံစားချက်ကို ကိုယ့်ရဲ့ လက်တွေ့ဘဝထဲမှာ ပုံဖော်ကြည့်လို့ရပါတယ်။  ကိုယ့်ချစ်သူနဲ့ပတ်သက်ပြီး "what if" ဆိုတဲ့ မေးခွန်းတွေ ထုတ်ကြည့်ဖူးကြလား? "သူသာ ငါနဲ့မတွေ့ခဲ့ရင် ဘယ်လိုဖြစ်မလဲ" "ငါတို့သာ တခြားနိုင်ငံမှာ မွေးခဲ့ကြရင် တွေ့ဖြစ်ကြပါ့မလား" ဒီလို "what if" တွေတိုင်းရဲ့ အဖြေမှာ "ငါတို့ကတော့ အတူတူရှိနေမှာပဲ" ဆိုတဲ့ ယုံကြည်ချက်မျိုး ရှိနေတာဟာ "I love you in every universe" ဆိုတဲ့ ခံစားချက်ပါပဲ။ နောက်ပြီး ကျွန်တော်တို့တွေ အတိတ်မှာ ဆုံးဖြတ်ချက်အမှားတွေ ချခဲ့ဖူးပါလိမ့်မယ်။ အဲ့ဒီအမှားတွေကြောင့် ကိုယ့်ရဲ့ ပစ္စုပ္ပန်ပုံစံ ပြောင်းလဲသွားနိုင်တယ်။ ဒါပေမယ့် ကိုယ့်ဘေးနားက ချစ်ရတဲ့သူက "မင်း အတိတ်မှာ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့၊ အခုလက်ရှိမင်းကိုရော၊ ဖြစ်နိုင်ခဲ့တဲ့ မင်းရဲ့ပုံစံအားလုံးကိုရော ငါကချစ်တယ်" လို့ ပြောလာခဲ့ရင် ဒါဟာ အချစ်ရဲ့ အဆုံးစွန်သော လက်ခံခြင်းပါပဲ။ ပြီးတော့ အနာဂတ်မှာ ဘာတွေဖြစ်မလဲ ဘယ်သူမှမသိပါဘူး။ အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေ၊ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေ အားလုံးက ဖြစ်လာနိုင်ပါတယ်။ ဒီလိုမရေရာမှုတွေကြားထဲမှာ "အနာဂတ်မှာ ငါတို့ဘဝတွေ ဘယ်လိုပဲပြောင်းလဲသွားပါစေ၊ မင်းအတွက် ငါ့အချစ်ကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး" ဆိုတဲ့ စိတ်ဟာ Universe တိုင်းကို ဖြတ်သန်းနိုင်တဲ့ အချစ်စစ်တစ်ခုထည့်ပေးစေချင်ပါတယ် #Crd

တစ်နေ့နေ့တော့... ငါ့နာမည်ကို မခေါ်ဘဲ "လူသား" လို့ပဲ ခေါ်မယ့် လောကတစ်ခုကို စောင့်မျှော်နေမိတယ်။ -ကျူး

ကိုကို (၁) ‎ ကိုယ့်နဖူးကိုဖွင့်မယ့်သေနတ်ကိုကိုယ်တိုင်ထွင်ခဲ့သလို ‎ကိုကို့ကို ကျွန်မချစ်ခဲ့တယ်။ ‎တစ်မိုင်၊နှစ်မိုင်၊သုံးမိုင် . . ‎ကိုကို့ကို ချစ်တဲ့စိတ်ကနေဝေးအောင် ‎ဘယ်လောက်ဆက်လျှောက်ရမလဲ။ ‎ဆူးပဲတားတား၊လှံပဲထောင်ထောင် ‎သုံးမိုင်နောက်ပြန်လျှောက်ခဲ့မယ်။ ‎ ‎ ‎(၂) ‎ ‎အနုလုံ၊ပဋိလုံ စေ့ငုံဆင်ခြင်ကြည့်ရင် ‎ကျွန်မအချစ်ဟာ ရှက်စရာပါ။ ‎ဂျိမ်းစ်အယ်လန်ပြောတဲ့ ‎"ရှာသောသူသည်တွေ့၏၊ ‎တံခါးခေါက်သူအတွက်လည်း ‎တံခါးသည် ပွင့်၏။"ဆိုတာ ‎ကျွန်မအတွက်တော့ မပါပါ။ ‎အလွမ်းတွေတပွေ့တပိုက်၊ ‎ပန်းတွေတပွေ့တပိုက် နဲ့ ‎ကျွန်မ စောင့်ခဲ့ပါတယ် ကိုကို။ ‎ကိုကို ပေါ်မလာပါ။ ‎တံ‌ခါးခေါက်ခဲ့ပါတယ်။ ‎ကိုကို ဖွင့်မပေးပါ။ ‎ ‎ ‎(၃) ‎ ‎မိန်းမဣဒ္နြေမဲ့တယ်လို့ သိက္ခာရှင်ကိုကိုက ‎ပြောလေမလား။ ‎ချစ်လို့မှားမိတဲ့အမှားပါ ကိုကို။ ‎မှင်နီဝိုင်းဖို့ပဲ စောင့်မနေပါနဲ့ ကိုကိုဆရာကြီးရာ။ ‎နှလုံးသားနည်းနည်း‌ ရှိပါ ကိုကိုရာ။ ‎ကျွန်မကိုချည်း အပြစ်မတင်နေနဲ့အုန်း ကိုကို ‎အစေ့မရှိဘဲ အပင်မပေါက်တဲ့။ ‎ကိုကိုမပြုံးခဲ့ပဲ ကျွန်မ ချစ်တတ်စရာမရှိပါ။ ‎ ‎ ‎(၄) ‎ ‎မီးခြစ်ဟာ ဖယောင်းတိုင်ကို မေ့မယ် ‎ဖယောင်းတိုင်ကတော့ မီးခြစ်ကို‌မမေ့ဘူး ကိုကို။ ‎သာသနာနဲ့ဝေးပါတယ်။ ‎အသာအယာနဲ့လှမ်းပါတယ်။ ‎ကိုကိုနဲ့တော့ မဝေးနိုင် ‎အကာလ မရဏဘေးမှ အထိုက်မခံနိုင်ပဲ။ ‎ကျွန်မ အဘိဓာန်က စကားလုံးသောင်းချီမဖွဲ့ဘူး။ ‎ကိုကို ဆိုတဲ့ စကားလုံးတစ်ခုတည်းနဲ့ ဖွဲ့တာ။ ‎ ‎ ‎(၅) ‎ ‎ကိုကိုက တည်တည်ခန့်ခန့်ကြီး ‎လျှောက်လှမ်းသွားတဲ့အခါ ‎ခြေနင်းရာအောက်က ကြေမွနေတဲ့ ‎စိန်ပန်းလွှာတွေအသံတိတ်ငိုကြွေးကြတယ်။ ‎ဘာတဲ့ . . ‎ကိုကို ပြန်မချစ်လို့ပါတဲ့။ ‎ဒုက္ခပဲ ၊ ဒုက္ခပဲ ။ ‎ကိုကိုဟာ ကျွန်မရဲ့ ဂုဏ်သရေရှိဒုက္ခပဲ။ ‎ဣတ္ထိယမို့ ဘုရားဆုမပန်ထိုက်ပါ။ ‎ကိုကို့ရှပ်ကော်လံလေးဖြစ်ဖို့ ဆုပန်ရင်ရော ‎သေချာတယ် ကိုကိုတော့စိတ်ဆိုးမှာ။ ‎ ‎(၆) ‎ ‎ကိုကိုက ပြောတယ် ‎"မင်းကရှပ်ပြာရှပ်ပြာနဲ့"တဲ့။ ‎ရှပ်ပြာရှပ်ပြာပျံဝဲလို့ ကိုကို့နှလုံးသားကို ‎တိုက်မိတဲ့ လိပ်ပြာတစ်ကောင်ရယ်ပါ။ ‎ကိုကိုကဦးနှောက်ရှသလောက် ‎နှလုံးသားမလှလိုက်တာ။ ‎ကိုကို့ဦးနှောက်ကို မုန်းလိုက်တာ။ ‎အင်းပေါ့လေ ‎လျှံတက်သမျှ အချစ်တွေ၊အလွမ်းတွေ။ ‎ကျန်တတ်သမျှ ဆိပ်တွေ၊ကမ်းတွေ။ ‎ ‎ ‎(၇) ‎ ‎မချစ်ဘူးတဲ့လား ကိုကိုရာ။ ‎တိမ်ခတန်ဆောင် ဖုံးတောင်မှောင် ‎ကုန်းဘောင်ပြည် နေ မထိတော့ပါ။ ‎ကျွန်မရင်ထဲက ကုန်းဘောင်ပြည်ကြီးပါလေ။ ‎စေတိသိက်ဥယျာဉ်ထဲ ကိုကို့အကြောင်း ‎အတွေးတွေကို ပေါင်းသင်နေ ‎နာမ်ဝိဉာဉ်ကို မနိုင်တော့ကာ ‎ဟော ခက်တာပဲ ‎ပေါင်းသင်နေပါလျက်နဲ့ ‎ပေါင်းပင်တွေကြား ကိုကိုက ‎လာပြုံးပြပြန်ပြီ။ ကိုကိုပြုံးပြတဲ့ တဒင်္ဂဟာ ကျွန်မရဲ့ မူပိုင် တစ်သံသရာ ‎ခက်တယ် ခက်တယ် ‎နောက် တသက်လုံးခက်ချင်တယ်။ ‎ ‎ ‎(၈) ‎ ‎"ကိုကိုသာသနံ စိရံ တိဠတု" လို့ ‎မဆိုတော့ပါ။ ‎ကိုကိုက ဒိဠိလေးလို့ဆူတော့မှာ။ ‎ဗဟိဒ္ဓလောကတွေ၊ ‎အဇ္ဈတ္တ သဏ္ဍာန်တွေ ဘေးဖယ်ကွာ။ ‎ကိုကိုသာ ကျွန်မရဲ့ဒိဠလောကပါ။ ‎ဗုဒ္ဓက ပရိနိဗ္ဗာန်မစံခင်ဟောတယ်ကိုကို။ ‎"ဒီလောကမှာ ဖြစ်သမျှ အရာအားလုံး ‎ပျက်လိမ့်မယ်"တဲ့ ‎အရိမေတ္တေယျဘုရား ပရိနိဗ္ဗာန်မစံသေးဘူး ‎မလား ကိုကို။ ‎မပျက်ခင်ဖြစ်ဖို့တော့လိုပါသေးတယ် ကိုကိုရာ။ ‎ပြောချင်တာကိုသဘောပေါက်ပါ။ ‎ ဘုရားမပွင့်ခင်အမီ ကိုကိုပြန်ချစ်လှည့်ပါ။ ‎-မြတ်နွယ်

ကြိုးတစ်ချောင်းဟာဖြတ်သင့်တဲ့အချိန်ရောက်ရင်ဖြတ်ကိုဖြတ်ရတယ် -ဂျူး (အမှတ်တရ)

မယိ မနုဿရန္တေ တွံ ရမတု "ကိုယ်လွမ်းတိုင်း မင်းပျော်ပါစေ" -နွေဦး

အဲ့ဒိနေ့တွေတုန်းက ကိုယ့်ကိုယ်ကိုဖိအားပေးနေမိတာ သူဘာလုပ်နေမလဲ သူချစ်နေရဲ့လား သူနေမှကောင်းရဲ့လား အဲ့လိုမရေရာတဲ့ စိတ်ပူမှုမျိုးတွေနဲ့ ကိုယ့်ကိုယ်ကိုရော သူကိုရောပါချုပ်နှောင်မိခဲ့တယ်။ - နေကြာဖြူ