ru
Feedback

Не попадитесь на канал ботавода! Telemetrio находит и помечает такие каналы 👉 Хотите видеть метку — оформите подписку

Our President 🇲🇲

Our President 🇲🇲

Открыть в Telegram

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ချစ်ခင်လေးစား၍သမ္မတကြီးရဲ့သတင်းများ၊အမိန့်၊ညွှန်ကြားချက်၊သဝဏ်လွှာများ၊မိန့်ခွန်းကောက်နှုတ်ချက်များကို ဖော်ပြပေးသွားမည်။

Больше
Страна не указанаКатегория не указана
216
Подписчики
Нет данных24 часа
-17 дней
-230 дней
Архив постов
မြန်မာ-လာအို ချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး မြန်မာနိုင်ငံတော်သမ္မတနှင့် လာအိုဝန်ကြီးခ
+1
မြန်မာ-လာအို ချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး မြန်မာနိုင်ငံတော်သမ္မတနှင့် လာအိုဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေး လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ရေး၊ နယ်စပ်ကုန်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်၊ အလုပ်သမားရေးရာ၊ လုံခြုံရေးနှင့် နယ်စပ်တည်ငြိမ်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်အကောင်အထည်ဖော်သွားရန် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးပွဲရလဒ်များမှာ အောက်ဖော်ပြအပါအတိုင်း ဖြစ်ပါသည် - ၁။ မြန်မာ-လာအို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ခိုင်မာစေရန် ဆွေးနွေးခဲ့ကြပါသည်။ ၂။ သံတမန်ဆက်ဆံရေး နှစ် (၇၀) ကျော်ကာလအတွင်း ရရှိခဲ့သည့် ချစ်ကြည်ရေးကို ဆက်လက်လက်ဆင့်ကမ်း အားကောင်းစေရန်နှင့် (၇၅) နှစ်ပြည့် အထိမ်းအမှတ်အတွက် ကြိုတင်ပြင်ဆင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။ ၃။ နယ်စပ်ကုန်သွယ်ရေး၊ Border Trade၊ နယ်စပ်ဂိတ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဖြတ်ကျော်သဘောတူညီချက်များကို အမြန်အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြပါသည်။ ၄။ မြန်မာ-လာအို နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်းနှင့် လာအိုနိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူရေးကို အရှိန်မြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။ ၅။ တရားဝင် အလုပ်သမားစေလွှတ်ရေး၊ အလုပ်သမားအခွင့်အရေးကာကွယ်ရေးနှင့် သက်ဆိုင်ရာ MoU များ အဆင့်မြှင့်တင်ရေးကို ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြပါသည်။ ၆။ Online လိမ်လည်မှု၊ အွန်လိုင်းလောင်းကစား၊ ငွေကြေးခဝါချမှုနှင့် မူးယစ်ဆေးဝါးပြဿနာများကို သတင်းအချက်အလက် ဖလှယ်၍ ပူးပေါင်းနှိမ်နင်းသွားရန် သဘောတူညီခဲ့ကြပါသည်။ ၇။ Joint Border Committee (JBC/JBSC) နှင့် Regional Border Committee (RBC) အစည်းအဝေးများကို ပုံမှန်ကျင်းပ၍ နယ်စပ်လုံခြုံရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်သွားရန် ဆွေးနွေးခဲ့ကြပါသည်။ ၈။ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ MSME၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်း၊ ကျန်းမာရေး၊ ပညာရေးနှင့် ဘာသာစကားသင်တန်းများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့သွားရန် သဘောတူညီခဲ့ကြပါသည်။ ၉။ နယ်စပ်ဖြတ်ကျော် မီးခိုးငွေ့၊ တောင်ယာမီးရှို့မှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဒေသတွင်း ပူးပေါင်းကိုင်တွယ်ဖြေရှင်းသွားရန် ဆွေးနွေးခဲ့ကြပါသည်။ ၁၀။ လာအိုနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အောင်မြင်မည်ဟု ယုံကြည်ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် အာဆီယံမိသားစုအတွင်း ပုံမှန်ပြန်လည်ပါဝင်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ ၁၁။ နိုင်ငံတော်သမ္မတက လာအိုနိုင်ငံ၏ အစဉ်တစိုက် ရပ်တည်ပံ့ပိုးပေးမှုနှင့် မန္တလေးငလျင်ဘေးအတွက် ကူညီထောက်ပံ့ပေးမှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး လာအိုဝန်ကြီးချုပ်အား မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ရန် ဖိတ်ကြားခဲ့ပါသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်
+5
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတ နိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် နှင့်ဇနီးတို့ က ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ နေပြည်တော်၊ ဇူလိုင် - ၃ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် ၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးဦးဆောင်သည့် မြန်မာအဆင့် မြင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် နှင့် ဇနီး မစ္စစ် နားလီ ဆီစုလိ တို့ က လာအို သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံသည်။ #PPIB

Repost from PPIB.Official
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ယနေ့မွန်းလွဲပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံဝန်ကြီးချုပ်ရုံး၌ လာအိုနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် မှတ်တမ်း PPIB Links Youtube | Tiktok | Telegram | Website

၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားသည့် အဖွင့်ဗီဒီယိုမိန့်ခွန်း #Our

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၊ လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့် လာအိုအမျိုးသား လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည့်မှတ်တမ်း PPIB

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နေပြည်တော်၊ တိုင်းဒေသ ကြီး၊ ပြည်နယ်များအတွင်းမှာ ခန့်အပ်ပြီး ရပ်ကွက်ကျေးရွာ၊ အုပ်စု အုပ်ချုပ်ရေးမှူး ၁၅,၅၂၂ ဦးအနက် အမျိုးသမီး ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ၁၀၉ ဦး ခန့်အပ်ထားပြီး ဖြစ်ပါတယ်။ ဒီအချက်အလက်တွေအရ အမျိုးသမီးတွေကို ရပ်ရွာခေါင်းဆောင်များနဲ့ ငြိမ်းချမ်းရေးတည်ဆောက်သူများအဖြစ် ဆုံးဖြတ်ချက် ချမှတ်တဲ့ ကဏ္ဍတွေမှာ တာဝန်ပေးခန့်ထားလျက်ရှိပြီး တာဝန်ထမ်းဆောင်နေ ကြတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။     ဒါကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ ဦးဆောင်မှုနဲ့အတူ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများနဲ့ အဖွဲ့အစည်းဆိုင်ရာ ယန္တရားများကို ပိုမိုခိုင်မာအားကောင်း စေဖို့ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျား မ ရေးရာ လုပ်ငန်းစဉ်တွေအတွက် တာဝန်ခံမှုနဲ့ အကောင်အထည်ဖော် ဆောင်ရွက်မှုများကို တိုးမြှင့်ဖို့နဲ့ အမျိုးသားများ၊ လူငယ်များကိုလည်း ကျား မ တန်းတူညီမျှမှု မြှင့်တင်ရေးလုပ်ငန်းတွေမှာ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားဖို့ မှာကြားလိုပါတယ်။     ယခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ တည်ထောင်မှု နှစ် (၃၀)ပြည့်မြောက်ပြီဖြစ်လို့ ဒီလို ထူးခြားတဲ့နှစ်မှာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက် ဖို့အတွက် အမျိုးသမီးရေးရာဝန်ကြီးဌာနကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ နိုင်ငံတကာကတိကဝတ်များကို ဆက်လက် အကောင်အထည်ဖော်နိုင်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၅)ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးတို့အတွက် အမျိုးသမီးများ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၂၃-၂၀၃၂) ဦးဆောင်ကော်မတီကို ဒုတိယသမ္မတ (၂)နဲ့ အဆင့်မြှင့်တင် ဖွဲ့စည်းပေးထားပြီးလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် စီမံကိန်းလုပ်ငန်းစဉ်တွေကို ထိရောက်စွာ အကောင်အထည်ဖော်ရေး၊ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များ ဘေးကင်းလုံခြုံမှုရှိရေး၊ ဂုဏ်သိက္ခာနဲ့ တန်းတူအခွင့်အရေးများရရှိတဲ့ လူမှုအသိုက်အဝန်း တစ်ရပ် တည်ဆောက်ရေးနဲ့ အထူးအားဖြင့် ကျေးလက်နေအမျိုး သမီးများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အားလုံးအတူတကွ ကြိုးပမ်း ဆောင်ရွက်ကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။     နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးများ နယ်ပယ်အသီးသီးမှာ ဖွံ့ဖြိုးတိုးတက်မှသာ မိသားစု၊ လူမှုအသိုက်အဝန်းနဲ့ နိုင်ငံတော်လည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားပြီး တန်းတူညီမျှမှု၊ ငြိမ်းချမ်းရေးနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုး တိုးတက်မှုဆီကို လျှောက်လှမ်းနိုင်ဖို့ အမျိုးသမီးကဏ္ဍမြှင့်တင်ရေးကို အားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်း မှာကြားရင်း နိဂုံးချုပ်အပ်ပါတယ်။     အားလုံးကိုကျေးဇူးတင်ပါတယ်။    

အာဆီယံဒေသအတွင်းမှာလည်း အမျိုးသမီးများရဲ့ အခွင့်အရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ ကျား မ တန်းတူညီမျှမှု ဖော်ဆောင်ရေးနဲ့ အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေး လုပ်ငန်းတွေကို အလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ အဖွဲ့ဝင်နိုင်ငံ များအကြား အတွေ့အကြုံများ ဖလှယ်ခြင်း၊ မူဝါဒနဲ့ အစီအစဉ်များ ချမှတ်အကောင်အထည်ဖော်ခြင်း၊ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်လျက် ရှိပါတယ်။     မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ကျား မ တန်းတူညီမျှမှု မြှင့်တင်ရေးအတွက် အဓိကမဟာဗျူဟာ စီမံကိန်း တစ်ခုဖြစ်တဲ့ “အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နိုင်ငံတော် အဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂)” ကို ဘေဂျင်းလုပ်ငန်း စီမံချက်ရဲ့ အရေးကြီးကဏ္ဍ (၁၂)ရပ်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။     မဟာဗျူဟာစီမံကိန်းရဲ့ ကဏ္ဍတစ်ရပ်ဖြစ်တဲ့ ပညာရေးဟာ လူတစ်ဦးချင်းစီရဲ့ အနာဂတ်ကို ပုံဖော်ပေးတဲ့အပြင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်မောင်းနှင်ပေးတဲ့ အခြေခံအကျဆုံးနဲ့ အရေးပါဆုံးကဏ္ဍ ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ် အကြောင်းအရာသန်းခေါင်စာရင်း၊ ပြည်ထောင်စုအစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး အမျိုးသမီးဦးရေဟာ ၅၃ ရာခိုင်နှုန်းခန့် ရှိပေမယ့်လည်း အသက် ၁၅ နှစ်နဲ့အထက် စာတတ်မြောက်မှုနှုန်းမှာ အမျိုးသားများဟာ ၉၃ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပြီး အမျိုးသမီး ၉၀ ဒသမ ၉ ရာခိုင်နှုန်းရှိတာ တွေ့ရပါတယ်။ ဒါ့အပြင် အမျိုးသမီးများရဲ့ စာတတ်မြောက်မှုနှုန်းဟာ မြို့ပြမှာ ၉၄ ဒသမ ၂ ရာခိုင်နှုန်းရှိပြီး ကျေးလက်မှာ ၈၈ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိပါတယ်။ မြို့ပြနဲ့ကျေးလက်များအကြားမှာ ပညာရေး ကွာဟ ချက်များ ရှိနေဆဲဖြစ်တာ တွေ့ရပါတယ်။ အထူးသဖြင့် ဖွံ့ဖြိုးမှု နောက်ကျတဲ့ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ  စာတတ်မြောက်မှုနှုန်းအနေနဲ့ တစ်နိုင်ငံလုံး ပျမ်းမျှနှုန်းထက် သိသိ သာသာ နည်းပါးနေတာကို တွေ့ရှိရပါတယ်။     ဒီတွေ့ရှိချက်တွေဟာ ပညာရေးကဏ္ဍမှာ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များရဲ့ ပညာသင်ယူခွင့်နဲ့ စွမ်းဆောင်ရည် မြှင့်တင် ရေးကို ပိုမိုအလေးထား ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ဖော်ပြနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြို့ပြနဲ့ ကျေးလက်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်များအကြား ပညာရေး ကွာဟချက်တွေကို လျှော့ချနိုင်ဖို့နဲ့ အမျိုးသမီးများအတွက် အရည်အသွေးပြည့်ဝတဲ့ ပညာရေးနဲ့ လေ့ကျင့် သင်ကြားရေး အခွင့်အလမ်းတွေ ပိုမိုရရှိစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ အထူးအားဖြင့် ကျေးလက်နေ ကျောင်းနေအရွယ် အမျိုးသမီးငယ်များအားလုံး ကျောင်းတက်နိုင်ရေး၊ အနည်းဆုံး KG+9 သင်ယူနိုင်ရေးအတွက် ဆောင်ရွက်ကြဖို့နဲ့ ကျေးရွာ စာကြည့်တိုက်ငယ်များ ဖွင့်လှစ်ပြီး စာပေလေ့လာဖတ်ရှုရေး၊ ဗဟုသုတများ ရရှိရေးတို့ကို ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း အလေးထား မှာကြားလိုပါတယ်။     တစ်နိုင်ငံလုံးအနေနဲ့ အသက် ၁၅ နှစ်နဲ့အထက် လုပ်သား အင်အားပါဝင်မှုနှုန်းမှာ အမျိုးသားများက ၆၃ ဒသမ ၈ ရာခိုင်နှုန်း ရှိပေမယ့်လည်း အမျိုးသမီးများက ၃၄ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် မြို့ပြနဲ့ ကျေးလက်ဒေသများအကြား သာမက တိုင်းဒေသကြီးများနဲ့ ပြည်နယ်များ အကြားမှာလည်း အမျိုးသမီးများရဲ့ လုပ်သားအင်အားပါဝင်မှုနှုန်းဟာ အမျိုးသားများထက် နည်းပါးနေပြီး ကွာဟချက်တွေ ဆက်လက်တည်ရှိနေတာကို တွေ့ရ ပါတယ်။ ဒီအချက်အလက်တွေအရ အမျိုးသမီးများအတွက် စီးပွားရေး စွမ်းဆောင်ရည် မြင့်မားလာစေရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ အပြည့်အဝ ပါဝင်နိုင်စေရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးက ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း တိုက်တွန်းပြောကြားလိုပါတယ်။     မြန်မာအမျိုးသမီးများဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရပ်ပိုင်းနဲ့ အနုပညာ စတဲ့ ကဏ္ဍတွေမှာသာမက နိုင်ငံတော် ကာကွယ်ရေးနဲ့ အုပ်ချုပ်ရေးယန္တရားများမှာပါ အမျိုးသားများနဲ့ တန်းတူ တိုင်းပြည်အကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးခဲ့ကြတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းဆောင်ရွက်ရာမှာ လွှတ်တော် အသီးသီးမှာ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များရဲ့ ပါဝင်မှုနှုန်း အနေနဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်မှာ ၄ ဒသမ ၈ ရာခိုင်နှုန်းရှိရာမှ ဒုတိယအကြိမ်မှာ ၁၀ ဒသမ ၅ ရာခိုင်နှုန်းနဲ့ အခုတတိယအကြိမ်မှာ ၁၄ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးတက်မှုရှိ လာတာ တွေ့ရပါတယ်။     တရားဥပဒေစိုးမိုးရေးကဏ္ဍမှာ အမျိုးသမီး ဒုတိယရဲအုပ် အဆင့်နဲ့အထက် ပါဝင်မှုဟာ ၂၀၂၁ ခုနှစ်မှာ ၁၂ ဒသမ ၈၇ ရာခိုင်နှုန်းမှ ၂၀၂၄ ခုနှစ်မှာ ၁၇ ဒသမ ၅၆ ရာခိုင်နှုန်းထိ မြင့်တက်လာတာ တွေ့ရပါတယ်။ ဒုတိယမြို့နယ် ဥပဒေအရာရှိနဲ့အထက် ရာထူး နေရာများနဲ့ ဒုတိယမြို့နယ် တရားသူကြီးနဲ့အထက် ရာထူးနေရာ တွေမှာလည်း အမျိုးသမီးပါဝင်မှု ၅၃ ရာခိုင်နှုန်းကျော်ရှိတဲ့အတွက် တရားဥပဒေစိုးမိုးရေးကဏ္ဍမှာ အမျိုးသမီးပါဝင်မှုနှုန်း မြင့်မားနေတာ အားရဖွယ်ရာ တွေ့ရှိရပါတယ်။

၂၀၂၆ ခုနှစ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားတွင်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြောကြားသည့် အဖွင့်ဗီဒီယိုမိန့်ခွန်း ( ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက် ) အားလုံးမင်္ဂလာပါ ခင်ဗျာ     ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံကြပါစေ၊ ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ပထမဦးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်။     မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် ဒီနေ့ ကျရောက်တဲ့ မြန်မာအမျိုးသမီးများနေ့ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဖွဲ့စည်းခဲ့တဲ့ နှစ် (၃၀) ပြည့်မြောက်တဲ့နေ့ လည်း ဖြစ်ပါတယ်။ ဒီနေ့မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်လျက်ရှိကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုပါကြောင်းနဲ့ ထူးချွန်အမျိုးသမီးများကို ဂုဏ်ပြုတဲ့ နေ့လည်းဖြစ်တဲ့အတွက် များစွာ ဝမ်းမြောက်ပါကြောင်း ပြောကြား လိုပါတယ်။     ဒီနေ့အခမ်းအနားဟာ နှစ်ပေါင်း (၃၀) ကာလအတွင်း အမျိုးသမီး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်မှုတွေကို ပြန်လည် အမှတ်ရခြင်းသာမက အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ်များရဲ့ အခွင့်အရေး၊ တန်းတူညီမျှမှုနဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်း တွေကို ဆက်လက်အားဖြည့်ဆောင်ရွက်သွားမယ့် ကတိကဝတ် တစ်ရပ်လည်းဖြစ်ကြောင်း ပြောကြားလိုပါတယ်။ မြန်မာအမျိုးသမီး များဟာ ရှေးယခင်ကတည်းက မိသားစုဘဝ သာယာရေး၊ လူမှု အသိုင်းအဝိုင်းဖွံ့ဖြိုးရေး၊ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ အမျိုးသားများနဲ့ ရင်ပေါင်တန်းပြီး နိုင်ငံ့အကျိုးကို သယ်ပိုးဆောင်ရွက်လျက်ရှိကြပါတယ်။ ကျေးလက်ဒေသတွေကအစ မြို့ပြဒေသများအထိ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုလုပ်ငန်း တွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ နိုင်ငံတော်အတွက် ထိရောက်တဲ့ အင်အားတစ်ရပ်ဖြစ်ပါတယ်။     ကမ္ဘာလုံးဆိုင်ရာအနေနဲ့ ၁၉၉၅ ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ စတုတ္ထအကြိမ် ကမ္ဘာ့အမျိုးသမီးညီလာခံက ချမှတ်ခဲ့တဲ့ ဘေဂျင်း လုပ်ငန်းစီမံချက်မှာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ ကဏ္ဍ (၁၂)ရပ်ကို သတ်မှတ်ပေးခဲ့ပြီး ယနေ့အချိန် အထိ နိုင်ငံတကာအသိုက်အဝန်းအတွက် အရေးပါတဲ့ လမ်းညွှန်ချက် တစ်ရပ်အဖြစ် ရပ်တည်လျက်ရှိပါတယ်။     မြန်မာနိုင်ငံအပါအဝင် အမျိုးသမီးများအား “နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း” ကို ပါဝင် လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေအနေနဲ့ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးနဲ့ တန်းတူအခွင့်အရေး ရရှိရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂရဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် (၅) ဖြစ်တဲ့ ကျား မ တန်းတူညီမျှမှု ရရှိရေး၊ အမျိုးသမီးများနဲ့ အမျိုးသမီးငယ် များအားလုံး စွမ်းပကား တိုးမြှင့်စေရေးကို အကောင်အထည်ဖော် နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါတယ်။     ဒီလိုဆောင်ရွက်နေပေမယ့်လည်း ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာလည်း ဆက်လက်တည်ရှိ နေဆဲ ဖြစ်ပါတယ်။ UN Women အဖွဲ့က ထုတ်ပြန်ခဲ့တဲ့ “စဉ်ဆက် မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များဆိုင်ရာ တိုးတက်မှုများအတွက် ၂၀၂၅ ခုနှစ် ကျား မ တန်းတူညီမျှရေး ခြုံငုံသုံးသပ်ချက် အစီရင်ခံစာ” အရ ၂၀၃၀ ပြည့်နှစ်မှာ ကမ္ဘာ့လူဦးရေရဲ့ ၈ ဒသမ ၂ ရာခိုင်နှုန်းဖြစ်တဲ့ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများနဲ့ အမျိုးသမီးငယ်ရွယ် ၃၅၁ သန်း ခန့်ဟာ အလွန်ဆင်းရဲနွမ်းပါးမှုအခြေအနေမှာ ဆက်လက်နေထိုင်ရ နိုင်ကြောင်း တွေ့ရှိရပါတယ်။ ဒါ့အပြင် အသက် ၁၅ နှစ်ကနေ ၄၉ နှစ် အတွင်း အမျိုးသမီး ၈ ဦးမှာ ၁ ဦးဟာ မိသားစုအတွင်း အကြမ်းဖက်မှုကို ခံစားခဲ့ရကြောင်း တွေ့ရှိရပါတယ်။ ဒါတွေကို လျော့နည်းသွားအောင် ဝိုင်းဝန်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။     ကမ္ဘာတစ်ဝန်းရှိ လွှတ်တော်များမှာ အမျိုးသမီးကိုယ်စားလှယ် များရဲ့ ပါဝင်မှုနှုန်းအနေနဲ့ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၁ ရက်နေ့အထိ ၂၇ ဒသမ ၂ ရာခိုင်နှုန်းရှိလာပြီး ၂၀၁၅ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၄ ဒသမ ၉ ရာခိုင်နှုန်း တိုးတက်လာတာ တွေ့ရပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အချက်အလက်တွေအရ ဆုံးဖြတ်ချက် ချမှတ်မှုအဆင့်ဆင့်မှာ အမျိုးသမီးများရဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ ပါဝင်မှုနဲ့ ဦးဆောင်မှု အခန်း ကဏ္ဍကို ပိုမိုမြှင့်တင်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား ရမှာ ဖြစ်ပါတယ်။

photo content

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မ
+5
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်သမ္မတနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နှင့် လာအိုအမျိုးသား လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။ President of the Republic of the Union of Myanmar, U Min Aung Hlaing, who is currently on a State Visit to the Lao People's Democratic Republic held talks with the President of the National Assembly of the Lao People's Democratic Republic at the meeting hall of the Lao National Assembly Office this afternoon. #PPIB #SN

မြန်မာ-လာအို မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် နှစ်နိုင်ငံသမ္မတများ သဘောတူဆွေးနွေး လာအိုနိုင်ငံသမ္မတ၏
+3
မြန်မာ-လာအို မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် နှစ်နိုင်ငံသမ္မတများ သဘောတူဆွေးနွေး လာအိုနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဇူလိုင် ၃ ရက်တွင် ဗီယင်ကျန်းမြို့ရှိ သမ္မတအိမ်တော်၌ လာအိုနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံခေါင်းဆောင်များက အောက်ပါအချက်များကို အလေးထားဆွေးနွေးခဲ့ကြပါသည်။ ၁။ လာအိုနိုင်ငံသမ္မတက နိုင်ငံတော်သမ္မတအား အာဆီယံနိုင်ငံများအနက် ပထမဆုံး လာရောက်သည့် နိုင်ငံတော်အဆင့်ခရီးစဉ်အဖြစ် လှိုက်လှဲစွာကြိုဆိုကြောင်း၊ ယခုခရီးစဉ်သည် မြန်မာ-လာအိုချစ်ကြည်ရေးနှင့် အာဆီယံအတွင်း စည်းလုံးညီညွတ်မှုကို ဖော်ပြသည့် အရေးပါသော သမိုင်းမှတ်တိုင်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး (၇၀) ကျော်ရှိပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် ပြဿနာတစ်စုံတစ်ရာမရှိခဲ့ကြောင်း၊ အနာဂတ်တွင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်လိုကြောင်း နှစ်ဖက်ခေါင်းဆောင်များ အလေးထားဆွေးနွေးခဲ့ပါသည်။ ၂။ နိုင်ငံတော်သမ္မတက မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းတင်ပြခဲ့ပြီး တရားဥပဒေဘောင်အတွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေးကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ အာဆီယံနှင့် ပုံမှန်ထိတွေ့ဆက်ဆံနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၃။နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဖြတ်ကျော်သွားလာမှု လွယ်ကူချောမွေ့ရေးနှင့် ယာယီနယ်စပ်ဖြတ်ကျော်လက်မှတ်များ ထုတ်ပေးရေးတို့ကို မြှင့်တင်ဆောင်ရွက်ရန် သဘောတူခဲ့ကြပါသည်။ ၄။ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တိုးမြှင့်ရေး၊ ပဲ၊ ငရုတ်၊ ပင်လယ်စာ၊ ငါးနှင့် ပုဇွန်စသည့် ထုတ်ကုန်များ တိုးချဲ့တင်ပို့ရေး၊ မြန်မာ-လာအိုချစ်ကြည်ရေးတံတားကို ထိရောက်စွာအသုံးချရေးနှင့် ဒေသတွင်းလမ်းပန်းဆက်သွယ်ရေးစီမံကိန်းများကို အကျိုးရှိရှိ အသုံးပြုရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။ ၅။ ပုဂံ-လွမ်ပရာဘန်၊ နေပြည်တော်-ဗီရန်ကျင်း ညီအစ်မမြို့တော်ဆက်ဆံရေး တိုးမြှင့်ရေးနှင့် လွမ်ပရာဘန်-ကျိုင်းတုံ-တာချီလိတ် လေကြောင်းခရီးစဉ်ဖွင့်လှစ်နိုင်ပါက အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း နှင့် မဲခေါင်ဒေသ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ကြပါသည်။ ၆။ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ အတွေ့အကြုံဖလှယ်ရေး၊ GDP တိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်ဖက်သဘောတူခဲ့ကြပါသည်။ ၇။ လျှပ်စစ်စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ဆောင်ရွက်ရန်၊ ကနဦး (၆၀၀) မီဂါဝပ် ရောင်းချနိုင်ရေးနှင့် မဲခေါင်မြစ်ဝှမ်း လျှပ်စစ်ဓာတ်အားစီမံကိန်းများကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ဆွေးနွေးခဲ့ကြပါသည်။ ၈။ နယ်စပ်လုံခြုံရေး၊ တရားမဝင်အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားနှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ကြပါသည်။ ၉။ အာဆီယံ၊ ကုလသမဂ္ဂ၊ မဲခေါင်ဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးယန္တရားများအတွင်း အပြန်အလှန်ထောက်ခံဆောင်ရွက်သွားရန်နှင့် မြန်မာနိုင်ငံ၏ အာဆီယံနှင့် ပုံမှန်ထိတွေ့ဆက်ဆံနိုင်ရေးကို လာအိုနိုင်ငံအနေဖြင့် ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း လာအိုနိုင်ငံသမ္မတက အတည်ပြုပြောကြားခဲ့ပါသည်။ ၁၀။ လာအိုနိုင်ငံက မြန်မာနိုင်ငံနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေး ထူထောင်ရန် အဆိုပြုခဲ့ရာ နိုင်ငံတော်သမ္မတက ဝမ်းမြောက်စွာ လက်ခံခဲ့ပြီး လုံခြုံရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် နိုင်ငံတကာဆိပ်ကမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို အပြည့်အဝ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၁၁။ မြန်မာနိုင်ငံမှ လာအိုနိုင်ငံသို့ မြွေဆိပ်ဖြေဆေးနှင့် ကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ပေးမည့်အပေါ် လာအိုနိုင်ငံသမ္မတက အထူးကျေးဇူးတင်ရှိကြောင်းနှင့် ယင်းဆေးဝါးများသည် လာအိုပြည်သူများ၏ အသက်အန္တရာယ်ကာကွယ်ရေးတွင် များစွာအထောက်အကူဖြစ်မည်ဟု ပြောကြားခဲ့ပါသည်။ ၁၂။ နှစ်နိုင်ငံဝန်ကြီးဌာနများ၊ ပုဂ္ဂလိကကဏ္ဍများနှင့် ကုန်သည်လုပ်ငန်းရှင်များအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်၍ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားရန် နှစ်ဖက်ခေါင်းဆောင်များက အတည်ပြုပြောကြားခဲ့ပါသည်။ ၁၃။ နိုင်ငံတော်သမ္မတက လာအိုနိုင်ငံသမ္မတအား မြန်မာနိုင်ငံသို့ ထပ်မံလာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် ဆက်လက်တိုးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် နှင့် လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ သမ္မတ မစ္စ
+2
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် နှင့် လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ် တို့၏ ရှေ့မှောက်၌ နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာများနှင့် သဘောတူစာချုပ်များ အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ် #Our

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော
+8
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေး   လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။   အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်၏ အဓိကအစီအစဉ် တစ်ရပ်ဖြစ်ပြီး မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးကို ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ #Hos #Our

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲအညတရသူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြု ခြင်းမှတ်တမ်း #PPIB #Our

🇲🇲🇱🇦 လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိ
+9
🇲🇲🇱🇦 လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် လာအိုသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။ At the invitation of President Mr. Thongloun Sisoulith of the Lao People’s Democratic Republic, President of the Republic of the Union of Myanmar, U Min Aung Hlaing, who is on a State Visit to the Lao PDR, was welcomed this morning by President Mr. Thongloun Sisoulith with a Guard of Honour. ຕາມຄຳເຊີນຂອງ ທ່ານ ທອງລຸນ ສີສຸລິດ ປະທານປະເທດ ສປປ ລາວ, ທ່ານ ມິນ ອອງ ລາຍ ປະທານປະເທດ ສະຫະພັນມຽນມາ ທີ່ກຳລັງເດີນທາງເຢື້ອມຢາມ ໃນພາລະກິດຢ້ຽມຢາມລະດັບລັດ (State Visit) ໄດ້ຮັບການຕ້ອນຮັບດ້ວຍກອງກຽດຕິຍົດ ຈາກ ທ່ານ ທອງລຸນ ສີສຸລິດ ໃນເຊົ້າມື້ນີ້. #SittNaing #Our

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့်ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လာအိုပြည်သူ့ဒီမိုရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိ သည့် မှတ်တမ်း #PPIB #Our

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့
+5
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်၏ ဖိတ်ကြားချက်အရ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေး ခရီးစဉ် (State Visit) ရောက်ရှိနေသည့်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်က ဂုဏ်ပြုတပ်ဖွဲဖြင့်ကြိုဆို။ - President of the Republic of the Union of Myanmar,U Min Aung Hlaing, who is currently on a State Visit to the Lao People's Democratic Republic at the invitation of the Lao President Mr. Thongloun Sisoulith, was welcomed with a Guard of Honour by the Lao President Mr. Thongloun Sisoulith this morning. #PPIB

မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီးတို လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို ရောက်ရှိ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံ၊ အညတရသူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြု လာအိုပြည်သူ့ဒီမိုကရက်တစ
+9
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံ၊ အညတရသူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချ အလေးပြု   လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံ၊ အညတရသူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချကာ ဂုဏ်ပြုပေးခဲ့ကြောင်း သိရသည်။ #HOS #Our

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မ
+3
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခရီးစဉ် (State Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ  ဦးမင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အညတရသူရဲကောင်းစစ်သည်ဗိမာန်၌ လွမ်းသူပန်းခွေချအလေးပြု #PPIB #Our