Our President 🇲🇲
Открыть в Telegram
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။
БольшеСтрана не указанаКатегория не указана
216
Подписчики
Нет данных24 часа
-17 дней
-230 дней
Архив постов
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အစိုးရ ရက် (၁၀၀) ပြည့် နိုင်ငံတော် အခြေပြ မိန့်ခွန်းပြောကြားမည်
၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ရက်တွင် ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စု လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ အစီအစဉ်၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အစိုးရ ရက်(၁၀၀)ပြည့် နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားမည်ဖြစ်ရာ ယင်းနေ့ နံနက် (၁၀) နာရီမှ စတင် ပြီး MRTV-HD ၊ MRTV- News၊ MRTV-Parliament ၊ MRTV-Farmers’ ၊ MWD –HD၊ MWD – Variety ရုပ်သံလိုင်းများနှင့် မြန်မာ့အသံရေဒီယို၊ သဇင် FM ရေဒီယိုတို့ တွင် တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။
#Our
+4
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံသို့ တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီးက လာရောက်ဂါရဝပြုတွေ့ဆုံ
မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီးနှင့်အတူ သံအမတ် ကြီး၏ဇနီး အီသီယိုးပီးယားနိုင်ငံ၏ အောက်လွှတ်တော်အမတ်နှင့် ယဉ်ကျေးမှု နှင့် အားကစားရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဟောင်းဖြစ်သူ H.E. Mrs. Worknesh Biru နှင့် သံရုံးမှ တာဝန်ရှိသူတို့တက်ရောက်
နေပြည်တော်၊ ဇူလိုင် - ၃၀
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် တိုကျိုမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီသီယိုပီးယားနိုင်ငံသံအမတ်ကြီး H.E. Mr. Daba Debele Hunde ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ ရုံးတော်၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
PPIB
ခေတ်မီစိုက်ပျိုးရေး အခြေခံစီးပွားရေးစနစ်သို့ ကူးပြောင်းနိုင်ရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
မြန်မာနိုင်ငံသည် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေခံမြေခံကောင်းများ ပိုင်ဆိုင်ထားရှိပြီး လူစွမ်းအားအရင်းအမြစ်နှင့် သဘာဝသယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝသည့်နိုင်ငံလည်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ကြွယ်ဝပေါများသည့် ရေအရင်းအမြစ်နှင့် အလားအလာကောင်းသည့် မြေလွတ်မြေရိုင်းများစွာ ရှိနေကြောင်း၊ မတူညီသည့် ရေမြေတောတောင် ဥတုရာသီများရှိပြီး နှစ်ရှည်ပင်များသာမက ဆန်၊ ပဲ၊ ပြောင်း၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကဲ့သို့သော ရာသီသီးနှံများပါ အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းနိုင်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် သမားရိုးကျ စိုက်ပျိုးသည့်စနစ်မှ ထုတ်လုပ်မှုအားကောင်းပြီး ရေရှည်အကျိုးဖြစ်ထွန်းစေမည့် ခေတ်မီစိုက်ပျိုးရေး အခြေခံစီးပွားရေးစနစ်သို့ ကူးပြောင်းနိုင်ရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည့် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်တွင် နိုင်ငံတော်သမ္မတ က ပြောကြားခဲ့ခြင်းဖြစ်သည်။
#HOS
မြန်မာ-ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် သမ္မတကြီး၏ အလေးထားပြောကြားချက်များ
မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်တွင် သမ္မတကြီး ဦးမင်းအောင်လှိုင်က နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရေးနှင့် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထား ပြောကြားခဲ့သည့် အချက်များမှာ—
မြန်မာနဲ့ ဂျပန်ဟာ နှစ်ပေါင်း ၇၀ ကျော်ကြာ ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်ပြီး အပြန်အလှန်လေးစားမှုနဲ့ ယုံကြည်မှုကို အခြေခံတဲ့ ဆက်ဆံရေးကို စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေမှာ ပိုမိုတိုးချဲ့သွားဖို့ လိုအပ်ကြောင်း။
ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ ကုန်သွယ်ဖက်နဲ့ ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သီလဝါအထူးစီးပွားရေးဇုန်ဟာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုရဲ့ အောင်မြင်တဲ့ စံပြစီမံကိန်းတစ်ခုဖြစ်ကြောင်း။
MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးကို အထူးဦးစားပေးနေပြီး ဂျပန်နိုင်ငံရဲ့ အတွေ့အကြုံ၊ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်လာမယ်ဆိုရင် မြန်မာ့စီးပွားရေးအတွက် အားကောင်းတဲ့ အခြေခံတစ်ခု ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေး၊ စားသောက်ကုန်ထုတ်လုပ်မှု၊ စွမ်းအင်၊ EV၊ ဆေးဝါး၊ ဘိလပ်မြေ၊ သံမဏိ၊ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် စတဲ့ အနာဂတ်စီးပွားရေးကဏ္ဍတွေမှာ ဂျပန်လုပ်ငန်းရှင်တွေ လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ကြောင်း။
ရင်းနှီးမြှုပ်နှံသူတွေအတွက် လုပ်ထုံးလုပ်နည်းတွေကို ပိုမိုလွယ်ကူမြန်ဆန်စေဖို့၊ ပွင့်လင်းမြင်သာတဲ့ စီးပွားရေးဝန်းကျင် ဖန်တီးပေးဖို့နဲ့ One-Stop Service စနစ်တွေကို ဆက်လက်မြှင့်တင်နေကြောင်း။
မြန်မာနိုင်ငံဟာ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံဈေးကွက်ကြားမှာ တည်ရှိတဲ့ မဟာဗျူဟာကျတဲ့ နေရာတစ်ခုဖြစ်သလို သဘာဝသယံဇာတ၊ စိုက်ပျိုးရေးအရင်းအမြစ်နဲ့ လူငယ်လုပ်သားအင်အား ပေါများတဲ့နိုင်ငံဖြစ်တာကြောင့် ရင်းနှီးမြှုပ်နှံမှုအတွက် အလားအလာကောင်းတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း။
ရတနာပုံဆိုက်ဘာစီးတီး စီမံကိန်းနဲ့ ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍတွေမှာလည်း ဂျပန်နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ကြောင်း။
မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ပုံမှန်လည်ပတ်နေပြီး တည်ငြိမ်အေးချမ်းတဲ့ အခြေအနေကို ဂျပန်လုပ်ငန်းရှင်တွေ ကိုယ်တိုင် မြင်တွေ့သွားမယ်လို့ ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်တွေကို ဂျပန်ပြည်သူတွေဆီ ပြန်လည်မျှဝေပေးစေလိုကြောင်း ပြောကြားခဲ့သည်။
ဂျပန်ရဲ့ အဆင့်မြင့်နည်းပညာ၊ အရင်းအနှီးနဲ့ စီမံခန့်ခွဲမှုအတွေ့အကြုံတွေကို မြန်မာနိုင်ငံရဲ့ သဘာဝအရင်းအမြစ်၊ စိုက်ပျိုးရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေနဲ့ ပေါင်းစပ်နိုင်မယ်ဆိုရင် နှစ်နိုင်ငံလုံးအတွက် အကျိုးရှိတဲ့ Win-Win စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုခိုင်မာစွာ တည်ဆောက်နိုင်မယ်လို့ ယုံကြည်ကြောင်း အလေးထားပြောကြားခဲ့သည်။
#Our
အနာဂတ် မြန်မာ့မီးရထားဖွံ့ဖြိုးရေးအတွက် သမ္မတကြီးရဲ့ အလေးထားမှာကြားချက်များ
ဒီဇယ်စက်ခေါင်းရုံ (မလွှကုန်း) သို့ သွားရောက်စစ်ဆေးစဉ် က သမ္မတကြီး ဦးမင်းအောင်လှိုင်က မြန်မာ့မီးရထားကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အောက်ပါအချက်များကို အလေးထားမှာကြားခဲ့ပါတယ်...
မြန်မာနိုင်ငံမှာပဲ အရည်အသွေးမြင့် မီးရထားစက်ခေါင်းနဲ့ ရထားတွဲတွေကို ထုတ်လုပ်နိုင်အောင် သုတေသနနဲ့ နည်းပညာဖွံ့ဖြိုးရေးကို အရှိန်မြှင့်ဆောင်ရွက်ဖို့။
ဘတ္ထရီစနစ်သုံး (BEMU) ရထားတွဲတွေကို ပြည်တွင်းမှာ ထုတ်လုပ်တပ်ဆင်ပြီး အသုံးပြုနိုင်ရေး ဆက်လက်အားပေးဆောင်ရွက်ဖို့။
DEMU ရထားတွဲတွေကို မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်ဒီဇိုင်းနဲ့ တိုးချဲ့ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဖို့။
ပြည်ပရထားနည်းပညာတွေကို အမြဲလေ့လာပြီး မြန်မာ့မီးရထားနည်းပညာကို အဆင့်မြှင့်တင်ဖို့။
ရန်ကုန်-မန္တလေးအပါအဝင် အနာဂတ် လျှပ်စစ်ရထားစနစ် ပြေးဆွဲနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားဖို့။
ရန်ကုန်မြို့မှာ မြေအောက်ရထား (Metro) စီမံကိန်း အကောင်အထည်ဖော်နိုင်ရေး ကြိုတင်စီမံထားဖို့။
ယာဉ်အသွားအလာများတဲ့ ရထားလမ်းကူးနေရာတွေမှာ ကုန်းကျော်တံတားတွေ မဖြစ်မနေ တည်ဆောက်ဖို့။
ရထားလမ်း၊ လမ်းကူးတံတားနဲ့ အခြေခံအဆောက်အအုံတွေကို စံချိန်မီ တည်ဆောက်၊ ပြုပြင်ထိန်းသိမ်းပြီး အနာဂတ်လိုအပ်ချက်တွေကို ကြိုတင်ထည့်သွင်းစဉ်းစားဖို့။
ရထားစက်ခေါင်းနဲ့ ရထားတွဲတွေကို သတ်မှတ်ချိန်အလိုက် ပုံမှန်စစ်ဆေး၊ ပြုပြင်ထိန်းသိမ်းဖို့။
ရထားထွက်ချိန်၊ ဆိုက်ရောက်ချိန် တိကျမှန်ကန်ရေးနဲ့ လူစီးရထားတွဲတွေ သန့်ရှင်းသပ်ရပ်ပြီး ခရီးသည်ဗဟိုပြု ဝန်ဆောင်မှုကောင်းမွန်ရေး ကို အထူးအလေးထား ဆောင်ရွက်ဖို့။
မီးရထားဝန်ထမ်းတွေအတွက် အဆင့်မီ နေထိုင်နိုင်တဲ့ ဝန်ထမ်းအိမ်ရာတွေ စနစ်တကျ တည်ဆောက်ပေးဖို့။
အနှစ်ချုပ်အားဖြင့် သမ္မတကြီးက ခေတ်မီနည်းပညာ၊ ပြည်တွင်းထုတ်လုပ်နိုင်စွမ်း၊ လုံခြုံစိတ်ချရတဲ့ အခြေခံအဆောက်အအုံနဲ့ ခရီးသည်ဗဟိုပြု ဝန်ဆောင်မှုကို အခြေခံထားတဲ့ အနာဂတ် မြန်မာ့မီးရထားစနစ် တည်ဆောက်ရေး ကို အလေးထားမှာကြားခဲ့ကြောင်း သိရသည်။
#Our
သမ္မတကြီး ဘာတွေ အဓိကမှာကြားခဲ့လဲ?
ယမန်နေ့က မလွှကုန်း ဒီဇယ်စက်ခေါင်းရုံကို သွားရောက်စစ်ဆေးစဉ်မှာ သမ္မတကြီး ဦးမင်းအောင်လှိုင်က အဓိကအချက်တွေကို အခုလို မှာကြားခဲ့ပါတယ်...
မြန်မာနိုင်ငံမှာပဲ အရည်အသွေးမြင့် မီးရထားစက်ခေါင်းတွေ ထုတ်လုပ်နိုင်ဖို့ သုတေသနကို အမြဲလုပ်ဆောင်ဖို့။
ထုတ်လုပ်တဲ့ စက်ပစ္စည်းတိုင်း လက်ရာသေသပ်ပြီး ကြံ့ခိုင်အရည်အသွေးပြည့်မီဖို့ ဂရုစိုက်ဖို့။
မီးရထားဝန်ထမ်းတွေအတွက် အဆင့်မီ နေထိုင်နိုင်တဲ့ ဝန်ထမ်းအိမ်ရာတွေ စနစ်တကျ ဆောက်လုပ်ပေးဖို့။
တည်ဆောက်ရေးလုပ်ငန်းတွေကို သတ်မှတ်ချိန်အတွင်း အပြီးသတ်နိုင်အောင် အချိန်မီ ဆောင်ရွက်ဖို့။
သမိုင်းဝင် ရေနွေးငွေ့စက်ခေါင်းတွေကို မူလပုံစံမပျက် ထိန်းသိမ်းပြီး ပြန်လည်ပြေးဆွဲနိုင်အောင် ဆောင်ရွက်ဖို့။
ရထားလမ်းတွေ ကြံ့ခိုင်ကောင်းမွန်ဖို့ လမ်းခင်းကျောက်၊ ဇလီဖားတုံးတွေကို စံချိန်မီ ထည့်သွင်းတည်ဆောက်ဖို့။
လက်ရှိ မပြေးဆွဲသေးတဲ့ ရထားလမ်းတွေကိုလည်း ပြန်လည်အသုံးပြုနိုင်အောင် ကြိုတင်ပြုပြင်ထိန်းသိမ်းထားဖို့။
ရထားစက်ခေါင်းတွေကို သတ်မှတ်အချိန်အလိုက် ပုံမှန်စစ်ဆေး၊ ပြုပြင်ထိန်းသိမ်းဖို့။
ရထားထွက်ချိန်၊ ဆိုက်ရောက်ချိန် တိကျမှန်ကန်ရေး ကို အလေးထားဆောင်ရွက်ဖို့။
လူစီးရထားတွဲတွေကို အမြဲသန့်ရှင်းသပ်ရပ်စေပြီး ခရီးသည်တွေ သက်တောင့်သက်သာ၊ စည်းကမ်းရှိရှိ စီးနင်းနိုင်တဲ့ ဝန်ဆောင်မှုမျိုး ပေးနိုင်ဖို့။
အနှစ်ချုပ်ပြောရရင် သမ္မတကြီးက ပြည်တွင်းမီးရထားကဏ္ဍကို အရည်အသွေးမြှင့်တင်ရေး၊ အချိန်တိကျရေး၊ လုံခြုံစိတ်ချရရေးနဲ့ ခရီးသည်ဗဟိုပြု ဝန်ဆောင်မှုကောင်းမွန်ရေး ကို အဓိကထား မှာကြားခဲ့တာ ဖြစ်ပါတယ်။
#Our
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
Repost from PPIB.Official
မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်နှင့် ပတ်သက်၍ မီဒီယာများ၏ မေးမြန်းမှုအပေါ်
နိုင်ငံတော်သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ
ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုး၏ ဖြေကြားချက်
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
Repost from PPIB.Official
🌸မြန်မာ့မြေမှ ဆာကူရာ🌸
မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်
၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ၌ မြန်မာ-ဂျပန် စီးပွားရေးဖိုရမ် ကို ကျင်းပခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က မြန်မာ–ဂျပန် နှစ်နိုင်ငံအကြား နှစ်ပေါင်း (၇၀) ကျော်ကြာ တည်ဆောက်လာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလုပ်ငန်း၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
PPIB Links
Youtube | Tiktok | Telegram | Website | X(Twitter)
+9
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၊ ဒီဇယ်စက်ခေါင်းရုံ(မလွှကုန်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေး
Repost from Dr Khaing Khaing Soe
မြန်မာ–ဂျပန် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် နိုင်ငံတော်သမ္မတ တိုက်တွန်း
မြန်မာ–ဂျပန် နှစ်နိုင်ငံအကြား နှစ်ပေါင်း ၇၀ ကျော်ကြာ တည်ဆောက်လာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားကြရန်နှင့် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံ၏ အလားအလာကောင်းသည့် စီးပွားရေးကဏ္ဍများတွင် ရေရှည်အမြင်ဖြင့် ယုံကြည်စိတ်ချစွာ လာရောက်ရင်းနှီးမြှုပ်နှံကြရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က တိုက်တွန်းဖိတ်ခေါ်လိုက်ပါတယ်။ မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ-
၁။ မြန်မာ–ဂျပန် နှစ်နိုင်ငံသည် ၁၉၅၄ ခုနှစ်မှစတင်၍ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး နှစ်ပေါင်း ၇၀ ကျော်ကြာ ချစ်ကြည်ရင်းနှီးမှုရှိကြောင်း။
၂။ နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ ၂၀၂၃–၂၀၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁,၃၃၄ ဒသမ ၇၉၅ သန်း၊ ၂၀၂၄–၂၀၂၅ ဘဏ္ဍာနှစ်တွင် ၁,၁၉၄ ဒသမ ၃၉၄ သန်းနှင့် ၂၀၂၅–၂၀၂၆ ဘဏ္ဍာနှစ်တွင် ၁,၃၄၃ ဒသမ ၆၆၅ သန်းရှိကြောင်း။
၃။ မြန်မာနိုင်ငံက ဂျပန်နိုင်ငံသို့ ချုပ်ပြီးအထည်၊ ဖိနပ်၊ ပဲအမျိုးမျိုး၊ ပုလဲနှင့် လျှပ်စစ်ပစ္စည်းများ အဓိကတင်ပို့လျက်ရှိကြောင်း။
၄။ တန်ဖိုးမြှင့်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်၊ အရည်အသွေးမြင့် စားသောက်ကုန်၊ ရာဘာအခြေခံထုတ်ကုန်နှင့် နည်းပညာဆိုင်ရာထုတ်ကုန်များ တိုးချဲ့တင်ပို့ရန်လိုကြောင်း။
၅။ သီလဝါအထူးစီးပွားရေးဇုန်သည် မြန်မာ–ဂျပန် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်သည့်စံနမူနာတစ်ခုဖြစ်ကြောင်း။
၆။ သီလဝါအထူးစီးပွားရေးဇုန်၌ ဂျပန်ကုမ္ပဏီ ၅၀ ကျော်အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံ နှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီစုစုပေါင်း ၁၂၆ ခု ရင်းနှီးမြှုပ်နှံထားပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၂,၃၀၀ ကျော်ရှိကြောင်း။
၇။ ဂျပန်နိုင်ငံက သီလဝါအထူးစီးပွားရေးဇုန် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၉ ဒသမ ၉၂ ရာခိုင်နှုန်းဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း။
၈။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အဆင်ပြေစေရန် လျှပ်စစ်ဓာတ်အား တည်ငြိမ်စွာရရှိရေး၊ One-Stop Service မြန်ဆန်ရေးနှင့် လုပ်ထုံးလုပ်နည်းများ လွယ်ကူရှင်းလင်းရေး ဆောင်ရွက်ရန်လိုကြောင်း။
၉။ ပြည်တွင်း MSME လုပ်ငန်းများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ချိတ်ဆက်၍ ပြည်တွင်းကုန်ကြမ်းအသုံးပြုမှုနှင့် ထောက်ပံ့ရေးကွင်းဆက် ခိုင်မာစေရန်လိုကြောင်း။
၁၀။ ဂျပန်၏ အဆင့်မြင့်နည်းပညာ၊ အရင်းအနှီး၊ စီမံခန့်ခွဲမှုအတွေ့အကြုံနှင့် အရည်အသွေးထိန်းချုပ်မှုစနစ်များကို မြန်မာ MSME လုပ်ငန်းများနှင့် ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း။
၁၁။ စိုက်ပျိုးမွေးမြူရေးအခြေခံ တန်ဖိုးမြှင့်ထုတ်လုပ်မှု၊ စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ အများပြည်သူသယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်သုံးယာဉ်၊ ဓာတ်မြေဩဇာ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာထုတ်လုပ်ရေးကဏ္ဍများ၌ ပူးပေါင်းရင်းနှီးမြှုပ်နှံနိုင်ကြောင်း။
၁၂။ မြန်မာဒီဂျစ်တယ်လမ်းပြမြေပုံ ၂၀၃၀ နှင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းတို့တွင် ဂျပန်နည်းပညာကုမ္ပဏီများ ပါဝင်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ကြောင်း။
၁၃။ မြန်မာနိုင်ငံ၏ သဘာဝအရင်းအမြစ်၊ စိုက်ပျိုးရေးအခြေခံနှင့် လူငယ်လုပ်သားအင်အားကို ဂျပန်၏ နည်းပညာ၊ အရင်းအနှီးနှင့် စီမံခန့်ခွဲမှုအတွေ့အကြုံတို့ဖြင့် ပေါင်းစပ်၍ Win-Win ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ရန်လိုကြောင်း။
၁၄။ ရင်းနှီးမြှုပ်နှံသူများအတွက် ပွင့်လင်းမြင်သာပြီး ယုံကြည်စိတ်ချရသည့် စီးပွားရေးဝန်းကျင် ဖန်တီးပေးသွားမည်ဖြစ်ကြောင်း။
၁၅။ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရေရှည်အမြင်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံရန် နိုင်ငံတော်သမ္မတက ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား
မြန်မာ–ဂျပန် နှစ်နိုင်ငံအကြား နှစ်ပေါင်း ၇၀ ကျော်ကြာ တည်ဆောက်လာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်သွားကြရန်နိုင်ငံတော်သမ္မတ တိုက်တွန်း
နေပြည်တော်၊ ဇူလိုင် - ၂၈
+3
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင် အမျိုးသားစာကြည့်တိုက်(ရန်ကုန်)နှင့် အမျိုးသားပြတိုက်(ရန်ကုန်) တိုသို
သွားရောက်ကြည့်ရှုစစ်ဆေးချက်များမှ ကောက်နုတ်ချက်
#HOS
