အာရက္ခမှုခင်းနန့်ဆက်စပ်သတင်းများထုတ်ပြန်ရီးအဖွဲ့
رفتن به کانال در Telegram
6 540
مشترکین
+124 ساعت
-247 روز
-4030 روز
در حال بارگیری داده...
کانالهای مشابه
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
ابر برچسبها
هیچ دادهای
مشکلی وجود دارد؟ لطفاً صفحه را تازه کنید یا با مدیر پشتیبانی ما تماس بگیرید.
اشارات ورودی و خروجی
---
---
---
---
---
---
جذب مشترکین
ژوئن '26
ژوئن '26
+96
در 0 کانالها
مه '26
+6 592
در 1 کانالها
Get PRO
آوریل '260
در 0 کانالها
Get PRO
مارس '26
+21
در 6 کانالها
| تاریخ | رشد مشترکین | اشارات | کانالها | |
| 28 ژوئن | +10 | |||
| 27 ژوئن | +5 | |||
| 26 ژوئن | 0 | |||
| 25 ژوئن | +1 | |||
| 24 ژوئن | 0 | |||
| 23 ژوئن | +1 | |||
| 22 ژوئن | +5 | |||
| 21 ژوئن | 0 | |||
| 20 ژوئن | +2 | |||
| 19 ژوئن | +4 | |||
| 18 ژوئن | +4 | |||
| 17 ژوئن | +3 | |||
| 16 ژوئن | +1 | |||
| 15 ژوئن | +2 | |||
| 14 ژوئن | 0 | |||
| 13 ژوئن | +3 | |||
| 12 ژوئن | +5 | |||
| 11 ژوئن | +1 | |||
| 10 ژوئن | +3 | |||
| 09 ژوئن | +3 | |||
| 08 ژوئن | +2 | |||
| 07 ژوئن | +2 | |||
| 06 ژوئن | +7 | |||
| 05 ژوئن | +14 | |||
| 04 ژوئن | +10 | |||
| 03 ژوئن | +2 | |||
| 02 ژوئن | +1 | |||
| 01 ژوئن | +5 |
پستهای کانال
| 2 | بدون متن... | 3 934 |
| 3 | ပြစ်မှုမကင်းသည့် ပြုလုပ်မှုကို ဒေဂုကဲ့သို့ အမှန်အတိုင်း ဝန်ခံရခြင်း ဖြစ်ပါကြောင်း၊ တရားရုံးတော်၌လည်း ၎င်းကျူးလွန်မိခသော ပြစ်မှုအကြောင်းခြင်းရာများကို မှန်ကန်စွာ ထွက်ဆိုလိုပါကြောင်း ထွက်ဆို ခသည်။
ယင်းနောက် ပြစ်မှုကျူးလွန်သူ ရဲဝင်းအောင်သည် ၎င်း၏လွတ်လပ်သော စိတ်ဆန္ဒအရ မင်းပြားမြို့နယ်တရားရုံး ၌ သက်သီ လူကြီးများရှိတွင် ဖြောင့်ချက်ပီးခရာ မြို့နယ်တရားသူကြီးမှ ရာဇဝတ်အထွေထွေအမှုအမှတ် ၁၈/၂၀၂၆ ဖြင့် လက်ခံ ရွီးမှတ် ရယူခပြီး ၎င်း ပြစ်မှုကျူးလွန်ရာ၌ အသုံးပြုခသည့် မီးဆွဲကိုလည်း သီဆုံးသူနန့် အတူအိပ်ခသူ မောင်တင်အေး(၁၈နှစ်) နန့်တတူ ရှာဖွီတွိဟိ၍ ၎င်းရို့(၂)ဦးမှ သက်သီများရှိတွင် အဆိုပါသက်သီခံပစ္စည်းကို ပီးအပ်ခ၍ အမှုဖြင့် သိမ်း ဆည်းခသည်။
ဘော်ဒါဆောင်ပိုင်သျှင် ဆရာဦးလှမင်းမှ အခင်းဖြစ်ရပ်ဟိ အမှုမှသီဆုံးသူ မောင်ငြိမ်းထက်ကျော် ၏ မီးစွဲလောင်၍ ကျန်ခသော ပစ္စည်းများကို ကျောင်းသားများအား ဝေးပစ်ခိုင်းခပြီး အခင်းဖြစ်ရပ်အခန်းကို ယှင်းလင်း စီခကြောင်း ထွက်ဆိုချက်အရ ဦးလှမင်းသည် အခင်းဖြစ်ရပ်မှ အမှုမှန် ပေါ်ပေါက်ရီးအထောက် အကူဖြစ်သော မှုခင်းဖြစ်စဉ် မူလအနီအထားနန့် သက်သီခံပစ္စည်းများအား ဖျောက်ဖျက်စီခသည့်အတွက် သက်သီခံပစ္စည်းဖျောက်ဖျက်စီ မှုသည် ၎င်းအပေါ်၌သာ တာဝန်ဟိသဖြင့် ပြစ်မှုကျူးလွန်သူ အမှုမှတရားခံ ရဲဝင်းအောင်နန့် သက်သီခံပစ္စည်းများအား ဖျောက်ဖျက်စီခသူ ဘော်ဒါဆောင်ပိုင်သျှင် ဆရာဦးလှမင်းရို့အား ဥပဒေနန့်အညီ အရေးယူနိုင်ရီး အမှုအားခိုင်မာစွာတည် ဆောက်ကာ ဥပဒေအကြံပြုချက်နန့်အညီ အယင် တရားစွဲတင်လားမည် ဖြစ်သည်။
၂။ ဒီလပ်ဌာန၏ ရည်မှန်းချက် တာဝန် (၄) ရပ်
(က) ပြည်တွင်းလုံခြုံရီးနန့် ရပ်ရွာအီးချမ်းသာယာရီး။
(ခ) တရားဥပဒေစိုးမိုးရီး။
(ဂ) မူးယစ်ဆီးဝါးအန္တရာယ် တားဆီးကာကွယ်ရီး။
(ဃ) ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရီး။
၃။ ဆက်သွယ်ရန် -
နီးစပ်ရာ ဒီလပ်စခန်း- 👮🚉
တယ်လီဂြမ်လိပ်စာ - @arakkhadleps
အီးမေး(လ်) လိပ်စာ - arakkhadleps@protonmail.com
အာရက္ခမှုခင်းနန့်ဆက်စပ်
သတင်းများထုတ်ပြန်ရီးအဖွဲ့
အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ | 3 786 |
| 4 | အထူးစုံစမ်းစစ်ဆီးရီးအဖွဲ့သည် မူလစစ်ဆီးထားသော အမှုတွဲအား ဖတ်ရှုသုံးသပ်ပြီး အခင်းဖြစ်ရာ “ရာစုသစ်”ပညာရီးဘော်ဒါ ဆောင်၏ တည်နီရာ၊ အခင်းဖြစ်ရာအခန်း၏ အနီအထား၊ အခင်းဖြစ်နိက အခင်းဖြစ်သည့်အခန်းထဲ၌ အိပ်သူ/စာဖတ်သူများ နီရာအနီအထား၊ မီးစတင်လောင်ကျွမ်းသောနီရာ၊မီးလောင်ရာလမ်းကြောင်းနန့် မီးလောင်ပြင်းအား အနည်း/အများ နီရာ များကို ဖော်ထုတ်စစ်ဆီးခြင်း၊အခင်းဖြစ်ရပ်အား ထပ်မံစစ်ဆီးခြင်း၊ သိမ်းဆည်းထားသည့် သက်သီခံပစ္စည်းများအား ကြည့် ရှု၍ မီးလောင်ပုံလောင်နည်းများအား စစ်ဆီးခြင်း၊ ဆက်စပ်သက်သီများ၊ ပတ်ဝန်းကျင်သက်သီများ၊ ပြစ်မှုကျူးလွန်နိုင်သည့် သံသယတရားခံများကို စစ်ဆီးခြင်းများ ဆောင်ရွက်ခသည်။
ယင်းသို့ စစ်ဆီးရာတွင် ယောက်ျားဘော်ဒါဆောင် အလယ်ထပ်၌ အိပ်သည့် G-12 ကျောင်းသား သံသယတရားခံ ရဲဝင်းအောင် ၏ ညာဖက်လက်သန်းရင်းတွင် မီးလောင်ဒဏ်ရာ ရဟိနီခြင်းနန့်ပတ်သက်၍ ရဲဝင်းအောင်မှ “အခင်းဖြစ်နိက မီးငြိမ်းသတ်စဉ် ရဟိသော ဒဏ်ရာဟုလည်းကောင်း၊ ယားနာပေါက်သော ဒဏ်ရာဟုလည်းကောင်း၊ မီးလောင်ဒဏ်ရာရပြီး အောက်ဗလာဖြစ်နီ သော မောင်ငြိမ်းထက်ကျော်အား အဝတ်ပီးရန် အခန်းမှ အဝတ်အား ကောက်ယူစဉ် မီးလောင်ထားသည့်အဝတ်မှ ၎င်းလက်ကို ကူးစက်လောင်ကျွမ်းသည်ဟုလည်းကောင်း”အမျိုးမျိုးလိမ်လည် ထွက်ဆိုခြင်း၊ လက်၌ရဟိသော ဒဏ်ရာအား လူအများမမြင် စီရန် ဘောင်ဘီအိတ်ထဲထည့်၍ဝှက်ထားခြင်း၊ မောင်ငြိမ်းထက်ကျော် မီးလောင်ဒဏ်ရာဖြင့် ဆီးကုသရန် ဆီးရုံသို့ ပို့ဆောင်စဉ် ၎င်းအနီဖြင့် လိုက်ပါလားမှုမဟိဘဲ မိုးလင်းမှသာ လိုက်လားခြင်း၊ ရဲဝင်းအောင်၏ မျက်နှာအမူအရာများ ပျက်နီခြင်း၊ သီဆုံးသူ မောင်ငြိမ်းထက်ကျော်မှ ဒယောတောင်းရာ ၎င်း၏ ဒယောကို ချွတ်ပီးပြီး ကိုယ်တုံးလုံးဖြင့်အရှက်အကြောက်မဲ့၊ စိုးရိမ်စိတ် လွန်ကဲစွာ ဆောင်ရွက်ခြင်း၊ ငြိမ်းထက်ကျော်သီဆုံးပြီး ကျွဲကြိုရွာမှကျောင်းသူ/ကျောင်း သားများ ရွာသို့ ခေတ္တပြန်၍ (၅) ရက်ခန့်နီထိုင်ပြီး ကျောင်းပြန်တက်ရန် အဆောင်သို့ရောက်ဟိစဉ် ၎င်းဘော်ဒါ၌ ကျောင်းပြန်မတက်ရန် ကျောင်းသား/သူ များအား စည်းရုံးခြင်း၊ မောင်ငြိမ်းထက်ကျော် သီဆုံးပြီးနောက် တယောက်တည်း ဆောက်တည်ရာမရ ဖြစ်နီခြင်း စသည့် သံသယဖြစ်ဖွယ် အကြောင်းအရာများကို တွိဟိရသဖြင့် အထူးစုံစမ်းစစ်ဆီးရီးအဖွဲ့မှ ရဲဝင်းအောင်အား အသေးစိတ် စစ်ဆီးခသည်။
ယင်းသို့စစ်ဆီးရာတွင် သံသယတရားခံ ရဲဝင်းအောင်က ၎င်းသည် သီဆုံးသူ ငြိမ်းထက်ကျော်နန့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဖြစ်ကြောင်း၊ ၎င်းအိပ်နီစဉ် မောင်ငြိမ်းထက်ကျော်က ၎င်းအား ခြင်ကိုက်စီရန် ခြင်ထောင်လှန်၍ စနောက်လိ ဟိပါကြောင်း၊ ထိုသို့ စနောက်ခံရသဖြင့် ငြိမ်းထက်ကျော်ကိုလည်း ပြန်လည်စနောက်လိုသော ဆန္ဒဟိပါကြောင်း၊ ၂၀၂၆ ခုနှစ် ဂျူလိုင်လ (၂၆) ရက်နိ၊ မိုးထ (၁)နာရီကျော် အချိန်ခန့်တွင် ဘော်ဒါဆောင် ၏ အောက်ထပ်အခန်းဘေးဟိ ဖောင်သာသို့ ဘက်ထရီမီးလုံးဖြင့် လားရောက် အပေါ့လားခကြောင်း၊ အပေါ့လားပြီး ပြန်လာစဉ် အောက်ထပ်ဟိ ကျောင်းသားများမာ အိပ်ပျော်နီ ကတ်သည် ကို တွိဟိရာ မောင်ငြိမ်းထက်ကျော်ကို စနောက်လိုစိတ်ပေါ်လာ၍ အခန်းထဲဝင်ပြီး မောင်ငြိမ်းထက်ကျော်အား ခြင်ကိုက်စီရန် ခြင်ထောင်ကို အသာအယာလှန်ပြီးနောက် ခြင်ထောင်ကြိုးကိုပါ ဖြတ်လိုစိတ် ဖြစ်ပေါ်လာသဖြင့် မောင်ငြိမ်းထက်ကျော်၏ ခြင်ထောင်စွန်းအား ၎င်း၌အသင့်ပါလာသော မီးဆွဲဖြင့် မီးတိုက်ဖြတ်လိုက်ရာ မီးဆွဲမှ ဂတ်(စ်) အရည်များ လိုသည်ထက် ပို ထွက်လာ၍ မီးတောက်ကြီးသည် ခြင်ထောင်အစွန်းအား လောင်ကျွမ်းကာ ကြိုးပြတ်ကျလားစဉ် ခြင်ထောင်ကြိုးမှ မီးတစက် ၎င်း၏ညာဖက်လက်သန်းရင်းသို့ကျသဖြင့် လက်၌ကိုင်ထားသော မီးဆွဲ အောက်သို့ ပြုတ်ကျလားခကြောင်း၊ မီးလောင်နီသော ခြင်ထောင်အစွန်းမာ ခြင်ထောင်ထက်သို့ ပုံကျလားကာ ခြင်ထောင်အား ကူးစက်လောင်ကျွမ်းပြီး မီးပြင်းလာသဖြင့် ခြင်ထောင် ထဲ၌ အိပ်နီသော ငြိမ်းထက်ကျော်အား ဆွဲထုတ်ရန်ပြင်စဉ် မီးပုံထဲမှ အရာဝတ္ထုတခု အက်ကွဲသံနန့် တတူ မီးတောက်လောင်မှု အလွန်ပြင်းထန်လာသဖြင့် မောင်ငြိမ်းထက်ကျော်အား ခြင်ထောင်ထဲမှဆွဲမထုတ်နိုင်ခဘဲ ၎င်းအိပ်သည့် ဘော်ဒါဆောင်အလယ် ထပ်သို့ တက်ကာ အိပ်ရာထဲ၌ အိပ်ကွန်ဆောင်နီခကြောင်း၊ မောင်ငြိမ်းထက်ကျော် ဆီးကုသခံယူရန် ဆီးရုံသို့ ပို့ဆောင်စဉ် လိုက်ပါလားခြင်းမဟိသည့်နည်းတူ ၎င်းကျူးလွန်မိသော ပြစ်မှုအကြောင်းခြင်းရာကိုလည်း မည်သူ့ကိုမျှ ပြောမပြဘဲ ထိန်ချန် နှုတ်ပိတ်နီခကြောင်း၊ မောင်ငြိမ်းထက်ကျော်နန့်၎င်းရို့သည် ညီအစ်ကိုဝမ်းကွဲများဖြစ်၍ ၎င်းအနီဖြင့် ကျူးလွန်ခသော ပြစ်မှု အကြောင်းခြင်းရာများကို ဝန်ခံထွက်ဆိုလိုက်လျှင် မိသားစုများအား ရင်ဆိုင်နိုင်သော သတ္တိမဟိခသဖြင့် အယင်က ၎င်းအား စစ်ဆီးခသည့် အဖွဲ့များကို ထိန်ချန်လိမ်လည် ထွက်ဆိုခရခြင်းဖြစ်ပါကြောင်း ဝန်ခံထွက်ဆိုခသည်။
ယင်းအပြင် အထူးစုံစမ်းစစ်ဆီးရီးအဖွဲ့မှစစ်ဆီးစဉ် သံသယတရားခံ ရဲဝင်းအောင်က ၎င်း၏ ပြစ်မှုမကင်းသော ပြုလုပ်မိ ခခြင်းအပေါ် ဘော်ဒါဆောင်ပိုင်သျှင်၊ ဆရာ/ဆရာမများ၊ ကျောင်းသူ/ကျောင်းသားများအတွက် နိစဉ်နန့်အမျှ စိတ်မချမ်းမသာ ဖြစ်နီရခြင်း၊ ပြစ်မှုကို ဖုံးကွယ်ထိန်ချန် မြိုသိပ်ထားရသည်မာ စိတ်မွန်းကျပ်မှုအလွန်ခံစားရလာခြင်းရို့ကြောင့် အထူးစုံစမ်း စစ်ဆီးရီးအဖွဲ့ထံ ၎င်းပြုလုပ်ခသော | 3 011 |
| 5 | အာရက္ခ မှုခင်းနန့်ဆက်စပ်သတင်းများ
ထုတ်ပြန်ရီးအဖွဲ့
မှုခင်းသတင်းထုတ်ပြန်ချက်
(၁၅ /၂၀၂၆)
မင်းပြားမြို့၊ ရာစုသစ်ဘော်ဒါဆောင်တွင် ကျောင်းသားတဦး မီးလောင်ဒဏ်ရာများဖြင့် သီဆုံးမှုဖြစ်စဉ်၌ ကျူးလွန်သူ တရားခံတဦးနန့် သက်သီခံပစ္စည်းများ ဖျောက်ဖျက်သူ ဘော်ဒါဆောင်ပိုင်သျှင်ကို ဒီလပ် ဖမ်းဆီး
၂၀၂၆ ခုနှစ်၊ ဂျုန်လ (၁၁)ရက်
အချိန် - မေလ (၁၃) ရက်။
နီရာ - မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်၊ ရာစုသစ်ဘော်ဒါဆောင်။
၁။ သတင်းအကျဉ်း
၂၀၂၅ ခုနှစ်၊ ဂျူလိုင်လ (၂၆ )ရက်နိ၊ မိုးထစောစော (၁)နာရီကျော်အချိန်၌ အာရက္ခပြည်၊ မင်းပြားမြို့၊ ပြည်တော်လှရပ်ကွက်ဟိ ရာစုသစ်ဘော်ဒါဆောင်တွင် ကျောင်းသားတဦး မီးလောင်ဒဏ်ရာများဖြင့် သီဆုံးခမှုဖြစ်စဉ်အတွင်း ကျူးလွန်သူ တရားခံတဦးနန့် သက်သီခံပစ္စည်းများ ဖျောက်ဖျက်စီခသူ ဘော်ဒါဆောင်ပိုင်သျှင်ရို့ကို တရားဥပဒေစိုးမိုးရီးနန့် ပြည်သူ့လုံခြုံရီးဌာန(ဒီလပ်)မှ ဥပဒေလုပ်ထုံးလုပ်နည်းများနန့်အညီ ဖမ်းဆီး အရေးယူထားပြီး ဖြစ်သည်။
ဖြစ်စဉ်မာ မင်းပြားမြို့၊ပြည်တော်လှရပ်ကွက်ဟိ ဆရာဦးလှမင်း ဦးစီးဖွင့်လှစ်ထားသော ရာစုသစ်ပညာရီးဘော် ဒါဆောင်တွင် G-12 ၌ ပညာသင်ကြားနီသည့် မင်းပြားမြို့နယ်၊ ကျွဲကြိုရွာမှ (အဖ) ဦးဦးကျော်ဇံ၏သား မောင်ငြိမ်းထက်ကျော် (၁၈နှစ်) သည် ၂၀၂၅ ခုနှစ်၊ ဂျူလိုင်လ (၂၆)ရက်နိ၊ မိုးထ (၁) နာရီကျော်အချိန် ၎င်း၏အိပ်ရာ၌ မီး လောင်မှုဖြစ်၍ အခန်းမှထွက်ဗြီးရာ အခန်းနံရံကို ဂေါင်းနန့်ဆောင့်မိပြီး ၎င်း၏ဦးဂေါင်းဘယ်ဖက်ခြမ်း ပေါက် ပြဲ သွီးထွက်ဒဏ်ရာ (၁) ချက်နန့် ခန္ဓာ ကိုယ်အနှံ့ မီးလောင်ဒဏ်ရာများဖြင့် အဆောင်ပြင်ပ ခြံစည်းရိုးနားသို့ ရောက်ဟိနီသဖြင့် ဆရာများနန့်ကျောင်းသားများမှဆီးရုံသို့ ပို့ဆောင်၍ ဆီးကုသမှုခံယူနီစဉ် ၂၀၂၅ ခုနှစ်၊ ဂျူလိုင်လ (၂၆) ရက်နိ၊ နိခင်း(၁၁)နာရီ(၄၅) မိနစ်အချိန်တွင် မောင်ငြိမ်းထက်ကျော် ဆီးရုံ၌ သီဆုံးလားခသည်။
မောင်ငြိမ်းထက်ကျော် မီးလောင်သီဆုံးမှုအား ဓမ္မတာအတိုင်းသီဆုံးခြင်းဟုတ်/မဟုတ် စစ်ဆီးနိုင်ရန် မင်းပြားမြို့မ ဒီလပ်စခန်း ၏ သီမှုသီခင်းအမှတ်စဉ် ၄/၂၀၂၅ ဖြင့် ရွီးဖွင့်ဆောင်ရွက်ပြီး မင်းပြားမြို့နယ်တရားရုံးသို့ သီမှုသီခင်း စစ်ဆီးနိုင်ရန် တင်ပို့ခရာ မင်းပြားမြို့နယ်တရားရုံးသည် ရာဇဝတ်အထွေထွေအမှုအမှတ် ၂၃/၂၀၂၅ ဖြင့် လက်ခံစစ်ဆီးခသည်။ သက်သီများ၏ထွက်ဆို ချက်များအရ မောင်ငြိမ်းထက်ကျော် မီးလောင်သီဆုံးမှုသည် လူတဦးတယောက်၏ ပယောဂကြောင့် သီဆုံးမှုဖြစ်နိုင်ကြောင်း အမှုအား ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့် သတင်းပီးတိုင်တန်းချက် ရွီးဖွင့်ဆောင်ရွက်ရန် တရားရုံးမှ အကြောင်းကြားလာ သဖြင့် သက်ဆိုင်ရာ ဒီလပ်စခန်းက (ပ) ၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ- ၃၀၂ ဖြင့် ရွီးဖွင့် ဆောင်ရွက်ခသည်။
အမှုမှန်ပေါ်ပေါက်ရီး၊ အမှုမှတရားခံ မည်သူဖြစ်ကြောင်း စုံစမ်းဖော်ထုတ်တရားစွဲတင်နိုင်ရီးအတွက် အခင်းဖြစ်ရပ်စစ်ဆီးခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ အခင်းဖြစ်ရပ် မြီပုံကြမ်းရွီးဆွဲခြင်း၊ သက်သီခံပစ္စည်းများ သိမ်းဆည်းခြင်း၊ ဆက်စပ်သက်သီ များ၊ ပတ်ဝန်းကျင်သက်သီများအား ဖော်ထုတ်စစ်ဆီးခြင်း၊ မသင်္ကာသူများကို ဖမ်းဆီးပြီး ချုပ်ရီမန်ယူ၍ စစ်ဆီးခြင်းများ ဆောင်ရွက်ခသော်လည်း
ဤအမှုစတင် ပေါ်ပေါက်ချိန်၌ ကရို့ အစိုးရဖက်မှ လက်လှမ်း မမီသည့်အပြင် တိုက်ပွဲများလည်း ဆက်ဖြစ်နီဆဲကာလဖြစ်၍ ဒီလပ်တပ်ဖွဲ့ဝင်များ လုံလုံလောက်လောက် မဟိခသည့်နည်းတူ ဘော်ဒါဆောင်တာဝန်ဟိသူများအနီဖြင့် အခင်းဖြစ်စဉ်အား တာဝန်ဟိအဖွဲ့အစည်းများထံကြိုတင် သတင်းပီးတိုင်တန်းမှု မဟိခြင်း၊ မောင်ငြိမ်းထက်ကျော် ဆီးရုံ၌ ဆီးကုသခံယူနီစဉ် သီဆုံးလားပြီး ဆီးရုံမှအကြောင်းကြား လာပြီးမှသာ ဖြစ်စဉ်အား သက်ဆိုင်ရာဌာနမှ သိဟိရခြင်း၊ ပြစ်မှုကျူး လွန်သူ၏ပြုလုပ်မှုသည် အခင်းဖြစ်နီရာတွင် သဲလွန်စ ကျန်ဟိတတ်စမြဲ ဖြစ်သော်လည်း အခင်းဖြစ်ရပ်အား လားရောက်စစ်ဆီးစဉ် အခင်းဖြစ်ရပ် အခြေအနီမာ မူလအနီအထား အတိုင်း မတွိရတော့ဘဲ ယှင်းလင်းဖျောက်ဖျက်ထားသဖြင့် မီးစတင်လောင်ကျွမ်းသည့်နီရာ၊ မီးလားရာလမ်းကြောင်း၊ မည်ကဲ့ သို့ မီးစတင်လောင်ကျွမ်းရကြောင်း၊ မည်သို့ပြုလုပ်မှုကြောင့် လောင်ကျွမ်းရခြင်းဖြစ်ကြောင်း စသည့် မှုခင်းဖြစ်ရပ်မှန် ဖော် ထုတ်နိုင်ရီးနန့် အမှုမှတရားခံ မည်သူဖြစ်ကြောင်း သုံးသပ်ဖော်ထုတ်ရန် ခက်ခဲလားသဖြင့် အမှုမှန်ပေါ်ပေါက်ခြင်းမဟိဘဲ (၁၀) လကျော် ကြာမြင့်လားရခြင်းဖြစ်ပြီး အခင်းဖြစ်သည့်အခန်း၌ ကျောင်းသား(၁၃)ဦး အနီးကပ်အိပ်နီသည့်အထဲမှ မောင်ငြိမ်း ထက်ကျော် တဦးတည်းသာ ခန္ဓာကိုယ်အနှံ့ မီးလောင်ဒဏ်ရာများဖြင့် သီဆုံးခရသည့် ဖြစ်စဉ်မာ လူတဦးတယောက်၏ ပယောဂ တခုခုကြောင့်သာလျှင် ဖြစ်နိုင်သဖြင့် အမှုမှန်ပေါ် ပေါက်စီရီးနန့် တရားခံအား စုံစမ်းဖော်ထုတ် တရားစွဲတင်နိုင်ရီး အလို့ငှာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ဗဟိုဌာနချုပ်ရုံးသည် ၂၀၂၆ ခုနှစ်၊ မေလ (၁၃) ရက်နိတွင် အမိန့်စာအမှတ် ၁၇/၂၀၂၆ ဖြင့် “အထူးစုံစမ်းစစ်ဆီးရီးအဖွဲ့” ဖွဲ့စည်း၍ စစ်ဆီးစီခသည်။ | 3 119 |
| 6 | မှုခင်းသတင်း-၁၄.pdf | 6 000 |
| 7 | بدون متن... | 5 770 |
| 8 | လူကုန်ကူးမှု တားဆီးနှိမ်နင်းရီးဥပဒေပုဒ်မ ၃၅ အရ "မည်သူမဆို အမျိုးသမီးများနန့် အချေသူငယ်များအား လူကုန်ကူးမှုကျူး လွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ်တဆယ်နှစ်မှ အများဆုံး ထောင်ဒဏ် တသက် အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်"ဟု ပြဋ္ဌာန်းထားသည်။
လူကုန်ကူးမှုပြစ်မှုများ ဖြစ်ပွားရသည့်အကြောင်းအရင်းမာ ဆင်းရဲနွမ်းပါးမှုနန့် အလုပ်အကိုင်ယှားပါးခြင်း၊ နိုင်ငံရပ်ခြားများ၌ အလုပ်အကိုင်အခွင့်အလမ်းများရဟိလိုစိတ်များခြင်း၊ အသိပညာနည်းပါးပြီး ဥပဒေဗဟုသုတ နည်းပါးခြင်း၊ လူလိမ်ပွဲစားများ
၏ မက်လုံးပီးစည်းရုံးသိမ်းသွင်းမှုများအပေါ်တွင် နစ်မျောလားခြင်း၊ မိသားစုထိန်းသိမ်းမှုအားနည်းခြင်း၊ ကိုယ်ပိုင်အသိ တရား မဟိဘဲ လူမှုကွန်ရက်များမှ အလုပ်ခေါ်စာအတုများအပေါ် ယုံကြည်မိခြင်း ၊ နယ်စပ်ဒေသများ၌ စစ်ဆီးကြပ်မတ်မှု အားနည်း ခြင်းများနန့် အမျိုးသမီးများ၊ အချေသူငယ်များအား ပြစ်မှုကျုးလွန်သူများက အားနည်းသူများအဖြစ်ပစ်မှတ်ထားဟိခြင်း........ စသည့်အချက်များကြောင့် လူကုန်ကူးမှုများ ဖြစ်ပွားလာရခြင်းဖြစ်သည်ဟု သုံးသပ်ရဟိသည်။
ထို့ကြောင့် ပြည်သူများအနီဖြင့် လူကုန်ကူးမှုမခံရစီရီးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရဟိမည်ဟု ပြောဆိုစည်းရုံးသိမ်း သွင်းခံရပါက ၎င်းအလုပ်အကိုင်သည် တရားဝင်အလုပ်အကိုင် ဟုတ်/မဟုတ်၊ တရားဝင်အေဂျင်စီများမှ ဆက်သွယ်ဆောင်ရွက် ခြင်း ဟုတ်/မဟုတ် စုံစမ်းဆောင်ရွက်ရန်၊ ကိုယ်လားရောက်ရမည့်နီရာဒေသ၊ အလုပ် အကိုင်အမျိုးအစား၊ ဆက်သွယ်ရမည့် ဖုန်း နံပါတ်များကို မိသားစုများအားအသိပီးထားရန်၊ လူကုန်ကူးမှုအန္တရာယ်နန့် ပတ်သက်သည့် ဥပဒေအသိပညာဟိရန်၊ အချေသူငယ် များအား မိဖအုပ်ထိန်းမှုအောက်တွင် ကောင်းမွန်စွာဟိစီရန်၊ လူကုန်ကူးမှုခံရနိုင်ဖွယ် သံသယဟိပါက ဒီလပ်ဌာနနန့် သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ချက်ချင်းသတင်းပီးတိုင်တန်းရန် စသည့် အချက်များကို လိုက်နာဆောင်ရွက်လားရန် လိုအပ်ပါသည်။
ယင်းအပြင် ပြည်သူများအနီဖြင့် လူကုန်ကူးမှုမခံရစီရီးအတွက် လုပ်ခလစာမြင့်ပြီး အချက်အလက်အကြောင်းအရာ မယှင်းလင်း သော အလုပ်ခေါ်စာများကို မယုံကြည်ရန်၊ ကိုယ်နန့် မသိမကျွမ်းသူများအပေါ် လွယ်လင့်တကူ မယုံကြည်ရန်၊ နိုင်ငံခြားသို့ လား ရောက်ပါက တရားမဝင်လမ်းကြောင်းမှ မလားရန်၊ ကိုယ်၏ကိုယ်ရီးအချက်အလက်များအား မသိသူများထံ မပီးမိရန်၊ လူမှုကွန် ရက်ပေါ်ဟိ အလုပ်ခေါ်ကြော်ငြာစာများကို တရားဝင်အတည်မပြုဘဲ ဆက်သွယ်ဆောင်ရွက်ခြင်းမပြုရန်၊ မိသားစုများနန့်အဆက် အသွယ်ဖြတ်ပြီး အလုပ်လားမလုပ်ရန်နန့် လူကုန်ကူးမှု ပြစ်မှုကျုးလွန်သူများအား ထိရောက်ဟန့်တားသော ပြစ်ဒဏ်များရဟိရီး ဆောင်ရွက်လားပါက အာရက္ခပြည်အတွင်း လူကုန်ကူးမှုပြစ်မှုများ အတိုင်းအတာတခုအထိ ကျဆင်းလာမည် ဖြစ်ပါသည်။
၃။ ဒီလပ်ဌာန၏ ရည်မှန်းချက် တာဝန် (၄) ရပ်
(က) ပြည်တွင်းလုံခြုံရီးနန့် ရပ်ရွာအီးချမ်းသာယာရီး။
(ခ) တရားဥပဒေစိုးမိုးရီး။
(ဂ) မူးယစ်ဆီးဝါးအန္တရာယ် တားဆီးကာကွယ်ရီး။
(ဃ) ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရီး။
၄။ ဆက်သွယ်ရန်-
နီးစပ်ရာ ဒီလပ်စခန်း-👮🚉
တယ်လီဂြမ်လိပ်စာ - @arakkhadleps
အီးမေး(လ်) လိပ်စာ - arakkhadleps@protonmail.com
အာရက္ခမှုခင်းနန့်ဆက်စပ်
သတင်းများထုတ်ပြန်ရီးအဖွဲ့
အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ | 4 672 |
| 9 | အာရက္ခမှုခင်းနန့်ဆက်စပ်သတင်းများ
ထုတ်ပြန်ရီးအဖွဲ့
မှုခင်းသတင်းထုတ်ပြန်ချက်
(၁၄/၂၀၂၆)
မြောက်ဦး၌ လူကုန်ကူးမှုလုပ်ငန်းများလုပ်ကိုင်နီသည့် အမျိုးသမီး (၃)ဦးကို ဒီလပ်ဖမ်းဆီး၍ အရေးယူဆောင်ရွက်လျက်ဟိ
၂၀၂၆ ခုနှစ်၊ ဂျုန်လ (၄)ရက်
အချိန် - မေလ (၂၄) ရက်။
နီရာ - မြောက်ဦးမြို့၊ ရွှေရိုးရာ KTV ဆိုင်။
၁။ သတင်းအကျဉ်း
အာရက္ခပြည်၊ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်၌ ရွှေရိုးရာနာမည်ဖြင့် KTV လုပ်ငန်းလုပ်ကိုင်ရန်ဟု အကြောင်းပြကာ လူကုန်ကူး မှုလုပ်ငန်းများ လုပ်ကိုင်နီသည့် အမျိုးသမီး (၃) ဦးကို တရားဥပဒေစိုးမိုးရီးနန့် ပြည်သူ့လုံခြုံရီးဌာန (ဒီလပ်)မှ ၂၀၂၆ ခုနှစ် ၊ မေလ (၂၄ ) ရက်နိတွင် ဖမ်းဆီးပြီး ဒီလပ်လုပ်ထုံး လုပ်နည်းများနန့်အညီ အရေးယူဆောင်ရွက်လျက်ဟိသည်။
လူကုန်ကူးမှု လုပ်ငန်းများကိုလုပ်ကိုင်မှုဖြင့် ဒီလပ်ဌာနမှ ဖမ်းဆီးခသည့် အဆိုပါ အမျိုးသမီး ( ၃ ) ဦးမာ ရွှေရိုးရာ KTV ပိုင်သျှင် ဒေါ် ခင်မိုးမိုးဝင်း ( ၅၆ နှစ် ) (အဖ) ဦးလာချောင်၊ မန်နေဂျာ ဒေါ် လှလှဝင်း (ခ) မေခ ( ၄၅ နှစ် ) (အဖ) ဦးလှမြင့် နန့် ဒု-မန်နေဂျာ ဒေါ်ပြည့်ပြည့်ဝင်း (ခ) ထိပ်ထား( ၄၁နှစ်)(အဖ) ဦးသန်းမောင်ရို့ ဖြစ်ကတ်သည်။
ဖြစ်စဉ်မာ မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်၊ အမ်း-ကျောက်တော်ကားလမ်းမဘေး၌ ရွှေရိုးရာ KTV ဟု နာမည်ခံကာ ဘဝရပ်တည် ရန်ခက်ခဲနီကတ်သည့် မမချေများ၏ အခြေအနီများကို အခွင့်ကောင်းယူပြီး KTV လုပ်ငန်းလုပ်ကိုင်ရန်ဟု အကြောင်းပြလျက်မသိ နားမလည်သော မမချေများအား သွီးဆောင်ဖြားယောင်းခေါ်ယူကာ ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ရန် အတင်းအဓမ္မလုပ််ခိုင်း ခြင်း၊ ကာမဆိုင်ရာကိစ္စအတွက် တနည်းနည်းဖြင့် အဓမ္မဝန်ဆောင်မှုပီးစီခြင်း၊ မမချေများ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရာမှ ရဟိ လာသော ငွေကြေးများကို ဂေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းများဖြင့် လူကုန်ကူးမှုပြုလုပ် နီကြောင်းသတင်းအရ သက်ဆိုင်ရာဒီလပ် ဌာနတာဝန်ဟိသူများသည် သက်သီလူကြီးများဖြစ်သော အုပ်ချုပ်ရီးဌာနမှတာဝန်ဟိသူများနန့် တတူ အဆိုပါ ရွှေရိုးရာ KTV အား ဝင်ရောက် ရှာဖွီခကတ်သည်။
ယင်းသို့ ဝင်ရောက်ရှာဖွီရာတွင် လူကုန်ကူးမှုလုပ်ငန်းများကို စီမံကြီးကြပ်လုပ်ကိုင်နီကတ်သော ရွှေရိုးရာ KTV ပိုင်သျှင် ဒေါ်ခင်မိုးမိုး ဝင်း၊ မန်နေဂျာ ဒေါ်လှလှဝင်း (ခ) မေခ နန့် ဒု-မန်နေဂျာ ဒေါ် ပြည့်ပြည့်ဝင်း (ခ) ထိပ်ထားရို့ကို ပြည့်တန်ဆာအဖြစ် ဝန်ဆောင်မှုပြု လုပ်ပီးနီကတ်ရသော အမျိုးသမီး (၁၀)ဦး ၊ ပြည့်တန်ဆာလုပ်ငန်းသို့ပျော်ပါးရန် ရောက်ဟိနီသော ယောင်္ကျားများနန့်တတူ တွိဟိခရသည်။ ဆက်လက်ရှာဖွီရာတွင် ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်ရာ၌ အသုံးပြုသော ပစ္စည်းများကိုပါ ထပ်မံ တွိဟိခရသည်။
ထိုသို့ မမချေများ၏ ဘဝရပ်တည်ရီးခက်ခဲနီသည့် အခြေအနီများကို အခွင့်ကောင်းယူကာ KTV လုပ်ငန်းလုပ်ကိုင်ရန် အကြောင်း ပြလျက် မသိနားမလည်သော မမချေများအား သွီးဆောင်ဖြားယောင်းခေါ်ယူပြီး ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ရန် အတင်းအဓ မ္မခိုင်းစီခြင်း၊ ကာမဆိုင်ရာကိစ္စအတွက် တနည်းနည်းဖြင့် အဓမ္မဝန်ဆောင်မှုပီးစီခြင်း၊ ထိုမမချေများ ပြည့်တန်ဆာအဖြစ် လုပ်ကိုင် ရာမှ ရဟိလာသော ငွေကြေးများကို ဂေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းဖြင့် လူကုန်ကူးမှုပြုလုပ်နီကတ်သော ရွှေရိုးရာ KTV ပိုင်သျှင် ဒေါ်ခင်မိုးမိုးဝင်း၊ မန်နေဂျာ ဒေါ်လှလှဝင်း (ခ) မေခနန့် ဒု-မန်နေဂျာ ပြည့်ပြည့်ဝင်း (ခ) ထိပ်ထားရို့ (၃) ဦးအား သက်ဆိုင်ရာ ဒီလပ် စခန်း၏ အမှုအမှတ် (ပ) ၂၉/၂၀၂၆၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရီးဥပဒေပုဒ်မ-၃၅ ဖြင့် အမှုရီးဖွင့်လျက် ၎င်းရို့ ( ၃ ) ဦးကို ၂၀၂၆ ခုနှစ်၊ မေလ(၂၄)ရက်နိ၊ ညည့် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် အမှုနန့်ဖမ်းဆီး၍ ချုပ်ရီမန်ရယူခြင်း၊ အမှုမှသက်သီခံပစ္စည်းများ သိမ်း ဆည်းခြင်း၊ ကျန်ဒီလပ်လုပ်ငန်းများအား ပြည့်စုံခိုင်မာစွာ တည်ဆောက်ပြီး ဥပဒေအကြံပြုချက်နန့် အညီ အယင်ဆုံး တရားစွဲတင် လားမည် ဖြစ်သည်။
၂။ အများပြည်သူသို့ အသိပီးနှိုးဆော်ချက်
လူကုန်ကူးမှုဆိုသည်မာ ပုဂ္ဂိုလ်တဦးဦးသည် အခြားပုဂ္ဂိုလ်တဦးဦးကို ထိုသူ၏ သဘောတူညီချက်ဟိသည်ဖြစ်စီ၊ မဟိသည်ဖြစ်စီ ခေါင်းပုံဖြတ်မှု ပြုရန်အလို့ငှာ အောက်ပါနည်းလမ်းတရပ်ရပ်ကို အသုံးပြု၍ ထိုသူကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင် ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပီးခြင်း သို့မဟုတ် လက်ခံခြင်းကိုဆိုသည်-
(၁) ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း၊
(၂) သွီးဆောင်ခေါ်ယူခြင်း၊
(၃) လိမ်လည်ခြင်း၊
(၄) လှည့်ဖြားခြင်း၊
(၅) လုပ်ပိုင်ခွင့် သို့မဟုတ် အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊
(၆) ဘဝရပ်တည်ရန် ခက်ခဲနီသော အခြေအနေကို အခွင့်ကောင်းယူ၍ အလွဲသုံးစားပြုခြင်း၊
(၇) ထိုသူအပေါ်ချုပ်ကိုင်နိုင်သူ သို့မဟုတ် တနည်းနည်းလွှမ်းမိုးနိုင်သူ၏ သဘောတူညီချက်ရဟိရန်ငွေကြေး၊ပစ္စည်း သို့မဟုတ် အခြားအကျိုးအမြတ် တစုံတရာကို ပီးခြင်း သို့မဟုတ် လက်ခံရယူခြင်း။ | 4 222 |
| 10 | မူခင်းသတင်း (၁၃).pdf | 12 713 |
| 11 | بدون متن... | 12 579 |
| 12 | ၂။ အများပြည်သူသို့ အသိပီးနှိုးဆော်ချက်
မူးယစ်ဆီးဝါးနန့် စိတ်ကိုပြောင်းလဲစီတတ်သော ဆီးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) အရ မည်သူမဆို မူးယစ်ဆီးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစီသောဆီးဝါးကို ရောင်းချရန်အလို့ငှာ လက်ဝယ်ထားခြင်း၊ သယ်ဆောင်ခြင်း၊ တဆင့်ပီးပို့ခြင်း သို့မဟုတ် လွှဲပြောင်းခြင်းများပြုလုပ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် အနည်းဆုံး (၁၀) နှစ်မှ အများဆုံး နှစ်အကန့်အသတ်မဟိ ထောင်ဒဏ်အထိ ချမှတ်ရမည်ဟု ဖော်ပြထားသည်။
ရာဇဝတ်ကျင့်ထုံးဥပဒေ (ကျင့်) ပုဒ်မ - ၅၁၂ အရ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူသည် တိမ်းယှောင်နီပြီး ဖမ်းဆီးရမိနိုင်ခြေမဟိဟု ခိုင်လုံသော အထောက်အထားပြနိုင်လျှင် တရားရုံးက တရားခံမဟိသည့်ကြားမှ တရားခံ ၏ မျက်ကွယ်၌စစ်ဆီးခြင်း ဖြစ်သည်။ သက်သီများ စစ်ဆီး၍ မှတ်တမ်းတင်ထားပြီးနောက် အဆိုပါအမှုအား ‘တရားခံဗြီးအဖြစ်’ သတ်မှတ်ကာ ပိတ်သိမ်း (သို့မဟုတ်) အမှုတွဲသိမ်းဆည်းထားခြင်း ဖြစ်သည်။ နောက်တွင် တရားခံအား ပြန်လည်ဖမ်းဆီးရမိပါက သိမ်းဆည်းထားသော မှတ်တမ်းအသစ်များဖြင့် အမှုအား ပြန်လည်စတင် အရေးယူနိုင်သည်။
မူးယစ်ဆီးဝါးနန့် စိတ်ကိုပြောင်းလဲစီသော ဆီးဝါးများ တားဆီးကာကွယ်ရီးတွင် အာရက္ခပြည်သူများအနီဖြင့် အချိန်နန့်တဗြီးညီ သတင်းပီးပို့ခြင်း၊ကူညီခြင်း စသည့် တရားဥပဒေစိုးမိုးရီး၌ ပူးပေါင်းပါဝင်ခြင်း၊ လူငယ်များအား မူးယစ်ဆီးဝါးအန္တရာယ် အသိပညာပီးခြင်း၊ မူးယစ်ဆီးဝါးသုံးစွဲသူများအား ပြန်လည်ကုစားရီး၌ ဝိုင်းဝန်းကူညီခြင်း စသည်ဖြင့် တာဝန်ယူ ဆောင်ရွက်ပါက မူးယစ်ဆီးဝါးအန္တရာယ် ကျဆင်းလာနိုင်ပါသည်။
၃။ ဒီလပ်ဌာန၏ ရည်မှန်းချက် တာဝန် (၄) ရပ်
(က) ပြည်တွင်းလုံခြုံရီးနန့် ရပ်ရွာအီးချမ်းသာယာရီး။
(ခ) တရားဥပဒေစိုးမိုးရီး။
(ဂ) မူးယစ်ဆီးဝါးအန္တရာယ် တားဆီးကာကွယ်ရီး။
(ဃ) ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရီး။
၄။ ဆက်သွယ်ရန်-
နီးစပ်ရာ ဒီလပ်စခန်း-👮🚉
တယ်လီဂြမ်လိပ်စာ - @arakkhadleps
အီးမေး(လ်) လိပ်စာ - arakkhadleps@protonmail.com
အာရက္ခမှုခင်းနန့်ဆက်စပ်
သတင်းများထုတ်ပြန်ရီးအဖွဲ့
အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ | 10 147 |
| 13 | အာရက္ခ မှုခင်းနန့်ဆက်စပ်သတင်းများ
ထုတ်ပြန်ရီးအဖွဲ့
မှုခင်းသတင်းထုတ်ပြန်ချက်
(၁၃ /၂၀၂၆)
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မူးယစ်ဆီးဝါး WY စိတ်ကြွဆီးပြား (၃၂) သိန်း သယ်ဆောင်လာသူ နှစ်ဦးကို ဖမ်းဆီးရမိ
၂၀၂၆ ခုနှစ်၊ မေလ (၁၉)ရက်
အချိန် - မေလ (၁) ရက်နိ၊ နိခင်း (၁၂)နာရီ။
နီရာ - ပြည်ခရိုင်၊ ပန်းတောင်းမြို့ နယ်၊ ဥသျှစ်ပင်မြို့အနား။
၁။ သတင်းအကျဉ်း
ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း ၌ ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နိက မူးယစ်ဆီးဝါးသယ်ဆောင်လာသူ နှစ်ဦးကို WY စိတ်ကြွဆီးပြား (၃၂) သိန်းနန့်တတူ အာရက္ခတပ်တော် ( AA) နန့် မဟာမိတ်ပူးပေါင်းတပ်ရို့မှ ဖမ်းဆီးရမိခသည်။
ဖြစ်စဉ်မာ ၂၀၂၆ ခုနှစ်၊ မေလ (၁) ရက်နိ၊ နိခင်း (၁၂) နာရီခန့်အချိန်တွင် အာရက္ခတပ်တော်နန့် မဟာမိတ်ပူးပေါင်းတပ်ရို့သည် ဥသျှစ်ပင်မြို့အနီး ဝန်းကျင်၌ နယ်မြီကင်းလှည့်နီစဉ် မသင်္ကာဖွယ်ရာ တဲတလုံးကို တွိရ၍ ဝင်ရောက်စစ်ဆီးရာတွင် တဲအတွင်းမှ ဥသျှစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက်နီ (အဖ)ဦးကျော်ခဲ၏သား အောင်လကျော် (၄၀ နှစ်) နန့် ပြည်မြို့၊ ဗိုလ်တထောင်ရပ် ကွက်နီ (အဖ) ဦးသောင်း၏ သား အောင်ကျော်မိုး(၄၁နှစ်)ရို့ကို RS မြင်းတံဆိပ်ပါ WY စိတ်ကြွဆီးပြား အရေအတွက် (၃၂) သိန်းနန့်တတူ လက်ပူးလက်ကပ် ဖမ်းဆီးရမိခသည်။
ဖမ်းဆီးရမိသည့် WY စိတ်ကြွဆီးပြားပိုင်သျှင်များမာ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နီ ဦးမိုးကျော်ထွေး (၄၁ နှစ်ခန့်) နန့် အင်းစိန်မြို့တွင်နီထိုင်သူ ဦးရန်နိုင် (၄၄ နှစ်ခန့်) ရို့ဖြစ်ပြီး ၎င်းရို့သည် စစ်ကော်မသျှန်နန့် ပတ်သက်နီသူများဖြစ်ကာ WY စိတ်ကြွဆီးပြားများကို စစ်ကော်မသျှန်တပ်ထိန်းချုပ်ထားသည့် ပြည်ခရိုင်အတွင်း စစ်ဆီးရီးဂိတ်များ၌ စစ်ဆီးခြင်း လုံးဝမဟိဘဲ ဖြတ်သန်းခွင့်ပြုလိုက်ကြောင်း တရားခံများက ထွက်ဆိုသည်။
ယင်းအမှုအား အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ၊ တရားဥပဒေစိုးမိုးရီးနန့် ပြည်သူ့လုံခြုံရီးဌာန(ဒီလပ်)မှ မူးယစ်ဆီးဝါးနန့် စိတ်ကိုပြောင်းလဲစီသော ဆီးဝါးများ ဆိုင်ရာဥပဒေပုဒ်မ - ၁၉ (က)/၂၁/ကျင့် - ၅၁၂ အရ ၂၀၂၆ ခုနှစ်၊ မေလ (၁၅) ရက်နိတွင် အမှုဖွင့် အရေး ယူထားပြီး အမှုမှသက်သီခံပစ္စည်းများသိမ်းဆည်းခြင်း၊ ဂွင်းဆက်တရားခံများကို ဆက်လက်စစ်ဆီးဖော် ထုတ်အရေးယူခြင်း အပါအဝင် ကျန်ဒီလပ်လုပ်ငန်းများအား ပြည့်စုံခိုင်မာစွာ တည်ဆောက်ပြီး ဥပဒေအကြံပြုချက်နန့်အညီ ဆက်လက် ဆောင်ရွက်လျက် ဟိသည်။
အဆိုပါဒေသသည် လက်ဟိမြန်မာ နိုင်ငံတွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ပြောင်းလဲလားခသော စစ်ရီး၊ ပထဝီနိုင်ငံရီးနန့် နိုင်ငံရီးပထဝီ အရ အာရက္ခတပ်တော် လှုပ်ယှားရာနီရာဒေသတခုလည်းဖြစ်သည့်အပြင် အာရက္ခတပ်တော်အနီဖြင့်လည်း ယင်း ဒေသ၌ ဒေသခံပြည်သူလူထုများနန့်တတူ တရားဥပဒေစိုးမိုးရီးအား အကောင်းဆုံးပူးပေါင်းဆောင်ရွက်လျက်ဟိသော ဒေသလည်း ဖြစ်သည်။
အလားတူ အာရက္ခတပ်တော်လှုပ်ယှားရာနီရာ၊ နယ်မြီ၊ ဒေသတိုင်း၌ မူးယစ်ဆီးဝါးပပျောက်ရီး အပြင်"ကျားဖျန့် လုံးဝမဟိစီရ"၊ "ကျားဖျန့် သမားများအတွက် နီရာ လုံးဝ မဟိစီရ"ဆိုသည့်မူကို အခိုင် အမာစွဲကိုင်၍ ပြတ်ပြတ်သားသား ဆောင်ရွက်လျက်လည်း ဟိသည်။
ခေတ်အဆက်ဆက်၌ စစ်ကော်မသျှန် (စစ်ကောင်စီတပ်)၏ တပ်ဖွဲ့ဝင်များ၊ အထူးသဖြင့် စစ်ကော်မသျှန်၏စစ်ဆီးရီးဂိတ်များသည် လာဘ်ပီးလာဘ်ယူမှုများ၊ အဂတိလိုက်စားမှုများကို အဓိကထား၍ တောက်လျှောက််လုပ်ဆောင်လာနီခပြီး စစ်အာဏာသိမ်းပြီးနောက် တပ်ပျက်ဖြစ်လားသည့်ကာလတွင်မူစစ်ကော်မသျှန်တပ်ဖွဲ့ဝင်များသည် အဂတိ လိုက်စားမှု၊ လာဘ်ပီးလာဘ်ယူမှုများကို အယင်ကထက် ပြင်းပြင်း ထန်ထန် ဗြောင်ကျကျ လုပ်ဆောင်နီသည့်နည်းတူ မူးယစ်ဆီးဝါးကုန်ကူးသူ များနန့်ပါ အယင်ကထက်ပိုမိုပူးပေါင်းလုပ်ဆောင်လျက်ဟိသည်။ အထူးသဖြင့် စစ်ကော်မသျှန်ထိန်းချုပ်ထားသည့် နယ်မြီအများစု၌ စစ်ကော်မသျှန်သည် မူးယစ်ဆီးဝါးထုတ်လုပ်မှုများကို အယင် ကထက် ပိုမိုကြီးမားကျယ်ပြန့်စွာ လုပ်ဆောင်လျက်ဟိသည်။ | 7 924 |
| 14 | بدون متن... | 5 624 |
| 15 | ၃။ ဒီလပ်ဌာန၏ ရည်မှန်းချက် တာဝန် (၄) ရပ်
(က) ပြည်တွင်းလုံခြုံရီးနန့် ရပ်ရွာအီးချမ်းသာယာရီး။
(ခ) တရားဥပဒေစိုးမိုးရီး။
(ဂ) မူးယစ်ဆီးဝါးအန္တရာယ် တားဆီးကာကွယ်ရီး။
(ဃ) ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရီး။
၄။ ဆက်သွယ်ရန်-
နီးစပ်ရာ ဒီလပ်စခန်း
တယ်လီဂြမ်လိပ်စာ - @arakkhadleps
အီးမေး(လ်) လိပ်စာ - arakkhadleps@protonmail.com
အာရက္ခမှုခင်းနန့်ဆက်စပ်
သတင်းများထုတ်ပြန်ရီးအဖွဲ့
အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ | 4 312 |
| 16 | အာရက္ခ မှုခင်းနန့်ဆက်စပ်သတင်းများ
ထုတ်ပြန်ရီးအဖွဲ့
မှုခင်းသတင်းထုတ်ပြန်ချက်
(၁၂/၂၀၂၆)
ဘူးသီးတောင်တွင် အသက် (၁၃) နှစ်အရွယ် မမချေတဦးအား မုဒိမ်းမှုကျူးလွန်သူ တရားခံကို ဒီလပ် ဖမ်းဆီး
၂၀၂၆ ခုနှစ်၊ မေလ (၁၇)ရက်
အချိန် - မေလ (၉) ရက်
နီရာ - ဘူးသီးတောင်မြို့နယ်၊ မြို့မစေတီတောင်ရွာ
၁။ သတင်းအကျဉ်း
အာရက္ခပြည်၊ ဘူးသီးတောင်မြို့နယ်၊ မြို့မစေတီတောင်ရွာတွင် ၂၀၂၆ ခုနှစ်၊ မာ့ချ်လအတွင်းက ဖြစ်ပွားခသည့် အသက် (၁၃) နှစ်အရွယ် မမချေတဦးအား မုဒိမ်းမှုကျူးလွန်သူတရားခံကို တရားဥပဒေစိုးမိုးရီးနန့် ပြည်သူ့လုံခြုံရီးဌာန(ဒီလပ်)မှ ၂၀၂၆ ခုနှစ်၊ မေလ (၉) ရက်နိက ဖမ်းဆီးထားခပြီး ဖြစ်သည်။
ဖြစ်စဉ်မာ ၂၀၂၆ ခုနှစ်၊ မာ့ချ်လအတွင်း တရက်၌ နိခင်း (၁၂) နာရီအချိန်ခန့်တွင် ဘူးသီးတောင်မြို့နယ်၊ မြို့မစေတီတောင်ရွာမှ အသက် (၁၃) နှစ်အရွယ် အဆိုပါ မမချေသည် တရွာတည်းနီ ၎င်း၏ သူငယ်ချင်း မမချေ (၅)ဦးနန့်တတူ ဦးရွှေသန်းမောင်(၅၆ နှစ်)၏ အိမ်အနား ရွာလမ်းမထက်၌ ပုန်းတမ်းဝှက်တမ်းကဇတ်ကတ်ရာမှ အဆိုပါမမချေနန့် နောက်တယောက်မာ ဦးရွှေသန်းမောင်၏ အိမ်ထဲသို့ ဝင်ပုန်းခကတ်ရာ ဦးရွှေသန်းမောင်မာ ယင်းမမချေအားလက်ကိုဆွဲပြီး ပါးစပ်ပိတ်ကာ အိမ်ထဲသို့ ဆွဲသွင်း၍ ကုတင်ထက်သို့တင်လျက် သားမယားအဖြစ်ပြုကျင့်ခကြောင်း အဓမ္မပြုကျင့်ခံရသူမှ ၎င်း၏မိခင်ဖြစ်သူထံ ပြန်လည်ပြောပြခသည်။
ယင်းကြောင့် သမီးဖြစ်သူအား သားမယားအဖြစ်ပြုကျင့်ခသူ ရွှေသန်းမောင်(၅၆ နှစ်)ကို ဥပဒေအရအရေးယူပီးပါရန် မိခင်ဖြစ်သူမှ မေလ (၈) ရက်နိ မိုးထ (၈) နာရီ (၄၀)မိနစ်အချိန်တွင် တိုင်တန်းလာသဖြင့် ဒီလပ်စခန်း ၏ (ပ)၂၃/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ - ၃၇၆ အရ ရီးဖွင့်ဆောင်ရွက်သော အမှုဖြစ်ပါသည်။
ယင်းသို့ တိုင်တန်းလာပြီးနောက် ဒီလပ်သည် ပြစ်မှုကျူးလွန်သူတရားခံ ဦးရွှေသန်းမောင်ကို ၂၀၂၆ခုနှစ်၊ မေလ (၉) ရက်နိ၊ မိုးထ (၁၀) နာရီတွင် အမှုဖြင့်ဖမ်း ဆီးပြီး ချုပ်ရီမန်ယူစစ်ဆီးခရာတရားခံဦးရွှေသန်းမောင်က ၎င်းကျူး လွန်ခသောပြစ်မှု အကြောင်းအရာများကို ၎င်း၏သဘောဆန္ဒအတိုင်း တရားရုံးတော်တွင် ဖြောင့်ချက်ပီးလိုကြောင်းတင်ပြလာသဖြင့် မောင်တောမြို့ နယ်တရားရုံး၌ ဖြောင့်ချက်ရယူခြင်း၊ အမှုမှမျက်မြင်သက်သီများအား တရားရုံးတော်၌ ကြိုတင်ထွက်ဆို ချက်ပီးခြင်းများ ဆောင်ရွက်ထားဟိကာ ကျန်ဒီလပ် လုပ်ငန်းများကို ပြီးပြည့် စုံအောင်ဆောင်ရွက်ပြီး ဥပဒေအကြံ ပြုချက်နန့်အညီ တရားစွဲတင်လားမည်ဖြစ်ပါသည်။
၂။ အများပြည်သူသို့ အသိပီးနှိုးဆော်ချက်
မုဒိမ်းမှု။ ဥပဒေဖွင့်ဆိုချက်
(ပုဒ်မ ၃၇၅)
ကင်းလွတ်ခွင့် ပြုထားသည်မှတပါး အောက်ဖော်ပြပါ အကြောင်းငါးရပ်တွင် သက်ဝင်သော အကြောင်းတရပ်ရပ်ဖြင့် ယောက်ျားသည် အမျိုးသမီးနန့် ကာမစပ်ယှက်လျှင်၊ ထိုသူသည် “မုဒိမ်းမှု”ကို ကျူးလွန်သည်မည်၏။
ပထမ။ အမျိုးသမီးက အလိုမတူငြင်းဆန်ခြင်း။
ဒုတိယ။ အမျိုးသမီးက ခွင့်မပြုခြင်း။
တတိယ။ အမျိုးသမီးကခွင့်ပြုသော်လည်း၊ ထိုသို့ခွင့်ပြုရခြင်းမာ ထိုအမျိုးသမီးအား သီစီမည်ဟုသော် လည်းကောင်း၊ နာကျင်စီမည်ဟုသော် လည်းကောင်း ကြောက်ရွံ့အောင်ပြုသဖြင့် ခွင့်ပြုရခြင်း။
စတုတ္ထ။ ။ အမျိုးသမီးက ခွင့်ပြုသော်လည်း ယောက်ျားက သူသည် ထိုအမျိုးသမီး၏ လင်မဟုတ်ကြောင်း သိသည့်ပြင် ထိုအမျိုးသမီးက ခွင့်ပြုခြင်းမာလည်း သူ့ကို ဥပဒေနန့် အညီ လက်ထပ်ထားသော၊ သို့တည်းမဟုတ် လက်ထပ်ထားသည်ဟု ယုံကြည်သော အခြားယောက်ျားဖြစ်သည်ဟုယုံကြည် ၍သာ ခွင့်ပြုကြောင်းကို ထိုယောက်ျားက သိခြင်း။
ပဉ္စမ။ ။ အမျိုးသမီးက ခွင့်ပြုသည်ဖြစ်စီ၊ ခွင့်မပြုသည်ဖြစ်စီ ထိုအမျိုး သမီးသည် အသက်တဆယ့်ခြောက်နှစ်အောက် အရွယ်ဟိသူ ဖြစ်ခြင်း။
ယှင်းလင်းချက်။ ။ယောက်ျား၏ အင်္ဂါ ဇာတ်သည် အမျိုးသမီး၏အင်္ဂါဇာတ်တွင် သွင်းဝင်မိလျှင်၊ မုဒိမ်းမှုကျူးလွန်ခြင်းအတွက် လိုအပ်သော ကာမ စပ်ယှက်မှု မြောက်ရန် လုံလောက်သည်။
ကင်းလွတ်ချက်။ ။ ယောက်ျားသည် အသက်ဆယ့်ခြောက်နှစ်အောက် မဟုတ်သော သူ၏မယားနန့် ကာမစပ်ယှက်ခြင်းသည် မုဒိမ်းမှု မဟုတ်။
မုဒိမ်းမှုအတွက် ပြစ်ဒဏ်
(ပုဒ်မ ၃၇၆)
မုဒိမ်းမှုပြစ်ဒဏ်နန့်ပတ်သက်၍လည်း (ပုဒ်မ ၃၇၆ အရ "မုဒိမ်းမှု ကျူးလွန်သူကိုထောင်ဒဏ် အနှစ် နှစ်ဆယ်ဖြစ်စီ၊ ဆယ်နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စီ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ မုဒိမ်းကျင့်ခံရသောအမျိုးသမီး သည် သူ၏မယားဖြစ်၍ အသက်တဆယ့်နှစ်နှစ်အောက် မဟုတ်လျှင်မူကား မုဒိမ်းကျင့်သော ထိုလင်ကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုး ဖြစ်စီ၊ ငွေဒဏ်ဖြစ်စီ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စီ ချမှတ်ရမည်" ဟု ပြဋ္ဌာန်းထားသည်။
မိဖပြည်သူများအနီဖြင့်လည်း သက် ငယ်မုဒိမ်းမှု မဖြစ်စီရီးနန့် သက်ငယ်မုဒိမ်းမှုကျူးလွန်ခြင်းမှကင်းလွတ်စီရီးအတွက် ကရို့၏ အချေများအားကြိုတင်ကာကွယ်ခြင်း၊ သံသယဖြစ် ဖွယ်တွိဟိပါက သတင်းပီးပို့ခြင်း၊ ဥပဒေအကြောင်း သိဟိနားလည်အောင် လုပ်ဆောင်ခြင်း၊ ကျူးလွန် သူများကို အကာအကွယ်မပီးဘဲ ဝိုင်းဝန်းရှုံ့ချခြင်းနန့် အချေများပွင့်လင်းစွာပြောဆိုနိုင်အောင် ပြုစုပျိုး ထောင်ပီးကတ်ပါရန် အသိပီးနှိုးဆော်အပ်ပါသည်။ | 4 884 |
| 17 | بدون متن... | 7 978 |
| 18 | အာရက္ခ မှုခင်းနန့်ဆက်စပ်သတင်းများ
ထုတ်ပြန်ရီးအဖွဲ့
မှုခင်းသတင်းထုတ်ပြန်ချက်
(၁၁/၂၀၂၆)
မြောက်ဦးမြို့နယ်၊ သျှမ်းတောင် (မူဆလင်)ရွာမှ ရွာသားတဦး အသတ်ခံရသည့်လူသတ်မှုမှ တရားခံနှစ်ဦးကို ဒီလပ် ဖမ်းဆီး
၂၀၂၆ ခုနှစ်၊ ဧပြယ်လ (၃၀)ရက်
အချိန် - ဧပြယ်လ (၂၁) ရက်။
နီရာ - မြောက်ဦးမြို့နယ်၊ ဥက္ကာကျော်အုပ်စု၊ ဘောက်ရွာအနား ကွင်းပြင်။
၁။ သတင်းအကျဉ်း
၂၀၂၆ ခုနှစ်၊ ဧပြယ်လ (၂၁ )ရက်နိ၊ ညည့်အချိန်၌ အာရက္ခပြည်၊ မြောက်ဦးမြို့နယ်၊ သျှမ်းတောင်(မူဆလင်) ရွာမှ ရွာသားတဦး အသတ်ခံခရသည့် လူသတ်မှုဖြစ်စဉ်အတွင်း ကျူးလွန်သူ တရားခံ နှစ်ဦးကို တရားဥပဒေစိုးမိုးရီးနန့်ပြည်သူ့လုံခြုံရီးဌာန (ဒီလပ်)မှ ဥပဒေလုပ်ထုံးလုပ်နည်းများနန့်အညီ ဖမ်းဆီး အရေးယူထားပြီး ဖြစ်သည်။
ဖြစ်စဉ်မာ မြောက်ဦးမြို့နယ်၊ သျှမ်းတောင် (မူဆလင်)ရွာမှ ချောရီဟူဆောင်း (၂၁နှစ်)နန့် အာဒူဟာဘီ (၁၉နှစ်) ရို့သည် ၂၀၂၆ ခုနှစ်၊ ဧပြယ်လ (၂၀) ရက်နိ၊ ညဇာ (၆) နာရီ မိနစ် (၃၀) အချိန်ခန့်တွင် မြောက်ဦးမြို့နယ်၊ ဥက္ကာကျော်အုပ်စု၊ ဘောက်(ရက္ခိုင်)ရွာဟိ ဦးအောင်ကျော်မြ(ခ)ပြားချေ၏ အရက်ဆိုင်၌ အရက်တတူသောက်စားကတ်ရာမှ အချင်းချင်း စကားများကတ်သည်ကို ယင်းဆိုင်၌ပင် အရက်သောက်နီသောသျှမ်းတောင်(မူဆလင်) ရွာမှ တော်ယူဖာခါပလာတူး(၆၂နှစ်) မှ စကားမများကတ်ရန် ဝင်တားရာ ချောရီဟူဆောင်းနန့် အာဒူဟာဘီရို့နှစ်ဦးသည် ယူဖာခါပလာတူးနန့်ပါ ဆက်လက် စကားများရန်ဖြစ်ခကတ်သည်။
ယင်းသို့ စကားများရန်ဖြစ်ပြီးနောက် တော်ယူဖာခါပလာတူး အရက်ဆိုင်မှထွက်လားစဉ် ချောရီဟူဆောင်းနန့် အာဒူဟာဘီရို့ ၎င်းနောက်မှ လိုက်ပါလားကာ အရက်ဆိုင်၌ စကားများရန်ဖြစ်ခသည်ကို မကြေနပ်၍ ဘောက် (ရက္ခိုင်) ရွာအပြင်ဖက် လယ်ကွင်းအရောက်တွင် တော်ယူဖာခါပလာတူးအား ချောရီဟူဆောင်းနန့်အာဒူဟာဘီရို့မှဝိုင်းဝန်း ထိုးကြိတ် ကန်ကျောက်ကတ်သဖြင့် ဒဏ်ရာများရဟိကာ သတိမိမျော သီဆုံးလားခသည်။
အဆိုပါ လူသတ်မှုနန့် ပတ်သက်၍ ဥပဒေအရ အရေးယူ ဆောင်ရွက်ပီးပါရန် တော်ယူဖာခါပလာ၏ သားဖြစ်သူ မိုဟာမတ်တာဟတ်က ၂၀၂၆ ခုနှစ်၊ ဧပြယ်လ(၂၁)ရက်နိ၊မိုးထ (၇)နာရီအချိန် တွင် တိုင်ကြားလာ၍ သက်ဆိုင်ရာ ဒီလပ်စခန်း၏ (ပ)၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ဖြင့်အမှုဖွင့် ဆောင် ရွက်ခသည်။
ထိုသို့တိုင်တန်းပြီးနောက် ဒီလပ်စခန်းသည် လူသတ်မှုကျူးလွန်သူ တရားခံများဖြစ်ကတ်သည့် ချောရီဟူဆောင်းကို ဧပြယ်လ (၂၁)ရက်နိ၊နိခင်း(၂) နာရီ မိနစ်(၃၀) အချိန်တွင်လည်းကောင်း၊ အာဒူဟာဘီကို ယင်းနိ ညည့် (၁၀) နာရီ မိနစ်(၃၀)တွင်လည်းကောင်း အသီးသီးဖမ်းဆီးပြီး ချုပ်ရီမန်ရယူခြင်း၊ အမှုမှသက်သီခံပစ္စည်းများ သိမ်းဆည်းခြင်း၊ ကျန်ဒီလပ်လုပ်ငန်းများအား ပြည့်စုံခိုင်မာစွာ တည်ဆောက်ပြီး ဥပဒေအကြံပြုချက်နန့်အညီ အယင်ဆုံး တရားစွဲတင်လားမည် ဖြစ်သည်။
၂။ အများပြည်သူသို့ အသိပီးနှိုးဆော်ချက်
လူသတ်မှုအတွက်ပြစ်ဒဏ်ဖော်ပြချက်မာ-
၃၀၂ (၁) ။ မည်သူမဆို -
(က) ထောင်ဒဏ်နှစ် နှစ်ဆယ် စီရင်ခြင်းခံရသည့်အတွင်း၊ သို့မဟုတ်
(ခ) တင်ကူးကြံရွယ်ချက်ဖြင့်၊ သို့မဟုတ်
(ဂ) ဤရာဇသတ်ကြီးအရ ခနစ်နှစ်ထိ ထောင်ဒဏ်ချမှတ်ခြင်း ခံထိုက်သော ပြစ်မှုကို ကျူးလွန်နီစဉ်၊ လူသတ်မှုကို ကျူးလွန်လျှင် ထိုသူကို သီဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။
၃၀၂ (၂) ။ မည်သူမဆို အခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ် ဖြစ်စီ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနန့် ထောင် ဒဏ်ဖြစ်စီ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
လူသတ်မှုများ ဖြစ်ပွားရခြင်းသည် များသောအားဖြင့် အရက်သီစာသောက်စားမူးယစ်ပြီး စိတ်မထိန်းနိုင်ဖြစ်ကာ ကိုယ်၏ပြုလုပ်မှုများ အကျိုးအပြစ် မည်သို့ဖြစ်မည်ကို ကြိုတင်မစဉ်းစားနိုင်ဘဲ လတ်တလော ဒေါသဖြစ်၍ကျူးလွန်ကတ်ကြောင်း သုံးသပ် ရသဖြင့် လူသတ်မှုများ လျော့နည်းကျဆင်းလာစီရီးအတွက် ပြည်သူလူထုများအား ဥပဒေ အသိပညာပီး ဆွေးနွေးဟောပြောခြင်း၊ တရားမဝင် လိုင်စင်မဲ့ အရက်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများကို တားဆီးပိတ်ပင် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်း၊ လက်နက်ပုန်း (တုတ်၊ဒါး၊လက်နက်) စွဲကိုင် လားလာသူများကို ဥပဒေနန့်အညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်ပြီး ပြည်သူများအနီဖြင့်လည်း ဥပဒေအား လေးစားလိုက်နာဆောင်ရွက်လားပါက လူသတ်မှုများသည် အတိုင်းအတာတခုထိ လျော့နည်း ကျဆင်းလားမည်ဖြစ်ပြီး "ပြည်သူနန့်ဒီလပ်" အစဉ်လက်တွဲပူးပေါင်းဆောင်ရွက်လားပါက တရားဥပဒေစိုးမိုးရီးနန့် ရပ်ရွာအီးချမ်းသာယာမှု ပိုဟိလာမည် ဖြစ်သည်။
၃။ ဒီလပ်ဌာန၏ ရည်မှန်းချက် တာဝန် (၄) ရပ်
(က) ပြည်တွင်းလုံခြုံရီးနန့် ရပ်ရွာအီးချမ်းသာယာရီး။
(ခ) တရားဥပဒေစိုးမိုးရီး။
(ဂ) မူးယစ်ဆီးဝါးအန္တရာယ် တားဆီးကာကွယ်ရီး။
(ဃ) ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရီး။
၄။ ဆက်သွယ်ရန်-
နီးစပ်ရာ ဒီလပ်စခန်း- 👮🚉
တယ်လီဂြမ်လိပ်စာ - @arakkhadleps
အီးမေး(လ်) လိပ်စာ - arakkhadleps@protonmail.com | 7 059 |
| 19 | بدون متن... | 9 354 |
| 20 | အာရက္ခ မှုခင်းနန့်ဆက်စပ်သတင်းများ
ထုတ်ပြန်ရီးအဖွဲ့
မှုခင်းသတင်းထုတ်ပြန်ချက်
(၁၀/၂၀၂၆)
ကျောက်ဖြူမြို့နယ်၊ ကျောက်ဆောက်ရွာ၊ မီးကျောင်းရီသောက်စစ်ယှောင်စခန်း၌ ဖြစ်ပွားသည့် လူသတ်မှုမှ တရားခံကို ဒီလပ် ဖမ်းဆီး
၂၀၂၆ ခုနှစ်၊ ဧပြယ်လ (၂၄)ရက်
အချိန် - ဧပြယ်လ (၁၉) ရက်
နီရာ - ကျောက်ဖြူမြို့နယ်၊ ကျောက်ဆောက်ရွာ၊ မီးကျောင်းရီသောက် စစ်ယှောင်စခန်း
၁။ သတင်းအကျဉ်း
အာရက္ခပြည်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ဆောက်ရွာ၊ မီးကျောင်းရီသောက်စစ်ယှောင်စခန်း၌ ၂၀၂၆ ခုနှစ်၊ ဧပြယ်လ (၁၈ ) ရက်နိ၊ ညည့်က ဖြစ်ပွားခသည့် လူသတ်မှု ဖြစ်စဉ်အ တွင်း ကျူးလွန်သူ တရားခံကို တရားဥပဒေစိုးမိုးရီးနန့်ပြည်သူ့လုံခြုံရီးဌာန (ဒီလပ်)မှ ဥပဒေလုပ်ထုံးလုပ်နည်းများ နန့်အညီ ဖမ်းဆီး အရေးယူထားပြီး ဖြစ်သည်။
ဖြစ်စဉ်မာ ကျောက်ဖြူမြို့နယ်၊ကျောက်ဆောက်ရွာအနားဟိ မီးကျောင်းရီသောက်စစ်ယှောင်စခန်း၌ စစ်ယှောင်နီသော ရသေ့တောင်မြို့နယ်၊ သစ်ကတိုးရွာမှ ဦးခင်သိန်းမောင် (၅၆နှစ်) သည် ဧပြယ်လ (၁၈) ရက်နိ၊ ညည့် (၈) နာရီ မိနစ်(၄၀)အချိန်ခန့်တွင် အရက်သီစာအလွန်အကျွံသောက်စားမူးယစ်လျက် စိတ်ဖောက်ပြန်ကာ အယင်က ၎င်းနန့်အိမ်ထောင်ကျဖူးခပြီး နောက်လင်ယူ၍ အဆိုပါ မီးကျောင်းရီသောက် စစ်ယှောင်စခန်း၌ နီထိုင်နီသူ ကျောက်ဖြူမြို့နယ်၊ ပြားကျိန်ချောင်းဖျားရွာမှ ဒေါ်ကြာလှမ(ခ) လှလှဝင်း(၃၉)နှစ်)အား ဒါးဖြင့်ပိုင်းခွတ် သတ်ဖြတ်ခသည်။
ယင်းသို့ ဒါးဖြင့်အခွတ်ခံရ၍ ဒေါ်ကြာလှမ၏ ဘယ်ဖက် လက်လှုပ်တွင် (၇) လက်မခန့် ဒဏ်ရာ(၁) ချက်၊ ဘယ်ဖက်ဘေးစတွင်(၄)လက်မခွဲခန့် ဒဏ်ရာ (၁) ချက်၊ နောက်ကုန်းတွင် (၃)လက်မမှသည် (၈) ခန့်ထိဟိသော ဒါးဒဏ်ရာ (၄)ချက်၊ ညာဖက်လက်လှုပ်တွင် (၈) လက်မခွဲခန့် ဒဏ်ရာ(၁)ချက်၊ ခါးဆစ်တွင် (၅)လက်မခန့် ဒဏ်ရာ (၁)ချက်၊ ဦးဂေါင်းညာဖက်ခြမ်းတွင် (၃)လက်မခန့် ဒဏ်ရာ(၁)ချက်၊ ဦးဂေါင်းဘယ်ဖက်ခြမ်းတွင် (၁၀)လက်မခန့် ဒဏ်ရာ (၁)ချက်၊ လိုင်ပင်းတွင် (၆) လက်မခန့် ဒဏ်ရာ(၁)ချက်၊ စုစုပေါင်း ဒါးဒဏ် ရာ(၁၁)ချက်ဖြင့် အခင်းဖြစ်ပွားသည့် နီရာ၌ပင် သီဆုံးလားခသည်။
အဆိုပါ လူသတ်မှုနန့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ဦးခင်သိန်းမောင်ကို ဥပဒေအရအရေးယူ ဆောင်ရွက်ပီးပါရန် ၂၀၂၆ ခုနှစ်၊ ဧပြယ်လ (၁၉)ရက်နိ၊ နိခင်း(၁၂)နာရီ၊ မိနစ်(၃၀)အချိန် တိုင် ကြားလာသဖြင့် သက်ဆိုင်ရာ ဒီလပ်စခန်း၏ (ပ)၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ - ၃၀၂ဖြင့်အမှုဖွင့် ဆောင်ရွက် ခသည်။
ထိုသို့တိုင်တန်းပြီးနောက် ဒီလပ်စခန်းသည် ယင်းနိ၊ နိခင်း (၁) နာရီအချိန်တွင် လူသတ်မှုကျူး လွန်သူ တရားခံ ဦးခင်သိန်းမောင်ကို မိနစ်(၃၀)အတွင်း အမှုနန့်ဖမ်းဆီးပြီး ချုပ်ရီမန်ရယူခြင်း၊ အမှုမှသက်သီခံပစ္စည်းဖြစ်သောဒါးကိုသိမ်းဆည်းခြင်း၊ ကျန်ဒီလပ်လုပ်ငန်းများအား ပြည့်စုံခိုင်မာစွာ တည် ဆောက်ပြီး ဥပဒေအကြံပြုချက်နန့်အညီ အယင်ဆုံး တရားစွဲ တင်လားမည် ဖြစ်သည်။
၂။ အများပြည်သူသို့ အသိပီးနှိုးဆော်ချက်
လူသတ်မှုအတွက်ပြစ်ဒဏ်ဖော်ပြချက်မာ-
၃၀၂ (၁) ။ မည်သူမဆို -
(က) ထောင်ဒဏ်နှစ် နှစ်ဆယ် စီရင်ခြင်းခံရသည့်အတွင်း၊ သို့မဟုတ်
(ခ) တင်ကူးကြံရွယ်ချက်ဖြင့်၊ သို့မဟုတ်
(ဂ) ဤရာဇသတ်ကြီးအရ ခနစ်နှစ်ထိ ထောင်ဒဏ်ချမှတ်ခြင်း ခံထိုက်သော ပြစ်မှုကို ကျူးလွန်နီစဉ်၊ လူသတ်မှုကို ကျူးလွန်လျှင် ထိုသူကို သီဒဏ်ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ် နိုင်သည်။
၃၀၂ (၂) ။ မည်သူမဆို အခြားအချက်မျိုး၌ လူသတ်မှုကျူးလွန်လျှင် ထိုသူကို ထောင်ဒဏ်နှစ် နှစ်ဆယ် ဖြစ်စီ၊ ဆယ်နှစ်ထိ အလုပ်ကြမ်းနန့် ထောင် ဒဏ်ဖြစ်စီ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။
လူသတ်မှုများ ဖြစ်ပွားရခြင်းသည် များသောအားဖြင့် အရက်သီစာသောက်စားမူးယစ်ပြီး စိတ်မထိန်းနိုင်ဖြစ်ကာ ကိုယ်၏ပြုလုပ်မှုများ အကျိုးအပြစ် မည်သိုဖြစ်မည်ကို ကြိုတင်မစဉ်းစားနိုင်ဘဲ လတ်တလော ဒေါသဖြစ်၍ကျူးလွန်ကတ်ကြောင်း သုံးသပ် ရသဖြင့် လူသတ်မှုများ လျော့နည်းကျဆင်းလာစီရီးအတွက် ပြည်သူလူထုများအား ဥပဒေ အသိပညာပီး ဆွေးနွေးဟောပြောခြင်း၊ တရားမဝင် လိုင်စင်မဲ့ အရက်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများကို တားဆီးပိတ်ပင် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်း၊ လက်နက်ပုန်း (တုတ်၊ဒါး၊လက်နက်) စွဲကိုင် လားလာသူများကို ဥပဒေနန့်အညီ ဖမ်းဆီးအရေးယူ ဆောင်ရွက်ပြီး ပြည်သူများအနီဖြင့်လည်း ဥပဒေအား လေးစားလိုက်နာဆောင်ရွက်လားပါက လူသတ်မှုများသည် အတိုင်းအတာတခုထိ လျော့နည်း ကျဆင်းလားမည်ဖြစ်ပြီး "ပြည်သူနန့်ဒီလပ်" အစဉ်လက်တွဲပူးပေါင်းဆောင်ရွက်လားပါက တရားဥပဒေစိုးမိုးရီးနန့် ရပ်ရွာအီးချမ်းသာယာမှု ပိုဟိလာမည် ဖြစ်သည်။
၃။ ဒီလပ်ဌာန၏ ရည်မှန်းချက် တာဝန် (၄) ရပ်
(က) ပြည်တွင်းလုံခြုံရီးနန့် ရပ်ရွာအီးချမ်းသာယာရီး။
(ခ) တရားဥပဒေစိုးမိုးရီး။
(ဂ) မူးယစ်ဆီးဝါးအန္တရာယ် တားဆီးကာကွယ်ရီး။
(ဃ) ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရီး။
၄။ ဆက်သွယ်ရန်-
နီးစပ်ရာ ဒီလပ်စခန်း- 👮🚉
တယ်လီဂြမ်လိပ်စာ - @arakkhadleps
အီးမေး(လ်) လိပ်စာ - arakkhadleps@protonmail.com
အာရက္ခမှုခင်းနန့်ဆက်စပ်
သတင်းများထုတ်ပြန်ရီးအဖွဲ့
အာရက္ခပြည်သူ့တော်လှန်ရီးအစိုးရ | 8 132 |
اکنون در دسترس! پژوهش تلگرام ۲۰۲۵ — مهمترین بینشهای سال 
