ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

Our President 🇲🇲

Our President 🇲🇲

Открыть в Telegram

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

Больше
Страна не указанаКатегория не указана
216
Подписчики
Нет данных24 часа
-17 дней
-230 дней
Архив постов
ဘင်းမ်စတက်အဖွဲကြီးသည် အဖွဲဝင်နိုင်ငံအချင်းချင်း နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့ဖြစ်ကြောင်း
ဘင်းမ်စတက်အဖွဲကြီးသည် အဖွဲဝင်နိုင်ငံအချင်းချင်း နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ပြော နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲက (ဇွန် ၂၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက အဆွေတော်နှင့် ယခုကဲ့သိုတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ကြောင်းနှင့် မြန်မာနိုင်ငံမှ ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်အဖွဲတွင် မူလအဖွဲဝင်နိုင်ငံတစ်ခုအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဘင်းမ်စတက်အဖွဲကြီးကို စတင်ဖွဲစည်းခဲ့သည်မှာ လာမည့်နှစ်တွင် နှစ် ၃၀ ပြည့်မြောက်တော့မည်ဖြစ်ပြီး အဖွဲကြီးကိုရည်ရွယ်ချက်ကောင်းများဖြင့် ဖွဲစည်းခဲ့ခြင်းဖြစ်ကာ အောင်မြင်မှုမှတ်တမ်းများလည်း များစွာရရှိခဲ့ပြီးဖြစ်ကြောင်း၊ ဘင်းမ်းစတက်အဖွဲကြီးသည် အဖွဲဝင်နိုင်ငံအချင်းချင်း နိုင်ငံရေးအရ ဝင်ရောက်စွက်ဖက်မှုမရှိဘဲ ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်သည့် အဖွဲ့ကြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ #HOS

ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှာကြားမှု ကောက်နှုတ်ချက်များ ·        တိုင်းပြည်သာယာဝပြောရေးအတွက် ရွေးကောက်ခံအစိုးရက ဦးဆောင်မှုပေးရမည် ဖြစ်ကြောင်း ·        အခြေခံအဆောက်အအုံများဖြစ်သော ရထားလမ်း၊ ဂုံးကျော်တံတားများကို အများအပြား တည်ဆောက်သွားရန်လိုကြောင်း ·        နိုင်ငံတော်၏ ကုန်ထုတ်လုပ်မှုကဏ္ဍကို အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းရင်းနှီးမြှုပ်နှံသူများကို အားပေးကူညီသွားမည်ဖြစ်သလို ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို လည်း နွေးထွေးစွာ ကြိုဆိုကြောင်း ·        အလုပ်လုပ်ဖို့ လိုကြောင်း၊ ကုန်ထုတ်လုပ်မှုကို ကြိုးစား ဆောင်ရွက်ဖို့ လိုကြောင်း ·        စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် ခေတ်မီစက်ယန္တရားများ အသုံးပြုနိုင်ရေး ဆောင် ရွက်သွားရန် လိုကြောင်း ·        လက်ရှိတွင် လိုအပ်ချက်ရှိနေသော ကျွဲနွားမွေးမြူရေး ကဏ္ဍကို လည်း အလေးထား ဆောင်ရွက်သွားရန်လိုကြောင်း၊ ·        ဒေသတွင်း ဝမ်းစာဖူလုံစေရန် နှင့် စားသုံးဆီ ဖူလုံစေရန်အတွက် ဆီထွက်သီးနှံများ စိုက်ပျိုးမှုကို အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ·        လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုများကို ကြပ်မတ်စစ်ဆေးသွားမည် ဖြစ်ပြီး ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်လုပ်ရေးကိုလည်း တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ·        လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် KG+9 ပညာရေးစနစ်ကို အောင်မြင် အောင် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းများ ပေါင်းစည်းခြင်း ဆိုင်ရာ ကိစ္စရပ်များတွင် စီမံခန့်ခွဲမှုပိုင်းကို သေချာစွာတွက်ချက်စဉ်းစား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ·        အားကစားကဏ္ဍတွင်လည်း ကျောင်းများမှတစ်ဆင့်ပြိုင်ပွဲများ စနစ်တကျ ကျင်းပ ပေးခြင်းဖြင့် နိုင်ငံတကာ အဆင့်တွင် အောင်မြင်မှုများ ရရှိစေရန် ကြိုးပမ်းသွားရမည် ဖြစ်ကြောင်း ·        ပြည်သူများ ကိုယ်စိတ်နှလုံးချမ်းမြေ့စွာ နေထိုင်လုပ်ကိုင်နိုင်ရေးအတွက် ဆောင်ရွက် ပေးရန်လိုကြောင်း ·        ပြည်ထောင်စုဝန်ကြီးများအနေဖြင့်လည်း မိမိဝန်ထမ်းများနှင့် ထိတွေ့၍ ဝန်ထမ်းရေးရာ ကိစ္စရပ်များတွင် လိုအပ်သည်များကို ဖြည့်ဆည်းပေးရန် လိုကြောင်း ·        ဝန်ကြီးချုပ်များအနေဖြင့် ခရိုင်နှင့် မြို့နယ်များ အထိ ကွင်းဆင်း၍ ပြည်သူများ ကိုယ်စိတ် နှလုံး ချမ်းမြေ့စွာ နေထိုင်လုပ်ကိုင်နိုင်ရေး ‌ဆောင်ရွက် ပေးရန်လိုကြောင်း၊ ·        ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့၍ ပြည့်သူ့အသံနားထောင်မှသာ အောင်မြင်မှုများ ရရှိလိမ့်မည်ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

Repost from PPIB.Official
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် (၁၅-၆-၂၀၂၆ မှ ၁၉-၆-၂၀၂၆ ထိ) တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့မှုနှင့် ပတ်သက်၍ ပြည်တွင်းမီဒီယာများ၏ မေးမြန်းချက်များအပေါ် ဖြေကြားချက် PPIB Links Youtube | Tiktok | Telegram | Website

ထာဝရတည်ငြိမ်အေးချမ်းဖို့အတွက် သဘောထားကွဲလွဲမှုတွေမှာ ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်နိုင်တာနဲ့ ဖြစ်သင့်တာကို ဆောင်ရွက်သွားရမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြား ================================== ဇွန်လ ၁၇ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးရောက်ရှိနေစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် CCTV သတင်းဌာန၊ ထိပ်တန်းသတင်းတင်ဆက်သူ မစ္စကျိုးယွင်၏ တွေ့ဆုံမေးမြန်းမှုများကို ကျောက်ယွီထိုင်နိုင်ငံတော်ဧည့်ဂေဟာ ဧည့်ခန်းမဆောင်၌ လက်ခံဖြေကြားခဲ့ပါတယ်။ ထိုသို့ လက်ခံဖြေကြားစဉ် ထာဝရတည်ငြိမ်အေးချမ်းဖို့ သဘောထားကွဲလွဲမှုတွေကို သဘောတူညီမှုရရှိဖို့အတွက် ဘယ်ကဏ္ဍတွေကို ဆောင်ရွက်သင့်ပါသလဲဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ "လူတွေရဲ့ဆန္ဒမှာ ဖြစ်ချင်တာကိုပြောမယ့်အစား ဖြစ်နိုင်တာကို၊ ဖြစ်သင့်တာကို ပြောမယ်ဆိုရင်တော့ သဘောထားကွဲလွဲမှုတွေ အများကြီးလျော့ကျသွားလိမ့်မယ်။ လူတွေက ဖြစ်ချင်တဲ့ဆန္ဒတွေ အများကြီးရှိတယ်၊ ဒါပေမဲ့ ဖြစ်ချင်တာတွေက မဖြစ်နိုင်ဘူး။ ဖြစ်သင့်တာနဲ့ ဖြစ်နိုင်တာပဲ လုပ်လို့ရမယ်။ ဒါ့ကြောင့် သဘောထားကွဲလွဲမှုတွေမှာလည်း ဖြစ်ချင်တာကို ပြောနေမယ့်အစား ဖြစ်နိုင်တာနဲ့ ဖြစ်သင့်တာကို ဆောင်ရွက်သွားမယ်ဆိုရင် ခက်ခက်ခဲခဲလုပ်စရာမလိုဘူးလို့  ကျွန်တော်မြင်တယ်။ ဒီလိုမျိုးစိတ်တော့ရှိဖို့လိုတယ်" ဟု ပြောကြားခဲ့ပါတယ်။

photo content

ကမ္ဘာကိုဖြန့်ကျက် နိုင်ငံ့အနာဂတ်မျိုးဆက်တို့အတွက်။

ဘင်းမ်စတက် အတွင်းရေးမှူးချုပ်နှင့် နိုင်ငံတော်သမ္မတ တွေ့ဆုံ နေပြည်တော်၊ ဇွန် ၂၂ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဘင်းမ်စတက် (BIMSTEC) အတွင်းရေးမှူးချုပ် Indra Mani Pandey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇွန် ၂၂ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတဧည့်ဆောင်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေတို့နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ ဘင်းမ်စတက်အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်နေမှုများ၊ အဖွဲ့ဝင်နိုင်ငံများအကြား ဆက်ဆံရေးမြှင့်တင်ရေး၊ နီပေါနှင့် ဘူတန်ကဲ့သို့ ကုန်းတွင်းပိတ်နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းကူညီဆောင်ရွက်ရေး၊ မြန်မာနိုင်ငံက လာမည့်နှစ်တွင် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တာဝန် လွှဲပြောင်းရယူထမ်းဆောင်မည့် အခြေအနေများနှင့် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် ဘင်းမ်စတက်အဖွဲ့ ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၃၀ ပြည့်မြောက်မည့် အခြေအနေနှင့် အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံရေးဝင်ရောက်စွက်ဖက်မှုမရှိဘဲ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

photo content
+1

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အ
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက်အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရဝပြုတွေ့ဆုံ

BIMSTEC အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို မြန်မာနိုင်ငံက လွှဲပြောင်းရယူမည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ
BIMSTEC အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို မြန်မာနိုင်ငံက လွှဲပြောင်းရယူမည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် (BIMSTEC) အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံစဉ် BIMSTEC အဖွဲ့အစည်းအတွင်း မြန်မာနိုင်ငံ၏ တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိမှုများ၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးကဏ္ဍများ၊ အဖွဲ့အစည်း၏ အနာဂတ်လုပ်ငန်းစဉ်များနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ BIMSTEC အတွင်းရေးမှူးချုပ် Mr. Indra Mani Pandey က ပြီးခဲ့သည့် BIMSTEC (၆) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးအတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခွင့်ရရှိခဲ့ခြင်းကို ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်နှင့် တရုတ်နိုင်ငံ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုအတွက်လည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းက အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေးကောင်းမွန်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် BIMSTEC ၏ တည်ထောင်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့်အပြင် အဖွဲ့အစည်းအတွင်း အလွန်တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပြီး ဒေသတွင်းအကျိုးပြု အခန်းကဏ္ဍအတွက် အရေးပါသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် BIMSTEC ၏ လုပ်ငန်းများတွင် အစဉ်တစိုက် ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လာမည့် ခြောက်လခန့်အကြာတွင် မြန်မာနိုင်ငံမှ BIMSTEC အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို လွှဲပြောင်းရယူဆောင်ရွက်မည်ဖြစ်သဖြင့် အဖွဲ့အစည်း၏ လုပ်ငန်းများ ပိုမိုတိုးတက်ဖွံ့ဖြိုးစေရေးအတွက် မြန်မာနိုင်ငံနှင့် နီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ BIMSTEC တည်ထောင်ခြင်း နှစ် (၃၀) ပြည့် အထိမ်းအမှတ်အခမ်းအနားများ ကျရောက်မည့်အချိန်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် အဖွဲ့အစည်း၏ ရည်မှန်းချက်များ အောင်မြင်စေရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရေးအတွက် အဓိပ္ပာယ်ပြည့်ဝသော လှုပ်ရှားဆောင်ရွက်မှုများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ယုံကြည်ကြောင်းနှင့် နိုင်ငံ့ခေါင်းဆောင်များအနေဖြင့်လည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကလည်း မြန်မာနိုင်ငံအနေဖြင့် BIMSTEC ၏ ရည်မှန်းချက်များနှင့် ဦးစားပေးလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံများအကြား စီးပွားရေး၊ ကုန်သွယ်ရေး၊ ဆက်သွယ်ရေး၊ နည်းပညာနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ BIMSTEC သည် ဘင်္ဂလားပင်လယ်အော်ဒေသရှိ နိုင်ငံများအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဖွဲ့စည်းထားသည့် ဒေသတွင်းအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံသည် တည်ထောင်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pan
+1
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ #PPIB

Repost from PPIB.Official
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးသွားရောက်စဉ် (၁၇-၆-၂၀၂၆)ရက်နေ့၌ တရုတ်နိုင်ငံ CCTV သတင်းရုပ်သံလိုင်း၏ တွေ့ဆုံမေးမြန်းမှုများအား လက်ခံဖြေကြားချက်များမှကောက်နုတ်ချက်များ ၁။ လက်ရှိမြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး အခြေအနေနှင့်ထာဝရတည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အချက်များ။ ၂။ မြန်မာနိုင်ငံအတွင်း သဘောထားကွဲလွဲမှုများနှင့် ပတ်သက်၍ သမ္မတကြီး၏ မှတ်သားစရာ ပြောကြားချက်။ "ဖြစ်ချင်တာကိုပြောမယ့် အစား၊ ဖြစ်နိုင်တာတွေ ဖြစ်သင့်တာတွေ ပြောမယ်ဆိုရင်တော့ သဘောထားကွဲလွဲမှုတွေ အများကြီးလျော့ကျသွားလိမ့်မယ်" PPIB Links Youtube | Tiktok | Telegram | Website

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခ
+8
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၉ ရက်တွင် တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ရှိ လူသားပုံသဏ္ဍာန်စက်ရုပ်(humanoidrobots)နှင့် အသိဉာဏ်တုနည်းပညာသုံးမော်ဒယ်(AI model) များအားသုတေသနပြုထုတ်လုပ်ရောင်းချခြင်း၊ နည်းပညာဆန်းသစ်တီထွင်မှုကို အထူးအလေးပေးထားကာ AI နည်းပညာများ၊ ရွေ့လျားမှုထိန်းချုပ်မှု အယ်လ်ဂိုရီသမ်များအပါအဝင် အဓိကအစိတ်အပိုင်းအားလုံးကို ကိုယ်တိုင်ထုတ်လုပ်ခြင်းများ ဆောင်ရွက်နေတဲ့ Unitree Robotics Co., Ltd. သို့ သွားရောက်လေ့လာကြည့်ရှုခဲ့တဲ့ မြင်ကွင်းပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခ
+8
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၉ ရက်တွင် တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ရှိ လျှပ်စစ်ကားများ အဓိကထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်တဲ့ လက်ရှိ လျှပ်စစ်ကားများထုတ်လုပ်မှုအခန်းကဏ္ဍတွင် တရုတ်နိုင်ငံတွင်း၌ အဆင့် ၃ တွင်ရှိပြီး ကမ္ဘာ့အဆင့်အနေဖြင့် အဆင့် ၆ နေရာတွင်ရှိတဲ့ Zhejiang Leapmotor Technology Co., Ltd. သို့ သွားရောက်ခဲ့ပြီး မော်တော်ယာဉ်အစိတ်အပိုင်းများနှင့် ထုတ်လုပ်ထားရှိပြီးဖြစ်သည့် မော်တော်ယာဉ်များ၊ မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်ပုံ လုပ်ငန်းအဆင့်ဆင့်များ၊ အပြီးသတ်အချောထည်လုပ်ငန်းဆောင်ရွက်နေမှုများကို လေ့လာကြည့်ရှုခဲ့တဲ့ မြင်ကွင်းပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခ
+8
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၇ ရက်တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC)သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး မြန်မာနိုင်ငံတွင် ရထားလမ်း၊ ကားလမ်း များ၊ မြေအောက်ရထားလမ်းများ၊ လေဆိပ်များ၊ Smart City များတည်ဆောက်ခြင်း၊ ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတို့တွင် CRCC မှ တတ်ကျွမ်းသည့်နည်းပညာများဖြင့် ပူးပေါင်းဆောင်ရွက်မှုများစွာကို ဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အောင်မြင်စွာဆွေးနွေးနိုင်ခဲ့သည့် ဂုဏ်ယူဖွယ်မြင်ကွင်းပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

နိုင်ငံအားလုံးနှင့် လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို မြန်မာကျင့်သုံးနေဟု နိုင်ငံတော်သမ္မတ ပြော မြန်မာနိုင်ငံအနေဖြင့
နိုင်ငံအားလုံးနှင့် လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို မြန်မာကျင့်သုံးနေဟု နိုင်ငံတော်သမ္မတ ပြော မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် ဆက်ဆံရာတွင် အားသာချက်၊ အားနည်းချက် မခွဲခြားဘဲ လွတ်လပ်၍ တက်ကြွသည့် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။ နိုင်ငံတော်သမ္မတက နိုင်ငံအချင်းချင်း သံတမန်ဆက်ဆံရေးသည် သက်ဆိုင်ရာနိုင်ငံများအတွက် အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ခေါင်းဆောင်အချင်းချင်း ဆက်ဆံရေး၊ အစိုးရအချင်းချင်း ဆက်ဆံရေး၊ သံတမန်ရေးရာဆက်ဆံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ကဏ္ဍပေါင်းစုံတွင် ဆက်စပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် မိမိတို့ ရွေးချယ်ကျင့်သုံးနေသည့် နိုင်ငံရေးစနစ်ကို ခိုင်မာစွာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းကြောင့် နိုင်ငံတကာဆက်ဆံရေးကဏ္ဍတွင် တိုးတက်မှုများ ရရှိလာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ #Our

နိုင်ငံတော်သမ္မတဦးမင်းအောင်နှင့် Eleven Media အင်တာဗျူး #Eleven

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် CCTV သတင်းရုပ်သံလှိင်း၏ တွေ့ဆုံမေးမြန်းမှုများအား လက်ခံဖြေကြားခြင်း (အပိုင်း-၇) #HOS

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် CCTV သတင်းရုပ်သံလှိုင်း၏ တွေ့ဆုံမေးမြန်းမှုများအား လက်ခံဖြေကြားခြင်း (အပိုင်း-၆) #HOS

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် CCTV သတင်းရုပ်သံလှိုင်း၏ တွေ့ဆုံမေးမြန်းမှုများအား လက်ခံဖြေကြားခြင်း (အပိုင်း-၅) #HOS