fa
Feedback
ပညာရေးဝန်ကြီးဌာနသတင်းများ (Official)

ပညာရေးဝန်ကြီးဌာနသတင်းများ (Official)

رفتن به کانال در Telegram

📈 تحلیل کانال تلگرام ပညာရေးဝန်ကြီးဌာနသတင်းများ (Official)

کانال ပညာရေးဝန်ကြီးဌာနသတင်းများ (Official) (@m0eoff13) در بخش زبانی بورمی بازیگری فعال است. در حال حاضر جامعه شامل 10 302 مشترک است و جایگاه 18 952 را در دسته آموزش و رتبه 11 120 را در منطقه ميانمار دارد.

📊 شاخص‌های مخاطب و پویایی

از زمان ایجاد در невідомо، پروژه رشد سریعی داشته و 10 302 مشترک جذب کرده است.

بر اساس آخرین داده‌ها در تاریخ 22 سپتامبر, 2026، کانال فعالیت پایداری دارد. در ۳۰ روز گذشته تغییر اعضا برابر 16 و در ۲۴ ساعت گذشته برابر -1 بوده و همچنان دسترسی گسترده‌ای حفظ شده است.

  • وضعیت تأیید: تأیید نشده
  • نرخ تعامل (ER): میانگین تعامل مخاطب 34.25% است و در ۲۴ ساعت نخست پس از انتشار، محتوا معمولاً 8.13% واکنش نسبت به کل مشترکان کسب می‌کند.
  • دسترسی پست‌ها: هر پست به طور میانگین 3 528 بازدید دریافت می‌کند. در اولین روز معمولاً 837 بازدید جمع‌آوری می‌شود.
  • واکنش‌ها و تعامل: مخاطبان به‌طور فعال حمایت می‌کنند؛ میانگین واکنش به هر پست 11 است.

📝 توضیح و سیاست محتوایی

نویسنده این فضا را محل بیان دیدگاه‌های شخصی توصیف می‌کند:
https://moe.gov.mm/

به لطف به‌روزرسانی‌های پرتکرار (آخرین داده در تاریخ 23 سپتامبر, 2026)، کانال همواره به‌روز و دارای دسترسی بالاست. تحلیل‌ها نشان می‌دهد مخاطبان به‌طور فعال با محتوا تعامل دارند و آن را به نقطه اثرگذاری مهم در دسته آموزش تبدیل کرده‌اند.

10 302
مشترکین
-124 ساعت
-127 روز
+1630 روز
آرشیو پست ها
+1
တရုတ်တက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ်များအကြား ညီအစ်မတက္ကသိုလ်များ ထူထောင်၍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး နေပြည်တော် ၂၀၂၆ ဇူလိုင် ၂၉ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ကွေ့ရမ်မြို့၌ကျင်းပမည့် ၂၀၂၆ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနား တက်ရောက်ရန် ရောက်ရှိ နေသော ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ren Youqun နှင့် ဇူလိုင် ၂၈ရက်တွင် တွေ့ဆုံပြီး အဆင့်မြင့် ပညာကဏ္ဍ၌ နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာသုံး သင်ကြားရေး၊ ဆရာ အတတ်ပညာကဏ္ဍနှင့် ဘာသာရပ်အသီးသီးတွင် ပညာတော်သင်ဆုများ ပိုမိုပေးအပ်ရေး၊ တရုတ် တက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ်များအကြား ညီအစ်မတက္ကသိုလ်များ ထူထောင်၍ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ တရုတ်-မြန်မာ ဉာဏ်ရည်တုနည်းပညာနှင့် ဒီဂျစ်တယ်ပညာရေးစင်တာ တည်ထောင်မှုဖြစ်နိုင်ခြေ လေ့လာရေးအစရှိသည့် ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များ ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/တရုတ်တက္ကသိုလ်များနှင့်-မြန်မာ

+4
ပညာရေးဒီဂရီကောလိပ်များတွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့်ပြည့်ဝသောဆရာများ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိ ရန်ကုန် ၂၀၂၆ ဇူလိုင် ၂၉ ပညာရေးဒီဂရီကောလိပ်များတွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့် ပြည့်ဝသော ဆရာများ ဖြစ်အောင် လေ့ကျင့်မွေးထုတ်ပေးလျက်ရှိသကဲ့သို့ ယခု တက်ရောက်နေသော ဆရာ ဆရာမလောင်း များကလည်း သင်တန်းပြီးဆုံး၍ မိမိတာဝန်ကျရာဒေသများ၌ တာဝန်ထမ်းဆောင်ကြရာတွင် ကျောင်းသား ကျောင်းသူများအား စိတ်ဓာတ်၊ စည်းကမ်း၊ ပညာပြည့်ဝသော လူတော်လူကောင်းများ ဖြစ်အောင် လေ့ကျင့်သင်ကြားပေးရန် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်က ယနေ့ ဟားခါးပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား‌ ကျောင်းသူများနှင့် တွေ့ဆုံစဉ် တိုက်တွန်းမှာကြားသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ပညာရေးဒီဂရီကောလိပ်များတွင်-စိတ်ဓာတ်၊-စည်းကမ်း၊-ပညာနှင့်ပြည့်ဝသောဆရာများ

ပညာရေးဝန်ကြီးဌာန ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကအခြေခံပညာကျောင်းအသစ်စာရင်း အပြည့်အစုံဖတ်ရှုရန်» h
ပညာရေးဝန်ကြီးဌာန  ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကအခြေခံပညာကျောင်းအသစ်စာရင်း အပြည့်အစုံဖတ်ရှုရန်» https://www.moe.gov.mm/my/node/5520/

+3
ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ဒဂုံတက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး လှည့်လည်ကြည့်ရှုစစ်ဆေး‌ ရန်ကုန် ၂၀၂၆ ဇူလိုင် ၂၅ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦးဗိုလ်ဌေး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်သို့ရောက်ရှိပြီး ဘွဲ့နှင်းသဘင်ရှိ အစည်းအဝေးခန်းမတွင် ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး၊ တက္ကသိုလ်အင်္ဂါရပ်နှင့် ညီညွတ်စေရေး ဆွေးနွေးမှာကြားသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ပြည်ထောင်စု၀န်ကြီး-ဒေါက်တာချောချောစိန်-ဒဂုံတက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး

+1
ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့် ရန်ကုန်တက္ကသိုလ်နှင့်  ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ကို ကြည့်ရှုစစ်ဆေး ရန်ကုန် ၂၀၂၆ ဇူလိုင် ၂၆ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ပတ်လမ်းများ သန့်ရှင်းသာယာရေး၊ လှိုင်နယ်မြေ အတွင်းရှိ ကျောင်းသား ကျောင်းသူအိပ်ဆောင်၊ ဆရာ ဆရာမဆောင်၊ အရာထမ်း အမှုထမ်း အိမ်ရာ ပေါင်း (၃၁)ဆောင်တွင် ရေမီးပြည့်စုံရေး၊ လုံခြုံရေး၊ သာယာရေးနှင့် ကစားကွင်းများဖြည့်ဆည်းရေး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်ရေးကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။ သတင်းအပြည့်အစုံဖတ်ရှုရန်» https://www.moe.gov.mm/my/content/ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်-ရန်ကုန်တက္ကသိုလ်နှင့်-ရန်ကုန်စီးပွားရေးတက္ကသိုလ်-လှိုင်နယ်မြေ

+1
ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့် မန္တလာတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေး နေပြည်တော် ၂၀၂၆ ဇူလိုင်၂၄ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မန္တလာတက္ကသိုလ်၌ အထူးပြုဘာသာ ရပ်ပေါင်းစုံ ဖူဆယ်ဘောလုံး (အမျိုးသား) ပြိုင်ပွဲယှဉ်ပြိုင်နေမှု များကို ကြည့်ရှုအားပေးကာ ဆုရအသင်းများအား ဆုပေးအပ်ချီးမြှင့်သည်။ သတင်းအပြည့်အစုံဖတ်ရှုရန်» https://www.moe.gov.mm/my/content/ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်-မန္တလာတက္ကသိုလ်၊-ရတနာပုံတက္ကသိုလ်နှင့်-စစ်ကိုင်းပညာရေး

+2
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ရန်ကုန်မြို့ရှိ ကျောင်းပြင်ပမူလတန်းပညာရေး (ပထမနှစ်၀က်) ဇုန်အဆင့်နည်းပြ သင်တန်း၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေး ရန်ကုန် ၂၀၂၆ ဇူလိုင် ၁၈ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ ရောက်ရှိပြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းပြင်ပမူလတန်းပညာရေး (ပထမနှစ်ဝက်) ဇုန်အဆင့် နည်းပြသင်တန်း တက်ရောက်နေကြသည့် ဆရာ ဆရာမ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ သတင်းအပြည့်အစုံဖတ်ရှုရန်» https://www.moe.gov.mm/my/content/ပြည်ထောင်စုဝန်ကြီး-ဒေါက်တာချောချောစိန်-ရန်ကုန်မြို့ရှိ-ကျောင်းပြင်ပမူလတန်းပညာရေး-ပထမနှစ်၀က်

+2
ဝေးလံခေါင်ဖျားဒေသများသို့ ဒီဂျစ်တယ်သင်ကြားရေး ပလက်ဖောင်းများ သို့မဟုတ် ဗီဒီယိုဖိုင်များဖြင့် သင်ကြားနိုင်သည်အထိ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြရန်လိုအပ် နေပြည်တော် ၂၀၂၆ ဇူလိုင် ၁၆ ဝေးလံခေါင်ဖျားဒေသများသို့ ဒစ်ဂျစ်တယ်သင်ကြားရေး ပလက်ဖောင်းများ သို့မဟုတ် ဗီဒီယိုဖိုင် များဖြင့် သင်ကြားနိုင်သည်အထိ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ဝေးလံခေါင်ဖျားဒေသများသို့-ဒီဂျစ်တယ်သင်ကြားရေး-ပလက်ဖောင်းများ-သို့မဟုတ်-ဗီဒီယိုဖိုင်များဖြင့်

+2
အဆင့်မြင့်ပညာကဏ္ဍ သင်ကြား၊ သင်ယူမှုစနစ်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ နေပြည်တော် ၂၀၂၆ ဇူလိုင် ၁၅ အဆင့်မြင့်ပညာကဏ္ဍ သင်ကြား၊ သင်ယူမှုစနစ်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy ပင်မဆောင်ရှိ ဘက်စုံသုံးခန်းမ၌ ဆက်လက်ကျင်းပသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/အဆင့်မြင့်ပညာကဏ္ဍ-သင်ကြား၊-သင်ယူမှုစနစ်သုံးသပ်ခြင်းနှင့်-ရှေ့လုပ်ငန်းစဉ်များ

+1
အဆင့်မြင့်ပညာကဏ္ဍသင်ကြား၊ သင်ယူမှုစနစ်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ နေပြည်တော် ၂၀၂၆ ဇူလိုင် ၁၄ အဆင့်မြင့်ပညာကဏ္ဍသင်ကြား၊ သင်ယူမှုစနစ်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ပင်မဆောင်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။ ဆွေးနွေးပွဲသို့ ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယ၀န်ကြီးဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/အဆင့်မြင့်ပညာကဏ္ဍသင်ကြား၊-သင်ယူမှုစနစ်သုံးသပ်ခြင်းနှင့်-ရှေ့လုပ်ငန်းစဉ်များ-ချမှတ်နိုင်ရေး

+2
ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကောလိပ်များ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများ၊ အမျိုးသားသင်ရိုးသင်ကျောင်းများ၏ ကိုယ်စားလှယ်များတွေ့ဆုံ နေပြည်တော် ၂၀၂၆ ဇူလိုင် ၁၃ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့်ပုဂ္ဂလိကကောလိပ်များ၊ နိုင်ငံတကာ သင်ရိုးသင်ကျောင်းများ၊ အမျိုးသားသင်ရိုးသင်ကျောင်းများ၏ ကိုယ်စားလှယ်များသည် ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ကိုယ်ပိုင်-သို့မဟုတ်-ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့်-ပုဂ္ဂလိကကောလိပ်များ၊

ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း(ရန်ကုန်) ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းအမှတ်စဉ်(၉/၂၀၂၆) ဆရာ ဆ
+1
ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း(ရန်ကုန်) ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းအမှတ်စဉ်(၉/၂၀၂၆) ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ နေပြည်တော် ၂၀၂၆ ဇူလိုင် ၁၀ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း (ရန်ကုန်) ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းအမှတ်စဉ် (၉/၂၀၂၆) ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် အဆိုပါသင်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ တွေ့ဆုံသည်။ ဦးစွာ ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်က အမှာစကားပြောကြားပြီး သင်တန်းသား သင်တန်းသူများ အတွက် ထောက်ပံ့ချီးမြှင့်ငွေပေးအပ်ရာ သင်တန်းကျောင်း ကျောင်းအုပ်ကြီးက လက်ခံရယူပြီး သင်တန်းကျောင်းအတွင်းနှင့် မီးဖိုဆောင်၊ စားဖိုဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ဒုတိယဝန်ကြီး-ဦးနေမျိုးလှိုင်-ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းရန်ကုန်

+3
ဒုတိယဝန်ကြီးဦးနေမျိုးလှိုင် ပဲခူးတိုင်းဒေသကြီး(အရှေ့)ရှိ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ နေပြည်တော် ဇူလိုင် ၉ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ၌ ပဲခူးတိုင်းဒေသကြီး (အရှေ့)ရှိ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်-ပဲခူးတိုင်းဒေသကြီးအရှေ့ရှိ-ခရိုင်၊-မြို့နယ်ပညာရေးမှူးများ၊

+1
Naypyitaw State Academy အပန်းဖြေရိပ်သာ (Recreation Centre) ဖွင့်ပွဲကျင်းပ နေပြည်တော် ၂၀၂၆ ဇူလိုင် ၉ ပညာရေးဝန်ကြီးဌာန Naypyitaw State Academy အပန်းဖြေရိပ်သာ(Recreation Centre) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ၌ကျင်းပသည်။ ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့် ပါမောက္ခချုပ် ဒေါက်တာနုနုလွင်တို့က အပန်းဖြေရိပ်သာ (Recreation Centre)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ကမ္ဗည်းမော်ကွန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က စက်ခလုတ်နှိပ်ဖွင့်လှစ်သည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/naypyitaw-state-academy-အပန်းဖြေရိပ်သာ-recreation-centre-ဖွင့်ပွဲကျင်းပ

+2
ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (အမျိုးသား/အမျိုးသမီး) ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်မှု ကြည့်ရှုအားပေး နေပြည်တော် ၂၀၂၆ ဇူလိုင် ၆ ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ(ဆဋ္ဌမနေ့)ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားရုံ (A)၌ ဆက်လက်ကျင်းပလျက်ရှိရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် သည် ယနေ့ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်ကစားမည့် ပညာရေးဝန်ကြီးဌာန အမျိုးသမီးအသင်းအား တွေ့ဆုံ အားပေးစကား ပြောကြားသည်။ သတင်းအပြည့်အစုံဖတ်ရှုရန်» https://www.moe.gov.mm/my/content/ဒုတိယဝန်ကြီး-ဒေါက်တာဇော်မြင့်-ဝန်ကြီးဌာနပေါင်းစုံ-ရိုးရာခြင်းလုံးပြိုင်ပွဲ

+1
၂၀၂၆ခုနှစ် ကာယပညာနှင့် အားကစားနည်းပြ (မွမ်းမံ)သင်တန်း အမှတ်စဉ်(၃) ဖွင့်လှစ် နေပြည်တော် ၂၀၂၆ ဇူလိုင် ၆ ၂၀၂၆ခုနှစ် ကာယပညာနှင့် အားကစားနည်းပြ (မွမ်းမံ)သင်တန်းအမှတ်စဉ်(၃) ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေးအားကစား လေ့ကျင့်ရေးစခန်း၌ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချောချောစိန်နှင့် ဦးရဲမြင့်ထွန်း၊ ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်၊ အားကစားအဖွဲ့ချုပ် များမှ နည်းပြများ၊ သင်တန်းသား ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ သတင်းအပြည့်အစုံဖတ်ရှုရန်» https://www.moe.gov.mm/my/content/၂၀၂၆ခုနှစ်-ကာယပညာနှင့်-အားကစားနည်းပြ-မွမ်းမံသင်တန်း-အမှတ်စဉ်၃-ဖွင့်လှစ်

+2
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် တက္ကသိုလ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက် နေပြည်တော် ၂၀၂၆ ဇူလိုင် ၄ ၂၀၂၆ခုနှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို ဇွန်လ ၂၅ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ကျင်းပသည်။ သတင်းအပြည့်အစုံဖတ်ရှုရန်» https://www.moe.gov.mm/my/content/ပြည်ထောင်စုဝန်ကြီး-ဒေါက်တာချောချောစိန်-တက္ကသိုလ်ပေါင်းစုံ-အမျိုးသား-ဘောလုံးပြိုင်ပွဲ

+3
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် တက္ကသိုလ်ပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက် နေပြည်တော် ၂၀၂၆ ဇူလိုင် ၃ ၂၀၂၆ ခုနှစ် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ပေါင်းစုံ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ လေ့ကျင့်ရေး ကွင်းအမှတ်(၁)၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊  ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင် တက်ရောက်ကြည့်ရှု အားပေးကြသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် » https://www.moe.gov.mm/my/content/ပြည်ထောင်စုဝန်ကြီး-ဒေါက်တာချောချောစိန်-တက္ကသိုလ်ပေါင်းစုံ-အမျိုးသမီး-ဘောလုံးပြိုင်ပွဲ

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာတစ်နိုင်ငံလုံး (The Whole Myanmar) ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူများနှင့်ပတ်သက်၍
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာတစ်နိုင်ငံလုံး (The Whole Myanmar) ဘာသာတွဲအလိုက် အမှတ်အများဆုံးရရှိသူများနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း

+1
၂၀၂၆ ခုနှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ နေပြည်တော် ၂၀၂၆ ဇူလိုင် ၁ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲမှ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အမှတ် (၁) လေ့ကျင့်ရေး ကွင်း၌ သက်ဆိုင်ရာ အားကစားနည်းများအလိုက် ဆက်လက်ယှဉ်ပြိုင် ကစားကြရာ ယနေ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူနည်းပြ များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။ သတင်းအပြည့်အစုံဖတ်ရှုရန် »https://www.moe.gov.mm/my/content/၂၀၂၆-ခုနှစ်-တက္ကသိုလ်ပေါင်းစုံ-အားကစားပြိုင်ပွဲ-ဆုချီးမြှင့်ပွဲကျင်းပ